16/06/2024
အားလုံးပဲ မင်္ဂလာပါ။ လူ့ဘဝကို သတ္တိရှိရှိနဲ့ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်အောင် သင်ကြားပေးတဲ့ အဖေများအားလုံးကို လေးစားစွာဖြင့် English For You မှ အဖေများနေ့ ဂုဏ်ပြုပါတယ်။
အဖေများနေ့မှာ အဖေ့ကို Father Day Wishes လေးတွေပို့ရင်းနဲ့ The Economic Times ကတင်ထားတဲ့ Father’s Day Wishes လေးတွေကို အတူတူလေ့လာသွားကြရအောင်။
Happy Father’s Day, Dad! Your love and support mean everything to me.
ပျော်ရွှင်စရာ အဖေများနေ့ပါ အဖေ။ အဖေ့ရဲ့ ချစ်ချင်းမေတ္တာနဲ့ အားပေးမှုတွေက သား/သမီးအတွက် အရာရာပါပဲ။
To the best dad in the world, Happy Father’s Day! Thank you for always being there for me.
ကမ္ဘာ့အကောင်းဆုံး အဖေ့ဆီသို့၊ ပျော်ရွှင်စရာ အဖေများနေ့ပါ။ လိုအပ်တဲ့အချိန်တိုင်းမှာ ရှိနေခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်။
Dad, you are my hero. Happy Father’s Day!
အဖေက သား/သမီးအတွက် သူရဲကောင်းပါ။ ပျော်စရာ အဖေများနေ့ပါ။
Wishing you a Father’s Day filled with love, joy and happiness. You deserve that!
ချစ်ခြင်းတွေ၊ ပျော်ရွင်ခြင်းတွေ၊ ကျေနပ်ခြင်းတွေနဲ့ပြည့်ဝသော အဖေများနေ့ဖြစ်ပါစေ။ အဖေဒါတွေ ရသင့်ပါတယ်။
Dad, your love and guidance have shaped me into who I am today. Thank you for everything. Happy Father’s Day!
အဖေ, အဖေ့ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ကူညီလမ်းပြမှုတွေက ဒီနေ့သား/သမီးဖြစ်လာစေခဲ့ပါတယ်။ အရာရာအတွက် ကျေးဇူးတင်ပါတယ်။ ပျော်ရွင်စရာ အဖေများနေ့ပါ။
To my incredible dad, Happy Father’s Day! Your love is my strength.
အံ့သြစရာကောင်းသော အဖေ့အတွက် အဖေများနေ့ပါ။ အဖေ့ရဲ့အချစ်တွေက သား/သမီးအတွက် အားအင်ပါ။
Happy Father’s Day to the man who has always been there for me. I am so grateful to have you as my dad.
သား/သမီးအတွက် အမြဲရပ်တည်နေခဲ့ပေးတဲ့ သူအတွက် ပျော်ရွှင်စရာ အဖေများနေ့ပါ။ အဖေ့ကို အဖေတစ်ယောက်အနေနဲ့ ရခဲ့လို့ အရမ်းဝမ်းသာပါတယ်။
ဒါဆိုရင်တော့ Father’s Day အတွက် အသုံးပြုလို့ရတဲ့ Wishes လေးတစ်ချို့ကို လေ့လာခဲ့ပြီပဲဖြစ်ပါတယ်။ အားလုံးပဲ မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်လေးတွေကို အဖေနဲ့အတူတူ ကုန်ဆုံးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။
English For You
ဆက်လက်ဖတ်ရှုလေ့လာချင်သူတွေအတွက် Website Link လေးချပေးထားပါတယ်။
https://economictimes.indiatimes.com/news/new-updates/fathers-day-2024-best-messages-wishes-quotes-and-images-to-share-with-your-dad-to-make-him-feel-special-today/articleshow/111031376.cms?from=mdr