မြန်မာနိုင်ငံဟာ သမိုင်းစာအုပ်တွေထဲမှာကျန်ခဲ့တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာလိမ့်မယ်...။
Kindly credit to original vdo
Forward Education
မဂၤလာပါ။
Forward Education Services မွႀကိဳဆိုပါတယ္။
01/10/2023
ဥယျာဥ်မှူး 👨🌾📚👩🌾
Ctto
08/05/2023
မြန်မာနိင်ငံသည် အာရှတိုက်၏ အရှေ့တောင်ဖက် ဒေသတွင် တည်ရှိသည်။ ဧရိယာ စတုရန်းမိုင် (၂၆၁၂၂၈) ကျယ်ဝန်းပြီးအရှေ့တောင် အာရှဒေသတွင် ၊ ဒုတိယဧရိယာ အကြီးဆုံး နှင့် ၊ ကမ္ဘာပေါ်ရှိနိင်ငံများထဲတွင် ဧရိယာ အကျယ်ဆုံး အဆင့် ၄၀ - မြောက် နိင်ငံဖြစ်သည်။
မြန်မာနိင်ငံ၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်ကြားတွင် တည်ရှိသည်။
နိင်ငံဧရိယာ၏ ၉၆.၉၄% မှာ ကုန်းမြေများဖြစ်ပြီး ၊ မြစ်ချောင်း အင်းအိုင် ထဲမှ ရေပြင်ဧရိယာ များမှာ နိင်ငံဧရိယာ၏ ၃.၀၆% သာ ရှိသည်။
နယ်နမိတ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ နှင့် အိမ်နီးချင်းနိင်ငံများ ထိစပ်နေသည့် နယ်နမိတ် ကုန်းမြေများမှ အရှည်မိုင် ၄၀၅၃ - မိုင် အထိရှိသည်။
ထို အထဲတွင် ဘင်္ဂလားဒေရှ် နိင်ငံ နှင့် ၁၆၈ -မိုင်၊ အိန္ဒိယ နိင်ငံ နှင့် ၉၁၂ - မိုင် ၊ တရုတ်နိင်ငံ နှင့် ၁၃၂၃ -မိုင် ၊ လာအိုနိင်ငံ နှင့် ၁၄၈ - မိုင် ၊ ထိုင်းနိင်ငံ နှင့် ၁၅၀၁ - မိုင် တည်ရှိသည်။
ကမ်းရိုးတမ်း အရှည်မိုင် ၁၂၀၀ ရှိပြီး အိန္ဒိယ သမုဒ္ဒရာ၏ ဆက်စပ်ပင်လယ်များဖြစ်သည့် ဘင်္ဂလားပင်လယ် ၊ ကပ္ပလီပင်လယ် (Adaman sea ) တို့သည် မြန်မာနိင်ငံ၏ ဆက်စပ်ပင်လယ်များ ဖြစ်သည်။
တောင်တန်းများ.
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ၏ အလယ်ပိုင်းဒေသ အများစု သည် မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး ၊ ထိုမြေပြန့်လွင်ပြင် များကို
တောင်တန်းများမှ ကာဆီးထားသည်။
အနောက်ဖက် ရခိုင်ရိုးမတောင်တန်း
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ အနောက်ဖက်ရှိ ရခိုင်ရိုးမ တောင်တန်းသည်အိန္ဒိယနိင်ငံ မဏိပူရ ပြည်နယ်မှ စတင်ကာ ၊ မော်တင်စွန်း အငူနားအထိ တည်ရှိသည် ။
ရခိုင်ရိုးမ ထဲတွင် ရခိုင်ရိုးမတောင်တန်း နှင့်အတူ နာဂ တောင်တန်းများ ၊ ချင်းတောင်တန်းများလဲ ပါဝင်သည် ။
မြောက်ဖက်ရှိ တောင်တန်းများ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံမြောက်ဖက် ကချင်ပြည်နယ်တွင် မြန်မာနိင်ငံ၏ အမြင့်မားဆုံး တောင်တန်းများ တည်ရှိသည် ။
ဟိမ၀န္တာတောင်တန်း၏ ဆက်စပ်တောင်တန်းများ ၊ Kumon range ( ကချင်တောင်တန်း ) နှင့် တရုတ်နိင်ငံ တိဘက်ကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့် Hengduan တောင်တန်းများသည် ကချင်ပြည်နယ်ထဲတွင်တည်ရှိသည်။
အလယ်ပိုင်းရှိ တောင်တန်း
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံအလယ်ပိုင်း ချင်းတွင်းမြစ်ဝှမ်း နှင့် စစ်တောင်းမြစ်ဝှမ်း ဒေသများတွင် ဇီးဖြူတောင်တန်း ၊ မင်းဝံတောင်တန်း ၊ မှန်ကင်းတောင်တန်း နှင့် ဂန့်ဂေါတောင်တန်း စသည့် တောင်တန်းငယ်များ တည်ရှိသည်။
မြန်မာနိင်ငံ အလယ်ပိုင်းရှိ ပဲခူးရိုးမတောင်တန်းသည် ဧရာဝတီမြစ် နှင့် စစ်တောင်းမြစ်ကြားရှိ တောင်တန်းနိမ့်ဖြစ်ကာ မြောက်မှ တောင်သို့မိုင် ၂၀၀ - ကျော် ရှည်လျှားသည်။
ပုပွားတောင်သည် ပဲခူးရိုးမတောင်တန်း၏ မြောက်ဖက် အစွန်ဆုံးဒေသမှ တောင်ထွတ်ဖြစ်ပြီး တောင်ဘက် အစွန်ဆုံးသည် ရန်ကုန်မြို့မြောက်ဖက်အနီးထိ တည်ရှိကာ ရန်ကုန်မြို့တွင် တောင်ပူစာကလေးများအဖြစ် ဖြာဆင်းလာခဲ့သည်။
အရှေ့ဖက်ရှိ ရှမ်းကုန်းမြေမြင့်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံအရှေ့ဖက်တွင် ရှမ်းကုန်းမြေမြင့်တည်ရှိသည်။ ရှမ်းကုန်းမြေမြင့် ဒေသတွင် တရုတ် ယူနန်ဒေသ ၊ မြန်မာနိင်ငံ အရှေ့ဖျားဒေသ နှင့် ထိုင်းနိင်ငံ အနောက်မြောက်ဒေသများ ပါဝင်သည်။
ရှမ်းကုန်းမြေမြင့်သည် ပင်လယ်ရေ မျက်နှာပြင်မှ အမြင့်ပေ ၃၀၀၀ မှ ၄၀၀၀ အတွင်း တည်ရှိသည်။
ရှမ်းကုန်းမြေမြင့်ဒေသတွင် တောင်တန်း ၊ တောင်စွယ်များစွာ နှင့် ကျဉ်းမြောင်းသည့် တောင်ကြား Valleys ဒေသများစွာ တည်ရှိသည်။
ဧရာဝတီ ၊ စစ်တောင်း ၊ သံလွင် နှင့် Chao Phraya မြစ်များ၏ မြစ်သွယ် ၊ မြစ်လက်တက်များသည် ရှမ်းကုန်းမြေမြင့် အား ဖြတ်ကျော်စီးဆင်းသွားကြသဖြင့် နေရာအနှံ့တွင် တောင်ကြား ဒေသများကို တွေ့ရှိနိင်သည် ။
တောင်ဖက်ရှိ တောင်တန်းများ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံတောင်ဖက်ဒေသများတွင် ရှမ်းကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့် ကရင်တောင်တန်း ၊ ဒေါနတောင်တန်း နှင့် တနင်္သာရီ တောင်တန်းများတည်ရှိသည် ။
#ထင်ရှားသည့် တောင်ထိပ်များ
⛰⛰⛰⛰⛰⛰⛰⛰⛰⛰
ခါကာဘိုရာဇီ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မြန်မာနိင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည် ။ ပေပေါင်း (၁၉၂၉၆) - ပေ ရှိပြီး မြန်မာနိင်ငံမြောက်ဖက် ဟိမ၀န္တာတောင်တန်း၏ ဆက်စပ်တောင်တန်းပေါ်တွင် တည်ရှိသည် ။
ဂန်လန်ရာဇီ
᪥᪥᪥᪥᪥᪥
ဒုတိယ အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ (၁၉၂၆၀) ရှိကာ မြန်မာနိင်ငံမြောက်ဖက် ဟိမ၀န္တာတောင်တန်း၏ ဆက်စပ် တောင်တန်းပေါ်တွင် တည်ရှိသည်။
စာရာမေတိတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့် (၁၂၅၅၂) - ပေ ရှိပြီး နာဂ တောင်တန်းပေါ်တွင် တည်ရှိသည် ။
နတ်မတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၁၀၀၇၀) ရှိပြီး ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးတွင်တည်ရှိသည်။ ထိုတောင်အား တချိန်က ဝိတိုရိယတောင်ဟုခေါ်သည် ။
နတ်တောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၈၆၀၆) ရှိပြီး ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တည်ရှိသည် ။
မယ်လတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၆၈၂၀) ရှိပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင်တည်ရှိသည် ။
မြင့်မိုလက်ခတ်တောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ (၆၇၉၈) ရှိပြီး တနင်္သာရီ တောင်တန်းပေါ်တွင် တည်ရှိသည် ။
ပုပွါးတောင်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
အမြင့်ပေ ၄၉၈၀ ရှိပြီး မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တည်ရှိသည်။ ထိုတောင်သည် ပဲခူးရိုးမ၏ မြောက်ဖက်အစွန်းတွင်သီးခြားထိုးထွက်နေသည့် မီးတောင်ဟောင်း ဖြစ်သည် ။
#မြစ်များ
ဧရာဝတီမြစ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
ဧရာဝတီမြစ်သည် (၁၃၇၃) မိုင်ရှည်လျှားပြီး မြန်မာနိင်ငံ၏ အဓိကမြစ်ကြီးတစင်းဖြစ်ပြီး ၊ မြန်မာနိင်ငံမြောက်ဖက်မှ စတင်စီးဆင်းကာ ၊ အလယ်ပိုင်း ဒေသကိုဖြတ်ကျော်ပြီး မုတ္တမ ပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။
ချင်းတွင်းမြစ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
ချင်းတွင်းမြစ်သည် အရှည်မိုင် (၇၅၀) အထိရှိပြီး မြန်မာနိင်ငံမြောက်ပိုင်း ဟူးကောင်းတောင်တန်း ပေါ်တွင် မြစ်ဖျားခံကာ ၊ ဟူးကောင်းတောင်ကြားကို ဖြတ်ကျော်ပြီး မြန်မာနိင်ငံ အလယ်ပိုင်း မြင်းခြံမြို့ အနီးတွင် ဧရာဝတီမြစ်နှင့် လာရောက် ပေါင်းဆုံသည့် အကြီးဆုံးမြစ်လက်တက် ဖြစ်သည် ။
မူးမြစ် ၊ မြစ်ငယ်မြစ်
᪥᪥᪥᪥᪥᪥᪥᪥᪥᪥
မူးမြစ် ၊ မြစ်ငယ်မြစ်များသည် ဧရာဝတီမြစ်နှင့် လာဆုံသည့် မြန်မာနိင်ငံ အလယ်ပိုင်းဒေသမှ မြစ်ငယ် များ ဖြစ်ကြသည်။
သံလွင်မြစ်
᪥᪥᪥᪥᪥᪥
သံလွင်မြစ်သည် တရုတ်နိင်ငံ တိဖက်ကုန်းမြေမြင့်မှ မြစ်ဖြားခံကာ ရှမ်းကုန်းမြေမြင့် ဒေသကို ဖြတ်ကျော်ပြီး မုတ္တမပင်လယ်ကွေ့ သို့ စီးဝင်သည်။
မဲခေါင်မြစ်
᪥᪥᪥᪥᪥᪥
မဲခေါင်မြစ်သည် မြန်မာနိင်ငံနှင့် လာအိုနိင်ငံအကြား နယ်နမိတ်အဖြစ် တည်ရှိသည်။
စစ်တောင်းမြစ်
᪥᪥᪥᪥᪥᪥᪥᪥
စစ်တောင်းမြစ်သည် အရှည် (၂၆၁) မိုင်ရှိပြီး ရှမ်းကုန်းမြေမြင့်တော်ဖက် အစွန်ဒေသမှ မြစ်ဖျားခံကာပဲခူးတိုင်းကိုဖြတ်ကျော်ပြီး မုတ္တမ ပင်လယ် ကွေ့ထဲသို့စီးဝင်သည်။
တောင်ဖက်ဒေသရှိမြစ်များ
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
ရေးမြစ် ၊ Heinze မြစ် ၊ ထားဝယ်မြစ် ၊ တနင်္သာရီမြစ် နှင့် လေညာမြစ်များသည် မြန်မာနိင်ငံ၏ တောင်ဖက်ပိုင်းတွင် တည်ရှိပြီး တောင်တန်းများမှ မြစ်ဖျားခံကာ ကပ္ပလီပင်လယ်ထဲသို့ စီးဝင်သည်။
Kraburi မြစ်သည် ထိုင်း နှင့် မြန်မာနိင်ငံအကြား နယ်နမိတ်အဖြစ်စတင်စီးဆင်းသည်။
#ရေအိုင်များ
အင်းတော်ကြီးအိုင်
᪥᪥᪥᪥᪥᪥᪥᪥
အင်းတော်ကြီး ရေအိုင်သည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာ စတုရန်းမိုင် (၃၁၄ .၆၇) အထိ ကျယ်ဝန်းကာ မြန်မာနိင်ငံရှိ အကြီးဆုံးရေကန်ဖြစ်သည်။
အင်းလေးကန်
᪥᪥᪥᪥᪥᪥᪥᪥
အင်းလေးကန်သည် ရှမ်းကုန်းမြေမြင့်ဒေသတွင်တည်ရှိသည့် မြန်မာနိင်ငံ၏ ထင်ရှားသည့် ရေကန်တခုဖြစ်သည်။ ဤရေကန်သည် တဖြည်းဖြည်းတိမ်ကောလာနေသည့် ရေကန်ဟု မှတ်တမ်းများမှဆိုသည်။
#ကျွန်းများ
ရမ်းဗြဲကျွန်း
🏝🏝🏝🏝🏝
ရမ်းဗြဲကျွန်းသည် မြန်မာနိင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သည်။ ရခိုင်ကမ်းရိုးတမ်း၏ အလယ်ခန့်တွင် တည်ရှိကာ အရှည် မိုင် (၅၀) ၊ အနံ မိုင် (၂၀) ခန့်ရှိကာ ဧရိယာစတုရန်းမိုင် (၅၂၀)ခန့် ကျယ်ဝန်းသည်။
ကျောက်ဖြူမြို့ ၊ ရမ်းဗြဲမြို့ ၊ စနဲ့မြို့များသည် ထိုကျွန်းပေါ်တွင်တည်ရှိသည်။
မာန်အောင်ကျွန်း
🏝🏝🏝🏝🏝
မာန်အောင်ကျွန်းသည် ရမ်းဗြဲကျွန်းနှင့် ၆.၂ မိုင်ခန့်သာ ကွာဝေးပြီး နီးကပ်စွာတည်ရှိသည့် ရခိုင်ကမ်းရိုးတမ်းဒေသမှ ထင်ရှားသည့် ကျွန်းတကျွန်းဖြစ်သည်။
မာန်အောင်ကျွန်းသည် စတုရန်းမိုင် ၂၅၀ - ခန့်သာ ကျယ်ဝန်းကာ အနောက်မြောက် မှ အရှေ့တောင် ဖက်သို့ အရှည် ၁၇ -မိုင် ခန့် သွယ်တန်းနေသည် ။ မာန်အောင်မြို့သည် မာန်အောင်ကျွန်းပေါ်တွင်တည်ရှိသည် ။
ကိုကိုးကျွန်းစု
🏝🏝🏝🏝🏝
ကိုကိုးကျွန်းစုသည် ကျွန်းငယ်ပေါင်း ၁၂ - ကျွန်းရှိပြီး ဘင်္ဂလားပင်လယ် နှင့် ကပ္ပလီပင်လယ်အကြားတည်ရှိသည့် မြန်မာအပိုင် ကျွန်းအစုအဝေးဖြစ်သည် ။
ကိုကိုးကျွန်းသည် ရန်ကုန်မြို့မှ မိုင် ၂၂၀ ခန့် အကွာတွင် တည်ရှိပြီး ၊ ရန်ကုန်တိုင်း၏ မြို့နယ် တခုဖြစ်သည် ။
မြိတ်ကျွန်းစု
🏝🏝🏝🏝🏝
မြိတ်ကျွန်းစုသည် တနင်္သာရီတိုင်းဒေသကြီးတွင်ပါဝင်ကာ မြန်မာနိင်ငံ၏တောင်ဖက် ဘင်္ဂလားပင်လယ်ထဲမှ ကျွန်းအစုအဝေးဖြစ်သည် ။
အရွယ်အစား အမျိုးမျိုးရှိသည့် ကျွန်းငယ်ပေါင်း ၈၀၀ - ကျော်ရှိပြီး ထိုအထဲတွင် ကတန်းကျွန်းမှာ အကြီးဆုံးဖြစ်သည်။
credit:
08/05/2023
#မြန်မာအက္ခရာ
သုမောင်ရဲ့By the way ဆိုတဲ့ စာအုပ်ထဲမှာပါတယ်
သူ့ကို နိုင်ငံခြားသားတစ်ယောက်က မေးတာ
