29/07/2021
မင်္ဂလာပါ။
**********
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲ ကပ်ဆိုးများ ကာလအား ရင်ဆိုင်ကျော်လွှားနေရပါသည်။ ဇီဝဇိုး (ZeWaZoe Online Education) မှလည်း ပြည်သူတို့၏ အခက်အခဲများအား ကူညီဖြေရှင်းနိုင်ရန် တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်ရသည်များရှိပါသည်။
သို့ဖြစ်ပါ၍ ပင်မဦးတည်ချက်ဖြစ်သော ပညာရေးဝန်ဆောင်မှုပေးရေးအား ဦးစားပေးဆောင်ရွက်နိုင်ခြင်း မရှိကြောင်း အသိပေးပြောကြားလိုပါသည်။ ထို့အတူ ဇီဝဇိုး (ZeWaZoe Online Education) website နှင့် ဝန်ဆောင်မှုများအား လာမည့် ဩဂုတ်လ (၁) ရက်၊ တနင်္ဂနွေနေ့မှစ၍ ခေတ္တရပ်စဲမည် ဖြစ်ပါကြောင်း တင်ကြို အကြောင်းကြားအပ်ပါသည်။ လုပ်ငန်းများပြန်လည်စတင်လည်ပတ်နိုင်သော အချိန်တွင်မှသာ မိတ်ဆွေတို့နှင့် ပြန်လည်ဆုံတွေ့ပါမည်။
မြန်မာပြည်သူ/ပြည်သား အပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမားခြင်းနှင့် ပြည့်စုံရန် ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
လေးစားစွာဖြင့်
ဇီဝဇိုး (ZeWaZoe Online Education)