Su San Di Aung

Su San Di Aung no

Permanently closed.
💚“ငါတန်ဖိုးအထားဆုံးအရာဟာ ငါ့စိတ်ပဲ။ငါ့စိတ်ကို ယုတ်နိမ့်စေမယ့်အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။မကောင်းတဲ့အတွေ...
28/06/2021

💚“ငါတန်ဖိုးအထားဆုံးအရာဟာ ငါ့စိတ်ပဲ။
ငါ့စိတ်ကို ယုတ်နိမ့်စေမယ့်အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။မကောင်းတဲ့အတွေးတွေ သဘောထားတွေကို သိ,သိပြီး ပယ်မယ်”လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တစ်နေ့တခြား စိတ်ထားမြင့်မားတဲ့သူ ဖြစ်လာမယ်။တစ်ခုခုကို ထိထိရောက်ရောက်လုပ်လိုက်ရင် ကိုယ့်ဘဝတစ်ခုလုံး အရည်အသွေး တိုးတက်လာမယ်။ဘဝရဲ့အရည်အသွေးဟာ စိတ်ရဲ့အရည်အသွေးပေါ်မှာမူတည်တယ်။”

💚လူတစ်ယောက်မှာ အရေးကြီးဆုံးက “ စိတ် ” လို့ပြောရင် အားလုံးလက်ခံကြမယ်ထင်ပါတယ်။

💚စိတ်နေမကောင်းရင် လူနေမကောင်းတာထက် အဆပေါင်းများစွာခံစားရပါတယ်။

💚ဒီစာအုပ်လေးကတော့ စိတ်ရဲ့ကျန်းမာရေးအတွက်ရော ၊ လက်တွေ့လူနေမှုဘဝထဲမှာ နေထိုင်တတ်မှုအတွက်ရော ၊အတွေးအခေါ်အတွက်ရော အင်အားဖြစ်စေမယ့် အားဆေးလေးပဲဖြစ်ပါတယ်။

💚ငယ်ရွယ်တဲ့သူတွေက ဆရာတော်တွေရေးသားထားတဲ့စာအုပ်‌လေး‌တွေကို တွေ့တဲ့အခါ တွေးမိတာ‌က ဆိုလိုတဲ့အဓိပ္ပာယ်တွေကို ငါနားလည်ပါ့မလား ဘာသာရေး သပ်သပ်ကြီးဆို စိတ်ဝင်စားပါ့မလား ဒါမျိုးလေးတွေ တွေးမိတတ်ကြပါတယ်။

💚ဒီစာအုပ်လေး‌ကတော့ လုံးဝကို အသက်အရွယ်မရွေး ဖတ်ကိုဖတ်ကြည့်ရမယ့်စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်နော်။

💚ခုလို အချိန်တွေမှာဆို ပိုပြီးစိတ်ရဲ့ကျန်းမာရေးတွေ ထိခိုက်နေမယ်ထင်ပါတယ်။စာအုပ်ဖတ်ဖို့လည်းအချိန်သပ်သပ်ကြီးမပေးနိုင်ကြဘူးဆိုတာနားလည်ပါတယ်။

💚ဒါကြောင့် စာပုဒ်သေးသေးလေးတွေ ခွဲခြားထားပြီး တစ်နေ့ကို 10မိနစ်‌လောက် အချိန်ပေးပြီး ဖတ်ရုံနဲ့တင် စိတ်ရဲ့အေးချမ်းမှုကို ခံစားနိုင်မှာပဲဖြစ်ပါတယ်။

💚စာအုပ်လေးဖတ်ရင်း စိတ်ရဲ့အေးချမ်းမှုတွေကို ခံစားရင်း “တွေးမိတိုင်းပျော်နိုင်ကြပါစေရှင်”....

#ဆရာတော်ဦးဇော်တိက #တွေးမိတိုင်းပျော်တယ်

မိန်းကလေးတစ်ယောက်သာမန်ထက်ပိုပြီး တိတ်ဆိတ်သွားတာမျိုးကြုံခဲ့ဖူးလား...သူ မကြိုက်တဲ့ အရာတွေလုပ်နေလို့လဲ အရင်လို ပွစိပွစိ ပြ...
27/06/2021

မိန်းကလေးတစ်ယောက်
သာမန်ထက်ပိုပြီး တိတ်ဆိတ်သွားတာမျိုး
ကြုံခဲ့ဖူးလား...

သူ မကြိုက်တဲ့ အရာတွေလုပ်နေလို့လဲ
အရင်လို ပွစိပွစိ ပြောမနေတော့ဘူး
စားပြီးပြီလား မအိပ်သေးဘူးလား စသည်ဖြင့်
မမေးတော့ဘူး

ဖုန်းဆက်လို့ မကိုင်လဲ
ဘာဖြစ်လို့လဲဆိုပြီး စိတ်တွေမကောက်တော့ဘူး
စကားတွေ မပြောဖြစ်လို့လဲ
အရင်လို ဖုန်းတွေ တဂွမ်ဂွမ်မဆက်တော့ဘူး

နေရာတကာ လိုက်ပြီး
ဂရုစိုက်ပေးခဲ့ပေမယ့်
နေရာတကာမှာ တန်ဖိုးမထားခဲ့တော့
နေရာတကာမှာ နာကျင်ခဲ့ရတာလေ ။

မိန်းကလေးတစ်ယောက်
သာမန်ထက်ပိုပြီး တိတ်ဆိတ်သွားရင်
သတိထားပါ...

သူမ...
ပြတ်သားဖို့ အရှိန်ယူနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ။

#သျှင်ယွန်း

📖လူတွေရဲ့ဘဝဖြစ်တည်မှုဟာ စာအုပ်တစ်အုပ်နဲ့တူပါတယ်။📖စာအုပ်တစ်အုပ်မှာ ခေါင်းစဉ်တွေ အမျိုးမျိုးရှိသလို လူတစ်ယောက်ရဲ့ဘဝမှာလည်း...
27/06/2021

📖လူတွေရဲ့ဘဝဖြစ်တည်မှုဟာ စာအုပ်တစ်အုပ်နဲ့တူပါတယ်။

📖စာအုပ်တစ်အုပ်မှာ ခေါင်းစဉ်တွေ အမျိုးမျိုးရှိသလို လူတစ်ယောက်ရဲ့ဘဝမှာလည်း ကြုံတွေ့ရတဲ့ အတွေ့အကြုံအမျိုးမျိုးရှိပါတယ်။

📖ဒါကြောင့် အခက်အခဲဆိုတဲ့ ခေါင်းစဉ်တစ်ခုကို ကြုံတွေ့ရတာဟာ ဘဝဆိုတဲ့ စာအုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။

📖သဘောမကျတဲ့ ခေါင်းစဉ်တစ်ခုကို တွေ့ရတာနဲ့စာအုပ်က ပြီးဆုံးသွားတာမဟုတ်ပါဘူးနော်။

📖ဒါကြောင့် ဘဝဆိုတဲ့စာအုပ်လေးထဲက ကိုယ်တိုင်ဇာတ်ကောင်လေးအဖြစ်နဲ့တန်ဖိုးရှိစွာရှင်သန်ပါ။

ကဗျာ-poem

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Su San Di Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category