Henry Maung

Henry Maung I wanna describe myself as an entrepreneur, teacher and business consultant.

15/10/2025

Start-up လား Scale-up လား

လုပ်ငန်းစတင်ချိန် နဲ့ လုပ်ငန်းချဲ့ထွင်ချိန် အာရုံစိုက်ရမယ့် အရာတွေ မတူပါဘူး။

စတင်ချိန်မှာ မီးထွန်းညှိနိုင်ဖို့ကြိုးစားရချိန် (Product Market Fit)၊ ချဲ့ထွင်ချိန်မှာတော့ မီးစွဲနေဖို့ လုပ်ကြရပါတယ် (systemization & Delegation)

စတင်ချိန်မှာတော့ မိမိ အားသာချက် strength ကိုမြင်အောင်ကြည့်ပြီး သေချာအသုံးချနိုင်ဖို့လိုသလို ချဲ့ထွင်ချိန်မှာတော့ အားနည်းချက် Weakness တွေကို ဖြည့်ဆည်းတတ်ဖို့လိုပါတယ်။

စတင်ချိန်မှာ စမ်းသပ်လုပ်ကိုင်တတ်ဖို့ experimentation များများလိုသလို ချဲ့ထွင်ချိန်မှာတော့ အများပါဝင်နိုင်အောင် လုပ်ကိုင်ဆောင်ရွက်မှုတွေ ရိုးရှင်းနိုင်သမျှရိုးရှင်းအောင် simplification ဆောင်ရွက်တတ်ဖို့လိုပါတယ်။

စတင်ချိန်မှာ army of one မဟုတ်ရင်တောင် နဲနဲနဲ့ကျဲကျဲဝိုင်းရတာဖြစ်လို့ generalist တွေ ပိုလိုအပ်သလို ချဲ့ထွင်ချိန်မှာတော့ အထူးပြုအသေးစိတ်မှုတွေပိုအာရုံစိုက်ဖို့ specialist တွေပိုလိုပ့လိမ့်မယ်။





Credit: ie

Credit: ie.edu

Inflation ကို First Principles Thinking နဲ့ ချဉ်းကပ်ကြည့်မယ်ဆိုရင်လူအတော်များများကတော့ ဒီလိုပဲ ထင်ကြတာပေါ့။"ငွေကြေးဖောင်...
11/10/2025

Inflation ကို First Principles Thinking နဲ့ ချဉ်းကပ်ကြည့်မယ်ဆိုရင်

လူအတော်များများကတော့ ဒီလိုပဲ ထင်ကြတာပေါ့။

"ငွေကြေးဖောင်းပွတယ်ဆိုတာ စျေးတွေတက်လာလို့ပဲ"
"အတိုးနှုန်းတွေ မြှင့်လိုက်ရင် ငွေကြေးဖောင်းပွတာကို ပြင်လို့ရတယ်"
"လောဘကြီးတဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် ဝယ်လိုအားတွေ များလာလို့ ငွေကြေးဖောင်းပွတာ ဖြစ်တယ်"

👉 ဒါပေမဲ့ တကယ်တော့ ဒါတွေဟာ အခြေခံအကြောင်းရင်းတွေ မဟုတ်ဘဲ၊ ထင်သာမြင်သာရှိတဲ့ လက္ခဏာတွေ သာ ဖြစ်ပါတယ်။

First Principles Thinking ပုံစံနဲ့ စဉ်းစားကြည့်မယ်ဆိုရင်

🔹 အခြေခံအမှန်တရား ၁ -

ငွေကြေးဖောင်းပွမှုဆိုတာ ငွေကြေးရဲ့တန်ဖိုး ကျဆင်းသွားတာကို ပြောတာပါ။ ပစ္စည်းတွေက ပိုတန်ဖိုးရှိလာတာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ ငွေက ဝယ်နိုင်စွမ်း နည်းသွားတာပါ။

