Cornflower Japanese Language & Education

Cornflower Japanese Language & Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cornflower Japanese Language & Education, Language school, Yangon.

🍀ဖြစ်ချင်ခဲ့တဲ့ အိမ်မက်တွေကို မေ့လိုက်ပြီလား☘️
02/03/2025

🍀ဖြစ်ချင်ခဲ့တဲ့ အိမ်မက်တွေကို မေ့လိုက်ပြီလား☘️

အိုခီနာဝါမှာ အလုပ်ဝင်နေပြီဖြစ်တဲ့ Cornflower ကျောင်းသူလေး 😍🤩🥰
04/04/2024

အိုခီနာဝါမှာ အလုပ်ဝင်နေပြီဖြစ်တဲ့ Cornflower ကျောင်းသူလေး 😍🤩🥰

26/03/2024

ဂျပန်စာ အခြေခံ ပညာဒါနအတန်းသစ် ၄ လပိုင်းထဲ စပါမယ်....

အချိန်ဇယားထွက်တာနဲ့ ကြေငြာပေးပါမယ်နော်.....

🇯🇵N4/N3 တော့အောင်သွားပါပြီ.... ဒါပေမယ့် ဂျပန်လို မပြောရဲသေးဘူးလား?🇯🇵အခြေခံစကားပြောတွေကို ပြောချင်ပေမယ့် ပါးစပ်ဖျားလေးတင်...
08/02/2024

🇯🇵N4/N3 တော့အောင်သွားပါပြီ....
ဒါပေမယ့် ဂျပန်လို မပြောရဲသေးဘူးလား?

🇯🇵အခြေခံစကားပြောတွေကို ပြောချင်ပေမယ့် ပါးစပ်ဖျားလေးတင် မထွက်ဖြစ်နေပြီလား?

🇯🇵အလုပ်အင်တာဗျူးတွေ ဖြေဘယ်လောက်ဖြေဖြေ အခုထိ မအောင်သေးလို့ စိတ်ညစ်နေပြီလား?

🇯🇵အလုပ် အင်တာဗျူးတော့ အောင်သွားပါပြီ...
ဒါပေမယ့် ဂျပန်ရဲ့အခြေခံ ယဉ်ကျေးမှု ဗဟုသုတ နဲ့ နေထိုင်ပြုမူပြောဆိုပုံတွေ ဂျပန်လူမျိူးတွေရဲ့အတွေးတွေကို သေချာ သိရဲ့လား?

ဂျပန်နဲ့တော့ နီးစပ်ချင်ပေမယ့် ဂျပန်စကားပြောရမှာ ကြောက်နေသူတွေအတွက် ၂ လပိုင်းထဲ စကားပြောအတန်းသစ်

🎉 Zoom Class ရော အပြင်အတန်းပါရှိလို့ ကိုယ်အားသန်တဲ့အတန်းကို Join နိူင်ပါတယ်ရှင်။ 🎉

🧧 တစ်ဦးချင်းစီကို အနီးကပ်လေ့ကျင့်မည် ဖြစ်တာကြောင့် လူဦးရေ ကန့်သတ်ထားပါသည်။

🇯🇵အခြေခံစကားပြောများနှင့် နေ့စဉ်သုံးစကားများ

🇯🇵ယဉ်ကျေးမှု အလုပ်ခွင်လိုက်နာရမည့်အချက်များ၊စည်းကမ်းများ

🇯🇵ဂျပန်လို 履歴書(CV) ရေးနည်း

🇯🇵အလုပ် အင်တာဗျူးနဲ့ဆိုင်သော ‌အမေးအဖြေများ

🇯🇵အင်တာဗျူး ဖြေပုံဖြေနည်း

🇯🇵ဂျပန်လူမျိူးများနှင့် အလုပ်ခွင်ဆိုင်ရာ ဗဟုသုတများ

⛩️ သင်တန်းမတက်မီအချိန်ကထက် ဂျပန်ဘာသာစကားအပြင် အတွေးခေါ်နဲ့ အပြုမူပိုင်းပါ သိသာတဲ့ ပြောင်းလဲမှု ရှိလာစေရပါမယ် ⛩️

