Cockatoo - Study Abroad

Cockatoo - Study Abroad Student Recruitment Service

Why Study in Thailand?ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှတွင် တည်ရှိပြီး ကိုလိုနီနယ်ချဲ့ လက်အောက်ခံမဟုတ်၊ အမြဲတမ်း အမှီအခို...
09/06/2022

Why Study in Thailand?

ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှတွင် တည်ရှိပြီး ကိုလိုနီနယ်ချဲ့ လက်အောက်ခံမဟုတ်၊ အမြဲတမ်း အမှီအခိုကင်းသော နိုင်ငံဖြစ်ခြင်းကြောင့် သံတမန်ရေးရာ ကျွမ်းကျင်မှုနှင့် ထူးခြားသော ဧည့်ဝတ်ပြုမှု ယဉ်ကျေးမှုကို ဖော်ထုတ်ခဲ့သည်။

ထိုင်းနိုင်ငံသည် ၎င်း၏လူမျိုးများ၏ ဖော်ရွေမှုကြောင့် “အပြုံးများသောပြည်” ဟု လူသိများသည်။ သို့သော်လည်း ဒေသခံပြည်သူများ၏ ဖော်ရွေမှုမှာ ထိုင်းနိုင်ငံတွင် ပညာသင်ကြားရန် တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ပါ။ ထိုင်းနိုင်ငံသည် နိုင်ငံတကာကျောင်းသားများအတွက် အကျိုးကျေးဇူးများစွာနှင့် ဆွဲဆောင်မှုများစွာကို ပေးဆောင်သည်။

✔️ ပညာရေး

အာရှနိုင်ငံများစွာကဲ့သို့ပင် ထိုင်းနိုင်ငံတွင် ပညာရေးသည် အလွန်တန်ဖိုးရှိပြီး အလွန်အရေးကြီးပါသည်။ ထိုင်းအစိုးရ၏ ရည်မှန်းချက်မှာ နိုင်ငံ၏ ခိုင်မာသော စီးပွားရေးနှင့် ခေတ်မီတိုးတက်မှု၏ ရလဒ်ဖြစ်ဖွယ်ရှိသော ထိုင်းတက္ကသိုလ်များကို သိပ္ပံနှင့်နည်းပညာ၏ ရှေ့တန်းမှ ထားရှိရန်ဖြစ်သည်။

နိုင်ငံတကာ ကျောင်းသား အများအပြားသည် ထိုင်းနိုင်ငံတွင် ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လေ့လာရန် ထိုင်းနိုင်ငံသို့ သွားရောက်ကြပြီး၊ အရှေ့တောင်အာရှတွင် ဤအကြောင်းအရာများတွင် လုပ်ဆောင်နေသည့် အလုပ်အများစုမှာ ထိုင်းနိုင်ငံတွင် ဖြစ်နေပါသည်။

✔️ စီးပွားရေး

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် စီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ခေတ်မီလူ့အဖွဲ့အစည်းတွင် လျင်မြန်သောအပြောင်းအလဲများကို ကြုံတွေ့နေရသည်။ လူနေမှုစရိတ်သည် အလွန်လျော့နည်းသောကြောင့် ၎င်းသည် ဘတ်ဂျက်အကန့်အသတ်ဖြင့် နိုင်ငံတကာကျောင်းသားများအတွက် အများဆုံးရယူနိုင်ပြီး ပြည့်စုံသောနေရာဖြစ်လာသည်။

✔️ ယဉ်ကျေးမှု

ထိုင်းနိုင်ငံသည် ရှေးခေတ်နှင့် ခေတ်သစ်ယဉ်ကျေးမှု၏ ပေါင်းစပ်မှုတစ်ခုဖြစ်သည်။ မြို့ကြီးများတွင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများသည် စေတီပုထိုးများနှင့် စျေးဝယ်စင်တာများနှင့် ဘေးချင်းကပ်လျက် ရှိနေကြသည်။ ထိုင်းနိုင်ငံသည် ၎င်း၏အတိတ်နှင့် ပစ္စုပ္ပန်ကြားတွင် ကွဲပြားသော အခွင့်အလန်းများကို ပေးစွမ်းပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် မျှတစွာ ဟန်ချက်ညီညီ ထိန်းကျောင်းပေးသည့် နယ်ပယ်တစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံသည် သမိုင်းကို စိတ်ဝင်စားသော နိုင်ငံတကာ ကျောင်းသားများအတွက်သာမက ခေတ်မီတိုးတက်မှု အရသာကိုနှစ်သက်သောသူများ အတွက် အထူးသင့်လျော်ပါသည်။

