17/08/2026
မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ် (၂၀၂၇-၂၀၂၈)ပညာသင်နှစ်၊ ဒီပလိုမာဝင်ခွင့် ပဏာမရွေးချယ်ခံရသူများနှင့် အရံရွေးချယ်ခံရသူများ ဆောင်ရွက်ရန်
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်
17/08/2026
မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ် (၂၀၂၇-၂၀၂၈)ပညာသင်နှစ်၊ ဒီပလိုမာဝင်ခွင့် ပဏာမရွေးချယ်ခံရသူများနှင့် အရံရွေးချယ်ခံရသူများ ဆောင်ရွက်ရန်
17/08/2026
✅ မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ် (၂၀၂၇-၂၀၂၈)ပညာသင်နှစ်၊ ဒီပလိုမာဝင်ခွင့် ပဏာမရွေးချယ်ခံရသူများစာရင်းနှင့် အရန်ရွေးချယ်ခံရသူများစာရင်း ကြေညာခြင်း
✅ မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ် ဒီပလိုမာဝင်ခွင့်လျှောက်ထားသူများအတွက် အသိပေးကြေညာခြင်း
မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ် (၂၀၂၇-၂၀၂၈)ပညာသင်နှစ်၊ ဒီပလိုမာဝင်ခွင့်လျှောက်လွှာများ တင်သွင်းရာတွင် ရန်ကုန်မှ လျှောက်ထားသူများသည် ကောလိပ်ရှိ ကျောင်းသားရေးရာဌာနတွင် တိုက်ရိုက်တင်သွင်းနိုင်ပါကြောင်းနှင့် နယ်မှလျှောက်ထားသူများသည် မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်၊ ဘုရင့်နောင်လမ်းမကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်လိပ်စာဖြင့် မော်ကွန်းထိန်းထံလိပ်မူ၍ အမြန်ချောဖြင့် တိုက်ရိုက်ပေးပို့နိုင်ပါကြောင်း၊ လျှောက်လွှာတင်သွင်းရာတွင် မည်သည့်အခကြေးငွေမှပေးဆောင်ရန်မလိုကြောင်းနှင့် အခကြေးငွေတောင်းခံခြင်းများရှိပါက ဖုန်းနံပါတ်- ၀၉၄၀၃၇၃၇၉၇၀ သို့တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
06/07/2026
🔹၂၀၂၇-၂၀၂၈ ပညာသင်နှစ် ၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း (ဒီပလိုမာ) သင်တန်း၊ ဝင်ခွင့်လျှောက်လွှာပုံစံ။
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ အရာရှိလောင်း(ဒီပလိုမာ)သင်တန်းသို့ နယ်မှ လျှောက်ထားလိုသူများအနေဖြင့် အောက်ဖော်ပြပါ သင်တန်းဝင်ခွင့်ပုံစံ (Application Form)အား Save လုပ်၍သော်လည်းကောင်း၊ MMMC website (https://www.mmmc.edu.mm) တွင် Download ရယူ၍ သော်လည်းကောင်း Print ထုတ်ယူပြီး လိုအပ်သည့်အချက်အလက်များကို ပြည့်စုံစွာဖြည့်သွင်း၍ အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ (၃၁.၇.၂၀၂၆) ရက်နေ့ထက်နောက်မကျစေဘဲစာတိုက်(သို့)အမြန်ချောဖြင့် ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်း၊ ဆင်မလိုက်၊ တက္ကသိုလ်စာတိုက်၊ ကမာရွတ်မြို့နယ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ မော်ကွန်းထိန်းထံသို့လိပ်မူ၍ လျှောက်ထားနိုင်ပါသည်။
🔸လျှောက်လွှာအချိန်မီ မရောက်ရှိပါက မိမိတို့၏ တာဝန်သာဖြစ်ပါသည်။ ရန်ကုန်မှ ကျောင်းသားများ ကောလိပ်တွင် လျှောက်လွှာလာရောက် ထုတ်ယူရမည်။ ဤလျှောက်လွှာဖြင့် လျှောက်ထားခြင်းမပြုရ။
03/07/2026
✅ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် (ကြေညာချက်)၂၀၂၇-၂၀၂၈ ပညာသင်နှစ် ၊ အရာရှိလောင်း (ဒီပလိုမာ)သင်တန်း။
03/07/2026
🔹၂၀၂၇-၂၀၂၈ ပညာသင်နှစ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း (ဒီပလိုမာ) သင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း
24/06/2026
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရ အရာရှိလောင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ဒုတိယနှစ် ရေကြောင်းအရာရှိလောင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ၁၂.၆.၂၀၂၆ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ်ကြီး ဦးဇော်ဝင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ဒုတိယနှစ် ရေကြောင်းအရာရှိလောင်း ဟန်မျိုးသွင်အား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲပထမဆုရ ဒုတိယနှစ် ရေကြောင်းအရာရှိလောင်း ဟန်မျိုးသွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
13/06/2026
🔹ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ဝန်ထမ်း သားသမီးများ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ၁၁.၆.၂၀၂၆ ရက်နေ့တွင် ကောလိပ် Multimedia ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး အထက်တန်း ကျောင်းသား/ကျောင်းသူ ၄ ဦး၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ ၂၄ ဦးနှင့် မူလတန်း ကျောင်းသား/ကျောင်းသူ ၃၀ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၅၈ဦးတို့အား ပညာသင်ထောက်ပံ့ကြေးငွေ စုစုပေါင်း ၁၈၀၀၀၀၀ကျပ်အား ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဖွင့်လှစ်သည့် ဝန်ထမ်းသစ်(အခြေခံ)သင်တန်းတွင် တက်ရောက်ခဲ့ပြီး ပထမဆုရရှိခဲ့သည့် အမှုထမ်း ၁ဦးအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့သည်။
13/06/2026
🔸ကိုဗစ်-၁၉ (COVID-19) ရောဂါကာကွယ်ဆေး ထိုးနှံပေး
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရေးစီမံချက်ဖြင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်ရှိ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် အရာရှိလောင်းသင်တန်းသားများအား (၁၁.၆.၂၀၂၆) ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ ကျန်းမာရေးဝန်ထမ်းများမှ ကောလိပ်သို့ လာရောက်၍ COVID-19 Vaccine COMIRNATY LP.8.1 အား ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးအား မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်ရှိ ဝန်ထမ်းနှင့် မိသားစုဝင် ၁၀၂ ဦး၊ ပထမနှစ် အရာရှိလောင်း ၂၉၄ ဦး၊ ဒုတိယနှစ်အရာရှိလောင်း ၂၄၆ ဦး စုစုပေါင်း ၆၄၂ ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ပါသည်။
09/06/2026
❇️၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်းပါး ပထမဆုရရှိ
၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ ဒုတိယနှစ် ရေကြောင်းအရာရှိလောင်း၊ မောင်ဟန်မျိုးသွင် (ရ- ၃၁၃၇) က “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆောင်းပါးခေါင်းစဉ်ဖြင့် ပထမဆု ရရှိခဲ့ပါသည်။
| Monday | 09:30 - 16:30 |
| Tuesday | 09:30 - 16:30 |
| Wednesday | 09:30 - 16:30 |
| Thursday | 09:30 - 16:30 |
| Friday | 09:30 - 16:30 |