YKD Japanese Language Education Center

YKD Japanese Language Education Center Japanese Language Online Teaching,

Personal Teaching Training,

Educational Consultant

YKD JLEC
(Japanese Language Education Center)

No. 157, 9th Street Ayear Road, Nya Quarter
North Oakkalapa Tsp, Yangon
Contact No : +959 267 811 194
E Mail : [email protected]

洋服技術用語အဝတ်အစားနည်းပညာဆိုင်ရာ အသုံးအနှုန်းများအားနဲနဲချင်းလေး လေ့လာမှတ်သားကြည့်ကြမလား....
22/12/2024

洋服技術用語
အဝတ်အစားနည်းပညာဆိုင်ရာ အသုံးအနှုန်းများအား
နဲနဲချင်းလေး လေ့လာမှတ်သားကြည့်ကြမလား....

🍁Japanese Speaker Staff ....5Posts🍁Hlaing Tharyar မြို့နယ် ရွှေလင်ပန်းစက်မှုဇုံ နှင့် Shwe Pyi Thar မြို့နယ်တို့တွင် Jap...
07/12/2024

🍁Japanese Speaker Staff ....5Posts🍁

Hlaing Tharyar မြို့နယ် ရွှေလင်ပန်းစက်မှုဇုံ နှင့် Shwe Pyi Thar မြို့နယ်တို့တွင် Japanese Speaker Staff (5 Posts) ခေါ်ယူပါမည်...

Quality Control (QC) Department (ချုပ်လုပ်ပြီးစီးထားသောအထည်များအား စစ်ဆေးမှုပြုလုပ်ခြင်း) တွင် အလုပ်လုပ်ကိုင်ရန် ဂျပန်ဘာသာစကား N3 နှင့်အထက် (N3 အောင်လက်မှတ် မရှိသော်လည်း စကား ပြောနိုင် လျှင် အဆင်ပြေပါတယ် )

✅ ကွန်ပျူတာ ရုံးသုံး MS Office Excel အသုံးပြုနိုင်ရမည်။

✅ Email အသုံးပြုနိုင်ရမည်။ (Japanese / English / Myanmar )

✅ ယခင် ဂျပန်Company များနှင့် အထည်ချုပ်လုပ်ငန်းတွင်အတွေ့အကြုံ မရှိသည်ဖြစ်စေ Senior အစ်ကို၊ အစ်မများမှ အသေးစိတ် သင်ကြားမှု ပြုလုပ် ပေးမည်။

🔸Salary - ညှိနှိုင်း (အရည်အချင်း အပေါ်မူတည်ပြီး ညှိနှိုင်းပေးပါမည်...)

🔸Contract - မရှိ

အချက်အလက် ကိုက်ညီသည့် လျှောက်ထားလိုသူများသည်
+959 450 024 914 သို့ ☎ / Viber မှတဆင့် CV form ပေးပို့ပြီး ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

မှတ်ချက်။ ။
အဓိက ယူဆောင် လာရမည့်အရာ..... အသင်းအဖွဲ့ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်လိုစိတ်💯











#ဂျပန်ဘာသာစကား

#ဂျပန်အလုပ်အကိုင်

#အထည်ချုပ်လုပ်ငန်း

#အထည်ချုပ်စက်ရုံ

#စကားပြန်အလုပ်

🎌 YKD JLEC 🎌 မှ Japanese Basic ပညာဒါန  100% Free Batch2🇯🇵 Japanese Language Basic 100% 🇯🇵*******************************...
25/11/2022

🎌 YKD JLEC 🎌 မှ
Japanese Basic ပညာဒါန 100% Free Batch2
🇯🇵 Japanese Language Basic 100% 🇯🇵
***************************************
ပညာဒါန အတန်းဖွင့်ပေးတော့မှာဖြစ်ပါတယ်

ဂျပန်စာကိုထိထိရောက်ရောက် အခြေခံမှစပြီး
လေ့လာချင်သူများအတွက်

သင်ကြားပေးမည့်အကြောင်းအရာများ
************************************
- Hiragana Reading & Writing

- Katakana Reading & Writing

- နေ့စဉ် နှုတ်ခွန်းဆက်များ

- စာသင်ခန်းသုံး ဝေါဟာရများ

- ကိန်းဂဏန်းနှင့် ရေတွက်နည်းများ

- နေ့ / ရက် / လ / နှစ် အခေါ်ဝေါ်များရေတွက်ပုံ

သင်တန်းကာလ
***************
3 Weeks

သင်တန်းစတင်မည့် နေ့ရက်
*************************
5th December 2022

သင်တန်းချိန်
************
7:30pm မှ 9:00pm ( တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)

Basic class ဆိုပေမယ့် ဘာသာစကား တစ်ခုကို စတင် သင်ကြားရာတွင် အဓိကလိုအပ်မည့် အခြေခံများ အားလုံး ပါဝင်မှာဖြစ်ပြီး (N5) အတန်း တက်ရောက် သင်ယူ ရာတွင် လုံးဝ အခက်အခဲမရှိစေရန်အတွက် စနစ်တကျ သင်ကြားပေးမည် ဖြစ်ပါတယ်
Zoom ဖြင့် Live Streaming သင်ကြားပေးမည်ဖြစ်သည့်အတွက် မရှင်းလင်းသောအကြောင်းအရာ များအား ချက်ချင်း မေးမြန်းနိုင်ပြီး ဆရာနှင့် တိုက်ရိုက် ဆွေးနွေး နိုင်မှာ ဖြစ်ပါတယ်

အိမ်စာတွေကတော့ အမြဲ ပေးနေမှာမို့ သေချာ ကြိုးစား သင်ယူ လေ့ကျင့် ဖို့တော့ လိုအပ်ပါမယ်

သင်တန်းကာလ အနေနဲ့ ၃ ပတ်တာကြာမြင့်ပါမယ်

ထိထိရောက်ရောက်သင်ကြားနိုင်ရေးအတွက်
လူဦးရေကတော့ အကန့်အသတ် ရှိပါတယ်

ပညာဒါနသင်တန်းတွင် တက်ရောက်မည့် ကျောင်းသား/သူများ လိုက်နာဆောင်ရွက်ရန်များ-

- အိမ်စာနှင့် လေ့ကျင့်ခန်းအားနေ့စဉ်ပုံမှန်လုပ် ရန်နှင့် Deadline မတိုင်မှီထပ်ပေးရမည်

- zoom application နှင့် telegram application ကြိုတင် download ဆွဲထားရန်လိုအပ်ပါမည်

- သင်တန်းပျက်ကွက်လျှင် ကြိုတင် ခွင့်တိုင် ကြားရန်

- အကြောင်းကြားချင်းမရှိပဲ ၃ ရက် နှင့်အထက်ပျက်ကွက်လျှင် ပညာဒါန class မှ ထုတ် ပယ်သွားပါမည် ဖြစ်ပါသည်

- Zoom Class သင်ကြားခြင်း မတိုင်မီ ၁၅မိနစ် စော၍ Zoom Meeting Link ချပေးထားမည် ဖြစ်သည့်အတွက် အချိန်မှီ ဝင်လာပေးကြရန်

- သင်တန်းမှ သင်ကြားသော စာ၊ ရုပ်သံနှင့် သင်ထောက်ကူ စသည်တို့အား မည့်သည့် Social Media နေရာတွင်မှ ဖြန့်ဝေခြင်း မပြုလုပ်ရန်

သင်တန်းစုံစမ်းရန်အတွက် ဖုန်းဖြင့်ခေါ်ဆို ဆက်သွယ်၍ဖြစ်စေ၊ Chat Box တွင်ဖြစ်စေ အသေးစိတ် စုံစမ်း မေးမြန်း နိုင်ပါတယ်

မိမိ၏ ဂျပန်ဘာသာစကား၏ အသံထွက်အား ပြန်လည်လေ့ကျင်လိုသူများ လည်း ပညာဒါန အတန်းမှ ကြိုဆိုပါတယ်

သင်တန်းအပ်နှံလိုသူများသည် chat box တွင် Add me (2022.12.5) လို့ရိုက်နှိပ်ပြီး Message ပို့ပေးပါခင်ဗျာ…..


language
school
basic

Posts မျာအား like & share ပြုလုပ်ပေးပါသော၊
သင်တန်းအပ်နှံထားသော ကျောင်းသာ/သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးပင် ကျေးဇူးတင် ရှိပါတယ်ခင်ဗျာ.. 🙏🏼🙏🏼🙏🏼
********************************************

https://youtube.com/

ဂျပန် ဘာသာစကား လေ့လာနေသူများ ဆုံဆည်းရာ

https://www.facebook.com/groups/616937556334345/?ref=share_group_link

☝🏼 Let's study Japanese Language from beginner level with YKD JLEC✅ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက် ပညာသင်ယူရန်အတွက်ဖြစ်စေ၊✅အလုပ်သွားရ...

24/11/2022

🎌 စားသောက်ဆိုင်လုပ်ငန်း TokuteiGino Visa ဖြင့်

အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသောသူများ လာရောက်လျှောက်ထား နိုင်ပါတယ်🤗

✅ အမြန်လိုအပ်သည့်အတွက် သတ်မှတ်ထား​သော အောင်လက်မှတ် ရှိသူများလက်မလွှတ်သင့်သည့်
အခွင့်အ​ရေးပါ​

➡️ စားသောက်ဆိုင်လုပ်ငန်းအတွက် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများ….🆗

✅ Tokutei Gino စားသောက်ဆိုင်လုပ်ငန်းစာမေးပွဲ​အောင်လက်မှတ်ရှိသူ
✅ JLPT N4 (or)JFT A2 ​အောင်လက်မှတ်ရှိသူ

✅ Training Visa ဖြင့် စားသောက်ကုန်ထုတ်စက်ရုံတွင် ၃နှစ်တာအလုပ်လုပ်ကိုင်ခဲ့ပြီး၊ ကျွမ်းကျင်အောင်လက်မှတ်ရှိသူ

CV From တင်ရန် လိုအပ်ချက်များ

- မှတ်ပုံတင်မိတ္ထူ 1 စုံ(A4 Size)

- အိမ်ထောင်စုစာရင်း မိတ္ထူ 1 စုံ(​A4 Size)

- အောင်လက်မှတ်မိတ္တူများ

- ဓာတ်ပုံ (30x40)mm 2 ပုံ (အဖြူနောက်ခံ)

- ဖောင်ကြေး 5000 ကျပ်

လျှောက်ထားလိုသူများသည်👇👇👇

YKD JLEC ဂျပန်ဘာသာသင်တန်းကျောင်း

အမှတ်-၄၃၃၊ဘုမ္မာလမ်းသွယ် ၈လမ်း၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

စုံစမ်းမေးမြန်းရန်……09 267 811 194

မှတ်ချက်။ ။

- 2022-December တွင် Interview ရှိမည်🥰

14/11/2022

😬😬 Passport VIP အမြန်ဝန်ဆောင်မှု လည်းပေးနေပါပြီနော်👇🏼👇🏼👇🏼👇🏼

✅ Ps, Pv, PJ, PE အသစ်

✅ သက်တမ်းတိုး

✅ အပျောက် လျှောက်

✅ စာအုပ်ချိန်း

✅ data ချိန်း

- လုံးဝတန်းစီစရာမလိုခြင်း

- နေ့ချင်းပြီးစလစ်ရခြင်း

- ရုံအတွင်းတွင် ငွေထပ်မံ သွင်းစရာမလိုခြင်း (အပြီးအစီး service)

- စရံငွေအားကြိုတင်လွှဲစရာမလိုအပ်ခြင်း

စျေးနှုန်းနဲ့အသေးစိတ်အတွက် စုံစမ်းမေးမြန်းရန် -

- 09 267 811 194

မှတ်ချက်။ ။

ကာယကံရှင်ဘက်မှ ထိန်ချန်ထားသည့်အကြောင်းတစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ….

14/11/2022

✅ စားသောက်ဆိုင်လုပ်ငန်း TokuteiGino Visa ဖြင့်

အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသောသူများ CV ဖောင်လာတင်ပေးကြပါ​နော်🤗

အမြန်လိုအပ်သည့်အတွက် သတ်မှတ်ထား​သော အောင်လက်မှတ် ရှိသူများလက်မလွှတ်သင့်သည့်အခွင့်အ​ရေးပါ​

✅ စားသောက်ဆိုင်လုပ်ငန်းအတွက် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများ….

- Tokutei Gino စားသောက်ဆိုင်လုပ်ငန်းစာမေးပွဲ​အောင်လက်မှတ်ရှိသူ
- JLPT N4 (or)JFT A2 ​အောင်လက်မှတ်ရှိသူ
- Training Visa ဖြင့် စားသောက်ကုန်ထုတ်စက်ရုံတွင် ၃နှစ်အလုပ်လုပ်ကိုင်ပြီး၊ ကျွမ်းကျင်အောင်လက်မှတ်ရှိသူ

CV From တင်ရန် လိုအပ်ချက်များ

- မှတ်ပုံတင်မိတ္ထူ 1 စုံ(A4 Size)
- အိမ်ထောင်စုစာရင်း မိတ္ထူ 1 စုံ(​A4 Size)
- အောင်လက်မှတ်မိတ္တူများ
- ဓာတ်ပုံ (30x40)mm 2 ပုံ (အဖြူနောက်ခံ)
- ဖောင်ကြေး 5000 ကျပ်

