အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုစနစ် -FSMS

အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုစနစ် -FSMS

Share

အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဗဟုသုတများမျှဝေပေးရန်ဖြစ်ပါသည်။

23/03/2025

အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကိုလုပ်ဆောင်ဖို့
အဓိက လိုအပ်ချက်ဆိုရင်
ဘာဖြစ်မယ်လို့ထင်ပါသလဲ

20/08/2024

Service #

မိတ်ဆွေတို့ရဲ့ Product တွေ Packing လှလှတွေမှာမှ

ဘယ်လို Safe ဖြစ်အောင် သုံးကြမယ်။

Sensory Analysis တွေ ဘယ်လိုသွားပြီး test လုပ်မယ်။

Process Safety and Product development ဘယ်လို

သွားချင်လဲ။

Quality Control Point တွေ ဘယ်လိုရှာချင်တယ်။

Sustainable ဖြစ်အောင် ဘယ်လိုစစ်ဆေးမလဲ

Corrective Action Plan တွေ ဘယ်လို ပြင်ဆင်ကြမလဲ

Raw တွေကို ဘယ်လို Standard တွေထားပြီး Supplier

deal လုပ်ချင်ပါသလဲ

Microorganisms တွေ ဘယ်လို စစ်ဆေးချင်လဲ စတဲ့

အချက်အလက်တွေကို ဆွေးနွေးအကြံပေးနေပါတယ်

ရှင်။

Consulting လုပ်ပေးရရင်ပျော်နေပေမယ့်

မျှဝေပေးနေရတာကို ကြိုက်ပေမယ့်

Branded Valuationလေးရှိလို့မို့ တန်ဖိုးလေးတစ်ခုထား

ပါတယ်ရှင်။

ဆက်သွယ်ပေးပါနော်

☎️09424136070
Dr ThanDar Lwin
Food Biotechnology

Enhancer from Yeast
Bacterial Cellulose production by Acetobacter xylinum
Quality Control Manager
Quality Assurance Manager
Project Manager
Freelance Consultant #

03/07/2024

Sensory Analysis Training for FMCG companies

^ Panelists training
^Sensory Methods and Application training
^Data collections and Statistics
^Decision Making
^Product development
^Reporting

Online :Zoom

Training fees: 100,000 mmk per each

Target audience: FMCG groups, R& D team, QA and QC

Date 19,20,21 July 2024

Contact No: 09424136070

Trainer : Dr ThanDar Lwin(Food Biotechnology), Food Engineering

Exam passed, Certification and recommendation for R&D technologist

Could you please collect trainee, it’s commission fees 10% per each!💪💪💪

29/05/2024

ရှယ်ပေးတဲ့သူ ဖုန်းဘေလ် ၁၀၀၀ ဆီယူ (၁၀)ယောက်

Phone Number ရေးခဲ့ပေးပါ။

E book ရပါပြီရှင်။

29/05/2024
29/05/2024

E book ရပါပြီရှင်။

09/05/2024
02/12/2023

Catering အတွက် Food Safety scope က ISO /TS

22002-3

HACCP plan ကျ recipe တစ်ခု တစ်မျိုး ပြင်ရတာ။

Hotel and Tourism လုပ်ငန်းတွေအတွက် Restaurant

တွေ catering service တွေ လက်မှတ်ရထားရင်တော့

Foreigners တွေကို ပိုပြီးဆွဲဆောငိနိုင်လောက်တယ်။

22/10/2023

ဤပုံသည် calibration လား

Validation?