✔️ အခြာသောအရာများ

ထိုင်းနိုင်ငံတွင် ပညာသင်ကြားရခြင်း၏ အခြားသော အကြောင်းအရင်းများမှာ -

▪️သဘာဝတရား - ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းများရှိသည်။ ကမ်းခြေများမှ လှပသောတောင်တန်းများအထိ ထိုင်းနိုင်ငံသည် လူတိုင်းအတွက် သဘာဝအလှတရား တစ်ခုမဟုတ်တစ်ခုရှိသည်။

▪️အစားအစာ - ထိုင်းအစားအစာများသည် အရသာအမျိုးမျိုးရှိပြီး အများအားဖြင့် အလွန်စျေးသက်သာပါသည်။ ယေဘူယျအားဖြင့်ပြောရလျှင် အပူပိုင်းဒေသ အသီးအနှံများစွာဖြင့် နိုင်ငံတကာကျောင်းသားများ စားသုံးလေ့ ရှိကြသည်ထက် ကျန်းမာရေးနှင့်ညီညွတ်သည်။

▪️ရာသီဥတု - ထိုင်းနိုင်ငံ၏ ရာသီဥတုမှာ တစ်နှစ်ပတ်လုံး သာယာသည်။ ၎င်းသည် အပူပိုင်းဒေသဖြစ်ပြီး ယေဘုယျအားဖြင့် ခြောက်သွေ့ရာသီတွင် ခြောက်လ သို့မဟုတ် ထို့ထက်ပိုပါသည်။

▪️ကမ်းခြေများ - ထိုင်းနိုင်ငံရှိ ကမ်းခြေများသည် ကမ္ဘာပေါ်တွင် အလှဆုံးများထဲပါပြီး ထိုင်းနိုင်ငံတွင် မည်သည့်နေရာ၌မဆို ကမ်းခြေနှင့် မဝေးလှပါ။

▪️တည်နေရာ - ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ နိုင်ငံတကာ လမ်းဆုံလမ်းခွများတွင် တည်ရှိပြီး ထိုနေရာတွင် လေ့လာနေသော နိုင်ငံတကာ ကျောင်းသားများအတွက် အရှေ့တောင်အာရှကို ပိုမိုပြည့်စုံစွာ စူးစမ်းလေ့လာရန် လွယ်ကူစေသည်။

ဒါကြောင့် အချိန်မဆွဲပဲ Cockatoo Study Abroad (CSA) နဲ့အတူ ထိုင်းနိုင်ငံတွင် သင်ရဲ့ပညာရေးခရီးကို တည်ဆောက်လိုက်ပါ။

အသေးစိတ်သိရှိလိုသည်များရှိပါက 09 4200 333 66 မှဖြစ်စေ၊ Cockatoo Study Abroad ရဲ့ Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Cockatoo Study Abroad (CSA) သည် ကျောင်းသူကျောင်းသားတိုင်းအတွက် နိုင်ငံခြားသို့ ပညာသင်ကြားရန် လိုအပ်သော ဝန်ဆောင်မှုများကိ...
06/04/2022

Cockatoo Study Abroad (CSA) သည် ကျောင်းသူကျောင်းသားတိုင်းအတွက် နိုင်ငံခြားသို့ ပညာသင်ကြားရန် လိုအပ်သော ဝန်ဆောင်မှုများကို တစ်နေရာထဲမှာပြုလုပ်နိုင်ရန် ရည်ရွယ်ပေးနေပါတယ်။

Cockatoo Study Abroad (CSA) မှ ပေးနေသော လက်ရှိဝန်ဆောင်မှုရွေးချယ်စရာများမှာ

☑️ Option 1
- ကျောင်းရွေးရန် တိုင်ပင်ပြီးအကြံဉာဏ်ပေးခြင်း
- ကျောင်းလျှောက်လွှာတင်ခြင်း

☑️Option 2
- ကျောင်းရွေးရန် တိုင်ပင်ပြီးအကြံဉာဏ်ပေးခြင်း
- ကျောင်းလျှောက်လွှာတင်ခြင်း
- ဗီဇာလျှောက်ပေးခြင်း
- လေယာဉ်လက်မှတ်ဝယ်ယူပေးခြင်း

☑️Option 3
- ကျောင်းရွေးရန် တိုင်ပင်ပြီးအကြံဉာဏ်ပေးခြင်း
- ကျောင်းလျှောက်လွှာတင်ခြင်း
- ဗီဇာလျှောက်ပေးခြင်း
- လေယာဉ်လက်မှတ်ဝယ်ယူပေးခြင်း
- နေရာထိုင်ခင်းရှာဖွေပေးခြင်း

Cockatoo Study Abroad (CSA) မှာ ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်များအတွက် အသေးစိတ်ဂရုပြုမှုဖြင့် အရည်အသွေးမြင့် ဝန်ဆောင်မှုကို ပေးဆောင်ပါသည်။

