31/03/2025
Simbolo၏ Founderဖြစ်သူ ကိုဖြိုးသူထက်နှင့် Head of Academic Department ဖြစ်သူ မအိသန္တာအောင်တို့ ငလျင်ကြောင့် အသက်ဆုံးရှုံးရသည်ကို Essential Skills For Youth မှ များစွာ စိတ်မကောင်းဖြစ်ရပါတယ် ကောင်းရာမွန်ရာကို သေချာပေါက်ရောက်မည်ဆိုတာလည်း ယုံကြည်ပါတယ်
စိတ်မကောင်းခြင်းများစွာဖြင့်
Essential Skills For Youth
14/06/2022
Essential Skills for Youth (ESY) ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ 🙋♂️🙋
ဒီကာလအတွင်းမှာ ကျွန်တော်တို့ ESY ဟာ 𝗘𝗦𝗬 𝗦𝗰𝗵𝗼𝗼𝗹 အနေနဲ့ အခြေခံပညာအထက်တန်းကျောင်းသားတွေရဲ့ ပညာရေးကို ဖြည့်တင်းကူညီပေးတဲ့ အဖွဲ့တစ်ခုအနေနဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။
ESY ရဲ့ မူလတာဝန်တွေဖြစ်တဲ့ 𝗬𝗼𝘂𝘁𝗵 𝗖𝗮𝗺𝗽 တွေ ပြုလုပ်ပေးခြင်း၊ ဟောပြောပွဲတွေ ကျင်းပပေးခြင်းတို့ကို တစိုက်မတ်မတ်ပြုလုပ်နေရာကနေ အချိန်အတိုင်းအတာတစ်ခုအထိ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။
ယခုအခါမှာတော့ 𝗘𝗦𝗬 𝗦𝗰𝗵𝗼𝗼𝗹 က ရရှိတဲ့ အတွေ့အကြုံတွေ တုံ့ပြန်မှုတွေကတစ်ဆင့် သိရှိလာရတဲ့ ဆယ်ကျော်သက်လူငယ်ကျောင်းသားတွေရဲ့ စိတ်ခွန်အား၊ ပတ်ဝန်းကျင်ခွန်အားကို ဖြည့်ဆည်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ESY ရဲ့ မူလလုပ်ငန်းစဉ်တွေကို ပြုလုပ်ဖို့အတွက် ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ESY ရဲ့ တစ်ကျော့ပြန်ခရီးအစအဖြစ် မကြာခင်ရက်ပိုင်းတွင်း 𝗘𝗦𝗬 𝗬𝗼𝘂𝘁𝗵 𝗖𝗹𝘂𝗯 ကို ဆယ်ကျော်သက်လူငယ်ကျောင်းသားတွေဆီ အရောက်ပို့ပေးတော့မှာဖြစ်ပါတယ်။
💁♂️ ESY Youth Club ရဲ့ ပထမဆုံးနေ့ရက်အနေနဲ့
“𝗛𝗮𝗽𝗽𝘆 𝗮𝗻𝗱 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗘𝗦𝗬 𝗬𝗼𝘂𝘁𝗵 𝗖𝗹𝘂𝗯” ကို ပြင်ဆင်ထားပါတယ်။
💁♀️ ဘယ်နေ့မှာ ပြုလုပ်မှာလဲဆိုရင်တော့ ဒီအပတ်စနေနေ့ (18.6.2022) မနက် (၉နာရီ)မှ (၁၀နာရီခွဲ) အထိ ပြုလုပ်မှာဖြစ်ပါတယ်။
🙆♂️ ဟောပြောဆွေးနွေးပေးမယ့် ဆရာကတော့ ESYer တွေနဲ့ မစိမ်းတဲ့ ဆရာဝန်တစ်ဦးပဲဖြစ်ပါတယ်။