"ခင်ဗျားတို့မြန်မာစာက
အဝိုင်းလေးတွေချည်းပဲနော် ''တဲ့
သုမောင်တောင် အံ့သြသွားတယ်။
သူလည်း သတိမထားမိတဲ့အရာမလို့တဲ့
ဘာလို့မြန်မာအက္ခရာတွေ ဝိုင်းနေပါသလဲသိချင်ရင်
ဆက်ဖတ်ကြည့်လိုက်ပါ ။
မြန်မာဗျည်း(၃၃)လုံး ဆိုတာ
ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ ။
သေချာဖတ်ကြည့်ပါ
ဗဟုသုတ အလွန်ရပါတယ်။
✿▬❧▬✿▬❧▬✿▬❧▬✿
မြန်မာဗျည်း( ၃၃-လုံး) ဖြစ်ပေါ်လာပုံအကြောင်း
ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။
မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ
BC- 500 လောက်ကနေ
700 -ကျော်အထိ ထွန်းကားခဲ့တဲ့
ဗြာဟ္မီ (Brahmi) အက္ခရာက
ဆင်းသက်လာကြောင်း
ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ
အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို
သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာရာမှ
ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊
ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။
အဲဒီ အက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး
အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။
မြန်မာတွေက အဲဒီအက္ခရာတွေကို
မြန်မာစကားသံတွေနဲ့ အံ၀င်ခွင်ကျဖြစ်အောင်
လိုအပ်သလို မွမ်းမံအသုံးပြုရာက
မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့
ယူဆကြပါတယ်။
မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော
ပါ၀င်ပါတယ်။
ဗျည်းတွေကို အမည်ပေးပုံက
စိတ်၀င်စားစရာ ကောင်းပါတယ်။
ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-
ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့
စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို
ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့မှ
ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။
ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့
ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း
ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။
အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊
ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ
ထွင်းတယ်၊ မဝိုင်းသေးဘူး။
၀-၀ကလေး ဝိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင်
အဆင်မပြေဘူး။
ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။
အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။
အဲဒီလိုအဝိုင်းရေးတဲ့ခေတ်ရောက်မှ
ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး
အမည်ပေးတာပါ။
ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက
ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ
က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။
ဗျည်းတွေကိုအမည်ပေးရာမှာ
ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊
ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။
ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့
အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။
အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့
ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့
အတွဲတွေ ရှိတယ်မဟုတ်လား။
ဒါကြောင့် အကြီးအငယ်ခွဲပြီး
အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့
အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ
ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။
ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက
ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့
ခေါ်တယ်လို့လည်း ယူဆကြတယ်။
၃၃-လုံးမှာ အကြီးဆုံးပေါ့။
ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့
ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။
ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။
ခွေခွေကလေးနေလို့ ခ-ခွေး၊
လုံးလုံးကလေး နေလို့ စ-လုံး၊
လိမ်ခွေနေလို့ ဆ-လိမ်၊
အောက်ကွဲနေလို့ ဇ-ကွဲ၊
ဘေးကမျဉ်းဆွဲထားလို့ စျ-မျဉ်းဆွဲ၊
ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊
၀မ်းပူနေလို့ တ-၀မ်းပူ၊
အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊
အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊
မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊
အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊
ကုန်းနေလို့ ဘ-ကုန်း၊
ပက်လက်လန်နေလို့ ယ-ပက်လက်၊
အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး
ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။
အက္ခရာတချို့ရဲ့ အမည်တွေက
ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ
ပုံသဏ္ဍာန်တူတဲ့ အရာ၀တ္ထုတွေနဲ့
ခိုင်းနှိုင်းအမည်ပေးတာ ဖြစ်ပါတယ်။
ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့
ထမ်းစင်မှာပါတဲ့ ချိတ်လေးကို
ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊
၀မ်းဘဲနဲ့တူလို့ ဌ-၀မ်းဘဲ၊
ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊
ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့
ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူး
လို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။
င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ
တွေ့ရပါတယ်။
ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့်
အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊
ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။
ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့
ခွဲခြား ခေါ်ပါတယ်။
မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။
ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ
သုံးတယ်။
သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ
သုံးသလိုပေါ့။
ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့
မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။
ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။
ဉ ပဲသုံးတယ်။
ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။
ရှေ့က ညကို အသတ်အသံထွက်ရတယ်။
/ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။
ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။
သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။
အချုပ်အားဖြင့် ပါဠိမှာ
ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။
ဉ ရော၊ ညရော သုံးတယ်။
မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။
ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး
အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။
မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။
ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။
ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ)
က ခြေထောက် တိုတယ်။
ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး
ယပက်လက်လို့ ခွဲခြားခေါ်တယ်။
ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း
ခွဲခေါ်သေးတယ်။
ရကြီးနဲ့ ရငယ်ပေါ့။
လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။
အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး
ပြောစရာတခုက ဓအောက်ခြိုက်ကို
အောက်ကချိုင့်နေလို့ ဓအောက်ခြိုက်
ခေါ်တယ်ပြောပြီး
ရေးတော့ အောက်က မချိုင့်ပါလားလို့
မေးစရာရှိတယ်။
ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက
ဓဟာ အခုလို အောက်က ပိတ်မနေဘူး။
ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။
( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။)
စျ (စျမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး
မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့
ကြားရတယ်။
စျ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။
စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။
ဘေးက မျဉ်းဆွဲထားလို့ စျမျဉ်းဆွဲ ခေါ်တယ်လို့
မှတ်သင့်ပါတယ်။
ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။
Credit- မောင်ခင်မင်(ဓနုဖြူ)
01/05/2023
“စနစ်သစ် ပညာရေး အကြောင်း
ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”
Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ
အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။
# Grade 10 (ဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
# Grade 11 (ဧကဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
# Grade 12 (ဒွာဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
-နိုင်ငံတော်အစိုးရစစ်စာမေးပွဲ
စာမေးပွဲ “နှစ်ခု” ရှိပါသည်။
Grade 12 (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။
ထိုလက်မှတ်ဖြင့်
-ကောလိပ်များ
-Instituteများ
-ပညာရေးကောလိပ်
-GTI အစရှိသည့်တို့တွင်
ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။
သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
Grade 12 (ဒွာဒသမတန်း) နိုင်ငံတော်အစိုးရစစ်စာမေးပွဲသည် “Grade” အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်သည်။
ထိုရလဒ် “Grade” အနေအထားအပေါ်မူတည်ပြီး “တက္ကသိုလ်များ” ကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
A ရရှိသောကျောင်းသား/သူများသည် ကြိုက်နှစ်သက်ရာ”တက္ကသိုလ်များ”ကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သည်။
B နှင့် C အစရှိသဖြင့် ရရှိသောကျောင်းသား/သူများသည်ထိုGrade များကိုလက်ခံဖြေဆိုခွင့်ပြုသောတက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
များသည်လည်း ဘာသာရပ်တိုင်းအတွင်ကောင်းရန်မလိုပါ။
# သို့သော် မိမိ အဓိက ရွေးချယ်မည့်တက္ကသိုလ်တစ်ခုကိုတော့ G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
@ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
-English
-Physics
-Chemistry