Page လေးက အတော်ကြာငြိမ်သက်နေခဲ့တဲ့အတွက် ကျောင်းသားတွေကိုအားနာပါတယ်စာတွေကို အချိန်ရှိတုန်း လုပ်ထားပြီး Motiလေးယူကြပါနော် ...
09/10/2023

Page လေးက အတော်ကြာငြိမ်သက်နေခဲ့တဲ့အတွက် ကျောင်းသားတွေကိုအားနာပါတယ်

စာတွေကို အချိန်ရှိတုန်း လုပ်ထားပြီး Motiလေးယူကြပါနော် 🇯🇵

ဒီကြားထဲ Page ကနေအလုပ်ခေါ်စာလေးတင်မိလိုက်တာကို အနီပြကဒ်ပြခံလိုက်ရလို့ ငြိမ်နေလိုက်ရတာပါ 😔

တင်ချင်တာတွေ များနေပေမယ့် တစ်ခုချင်းစီကိုဘဲ ဖြည်းဖြည်းစီ တင်ပါမယ်နော်🥰

ဒါကတော့ Conflower အပြင်သင်တန်း ပထမအသုတ်က အလှလေးနှစ်ယောက်ပေါ့🥰

ဟိုကိုင်းဒိုး မှာ အလုပ်ဝင်နေပြီး သုံးလ​ပြည့်ခါနီးမှဘဲ Post တင်ဖြစ်တော့တယ်။

ဒီကြားထဲ အင်တာဗျူးအောင်ပြီးရCamp ဝင်နေဆဲကလေးလေးတွေကတော့ ထွက်ခါနီးမှဘဲ ကြွားပါစေ 😁😚🥰

ပညာဒါန နဲ့အင်တာဗျူး စကားပြောအတန်းသစ်လေးတွေလည်းလာပါတော့မယ်🤓😘

&Edu

30/04/2023

အမြဲတမ်းဖတ်စာအုပ်ထဲကအတိုင်းတစ်လုံးမကျန်အလွတ်ကျက်ပြီး တောင့်တောင့်ကြီး နှုတ်ဆက်နေကြတုန်းလား?

အရိုးရှင်းဆုံးလေးကိုဘဲ သဘာဝကျကျလေး နှုတ်ဆက်ဖို့လိုပါတယ်။
အဓိက အကျဆုံးကတော့ အပြုံးမျက်နှာပါ။
အပြုံးမျက်နှာအပြင် ကိုယ်ပြောလိုက်တဲ့ စကားနဲ့ လိုက်ဖက်တဲ့ လှုပ်ရှားမှုမျိူးကို အချိန်တည်းမှာ အလိုက်သင့် လှုပ်ရှားနေဖို့လည်း လိုပါတယ်။

ဖတ်စာအုပ်ထဲကလို ဘယ်နိူင်ငံကလာပါတယ်..... အသက်ကတော့ ဘယ်လောက်ပါ.... ဘာအလုပ်လုပ်ပါတယ်..... ဆိုပြီး အတိကျ လူတိုင်းကို လိုက်ပြောပြနေဖို့ မလိုပါဘူး။
လိုအပ်တဲ့ နေရာမှာမှ ပြောတာ အကောင်းဆုံးပါ။

အခုဗီဒီယိုမှာ လူငယ်ချင်းတွေ့တဲ့အခါ နှုတ်ဆက်ထားတဲ့ ပုံစံကို သဘာဝကျကျတွေ့ရမှာပါ။ ကိုယ်တိုင်လည်း တကယ်လက်တွေ့မှာ မနှေး မမြန်ဘဲ အလိုက်သင့် သဘာဝကျကျ လိုက်ပြောနိူင်ဖို့ လေ့ကျင့်ကြည့်ရအောင်.....

🌈 ဂျပန်စာ အခြေခံ တစ်လ ပညာဒါန အတန်း🤩Edit: လူပြည့်သွားပြီရှင်....ဂျပန်သွားဖို့ကိုတော့ စိတ်ဝင်စားတယ်ပေမယ့် ဂျပန်စာ သင်တန်းတ...
25/04/2023

🌈 ဂျပန်စာ အခြေခံ တစ်လ ပညာဒါန အတန်း🤩
Edit: လူပြည့်သွားပြီရှင်....