-ဆရာက ကျွန်တော်တို့နိုင်ငံရဲ့ နယ်စပ်ဒေသမှာ ကျောင်းသားကလေးလူငယ်တွေကို ကူညီကုသသင်ကြားပေးနေတာဖြစ်ပါတယ်။
🙆♀️ ဒီကာလမှာ မွန်းကျပ်နေရတဲ့ ဆယ်ကျော်သက်ကျောင်းသားလူငယ်တွေရဲ့ စိတ်အခက်အခဲ၊ ကျန်းမာရေးအခက်အခဲတွေကို ထွက်ပေါက်တစ်ခုအဖြစ် ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဘယ်သူတွေတက်ရောက်နိုင်မလဲဆိုရင်
💧 ၁၂နှစ်ကနေ အသက်၂၂အတွင်း ဆယ်ကျော်သက်လူငယ်တွေ တက်ရောက်နိုင်ပါတယ်။
💧 CDMပြုလုပ်ထားတဲ့ အခြေခံပညာကျောင်းသူကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသူကျောင်းသာတွေ တက်ရောက်နိုင်ပါတယ်။
💧 သူငယ်ချင်းတွေအများကြီးရဖို့၊ မျှဝေဖို့ ၊ နားထောင်ဖို့၊ ဆွေးနွေးအဖြေရှာဖို့ စိတ်ပါဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်တွေ တက်ရောက်နိုင်ပါတယ်။
အပေါ်ကအကြောင်းအရာတွေ သိရှိပြီးလို့ ESY Youth Club ကို join ဖို့ စိတ်ပါဝင်စားတယ်ဆိုရင်တော့ အောက်က link မှာ စာရင်းသွင်းနိုင်ပါတယ်။
https://forms.gle/LTmbqZucQk2StL6q9
တက်ရောက်နိုင်ကြောင်းကို တက်ရောက်ရမယ့် zoom link နဲ့တကွ ပြန်လည်ပေးပို့ပေးမှာဖြစ်ပါတယ်။
🔔သဘောကောင်းပြီး အရွှန်းဖောက်တဲ့ Host👨💻
🔔စိတ်ပါဝင်စားလာအောင် ပြောဆိုတတ်ပြီး လူငယ်တွေအပေါ် တကယ့်ကို စေတနာထားတဲ့ ဆရာ 👨🏫
🔔Q& Aတွေ ဆွေးနွေးရင်း ခင်မင်ရင်းနှီးနိုင်မယ့် အသိုက်အဝန်း👨👩👧👦👨👩👧👦
ဒါတွေကို သဘောတကျ ပါဝင်ချင်တယ်ဆိုရင်တော့ 𝗘𝗦𝗬 𝗬𝗼𝘂𝘁𝗵 𝗖𝗹𝘂𝗯 ကို လာ join ဖို့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။
22/04/2022
အရင်ကထက်…တတ်မြောက်ဖို့ပိုလိုအပ်လာတဲ့ English ဘာသာစကားကို အခက်အခဲမရှိ ကျော်လွှားနိုင်စေမယ့် ESY School ရဲ့ "Basic English Grammar Class"
အင်္ဂလိပ်စာကို အခြေခံကစပြီး ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ရေးတတ်ချင်တယ်။
Grammar မသိလို့ English ဘာသာစကားကို ဆက်လေ့လာဖို့အခက်တွေ့နေတယ်။
ဒီအချက်တွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အင်္ဂလိပ်စာကိုလေ့လာတဲ့အခါမှာ Grammar က အခြေခံအုတ်မြစ်တစ်ခုဆိုလည်း မမှားပါဘူး...