🔹 အခြေခံအမှန်တရား ၂ -

ငွေကြေးဖြန့်ဖြူးမှုနဲ့ ထုတ်လုပ်မှုတို့ဟာ မျှတနေရပါမယ်။ ငွေပမာဏ စုစုပေါင်း (M) က ကုန်ပစ္စည်း/ဝန်ဆောင်မှု စုစုပေါင်း (Y)ထက် ပိုပြီး မြန်မြန်ဆန်ဆန် တိုးလာတဲ့အခါ၊ ငွေရဲ့ ယူနစ်တစ်ခုချင်းစီဟာ တန်ဖိုး ပိုနည်းသွားပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ ဝယ်လိုအားနှင့် ရောင်းလိုအား သဘောတရားပါပဲ။
ပစ္စည်းနည်းနည်းလေးကို ငွေအများကြီးနဲ့ လိုက်လံဝယ်ယူတဲ့အခါ → စျေးနှုန်းတွေ တက်လာတာပါပဲ။

🔹 အခြေခံအမှန်တရား ၃ -

ငွေကြေးအပေါ် ယုံကြည်မှုက အရေးကြီးပါတယ်။ လူတွေ ဒါမှမဟုတ် စျေးကွက်တွေက ငွေကြေးရဲ့ တည်ငြိမ်မှုအပေါ် ယုံကြည်မှု ပျက်သွားပြီဆိုရင်၊ အဲဒီငွေကို အမြန်ဆုံး သုံးပစ်ဖို့ ဒါမှမဟုတ် လဲလှယ်ပစ်ဖို့ ကြိုးစားကြပါတယ်။ ဒါက ငွေကြေးဖောင်းပွမှုကို ပိုပြီး အရှိန်မြှင့်စေပြီး၊ အချက်အလက်တွေက မပြသေးခင်မှာတောင် ဖြစ်လာနိုင်ပါတယ်။

ခြေခံမူများမှ ပြန်လည် တည်ဆောက်ကြည့်ခြင်း

အဲဒီ အခြေခံမူတွေကနေဆိုရင်၊ ငွေကြေးဖောင်းပွမှုကို အောက်ပါအတိုင်း ပုံစံပြောင်းပြီး နားလည်နိုင်ပါတယ်။

ရင်းမြစ်အကြောင်းရင်း(Root Cause):
အမှန်တကယ် ထုတ်လုပ်နိုင်စွမ်းထက် ငွေကြေးဖန်တီးမှု လွန်ကဲနေခြင်း

အဓိက ယန္တရား (Core Mechanism):
ငွေကြေးဖြန့်ဖြူးမှု မြင့်တက်လာခြင်း → ငွေရဲ့ ယူနစ်တန်ဖိုး ကျဆင်းသွားခြင်း

ပိုမိုဆိုးရွားစေသောအချက်များ (Amplifiers):
ကုန်စည်ထောက်ပံ့ရေး ပြတ်တောက်မှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ၊ သို့မဟုတ် အနာဂတ် ငွေကြေးဖောင်းပွမှုကို ကြိုတင်မျှော်လင့်ထားခြင်း

အမှန်တကယ် ဖြေရှင်းနည်း (True Fix):
ငွေကြေးတိုးတက်မှုနှင့် အမှန်တကယ် ထုတ်လုပ်မှုအကြား ဟန်ချက်ညီအောင် ပြန်လည်ထိန်းညှိခြင်း၊ ငွေကြေးအပေါ် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်း





Photo Credit

Founder တွေမှာ ရှိသင့်တဲ့ HR Brain ကိုယ့် ထုတ်ကုန်ကိုပဲ marketing လုပ်တာမဟုတ်ပဲ ကိုယ် လုပ်ငန်းခွင်က ဘယ်လို တိုးတက်ဖို့ အ...
10/10/2025

Founder တွေမှာ ရှိသင့်တဲ့ HR Brain

ကိုယ့် ထုတ်ကုန်ကိုပဲ marketing လုပ်တာမဟုတ်ပဲ ကိုယ် လုပ်ငန်းခွင်က ဘယ်လို တိုးတက်ဖို့ အခွင့်အလမ်းတွေရှိကြောင်း၊ ဘယ်လို ခံစားခွင့်တွေရှိတာ စသဖြင့် စွဲဆောင်တတ်ဖို့ လိုပါတယ်။ (Attract)

