Yangon School of Social Work

Yangon School of Social Work Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon School of Social Work, School, Yangon.

YSSW aims to promote social work education and to enhance social work profession in Myanmar through upgrading the knowledge and skills of working professionals from the field of social work in Myanmar.

18/08/2026

Final part of World's Indigenous Peoples Day is here 🎞️

ပြီးခဲ့တဲ့အပိုင်းမှာ ဒီနှစ် World's Indigenous Peoples Day ရဲ့ Theme ဖြစ်တဲ့ “Honouring Indigenous Midwives: Safeguarding Life and Well-being.” နဲ့ ပတ်သက်ပြီး Ko Saw Zayer Oo က ပြောပြပေးခဲ့ပြီး..

အခု နောက်ဆုံးအပိုင်းလေးမှာတော့ ဆရာမ Daw Ohnmar Khaing ကနေ ဌာနေတိုင်းရင်းသားတွေအတွက် social work တွေက ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲ၊
social work နဲ့ indigenous people တွေမှာ ဘယ်လို ဆက်နွယ်မှု ရှိနေမလဲနဲ့ Indigenous social work အကြောင်းကိုပါ ပြောပြ ဖြေကြားပေးသွားပါတယ်။

နောက်ဆုံးအနေနဲ့ တိုင်းရင်းသား language ထဲက “ဒါဘလု” က ဘာအဓိပ္ပါယ်လဲဆိုတာကိုပါ သိချင်ရင်တော့! 🫢

World's Indigenous Peoples Day ရဲ့ နောက်ဆုံးအပိုင်း ဖြစ်တဲ့ video တိုလေးကို ကြည့်ရှုလိုက်ကြပါဦး ☺️👇🏻

18/08/2026

World's Indigenous Peoples Day ရဲ့ video အပိုင်း Part 3 လာပါပြီ... 🎬

Social Workers တွေက ဌာနေတိုင်ရင်းသားတွေအတွက် ဘယ်လို အခွင့်အရေးတွေ ဖန်တီး ကူညီပေးနိုင်မလဲဆိုတာ ဆွေးနွေးကြပြီး 👥

Ko Saw Zayer Oo ရဲ့ Environmental justice journey မှာ သင်ယူခဲ့ရတဲ့ ဌာနေတိုင်းရင်းသားတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်တွယ်တာ တန်ဖိုးထားမှုအကြောင်းလေးတွေ သိရမှာဖြစ်ပါတယ်။ 🌱

🎥 စိတ်ဝင်စားဖွယ်ရာ ဗဟုသုတအချက်အလက်တွေနဲ့ ပြည့်နှက်နေတဲ့ Part 3 Video လေးကို ကြည့်ရှုပြီး ဌာနေတိုင်းရင်းသားတို့အကြောင်း တန်ဖိုးရှိလှတဲ့ အသိပညာတွေကို အတူတကွ လေ့လာမှတ်သားလိုက်ရအောင်နော်။ 🎧✨

17/08/2026

World's Indigenous Peoples Day ရဲ့ Video ဒုတိယအပိုင်းမှာ‌တော့.....

ဌာနေတိုင်းရင်းသား(Indigenous people) တွေမှာ ရှေးဘိုးဘေးအစဉ်ဆက်ကတည်းက လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့ ရိုးရာ‌ဓလေ့များစွာရှိကြောင်းကိုလည်း လေ့လာဆွေးနွေးခဲ့ကြပါသေးတယ်။ ✨

ထိုဓလေ့များအနက်မှ “နတ်စားခြင်း” လို့ခေါ်ဝေါ်တဲ့ ကျန်းမာရေးကောင်းမွန်ရန် နှင့် ဘေးအန္တာရယ်ကင်းရှင်းစေရန်အတွက် မိသားစုဝင်‌တွေအတူတကွ ပြန်လည် စုစည်းကာ ဆုတောင်းကြရတဲ့ချစ်စရာရိုးရာဓလေ့ အကြောင်းကိုလဲလေ့လာခဲ့ကြပါတယ်။