Grammar မသိလည်း ဘာမှမဖြစ်ဘူး....စကားပြောတဲ့အခါ တစ်ဖက်လူနားလည်အောင် Broken English နဲ့ပြောရင်ရတာပဲဆိုပြီး Grammar ကို ဂရုမစိုက်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်…
ဒါပေမယ့် Grammar ကို မပိုင်နိုင်ထားရင် Basic level နဲ့ သာတဝဲလည်လည်ဖြစ်ပြီး Intermediate, Advanced level မတက်နိုင်ပါဘူး။
အခုလို self-study အားသန်လာတဲ့ ခေတ်ကြီးထဲမှာ အင်္ဂလိပ်စာကို self-study လုပ်တာ မတိုးတက်ဘူးဆိုတဲ့ အဓိက အကြောင်းအရင်းက Grammar တွေကို သေချာ ကျေကျေညက်ညက် မသိထားတာကြောင့်လည်း ဖြစ်ပါတယ်။
ကိုယ်က တကယ် အင်္ဂလိပ်စာကို Intermediate, Advanced level ထိတက်ချင်တယ်ဆိုရင် Grammar လေ့လာဖို့ကို မပျင်းပါနဲ့/ ဆင်ခြေတွေမပေးပါနဲ့။
အခြေခံ Grammar ကို တကယ်ပိုင်နိုင်ချင်တယ်ဆိုရင်တော့ ESY ကဖွင့်လှစ်တဲ့ (၃)လတာ Basic English Grammar Online Classကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါရစေ
ESY Online Class မှာဆိုရင်
👉 သင်ကြားမှုတိုင်းမှာ အကောင်းဆုံးနဲ့အထိရောက်ဆုံးဖြစ်စေမယ့် သင်ရိုးတွေကို စနစ်တကျအခြေခံပြီး Basic Grammar အသေးစိတ်သင်ကြားပေးမှုတွေ
👉 အင်္ဂလိပ်စာမှာ သိသင့်သိထိုက်တာတွေနှင့် အထွေထွေဗဟုသုတတွေ
👉 စာအသင်ပြကောင်းပြီး စာသင်အတွေ့အကြုံ (၇) နှစ်ရှိတဲ့ ဆရာ ရဲ့ပြီးပြည့်စုံတဲ့သင်ကြားမှုတွေကိုစီစဉ်ပံ့ပိုးထားပါတယ်။
ဘယ်သူတွေ joinလို့ရမှာလဲဆိုရင်
👉အသက်အရွယ် ၁၅၊ ၁၆ ၊၁၇ ၊၁၈ အရွယ် ကျောင်းသားကျောင်းသူလေးတွေ joinလို့ရပါတယ်။
👉joinတဲ့ ကျောင်းသားကျောင်းသူလေးဟာ CDM အခြေခံပညာကျောင်းသားကျောင်းသူလေး (ဒါမှမဟုတ်) CDM တက္ကသိုလ်ကျောင်းသားကျောင်းသူလေးတော့ ဖြစ်ဖို့တော့လိုပါတယ်။ ဒီလိုအချိန်ကာလမှာ ကျောင်းသားကျောင်းသူလေးတွေ ပညာရေးနဲ့ အဆက်မပြတ်အောင်၊ အင်္ဂလိပ်ဘာသာစကားစွမ်းရည် တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။
Covid ကြောင့် စာသင်ကြားတဲ့ environment ၊ lifestyle တွေပြောင်းလဲသွားတာနဲ့အမျှ နိုင်ငံတကာရဲ့ထိပ်တန်းအင်္ဂလိပ်ဘာသာစကားကို "ESY Online Class" မှာ သင်ယူပြီး ဘဝအတွက် ထူးခြားကောင်းမွန်တဲ့ပြောင်းလဲမှုတွေနဲ့ စတင်လိုက်ကြရအောင်
(၃)လတာ အတန်းတစ်ခုလုံးအတွက် သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး အွန်လိုင်းစာသင်ကြားရာတွင် အသုံးပြုရသော Zoom premium account ဝယ်ယူရန်အတွက် တစ်လလျှင် (၅၀၀၀)ကျပ်သာ ကောက်ခံမည်ဖြစ်ပါသည်။
သင်တန်းအပ်မယ်ဆိုရင်တော့အောက်က Registration Form မှာ ဖြည့်ပေးပါနော်...လူဦးရေအကန့်အသတ်နဲ့မို့ ပြည့်ပြည့်စုံစုံ သေသေချာချာ ဖြည့်ထားသူများကိုသာ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
https://surveyheart.com/form/6262af3e858afe1fa8f78a89
19/11/2021
အားလုံးပဲ မင်္ဂလာပါခင်ဗျာ ... 😀🎊
အခုလိုကာလကြီးမှာ အိမ်မှာနေနေရတဲ့သူအချင်းချင်း ကူညီရင်း အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့အတွက် ESY ကနေ အခွင့်အရေးတစ်ခုကို ယူဆောင်လာခဲ့ပါပြီ 🌟🎊
ဒါကတော့ ESY School ရဲ့ တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း)သင်ကြားရေးအစီအစဥ်မှာ Guide အနေနဲ့ ကျောင်းသားကျောင်းသူတွေကို ကူညီနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ် 💁👩🏫
အချိန်ပိုင်းအနေနဲ့ စာသင်ကြားရာမှာ အကူအညီပေးရုံပဲဖြစ်လို့ အချိန်တွေအများကြီးလည်း မလိုအပ်ပါဘူးနော်။ Guide တစ်ယောက်အနေနဲ့ ဘယ်လို တာဝန်တွေ ယူရမလဲဆိုရင်တော့ ကျောင်းသား၊ ကျောင်းသူ ညီညီမငယ်များ နားမလည်တာကို ရှင်းပြပေးခြင်း၊ စာကူကျက်ပေးခြင်း၊ အတန်းတက်/ပျက်ကွက် စာရင်းများ ကောက်ယူပေးခြင်း၊ ကျောင်းသားများ၏အခြေအနေကို မိဘ၊ဆရာများနဲ့ တိုင်ပင်ဆွေးနွေးပေးခြင်း စသဖြင့် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်🌟👩🏫
ကိုယ်က အားလပ်ချိန်တွေပိုနေပြီး၊ အချိန်ကို အကျိုးရှိအောင် အသုံးပြုချင်သူ၊ စိတ်ရှည်ပြီး စာသင်ကြားရေးမှာ ဝါသနာပါသူ၊ ဒါ့အပြင် Problem solving skills ကောင်းသူတစ်ယောက်ဆိုရင် ကျွန်ေတာ်တို့ ESY မှာ Guide တစ်ယောက်အဖြစ် လာရောက် ကူညီလုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ 🙆👩🏫
လိုအပ်လျှက်ရှိသော ဘာသာပြ Guide မှာ
Economy Guide/ Sunday 11AM - 1PM (1) post တို့ ဖြစ်ပါတယ်
စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page ရဲ့ Cb ကနေ လျှောက်ထားနိုင်ပါတယ်ခင်ဗျာ 💁🌟
သင်ကြားရေးအစီအစဥ်တွေလည်း စတင်နေပြီဖြစ်တဲ့အတွက် မြန်မြန်ဆန်ဆန် လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါရစေ 😉🌟
03/11/2021
Japanese Basic အတန်းလေး မနက်ဖြန်စတော့မှာမလို့ Facebook Private Group ကို Join ပေးကြပါဦးရှင့်
အခမဲ့သင်တန်းဖြစ်လို့ အားလုံး Join လို့ ရပါတယ်နော်....😍
အချိန်အများကြီးပေးစရာမလိုဘဲ Video Lesson တွေနဲ့လေ့ကျင့်ရမှာမို့ မိမိအဆင်ပြေတဲ့အချိန် ဝင်ကြည့်ရုံပါပဲ
Video Lesson တွေကို နေ့စဥ်ပို့ပေးမှာဖြစ်ပြီး
စနေ၊ တနဂ်နွေ (၂)ရက်ထဲက သင်တန်းသားအားလုံး အဆင်ပြေတဲ့ရက်ကို Zoom Cloud Meeting ဖြင့် တိုက်ရိုက် ဆွေးနွေးမျှဝေတာတွေ၊ သင်ခန်းစားအကြောင်း မေးမြန်းတာတွေ ပြုလုပ်ပေးသွားမှာပါခင်ဗျ
အခုတော့ သင်တန်းမစခင်ရက်မှာ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးကြပါဦးနော်
မိတ်ဆက်ရင်းနဲ့ သင်တန်းအကြောင်း သိချင်တာတွေရှိရင် Comment မှာ မေးလို့ရပါတယ်နော်
Facebook Private Group Link: https://www.facebook.com/groups/1898303253677959/?ref=share
26/10/2021
ယခင်နေ့က ကျွန်တော်တို့ 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐒𝐤𝐢𝐥𝐥𝐬 𝐅𝐨𝐫 𝐘𝐨𝐮𝐭𝐡 Organization မှ တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း) စာသင်ကြားရေးအတွက် လိုအပ်သော ဘာသာရပ်ဆိုင်ရာ Guide များကို ခေါ်ယူခဲ့ပါသည်။ မိမိတို့ ခေါ်ယူထားသော အရေအတွက်မှာ (၃)ယောက်သာဖြစ်ပြီး ယခု လျှောက်ထားသူများမှာ အယောက်(၁၀၀) ကျော်ရှိနေပြီဖြစ်သည့်အတွက် လျှောက်ထားသူများအားလုံးကို