Verificationလားဖြေပါ။

16/02/2023

စားသုံးရန်မသင့်ကြောင်း FDA မှ
ထုတ်ပြန်လိုက်သည့်အစားအသောက်
အမှတ်တံဆိပ် ( ၂၃ ) မျိုး

===================================

လုံးဝ (လုံးဝ) ရှောင်သင့်ပါတယ် 🚫

ဦးနှောက်သွေးကြောရောင် အဆုတ် နှလုံး သွေးတိုး
ဆီးချို ကျောက်ကပ် လေဖြတ် ခလေးသူငယ်တွေ
ဥာဏ်ရည်ထိုင်း ခန္ဓာကိုယ်မဖွံ့ဖြိုးပိန်လီခြောက်ကပ် အမျိုးသား ယောင်္ကျားလေးတွေပန်းညှိုးလိင်အင်္ဂါသေးသိမ်အစာအိမ် အူလမ်းကြောင်း လိပ်ခေါင်း စအိုနာ စတဲ့ရောဂါတွေဖြစ်စေနိုင်တဲ့အပြင် ကုရာနတ္ထိဆေး
မရှိတဲ့ ကင်ဆာဘုရင် အစားအစာတွေပါ။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ
၂၀၁၉ ခုနှစ် ဧပြီလမှ ဇွန်လအထိ စားသုံးရန်မသင့်ဟု
စစ်ဆေးတွေ့ရှိခဲ့သည့် အစားအသောက် အမှတ်တံဆိပ်
စာရင်းများကို ဖော်ပြပေးလိုက်ပါသည်။

FDA မှ ဈေးကွက်၌ ရောင်းချလျက်ရှိသော အစားအသောက်များကို စစ်ဆေးရာတွင် စားသုံးသူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်သော ပါဝင်ပစ္စည်းများ အသုံးပြုထားသောကြောင့် စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အချိုရည် ( ၉ ) မျိုး

၁။ Queen အမှတ်တံဆိပ်ပါ စတော်ဘယ်ရီအချိုရည် 750ml ပုလင်း၊
၂။ Aung အမှတ်တံဆိပ်ပါ Juice (သံပုရာဖျော်ရည်)
၃။ Lime Q အမှတ်တံဆိပ်ပါ Instant Lime Drink Mix
၄။ Power Bull အမှတ်တံဆိပ်ပါ Energy Drink
၅။ Fruity အမှတ်တံဆိပ်ပါ အချိုရည်
၆။ Bull အမှတ်တံဆိပ်ပါ အချိုရည်
၇။ Lion အမှတ်တံဆိပ်ပါ (Lion Juice) အချိုရည်
၈။ Super Frozen အမှတ်တံဆိပ်ပါ အချိုရည်
၉။ NSS C-Plus အမှတ်တံဆိပ်ပါ အချိုရည်

ခေါက်ဆွဲ ( ၅ ) မျိုး

၁။ စတားလိုက် အမှတ်တံဆိပ်ပါ အဆင့်မြင့် ခေါက်ဆွဲ
၂။ ချမ်းမြေ့အောင် အမှတ်တံဆိပ်ပါ စပါယ်ရှယ် ဂျုံခေါက်ဆွဲ
၃။ စိန်တံဆိပ် အမှတ်တံဆိပ်ပါ ကြက်ဥခေါက်ဆွဲ
၄။ ဝမ်းစတား အမှတ်တံဆိပ်ပါ အဆင့်မြင့် ခေါက်ဆွဲ
၅။ ဂန္ဓမာပန်း အမှတ်တံဆိပ်ပါ ခေါက်ဆွဲ

ပဲပြား ( ၃ ) မျိုး

၁။ အဝိုင်းတံဆိပ် (ပဲပြား)
၂။ တြိဂံတံဆိပ် (ပဲပြား)
၃။ စကြာင်္တံဆိပ် (ပဲပြား)

ငရုတ်ဆီ ( ၂ ) မျိုး

၁။ ကြက်ဖ အမှတ်တံဆိပ်ပါ ငရုတ်ဆီ၊
၂။ အောင်သိဒ္ဓိ အမှတ်တံဆိပ်ပါ ငရုတ်ဆီ၊

အခြားစားသောက်ကုန် ( ၄ ) မျိုး

၁။ အောင်ထက်ဖြိုး အမှတ်တံဆိပ်ပါ တုတ်ထိုးချိုချဉ်
၂။ နှင်းပုလဲ အမှတ်တံဆိပ်ပါ ငရုတ်အရောင်တင်မှုန့်
၃။ Mi Ki Ko အမှတ်တံဆိပ်ပါ ချယ်ရီသီး၊
၄။ ရွှေပိတောက် အမှတ်တံဆိပ်ပါ ဆန်ကြာဇံ

