The Lifter Strength

The Lifter Strength

Share

Being weak is not in my bio

08/05/2026

My Pt clients လေးတွေများလား 🤔

06/05/2026

Welcome to 200kg clubs 💪💪
Road to Squat-200kg,Deadlift-200kg,
Bench-130kg
နောက် သုံးလအတွင်း ကို target ထားထာားတဲ့ Weight ရအောင် ကြိုးစားမယ်
Progression video တွေလည်း အမြဲတင်သွားပေးမယ် 💪

06/05/2026

Strong Grandma လို့လူသိများတဲ့
Catherine Kuehn (ယခုလက်ရှိအသက် ၉၈နှစ်)ရှိပါပြီ
Catherine Kuehn ဟာ Age(90)+division အသက် ၉၀ ကျော်အရွယ် (Powerlifting) လောကမှာ "Strong Grandma" ဆိုတဲ့ နာမည်နဲ့ လူသိများသူ ဖွားဖွားတစ်ယောက်ဖြစ်ပါတယ်

World record: Catherine Kuehn ဟာ WABDL (World Association of Benchers and Deadlifters) အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုမှုအရ အသက် ၉၀ ကျော်တန်း (90+ Age Division) မှာ ကမ္ဘာ့စံချိန်များစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။
Recent Achievements :2022 ကမှ (အသက် ၉၄ နှစ်အရွယ်) မှာ အလေးချိန် 104lbsပေါင် ကို Deadlift မခြင်းဖြင့်စံချိန်သစ်တင်ခဲ့တာပဲဖြစ်ပါတယ်

တကယ့်ကိုမှ အထူးခြားဆုံးနဲ့ လေးစားဖို့အကောင်းဆုံးအချက်
သူမဟာ အသက် ၈၀ ကျော်လောက်အထိ အလေးမခြင်းကို တစ်ခါမှ လုပ်ခဲ့ဖူးသူမဟုတ်ပါ
အရိုးပွရောဂါ(Osteoporosis)ကိုကာကွယ်ဖို့အတွက် Lifting လုပ်ခြင်းကိုစတင်ခဲ့ရာကနေ အခုလို world record powerlifter တစ်ဦး ဖြစ်လာခဲ့တာပါ။ လက်ရှိ ၂၀၂၆ ခုနှစ်မှာ သူမဟာ အသက် ၉၈ နှစ်ဝန်းကျင် ရှိနေပြီဖြစ်ပြီး Powerlifting နယ်ပယ်မှာသာမက Fitness Community တစ်ခုလုံးက လူတိုင်းအားကျလေးစားရတဲ့ Strong Grandma တစ်ခုဖြစ်သူကို ကျွန်တော့မိတ်ဆွေများလည်း အားကျ အတုယူနိုင်အောင် ရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်
Strong Grandma ဆိုတဲ့ (Short Documentary movies) မှတ်တမ်းတင်
ရုပ်ရှင်ရှိပါတယ် စိတ်ဝင်စားလျှင် သွားကြည့်နိုင်ပါတယ်
မိတ်ဆွေတို့အတွက် စိတ်ဓာတ်ခွန်အား ရပြီး
ဘိုးဘိုးဖွားဖွားအရွယ်အထိ ကျန်းမာကြံ့ခိုင်မှုအပြည့်နဲ့ရပ်တည်နိုင်ကြပါစေခဗျာ





04/05/2026

Personal training services available 📢📣
Bangkok အတွင်း မိမိရဲ့ body ကို next level ရောက်အောင် transformation လုပ်ချင်သူ

Squat,Bench,Deadlift ကို injury ကင်းကင်းနဲ့ အလေးအများကြီးနိုင်လာပြီး ပိုသန်လာချင်သူ

Powerlifting နဲ့ပတ်သက်လို့ ပြိုင်ပွဲအထိ Coaching ယူချင်သူများအတွက်

ဒီလ In person (3)ယောက် လက်ခံ train ပေးပါမည်

Online coaching လည်းရှိလို့ တခြားနိုင်ငံမှ coaching ယူချင်တယ်ဆိုရင်လည်း လက်ခံပေးပါသည်ခဗျာ




#ဝိတ်ချလိုသူများ

02/05/2026

Monday က 150kg/330lbs ကို failed ဖြစ်ခဲ့လို့ ဒီနေ့ Double ရအောင်ထိုင်ခဲ့လိုက်တယ်

Bangkok အတွင်း body transformation လုပ်ချင်လား SBD လို Heavy lift တွေကို နည်းစနစ်တကျ သေချာလေ့ကျင့်တတ်ချင်လား
Bangkok အတွင်း Personal trainer လိုတယ်ဆိုရင် DM me ပါ

30/04/2026

ကျွန်တော့် clients တွေကို body transformation လုပ်ပေးတဲ့ အခါမှာ တချို့လူတွေ ဘာကြောင့်တိုးတက်ပြောင်းလဲမှုကမသိသာတာလဲဆိုတာ ကျွန်တော်မြင်တဲ့ ရှုထောင့်ကနေပြောပြပေးမယ်
ဘာကြောင့်တိုးတက်ပြောင်းလဲမှုနှေးလဲ အချက်သုံးချက်