ဂျပန်သွားဖို့ကိုတော့ စိတ်ဝင်စားတယ်ပေမယ့် ဂျပန်စာ သင်တန်းတက်ပြီးမှ ဆက်မသင်ချင်တာမျိူး ဖြစ်မှာစိုးနေသူတွေရှိကြလား........

ဒီသင်တန်းကတော့ အမှန်တကယ် သင်တန်းပြီးဆုံးသည်အထိ သင်ယူလိုစိတ် ရှိသူများအတွက်သာ ရည်ရွယ်ပါတယ်.....

ဂျပန်စာကို အခြေခံမှစပြီး လေ့လာချင်သူများ နှင့် အိမ်မှာနေရင်း ဘာသာစကား သင်ကြားလိုသူများအတွက် Online မှ Zoom ဖြင့် တိုက်ရိုက် သင်ကြားပါမယ်ရှင်...

🌸Romaji
🌸Hiragana
🌸Katakana
🌸အခြေခံဝါကျ တည်ဆောက်ပုံ
🌸ကိန်းဂဏန်းရေတွက်ပုံ၊
ပစ္စည်း ရေတွက်ပုံ (နေ့ရက် လ ခုနှစ် အသေးစိတ်များ)
🌸Listening နဲ့ နေ့စဥ်သုံး အခြေခံ စကားပြော အတိုအထွာများ
ကိုပါ လေ့ကျင့်သင်ကြားပေးမည်။

🌼သင်တန်းကာလ- 1 လ (4ပတ်)
🌼နေ့ရက်- Tue,Wed,Thu,Fri
🌼အချိန်- ည (7:30-9:00)

💐သင်တန်းစမည့်နေ့- 5 လပိုင်း 4 ရက်နေ့ (ကြာသပတေး )

👩‍🏫လေ့ကျင့်ခန်းများ ကိုအသေးစိတ်သင်ကြားပေးမည်ဖြစ်သောကြောင့်ကျောင်းသားများဘက် မှသေသေချာချာစာလိုက်လုပ်ရန်လိုအပ်ပါသည်။ 👩‍🏫

👩‍🏫သင်ခန်းစာများနှင့်အိမ်စာများကိုစနစ်တကျလိုက်လုပ်ရန်လိုအပ်ပါသည်။

💐Chat Box လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။

ကံကောင်းပြီး ထီဆုကြီးများပေါက်ခဲ့ရင် အလုပ်ထွက်ပြီး အေးဆေးလေးနေလို့ရအောင် ဂျပန်ရဲ့  ထီအမျိူးအစားတွေ လေ့လာထားသင့်တယ်နော် ....
24/04/2023

ကံကောင်းပြီး ထီဆုကြီးများပေါက်ခဲ့ရင် အလုပ်ထွက်ပြီး အေးဆေးလေးနေလို့ရအောင် ဂျပန်ရဲ့ ထီအမျိူးအစားတွေ လေ့လာထားသင့်တယ်နော် .... 😇

ဂျပန်နိူင်ငံရဲ့ ဘူတာတော်တော်များများမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ထီအမျိူးအစား ၆ မျိူးကို မိတ်ဆက်ပေးပါမယ်။

1.ジャンボ宝くじ(Jumbo Lottery) 🍁🍁🍁

သူကတော့ မြန်မာထီပုံစံနဲ့ဆင်ပါတယ်။
တခြားအမျိူးအစားတွေထက် ဆုကြေးမြင့်ပါတယ်။
လစဥ်ထီဖွင့်တာမျိူးမဟုတ်ဘဲ တစ်နှစ်ကို 5 ကြိမ်ဘဲ ဖွင့်လေ့ရှိပါတယ်။
တစ်ကြိမ်နဲ့တစ်ကြိမ် ပေါက် မဲဆုကြေး ပမာဏမတူပါဘူး။
နှစ်ကုန် 11 လပိုင်းဝန်းကျင်မှာရောင်းလေ့ရှိတဲ့ 年末ジャンボ နှစ်ကုန်ထီ ကတော့ တခြားအပတ်တွေထက် ဆုကြေးအမြင့်ဆုံးဖြစ်ပြီး ပထမဆုကတော့ ယန်း 700,000,000 ခန့် ​​ဖြစ်ပါတယ်။