ဒီရိုးရာဓလေ့ကို ပြန်လည် လေ့လာသုံးသပ်ကြည့်တဲ့အခါ ယနေ့ခေတ် “social interaction” ကိုထင်ဟပ်ဖော်ပြ‌နေကြောင်းနဲ့ ဌာနေတိုင်းရင်းတို့ရဲ့ လူမှုဆက်ဆံရေး အကြောင်းကို Ko Saw Zayer Oo မှ ဗဟုသုတရဖွယ် အဖြစ် ဆွေးနွေးပေးခဲ့ပါတယ်။✨

🎥 ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ ချစ်စရာရိုးရာဓလေ့ ‌အကြောင်းကို ပိုမိုနားလည်သိရှိစေရန်အတွက် part 2 video လေးမှ တစ်ဆင့်ဆက်လက်နားဆင် ကြည့်ရှုနိုင်ပါတယ်ဗျာ။🎧

17/08/2026

🌿 International Day of the World’s Indigenous Peoples 2026 🌿

ဩဂုတ်လ (၉) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ International Day of the World’s Indigenous Peoples ကို ဂုဏ်ပြုတဲ့အနေနဲ့ YSSW မှာ Environmental Justice Intern အဖြစ် လုပ်ဆောင်နေတဲ့ Parami University မှ ကရင်ကျောင်းသား Ko Saw Zayer Oo က ဦးဆောင်ပြီး YSSW ရဲ့ Founder & CEO U Kyaw Sit Naing နဲ့ Faculty Member Daw Ohnmar Khaing တို့က World's Indigenous People Day ကို ဘာကြောင့်အလေးထားသင့်သလဲ၊ ဘာလို့ ဌာနေလူမျိုးစုတွေရဲ့ အခွင့်အရေးက သဘာဝပတ်ဝန်းကျင်အတွက် ဆက်နွယ်အရေးပါတာလဲဆိုတာတွေကို ဆွေးနွေးသွားကြပါတယ်။

တစ်ချိန်က ဌာနေတိုင်းရင်းသားတွေကို ခေတ်မီလူ့အဖွဲ့အစည်းနဲ့ မဝင်ဆံ့သူတွေ၊ “လူရိုင်းမျိုးနွယ်” အဖြစ် သတ်မှတ်ခဲ့ကြပေမယ့် ယနေ့အခါမှာတော့ ဌာနေတိုင်းရင်းသားတို့ရဲ့ တည်ရှိမှုနဲ့ ရိုးရာအသိပညာတွေဟာ သဘာဝအရင်းအမြစ်တွေကို ကာကွယ်ထိန်းသိမ်းရာမှာ ကမ္ဘာကြီးအတွက် အရေးပါသောအခန်းကဏ္ဍကနေ ပါဝင်နေကြောင်း ပိုမိုအသိအမှတ်ပြုလာကြပါတယ်။ 🌱

🎥 ဒီအကြောင်းအရာတွေကို ပိုမိုသိရှိနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ Part 1 Video လေးကို နားဆင်ကြည့်ရှုလိုက်ပါ။

More than just an orientation.....💁 အသစ်တစ်ခုကို စတင်သင်ယူတဲ့အခါ အဲ့ဒီအရာတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် ဘယ်လို လုပ်ဆောင်ရ...
14/08/2026

More than just an orientation.....

💁 အသစ်တစ်ခုကို စတင်သင်ယူတဲ့အခါ အဲ့ဒီအရာတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် ဘယ်လို လုပ်ဆောင်ရမှာလဲ..
💁 ကျွန်တော်တို့ရဲ့အခန်းကဏ္ဍက ဘယ်လိုအရာတွေလဲဆိုတာ သိရှိနားလည်ဖို့အရေးကြီးပါတယ်။

ဒီလိုပါဘဲ “Volunteer Journey” တစ်ခုကိုစတင်တဲ့အခါမှာလဲ
✅ ကျွန်တော်တို့ရဲ့တာဝန်ဝတ္တရားကဘာလဲ၊
✅ ဘယ်အခန်း ကဏ္ဍကနေပါဝင် ဆောင်ရွက်မှာလဲနဲ့
✅ ကျွန်တော်တို့ ဆောင်ရွက်ရမယ့် အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေလဲဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။

ဒါမှသာ ကျွန်တော်တို့ရဲ့တာဝန်တွေကိုထမ်းဆောင်နိုင်ပြီး responsibility ရှိတဲ့volunteer ကောင်းတစ်ယောက်ဖြစ်လာနိုင်မှာပါ။