သင်ပေးလိုက်ရင် တော်သွားမှာ၊ ပိုမြင့်တဲ့ဆီ ပြောင်းသွားမှာကို စိုးရိမ်တာထက် ကိုယ့်လုပ်ငန်းမှာ အမှိုက်တွေ မပုံနေစေဖို့ ကိုယ့်ဝန်ထမ်းတွေကို စတင်ဝင်ရောက်စ Orientation က အစပြုလို့ ပုံစံမျိုးစုံနဲ့ လိုအပ်သလို ပျိုးထောင်ပေးဖို့ တတ်ဖို့လိုအပ်ပါတယ်။ (Develop)

ဝန်ထမ်းတွေ ကိုယ့်ဆီမှာမြဲနေဖို့ဆိုတာ စာချုပ်စာတမ်းနဲ့ Bond ထိုးခိုင်းပြီး ပိတ်လှောင်တာထက် Psychological Contract ဝန်ထမ်းတွေရဲ့ စိတ်ထဲ ကိုယ့်လုပ်ငန်းရှိနေစေဖို့ ဘယ်လိုလှုံ့ဆော်မှုတွေပြုမလဲဆိုတာ အရေးကြီးပါတယ်။ (Maintain)

ခွဲခွာဖို့လိုအပ်လာတဲ့ အခါ (အနားယူတာ၊ ထွက်တာ၊ ထုတ်တာ) HR တွေတွေးသလိုပဲ ထုတ်တယ်ဆိုတာ နောက်ဆုံးအဆင့်ပါ (ထုတ်တာထက် ကိုယ့်ဟာကိုယ် မနေနိုင်ပဲ ထွက်သွားဖို့ လုပ်တတ်ဖို့လည်း လိုသေးသကိုး 😁) စည်းစနစ်တကျ ထွက်ခွာခြင်းကို စီမံတတ်ရင် လုပ်ငန်းရဲ့ ဂုဏ်သတင်း၊ လုပ်ငန်းနဲ့ ဝန်ထမ်းကြားက relationship တွေဟာ ကောင်းမွန်စေပြီး ဒုတိယံပိ ပြန်လည်ဝင်ရောက်လုပ်ကိုင်တဲ့ ဝန်ထမ်းမျိုးတွေတောင် ရှိနိုင်ပါတယ်။ (Separate)



ဖောက်သည်တွေရဲ့ ငွေနဲ့ စီးပွားရေး တည်ဆောက်ခြင်း ဒီနေ့ခေတ် စီးပွားရေးလောကမှာ ရင်းနှီးမြှုပ်နှံသူတွေဆီက fund မယူဘဲ ကိုယ်ပို...
02/08/2025

ဖောက်သည်တွေရဲ့ ငွေနဲ့ စီးပွားရေး တည်ဆောက်ခြင်း

ဒီနေ့ခေတ် စီးပွားရေးလောကမှာ ရင်းနှီးမြှုပ်နှံသူတွေဆီက fund မယူဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို တည်ဆောက်ဖို့ စိတ်ဝင်စားနေသူတွေအတွက် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကို ဝေမျှပေးချင်ပါတယ်။

ဖောက်သည်များရဲ့ fund နဲ့ စီးပွားရေးလုပ်ငန်း တည်ဆောက်ခြင်း

(Customer-Funded Models) ဆိုတာက ကိုယ့်ရဲ့ဖောက်သည်တွေဆီကနေ ရရှိတဲ့ငွေကြေးကို အရင်းအနှီးအဖြစ်အသုံးပြုပြီး စီးပွားရေးကို ကြီးထွားအောင် လုပ်ဆောင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။

ဒီ Post မှာ စီးပွားရေးပုံစံ ၅ မျိုးအကြောင်းကို မျှဝေပေးသွားပါမယ်။

၁။ Matchmaker Models (ဖောက်သည်ကို ချိတ်ဆက်ပေးခြင်း)