လျှောက်ထားလိုသူများသည်လူကိုယ်တိုင်👇👇👇

YKD JLEC ဂျပန်ဘာသာသင်တန်းကျောင်း

အမှတ်-၄၃၃၊ဘုမ္မာလမ်းသွယ် ၈လမ်း၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

စုံစမ်းမေးမြန်းရန်……09 267 811 194

မှတ်ချက်။ ။

- 2022-December တွင် Interview ရှိမည်🥰

🎌 နေ့စဉ် နှုတ်ခွန်းဆက် (Aisatsu )ကိုယဉ်ကျေးမှုတစ်ခု အနေဖြင့် လိုက်နာ ကျင့်သုံးနေတဲ့ ဂျပန်လူမျိုးတွေကြားထဲမှာ ယုံကြည်မှုရ...
01/10/2022

🎌 နေ့စဉ် နှုတ်ခွန်းဆက် (Aisatsu )ကိုယဉ်ကျေးမှုတစ်ခု အနေဖြင့် လိုက်နာ ကျင့်သုံးနေတဲ့ ဂျပန်လူမျိုးတွေကြားထဲမှာ ယုံကြည်မှုရှိရလေအောင်👇🏼👇🏼👇🏼👇🏼👇🏼👇🏼👇🏼👇🏼

✅ နေ့စဉ် အခြေခံနှုတ်ခွန်းဆက်နှင့် သက်ဆိုင်သော စကားစုများနှင့် အဓိပ္ပာယ်ရှင်းလင်းချက်⛩️ များအား YouTube Channel တွင်ဝင်ရောက်လေ့လာနိုင်ပါပြီ……🥰🥰🥰

YouTube Channel

https://youtu.be/o3gIN9llHqY

✅ လုပ်ငန်းပိုင်း စကားပြောဆိုခြင်း ဆိုင်ရာ စကားစုများ YouTube https://youtu.be/VkszwV1_3Eg
26/09/2022

✅ လုပ်ငန်းပိုင်း စကားပြောဆိုခြင်း ဆိုင်ရာ စကားစုများ

YouTube

https://youtu.be/VkszwV1_3Eg

🍁 ဂျပန်ဘာသာစကားကို လေ့လာနေကြပါတယ်ဆိုတဲ့ ကျောင်းသားလူငယ်လေးတွေ တော်တော်များများ နှင့် စကားတွေ ပြောဖြစ်ပါတယ် တွေ့ကြ ဆုံကြ ...
21/09/2022

🍁 ဂျပန်ဘာသာစကားကို လေ့လာနေကြပါတယ်ဆိုတဲ့ ကျောင်းသားလူငယ်လေးတွေ တော်တော်များများ နှင့် စကားတွေ ပြောဖြစ်ပါတယ် တွေ့ကြ ဆုံကြ တယ်ပေါ့နော်…

🍁 တော်တော်များများ တော်ကြပါတယ်…
vocabularies တွေလည်း အရမ်းကြွယ်ဝကြတယ်…

🍁 လေယူလေသိမ်း အသံထွက်လေးတွေဆိုလည်း အရမ်းကောင်းတယ်…

🍁 Kanji တွေဆိုရင်လည်း ပိုင်နိုင် ကြတာကိုတွေရပါတယ်….

🪷 တစ်ခုတော့ စိုးရိမ်မိတာလေးတော့ ရှိတယ်။ ။

👊🏼 ဘာလဲဆိုတော့ ဘာသာစကားတစ်ခု ဒါမှမဟုတ် စကားပြောဆိုဆက်ဆံရာမှာ ကျွမ်းကျင်ပိုင်နိုင်တယ် ဆိုတာက စကားလုံး အမြင့်ဝေါဟာရတွေကို သုံးမှ၊ခေတ်စကားလုံးတွေ Modern Japanese Vocabularies တွေကို သုံးနိုင်မှ မဟုတ်ပါဘူး☝🏼

🍀 ကာလံ ဒေသံ အဂ္ဃံ ဆိုတဲ့ ဆိုရိုးစကားနှင့် အညီ မိမိ သင်ယူလေ့လာ တတ်မြောက်ထားတဲ့ Level အတွင်းမှာပင် အံဝင်ခွင်ကျ ဖြစ်အောင် အသုံးပြုကာ ပြောဆိုဆက်ဆံ ကြမယ်ဆိုရင်တော့ ထက်သာလွန်
ကောင်းမွန်ကြမှာ အမှန်ပါပဲ….🌱🌱

🍁 မြန်မာစာ မြန်မာစကားမှာဆိုရင် လည်းအများကြီးရှိပါတယ်

ဥပမာအားဖြင့်👇🏼

[ကျေးဇူးတင်ပါတယ်] [ကျေးဇူးပါ] [ကျေးဇူးပဲ] စသည်တို့ကို အသုံးပြု ပြောဆိုရာမှာ အရမ်းအရေးကြီးပါတယ်….