ဒါ့ကြောင့် volunteer orientation ကကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ပထမ ခြေလှမ်းအစ ဖြစ်လာရခြင်းဖြစ်ပါတယ်။ ဒီလို ကောင်းမွန်တဲ့ ခြေလှမ်းကို Yangon School of Social Work (YSSW) မှာကျွန်တော်ဟာ စတင်လျှောက်လှမ်းခွင့်ရခဲ့ပါတယ်။ 💛

Orientation session ဟာ volunteer တစ်ယောက်အတွက်သက်ဆိုင်တဲ့ အလုပ်တာဝန်တွေနှင့်လေ့လာသင်ယူရမယ့် ပညာရပ်တွေကို ပိုင်းခြားလမ်းညွှန်ပေးရုံသာမက မတူညီတဲ့ backgroundအမျိုးမျိုးမှ လာရောက်သူအချင်းချင်း ရင်းနှီးကျွမ်းဝင်ပြီး အတူတကွ လုပ်ငန်းဆောင်ရွက်နိုင်ဖို့ ပံ့ပိုးကူညီပေးတဲ့အစီအစဉ်တစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့အတွက် အရေးပါတဲ့ ကဏ္ဍတစ်ရပ်လည်းဖြစ်ပါတယ်။ 🫶

ဒါ့အပြင် YSSW ဟာ လူငယ်တွေနဲ့ လူထု ပတ်ဝန်းကျင်အတွက်များစွာအကျိုးပြုနိုင်မယ့် Events တွေ၊ Education sharing sessions နဲ့ Volunteer opportunities စတဲ့အစီအစဉ်မြောက်မြားစွာကို ကြိုးပမ်း ဖန်တီးပေးနေတဲ့ Safe Space တစ်ခုအဖြစ်လဲသိရှိခဲ့ရပါတယ်။

ဒါကြောင့် ကျွန်တော့်အတွက်တော့ Orientation ဆိုတာ မိတ်ဆက်ခြင်း session တစ်ခုထက်ပိုတဲ့အပြင် အခွင့်အလမ်းတွေဆီ ဦးတည်‌ပေးနိုင်မယ့်လမ်းစသစ် တစ်ခုလည်းဖြစ်ပါတယ်ဗျာ။



🎬 Movie Reflection Workshop YSSW နှင့် Thrive Together တို့ ပူးပေါင်းကျင်းပခဲ့သော Movie Reflection Workshop ကို The Voic...
03/08/2026

🎬 Movie Reflection Workshop

YSSW နှင့် Thrive Together တို့ ပူးပေါင်းကျင်းပခဲ့သော Movie Reflection Workshop ကို The Voice in Your Head ရုပ်ရှင်ကို အခြေခံ၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

Workshop အတွင်းတွင် ပါဝင်သူများသည် ရုပ်ရှင်မှ ဖော်ပြထားသော စိတ်ကျန်းမာရေး၊ မိမိကိုယ်ကို နားလည်လက်ခံခြင်းနှင့် အခြားသူများအပေါ် စာနာနားလည်မှုတို့ကို အခြေခံ၍ မိမိတို့၏ အမြင်များနှင့် အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ယခုအစီအစဉ်သည် ရုပ်ရှင်တစ်ကားကို ကြည့်ရှုခြင်းထက် ကျော်လွန်၍ Reflection ပြုလုပ်ခြင်း၊ မတူညီသော အမြင်များကို လေးစားနားထောင်ခြင်းနှင့် Critical Thinking ကို မြှင့်တင်ပေးနိုင်သော သင်ယူမှုအတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါသည်။

တက်ကြွစွာ ပါဝင်ဆွေးနွေးပေးခဲ့ကြသော Participants များနှင့် ပူးပေါင်းစီစဉ်ပေးခဲ့သော Thrive Together အဖွဲ့အား YSSW မှ အထူးကျေးဇူးတင်ရှိပါသည်။

လူငယ်များအတွက် လုံခြုံပြီး အဓိပ္ပာယ်ရှိသော သင်ယူဖလှယ်နိုင်သည့် နေရာများကို YSSW မှ ဆက်လက်ဖန်တီးပေးသွားမည်ဖြစ်ပါသည်။

Hello 🤗🤗 လာမယ့် August (၁) ရက်နေ့ (စနေနေ့) မှာကျင်းပမယ့်  Movie Reflection နေ့လေးရောက်ပါတော့မယ်နော်။ 💁အားလုံးပဲ အတူပါဝင်...
31/07/2026