- ကိုယ့်မှာ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှု မရှိဘဲနဲ့ ဝယ်သူနဲ့ရောင်းသူကို ချိတ်ဆက်ပေးပြီး လုပ်ငန်းတစ်ခု တည်ဆောက်နိုင်ပါတယ်။
- ဘယ်လိုလဲဆိုတော့... ဝယ်ချင်တဲ့သူနဲ့ ရောင်းချင်တဲ့သူကို ပေါင်းစည်းပေးပြီး ကြားခံကနေ ဝန်ဆောင်ခ ဒါမှမဟုတ် ကော်မရှင်လေးယူတဲ့ ပုံစံပါ။
- ဥပမာ- အွန်လိုင်းအိမ်ခြံမြေ ဝန်ဆောင်မှုတွေ၊ အွန်လိုင်းဈေးရောင်းဈေးဝယ် ပလက်ဖောင်းတွေ၊ အငှားယာဉ်ဝန်ဆောင်မှုတွေလိုမျိုး ဖြစ်ပါတယ်

၂။ Pay-In-Advance Models (ကြိုတင်ငွေပေးချေခြင်း)

- ဖောက်သည်တွေဆီကနေ ပစ္စည်းမရခင်၊ ဝန်ဆောင်မှုမစခင် ကြိုတင်ငွေ တောင်းခံတာမျိုးပါ။
- ဘယ်လိုလဲဆိုတော့... ကုန်ပစ္စည်းကို စထုတ်လုပ်တာ ဒါမှမဟုတ် ဝန်ဆောင်မှုကို စမပေးခင်မှာပဲ ဖောက်သည်ဆီကနေ ကြိုတင်ငွေအချို့ ဒါမှမဟုတ် အားလုံးကို ယူထားတာ ဖြစ်ပါတယ်။
- ဒါက ကိုယ့်လုပ်ငန်းအတွက် လည်ပတ်ဖို့ ရင်းနှီးငွေကို ချက်ချင်းရစေပြီး ပစ္စည်းထုတ်လုပ်မှု ဒါမှမဟုတ် ဝန်ဆောင်မှုအတွက် ယုံကြည်မှုလည်း ပိုရစေပါတယ်။

၃။ Subscription Models (လစဉ်ကြေးစနစ်)

- ဖောက်သည်တွေက ပုံမှန် ပေးချေမှုတစ်ခုနဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို အချိန်ကြာကြာ ရယူတဲ့ ပုံစံပါ။
- ဘယ်လိုလဲဆိုတော့... လစဉ်၊ သုံးလတစ်ကြိမ် ဒါမှမဟုတ် နှစ်စဉ်ကြေးပေးသွင်းပြီး အကျိုးခံစားခွင့်တွေရတဲ့ စနစ်ပါ။ ဒီပုံစံကနေ လုပ်ငန်းအတွက် ဝင်ငွေမှန်မှန်ရရှိပြီး အနာဂတ်အတွက် ဝင်ငွေခန့်မှန်းရ လွယ်ကူစေပါတယ်။
- ဥပမာ- နက်ဖလစ်၊ သတင်းစာ/မဂ္ဂဇင်း စာရင်းသွင်းမှုတွေ၊ သီချင်းနားထောင်တဲ့ App တွေလိုမျိုးပေါ့

၄။ Scarcity Models (ရှားပါးမှုဖန်တီးခြင်း)

- ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုအချို့ကို အရေအတွက် ကန့်သတ်ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်းသာ ရောင်းချတဲ့ပုံစံပါ။
- ဘယ်လိုလဲဆိုတော့... "အခုမှဝယ်ရမယ့်ပစ္စည်း" လိုမျိုး ခံစားချက်ကို ဖန်တီးပေးတာဖြစ်ပြီး ဖောက်သည်တွေကို ချက်ချင်းဝယ်ဖို့ တွန်းအားပေးပါတယ်။
- ဥပမာ- အထူးထုတ်ထုတ်ကုန်တွေ၊ ကန့်သတ်ထားတဲ့ လျှော့စျေးပရိုမိုးရှင်းတွေလိုမျိုး ဖြစ်ပါတယ်။ ဒီနည်းက အချိန်တိုအတွင်း ငွေလည်ပတ်မှုကောင်းစေပြီး စတော့ကိုလည်း အမြန်ဆုံးရှင်းလင်းနိုင်ပါတယ်