👉🏼 ကျေးဇူးတင်ပါတယ်လို့ အရှည်ကြီးမပြောရင်တောင် မှ ကျေးဇူးပါဗျတို့ ကျေးဇူးပါရှင့် စသည်ဖြင့် သုံးကြပါတယ်…

👉🏼ကျေးဇူးပဲ ဆိုတဲ့ ဝေါဟာရဟာဆိုရင်ဖြင့် တော်တော်လေး အထက်စည်း ဆန်လှပါတယ်…⁉️

အဲ့ဒီလို အသုံးအနှုန်းအား မိမိထက် သက်ကြီးဝါကြီးသောသူ၊ ရာထူးအားဖြင့် ကြီးမြတ်သောသူ တွေကိုမဆိုထားနှင့် ရွယ်တူ တန်းတူများကိုပင် သုံး ရန်မသင့်တော်ပါ…🆖⚠️‼️

ထိုနည်းလည်းကောင်းပါပဲ ….

👉🏼 ဂျပန်ဘာသာ စကားကို ပြေဆိုရာတွင်လည်း အရမ်းသတိထားပြီး သုံးနှုန်း ရမည့် စကားလုံးတွေ အခြေခံအဆင့်မှာပင် အများကြီးရှိပါတယ်

✅ ဂျပန်လူမျိုးတွေဟာဆိုလျှင် သူတို့တတွေရဲ့ အသားအရေဟာဆိုလျှင် အရမ်း Delicate ဖြစ်ပါတယ်…
✅ ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာ ဆိုလျှင်လည်း အရမ်း Sensitive ဖြစ်ကြပါတယ်…

✅ စည်းမျဉ်းစည်းကမ်း ဥပဒေ ရယ်လို့ ထုတ်ပြန်ထား ခြင်းမရှိသည့်တိုင် အခြေခံ Manner လေးတွေကို ဖြင့် အရမ်းလိုက်နာကျင်သုံးကြတဲ့လူမျိုးတွေပါ….

⛩️ အဲ့ဒီလိုနိုင်ငံကိုမှ သွားရောက် ပညာသင်ယူမယ်၊ အလုပ်သွားရောက် လုပ်ကိုင် ကြမယ်လို့ ရည်ရွယ် ချက် ရှိထားသူများအနေဖြင့် သူ့နိုင်ငံရဲ့ယဉ်ကျေးမှု၊နေထိုင်မှု ပုံစံ စသည်တို့အား လေ့လာသင်ယူမှတ် သား ထားရန် အလွန် အရေးကြီးပါတယ်….

🍁 ကောင်းမွန်သော နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေ 🍁

ဆက်လက်မျှဝေသွားပါဦးမည်…… Z N S

ဂျပန်ဘာသာစကားကို စတင်လေ့လာလိုသူများအတွက်🫣 YouTube Channel မှာဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါတယ်…YKD JLEC YouTube Channel ...
20/09/2022

ဂျပန်ဘာသာစကားကို စတင်လေ့လာလိုသူများအတွက်

🫣 YouTube Channel မှာဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါတယ်…

YKD JLEC YouTube Channel

https://youtube.com/channel/UCiST1UJjUCiZ7Ub2gDOrydw

✅ အကျိုးရှိခဲ့တယ်ဆိုရင် Like , Subscribe & Share လုပ်ပေးဖို့အတွက်လည်း တောင်းဆိုပါရစေနော်😍😍😍

Let's study Japanese Language from beginner level with YKD JLEC

19/09/2022

နေ့စဉ်နှုတ်ခွန်းဆက်နှင့် အခြေခံနှုတ်ခွန်းဆက်များ

毎日の挨拶と会話表現 2

Address

8th Street Bommar Road, North Oakkalapa Township
Yangon
111111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959267811194

Alerts

Be the first to know and let us send you an email when YKD Japanese Language Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to YKD Japanese Language Education Center:

Shortcuts

Share