-Biology စသည့်ဘာသာ လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။
@ Engineering နှင့် IT တက္ကသိုလ်များအတွက်ဆိုလျှင်
-English
-Math
-Physics
-Chemistry စသည့်ဘာသာ လေးဘာသာ၏ Grade များကိုသာ ကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။
# ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်များကို ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
12 (ဒွာဒသမတန်း)မှာ Gradeကောင်းဖို့လိုသလို “တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ” ဖြေရာမှာလည်းအဆင်ပြေ အောင်မြင်စေဖို့ Grade 10,11,12 သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ပိုင်နိုင်ခဲ့ဖို့လိုပါတယ်။
ကောင်းရုံနဲ့လည်း တက္ကသိုလ်တက်ခွင့်ရရှိမည်မဟုတ်ပါ။
# ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရဦးမှာဖြစ်ပါတယ်
# ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။
✔️မှတ်ချက် ✔️
တတ်မြောက်အောင်သင်ခြင်းသည်
သင့်ကလေးငယ်၏ ဘဝ ဖြစ်သည်
Crd: MGHL
နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျတိုများ
******************************************
Don't sit near me! = ငါ့နား လာမထိုင်နဲ့။
Don't sit up late! = အိပ်ရေးပျက်မခံပါနဲ့။
Don't sit idle! = အလကား ထိုင်မနေနဲ့။
Don't sleep too much! = အကြာကြီး မအိပ်နဲ့။
Don't smoke. = ဆေးလိပ် မသောက်နဲ့နော်။
Don't sn**ch it! = ဇိုးကနဲ ဇတ်ကနဲ မလုပ်နဲ့။
Don't speak dryly! = စကားကို မပြောချင် ပြောချင် မလုပ်ပါနဲ့။
Don't speak evil of anyone! = သူများ မကောင်းကြောင်း မပြောပါနဲ့။
Don't speak ill of others! = သူများ မကောင်းကြောင်း မပြောပါနဲ့။
Don't speak in anger! = ဒေါသနဲ့ မပြောပါနဲ့။
Don't speak Myanmar in the class! = အတန်းထဲမှာ မြန်မာစကား မပြောပါနဲ့။
Don't speak to me coaxingly! = ငါ့ကို လာချွဲပြီး ပြောမနေနဲ့။
Don't spend the time! = အချိန် မဖြုန်းနဲ့။
Don't spin your wheel! = မလိုအပ်ဘဲ အချိန်တွေ ဖြုန်းမနေနဲ့။
Don't spit! = တံတွေး မထွေးပါနဲ့။
Don't spit on the floor! = ကြမ်းပြင်ပေါ် တံတွေးမထွေးနဲ့။
Don't spoil anything! = ဘာကိုမှ မပျက်စီးပါစေနဲ့။
Don't spy at what others do! = သူတစ်ပါးလုပ်တာကို လိုက်မချောင်းနဲ့။
Don't stand on ceremony! = သိပ်ပြီး ကိန်းကြီး ခန်းကြီး လုပ်မနေနဲ့။
Don't stand on your dignity! = အထာကြီးနဲ့ဆရာကြီးလို မနေပါနဲ့။
Don't stay here! = ဒီမှာ မနေပါနဲ့။
Don't stay out in the sun for too long. = နေပူထဲ အကြာကြီး ထွက်မနေနဲ့။
Don't steal anything of others! = သူတစ်ပါးပစ္စည်း မခိုးဝှက်ပါနဲ့။
Don't suck your fingers. = မင်းလက်ကို မစုပ်ပါနဲ့။
Don't suspect me! = ငါ့ကို သံသယ မဖြစ်ပါနဲ့ကွာ။
Don't swear in front of the children! = ကလေးတွေရှေ့မှာ မဆဲပါနဲ့။
Don't swear it! = မကျိန်ဆဲပါနဲ့။
Don't sweat it! = စိတ်ပူမနေနဲ့။
Don't sweet talk! = မြှောက်ပင့်ပြီး မပြောပါနဲ့။
Don't switch off the light! = မီးမပိတ်ပါနဲ့။
Don't switch on the light! = မီး မဖွင့်ပါနဲ့။
Don't take a shot in the dark! = ရမ်းသမ်း မှန်းသမ်းပြီး စွတ်မလုပ်နဲ့။
Don't take an air! = ဟိတ်ဟန်လုပ်မနေနဲ့။
Don't take a rest! = အနားမယူပါနဲ့ဦး။
Don't take care! = ဂရုမစိုက်ပါနဲ့။
Don't take it amiss! = ဒါကို တစ်မျိုးမထင်ပါနဲ့။
Don't take it for granted! = သေချာပြီဆိုပြီး အပိုင်မတွက်ပါနဲ့။
Don't take it serious! = ဗွေ/အပြစ် မယူပါနဲ့ ဗျာ။
Don't take my nose in vain! = ငါ့နာမည်ကို အလွဲသုံးစား မလုပ်ပါနဲ့။
Don't take offence! = ဗွေမယူပါနဲ့ ဗျာ။
Don't take things lying down! = အရာရာ ခေါင်းငုံ့မခံနဲ့။
Don't take this the wrong way! = နားလည်မှုလွဲကာ အထင်မလွဲပါနဲ့။
Don't talk an an air! = ဟိတ်ဟန်လုပ် မပြောပါနဲ့။
Don't talk and do without knowledge! = မသ်ိ မတတ်ဘဲ မလုပ်/မပြောပါနဲ့။
Don't talk about that! = အဲ့ဒီ အကြောင်း မပြောစမ်းပါနဲ့ကွာ။
Don't talk back to me! = ငါ့ကို ပြန်ကာ လှန်ကာ မပြောနဲ့။
Don't talk back your parents! = မင်းမိဘတွေကို ပြန်မပြောနဲ့။
Don't talk during study hours! = စာသင်ချိန်မှာ စကားမပြောပါနဲ့။
Don't talk ill of other! = သူတစ်ပါးမကောင်းကြောင်း မပြောပါနဲ့။
Don't talk like that! = အဲ့ဒီလို မပြောပါနဲ့။
Don't talk on your cell phone while driving! = ကားမောင်းနေတုန်း ဖုန်းမပြောပါနဲ့။
Don't talk rot! = မဟုတ်တာ မပြောပါနဲ့။
Don't talk so loud! = အကျယ်ကြီး မအော်နဲ့။ စကား အကျယ်ကြီး မပြောပါနဲ့။
Don't talk so much! = စကားအများကြီး မပြောပါနဲ့။
Don't talk through your hat! = ပေါက်ကရတွေ လျှောက်မပြောစမ်းပါနဲ့။
Don't talk to strangers! = လူတစိမ်းတွေနဲ့ စကားသွားမပြောနဲ့။
Don't talk when the mouth is full! = ပါးစပ် ပလုတ်ပလောင်းနဲ့ စကားမပြောနဲ့။
Don't tease him. He is very toughy! = သူ့သွားမစ နဲ့ ။ ဆတ်ဆတ်ထိ မခံဘူး။