ဒါကြောင့် အချိန်မဆွဲပဲ Cockatoo Study Abroad (CSA) နဲ့အတူ သင်ရဲ့ပညာရေးခရီးကို တည်ဆောက်လိုက်ပါ။

အသေးစိတ်သိရှိလိုသည်များရှိပါက 09 4200 333 66 မှဖြစ်စေ၊ Cockatoo Study Abroad ရဲ့ Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ပညာ​ရေးအေဂျင်စီများစွာရှိပြီး ကျောင်းသူကျောင်းသားများ၏ တက္ကသိုလ်​ဝင်ခွင့်ရရှိဖို့အတွက် အကူအညီ​ပေးပါတယ်။...
28/03/2022

ကမ္ဘာတစ်ဝှမ်းမှာ ပညာ​ရေးအေဂျင်စီများစွာရှိပြီး ကျောင်းသူကျောင်းသားများ၏ တက္ကသိုလ်​ဝင်ခွင့်ရရှိဖို့အတွက် အကူအညီ​ပေးပါတယ်။

ဒီလို ပညာ​ရေး​အေဂျင်စီများကြားထဲမှ ‘Cockatoo Study Abroad (CSA)’ ကို ဘာ​ကြောင့် ​ရွေးချယ်ကြတာလဲ?

☑️ ​ကျောင်းသူကျောင်းသားများအ​နေဖြင့် ​မျှော်မှန်းစိတ်ကူးထားသည့် တက်ရောက်လိုသည့် ကျောင်းနှင့်သက်ဆိုင်သောအချက်အလက်များကို ရှင်းလင်းစွာ ဖော်ပြပေးခြင်းနှင့် သင့်​​​လျော်မှန်ကန်သည့် ​ကျောင်းကို​ရွေးချယ်နိုင်ရန် Cockatoo Study Abroad (CSA) မှ ကူညီ​ဆောင်ရွက်ပေးခြင်း။

☑️ ကျောင်းသူကျောင်းသားတစ်ဦးချင်း၏ လိုအပ်ချက်များအလိုက် တက္ကသိုလ်များမှ လေ့ကျင့် ညွန်ကြား​ ပေးထားသောကြောင့် ကျောင်းသူကျောင်းသားများ ၏လျှောက်လွှာကို မြန်ဆန်စေရန်အတွက် လိုအပ်သောအချက်အလက်များကို Cockatoo Study Abroad (CSA) မှ တိကျစွာ ဝန်ဆောင်မှုပေးခြင်း။

☑️ တက္ကသိုလ်များနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် ​ကျောင်းသူကျောင်းသားများ၏ လျှောက်လွှာအခြေအနေ အပြင် အထူးရပိုင်ခွင့်အကျိုးကျေးဇူးများရရှိရန် Cockatoo Study Abroad (CSA) မှ ပိုမိုမြန်ဆန်စွာ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်း။

☑️ ကျွမ်းကျင်သော အသိပညာနှင့် မွမ်းမံထားပြီး အပ်ဒိတ်အချက်အလက်များဖြင့် Cockatoo Study Abroad (CSA) မှ ကျောင်းသူကျောင်းသားများအတွက် အကောင်းဆုံးသင့်လျော်ပြီး ဘေးကင်းလုံခြုံသော နေရာထိုင်ခင်းနှင့် ခရီးသွားအတွေ့အကြုံကို ရရှိရန် ဝန်ဆောင်မှုပေးနိုင်ခြင်း။

☑️ နိုင်ငံတိုင်းတွင် မတူညီသော ဗီဇာမူဝါဒများရှိပြီး ဤမူဝါဒများ၏ အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသော အခက်ခဲများကို ကျောင်းသူကျောင်းသားများအတွက် အပိုဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဗီဇာလျှောက်လွှာကို Cockatoo Study Abroad (CSA) မှ ကူညီပေးနိုင်ခြင်း။

ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်များအတွက် အသေးစိတ်ကျသော ဂရုစိုက်မှုဖြင့် အရည်အသွေးမြင့်​သော ဝန်ဆောင်မှုကို Cockatoo Study Abroad (CSA) မှ ပေးဆောင်နေပါသည်။

ဒါကြောင့် အချိန်မဆွဲပဲ Cockatoo Study Abroad (CSA) နဲ့အတူ သင်ရဲ့ပညာရေးခရီးကို တည်ဆောက်လိုက်ပါ။

အသေးစိတ်သိရှိလိုသည်များရှိပါက 09 4200 333 55, 09 4200 333 66 မှဖြစ်စေ၊ Cockatoo Study Abroad ရဲ့ Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။

နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားလိုသူများအတွက် ဝန်ဆောင်မှုပေးနေပါပြီ။~~~~~~🔶 နိုင်ငံခြားမှာ ပညာသင်သွားရောက်ခြင်းနဲ့ ပ...
23/02/2022

နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားလိုသူများအတွက် ဝန်ဆောင်မှုပေးနေပါပြီ။
~~~~~~

🔶 နိုင်ငံခြားမှာ ပညာသင်သွားရောက်ခြင်းနဲ့ ပတ်သက်ပြီး သိရှိလိုသည့် မေးခွန်းများကို လာရောက်တိုင်ပင် မေးမြန်းနိုင်ပြီး တဦးချင်းအလိုက် သင့်တော်သည့် နိုင်ငံ၊ ကျောင်းများသို့ သွားရောက်ပညာသင်ကြားနိုင်ရန် Cockatoo Study Abroad မှ ဝန်ဆောင်မှုပေးနေပါပြီ။

🔶 တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသားကျောင်းသူများ အနေနှင့်လည်း သက်သာသောဈေးနှုန်းများဖြင့် Credit Transfer ပြုလုပ်ပြီး သွားရောက်နိုင်ရန်အတွက်လည်း ကူညီပေးနေပါပြီ။

🔶 ထိုင်း၊ ကနေဒါ၊ ဆွစ်ဇာလန်၊ စင်ကာပူနိုင်ငံများမှာ သွားရောက်ပညာသင်ကြားနိုင်ပြီး ပညာသင်ဆု အခွင့်အရေးများကို ရယူနိုင်ရန် ကူညီပေးနေပါပြီ။

🔶 Internship ဆင်းရင်း ကျောင်းတက်နိုင်မည့် အစီအစဉ်များလည်း ကျောင်းသားများအတွက် ဝန်ဆောင်မှုပေးနေပါပြီ။

🔶 IELTS ဖြေဆိုရန် အခက်အခဲရှိသောကျောင်းသားများ၊ မဖြေဆိုရသေးသော ကျောင်းသားများ အနေဖြင့်လည်း ဝင်ခွင့်ဖြေဆိုပြီး တက္ကသိုလ် တက်ရောက်နိုင်အောင် ဝန်ဆောင်မှုပေးနေပါပြီ။
ထိုင်း၊ စင်ကာပူ၊ ကနေဒါ၊ ဆွစ်ဇာလန်နိုင်ငံတွေက တက္ကသိုလ်ကြီးတွေမှာ တက်ရောက်မယ့်ကျောင်းသူကျောင်းသားတွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို Cockatoo Study Abroad က ကူညီပေးနေပါတယ်။ Scholarship အစီအစဉ်တွေနဲ့ အသေးစိတ်သိရှိလိုသည်များရှိပါက 09 4200 333 55, 09 4200 333 66 မှဖြစ်စေ၊ Cockatoo Study Abroad ရဲ့ Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။


နိုင်ငံခြားကို ကျောင်းသွားတက်မယ်ဆိုရင် ဘာတွေပြင်ဆင်ထားရမလဲ...ကျောင်းသွားတက်ရင် ဘာတွေပြင်ဆင်ထားရမလဲ ဘာတွေလိုအပ်လဲဆိုတာကို...
17/02/2022

နိုင်ငံခြားကို ကျောင်းသွားတက်မယ်ဆိုရင် ဘာတွေပြင်ဆင်ထားရမလဲ...

ကျောင်းသွားတက်ရင် ဘာတွေပြင်ဆင်ထားရမလဲ ဘာတွေလိုအပ်လဲဆိုတာကို ကျောင်းသားတွေအနေနဲ့ အမေးများလာကြတာကို တွေ့ရပါတယ်။ နိုင်ငံတခုနဲ့ တခု လိုအပ်ချက်အရ ကွဲပြားသလို ကျောင်းတခုနဲ့တခု သတ်မှတ်ချက် ကွဲပြားတာကြောင့် ပြင်ဆင်ရတဲ့ အခါမှာလည်း ကျောင်းသားတွေ အနေနဲ့ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်လေ့ရှိကြပါတယ်။

ဒီနေ့မှာတော့ ပုံမှန်အားဖြင့် ကျောင်းသားတွေ ဘာတွေကို ပြင်ဆင်ထားသင့်လဲ ဆိုတာကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

🔶 အထက်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်း (နိုတြီပြန်ထားရန်လိုအပ်ပါသည်)
သို့မဟုတ် GED အောင်လက်မှတ်နှင့် အမှတ်စာရင်း (အထက်တန်းမအောင်မြင်သေးသူများ အတွက်သာ)

🔶 မိမိတက်ရောက်ပြီးသည့်နှစ်အလိုက်အမှတ်စာရင်းများ (တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသားများအတွက်သာ)

🔶 Passport (Visa လျှောက်ချိန်မတိုင်ခင်အထိ ပြင်ဆင်နိုင်ပါသည်)

🔶 English Proficiency Test (TOEFL, IELTS)
အပေါ်မှာပြောပြပေးခဲ့တဲ့ အချက်အလက်တွေကို အဓိကပြင်ဆင်ထားမယ်ဆိုရင်တော့ ကျောင်းလျှောက်ရာမှာ အခက်အခဲမရှိ လွယ်ကူလျင်မြန်စွာ လျှောက်ထားနိုင်မှာပဲ ဖြစ်ပါတယ်။
ထိုင်း၊ စင်ကာပူ၊ ကနေဒါ၊ ဆွစ်ဇာလန်နိုင်ငံတွေက တက္ကသိုလ်ကြီးတွေမှာ တက်ရောက်မယ့်ကျောင်းသူကျောင်းသားတွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို Cockatoo Study Abroad က ကူညီပေးနေပါတယ်။ Scholarship အစီအစဉ်တွေနဲ့ အသေးစိတ်သိရှိလိုသည်များရှိပါက 09 4200 333 55, 09 4200 333 66 မှဖြစ်စေ၊ Cockatoo Study Abroad ရဲ့ Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။



ကျောင်းမပြီးသေးတဲ့ စီးပွားရေးကျောင်းသားတွေ ကျောင်းဘယ်လိုဆက်တက်ကြမလဲ...~~~~~~အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးတက္ကသို...
11/02/2022

ကျောင်းမပြီးသေးတဲ့ စီးပွားရေးကျောင်းသားတွေ ကျောင်းဘယ်လိုဆက်တက်ကြမလဲ...
~~~~~~
အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးတက္ကသိုလ်ကို ပြီးအောင်တက်ဖို့ခက်နေလား...?
စီးပွားရေးဘွဲ့အမြန်ယူပြီး လုပ်ငန်းခွင်ဝင်ဖို့ တာစူနေသလား...?