အထက်ဖော်ပြပါ အစားအသောက်များသည် ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ ပါဝင်ပြီး ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန် သုံးစွဲထားခြင်းကြောင့် ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့်
ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။

ကြက်ကြော်ကို တစ်ပတ်တစ်ကြိမ်ထက် ပိုစားပါက
အရွယ်မတိုင်ခင် သေဆုံးနိုင်
အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈(က) အရ အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများသည်အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများကို အသုံးပြုပြီး၊ခွင့်ပြုအစားအသောက် ထပ်ဖြည့်ဓာတုပစ္စည်းများကိုသတ်မှတ်ပမာဏအတွင်း အသုံးမပြုပါက အရေးယူခံရမည် ဖြစ်သည်။

လက်ရှိကတော့ စားသောက်ကုန်ရောင်းချနေတဲ့လိုင်စင်ရှိတဲ့ဆိုင်အသီးသီးကို အသိပေးပြီးဖြစ်ပါတယ်။ တစ်ချို့သာမာန်ဆိုင်အသီးသီးကတော့ ရောင်းချနေဆဲဖြစ်ပါတယ်။

မိဘပြည်သူတွေ ဆင်ခြင်စားသုံးလို့ရအောင် တင်ပြရခြင်းဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ထိရောက်စွာအကုန်အရေးယူနိုင်ဖို့ ဆောင်ရွက်လျှက်ရှိနေပါတယ်။

လုပ်ငန်းရှင် အသီးသီးက တားမြစ်စားသောက်ကုန်ပစ္စည်းတွေကိုဒီတံဆိပ်နဲ့အရေးယူခံရလို့ရှိရင် တစ်ခြားနောက်နာမည်တစ်ခုတံဆိပ်ရိုက်ပြီး စျေးကွက်ထဲပြန်ရောင်းနေကြတော့ FDA တာဝန်ရှိသူတွေအဖို့ တော်တော်ကြိုးစားကြပ်မတ်ပြီးစီစစ်အရေးယူဆောင်ရွက်ဖော်ထုတ်လျှက်ရှိနေပါတယ်။

လမ်းဘေး တုတ်ထိုးဆိုင်အသီးသီးမှာ လုပ်ရောင်းနေတဲ့ အချဉ်ရည်ငရုပ်ဆီအမျိုးမျိုးဟာ ကင်ဆာကုန်သည်ကြီးတွေဖြစ်ပါတယ်။ တစ်နေ့အဲ့ဆိုးကျိုးတွေ ခန္ဓာကိုယ်ကလီစာတွေထဲမှာ ရောဂါတစ်ခုမဟုတ်တစ်ခု လက်တွေ့ခံစားရမှာဧကန်မလွဲပေ ။

လမ်းဘေးအစားအစာ အကင် တုတ်ထိုး အသုတ်စုံ စတာတွေ ဖြစ်နိုင်ရင်လုံးဝမစားပဲ ရှောင်သင့်ပါသည်။

Credit: FDA (အစားအသောက်နဲ့ဆေးဝါးကွတ်ကဲရေးဦးစီးဌာန)

17/12/2022

Allergen management ပြောကြတဲ့အခါ အမှားတွေကို ဦးးစွာဖော်ပြခွင့်ပြုစေချင်ပါတယ်။

စပျစ်သီးအစိမ်းကထုတ်တဲ့ ဝိုင်ဖြူမှာ စပျစ်သီးနဲ့ ဓာတ်မတည့်သူများ သတိပြု စားသုံးရန်ဆိုတာရယ်

