02/08/2023
သင်ရိုးသစ်တွေဘယ်လိုပြောင်းပြောင်းMyanmar schoolတွေရဲ့အားနည်းချက်ကြီးက Academic curriculum ကို တအားအသားပေးတာကြောင့် သင်ရိုးသစ်generationsဟာလည်း ဘယ်နည်းနဲ့မှ Citizenshipsကိုရောက်ဖို့မဖြစ်နိုင်ဘူး။မြန်မာ့ဓလေ့သင်ကြားနည်းစနစ်(Traditional Teaching Method) ဟာလည်းဘုန်းကြီးကျောင်းပညာရေးစနစ်ရဲ့ လက်စွဲတော်သင်ပုန်းကြီးနည်း (တစ်နည်း) ဆရာကဟောပြောပို့ချခြင်းနည်းထဲကကိုမထွက်နိုင်ဘူးဖြစ်လို့နေတယ်။Test and Measurements မှာဆိုရင်လည်း ပြဋ္ဌာန်းစာအုပ်ဘောင်ထဲကကိုမလွန်ဆန်နိုင်ဘဲ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ နဲ့ ချလပတ်လည်။ဘယ်အချိန်မှာသိသာသလဲဆိုရင် တက္ကသိုလ်၀င်အမှတ်ခြစ်တဲ့အခါကျရင် တအားစကားပြောရတာ။သင်ရိုးစာအုပ်ထဲကအတိုင်း သည်၏မရွေးတိုက်စစ်တာပဲ။ကလေးတွေအတွက် Brain stroming ,Creative Thinking ကို သူတို့အမှတ်ပေးစနစ်မှာလက်မခံထားဘူး။ဘယ်ထောက်ထိဆိုးသလဲဆိုရင်-
အိုင်ချင်းဆိုရင်မှာအဘယ်နည်း။
-အိုင်ချင်းဆိုသည်မှာ အသံအိုင်အိုင်အသံမြိုင်မြိုင်ဖြင့်အများဝိုင်းဖွဲ့ကာသီဆိုသောတေးကဗျာ တစ်မျိုး။ ...ဆိုတဲ့ Definition မှာ တစ်ကြောင်းလုံးမှန်ပြီး"တစ်" မပါလို့အမှတ်မပေးရဘူးတဲ့။မြန်မာစာအပုဒ်ရှည်မှာဆိုလည်း
ပေးမှတ်က (၁၀)မှတ်ဖြစ်ပေမယ့်ဘယ်လောက်တော်တော် (၇၊၈)မှတ်ထက် ပိုပေးလို့ခွင့်မရှိဘူး။
အဲ့တာဆိုဘာလို့ ပေးမှတ်ကို(၁၀)မှတ်criteriaသတ်မှတ်ထားသလဲပေါ့။
သေချာတာကတော့ကလေးရဲ့ Age levelအရ သူတို့ရဲ့ဖန်တီးနိုင်မှုစွမ်းရည်ကို ပါမောက္ခတစ်ဦးရဲ့စံနှုန်းနဲ့တိုင်းတာလိုက်လို့ ကလေးရဲ့အမှတ်ဟာ သူ့ရပိုင်ခွင့်ကိုမဖြေခင်ကတည်းက အလိုလိုဆုံးရှူံးပြီးသားဖြစ်လို့နေတယ်လို့ဆိုရပါမယ်။
ဒီလိုနဲ့ သင်ရိုးကလည်း သစ်ရာကဟောင်း၊ဟောင်းရာကနေသစ် ခေတ်စနစ်တွေသာပြောင်းလဲသွားပေမယ့် မြန်မာ့ကျောင်းသားတွေဟာ-
1..Creative Thinkingမရှိလာဘူး။
2..Team Workနဲ့အလုပ်မလုပ်တတ်ဘူး။
3..သင်ရိုးဘောင်ကနေ အပြင်ဘက်ကိုမတွေးနိုင်ကြဘူး။
4.. Research မလုပ်တတ်ဘူး။
5.. Presentation Skillဆိုတာဝေး။
6..နောက်ဆုံး Application လို့မေးရင် Text ထဲကစာကို Answer
paperပေါ် အလွတ်ကျက်ပြန်ကူးနိုင်တာပါပဲ။
ဒီတော့ကာနိုင်ငံခြားသားတစ်ဦးပြောတဲ့ Speechတစ်ပုဒ်နားထောင်ဖူးတာကိုသတိရမိတယ်။
"မြန်မာလူမျိုးတွေဟာ အင်မတန်စာကျက်အားကောင်းကြတယ်တဲ့။သူတို့ကိုအင်မတန်ချီးကျူးတယ်။လေ့လာကျက်မှတ်သလောက်သာResearchလုပ်ရင် မြန်မာကျောင်းသားတွေကို ကမ္ဘာမှာဘယ်သူမှမယှဉ်နိုင်ဘူး။တဲ့။"