၅။ Service-to-Product Models (ဝန်ဆောင်မှုမှ ထုတ်ကုန်သို့)

- ပုဂ္ဂိုလ်ရေးအရ ဝန်ဆောင်မှုပေးနေတဲ့အရာကို စံသတ်မှတ်ထားတဲ့ ထုတ်ကုန်အဖြစ် ပြောင်းလဲလိုက်တဲ့ ပုံစံပါ။
- ဘယ်လိုလဲဆိုတော့... ဥပမာ- သင်တန်းသင်ကြားမှု (Service) ပေးနေရာကနေ စာအုပ်ထုတ်ခြင်း (Product) ကို ပြောင်းလဲလိုက်တာမျိုးပါ။
- ဒီနည်းလမ်းက လုပ်ငန်းကို ပိုမိုကျယ်ပြန့်အောင် တိုးချဲ့နိုင်ပြီး ဖောက်သည်အများအပြားကို တစ်ပြိုင်နက်တည်း ဝန်ဆောင်မှုပေးနိုင်ပါတယ်။

ဒီပုံစံတွေနဲ့ ကိုက်ညီတဲ့ သင်သိထားတဲ့ တခြားစီးပွားရေးလုပ်ငန်း ဥပမာတွေ ရှိရင် မျှဝေပေးပါဦး။

Ref: https://blog.growthinstitute.com





Founder တွေ BATTLE ဆိုင်မယ်မြန်မာနိုင်ငံမှာ လုပ်ငန်းတစ်ခုကို လည်ပတ်ရတာဟာ စီးပွားရေးလုပ်ရုံတင်မဟုတ်ဘူး — ရှင်သန်ရပ်တည်ရေး...
30/07/2025

Founder တွေ BATTLE ဆိုင်မယ်

မြန်မာနိုင်ငံမှာ လုပ်ငန်းတစ်ခုကို လည်ပတ်ရတာဟာ စီးပွားရေးလုပ်ရုံတင်မဟုတ်ဘူး — ရှင်သန်ရပ်တည်ရေး၊ နည်းဗျူဟာနဲ့ စိတ်ဓာတ်တို့ရဲ့ စစ်ပွဲပါ။ ဒီမှာရှိတဲ့ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းတည်ဆောက်နေရုံတင်မက၊ နေ့စဉ် တိုက်ပွဲတွေကို ရင်ဆိုင်နေရပါတယ်။ ဒီထဲက အဓိက တိုက်ပွဲ (၅)ခုကို မျှဝေပေးပါမယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တာက ရပ်တည်မှု၊ စွန့်စားမှု၊ စဉ်းစားမှု တို့နဲ့ ပြည့်နှက်နေတဲ့ စစ်ပွဲကြီးတစ်ခုလိုပဲ ဖြစ်ပါတယ်။
ဒီအောက်က တိုက်ပွဲ ၅ ခုကတော့ မြန်မာ Founder တိုင်း ရင်ဆိုင်နေရတဲ့ မျှော်မှန်း ထိန်းချုပ်ရ ခက်တဲ့ တိုက်ပွဲတွေပါ။






Strategy ဘာသာစကား1️⃣ Blue Ocean Strategy❌ ပြိုင်ပွဲများတဲ့ ဈေးကွက် (Red Ocean) မှာ မယှဉ်ပါနဲ့။�✅ ဈေးကွက်အသစ် (Blue Ocean...
02/07/2025