ပြန်လည်ဆက်သွယ်ပေးရာမှာ နှောင့်နှေးကြန့်ကြာမှုများရှိနေပါသဖြင့် ကျွန်တော်တို့ဘက်က ပြန်လည်ဆက်သွယ်မှုကို အချိန်ပေး စောင့်ဆိုင်းပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။ လျှောက်ထားသူများအားလုံးကို ပြန်လည်ဆက်သွယ်ပေးမှာဖြစ်လို့ လျှောက်ထားသူများအနေနှင့် အရွေးချယ်မခံရပါကလည်း ကျွန်တော်တို့ဘက်မှ အကန့်အသတ်ဖြင့်သာ ခေါ်ယူခြင်းကြောင့်သာ ဖြစ်ပါကြောင်းနှင့် စိတ်ပါဝင်စားစွာ အချိန်ပေး လျှောက်ထားမှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျ 😍😍
𝐄𝐒𝐘
𝐒𝐭𝐚𝐲 𝐓𝐮𝐧𝐞𝐝
𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐒𝐤𝐢𝐥𝐬 𝐅𝐨𝐫 𝐘𝐨𝐮𝐭𝐡
26/10/2021
ဘာသာစကားတွေ လေ့လာချင်တဲ့ လူငယ်တွေအတွက် ကျွန်တော်တို့ 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐒𝐤𝐢𝐥𝐥𝐬 𝐅𝐨𝐫 𝐘𝐨𝐮𝐭𝐡 ကနေ အခမဲ့လေ့လာနိုင်ဖို့ ''တစ်လတာ အခမဲ့ ဘာသာစကား သင်တန်း'' လေးနဲ့အတူ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါရစေခင်ဗျာ🙏🙋♂️
ဘာသာစကားတွေ💁♂️ အလွယ်တကူလေ့လာနိုင်ဖို့ ဂျပန်နဲ့ ဂျာမန် ဘာသာရပ်နှစ်ခုကို အခမဲ့ မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျ
သင်ခန်းစာတွေကို Facebook Private Group မှတစ်ဆင့် Video Lesson များဖြင့် မျှဝေပေးသွားမှာဖြစ်ပြီး တစ်ပတ်တစ်ကြိမ် Zoom Cloud Meeting ဖြင့် Face to Face သင်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျ🙆♂️
သင်တန်းသားဦးရေ ကန့်သတ်ထားခြင်းမရှိသောကြောင့် မိမိသူငယ်ချင်းတွေနဲ့ အတူလေ့လာနိုင်ပါတယ်ခင်ဗျ....👨💻👩💻
အခမဲ့သင်တန်းဖြစ်လို့ သူငယ်ချင်းတွေလဲ ဒီအတန်းလေးကို သိသွားရအောင် အောက်က အဆင့်လေးတွေ လုပ်ပေးပါနော်🕵🕵️♀️
1.သူငယ်ချင်း (၃)ယောက်ကို Tag တွဲပြီး Post ကို Like & Share ပြုလုပ်ပါ။
2.မိမိသင်ကြားလိုသော ဘာသာရပ်ကို Comment တွင် ရေးပေးပါ။
3.သူငယ်ချင်း (၅) ယောက်ကို Mention ခေါ်ပြီး သင်တန်းအကြောင်း မျှဝေပါ။
ဒီအဆင့်(၃) ဆင့် လုပ်ပြီးသွားရင်တော့ Page Messenger မှာ မိမိသင်ယူလိုသော ဘာသာရပ်ကို စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ🙆♂️
သင်တန်းကာလအတွင်းမှာ 𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑺𝒉𝒂𝒓𝒊𝒏𝒈 𝑺𝒆𝒔𝒔𝒊𝒐𝒏 များ ထည့်သွင်းထားသောကြောင့် အမှန်တကယ် အချိန်ပေးတက်ရောက်နိုင်မှသာ စာရင်းပေးသွင်းကြပါခင်ဗျ🤷♂️
ဆောင်းရာသီက ရောက်လာတော့မှာမို့ တစ်ယောက်ထဲ အထီးကျန်နေမဲ့အစား အနွေးဓာတ်လေးတွေရဖို့ သူငယ်ချင်းအသစ်တွေနဲ့အတူ ဘာသာစကားတွေ လေ့လာကြလိုက်ရအောင်နော်👨❤️👨💑👩❤️👩
မနက်ဖြန်မှာ နောက်ထပ်သင်တန်းသစ်လေးတစ်ခုကို ကြေညာပေးဖို့ရှိဖို့ ဘာသင်တန်းလေးဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်ကြပါဦးနော်....................🤔🤔
𝐄𝐒𝐘
𝐒𝐭𝐚𝐲 𝐓𝐮𝐧𝐞𝐝
𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐒𝐤𝐢𝐥𝐬 𝐅𝐨𝐫 𝐘𝐨𝐮𝐭𝐡
25/10/2021
အားလုံးပဲ မင်္ဂလာပါခင်ဗျာ ... 😀🎊