2.スクラッチ 🖍🖍🖍

သူကတော့ ခဲ ခြစ်ပြီး ကံစမ်းရတဲ့အမျိူးအစားဖြစ်ပါတယ်။ အရုပ်လေးတွေ 3 ခုတစ်တန်း(အလျားလိုက်၊ဒေါင်လိုက်၊တစောင်း)
ဖြစ်တယ်ဆိုရင် အရုပ်အမျိူးအစားအလိုက် ဆုကြေးငွေကွာပါတယ်။ ငွေသားချက်ချင်းပြန်ရတဲ့ ထီမျိူးအစား ဖြစ်ပါတယ်။
ပထမဆု ဆုကြေးကတော့ ပုံစံပေါ်မူတည်ပြီး ယန်း ငါးသောင်းကနေ ယန်း 100,000,000 ထိ ရှိပါတယ်။ ဆုကြေးငွေကတော့ အမျိူးအစား အချိန်ကာလပေါ်မူတည်ပြီး ကွာခြားပါတယ်။
တစ်နှစ်ပတ်လုံး ကြိုက်တဲ့အချိန် အလွယ်တကူ ထိုးလို့ရပါတယ်။

3.ロト(LOTO) 6️⃣
ロト(LOTO) 7️⃣

1 ကနေ 37 ထိရှိတဲ့ ဂဏန်းတွဲ 7 ခုကိုရွေးချယ်ရတဲ့ LOTO 7၊ 1 ကနေ 43 ထိ ဂဏန်းတွဲ 6 ခုကိုရွေးချယ်ရတဲ့ LOTO 6 နဲ့ 1 ကနေ 31 ထိ ဂဏန်းတွဲ 5 ခုကိုရွေးချယ်ရတဲ့ Mini LOTO ဆိုပြီး 3 မျိူးရှိပါတယ်။
တစ်စောင်ကို ယန်း 200 ကနေ 300 ဖြစ်ပါတယ်။ LOTO 7 ရဲ့ပထမဆု ဆုကြေးကတော့ ယန်း ငါးသောင်း ကနေ ယန်း 600,000,000 ထိ ရှိပါတယ်။
LOTO 6 ရဲ့ပထမဆု ဆုကြေးကတော့ ယန်း ငါးသောင်းကနေ ယန်း 200,000,000 ဖြစ်ပါတယ်။
Mini LOTO ရဲ့ပထမဆု ဆုကြေးက ယန်းသိန်း 100 ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ ဆုကြေးအပြောင်းအလဲရှိတတ်ပါတယ်။

4.ビンゴ5 5️⃣

Bingo 5 ကတော့ အလျား3 ကွက် အနံ 3 ကွက်ရှိပြီး center မှာရှိတဲ့ Free တစ်ခုကလဲွဲပြီး ကျန် 8 ကွက်ရဲ့တစ်ကွက်စီမှာ ဂဏန်း 5 ခုစီရှိကြပါတယ်။ အဲ့ဒီ 8 ကွက်ထဲမှာမှ ဂဏန်း တစ်ခုစီကိုပြန်ရွေးပြီး စုစုပေါင်း 8 ခု ပြန်ရွေးပြီးထိုးရတာ ဖြစ်ပါတယ်။ ဆုကြေးကတော့ အတည်တကျမရှိဘဲ ပမာဏအားဖြင့် အကြိမ်တိုင်းအပြောင်းအလဲရှိပါတယ်။ ပထမဆုကတော့ အကြမ်းဖျင်း အားဖြင့် ယန်း 555 သောင်းလောက်ရှိပါတယ်။

5.ナンバーズ(Numbers3) 🎰
ナンバーズ(Numbers4)