Num(1) :The Secret-Bulker
တချို့တွေက လေ့ကျင့်ခန်းကိုတော့ တစ်ရက်မပြတ်သေချာလုပ်တယ် အစားအစာမှာကျရင် calories dense ဖြစ်တာတွေဂရုမစိုက်ပဲစားမိတာမျိုး မနက်စာကို အသုပ်လေးတစ်ပွဲရယ် ထမင်းရယ် tea လေးတစ်ခွက်ရယ် Or ပဲပလာတာတပွဲရယ် tea တစ်ခွက်ရယ်ဖြစ်ဖြစ်ပေါ့
ဒါကတကယ်တော့ ပမာဏနည်းပါတယ် ဗိုက်တောင်ဝတဲ့အနေထားမဟုတ်ပါဘူး ဒါပေမယ့် ပါဝင်တဲ့ calories များနေတာမျိုးဖြစ်ပါတယ်

Num(2):The Talker
လေ့ကျင့်ခန်းလုပ်ချိန် ထိရောက်အောင်မလုပ်ခြင်ပဲ စကားပြောခြင်းကိုသာ အာရုံပိုစိုက်သူ

Num(3)The Sponsor
ဒါကတော့ သင်တန်းကြေး PT ကြေးသွင်းပြီး တစ်ပတ်လောက်ကစားပြီး အစအနပါပျောက်သွားသူများ 🤣

ဒီသုံးချက်ဟာ ကျွန်တော့် Trainer သက်တမ်းတစ်လျှောက် clients တွေမှာ မြင်တွေ့ရလေ့ရှိတဲ့ အချက်လေးတွေဖြစ်ပါတယ်

ဒီအချက်သုံးချက်ထဲ မိမိလည်း ကိုက်ညီနေတယ်ဆိုရင် အဲ့အချက်တွေကို ပြောင်းလဲလိုက်ရုံနဲ့ body transformation လုပ်တဲ့နေရာမှာ အများကြီး မြန်ဆန်တိုးတက်လာမှာပဲဖြစ်ပါတယ်ခဗျာ

အပြုသဘောဆောင်ပြီး clients တွေအပြင်တခြားဝိတ်ချနေသူများလည်း သတိထားမိအောင်ရေးပြပေးခြင်းဖြစ်ပါတယ်

#ဝိတ်ချလိုသူများ



Photos from The Lifter Strength's post 28/04/2026

မိတ်ဆွေရဲ့ body အားရက်ပေါင်း(90)အတွင်း ပြောင်းလဲရန် (2) ရက်သာလိုပါတော့သည်
သင်တန်းအပ်ပြီး အခုပဲပြောင်းလဲရန် စတင်လိုက်ပါ 💪💪

#ဝိတ်ချလိုသူများ



27/04/2026

145kg 3reps မှာ failed တယ် 150kg မှာလည်း failed တယ် 👌

26/04/2026

ကျွန်တော့် (90)day body transformation program မှာဘာကြောင့် TRX နဲ့ KB ကို အဓိကရွေးချယ်ပြီး train ပေးလဲဆိုတာ ရှင်းပါပေးမယ်
• TRX advantages:Suspension ကိုသုံးပြီးလေ့ကျင့်ရတာဖြစ်တဲ့အတွက် လေ့ကျင့်ခန်းတစ်ခုချင်းစီတိုင်းမှာ body တစ်ခုလုံးကို stable ဖြစ်နေအောင်ထိန်းပေးရတဲ့အတွက် (stabilizer muscles) တွေမဖြစ်မနေ stimulates လှုံ့ဆော်မှုရတဲ့အပြင် (Core muscles)တွေကိုပါ တစ်ပါတည်း လေ့ကျင့်ပေးလို့ အကျိုးကျေးဇူးအလွန်များပါတယ်
• Kettlebell: (Ballistics)လို movement တွေမှာ explosive power ကိုအဓိကထား train လို့ (Metabolic rate) ကို မြင့်တက်လာစေတယ် Kb swing လို လေ့ကျင့်ခန်းတွေမှာဆို fascia line တွေကိုပါသက်ရောက်မှုရှိစေတဲ့အတွက် boxing sports တွေ Athlete တွေအပြင် သာမန်လူတွေအတွက်ပါ များစွာအကျိုးရှိပါတယ်
The Afterburn effect
လေ့ကျင့်ခန်းပြီးနောက်အဆီဆက်လက်လောင်ကျွမ်းခြင်း
Kettlebell နဲ့ TRX ကိုပေါင်းစပ်လေ့ကျင့်ပြီးသွားတဲ့နောက်မှာ ခန္ဓာကိုယ်ထဲက calories 🔥ကိုဆက်လက်လောင်ကျွမ်းစေတယ်ဆိုတာကတော့ မိတ်ဆွေတို့အကြိုက်ဆုံးဖြစ်ပါလိမ့်မယ်
• Result: ဝိတ်ကျရုံတင်သာမက(injury)ကင်းစွာနဲ့ လေ့ကျင့်နိုင်မှာဖြစ်ပြီး နေ့စဉ်ဘဝမှာ ပိုမိုကြံ့ခိုင်သွက်လက်ပြီး လှုပ်ရှားနိုင်တဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်ခဗျာ

စိတ်ဝင်စားရင် အခုပဲ သင်တန်းအပ်ပြီး မိတ်ဆွေ body ကိုပြောင်းလဲလိုက်ပါ

24/04/2026

Deload week deadlift day

24/04/2026

ဆရာမရှိတုန်း စားထားသမျှ အဆီတက်လာတဲ့

ဗိုက်တွေကို 90 day batch (2) မှာ ဟချလောင်းဆိုပြီး

မန်းမှူတ်ပေးပြီး အဆီကျသွားအောင် train ပေးတော့

မှာဖြစ်ပါတယ်ခဗျာ သင်ရော အဆီကျ မန်းမှုတ်ပေး

တာလိုချင်ရင် (90)day body transformation batch

(2)ကိုသာ join လိုက်ပါ 🤪


#ဝိတ်ချလိုသူများ



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon