Hikari Japanese Language School

Hikari Japanese Language School Hikari Japanese Language Center

Hotel Housekeeping (Building Cleaning ) နဲ့ အင်တာဗျူးများ ထပ်ခေါ်ဖို့ရှိပါတယ်ရှင်။ဂျပန်ဘာသာစကား Level(4) ကို JFT , JLPT ...
28/05/2026

Hotel Housekeeping (Building Cleaning ) နဲ့ အင်တာဗျူးများ ထပ်ခေါ်ဖို့ရှိပါတယ်ရှင်။
ဂျပန်ဘာသာစကား Level(4) ကို JFT , JLPT နှင့် အောင်မြင်ထားသူများ ၊ စိတ်ပါဝင်စားသူ မည်သူမဆို ဆက်သွယ်စုံစမ်းပြီး CV Form များဖြင့် လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါတယ်။

🏠အမှတ်(၃၀/A) ၊ ဒုတိယထပ် ၊ ဦးထွန်းလင်းခြံလမ်း ၊ လှည်းတန်းမှတ်တိုင် ၊ အင်းစိန်လမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️ 09 880 575 781

23.5.2026 ရက်နေ့က Hotel Housekeeping (Building Cleaning ) နဲ့ ဒုတိယအဖွဲ့ (၁၁)ယောက် အင်တာဗျူးဝင်တာ (၁၁)ယောက်လုံး (၁၀၀%) အ...
27/05/2026

23.5.2026 ရက်နေ့က Hotel Housekeeping (Building Cleaning ) နဲ့ ဒုတိယအဖွဲ့ (၁၁)ယောက် အင်တာဗျူးဝင်တာ (၁၁)ယောက်လုံး (၁၀၀%) အောင်မြင်တဲ့အတွက် HIKARI Japanese Language School မှ ဝမ်းမြောက်ဂုဏ်ပြုပါတယ်။💕💕💕💕💕

27/05/2026

(16.5.2026) Save the date.
Osaka မှာ Kaigo Scholarship 100% နဲ့language (1)နှစ် College (2)နှစ် ကျောင်းသွားတက်ကြတဲ့ ကျောင်းသူများ ကောင်းမွန်စွာရောက်ရှိကြပါပြီ။
ရောက်တာနဲ့တစ်ပတ်အတွင်းကျောင်းဘက်က အချိန်ပိုင်းအလုပ်တွေလည်းရအောင် ကူညီပေးထားလို့ စိတ်ချယုံကြည်ပြီးကျေးဇူးတင်ရပါတယ်။💕💕💕💕💕
ကျောင်းသူတွေအားလုံး အနာဂတ်ရည်မှန်းချက်တွေအောင်မြင်ပြည့်ဝကြပါစေလို့ HIKARI Japanese Language School ကနေ ဆုတောင်းပေးပါတယ်။

Osaka ကျောင်းကို full scholar Kaigo နဲ့ Language (1) နှစ် Collage (2)နှစ်ကျောင်းသွားတက်ကြမည့် HIKARI Japanese Language S...
18/05/2026

Osaka ကျောင်းကို full scholar Kaigo နဲ့ Language (1) နှစ် Collage (2)နှစ်ကျောင်းသွားတက်ကြမည့် HIKARI Japanese Language School မှကျောင်းသူများအတွက်များစွာ ဝမ်းမြောက်ဂုဏ်ပြုပါတယ်💕💕💕

Hotel Housekeeping (Building Cleaning) နဲ့ COE အောင်သွားကြတဲ့ HIKARI ရဲ့ ကျောင်းသူ ကျောင်းသားများအားလုံးအတွက် ရင်ထဲက လှိ...
10/05/2026