ထိုင်းနိူင်ငံရဲ့ 2 လုံး 3 လုံးချဲ ပုံစံနဲ့ ဆင်တူပြီး Numbers3 နဲ့ Numbers4 ဆိုပြီး အမျိူးအစားနှစ်မျိူးရှိပါတယ်။
Numbers3 ဆိုရင်တော့ ပေးထားတဲ့စာရွက်လေးမှာ ကိုယ်ထိုးချင်တဲ့ ဂဏန်း 3 ခု ကိုရွေးချယ်ပြီး ခဲတံလေးနဲ့ခြစ်ရပါတယ်။
တစ်ကွက်ကို ယန်း200 ခန့်ကျသင့်ပါတယ်။
Numbers4 ပေါက်တယ်ဆိုရင်တော့ သောင်း 100 ခန့်ဝန်းကျင်ဖြစ်ပြီး ၊ Numbers3 ဆိုရင်တော့ 10 သောင်းဝန်းကျင်ခန့်ရရှိမှာ ဖြစ်ပါတယ်။

6. 着せかえクーちゃん🍎🍑🍇🍊🍈
Kisekae ku-chan

ဒါကတော့ ထီအမျိူးအစားအသစ် ဖြစ်ပါတယ်။
အသီး အမျိုးအစား5 မျိူးရှိတဲ့ အသီး ပုံကလေးတွေထဲမှာမှ 4 ခုရွေးခြယ်ရပါမယ်။
တစ်ကွက်ကို ယန်းတစ်ရာ ကျသင့်မှာဖြစ်ပြီး ကိုယ်​ရွေးခြယ်ထားတဲ့ 4ခုကွက်နဲ့ ကွက်တိကျရင်တော့ ပထမဆု ယန်း10500 ရရှိမှာ ဖြစ်ပါတယ်။

ထီဆိုင်​တွေကို ဘူတာတိုင်းလိုလိုမှာ တွေ့နိူင်ပါတယ်။ လူငယ်တွေထက် လူကြီးတော်တော်များများထိုးကြပါတယ်။

💰💰💰
ကျွန်မကိုယ်တိုင်လည်း ထီထိုးရတာ ကိုကြိုက်တဲ့သူတစ်ယောက်မို့ ဂျပန်မှာ ကျောင်းတက်စဥ်က ジャンボ宝くじ Jumbo Lottery ကို 3 ကြိမ်ထိုးခဲ့ဖူးပါတယ်။
တခြားအမျိူးအစားတွေလည်း တစ်ကြိမ်လောက်တော့ စမ်းကြည့်ဖူးပါတယ်။

နောက်အပတ်မှာတော့ ကျွန်မရဲ့ ဂျပန်အမှတ်တရတွေထဲကမှ ဂျပန်နိူင်ငံမှာ ထီပေါက်ခဲ့တဲ့ အတွေ့အကြုံလေးကို ဝေမျှပေးပါမယ်။

&Edu

09/03/2023

ဘာသာစကားကို သင်ယူတဲ့အခါမှာ
စာတွေချည်း အလွတ်ကျက်တဲ့ပုံမျိူး ကျက်လို့မရပါဘူး။ စကားပြောနေသလိုမျိူး စိတ်ထည့်ပြီး ပြောဖို့က အရေးအကြီးဆုံးအချက်ပါ။
ဒီ အသံ File လေးကတော့ N4 အတန်းတက်နေတဲ့ ညီမလေးပြောထားတဲ့အသံဖိုင်လေးပါ။

ကြိုးစားချင်စိတ်လေးသာ ခေါ်ဆောင်လာခဲ့ပေးပါ။
စကားပြောတတ်ဖို့ Cornflower က တာဝန်ယူပါရစေ 🙆🏻

Reading ကိုအမှတ်အပြည့်နဲ့ Listening ကို 60 မှာ 59 ရတဲ့  ညီမလေး😍😘Reading ရော Listening ရောအမှတ်အပြည့်ရတဲ့ ညီမလေး 😍Cornflo...
23/01/2023

Reading ကိုအမှတ်အပြည့်နဲ့ Listening ကို 60 မှာ 59 ရတဲ့ ညီမလေး😍😘

Reading ရော Listening ရောအမှတ်အပြည့်ရတဲ့ ညီမလေး 😍
Cornflower Japanese Language & Education က N3

အခြေခံ ပညာဒါနအတန်းကနေ N3 ထိ စာသင်ချိန်တိုင်း ေသချာလေးလေးနက်နက်နဲ့ လိုက်နားထောင်တဲ့ ကလေးလေး 😘

ဝမ်းသာလို့ ကိုယ်တောင် ပါးစပ်ပိတ်လို့မရဘူး 😁
ဒါတောင်တခြားကလေးတွေ Result က မသိရသေးလို့