ဒီလိုစီးပွားရေးကျေင်းသူကျောင်းသားတွေအတွက် အခွင့်အလမ်းတွေက အနီးနားမှာတင်ရှိပါတယ်နော်။

ဈေးနှုန်းသက်သာပြီး နိုင်ငံခြားကနေ စီးပွားရေးပညာဘွဲ့တစ်ခုကိုရယူနိုင်ဖို့ အတွက် Cockatoo က ကူညီပေးပါရစေ။ မိမိတက်ရောက်ပြီးတဲ့နှစ်နဲ့ ဘာသာရပ် အလိုက် Credit Transfer ပြုလုပ်နိုင်ပြီး အချိန်နဲ့ ငွေကုန်ကြေးကျသက်သာစွာနဲ့ ဘန်ကောက်မြို့က နှစ် ၈၀ ကျော် သက်တမ်းရှိတဲ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းတွေရှိနေပါပြီ။
အသေးစိတ်သိချင်တယ်ဆိုရင်တော့ Cockatoo Study Abroad ကို ဆက်သွယ်မေးမြန်နိုင်ပါတယ်။
ထိုင်း၊ စင်ကာပူ၊ ကနေဒါ၊ ဆွစ်ဇာလန်နိုင်ငံတွေက တက္ကသိုလ်ကြီးတွေမှာ တက်ရောက်မယ့်ကျောင်းသူကျောင်းသားတွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို Cockatoo Study Abroad က ကူညီပေးနေပါတယ်။ Scholarship အစီအစဉ်တွေနဲ့ အသေးစိတ်သိရှိသည်များရှိပါက 09 4200 333 55, 09 4200 333 66 မှဖြစ်စေ၊ Cockatoo Study Abroad ရဲ့ Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။



International Student တွေအနေနဲ့ ဘာကြောင့် ဘန်ကောက်ကို ရွေးချယ်သင့်တာလဲ...?~~~~~~ယခုနောက်ပိုင်းမှာ ဘန်ကောက်မှာကျောင်းတက်ဖ...
02/02/2022