Hotel Housekeeping (Building Cleaning) နဲ့ COE အောင်သွားကြတဲ့ HIKARI ရဲ့ ကျောင်းသူ ကျောင်းသားများအားလုံးအတွက် ရင်ထဲက လှိုက်လှိုက်လှဲလှဲဝမ်းမြောက်ဂုဏ်ပြုပါတယ်🎉🎉🎉💕💕💕
Congratulations to you all.💕💕💕

🌕“ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ” ဆိုတဲ့အတိုင်း ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့လေ...
30/04/2026

🌕“ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ” ဆိုတဲ့အတိုင်း ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့လေးမှာ ကုသိုလ်
တရားတွေ ပွားများနိုင်ကြပါစေကြောင်း 𝐇𝐢𝐤𝐚𝐫𝐢 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

ဂျပန်မှာ နေထိုင်စရိတ် သက်သာအောင် ဘယ်လိုစီမံရမလဲ ❓ဂျပန်နိုင်ငံမှာ နေထိုင်တော့မယ်ဆို အဓိက အခက်အခဲဆုံးက "နေထိုင်စရိတ်" ကို ...
13/04/2026

ဂျပန်မှာ နေထိုင်စရိတ် သက်သာအောင် ဘယ်လိုစီမံရမလဲ ❓

ဂျပန်နိုင်ငံမှာ နေထိုင်တော့မယ်ဆို အဓိက အခက်အခဲဆုံးက "နေထိုင်စရိတ်" ကို စီမံခန့်ခွဲဖို့ပါပဲ။ ကုန်ဈေးနှုန်းကြီးတဲ့ ဂျပန်မှာ ပိုက်ဆံလည်း စုမိပြီး အသုံးစရိတ် ချွေတာနိုင်မယ့် အချက်လေးတွေကို Hikari မှ မျှဝေပေးလိုက်ပါတယ်။

🍱 ကိုယ်တိုင်ချက်ပြုတ်စားသောက်ပါ
အပြင်စာတွေက ဈေးကြီးတဲ့အပြင် ရေရှည်မှာရော ကျန်းမာရေးအတွက်လည်း မကောင်းလို့ Gyomu Super လိုမျိုး ဈေးချိုချိုသာသာနဲ့ ရောင်းတဲ့ စူပါမားကတ်တွေမှာ တစ်ပတ်စာ ဝယ်ထားပြီး ချက်စားတာက အသက်သာဆုံးပါ။

🏠 နေထိုင်စရိတ် (Accommodation) ကို လျှော့ချပါ
ကျောင်းသားတွေအနေနဲ့ အစပိုင်းမှာ Share House တွေမှာ နေတာက အဆောင်ခရော၊ မီးဖိုချောင်သုံးပစ္စည်း ကုန်ကျစရိတ်တွေပါ သက်သာစေပါတယ်။
အခန်းသီးသန့် ငှားမယ်ဆိုရင်လည်း ဘူတာရုံနဲ့ အရမ်းနီးတဲ့နေရာထက် (၁၀) မိနစ် သို့မဟုတ် (၁၅) မိနစ်လောက် လမ်းလျှောက်ရတဲ့ နေရာတွေက အိမ်လခ ပိုသက်သာတတ်ပါတယ်။

🚲 သွားလာစရိတ်အတွက် စက်ဘီးနဲ့ Commuter Pass ကို သုံးပါ
ဂျပန်မှာ ရထားခက ဈေးကြီးလို့ သွားနေကျ ကျောင်း သို့မဟုတ် အလုပ်အတွက်ဆိုရင် လစဉ်သုံး Commuter Pass (Teikiken) ဝယ်ထားတာက အကန့်အသတ်မရှိ စီးနိုင်လို့ တွက်ခြေကိုက်ပါတယ်။

ကဲ ဒါဆို ... ဂျပန်မှာ နေထိုင်စရိတ် သက်သာအောင် ဒီအချက်လေးတွေအတိုင်း လိုက်နာကြဖို့ Hikari မှ တိုက်တွန်းလိုက်ပါတယ်နော်။ 🤗

🇯🇵 𝐇𝐢𝐤𝐚𝐫𝐢 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥

⛩️ ရန်ကုန် - အမှတ်(၃၀/𝐀) ဒုတိယထပ် ဦးထွန်းလင်းခြံလမ်း လှည်းတန်းမှတ်တိုင် အင်းစိန်လမ်းမ
☎️ ဖုန်း : 𝟎𝟗 𝟕𝟕𝟖𝟕𝟐𝟏𝟖𝟏𝟑

⛩️တောင်ကြီး (𝐂𝐞𝐧𝐭𝐞𝐫 𝟏) - အမှတ် (၁)၊ နယ်မြေ (၆)၊ ဝါးပြားအောက်လမ်း၊ ကျောင်းကြီးစုရပ်၊ တောင်ကြီးမြို့။ ☎️ဖုန်းနံပါတ် - 𝟎𝟗 𝟒𝟒𝟗𝟗𝟒𝟕𝟖𝟒𝟕

⛩️တောင်ကြီး (𝐂𝐞𝐧𝐭𝐞𝐫 𝟐) - အခန်း (၄၀၁)၊ ရိုးမတိုက် (၁)၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်၊ တောင်ကြီးမြို့။
☎️ဖုန်းနံပါတ် - 𝟎𝟗 769 669 278

⛩️မြစ်ကြီးနား - အမှတ် (၃၇၈)၊ တောင်သူကြီးလမ်း၊ အေးစေတီ၊ မြစ်ကြီးနားမြို့။
☎️ဖုန်းနံပါတ် - 𝟎𝟗 𝟖𝟖𝟎𝟓𝟕𝟓𝟕𝟖𝟑, 𝟎𝟗 𝟕𝟕𝟎𝟓𝟎𝟐𝟖𝟑

ဂျပန်လူမျိုးတွေရဲ့ အသက်ရှည်ကျန်းမာပြီး ပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ရခြင်း လျှို့ဝှက်ချက် (၁၀) ချက်ဂျပန်လူမျိုးတွေဟာ ကမ္ဘာပ...
13/04/2026

ဂျပန်လူမျိုးတွေရဲ့ အသက်ရှည်ကျန်းမာပြီး ပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ရခြင်း လျှို့ဝှက်ချက် (၁၀) ချက်

ဂျပန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနဲ့ စိတ်ဖိစီးမှုအနည်းဆုံး ရှင်သန်နေထိုင်သူတွေထဲမှာ ပါဝင်ပါတယ်။ သူတို့ရဲ့ နေ့စဉ်ဘဝကို အဓိပ္ပာယ်ရှိစေတာကတော့ "Ikigai (အီကီဂိုင်း)" လို့ခေါ်တဲ့ ဘဝနေထိုင်မှု လမ်းစဉ်ကြောင့်ပါပဲ။

ဒီနေ့မှာတော့ ဂျပန်လူမျိုးတွေ လက်တွေ့ကျင့်သုံးနေတဲ့ "10 Rules of Ikigai" ကို မျှဝေပေးလိုက်ပါတယ်နော်။

🔹 ဝါသနာပါရာကို အမြဲလုပ်ပါ။
ကိုယ်တန်ဖိုးထားတဲ့ ဝါသနာနဲ့ အလုပ်တွေကို လက်မလွှတ်ပါနဲ့။ အလုပ်ရှိနေခြင်းက ဘဝရဲ့ ရည်ရွယ်ချက်ကို ပိုပေါ်လွင်စေပါတယ်။

🔹 အလောမကြီးပါနဲ့၊ အချိန်ယူပါ။
အမြဲတမ်း အလောတကြီး ဖြစ်နေတာက စိတ်ဖိစီးမှုပဲ တိုးစေလို့ တည်ငြိမ်စွာနဲ့ ဖြည်းဖြည်းချင်း လုပ်ဆောင်ခြင်းကသာ အောင်မြင်မှုဆီ အရောက်
လှမ်းနိုင်မှာပါ။