Strategy ဘာသာစကား

1️⃣ Blue Ocean Strategy
❌ ပြိုင်ပွဲများတဲ့ ဈေးကွက် (Red Ocean) မှာ မယှဉ်ပါနဲ့။�
✅ ဈေးကွက်အသစ် (Blue Ocean) ဖန်တီးပြီး တစ်ဦးတည်းစီးပွါးရှာပါ။�ဥပမာ → Cirque du Soleil (Circus + Theatre အသစ်ဖန်တီး)

2️⃣ Disruptive Innovation
📉 ဈေးနည်းပြီး ရိုးရှင်းတဲ့ ပစ္စည်းနဲ့ စထိုးပါ။ အချိန်နဲ့အမျှ တိုးတက်အောင်လုပ်ပါ။�
ဥပမာ → Netflix (ဗီဒီယိုငှားတာကို Online ပြောင်းခဲ့တယ်)

3️⃣ Core Competency Theory
🔑 သင့်ကုမ္ပဏီရဲ့ အားသာချက် (အခြားသူမလုပ်နိုင်တာ) ကို အခြေခံပြီး ဗျူဟာချပါ။�
ဥပမာ → Honda (အင်ဂျင်နည်းပညာမှာ ထိပ်တန်းရောက်တယ်)

4️⃣ Value Innovation
💡 စျေးနှုန်းလျှော့ + အရည်အသွေးမြှင့် → ဖောက်သည်တွေ ပိုကျေနပ်မယ်။�
ဥပမာ → IKEA (အဆင့်မြင့်ဒီဇိုင်း + Self-Service နဲ့ စျေးချပေးတယ်)

5️⃣ The Experience Economy
🌟 ပစ္စည်းရောင်းတာထက် "အတွေ့အကြုံ" ရောင်းပါ။�
ဥပမာ → Starbucks (ကော်ဖီဆိုင်မဟုတ်၊ တတိယနေရာ "Third Place" အဖြစ် ဖန်တီး)

6️⃣ The Innovator’s Dilemma
⚠️ အောင်မြင်နေတုန်း ပြောင်းလဲဖို့ မကြောက်ပါနဲ့!�
ဥပမာ → Kodak (Digital Camera ကို လျစ်လျူရှုလို့ ကျရှုံး)

7️⃣ Strategic Intent
🎯 အရင်းအမြစ်နည်းပေမယ့် ရည်မှန်းချက်ကြီးပါ!
�ဥပမာ → Canon (Xerox ကို ယှဉ်ပြိုင်ဖို့ စွမ်းအားကောင်းတဲ့ ကင်မရာတွေထုတ်)

8️⃣ First-Mover vs. Fast-Follower
🚀 ပထမဆုံးဖြစ်ဖို့ မလိုပါ!
* First-Mover: Brand Power ရှိတယ် (ဥပမာ → Apple)
* Fast-Follower: သူများအမှားကနေ သင်ယူပြီး ပိုကောင်းအောင်လုပ် (ဥပမာ → Samsung)

9️⃣Long Tail Strategy
🛒 Niche ဈေးကွက်တွေကို စုပြီး ရောင်းပါ!�
ဥပမာ → Amazon (အသေးစား စာအုပ်တွေကနေ ကြီးမားတဲ့ ရောင်းအားရတယ်)

ဒီထဲက တစ်ခု (သို့) ပေါင်းစပ်မှု ကို စမ်းကြည့်ပါ။ အချိန်တိုအတွင်း ရလဒ်ကွာခြားသွားနိုင်ပါတယ်။





13/06/2025

တူတာ မရောင်းနဲ့





12/06/2025

မိမိတစ်ဦ်းတည်း တောက်ပနေလိုက်ပါ။





08/06/2025

အခုရှုပ်မှ နောင်ရှင်း Partnership





07/06/2025

Results ထက် Actions ကိုသာပိုထိန်းချုပ်





06/06/2025

ဝင်ငွေ နဲ့ အမြတ် တူသလား ?




04/06/2025

မတူတာ သွားမတုနဲ့ ။




Address

Lead Academy, No. 256, Pinlon Road, 30 Quarter, North Dagon Township
Yangon
11421

Telephone

+959779991815

Website

Alerts

Be the first to know and let us send you an email when Henry Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category