Hello 🤗🤗

လာမယ့် August (၁) ရက်နေ့ (စနေနေ့) မှာကျင်းပမယ့် Movie Reflection နေ့လေးရောက်ပါတော့မယ်နော်။ 💁

အားလုံးပဲ အတူပါဝင် Join ပေးဖို့ Remind လုပ်လိုက်ပါတယ်။ 💛

https://docs.google.com/forms/d/e/1FAIpQLScb9REDPokQYZKMjlCWyozpDttCUMSMOfc_pY736gLM0XuVWQ/viewform

🎬 Movie Reflection Workshop

Thrive Together × YSSW

Thrive Together နဲ့ YSSW တို့ ပူးပေါင်းပြီး နယ်ပယ်ပေါင်းစုံက မတူညီတဲ့ လူငယ်တွေအတွက် Movie Reflection Workshop လေးကို ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာ ဘယ်လို Movie မျိုးကို အတူကြည့်ပြီး ဘယ်လို Reflection တွေ မျှဝေကြမလဲဆိုတာကတော့ ပါဝင်သူတိုင်းအတွက် စိတ်ဝင်စားဖွယ် အတွေ့အကြုံတစ်ခု ဖြစ်လာမှာပါ။

ဒီ Workshop လေးကို...
➜ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့ (Me-Time) လိုအပ်နေသူတွေ
➜ ရုပ်ရှင်ကြည့်ရင်း စိတ်ပိုင်းဆိုင်ရာ ခရီးတိုလေး ထွက်ချင်သူတွေ
➜ ရင်ထဲပိတ်မိနေတဲ့ ခံစားချက်တွေကို လုံခြုံတဲ့နေရာလေးတစ်ခုမှာ မျှဝေချင်သူတွေ
➜ ကိုယ်တိုင်ဖော်ပြရခက်နေတဲ့ စိတ်အခြေအနေကို ရုပ်ရှင်ကတစ်ဆင့် ပြန်လည်နားလည်ချင်သူတွေ
➜ နယ်ပယ်ပေါင်းစုံက လူငယ်တွေနဲ့ တွေ့ဆုံပြီး အမြင်အတွေ့အကြုံတွေ ဖလှယ်ရင်း Network တိုးချဲ့ချင်သူတွေ
အတွက် အထူးသင့်တော်ပါတယ်။

📅 Date: 1 August 2026 (Saturday)
🕑 Time: 2:00 PM – 4:00 PM
📍 Venue: 521 (B), 3rd Floor, Shwe Gone Plaza, Shwe Gone Daing Road, Bahan Township, Yangon

📝 Registration Fee သတ်မှတ်ထားခြင်း မရှိပါ။
📌 စိတ်ဝင်စားပြီး တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Registration Form တွင် ဖြည့်စွက်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
🔗 Registration Form: [https://docs.google.com/forms/d/e/1FAIpQLScb9REDPokQYZKMjlCWyozpDttCUMSMOfc_pY736gLM0XuVWQ/viewform]

လူငယ်တွေအနေနဲ့ "မိမိတတ်နိုင်တဲ့ပမာဏနဲ့ ကိုယ်တိုင်ပါဝင်အားဖြည့်ခြင်း" ဆိုတဲ့ တန်ဖိုးရှိတဲ့ အလေ့အကျင့်ကောင်းလေးကို အတူဖော်ဆောင်နိုင်ဖို့ Pay What You Can အစီအစဉ်လေးကို ထည့်သွင်းထားပါတယ်။



🎬 Movie Reflection WorkshopThrive Together × YSSWThrive Together နဲ့ YSSW တို့ ပူးပေါင်းပြီး နယ်ပယ်ပေါင်းစုံက မတူညီတဲ့ လ...
28/07/2026

🎬 Movie Reflection Workshop

Thrive Together × YSSW

Thrive Together နဲ့ YSSW တို့ ပူးပေါင်းပြီး နယ်ပယ်ပေါင်းစုံက မတူညီတဲ့ လူငယ်တွေအတွက် Movie Reflection Workshop လေးကို ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာ ဘယ်လို Movie မျိုးကို အတူကြည့်ပြီး ဘယ်လို Reflection တွေ မျှဝေကြမလဲဆိုတာကတော့ ပါဝင်သူတိုင်းအတွက် စိတ်ဝင်စားဖွယ် အတွေ့အကြုံတစ်ခု ဖြစ်လာမှာပါ။