🔹 အစားကို အတိုင်းအတာနဲ့ စားပါ။
အစားကို အဝလွန်အောင် မစားဘဲ ဗိုက် ၈၀ ရာခိုင်နှုန်းလောက်ပဲ ပြည့်တဲ့အထိ စားခြင်းက ကျန်းမာခြင်းရဲ့ သော့ချက်ပါ။

🔹 မိတ်ဆွေကောင်းတွေနဲ့ အချိန်ပေးပါ။
မိတ်ဆွေကောင်းတွေနဲ့ စကားပြောခြင်း၊ အကြံဉာဏ်ဖလှယ်ခြင်းက စိတ်ဓာတ်ကျမှုကို ကာကွယ်ပေးတဲ့ အကောင်းဆုံးဆေးတစ်ခွက်ပါပဲ။

🔹 လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
နေ့စဉ် လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာမျိုးက အမြဲတမ်း တက်ကြွလန်းဆန်းနေစေမှာပါ။

🔹 အပြုံးနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းပါ။
အပြုံးဟာ ကိုယ့်ကိုယ်တိုင်တင်မကဘဲ ပတ်ဝန်းကျင်ကိုပါ Positive Energy တွေ ကူးစက်စေပါတယ်။

🔹 သဘာဝတရားနဲ့ နီးနီးကပ်ကပ်နေပါ။
"Shinrin-yoku" လို့ခေါ်တဲ့ သစ်တောထဲမှာ အချိန်ဖြုန်းခြင်းက စိတ်ဝိညာဉ်ကို ပြန်လည်နုပျိုစေပါတယ်။

🔹 ကျေးဇူးတင်စကား ပြောဖို့ မမေ့ပါနဲ့။
သေးငယ်တဲ့ အရာလေးတွေကအစ ကျေးဇူးတင်တတ်တဲ့ စိတ်ထားက နွေးထွေးတဲ့ လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ပေးပါတယ်။

🔹 လက်ရှိအချိန်မှာပဲ အာရုံစိုက်ပါ။
အတိတ်အတွက် နောင်တမရပါနဲ့၊ အနာဂတ်အတွက် မစိုးရိမ်ပါနဲ့။ အခု ရောက်ရှိနေတဲ့ အချိန်လေးကိုပဲ တန်ဖိုးထား ဖြတ်သန်းပါ။

🔹 အိမ်မက်နောက်ကို ရဲရဲဝံ့ဝံ့ လိုက်ပါ။
ကိုယ်ဘာအတွက် ဖြစ်တည်နေတာလဲဆိုတဲ့ ရည်ရွယ်ချက်ကို ရှာဖွေပြီး အကောင်းဆုံး ရှင်သန်လိုက်ပါ။

အဓိပ္ပာယ်ရှိတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ဖို့ ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ လက်တွေ့ကျင့်သုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ 🤗

၆ လဆိုတဲ့ အချိန်အတိုင်းအတာက ဘဝကို ပြောင်းလဲပေးနိုင်ပါတယ်။ 🇯🇵🚀ဂျပန်သွားဖို့ အိပ်မက်တွေရှိပြီး ဘယ်ကစရမလဲ မသေချာသေးဘူးဆိုရင...
13/04/2026

၆ လဆိုတဲ့ အချိန်အတိုင်းအတာက ဘဝကို ပြောင်းလဲပေးနိုင်ပါတယ်။ 🇯🇵🚀

ဂျပန်သွားဖို့ အိပ်မက်တွေရှိပြီး ဘယ်ကစရမလဲ မသေချာသေးဘူးဆိုရင်တော့…Hikari ရဲ့ May Intake Class က အကောင်းဆုံးရွေးချယ်မှုပါနော်။ ✨

👉 ဂျပန်စာကို အခြေခံကနေ JLPT Level အထိ တစ်ခါတည်း တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

🎯 Package (Level 5 & 4 )
⏳ ကြာချိန် – ၆ လ
🗓️ သင်တန်းရက် – Monday to Thursday
⏰ အချိန် –
• 9:00 AM – 11:00 AM (Level 5 & 4)
💰 သင်တန်းကြေး – ၅၅၀၀၀၀ကျပ်

📌 သီးသန့် Level တက်ချင်သူများအတွက်

🔰 Level 3 Class
⏳ ကြာချိန် – ၃ လ
🗓️ Monday to Thursday
⏰ 11:00 AM – 1:00 PM
💰 Fees – ၂၅၀,၀၀၀ ကျပ်

🔰 Level 2 Class
⏳ ကြာချိန် – ၃ လ
🗓️ Monday to Thursday
⏰ 1:30 PM – 3:30 PM
💰 Fees – ၃၀၀,၀၀၀ ကျပ်
🎁 T-shirt (၂) ထည် + စာအုပ်စာတမ်း အပြီးအစီး ပါဝင်ပြီးသားဖြစ်ပါတယ်။

🧑‍🏫 ဆရာမတွေက တစ်ယောက်ချင်းစီကို ဂရုစိုက်သင်ကြားပေးမယ့်အပြင် လိုအပ်တဲ့ သင်ထောက်ကူတွေ အားလုံးပါဝင်ပြီးသားဖြစ်လို့ ကြိုးစားချင်
စိတ်တစ်ခုသာလိုအပ်ပါတယ်နော်။ ✨

ဂျပန်စာကို တကယ်တတ်မြောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရယူချင်တယ်ဆိုရင် May 7 ရက်နေ့မှာ Class စဖွင့်မှာဖြစ်လို့ လူမပြည့်ခင် အမြန်ဆုံး စာရင်းလာသွင်းလိုက်တော့။ 🤗

📌အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်။

🇯🇵 𝐇𝐢𝐤𝐚𝐫𝐢 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥

⛩️ ရန်ကုန် - အမှတ်(၃၀/𝐀) ဒုတိယထပ် ဦးထွန်းလင်းခြံလမ်း လှည်းတန်းမှတ်တိုင် အင်းစိန်လမ်းမ
☎️ ဖုန်း : 𝟎𝟗 𝟕𝟕𝟖𝟕𝟐𝟏𝟖𝟏𝟑

⛩️ တောင်ကြီး 🏠 အမှတ်(၇/၁၈၃) ၊ ပတ္တမြားလမ်း ၊ ရွှေသူဌေးကုန်း ၊ ကျောင်းကြီးစုရပ် ၊ တောင်ကြီးမြို့။
☎️ဖုန်းနံပါတ် -09 449947847

⛩️မြစ်ကြီးနား - အမှတ် (၃၇၈)၊ တောင်သူကြီးလမ်း၊ အေးစေတီ၊ မြစ်ကြီးနားမြို့။
☎️ဖုန်းနံပါတ် - 𝟎𝟗 𝟖𝟖𝟎𝟓𝟕𝟓𝟕𝟖𝟑, 𝟎𝟗 𝟕𝟕𝟎7𝟓𝟎𝟐𝟖𝟑

💦နှစ်သစ်ကူးအတာသင်္ကြန် အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး မင်္ဂလာအပေါင်းခညောင်းပါစေကြောင်း...
13/04/2026

💦နှစ်သစ်ကူးအတာသင်္ကြန် အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး မင်္ဂလာအပေါင်းခညောင်းပါစေကြောင်း HikariJapaneseLanguageSchoolမှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။🙏

#

Address

No. 30A, 2 Floor, U Htun Lin Chan Street, Hledan Busstop, Insein Road, Kamayut Township
Yangon
11041

Telephone

+959880575781

Website

Alerts

Be the first to know and let us send you an email when Hikari Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share