ရုပ်ရှင်ဇာတ်ခန်းတစ်ခုမှာပါတဲ့ Dialogue တစ်ခုပါ။*တ​စ်စုံတစ်ယောက​်ထံကနေ ရက်ရက်စက်စက် ဆိုးဆိုးရွားရွားစကားလုံးတွေနဲ့ တစ်ကြိ...
10/01/2023

ရုပ်ရှင်ဇာတ်ခန်းတစ်ခုမှာပါတဲ့ Dialogue တစ်ခုပါ။

*တ​စ်စုံတစ်ယောက​်ထံကနေ ရက်ရက်စက်စက် ဆိုးဆိုးရွားရွားစကားလုံးတွေနဲ့ တစ်ကြိမ် အပြောဆိုခံလိုက်ရတဲ့အခါတိုင်း ကိုယ်ဘက်ကနေ တခြားတစ်ယောက်ကို ကြင်နာတဲ့စကားလုံးတွေ နှစ်ကြိမ်ပြောမယ်လို့ တွေးထားပါတယ်တဲ့။*

*စာနာစိတ်ကလေး တစ်ခုဘဲလိုပါတယ်။*

ကိုယ်တိုင်က တစ်ယောက်ယောက်ထံက ရက်ရက်စက်စက် အပြောခံလိုက်ရတယ်၊ တစ်ခုခု ပြုလုပ် တာခံလိုက်ရတာနဲ့ ကိုယ့်အပေါ်ကျူးလွန်တဲ့သူကို ပြန်တုံ့ပြန်နိူင်စွမ်းမရှိတဲ့အခါ တခြားသူတွေအပေါ်မှာလည်း ကိုယ်ကျူးလွန်ခံခဲ့ရသလိုမျိူး မသိစိတ်ကနေ ပြန်တုံ့ပြန်တတ်ပါတယ်။

ဒါတွေဟာ လူအဖွဲ့စည်းမှာလည်း ကြုံလေ့ရှိတဲ့ သဘာဝတစ်ခုပါ။

ကိုယ်ကိုယ်တိုင်က ကျူးလွန်ခံရသူ အဖြစ်ကြုံတွေ့နိူင်ပေမယ့် ကိုယ်ကစပြီး တဖက်လူကို ကောင်းမွန်သောစကားနဲ့သာ တုန့်ပြန်ပြီး အမုန်းတွေကိုလျှော့ချကြည့်ရအောင်နော်....

အနည်းဆုံးတော့ ကိုယ့်ရဲ့ အကြည်ဓာတ်လေးပိုတိုးလာတာပေါ့....❤🤍💙

&edu

သင်တန်းPage မှာရော ဖုန်းဆက်ပြီးတော့ရော အတန်းသစ်များအတွက် လာရောက်စုံစမ်းသူများတာကြောင့် သင်တန်းသားအသစ်တွေနဲ့ သင်တန်းသားအဟ...
06/01/2023

သင်တန်းPage မှာရော ဖုန်းဆက်ပြီးတော့ရော အတန်းသစ်များအတွက် လာရောက်စုံစမ်းသူများတာကြောင့် သင်တန်းသားအသစ်တွေနဲ့ သင်တန်းသားအဟောင်းများအတွက် Page ကနေမှတဆင့် စိတ်မကောင်းစွာနဲ့ဘဲ ကြေညာပါရစေ..
စိတ်ဝင်တစားစုံစမ်းကြတဲ့အတွက်လည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ရေးမြို့မှာ ဖွင့်လှစ်ထားတဲ့ ဂျပန်ဘာသာစကားသင်တန်းကို ယခုလမှစပြီး အတန်းသစ်များထပ်မံဖွင့်ဖို့မရှိတော့ပါဘူးရှင်....😞
Online Face to Face Zoom အတန်းသစ်များကို တော့ လစဥ်ဖွင့်လှစ်သွားဖို့ရှိပါတယ်။🤩

ရန်ကုန်မြို့မှာ ဒီနှစ်ထဲ အတန်းသစ်ဖွင့်လှစ်ဖို့ရှိလို့ အသေးစိတ် သိရရင် ကြေညာပေးပါမယ်ရှင်။🤩