အခုလိုကာလကြီးမှာ အိမ်မှာနေနေရတဲ့သူအချင်းချင်း ကူညီရင်း အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့အတွက် ESY ကနေ အခွင့်အရေးတစ်ခုကို ယူဆောင်လာခဲ့ပါပြီ 🌟🎊
ဒါကတော့ ESY School ရဲ့ တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း)သင်ကြားရေးအစီအစဥ်မှာ Guide အနေနဲ့ ကျောင်းသားကျောင်းသူတွေကို ကူညီနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ် 💁👩🏫
အချိန်ပိုင်းအနေနဲ့ စာသင်ကြားရာမှာ အကူအညီပေးရုံပဲဖြစ်လို့ အချိန်တွေအများကြီးလည်း မလိုအပ်ပါဘူးနော်။ Guide တစ်ယောက်အနေနဲ့ ဘယ်လို တာဝန်တွေ ယူရမလဲဆိုရင်တော့ ကျောင်းသား၊ ကျောင်းသူ ညီညီမငယ်များ နားမလည်တာကို ရှင်းပြပေးခြင်း၊ စာကူကျက်ပေးခြင်း၊ အတန်းတက်/ပျက်ကွက် စာရင်းများ ကောက်ယူပေးခြင်း၊ ကျောင်းသားများ၏အခြေအနေကို မိဘ၊ဆရာများနဲ့ တိုင်ပင်ဆွေးနွေးပေးခြင်း စသဖြင့် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်🌟👩🏫
ကိုယ်က အားလပ်ချိန်တွေပိုနေပြီး၊ အချိန်ကို အကျိုးရှိအောင် အသုံးပြုချင်သူ၊ စိတ်ရှည်ပြီး စာသင်ကြားရေးမှာ ဝါသနာပါသူ၊ ဒါ့အပြင် Problem solving skills ကောင်းသူတစ်ယောက်ဆိုရင် ကျွန်ေတာ်တို့ ESY မှာ Guide တစ်ယောက်အဖြစ် လာရောက် ကူညီလုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ 🙆👩🏫
လိုအပ်လျှက်ရှိသော ဘာသာပြ Guide များမှာ
Mathematics Guide (2) post
Physics Guide (1) post တို့ပဲ ဖြစ်ပါတယ်
စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page ရဲ့ Cb ကနေ လျှောက်ထားလို့ရသလို
[email protected] မှ တဆင့်လည်း လျှောက်ထားနိုင်ပါတယ်ခင်ဗျာ 💁🌟
သင်ကြားရေးအစီအစဥ်တွေလည်း စတင်နေပြီဖြစ်တဲ့အတွက် မြန်မြန်ဆန်ဆန် လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါရစေ 😉🌟
20/10/2021
🎆ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် မြန်မာပြည်သူ၊ ပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ESY Family မှ ဆုမွန်ကောင်းမေတ္တာပို့သလိုက်ပါသည်။🎆
🙋♂️🙋♀️ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေလို့ ESY ကနေ ထပ်လောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...🙏
🎁သီတင်းကျွတ်မှာ လူကြီးမိဘများကို မိမိတို့ရဲ့ ချစ်ခြင်းမေတ္တာများကို ပြသပြီး မုန့်ဖိုးတွေများများရကြပါစေနော်😉
📛ESY ကနေ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် အစီအစဉ်အသစ်များနှင့်အတူ ပြန်လာခဲ့ပါမယ်နော်...😉
17/10/2021
ESY ရဲ့ Special event ကို စောင့်မျှော်နေတဲ့ မောင်မယ်လေးတွေအတွက် ESY မှစိတ်၀င်စားစရာကောင်းပြီး ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ လုပ်ဆောင်နိုင်မယ့် Training လေးတစ်ခုကိုယူဆောင်လာပါပြီရှင်👇👇🙆
ဒီတစ်ခေါက်စီစဉ်ပေးထားတဲ့ Training လေးကတော့ Storytelling Training ပဲဖြစ်ပါတယ်ရှင်🤗🤗
🌟ပထမဆုံးအနေနဲ့ Storytelling နဲ့ပတ်သက်တဲ့ information လေးတွေကို sharing လုပ်ပေးချင်ပါတယ်ရှင့်💁