International Student တွေအနေနဲ့ ဘာကြောင့် ဘန်ကောက်ကို ရွေးချယ်သင့်တာလဲ...?
~~~~~~
ယခုနောက်ပိုင်းမှာ ဘန်ကောက်မှာကျောင်းတက်ဖို့ကို ကျောင်းသားအများစု ရွေးချယ်လာကြပါတယ်။ ဘာကြောင့် ဘန်ကောက်ကိုရွေးချယ်ကြတာလဲ ရွေးချယ်သင့်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁) ကုန်ကျစားရိတ်သက်သာခြင်း
ဘန်ကောက်ဟာ ပညာရေးကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံက ကျောင်းသားတွေတောင် လာရောက်ပညာသင်ယူကြတဲ့ နိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့အဓိကအားသားချက်ကတော့ ကုန်ကျစားရိတ်သက်သာတာပဲဖြစ်ပါတယ်။ ပညာရေးအဆင့်အတန်းအရ အရည်အသွေးပြည့်မီပြီး ကျောင်းစားရိတ်နေထိုင်စားရိတ်တွေကလည်း သက်သာတာကြောင့် ဘန်ကောက်ဟာ လူကြိုက်များတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။

၂) ကျောင်း၀င်ခွင့်လွယ်ကူခြင်း
ဘန်ကောက်မှာရှိတဲ့ကျောင်းတွေဟာ ကျောင်း၀င်ခွင့်ကို ဆယ်တန်းအမှတ်၊ IELTS စတာတွေနဲ့ တင်းကျပ်ထားတာမျိုးမရှိဘဲ ၀င်ခွင့်ဖြေဆိုပြီး တက်ရောက်နိုင်တာကြောင့် ကျောင်းသားတွေအတွက် အဆင်ပြေစေပါတယ်။

၃) အလုပ်ကိုင်အခွင့်လမ်း များပြားခြင်း
ဘန်ကောက်မြို့ဟာ စီးပွားရေးအချက်အချာကျတဲ့မြို့တစ်မြို့ဖြစ်တဲ့အပြင် နိုင်ငံတကာကုမ္ပဏီကြီးတွေ၊ နိုင်ငံတကာကနေလာရောက်နေထိုင်သူတွေများပြားတာကြောင့် ကျောင်းပြီးသွားတဲ့အခါမှာ အလုပ်အကိုင်အတွက် အခွင့်လမ်းများပြားသလို မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေးအရ ရင်းနှီးမြှပ်နှံမှုတွေရှိတာကြောင့် မြန်မာနိုင်ငံက ကျောင်းသားတွေအနေနဲ့ ပိုများတဲ့ အလုပ်ကိုင်အခွင့်လမ်းတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

ထိုင်း၊ စင်ကာပူ၊ ကနေဒါ၊ ဆွစ်ဇာလန်နိုင်ငံတွေက တက္ကသိုလ်ကြီးတွေမှာ တက်ရောက်မယ့်ကျောင်းသူကျောင်းသားတွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို Cockatoo Study Abroad က ကူညီပေးနေပါတယ်။ Scholarship အစီအစဉ်တွေနဲ့ အသေးစိတ်သိရှိသည်များရှိပါက 09 4200 333 55, 09 4200 333 66 မှဖြစ်စေ၊ Cockatoo Study Abroad ရဲ့ Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါကြောင်း...


ပြည်တွင်းမှာ တက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲဖြစ်နေရင် ဘာတွေဆက်လုပ်လို့ရမလဲ...?~~~~~~လတ်တလောအခြေအနေတွေအရ ပြည်တွင်းမှာ တက္ကသို...
20/01/2022

ပြည်တွင်းမှာ တက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲဖြစ်နေရင် ဘာတွေဆက်လုပ်လို့ရမလဲ...?
~~~~~~
လတ်တလောအခြေအနေတွေအရ ပြည်တွင်းမှာ တက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဘာတွေဆက်လုပ်သင့်လဲ...? ဒီ Post ကို တစ်မိနစ်လောက်ပဲအချိန်ပေးပြီး ဆုံးအောင်ဖတ်လိုက်ရင်ပါ။ အကူအညီတချို့ရနိုင်ပါတယ်။

🔹 (၁) ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်အောင် သင်ယူပါ

ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်တတ်မြောက်ထားရင် မိမိအနေနဲ့ ပတ်၀န်းကျင်မှာရော အလုပ်အကိုင်မှာပါ ရေရှည်အထောက်အကူပြုနိုင်သလို နိုင်ငံရပ်ခြားကို သွားရောက်တဲ့အခါမှာလည်း အသုံး၀င်တာကြောင့် ဘာသာစကားတွေကို သင်ယူထားဖို့ အကြံပေးလိုပါတယ်။ သင်ယူတဲ့အခါမှာလည်း ကျွမ်းကျင်မှုအဆင့်တစ်ခုအထိ တက်မြောက်အောင်သင်ယူဖို့လည်း တိုက်တွန်းချင်ပါတယ်။

🔹 (၂) အသက်မွေး၀မ်းကျောင်းဆိုင်ရာ ပညာရပ်များကိုလေ့လာသင်ယူပါ

အသက်မွေး၀မ်းကျောင်းဆိုင်ရာ ပညာရပ်တွေကို ဒီနောက်ပိုင်းမှာ ပိုမိုသင်ယူလာကြတာကိုတွေ့ရပါတယ်။ မုန့်ဖုတ်တာ၊ ဟင်းချက်တာ၊ ပန်းအလှဆင်တာ၊ အပ်ချုပ်တာ စတဲ့ အသက်မွေး၀မ်းကျောင်းဆိုင်ရာ ပညာရပ်တွေကိုလေ့လာထားမယ်ဆိုရင် လက်တွေ့ပြန်လည်ကိုယ်တိုင်အသုံးပြုနိုင်သလို ၀င်ငွေတစ်ခုကိုဖန်တီးနိုင်မှာလည်း ဖြစ်ပါတယ်။

🔹 (၃) မိမိပညာရပ်နဲ့သက်ဆိုင်တဲ့ သင်တန်းတွေကိုလေ့လာဆည်းပူးပါ

Online မှာရော အပြင်မှာပါ မိမိပညာရပ်နဲ့သက်ဆိုင်တဲ့ Course တွေကို လေ့လာသင့်ပြီး Certificate တွေရယူသင့်ပါတယ်။ မိမိလုပ်ငန်းခွင်၀င်ရောက်တဲ့အခါမှာရော လက်ရှိအလုပ်လုပ်ကိုင်တဲ့အခါမှာပါ အထောက်အကူဖြစ်စေမှာအမှန်ပါပဲ။

🔹 (၄) ပြည်ပမှာ ကျောင်းပြီးအောင် ဆက်လက်လေ့လာသင်ယူပါ

ဒီမှာ ကျောင်းဆက်တက်လို့အဆင်မပြေဘူး။ ကျောင်းလည်း ဆက်တက်ချင်တယ်ဆိုရင် ပြည်ပမှာကျောင်းဆက်တက်ဖို့ အကြံပေးလိုပါတယ်။ Credit Transfer လုပ်ပြီး သွားရောက်ပညာသင်ကြားလို့ရသလို မိမိရွေးချယ်လိုတဲ့ဘာသာရပ်ကိုလည်း ရွေးချယ်ပြီးတက်ရောက်နိုင်ပါတယ်။ စျေးနှုန်းကိုလည်း မိမိတတ်နိုင်တဲ့နိုင်ငံအလိုက် ရွေးချယ်နိုင်သလို ပညာတော်သင်အစီအစဉ်တွေလည်းရှိတာကြောင့် ပြည်ပမှာကျောင်းတက်တာဟာ ရွေးချယ်မှုတခုဖြစ်လာပါတယ်။
ထိုင်း၊ စင်ကာပူ၊ ကနေဒါ၊ ဆွစ်ဇာလန်နိုင်ငံတွေက တက္ကသိုလ်ကြီးတွေမှာ တက်ရောက်မယ့်ကျောင်းသူကျောင်းသားတွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို Cockatoo Study Abroad က ကူညီပေးနေပါတယ်။ Scholarship အစီအစဉ်တွေနဲ့ အသေးစိတ်သိရှိသည်များရှိပါက 09 4200 333 55, 09 4200 333 66 မှဖြစ်စေ၊ Cockatoo Study Abroad ရဲ့ Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါကြောင်း...

Cockatoo Study Abroad က လိုအပ်တဲ့အစစအရာရာမှန်သမျှကို အစအဆုံး စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးပါတယ်။ ညီမကတစ်ခါမှ Abroad မထွက...
15/01/2022

Cockatoo Study Abroad က လိုအပ်တဲ့အစစအရာရာမှန်သမျှကို အစအဆုံး စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးပါတယ်။ ညီမကတစ်ခါမှ Abroad မထွက်ဖူးပါဘူး။ ဒါပေမဲ့ Cockatoo ရဲ့ Service ကြောင့် University ရဲ့ Requirement တွေအတွက်အဆင်ပြေခဲ့ပါတယ်။

Visa Case, Travel Process, Hotel Booking and Apartment Hunting ထိကိုပါ အကောင်းဆုံး ဆောင်ရွက်ပေးပါတယ်။ ကျောင်းရွေးတဲ့အခါမှာလည်း အသေးစိတ်ကအစရှင်းပြပေးပါတယ်။
ညီမကတော့ DPU (Dhurakij Pundit University) ကိုရွေးချယ်ခဲ့ပါတယ်။ ထိုင်းကို Study Abroad နဲ့သွားချင်တဲ့ ညီငယ် ညီမငယ်တို့ကို Cockatoo Study Abroad ကို Recommend ပေးချင်ပါတယ်။

မဆန်းဘွေ
Bachelor of Business Administration
DPU (Dhurakij Pundit University)
.........
ထိုင်း၊ စင်ကာပူ၊ ကနေဒါ၊ ဆွစ်ဇာလန်နိုင်ငံတွေက တက္ကသိုလ်ကြီးတွေမှာ တက်ရောက်မယ့်ကျောင်းသူကျောင်းသားတွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို Cockatoo Study Abroad က ကူညီပေးနေပါတယ်။ Scholarship အစီအစဉ်တွေနဲ့ အသေးစိတ်သိရှိသည်များရှိပါက 09 4200 333 55, 09 4200 333 66 မှဖြစ်စေ၊ Cockatoo Study Abroad ရဲ့ Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါကြောင်း...