မြေပဲနဲ့ ထုတ်ထားတဲ့ မြေပဲယိုမှာ ဓာတ်မတည့်ပစ္စည်းမပါဝင်ပါဆိုတဲ့ ကြော်ငြာချက်တွေကိုဆိုလိုပါတယ်။

ဓာတ်မတည့်ခြင်း

ဓာတ်မတည့်ခြင်းဆိုသည်မှာ မိမိခန္ဓာကိုယ် ခုခံအားစနစ်မှ စားသည့်အစားအစားများကို တိုက်ထုတ်သည် Antibody ထုတ်လုပ်ပြီး ဓာတ်ပြုသည့်အခါဖြစ်လာသည့် ခန္ဓာကိုယ်တွင်ဖြစ်ပေါ်လာတတ်သည့် အဖုအဖိန့်များ ဖြစ်ပေါ်တတ်ခြင်းကိုခေါ်ပါသည်။

Allergen ဖြစ်သည့်အခါ ခန္ဓာကိုယ်မှထွက်သည့် Antibody မှာ Ig E ဖြစ်ပါသည်။ ၎င်း၏တုန့်ပြန်မှုဖြစ်လျှင် တစ်နာရီအတွင်း ဓာတ်မတည့်မှုဖြစ်တတ်ပါသည်။

ဓာတ်မတည့်ခြင်းသည် လူတိုင်းတွင် ဖြစ်ပေါ်ခြင်း
မဟုတ်သော်လည်း ဖြစ်သည့်အခါ အသက်ဆုံးရှုံးရသည်အထိ ဖြစ်တတ်ပါသည်။ ထို့ကြောင့် အစားအစာဘေးကင်းလုံခြုံရေးဆောင်ရွက်ကြသော အဖွဲ့အစည်းများမှ ကူးစည်ကူးသန်းမှုတွင် လွယ်ကူစွာ ဖော်ပြနိုင်စေရန်အလို့ ငှာ ဓာတ်မတည့် ပစ္စည်းများကို စုစည်းထားပါသည်။

EU Guideline အရ ဓာတ်မတည့်ပစ္စည်းကို ၁၄မျိုး သတ်မှတ်ပါသည်။ Codex တွင်လည်း ရှာဖွေဖတ်ရှုနိုင်ပါသည်။

၁ ဂလူတန်ပါသောအစားအစာများ
၂ ကြက်ဥ အပါအဝင်ဥအမျိုးမျိုး
၃ နှမ်း
၄ မြေပဲ
၅ အခွံမာ အသီးမှ အစေ့အဆန်များ ဥပမာ သစ်ကြားသီး ဗာဒန်စေ့ သီဟိုစေ့ အစရှိသည်
၆ နွားနို့
၇ ပင်လယ်ငါး
၈ အခွံပါ ပင်လယ်စာများ
၉ တရုတ်နံနံ
၁၀ မုန့်ညှင်းဆီ
၁၁ ပဲပုပ်
၁၂ ဆာလဖာဒိုင်အောက်ဆိုဒ်
၁၃ Lupin ခရမ်းရောင် အပွင့်ပန်း
၁၄ ခရု

တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စစ်တမ်းကောက်ယူထားသော ဓာတ်မတည့် ပစ္စည်းများ မရှိသည့်အတွက် မြန်မာနိုင်ငံမှာ
ထုတ်ပြန်ထားသော ဥပဒေအရ ဓာတ်မတည့်အညွှန်းဖော် ပြချက်တွင် အထက်ပါ ၁၄မျိုးကို ဖော်ပြရမည် ြဖစ်ပါသည်။

ဓာတ်မတည့်ပစ္စည်းများကို ကိုင်တွယ်ရာတွင် မည့်သို့ဆောင်ရွက်ရမည်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။

Dr. ThanDar Lwin (Food Biotechnology)
17.12.22

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Zayya Thu Kha Street
Yangon