🌼🌼🌼
ရေးမြို့မှာ ဖွင့်လှစ်ထားတဲ့ ဆယ်လတာကာလအတွင်းမှာ အပြင်သင်တန်း N5/N4 ကို တက်ရောက်သူ ကျောင်းသားကျောင်းသူဦးရေ နှစ်ရာနီးပါး ရှိခဲ့ပါတယ်။ ကျောင်းသားတစ်ဦးချင်းစီတိုင်းအတွက်ကို သေချာစီစစ်ပေးနိူင်အောင် တစ်တန်းကို လူအနည်းငယ်သာ လက်ခံပြီးသင်ကြားပေးခဲ့ပါတယ်။ 💙

ဘာသာစကားကို အလွယ်ကူဆုံးနားလည်ပြီး သင်ယူနိူင်အောင် သင်ကြားပေးခဲ့လို့ တတ်မြောက်ကြမယ်လို့လည်း ယုံကြည်ပါတယ်။ ❤

နေပူပူ မိုးရွာရွာ ဘယ်လိုအခြေနေမျိူးမှာမဆို ကြိုးစားပြီး ပျက်ရက်မရှိ သင်တန်းကို လာတက်ပေးကြတဲ့ကျောင်းသားတွေကိုတော့ အထူးကျေးဇူးတင်ပါတယ်။

🧡 မလွဲသာ မရှောင်သာ အတန်းပျက်ခဲ့ရပေမယ့် ကြိုးကြိုးစားစားနဲ့ စာသင်ချိန်မှာ စာလိုက်လုပ်ပေးကြတဲ့ ကျောင်းသားအားလုံးကြောင့်လည်း ပျော်ရွှင်ခဲ့ရပါတယ်။

🤍
ကျောင်းပျက်ရက်များခဲ့တဲ့ ကလေးတွေနဲ့ စာကြေချင်တဲ့ ကလေးတွေကိုလည်း အကြောင်းပြချက်ခိုင်လုံရင် အတန်းသစ်မှာ အခကြေးငွေ ပေးစရာမလိုဘဲ ထပ်မံတက်ရောက်စေခဲ့ပါတယ်။ (လက်လန်ပြီး Black list ထဲလိုက်ရတဲ့သူလည်းရှိပါတယ်😅)

မြှောက်လိုက် ပင့်လိုက် ချီးမွမ်းလိုက် စာလုပ်ဖို့ ခြိမ်းလိုက ခြောက်လိုက်နဲ့ (သူတို့လည်း မကြောက်ကြပါဘူး😆) စာသင်ချိန်တိုင်း သူတို့လေးတွေကြောင့် နေ့တိုင်း ပြုံးခဲ့ ပျော်ခဲ့ရပါတယ်။ စာသင်နေရရင် ပင်ပန်းတာတွေတောင် မေ့ပါတယ်။😁

အနည်းဆုံးတော့ ဂျပန်စာအပြင် လူတွေနဲ့ ပြောဆိုဆက်ဆံရတာ၊ အများကြားမှာ စကားပြောရတာတွေက အရင်တုန်းကထက် သူတို့လေးတွေ ယုံကြည်ချက်ရှိလာတယ်လို့ ထင်ပါတယ်။ 😎

အတန်းစတုန်းက စာခဏခဏမေးခံရတဲ့အခါ ယုံကြည်မှုမရှိလို့ မဖြေရဲတာတွေ ရှက်နေတာတွေ ဖြစ်နေပေမယ့် နောက်ပိုင်း ယဥ်ယဥ်ကျေးကျေးနဲ့ ပြောဆိုလာတာတွေ့ရလို့ ပီတိဖြစ်ရပါတယ်😍😘

အခွင့်ရေးရှိခဲ့ရင် ချစ်ရတဲ့ ကျောင်းသားကလေးတွေနဲ့ တစ်ချိန်ချိန်မှာ ပြန်ဆုံချင်ပါသေးတယ်။❤

ချစ်ရတဲ့
ချိန်း🌸

Address

Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959757378505

Website

Alerts

Be the first to know and let us send you an email when Cornflower Japanese Language & Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Cornflower Japanese Language & Education:

Shortcuts

Share