ဒီ Workshop လေးကို...
➜ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့ (Me-Time) လိုအပ်နေသူတွေ
➜ ရုပ်ရှင်ကြည့်ရင်း စိတ်ပိုင်းဆိုင်ရာ ခရီးတိုလေး ထွက်ချင်သူတွေ
➜ ရင်ထဲပိတ်မိနေတဲ့ ခံစားချက်တွေကို လုံခြုံတဲ့နေရာလေးတစ်ခုမှာ မျှဝေချင်သူတွေ
➜ ကိုယ်တိုင်ဖော်ပြရခက်နေတဲ့ စိတ်အခြေအနေကို ရုပ်ရှင်ကတစ်ဆင့် ပြန်လည်နားလည်ချင်သူတွေ
➜ နယ်ပယ်ပေါင်းစုံက လူငယ်တွေနဲ့ တွေ့ဆုံပြီး အမြင်အတွေ့အကြုံတွေ ဖလှယ်ရင်း Network တိုးချဲ့ချင်သူတွေ
အတွက် အထူးသင့်တော်ပါတယ်။

📅 Date: 1 August 2026 (Saturday)
🕑 Time: 2:00 PM – 4:00 PM
📍 Venue: 521 (B), 3rd Floor, Shwe Gone Plaza, Shwe Gone Daing Road, Bahan Township, Yangon

📝 Registration Fee သတ်မှတ်ထားခြင်း မရှိပါ။
📌 စိတ်ဝင်စားပြီး တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Registration Form တွင် ဖြည့်စွက်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
🔗 Registration Form: [https://docs.google.com/forms/d/e/1FAIpQLScb9REDPokQYZKMjlCWyozpDttCUMSMOfc_pY736gLM0XuVWQ/viewform]

လူငယ်တွေအနေနဲ့ "မိမိတတ်နိုင်တဲ့ပမာဏနဲ့ ကိုယ်တိုင်ပါဝင်အားဖြည့်ခြင်း" ဆိုတဲ့ တန်ဖိုးရှိတဲ့ အလေ့အကျင့်ကောင်းလေးကို အတူဖော်ဆောင်နိုင်ဖို့ Pay What You Can အစီအစဉ်လေးကို ထည့်သွင်းထားပါတယ်။



YSSW Social Cohesion Lab – Batch IStrengthening Social Cohesion Through Social Service Practice and Community Engagement...
28/07/2026

YSSW Social Cohesion Lab – Batch I

Strengthening Social Cohesion Through Social Service Practice and Community Engagement

မိမိတို့ရဲ့ အဖွဲ့အစည်း (သို့မဟုတ်) ရပ်ရွာအတွင်း ယုံကြည်မှု (Trust)၊ အကျုံးဝင်ခြင်း (Inclusion)၊ ပူးပေါင်းဆောင်ရွက်မှု (Collaboration) နဲ့ အပြန်အလှန်နားလည်မှု (Mutual Understanding) တွေဟာ အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။ Social Work ဆိုင်ရာလုပ်ငန်းများ၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများနဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများမှာ လုပ်ကိုင်နေသူတွေအတွက် Social Cohesion ကို နားလည်ပြီး လက်တွေ့အသုံးချနိုင်ခြင်းဟာ ယနေ့အချိန်မှာ ပိုမိုလိုအပ်လာပါတယ်။

YSSW Social Cohesion Lab မှာတော့ Social Cohesion ဆိုင်ရာ အခြေခံသဘောတရားများကို လုပ်ငန်းအတွေ့အကြုံများနဲ့ ချိတ်ဆက်လေ့လာနိုင်မယ့်အပြင် Harmony & Collaboration ကို အခြေခံပြီး ကိုယ့်ပတ်ဝန်းကျင်ရှိ မိတ်ဆွေအပေါင်းအသင်းလုပ်‌ဖော်ကိုင်ဖက်အချင်းချင်းကြားဖြစ်စေ၊ service users နှင့် ချိတ်ဆက်လုပ်ကိုင်ရသည့်အခါဖြစ်‌စေ လက်တွေ့အသုံးချနိုင်မယ့် Skills တွေကို အတူတကွ လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