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးရင် ဆွစ်ဇာလန်မှာ ကျောင်းသွားတက်လို့ရနေပြီဆိုတာ သင်သိပါသလား...?တက္ကသိုလ်ဝင်တန်း သို့မဟုတ် GE...
14/01/2022

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးရင် ဆွစ်ဇာလန်မှာ ကျောင်းသွားတက်လို့ရနေပြီဆိုတာ သင်သိပါသလား...?

တက္ကသိုလ်ဝင်တန်း သို့မဟုတ် GED စာမေးပွဲကို အောင်မြင်ပြီးမြောက်ထားတဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ဆွစ်ဇာလန်နိုင်ငံမှာ သွားရောက်ပညာသင်ကြားနိုင်ပါပြီ။
ဆွစ်ဇာလန်ဟာ ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ နိုင်ငံတစ်ခုဖြစ်သလို ပညာရေးနဲ့ပတ်သက်တဲ့ ထိပ်တန်းနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

🔶 အစိုးရက တရားဝင်အသိမှတ်ပြုထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ကျောင်းမှာ တက်ချင်တယ်ဆိုရင်
🔶 လုပ်ငန်းခွင်သင်ကြားရေးဖြစ်တာကြောင့် စာသင်နှစ်တစ်ဝက်ကိုသာ အတန်းထဲမှာကုန်ဆုံးရမှာဖြစ်ပြီး ကျန်တစ်ဝက်ကိုတော့ ကမ္ဘာကျော်အမှတ်တံဆိပ် ဆိုင်ခွဲတွေ၊ ဟိုတယ်တွေမှာ အလုပ်သင်ခွင့်အပြင် နိုင်ငံတကာအလုပ်သင်အခွင့်အရေးတွေကိုပါ ရရှိချင်တယ်ဆိုရင်
🔶 အလုပ်သင်ကာလအတွက်ကိုလည်း အစိုးရကသတ်မှတ်ပေးထားတဲ့ လစာတစ်ခုကိုပါရရှိချင်တယ်ဆိုရင်
🔶 ဘွဲ့ရရှိရန် ၃ နှစ်သာ အချိန်ပေးရပြီး နှစ်တို program များလည်းရွေးချယ်ဖို့
စိတ်ဝင်စားလို့ စုံစမ်းချင်တယ်ဆိုရင်တော့ Hello သာ လုပ်လိုက်ပါ။
ထိုင်း၊ စင်ကာပူ၊ ကနေဒါ၊ ဆွစ်ဇာလန်နိုင်ငံတွေက တက္ကသိုလ်ကြီးတွေမှာ တက်ရောက်မယ့်ကျောင်းသူကျောင်းသားတွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို Cockatoo Study Abroad က ကူညီပေးနေပါတယ်။ Scholarship အစီအစဉ်တွေနဲ့ အသေးစိတ်သိရှိသည်များရှိပါက 09 4200 333 55, 09 4200 333 66 မှဖြစ်စေ၊ Cockatoo Study Abroad ရဲ့ Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါကြောင်း...

ထိုင်းနိုင်ငံ DBU, PIM နှင့် UTCC တက္ကသိုလ်တို့တွင် ကျောင်းဝင်ခွင့်နှင့် Scholarship ရရှိခဲ့သော ကျောင်းသူကျောင်းသားများအ...
22/12/2021

ထိုင်းနိုင်ငံ DBU, PIM နှင့် UTCC တက္ကသိုလ်တို့တွင် ကျောင်းဝင်ခွင့်နှင့် Scholarship ရရှိခဲ့သော ကျောင်းသူကျောင်းသားများအတွက် Cockatoo က အထူးဂုဏ်ယူဝမ်းမြောက်ပါသည်။
ထိုင်း၊ စင်ကာပူ၊ ကနေဒါ၊ ဆွစ်ဇာလန်နိုင်ငံတွေက တက္ကသိုလ်ကြီးတွေမှာ တက်ရောက်မယ့်ကျောင်းသူကျောင်းသားတွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို Cockatoo Study Abroad က ကူညီပေးနေပါတယ်။
Scholarship အစီအစဉ်တွေနဲ့ အသေးစိတ်သိရှိသည်များရှိပါက 09 4200 333 55, 09 4200 333 66 မှ ဖြစ်စေ Cockatoo Study Abroad ရဲ့Messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါကြောင်း...


Address

Yangon
11211

Alerts

Be the first to know and let us send you an email when Cockatoo - Study Abroad posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share