Don't tease me! = ငါ့ကို မစ ပါနဲ့။
Don't tell a lie! = လိမ်ညာစကား မပြောပါနဲ့။
Don't tell anybody! = ဘယ်သူ့မှ မပြောပါနဲ့နော်။
Don't tell anyone about this! = ဒီအကြောင်းကို ဘယ်သူ့မှ မပြောပါနဲ့ဗျာ။
Don't they have to sell the house? = သူတို့ အိမ်ရောင်းဖို့ မလိုဘူးလား။
Don't think anything! = ဘယ်လိုမှ မထင်ပါနဲ့ ဗျာ။
Don't think it! = ဒါက်ို မစဉ်းစားပါနဲ့။
Don't think of the past! = အတိတ်အကြောင်းကို တွေးမနေပါနဲ့။
Don't throw a fit! = ဒေါသ မထွက်ပါနဲ့ကွာ။
Don't tickle me! = ငါ့ကို ကလိမထိုးပါနဲ့ ဟ။
Don't touch me! = ငါ လာမထိနဲ့နော်။
Don't touch anything! =ဘာကိုမှ သွားမထိနဲ့။
Don't track me again! = ငါ့ကို နောက်တစ်ခါ မလှည့်စားပါနဲ့။
Don't tread them knowing it! = ဒါကို သူတို့သိမှာ မစိုးရိမ်ပါနဲ့။
Don't trust him! = သူ့ကို မယုံနဲ့ နော်။
𝗖𝗿𝗲𝗱𝗶𝘁 𝘁𝗼 𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹 𝗨𝗽𝗹𝗼𝗮𝗱𝗲𝗿
17/11/2021
မူလတန်းမိဘများသို့ အကြံပေးချက်
++++++++++++++++++++++++++
၁။ ကလေးအိပ်ရေး၀ပါစေ
ကလေးများ တီဗွီကြည့်တာပဲဖြစ်ဖြစ်၊ အဆော့မက်လို့ ပဲဖြစ်ဖြစ်၊ ကျူရှင်များလို့ ပဲဖြစ်ဖြစ်၊ အိပ်ရေးမပျက်စေသင့်ပါ။ ကလေးတိုင်း တစ်နေ့ ( ၁၀ ) နာရီအိပ်သင့်ပါတယ်။ ကလေးအိပ်ရေး၀မှသာလျင် အားအင်ဖြစ်ထွန်းမှာဖြစ်ပြီး ကိုယ်ရောစိတ်ပါ ပုံမှန်ဖွံ့ဖြိုးနိုင်မယ်ဖြစ်ပါတယ်။
၂။ မနက်စာ ဝအောင်စားပါ။ အဟာရ ရှိအောင်စားပါ။
အခုခေတ်ကလေးတော်တော် များများဟာ မနက်စာကို လောလောစားပြီး ကျောင်းတက်လေ့ရှိပါတယ်။ အချို့ ကလေးများ ကျောင်းသွားတဲ့ ကားပေါ် မှာထမင်းကျွေးတာကို တွေ့ဖူးပါတယ်။ ညက်ညက်ဝါးစားဖို့ မပြောနဲ့၊ ကောင်းကောင်းစားနိုင်ဖို့တောင် အချိန်လုရသလိုဖြစ်နေပါတယ်။ ကလေးများ ၀တစ်လှည့်၊ ငတ်တစ်လှည့် ဖြစ်နေတတ်ပြီး ကျန်းမာရေး အလွန်ထိခိုက်လွယ်ပါတယ်။ မနက်စာဟာ လူတိုင်းအတွက် တစ်နေ့တာ အဓိကအင်အားဖြစ်တာကြောင့် မနက်စာကို ဝအောင်ကျွေးပါ။ ကောင်းအောင်ကျွေးပါ။
၃။ ရေ လုံလုံလောက်လောက် သောက်ခိုင်းပါ။
မူလတန်းအရွယ်ကလေးများဟာ အလွန်အဆော့မက်တတ်ပါတယ်။ ဟိုပြေးဒီပြေးနဲ့ အလွန်လုပ်ရှားပါတယ်။ ကလေးကို ရေအလုံအလောက်သောက်ဖို့ အားပေးသင့်ပါတယ်။
၄။ ခဲဖျက် အလွန်သုံးတဲ့ အကျင့်ကို တစ်ဖြည်းဖြည်း ဖျောက်ပေးပါ။
တစ်ခုခု ရေးမှားရင် ခဲဖျက်ဖျက်တယ်။ ခဲဖျက်သုံးတာ ဘာမှအပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ အသုံးလွန်သွားရင် တစ်ခုခု အားနည်းနေပါပြီ။ အနည်းဆုံးတော့ သူရေးနေတဲ့ စာမှာ သူစိတ်မပါဘူးဆိုတာ ပြသနေပါပြီ။ ခဲဖျက်ကို အကြိမ်ရေ အသုံးနည်းစေခြင်းဟာ ပိုမိုစိတ်၀င်စားအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။
၅။ ကလေးကိုယ့်၀န်ကို နိုင်အောင် လေ့ကျင့်ပေးခြင်း
ကလေးကျောင်းတက်ပြီဆိုရင် အချို့ ကိစ္စရပ်တွေမှာ ကိုယ့်၀န်ကို ထမ်းရပါတော့မယ်။ ဥပမာ အပေါ့ အလေးသွားတာမျိုး၊ ကိုယ့်စာအုပ်ခဲတန်ကို လွယ်အိပ်ထဲသိမ်းဆည်းတာမျိုး၊ ချမ်းတဲ့အခါမှာ အနွေးထည်၀တ်ပြီး ပူတဲ့အခါမှာ ပြန်ချွတ်တတ်တာမျုိုး၊ ကိုယ့်အ၀တ်အစား၊ ရေးဗူး၊ ထ္မင်းကျိုင့်၊ ထီး စသည်တို့ကို ကျောင်းမှာ မမေ့ကျန်ခဲ့တာမျိုး မိဘများစတင်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
၆။ အ၀တ်အစားမှာ အပြိုင်အဆိုင်ကင်းပါစေ
တကယ်လို့ ကျောင်း၀တ်စုံရှိရင် ကျောင်း၀တ်စုံပဲ ၀ယ်၀တ်ပါ။ ပိတ်စမကောင်းဘူးဆိုပြီး အပြင်ဆိုင်မှာ အထူးချုပ်သွားချုပ်တာမျိုး၊ ကျောင်းက ဖိနပ်မစီးပဲ ၊ အရောင်တူ Brand ၀ယ်စီးခိုင်းတာမျုိုး၊ မပြုလုပ်သင့်ပါ။ အပြိုင်အဆိုင်၀င်သွားရင် ကလေးအတွက် ဘာမှမကောင်းပါ။
၇။ ကလေးရဲ့ ဖေါ် ပြတတ်မူကို အလေးထားပါ။
အကြောင်းအရာ တစ်ခုကို သူ့အရွယ်နဲ့သူ ဖြောင့်အောင် ပြောပြတတ်ရဲ့လား၊ အခက်အခဲတစ်ခု တွေ့လာရင် မိဘကို ရှင်းအောင်ပြောပြတတ်ရဲ့လား၊ ပြောရဲဆိုရတာမျိုး ဖြစ်ရဲ့လား၊ စသည်တို့ကို မိဘများဂရုစိုက်ပေးဖို့လိုပါတယ်။ ဖုန်းတို့၊ ဂိမ်းတို့၊ အိုင်ဘက်တို့ အရမ်းဆော့တဲ့ ကလေးများဟာ ဖေါ်ပြတတ်မူမှာ အားနည်းရုံမက စဉ်းစားဥာဏ်ပါ နောင့်နှေးစေတတ်ပါတယ်။
၈။ အိမ်သာမှန်မှန်တက်တာလည်း အရေးကြီးတယ်ဆိုတာ ကလေးကိုပြောပေးပါ။
ကလေးတော်တော်များများဟာ ဆော့လို့ ပျော်လို့ ကောင်းတဲ့ အချိန်မှာ အိမ်သာတက်ဖို့ မေ့နေတတ်ပါတယ်။ အချို့ ကလေးများဟာ တက်ဖူးနေကျ အိမ်သာမဟုတ်ရင် ဘယ်လောက်ပဲ အလျင်စလိုဖြစ်ဖြစ်၊ အောင့်ထားတတ်ပါတယ်။ ကျန်းမာရေးအတွက်လည်းမကောင်း၊ စိတ်ဓါတ်ရေးရာ အတွက်လည်း မကောင်းတတ်တာမို့ ကလေးကို နားလည်အောင် ဖြောင်းဖြ ပေးသင့်ပါတယ်။
၉ ။ ကလေးရဲ့ အမြင်အာရုံကို ကာကွယ်ပေးပါ။
စာကျက်နေတဲ့ အချိန်မျိုးမှာ အလင်းရောင် အပြည့်အ၀ ရပါစေ။ စာကျက်တဲ့အခါ ဖြစ်ဖြစ်၊ စာရေးတဲ့ အခါဖြစ်ဖြစ်၊ ထိုင်နည်းမှန်ကန်ပါစေ။ ထိုင်နည်းမမှန်ကန်ရင်လည်း မျက်စိထိခိုက်တတ်ပါတယ်။ တီဗွီကားတွေ အကြာကြီးကြည့်တာ၊ အင်တာနက်ကို အကြာကြီးသုံးတာ၊ လက်ကိုင်ဖုန်း၊ အိုင်ဘက် ဆော့တာတွေ အားလုံး မျက်စိအလွန်ထိခိုက်လွယ်ပါတယ်။
၁၀။ တီဗွီ အစီအစဉ်ကို ရွေးချယ်ကြည့်ခိုင်းပါ။
မိဘများအနေနဲ့ မိမိကလေးများရဲ့ စိတ်၀င်စားမူ ပေါ် မူတည်ပြီး ကာတွန်းကား၊ တောရိုင်းတိရစ္ဆာန်ကားများ၊ Discovery လိုကားများ၊ အကျုိုးရှိမယ်ထင်တဲ့ကားများ အားလုံးကို အကန့်အသတ်နဲ့ ကလေးကို ပြပေးလို့ ရပါတယ်။