1. What is storytelling?
Storytelling ကတော့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းအစရှိတဲ့အချက်အလက်တွေကို မိမိရဲ့ကိုယ်တွေ့အတွေ့အကြုံတွေဖြင့် ပေါင်းထည့်၍ဖြစ်စေ လူမျိုးနွယ်စုအမျိုးမျိုးရဲ့ ဓလေ့ယဉ်ကျေးမှုသမိုင်းနောက်ကွယ်က ပုံပြင်၊ ဇာတ်လမ်းများကို ပေါင်းထည့်၍ဖြစ်စေ တစ်ဖက်လူ နားလည်သဘောပေါက်လွယ်အောင် ပြန်လည်မျှဝေခြင်းပဲဖြစ်ပါတယ်။
2. Why storytelling is important?
(1) ပုံပြင်လေးတစ်ပုဒ်လို စိတ်ဝင်စားဖွယ်တင်ဆက်နိုခြင်းဖြင့် လေ့လာမှတ်သားမှုကိုပိုမိုမြန်ဆန်စေပါတယ်။ ကျောင်းသားများအတွက် ထိရောက်တဲ့ လေ့လာနည်းတစ်ခုကို သိရှိအသုံးချနိုင်သွားမှာပဲဖြစ်ပါတယ်။
(2) ပုံပြင်တွေ ထဲက စကားအသုံးအနှုန်း အပြောအဆိုတွေကို လေ့လာပြီး မိမိရဲ့စိတ်ကူးဉာဏ်လည့း ပိုမိုကွန့်မြူးနိူင်မယ်
(3) ပုံပြင်တွေကနေ ကမ္ဘာတစ်ဝှမ်းက လူမျိုးအသီးသီးရဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းတွေကို
လေ့လာနိူင်တဲ့အတွက် အထွေထွေ ဗဟုသုတ ပါပိုပြီးကျယ်ပြန့်လာစေမယ်။
(4) Storytelling ကိုလေ့ကျင့်ခြင်းဖြင့် မိမိရဲ့ public speaking skill ကိုပါမြှင့်တင်ပေးနိုင်ပါတယ်ရှင်။
ESY မှာ storytelling ရဲ့ ဒီလိုအသေးစိတ်ကျတဲ့ အချက်အလက်တွေအပြင် မိမိရဲ့ listeners တွေ စိတ်ပါဝင်စားဖို့လိုအပ်တဲ့ ကိုယ်နှုတ်အမူအရာ စသည်တို့ကိုလည်း Trainer က သေချာရှင်းလင်းသင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်💁
ဒါ့အပြင် သူငယ်ချင်းအသစ်တွေနဲ့ အချင်းချင်း ပုံပြင်တွေအပြန်အလှန်ပြောကြရင်း လေ့ကျင့်ကြရအုံးမှာပါ✌
စိတ်၀င်စားစရာကောင်းပြီး မိမိရဲ့ Skills တွေကို ထုတ်ဖော်အသုံးချနိုင်မယ့် ဒီ Training လေးကိုတော့ 21.10.2021 မှ 24. 10.2021 အထိ (1:00 pm - 4:00 pm) လေးရက်တိုင်တိုင် ပြုလုပ်ကျင်းပပေးသွားမှာဖြစ်ပါတယ်ရှင်🌟🌟
မိမိရဲ့ဘ၀အမောတွေကိုခဏတာပြေပျောက်စေမယ့်အပြင် storytelling ကို နားလည်အသုံးချပြီး အနာဂတ်အတွက်ပါ အကျိုးရှိစေမယ့် ဒီ Storytelling Training Event လေးကို Page Messenger မှာ အမြန်ဆုံးလာရောက် စာရင်းသွင်းဖို့ ဖိတ်ခေါ်ပါတယ်နော်။ 💁💁💁
Content by Anne
Graphic by Eric