📌 Training Details

📅 Date: August 8 & 9, 2026 (Saturday & Sunday)
🕘 Time: 9:00 AM – 4:30 PM (MMT)
✅ Training Fee : 50,000 MMK
📍 Platform : In-Person
📍 Venue : YSSW Resource and Development Center
📍 Address: 521(B), 3rd Floor, Shwe Gone Plaza, Shwe Gone Daing Road, Bahan Township, Yangon

💁 Registration: [https://forms.gle/sXgxJwHZs84MUvVX7]

Refreshments: နေ့လယ်စာ (Lunch) နှင့် Tea Break ကို စီစဉ်ပေးမည်ဖြစ်ပါသည်။

Training Curriculum ကို Social Work, Community Development, Humanitarian Action နှင့် Peacebuilding ကဏ္ဍများရှိ နိုင်ငံတကာအသိအမှတ်ပြု Frameworks များကို အခြေခံရေးဆွဲထားပြီး Myanmar Context နဲ့ ကိုက်ညီအောင် ပြင်ဆင်ထားတဲ့ Experiential Learning နည်းလမ်းများဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။

🌱 သင်တန်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ

✅ လူမှုဝန်ဆောင်မှုလုပ်ငန်းများတွင် Social Cohesion ကို လက်တွေ့အသုံးချနိုင်ခြင်း။
✅ Trust, Inclusion နှင့် Community Relationships များကို ခိုင်မာစေမည့် နည်းလမ်းများကို လေ့လာနိုင်ခြင်း။
✅ Ethical & Conflict-sensitive Practice Skills များကို လေ့ကျင့်နိုင်ခြင်း။
✅ Active Listening, Dialogue, Negotiation နှင့် Collaboration Skills များကို တိုးတက်စေခြင်း။
✅ Community Assets များကို ဖော်ထုတ်အသုံးချပြီး အဖွဲအစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်ခြင်း။
✅ မိမိအဖွဲအစည်း (သို့မဟုတ်) ရပ်ရွာအတွက် လက်တွေ့အသုံးချနိုင်မည့် Social Cohesion Action Plan တစ်ခု ရေးဆွဲနိုင်ခြင်း။

👥 ဘယ်သူတွေ တက်ရောက်သင့်သလဲ။

• Social Workers
• Community Facilitators
• CSO/CBO Staff
• Volunteers
• Youth-led Organizations
• Faith-based Organizations
• Social Service Providers
• Community Development Practitioners
• လူမှုအသိုက်အဝန်းအတွင်း ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုစည်းလုံးညီညွတ်မှုကို မြှင့်တင်လိုသူ မည်သူမဆို

💡 သင်ကြားပိုချမည့် ပုံစံ
သင်တန်းကို Lecture ပုံစံသာမက—
• Experiential Learning Activities
• Case Study Analysis
• Group Discussion
• Role Play
• Reflection & Collaborative Learning

တို့ဖြင့် ပါဝင်ဆွေးနွေး လေ့ကျင့်နိုင်မည့် Interactive Training ပုံစံဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

ထိုအပြင် ကဏ္ဍအသီးသီးမှ ပါဝင်သူများနှင့် အတွေ့အကြုံဖလှယ်ခြင်း၊ Network တည်ဆောက်ခြင်းနှင့် အချင်းချင်း သင်ယူနိုင်မည့် အခွင့်အရေးများလည်း ရရှိမည်ဖြစ်ပါသည်။

လူမှုအသိုက်အဝန်းအတွင်း ယုံကြည်မှု၊ ပါဝင်ခွင့်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်နားလည်မှု တိုကို မြှင့်တင်နိုင်ရန်အတွက် YSSW Social Cohesion Lab တွင် အတူတကွ လာရောက်သင်ယူပြီး ပိုမိုအားကောင်းသော လူမှုအသိုက်အဝန်းများကို အတူတကွ တည်ဆောက်ကြပါစို့။



Equal Sign at YSSW Venue Space 💛
27/07/2026

Equal Sign at YSSW Venue Space 💛

Address

Yangon

Telephone

+959793613100

Alerts

Be the first to know and let us send you an email when Yangon School of Social Work posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Yangon School of Social Work:

Shortcuts

Share

Category