၁၁။ ကလေးများ အိမ်စာကို ကူညီပေးပါ။
မူလတန်းကလေးများ၊ အထူးသဖြင့် ပထမတန်းကလေးများဟာ မိမိဖာသာ စာမလုပ်တတ်သေးပါ။ မိဘများအထိုက်အလျှောက်ကူညီနိုင်ရင် ပိုအကျိုးဖြစ်ထွန်းပါတယ်။ မိဘများကူညီတယ်ဆိုတာ မျက်စိတောက်ထောက်ကြည့်တာမျုိုး မဟုတ်ပါ။ ကျူရှင်ဆရာမ အများကြီးခေါ် ပေးခိုင်းတာမျိုးလည်း မဆိုလိုပါ။ သူတို့ ကိုယ်စား မိဘက ၀င်လုပ်ပေးတာမျိုးကို ပိုမို ရှောင်ရှားသင့်ပါတယ်။ ကလေးအခြေအနေပေါ် မူတည်ပြီး လမ်းညွန်သင့်တာလမ်းညွန်၊ သင်ကြားပေးသင့်တာကို သင်ကြား၊ သူတို့ သူငယ်ချင်းတွေထံ ဖုန်းဆက်မေးမြန်းသင့်တာတွေကို မေးမြန်းစေတာမျိုးကို ဆိုလိုပါတယ်။
ဖြစ်နိုင်ရင်တော့ ကလေးကို ဘယ်လိုစဉ်းစားသင့်သလဲ၊ အဖြေရအောင် ဘယ်လိုချဉ်းကပ်သင့်သလဲ စသည်ဖြင့် တစ်ဆင့်ချင်း လမ်းပြသွားနိုင်ရင် ပိုမိုထိရောက်တတ်ပါတယ်။
၁၂။ လုံခြုံ မူအသိ ကြွယ်ဝစေခြင်း
လုံခြုံ မူအသိဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ အသက်ငယ်လေ၊ စိုးရိမ်ရလေ ဖြစ်ပါတယ်။ တံခါးအ၀င်အထွက်၊ လှေခါး အတက်အဆင်း၊ စူးစမ်းလိုစိတ်နဲ့ ဝါယာ ဆော့ကက့် ပေါက်နဲ့ အထိအတွေ့၊ ကားလမ်း အဖြတ်အကူး၊ လူစိမ်းနဲ့ ထိတွေ့တဲ့အခါ၊ အမြင့်တက်ခြင်း၊ ရေကစားခြင်း၊ မီးကစားခြင်း စသည့်စသည့် တို့မှာ အထူးဂရုစိုက် သင်ကြားပေးဖို့ လိုပါတယ်။
၁၃။ ဆက်ဆံရေး ချောမွေ့ အောင် ပျိုးထောင်ပေးခြင်း
ဆက်ဆံရေးကောင်းမွန်အောင် ငယ်စဉ်ကတဲက စတင်ပျိုးထောင်ပေးလို့ ရပါတယ်။
အရေးကြီးဆုံးကတော့ လူကိုလေးစားတတ်အောင်အရင်သင်ပေးရပါတယ်။ လေးစားခြင်းဟာ ဆက်ဆံရေးရဲ့ အခြေခံအုပ်မြစ်ဖြစ်ပါတယ်။
သူများပြောစကားကို စိတ်၀င်တစား နားထောင်တတ်အောင် ပျိုးထောင်ပေးထားရပါမယ်။
ကိုယ့်ပြောချင်နေတဲ့အကြောင်းအရာ၊ ကိုယ်စဉ်းစားနေတဲ့ အကြောင်းအရာ တွေကို ရှင်းရှင်းလင်းလင်း ဖေါ်ပြတတ်ဖို့၊ ပြောရဲဆိုရဲအောင် အရင်သတ္တိမွေးပေးရပါတယ်။
ဂတိတည်ရမယ်။ ရိုးသားမယ်။ စဉ်းစားတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒီအဆင့်အထိဆိုရင် လူချစ်လူခင်ပေါဖို့ မဝေးတော့ပါဘူး။
၁၄။ ကလေးစိတ်ကျန်းမာရေးကို ဂရုစိုက်ပေးပါ။
ကလေးလုံလောက်တဲ့ တက်ကြွမူ ရှိရဲ့လား၊ အကောင်းမြင်တဲ့ အကျင့်ရှိသလား၊ အရွယ်နဲ့ မလိုက်ပဲ ဒေါသအရမ်းကြီးနေသလား၊ အမြဲတမ်းပဲ တစ်ခုခု စိုးရိမ်နေတတ်သလား၊ ကလေး ဖိအားအရမ်းများနေသလား၊ စသည်ဖြင့် ကလေးများရဲ့ အပြုအမူကို မိဘများက ဂရုတစိုက် လေ့လာသင့်ပါတယ်။ တကယ်လို့ တစ်ခုခု မူမမှန်ဘူးဆိုရင် စိတ်ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ မိဘများတစ်ခု လုံး၀လက်ခံထားရမှာက စိတ်ဆရာ၀န်ပြသခြင်းဆိုတာ စိတ္တဇ ရောဂါမဟုတ်ပါ။ နိုင်ငံခြားမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။
Ref : WeChat
Credit : Sayar Aung Ko Latt
မူရင်းရေးသားသူအား credit ပေးပါသည်။
Photo credit
အင်္ဂလိပ်စကားပြော တိုးတက်ချင်သူတို့ ဖတ်မှတ်ရန် (၁)
1. Let's talk over a cold beer.
ဘီယာအေးလေးသောက်ရင်းစကားပြောကြရအောင်။
Let's talk over a cup of tea.
လ္ဘက်ရည်သောက်ရင်း စကားပြောကြရအောင်။
2. He lied to my face.
သူငါ့ကို ပေါ်တင်ကြီး ဗြောင်လိမ်တယ်။
to my face ငါ့မျက်နှာ တည့်တည့်ကြည့်ပြီး ဗြောင်လုပ်တာ
3. I was out all day.
ငါတနေကုန်အပြင်သွားနေရတာ။
4. You keep out of this.
You stay out of this.
မင်းဒီကိစ္စထဲမှာ ဝင်မပါပါနဲ့။ (လက်ရှောင်နေပါ)
5. He is using you for his own gain.
သူဟာ မင်းကို သူ့ကိုယ်ကျိုးအတွက် အသုံးချနေတာ။
6. Easy come, easy go.
လွယ်လွယ်ရတာ လွယ်လွယ်ကုန်တာပါပဲ။
7. Nothing lasts forever.
ဘာမှ ထာဝရမမြဲပါ။
8. They don't seem to understand what you are saying.
မင်း ဘာပြောနေတယ်ဆိုတာကို သူတို့နားလည်ပုံ မရဘူး။
9. You always bully me.
မင်း အမြဲငါ့ကို အနိုင်ကျင့်တယ်။
10. You try to get the upper hand on me.
မင်း ငါ့ကို နိုင်စားတယ်။ အထက်စီးက အသာလိုချင်တယ်။
11. You bear a grudge against me.
မင်း ငါ့ကို ရန်ငြိုးထားတယ်။
12. You turned me against my friend.
မင်း ငါ့ကို ငါ့ရဲ့ သူငယ်ချင်းနဲ့ ရန်တိုက်ပေးတယ်။
13. He is picking a fight.
သူဟာ ရန်လိုနေတယ်။ ရန်ရှာနေတယ်။
14. I was so worried about you.
ငါ မင်းအတွက် အရမ်းစိုးရိမ်နေတာ။
15. They said terrible things about him.
သူတို့က သူ့မကောင်းကြောင်းတွေ ပြောလိုက်ကြတာ။
16. He cares about us.
သူဟာ ငါတို့အတွက် ပူရှာပါတယ်၊ ဂရုစိုက်ပါတယ်။
17. I really don't care what they think about me.
သူတို့ ငါ့ကို ဘယ်လိုထင်ထင် ငါဂရုမစိုက်ပါဘူး။
18. I know that what I'm doing is right.
ငါလုပ်တာ အမှန်ဆိုတာ ငါသိတယ်။
19. All I want is your love.
ငါ လိုချင်တာ မင်းအချစ်ပဲ။
20. All I need is time.
တကယ်ဆို အချိန်ပဲလိုတာပါ။
21. I can't believe what I'm hearing.
ကြားရတာ ယုံစရာမရှိ။
22. You've changed so much.
မင်း အရမ်းကို ပြောင်းလဲသွားလိုက်တာ။
23. I feel like I don't know you anymore.
မင်းဟာ သူစိမ်းတစ်ယောက်ဖြစ်သွားသလို ငါခံစားရတယ်။
24. Don't lecture me.
Don't lord over me.
