09/02/2025
IGCSE ဆိုတာက UK စာမေးပွဲတစ်ခုဖြစ်ပါတယ်။
IGCSE ကိုအရှည်ကတော့ "International General Certificate of Secondary Education" ဖြစ်ပြီး အများစုက "နိုင်ငံတကာ အထက်တန်းအောင်လက်မှတ်" လို့ သိမှတ်ကြပါတယ်။
IGCSE မှာ O level & A level ဆိုပြီး နှစ်မျိုး ရှိပါတယ်။
ဒီနေ့မှာတော့ A Level အကြောင်းကို Teen Smart ကနေ ဝေမျှပေးသွားပါမယ်။
What is IGCSE A Level?
𝐀 𝐋𝐞𝐯𝐞𝐥 က တက္ကသိုလ်ဝင်ခွင့်အတွက် အရေးကြီးသော နိုင်ငံတကာအသိအမှတ်ပြု ပညာရေးစနစ်တစ်ခုဖြစ်ပြီး၊ UK အပါအဝင် နိုင်ငံအများအပြား မှာ အသိအမှတ်ပြုလက်ခံပါသည်။ 𝐆𝐂𝐒𝐄 (အလယ်တန်းပညာရေးအထွေထွေလက်မှတ်) ပြီးမြောက်ပြီးနောက် အသက် 𝟏𝟔-𝟏8 နှစ် ကြားရှိ ကျောင်းသားများက သင်ကြားလေ့လာနိုင်ကြပြီး တက္ကသိုလ်ဝင်ခွင့်ရရှိရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိရန် အထောက်အပံ့ဖြစ်စေပါတယ်။
𝐀 𝐋𝐞𝐯𝐞𝐥 ဘာသာရပ်များ
A Level သင်တန်းများတွင် ကျောင်းသားများစိတ်ဝင်စားမှုနှင့် မိမိတက္ကသိုလ် / အလုပ်အကိုင်လမ်းကြောင်းအတွက် သင့်လျော်သော ဘာသာရပ်များကို ရွေးချယ်နိုင်ပါသည်။ Math, English, Science, Economics, Business, ICT, Psychology စသည့် ဘာသာရပ်များ ပါဝင်နိုင်သည်။
𝐀 𝐋𝐞𝐯𝐞𝐥 သင်ကြားမှု
📌 အများအားဖြင့် ဘာသာရပ် 𝟑မျိုး၊𝟒မျိုး ကိုလေ့လာကြရပြီး ၎င်းတို့စိတ်ပါဝင်စားသော သို့မဟုတ် အသက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်သော နယ်ပယ်များကို အဓိကအထူးပြု လေ့လာကြရပါတယ်။။
သင်တန်းကာလ
✅ 𝐀 𝐋𝐞𝐯𝐞𝐥 သင်တန်းကြာချိန် - ၂ နှစ်
အဆင့်သတ်မှတ်မှု
✅ 𝐀 (အမြင့်ဆုံး)* မှ 𝐄 (အနိမ့်ဆုံး) အထိ အဆင့်သတ်မှတ်သည်။
𝐀 𝐋𝐞𝐯𝐞𝐥 ၏ ရည်ရွယ်ချက်
📌 𝐀 𝐋𝐞𝐯𝐞𝐥 သည် တက္ကသိုလ် ဝင်ခွင့်နှင့် တိုက်ရိုက်သက်ဆိုင်ပြီး ကျောင်းပြီးမြောက်နောက် အလုပ်အကိုင်များအတွက်လည်း အသုံးဝင်သည်။
𝐀 𝐋𝐞𝐯𝐞𝐥 အသိအမှတ်ပြုနိုင်ငံများ
🌍 UK, US, Canada, Australia အပါအဝင် Singapore, Germany, Netherlands, Malaysia စသည့် နိုင်ငံများအပြင် အခြားသော နိုင်ငံများတွင်လည်း အသိအမှတ်ပြုထား သည်။
A Level Class တွေ မကြာမီစတင်တော့မှာမို့ အားလုံးပဲ Stay tuned!!!
- -