မင်း ငါ့ကို ဆရာကြီးလို တရားလာမဟောပါနဲ့။
25. Stop being so patronizing.
အကျောကြီးနဲ့ ဆရာကြီးလာလုပ်မနေနဲ့။
26. Stop pretending like you know everything under the sun.
လောကကြီးမှာ ဘာမဆို မင်း တတ်သိတဲ့ပုံနဲ့ ဟန်ဆောင်မနေပါနဲ့။
27. Frankly my dear, I don't give a damn.
ရှင်းရှင်းပြောရရင် ငါ ဂရုကို မစိုက်တာ။
28. Actions speak louder than words.
အပြောမကြီးနဲ့ လက်တွေ့လုပ်ပြတာ ပိုကောင်းတယ်။
29. You are adding insult to injury.
မင်းဟာ အနာကို ဆားသိပ်ပေးနေသလိုပဲ။
to add insult to injury ဆိုတဲ့ idiom ကိုမှတ်ပါ။ ဗူးလေးရာ ဖရုံဆင့် ...မီးလောင်ရာ လေပင့် ဆိုသလို အခြေအနေ ပိုဆိုးအောင်လာလုပ်နေတာ။
30. The ball is in your court.
အခု မင်းဆုံးဖြတ်ချက်ချရမဲ့ အလှည့်ပဲ။
31. Stop beating about the bush.
ဝေ့လည်ကြောင်ပတ်တွေလုပ်မနေနဲ့။ လိုရင်းကို တည့်တည့်ပြောပါ။
to beat about the bush ဆိုတဲ့ idiom ကိုမှတ်ပါ။
32. It seems I have bitten off more than I can chew.
ငါတော့ မနိုင်တဲ့ ဝန်ကို ထမ်းမိပြီ။
to bite off more than one can chew ဆိုတဲ့ idiom ကိုမှတ်ပါ။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိတာမျိုး။
33. Break a leg.
ကံကောင်းပါစေ။ Good luck. လို့ ဆုတောင်းပေးတာ။ (ခြေထောက်ကျိုးပါစေ..လို့ဘာသာပြန်လိုက်ရင် တလွဲဖြစ်ပြီ)
34. I'd like to take a cat nap after lunch.
နေ့လည်စာစားပြီးရင် ငါ ခဏ တရေးအိပ်ချင်တယ်။
တရေးမှေးတာကို siesta, nap, cat nap စသည်ဖြင့်မှတ်ပါ။
35. I understand even if you can't help me.
မင်း ငါ့ကို မကူညီနိုင်ရင်လည်း ငါနားလည်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း
Credit
07/05/2021
အိမ်မှာနေပြီး ကျောင်းစာလေ့လာလိုသူများအတွက်
=============================
KG မှစ၍ G10 အထိ အခြေခံပညာရေး လမ်းညွှန်ချက်တွေကို သက်ဆိုင်ရာ အတန်းလိုက် လင့်လေးတွေ ချိတ်ပေးထားပါတယ်။ မိမိတို့ ကလေးနှင့်အတူ မိဘများက လုပ်ပေးရမှာလေးတွေကို လမ်းညွှန်ပေးထားတာပါ။ ယခု လမ်းညွှန်ချက်ကို ပြုစုပေးတဲ့ ဆရာမရဲ့ မူရင်းပို့စ်ကိုလည်း အောက်ဆုံးမှာ ထည့်ပေးထားပါတယ်ခင်ဗျာ
KG
https://www.facebook.com/100028892617574/posts/556261515346931/
G1
https://m.facebook.com/story.php?story_fbid=556770145296068&id=100028892617574
G2
https://m.facebook.com/story.php?story_fbid=557369978569418&id=100028892617574
G3
https://m.facebook.com/story.php?story_fbid=557897668516649&id=100028892617574
G4
https://m.facebook.com/story.php?story_fbid=558494431790306&id=100028892617574
G6
https://m.facebook.com/story.php?story_fbid=559168138389602&id=100028892617574
G7 (သတ္တမတန်းစနစ်သစ်)
https://m.facebook.com/story.php?story_fbid=559898461649903&id=100028892617574
G8 (သတ္တမတန်းစနစ်ဟောင်း)
https://www.facebook.com/100028892617574/posts/560530091586740/
G9
https://m.facebook.com/story.php?story_fbid=561124131527336&id=100028892617574
G10
https://m.facebook.com/story.php?story_fbid=561693724803710&id=100028892617574
မူရင်းပို့စ်
======== https://m.facebook.com/story.php?story_fbid=559929708313445&id=100028892617574
Credit -
25/01/2021
Grade
10,
11,
12 သုံးနှစ်လုံးမှာ
Grade
A ရမြ
ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို
ရွေးချယ်လို့ရမှာဖြစ်ပြီး
Grade
B,C ရတဲ့သူက
သတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ
#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ
၂၀၂၀_၂၀၂၁ ပညာသင်နှစ်
Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၁_၂၀၂၂ ပညာသင်နှစ်
Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၂_၂၀၂၃ ပညာသင်နှစ်
Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်
နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။
Grade 12
ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက
သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့်
ကောလိပ်များ၊
Instituteများ
(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)
ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
သို့သော်
၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်
နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ
University များတက်ရောက်ခွင့်ရရှိမည့်
Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။
ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ
တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
Grade A ရထားသောကလေးသည်
နှစ်သက်သလို
တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊
Grade B,C အစရှိသဖြင့် ရသောကလေးများသည်
ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော
တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း
ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။
မိမိ အဓိက ရွေးချယ်မည့်
တက္ကသိုလ်တစ်ခုကိုတော့ ကို
G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊
Physics၊
Chemistry၊
Biology
လေးဘာသာ၏ Grade ကိုသာကြည့်၍
ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineering နှင့်
IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊
Math၊
Physics၊
Chemistry လေးဘာသာ၏
Grade မ်ားကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့
တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင်
(၆)ဘာသာ သာဖြေဆိုရပါမည်။
General Science ၊
Social Science ဘာသာရပ်များ ဖွရေနျမလိုပါ။
ရှင်းအောင်ပြောရရင်
(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ္မ်ား
စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။
မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း
ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ
အဆင်ပြေ အောင်မြင်စေဖို့
G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။
* Grade ကောင်းရုံနဲ့လည်း
တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး
ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး
ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။
:to original writer
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |