15/09/2025
ချေဂွေဗားရားသည် ပုန်းအောင်းနေရာမှ အဖမ်းခံလိုက်ရသည်။ သူ့ကိုဖမ်းမိစေရန် သတင်းပေးသော လယ်သမားကို အာဏာပိုင်တွေက မေးသည်။
“မင်းတို့အခွင့်အရေးအတွက် သူ့ဘဝနဲ့ရင်းပြီး အကာအကွယ်ပေးနေတဲ့သူကို ဘာဖြစ်လို့ မင်းက သစ္စာဖောက်ရ တာလဲ”
လယ်သမားကပြန်ဖြေသည်။
“သူတို့စစ်ဖြစ်နေတာ ကျုပ်သိုးတွေ လန့်ကုန်လို့” ဟုဆိုသည်။
ကျွန်တော်ဖတ်ဖူးသည့် မှတ်တမ်းအရ ချေဂွေဗားရားကို ဘိုလီးဗီးယားတွင် ဖမ်းမိသည်မှာ လယ်သမားတစ်ဦး၏ သတင်းပေးမှုကြောင့်ဖြစ်သည်။ ထိုဒေသခံလယ်သမားကိုလည်း အာဏာပိုင်တွေက ငွေကြေးများ ပေးခဲ့ သည်ဟု ဆိုပါသည်။
တော်လှန်ရေးသမားတွေအမြင်အရ ချေသည် ပြည်သူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတစ်ဦး ဖြစ်သော် လည်း သာမန်လယ်သမား တစ်ယောက်အတွက်မူ ဘာမျှမဟုတ်သည်ကိုတွေ့ရသည်။ ထိုသူက သူ့ကိုယ်ပိုင် ဘဝ ငြိမ်းချမ်းရေးနှင့် အသက်မွေးဝမ်းကျောင်းအတွက်သာကြည့်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် ဆိုသည့် သဘောကို နားမလည်သူဟု ယူဆရမည်ဖြစ်သည်။
သာမန်လူကိုမပြောနှင့် ချမ်းသာသူတွေကရော တိုင်းပြည်အပေါ် မည်သို့သဘောထားကြသနည်းဆိုခြင်းကို အခြားဥပမာလေးတစ်ခုဖြင့် ဖော်ပြလိုပါသည်။
နပိုလီယံစိုးမိုးသည့် ခေတ်ကာလတွင် အီဂျစ်နိုင်ငံကို သိမ်းပိုက်ရာ၌ အီဂျစ်ခေါင်းဆောင် မိုဟာမက် ကာရင် သည် ပြင်သစ်တို့ကိုတော်လှန်ရာ၌ ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ကာရင်ကို နပိုလီယံ တပ်က ဖမ်းမိသည်။ သူ့ကို သေဒဏ်စီရင်လိုက်သည်။ သို့သော် နပိုလီယံက သူ့ကို ခေါ်တွေ့သည်။
“ကျွန်ုပ်သည် သူ့တိုင်းပြည်နှင့် လူမျိုးအတွက် သတ္တိရှိစွာ ခုခံတော်လှန်ပေးနေသူ တစ်ဦးကို အဆုံးစီရင်ရ မည်အား စိတ်မကောင်းပါ။ ကျွန်ုပ်သမိုင်းကိုလည်း သူ့တိုင်းပြည် သူ့လူမျိုးအတွက် တော်လှန်ပေးနေသူ တစ်ဦးအား အဆုံးစီရင်ခဲ့သူတစ်ဦးအနေဖြင့် မှတ်တမ်းအတင်မခံနိုင်ပါ။ သို့ဖြစ်ရာ သင့်အသက်ကို ချမ်းသာ ပေးလိုက်မည်။ ငါ့အား ရွှေဒင်္ဂါး အပြားတစ်သိန်း ပေးဆောင်ရမည်။ ကျွန်ုပ်စစ်သားတွေ ဆုံးရှုံးခဲ့ရသည့်အတွက် လျော်ကြေးဖြစ်သည်” ဟု ပြောလိုက်သည်။
မိုဟာမက် ကာရင်က ပြုံးလိုက်ပြီး
“ကျွန်ုပ်မှာ ထိုမျှများပြားသော ငွေကြေးမရှိ။ သို့ရာတွင် ကျွန်ုပ်ထံ၌ ရွှေဒင်္ဂါး တစ်သိန်းမက ထိုက်တန်သော သူဌေးကုန်သည်များစွာရှိသည်”
နပိုလီယံလည်း သူ့သေဒဏ်ကို ရက်ရွှေ့ဆိုင်းပေးလိုက်ပြီး သူ့ကို ရွှေဒင်္ဂါးပြားများ စုဆောင်းရန် အချိန်ကန့်သတ် ပေးလိုက်သည်။
ကာရင်သည် နပိုလီယံစစ်သားတွေနှင့်အတူ ကုန်သည်များစုဝေးရာ ဈေးကိုလာခဲ့သည်။ ကာရင်က သူ့ကို ထောက်ခံခဲ့ဖူးသော ကုန်သည်များနှင့်တွေ့ပြီး သူအသက်ချမ်းသာရေးအတွက် ရွှေဒင်္ဂါးများ ထောက်ပံ့ပေးပါရန် အကူအညီတောင်းသည်။ သို့သော် မည်သည့် သူဌေး သူကြွယ် ကုန်သည်တွေကမျှ သူ့ကို တစ်ပြားတစ်ချပ် မထောက်ပံ့ကြပေ။ မထောက်ပံ့သည့်အပြင် ကာရင်ကိုပင် သူတို့စီးပွားရေးပျက်ပြားအောင် လုပ်နေသူဟု စွပ်စွဲ ပြစ်တင်ဝေဖန်လိုက်ကြသေးသည်။
ကာရင်ကို နပိုလီယံစစ်သားတွေက ပြန်ခေါ်လာသည်။ ကာရင်က ကြေကွဲဝမ်းနည်းစွာဖြင့်
“သင့်ကို ငါတစ်ပြားမျှ မပေးနိုင်ပြီ” ဟု ဆိုလိုက်သည်။
နပိုလီယံက
“သင်သည် ကျွန်ုပ်တို့ကို တော်လှန်သော်လည်း သင့်ကို ငါမသတ်။ အဘယ်ကြောင့်ဆိုသော် သင့်လိုကိုယ့် တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်စွန့်ပြီး လုပ်ဆောင်နေသူတစ်ဦးနောက်တွင် ရေသာခို အချောင်လိုက် နေသူတွေ အများကြီး ရှိနေကြောင်း သင်သဘောပေါက်စေချင်သည်။ သင်အားထားယုံကြည်နေသည့် အခွင့် အရေးသမားတွေမှာ အမှန်တကယ် အရေးကြုံလာသော် သင့်ဘက်မှာမရှိကြောင်း သင်သိလျှင်တော်ပြီ။ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးကို သင့်လိုလူမျိုးက မည်မျှလုပ်ပေးနေသည်ဆိုစေ အရေးကြုံလာလျှင် ကိုယ်လွတ်ရုန်းပြေးသူတွေရှိနေကြောင်း သင်သိလျှင်တော်ပြီ။ သင့်ကို အပြစ်ဒဏ်မှ လွှတ်လိုက်သည်”
(An Ignorant Society ကို မြန်မာမှုပြုထားခြင်းဖြစ်သည်)
တင်ညွန့်
၁၄.၉.၂၀၂၅
09/08/2025
😢 #မင်္ဂလာပါဆရာမ😢
၇ တန်းသင်္ချာဆရာမဟာ
သိပ်အရိုက်ကြမ်းတယ်တဲ့။
အရင်နှစ်တွေက ကျောင်းမှာ ၇ တန်းအောင်ပြီး
၈ တန်းရောက်သွားတဲ့ စီနီယာတွေ
အဆက်ဆက်က အဲ့လိုချည်းပြောသွားကြတာပဲ။
သူတို့လို ၆ တန်းအောင်ပြီး ၇ တန်းတက်ရမယ့်ကောင်တွေအတွက် သတင်းဆိုးပေါ့။
ကောင်မလေးတွေဆို ၇ တန်း
ဆက်တက်ရမှာ ကြောက်လွန်းလို့
မျက်နှာလေးတွေ ငယ်နေကြတယ်။
ကျောင်းတောင် ဆက်မတက်ချင်တော့ဘူးလို့ ညည်းတဲ့သူတွေကလည်း ညည်းကြရဲ့။
သင်္ချာအားနည်းတဲ့ခင်ချိုဝင်းဆိုရင်
မျက်ရည်လေးတွေတောင် ဝဲလို့...။
၇ တန်း ပထမဆုံး ကျောင်းတက်ရက်မှာ
သင်္ချာချိန်ပါတယ်။မုန့်စားဆင်းပြီး
ပြန်တက်ရတဲ့အချိန်ပေါ့။
သူတို့မှာ မုန့်တောင် ဖြောင့်ဖြောင့်မစားနိုင်ကြဘူး။အရင်ကလို ခေါင်းလောင်းထိုးမှ အတန်းထဲ
ပြန်ပြေးဝင်တာမျိုးလည်း မလုပ်နိုင်ကြဘူး။
သင်္ချာဆရာမက သူ့အချိန်ဆိုရင်
ငါးမိနစ်လောက်စောရောက်နေတတ်ပြီး
သူဝင်ပြီး နောက်မှ အတန်းထဲ
ဝင်လာတဲ့လူတွေကို မှတ်သွားတတ်တယ်တဲ့။
မှတ်သွားပြီး ဘာလုပ်လဲဆိုရင်
သင်္ချာသင်တဲ့အခါ အဲ့မှတ်ထားတဲ့
ကျောင်းသားတွေကိုစာမေးတာပေါ့။
White Board မှာလည်း တပုဒ်လုံး
ထွက်တွက်ခိုင်းသေးတယ်တဲ့။
တတန်းလုံးရှေ့မှာရော၊သင်္ချာဆရာမ
ရှေ့မှာပါ စာထွက်တွက်ရမှာဆိုတော့
တော်ရုံသတ္တိရှိတဲ့လူတွေအတွက်တောင်
ဒူးတုန်စရာမဟုတ်လား။
ဒီတော့ သူတို့မှာ သင်္ချာချိန်ဆို ဆယ်မိနစ်
လောက် အလိုတည်းက အိမ်သာတောင်
မသွားကြတော့ဘူး။
ဆရာမမရောက်ခင် အတန်းထဲမှာရှိနေမှ အန္တရာယ်ကင်းမယ် မဟုတ်လား။
သင်္ချာဆရာမဟာ ဆံပင်တွေဖြူနေပြီ။
မျက်မှန်ကလည်း အထူကြီးပဲ။
စာတွက်ပြတာရော၊ရှင်းပြတာရော
အရမ်းမြန်တယ်။ဆရာမက သူ
ရှင်းပြပြီးရင် ‘ရသလားဟေ့’ လို့
အတန်းကို ပြန်မေးတတ်တယ်။
ကျောင်းသားတွေရဲ့ ‘ရပါတယ်’ဆိုတဲ့
ပြန်ဖြေသံက အားပျော့နေရင်
ဆရာမ မျက်နှာက မာတင်းသွားတာပဲ။ကျောင်းသား တယောက်ချင်းရဲ့မျက်နှာကို ဖြည်းဖြည်းချင်း လိုက်ကြည့်ပြီး ရသလားဟေ့
လို့နောက်တစ်ခါ ထပ်မေးတတ်တယ်။
ဒီလိုဆို အတန်းက အထာပေါက်ပြီလေ။
ရပါတယ်လို့ အသံကုန်အော်ကြရတာပေါ့။
ရရင် ကိုယ့်ဖာသာတွက်၊ဘောကနေ
ကူးမယ်မကြံနဲ့နော်၊ကူးချတဲ့ကောင်
ရှေ့မှာ လာတွက်ရမယ်၊ကဲ...တွက်ကြ။
နောက်ဆုံးတန်းမှာထိုင်တဲ့ ဇေယျာတို့
မြတ်မိုးတို့ တိုင်ပတ်ကုန်တာပေါ့။
ဒီကောင်တွေက သင်္ချာအခြေခံ
မကောင်းခဲ့ကြတော့ ဆရာမ တခါလောက်
ရှင်းပြရုံနဲ့ ဘယ်ရကြမလဲသူများတွေက
ရပါတယ်ဆိုလို့လိုက်ပြီး ‘ရပါတယ်’
အော်လိုက်ရတာ၊အခုလည်း
White Board ကနေ မကူးနဲ့၊
ကိုယ့်ဖာသာတွက်ဆိုတော့ သေပြီပေါ့။
ဟိုဟာရေးသလို၊ဒီဟာရေးသလိုနဲ့
ရှေ့ခုံကကောင်တွေ ပြီးအောင်စောင့်နေရတယ်။
ဆရာမကလည်း ကြိမ်လုံးတကိုင်ကိုင်နဲ့
တတန်းလုံး စာတွက်နေတာကို
လိုက်ကြည့်နေတယ်။
ဒီလိုနဲ့ ဇေယျာတို့ ခုံ ရောက်လာတာပေါ့။
အဲ့မှာဆရာမက တွေ့ပြီ။
ဒီကောင်တွေ မေးခွန်းပဲကူးပြီး
တလုံးမှ ဆက်မတွက်ရသေးဘူး။
ဆရာမဟာ ဇေယျာတို့ထိုင်နေတဲ့ ခုံကို
ကြိမ်လုံးနဲ့တဖြန်းဖြန်းရိုက်လိုက်တယ်။
တတန်းလုံး စာတွက်နေတာ ရပ်သွားပြီး
နောက်ဆုံးတန်းကို ဝိုင်းကြည့်ကြတယ်။
ဆရာမက ဇေယျာတို့
တခုံလုံးကို မတ်တပ်ရပ်ခိုင်းတယ်။
ဇေယျာ၊မြတ်မိုး၊လွင်မင်း၊ကျော်အောင်
လေးကောင်လုံး လက်လေးတွေးပိုက်
မတ်တပ်လေးတွေ ရပ်၊ခေါင်းလေးတွေ ငုံ့ပေါ့။ကြောက်တတ်တဲ့ လွင်မင်းဆို မတ်တပ်ရပ်ရင်း
သူ့တကိုယ်လုံး တဆတ်ဆတ်တုန်နေတယ်။
ဆရာမက ဘာလို့
မတွက်ထားတာလဲလို့ မေးတယ်။
တယောက်မှ ပြန်မဖြေဘူး။
ခေါင်းတွေပဲ ငုံ့ထားကြတယ်။
ဆရာမက ပိုဒေါသထွက်သွားပြီ။
ခေါင်းတွေ မော့စမ်းလို့ အော်လိုက်တယ်။
တတန်းလုံး တိတ်ဆိတ်နေတဲ့အချိန်မို့
ဆရာမ အသံဟာ စာသင်ခန်း
အပြင်ဘက်ထိ ဟိန်းထွက်သွားတယ်။
အပ်ကျသံတောင်ကြားရအောင်
တိတ်ဆိတ်တယ်ဆိုတာမျိုးပဲ။
အသက်ရှူသံတောင် မကြားကြရဘူး။
လွင်မင်း က ခေါင်းငုံ့ထားရင်းက
ကြောက်လွန်းလို့ မျက်ရည်တွေပါ ကျနေပြီ။
ဒါပေမယ့် အသံထွက်ပြီးမငိုရဲဘူး။
အဲ့အချိန် သတ္တိနည်းနည်းရှိတဲ့ ဇေယျာက
‘နားမလည်လို့’ဆိုတဲ့ အကြောင်း အထစ်ထစ်
အငေါ့ငေါ့နဲ့ ဆရာမကို ရှင်းပြလိုက်တယ်။
ဆရာမက ‘ခုနကတော့ နင်တို့ပဲ ရပါတယ်လို့ အကျယ်ကြီး အော်ကြတာ
မဟုတ်လား’ လို့ ပြန်မေးတယ်။
ဇေယျာ မျက်နှာ ပြန်ငုံ့သွားတယ်။
‘ထိုင်၊ထိုင် သေချာပြန်လိုက်ကြည့်’ လို့
ဆရာမက ပြောပြီး အတန်းရှေ့
ပြန်လျှောက်သွားတယ်။
ဇေယျာတို့ ထိုင်ပြီးတော့ ဆရာမက White
Board မှာ တွက်ထားတဲ့အပုဒ်ကို
အကုန်ပြန်ဖျက်ပြီး အစက ပြန်တွက်ပြတယ်။
ဇေယျာတို့လေးယောက်နဲ့ တွက်နေရင်း
အမေးအဖြေလုပ်တယ်။
လွင်မင်း ကို မေးတဲ့အချိန်ဆို လွင်မင်း
ပြန်ဖြေတော့ ရှိုက်သံလေးတွေပါ ပါတယ်။
ပါးပြင်မှာလည်း လောလောလတ်လတ်
ကျထားတဲ့ မျက်ရည်စီးကြောင်းက အတိုင်းသား။တတန်းလုံးက လွင်မင်းကိုသနားကြတယ်။
ဆရာမ နောက်တခါ ရှင်းပြပြီးတဲ့အခါ
ဇေယျာတို့အကုန်လုံး ပုဒ်စာကိုနားလည်သွားပြီး ကိုယ်တိုင်တွက်နိုင်သွားကြတယ်။
ဆရာမလည်း သူတို့ကို ဒီလေ့ကျင့်ခန်းက
ကျန်တဲ့ပုစ္ဆာတွေ အိမ်စာတွက်ခဲ့ကြလို့
ပြောပြီး အတန်းထဲက ထွက်သွားတယ်။
သင်္ချာဆရာမက တခြားဆရာမတွေလို
‘မင်္ဂလာပါ ကလေးတို့လို့' ဘယ်တော့မှ
နှုတ်မဆက်ဘူး။
သူတို့ကလည်း ဆရာမကို
“မင်္ဂလာပါ ဆရာမ”လို့နှုတ်မဆက်ချင်ကြပါဘူး။
‘ချစ်၊ကြောက်၊ရိုသေ’ ဆိုတဲ့ သုံးခုမှာ
သင်္ချာဆရာမကို ကြောက်တာပဲ
အလေးသာနေကြတယ်။
ချစ်လည်းမချစ်ဘူး။
ရိုသေတာကတော့ရိုသေကြတယ်ထင်တာပါပဲ။
ဒါပေမယ့် သင်္ချာဆရာမလို့ပြောရင်
သူတို့ကေတာ့
ကြောက်လိုက်တာဆိုတာပဲ သိတယ်။
ဒီတော့ “မင်္ဂလာပါ”လို့
နှုတ်မဆက်နိုင်ကြတာ သိပ်မဆန်းဘူးပေါ့။
ဆရာမကလည်း ပြောပါတယ်။
မင်္ဂလာရှိလာတဲ့ တစ်ရက်ကျမှ
နှုတ်ဆက်ချင် နှုတ်ဆက်ကြပေါ့၊
အခုလို ဆူနေ၊ရိုက်နေရရင်တော့
မင်္ဂလာမရှိဘူး ငါ့ကို
နှုတ်ဆက်စရာလည်းမလိုဘူး တဲ့။
လပတ်စာမေးပွဲမှာ သင်္ချာကလွဲပြီး
ကျန်တဲ့ဘာသာတွေအားလုံး အမှတ်ကောင်းကြတယ်။မကောင်းဘဲ ဘယ်နေမလဲ။
တခြားဆရာမတွေက သဘောကောင်းတော့ စာမေးပွဲမှာ မေးမယ့် ပုစ္ဆာတွေကို
မေးခွန်းသုံးစုံထဲ ထည့်ပေးတာကိုး။
ဒါပေမယ့် သင်္ချာကတော့
မေးခွန်းသုံးစုံလည်းမပေးဘူး။
မေးခွန်း အစုံသုံးဆယ်လည်းမပေးဘူး။
သင်ထားသမျှ အကုန်လုပ်ပဲ။
စာမေးပွဲမှာလည်း မေးခွန်းကို
နည်းနည်းလေး လှည့်ထားလိုက်သေးတယ်။
အတန်းထဲမှာ မြင့်မြတ်မိုး ဆိုတဲ့ ကောင်မလေး
တစ်ယောက်ပဲ သင်္ချာ အမှတ်ပြည့်ရတယ်။
အတန်းထဲက လူ ၇၀ လောက်မှာ
၅၀ လောက်ပဲ သင်္ချာအောင်တယ်။
ကျန်တဲ့ ၂၀ က ကျတယ်။
ဇေယျာတို့ လေးယောက်လုံးလည်း
ကျတဲ့ အထဲပါတာပေါ့။
သင်္ချာဆရာမက သူ့ သင်္ချာ အကျရှိလိမ့်မယ်။
ကျရင်လည်း ပြင်းပြင်းထန်ထန်ဒဏ်ပေးမယ်၊ဒဏ်ပေးမခံချင်ရင်သူ့သင်္ချာကို
သေချာတွက်ထားကြလို့ လပတ်စာမေးပွဲ
မတိုင်ခင်တည်းက သတိပေးထားပြီးသား။
အခုတော့ သတိပေးထားရက်နဲ့ ကျကြပြီ။
Report Card ရတဲ့နေ့က သင်္ချာချိန်မပါဘူး။
ရပြီး နောက်တရက်ကျမှသင်္ချာချိန်ပါတယ်။
အတန်းထဲက မော်နီတာက Report Card တွေ
ပြန်လိုက်သိမ်းတဲ့အချိန် စာရွက်တရွက်နဲ့
စာရင်းလိုက်မှတ်နေတယ်။
ဘာလုပ်နေတာလဲဆိုတော့ သင်္ချာဆရာမက
ကျတဲ့လူတွေကို မှတ်ခိုင်းထားလို့တဲ့။
လာမယ့်သင်္ချာချိန်မှာ
ပွဲကြီးပွဲကောင်းတွေ့ရပြီပေါ့။
လွင်မင်းဟာ စာရေးခုံပေါ်မျက်နှာကြီးအပ်ပြီး
တအီအီနဲ့ ငိုနေတယ်။
ကျော်အောင်က ဆရာမ မလာခင်
ကျောင်းပြေးကြရင် ကောင်းမလား
ဆိုပြီး ဇေယျာနဲ့ မြတ်မိုးကို တိုင်ပင်တယ်။
မြတ်မိုးက ‘စောက်ပေါရာ၊
မင်းပါးစပ်ပိတ်ထားစမ်းပါ၊ဒီနေ့ပြေးတော့ရော မနက်ဖြန် ဆရာမနဲ့တွေ့ရမှာပဲ မဟုတ်ဘူးလား”လို့ ပြောလိုက်တော့ ကျော်အောင် ပါးစပ်
ပိတ်သွားတယ်‘လာမယ့်ဘေး ပြေးတွေ့’ ဆိုတဲ့ စကားအတိုင်း မကြာခင်လာတော့မယ့် သင်္ချာဆရာမကိုတော့ သူတို့ ပြေးမတွေ့ကြပါဘူး။
အတန်းထဲမှာပဲ ဆရာမ အလာကို
ထိုင်စောင့်နေကြတယ်။
ဆရာမက အရင်အတိုင်းပဲ ငါးမိနစ်လောက်
အလိုမှာ အတန်းထဲဝင်လာတယ်။
တတန်းလုံး တိတ်ဆိတ်နေကြတယ်။
ဆရာမကသူ့ခြင်းတောင်း အစိမ်းလေးကို
ဆရာမစားပွဲခုံပေါ်တင်လိုက်ပြီး
‘ကျတဲ့လူတွေ မတ်တပ်ရပ်စမ်း’ လို့
အသံပြတ်နဲ့ ပြောလိုက်တယ်။
ဆရာမဟာ သင်္ချာကျတဲ့လူ
တစ်ယောက်ချင်းကို အတန်းရှေ့ထွက်ခိုင်းပြီး
ဘာလို့ကျတာလဲ လို့ မေးတယ်။
ဘယ်ဖြေတတ်ကြမလဲ။
နားမလည်လို့ပါ ဆိုရင် ဆရာမ
စိတ်ဆိုးသွားမှာကြောက်ရတယ်။
သေချာမတွက်ထားလို့ပါဆိုရင်လည်း
အတီးခံရမှာပဲ တခြားဖြေစရာလည်း
သူတို့ရှာမတွေ့ကြဘူး။
ဒီလိုနဲ့ တယောက်ပြီးတယောက်ကိုသာ
မေးသွားတယ် ဘယ်သူ့ဆီကမှ အဖြေမရဘူး။ဆရာမကလည်း အတော်လေး
ဒေါသထွက်သွားတဲ့ပုံပဲ။
အကုန်လုံးကို လက်ဝါးဖြန့်ခိုင်းပြီး
တယောက်ကို ဆယ်ချက်စီ ရိုက်သွားတယ်။
ဒေါသလည်းပါနေတော့ ရိုက်ချက်ကပြင်းတယ်။
ဇေယျာ့ကို ရိုက်တဲ့အချိန်မှာ လက်သန်းကို မတော်တဆ ရိုက်မိသွားတယ်။
ရိုက်တဲ့ ဆရာမက မသိလိုက်ဘူး။
အရိုက်ခံလိုက်ရတဲ့ ဇေယျာကတော့ သိတာပေါ့။
ဇေယျာ့လက်သန်းဟာ ချက်ချင်းပဲ နီရဲပြီး
ဖောင်းတက်လာတယ်။
နောက် သုံးလေးရက်လောက်ထိ
လက်သန်းဟာအယောင်မကျဘူး။
ဇေယျာဟာ ဆေးလည်းမလိမ်းဘူး။
ပတ်တီးလည်းမစည်းဘူး။
ယောင်ကိုင်းနေတဲ့ လက်သန်းကို
တစိမ့်စိမ့်တော့ထိုင်ကြည့်တယ်။
ဇေယျာဟာ ဒီလိုအရိုက်ခံရတာကို မမေ့ဘူး။
နောက် လပတ်စာမေးပွဲမှာ အရိုက်မခံရအောင်
ဇေယျာ အရွဲ့တိုက်ပြီးသင်္ချာကို ပိုကြိုးစားတယ်။ဆရာမက ‘ရသလားဟေ့’လို့မေးတဲ့အခါ
တတန်းလုံးက ရပါတယ်လို့အော်ကြလည်း
ဇေယျာက သူနားမလည်သေးရင်
‘မရပါဘူးဆရာမ၊နောက်တခါလောက်
ရှင်းပြပါဦး’လို့ လက်ထောင်ပြီး
ခွင့်တောင်းတတ်လာတယ်။
ဆရာမကလည်း ထပ်ရှင်းပြတာပဲ။
ဇေယျာက သင်္ချာအားနည်းတော့ ဆရာမက ထပ်ခါထပ်ခါရှင်းပြရတယ်။
ဇေယျာကလည်း
သူနားမလည်မချင်း မေးတယ်။
အသက် ၆၀ နားကပ်နေပြီဖြစ်တဲ့ ဆရာမဟာ
ရှင်းပြရင်း ရှင်းပြရင်း မောသံပါလာတယ်။
နောက်ဆုံး ဇေယျာက ‘ရပါပြီဆရာမ၊
နားလည်ပါပြီဆရာမ’ လို့
ပြောတဲ့အချိန်မှာ ဆရာမရဲ့ နှုတ်ခမ်းတဝိုက် တံတွေးစက်တွေ သီးနေတာကို
ရှေ့ဆုံးမှာထိုင်တဲ့ မြင့်မြတ်မိုးတို့
ခုံတန်းကပဲ တွေ့လိုက်ကြရတယ်။
ဇေယျာတို့ကတော့ နောက်ဆုံးတန်းမှာ
ထိုင်တာဆိုတော့အဲ့ဒါကို မတွေ့လိုက်ကြရပါဘူး။ဇေယျာက သူနားလည်သွားပြီဖြစ်တဲ့
ပုစ္ဆာကို မျက်မှောင်ကြီးကုတ်ပြီး
ကုန်းတွက်နေတယ်။
ဆရာမဟာသူ့တပည့် စာတွက်နေတာကို
ကြည့်ပြီးတဲ့နောက် White Board
ဘက်လှည့်ပြီး ပြုံးတယ်။
တတန်းလုံးက ဆရာမ ပြုံးတာကို
မမြင်လိုက်ကြရဘူးပေါ့။
ဒါပေမယ့် အဖွားကြီးအိုပေါက်စ ဆရာမရဲ့
တဟွတ်ဟွတ် ချောင်းဆိုးသံကိုတော့
တတန်းလုံး ပီပီသသ ကြားလိုက်ကြရပါတယ်။
နောက် လပတ်တွေ လပတ်တွေမှာ
သူတို့ တတန်းလုံး သင်္ချာမှာ အမှတ်တွေ
ကောင်းလာကြတယ်။
ဆရာမက စာမေးပွဲကျရင် ရိုက်တော့
ကြောက် လန့်ပြီး ဖိတွက်ကြရင်း
သင်္ချာကို နိုင်လာကြတယ်။
သင်္ချာတွက်ရတာမကြောက်တော့ဘူး။
သင်္ချာအားနည်းတဲ့ ခင်ချိုဝင်းတို့၊
လွင်မင်းတို့တောင် လပတ်တခုမှာ
သင်္ချာကို အမှတ်ပြည့်တွေ ဘာတွေ
ရသွားကြသေးတယ်။
ဒါပေမယ့် သူတို့အမှတ်ပြည့်ရတာက
သိပ်တော့မထူးဆန်းပါဘူး။
အဲ့လပတ်မှာ သူတို့ တတန်းလုံးနီးပါး
သင်္ချာအမှတ်ပြည့်ရကြပါတယ်။
အကျလည်း မရှိကြတော့ဘူး။
ဆရာမက ပါမယ့်အပုဒ်တွေ
ရွေးပေးလို့တော့ ဘယ်ဟုတ်ပါ့မလဲ။
ဆရာမက အရင် လိုပဲ သင်ထားသမျှ
အကုန်လုပ်ခိုင်းပြီး မေးခွန်းကိုလည်း
နည်းနည်း လှည့်ထားတာပါပဲ။
သူတို့ကိုက သင်္ချာကို နိုင်လို့ အမှတ်ပြည့်ရကြတာ။အောင်ကြတာ ဒီလိုမျိုးက ဒါကျက်၊ဒါဖြေပြီး
အမှတ်ပြည့်ရတာထက် အများကြီး
ပိုပျော်စရာ ကောင်းတယ် မဟုတ်လား။
နောက်ဆုံးအတန်းတင်စာမေးပွဲကြီး
နီးလာတဲ့အခါ သူတို့ဟာ သင်္ချာချိန်ကိုရော
သင်္ချာဆရာမကိုပါ မကြောက်ကြတော့ပါဘူး။
မကြောက်ကြတော့ဘူးဆိုလို့ ရိုင်းရိုင်စိုင်းစိုင်းဆက်ဆံကြတယ်လို့လည်း မထင်ပါနဲ့။
သူတို့ဟာ သင်္ချာချိန်ဆိုရင်
မြူးထူးတက်ကြွနေကြပြီ။
ဒါပေမယ့် ဆရာမ ဝင်လာတဲ့အခါမှာရော
ပြန်ထွက်သွားတဲ့အချိန်မှာပါ
“မဂၤလာပါ ဆရာမ” လို့ သူတို့
နှုတ်မဆက်ဖြစ်ကြသေးဘူး။
“အားလုံး မတ်တပ်ရပ်၊ဆရာမကို
နှုတ်ဆက်” လို့ တိုင်ပေးရတဲ့
မော်နီတာကလည်း သင်္ချာချိန်ဆို
အရင်အတိုင်းပဲ ထိုင်နေတာပဲ။
ဘယ်သူမှ ဆရာမကို နှုတ်ဆက်ဖို့
စိတ်ကူးမရှိကြဘူး။
ဒီလိုနဲ့အချိန်တွေ
တရွေ့ရွေ့ ကုန်ဆုံးသွားတယ်။
သင်ခန်းစာတွေဟာ
နောက်ဆုံးပိုင်းကို ရောက်လာကြပြီ။
မကြာခင် အတန်းတင်
စာမေးပွဲဖြေကြရတော့မယ်။
၇ တန်းမှာ သူတို့ဒူးတုန်အောင် ကြောက်ကြရတဲ့
သင်္ချာချိန်ဆိုတာကိုရော၊အသံကြားရုံနဲ့
တုန်နေအောင် ကြောက်ရတဲ့သင်္ချာဆရာမကိုပါ
သူတို့ ကျော်ဖြတ်နိုင်ကြတော့မယ်။
အတန်းဟာစာမေးပွဲကြီးဖြေပြီး
ကျောင်းပိတ်ရက်ရှည်မှာ
အနားယူဖို့ အားခဲနေကြပြီ။
သင်္ချာချိန်တွေမှာဆိုရင် သူတို့ဟာ
အရင်ကလို ကြောက်ရွံ့နေတာ၊
တုန်လှုပ်နေတာ၊မျက်နှာတွေ
ထိုင်းမှိုင်းနေတာမျိုးတွေလည်း မရှိကြတော့ဘူး။ဆရာမ စာရှင်းပြတဲ့အခါ
ဆရာမနဲ့ထပ်ကြပ်မကွာ လိုက်အော်နိုင်ကြပြီ။ဆရာမကလည်း သူတို့ကို ဆူစရာ
ရိုက်စရာမလိုတော့တဲ့အတွက်အရင်လို
မောဟိုက်နေတာမျိုး မရှိတော့ဘူး။
ဒီလိုနဲ့...ဒီလိုနဲ့...၇ တန်းနှစ်ရဲ့
နောက်ဆုံး သင်္ချာချိန်ကို ရောက်လာပါတယ်။
ကဲ...ဒါဆိုရင်တော့ ငါ့ သင်္ချာမှာ
သင်စရာကုန်ပြီ၊နောက် ဆယ်ရက်ဆို
စာမေးပွဲကြီး ဖြေရတော့မယ်။
ငါ့ သင်္ချာမှာ မေးစရာရောရှိကြသေးလား၊
မေးစရာရှိရင် တခါတည်းမေးထားနော်။
တတန်းလုံးငြိမ်နေကြတယ်။
ဆရာမက အားလုံးရဲ့ မျက်နှာကို
လိုက်ကြည့်တယ်။ကလေးတွေရဲ့
မျက်နှာမှာ သင်္ချာနဲ့ပတ်သက်ပြီး
အားရကျေနပ်မှုကိုပဲ မြင်ရတယ်။
ဆရာမဟာ သူ့သင်္ချာကို ကလေးတွေ
ကောင်းကောင်းရကြမယ်ဆိုတာ ယုံကြည်ပါတယ်။သူတို့လေးတွေ ကောင်းကောင်းရအောင်လည်း
သူ အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီမဟုတ်လား။
ကဲ...ဒီလိုဆို အားလုံး မေးစရာ
မရှိတော့ဘူးပေါ့” လို့ပြောရင်း
ဆရာမဟာ သူ့ခြင်းတောင်းလေးကို
လက်ကိုင်ကနေ မ,လိုက်တယ်။
ဆရာမ ပြန်ထွက်သွားတော့မယ်။
နောက် ဘယ်တော့မှ ဆရာမဟာ
သူတို့ရဲ့ သင်္ချာ ဆရာမအဖြစ် သူတို့ကို
သင်တော့မှာ မဟုတ်ဘူး။
၇တန်းမှာ ဆရာမက စာသင်ရင်း ကျန်ခဲ့မယ်။
သူတို့က နောက်အတန်းတွေ ဆက်တက်သွားရမယ်။
ဆရာမဟာ ခြင်းတောင်းလေးကိုဆွဲပြီး
အတန်းပြင်ကို ထွက်တယ်။
ဆရာမ အတန်းပြင်ကို မရောက်ခင်
ဇေယျာဟာ မတ်တပ်ရပ်တယ်။
အဲ့ဒီနောက်....
“အားလုံးမတ်တပ်ရပ်...” လို့
အတန်းကို အမိန့်ပေးလိုက်တယ်။
ဇေယျာ့အသံကိုကြားတဲ့ဆရာမဟာ
လှမ်းလက်စ
ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်တယ်။
ဇေယျာဟာ မော်နီတာ မဟုတ်ဘူး။
ဇေယျာ့မှာ အတန်းကို အမိန့်ပေးဖို့
တာဝန်မရှိဘူး။
ဒါပေမယ့် တတန်းလုံးဟာ
ဇေယျာ ဘာလုပ်တယ်ဆိုတာ
သဘောပေါက်လိုက်ကြပြီ။
သူတို့အကုန်လုံး မတ်တပ်ထရပ်လိုက်ကြတယ်။
ပြီးတော့ အတန်းရှေ့မှာ မတ်တပ်ရပ်နေတဲ့
ဆရာမဆီကို မျက်နှာမူပြီး
လက်အုပ်လေးတွေ ချီထားလိုက်ကြတယ်။
“ ဆရာမကို....နှုတ်ဆက်...”
နောက်ဆုံးနားလေးမှာ
ဇေယျာ့အသံဟာ တုန်ခါသွားတယ်။
ဇေယျာဟာ သတ္တိရှိတဲ့လူဖြစ်တယ်။
စိတ်မာတယ်။
ဒါပေမယ့် အခု
ဇေယျာ့ အသံဟာ တုန်ခါနေတယ်။
သူကြောက်လို့ မဟုတ်ဘူး။
ဒါဆို သူဘာဖြစ်နေသလဲ။
“မင်္ဂလာပါ ဆရာမ၊ပဉ္စဂုဏံ အဟံဝန္ဒာမိ၊
အာစရိယဂုဏံ၊အဟံဝနဒှာမိ ပါဆရာမ။ ”
သူတို့အသံတွေဟာ တုန်နေကြတယ်။
သူတို့ဟာ ဆရာမကို နှစ်စတည်းကနေစပြီး
ကျောင်းတက်တဲ့ တစ်နှစ်လုံး
နှုတ်မဆက်ခဲ့ကြဖူးဘူး။
သူတို့ အသံတွေ တုန်နေကြတယ်။
သူတို့ ဆရာမကို ကြောက်လို့ မဟုတ်ဘူး။
ဒါဆို သူတို့ဘာဖြစ်နေကြသလဲ။
ဘာလို့ အသံတွေ တုန်နေကြသလဲ။
ဆရာမကပြောဖူးတယ်။
မင်္ဂလာရှိတဲ့အချိန်ကျမှ
မင်္ဂလာပါလို့ နှုတ်ဆက်ပါတဲ့။
အခုက ဆရာမပြောတဲ့
မင်္ဂလာရှိတဲ့အချိန်ဟုတ်ရဲ့လား။
ဆရာမက သူတို့
နှုတ်ဆက်တာကို လက်ခံပါ့မလား။
ပြန်တုံ့ပြန် နှုတ်ဆက်ပါ့မလား။
သူတို့လေးတွေရဲ့ မျက်ဝန်းမှာ
မငိုပါဘဲနဲ့မျက်ရည်တွေ ဝဲနေကြတယ်။
ဆရာမကို မျှော်လင့်ချက်မျက်ဝန်းတွေနဲ့
ငေးစိုက်ကြည့်နေမိကြတယ်။
သူတို့မျက်ဝန်းလေးတွေဟာ အရောင်တွေ လဲ့လို့...။
ဆရာမဟာ အတန်းဘက်ကို ချာခနဲလှည့်တယ်။
တနှစ်ပတ်လုံး စာသင်ခန်းထဲမှာ တခါပဲလုပ်ခဲ့ဖူးတဲ့
အပြုအမူတခုကို ဆရာမက လုပ်လိုက်တယ်။
ဆရာမ ပြုံးလိုက်တာပဲ။☺
ဒီတခါတော့အတန်းက မမြင်အောင်
White Board ဘက်လှည့်ပြီး
ကြိတ်ပြုံးတာမဟုတ်တော့ဘူး။
တတန်းလုံးမြင်အောင်
ဆရာမက ပြုံးပြလိုက်တာ။
ကလေးတွေဟာ တခါမှ မမြင်ခဲ့ဖူးတဲ့
ဆရာမရဲ့ အပြုံးကို
ကြည့်မဝအောင်ဖြစ်နေကြတယ်။
ခင်ချိုဝင်းဟာ လက်အုပ်လေး
ချီထားရင်းကနေ ‘အိ’ခနဲ ငိုချလိုက်တယ်။
ဖွင့်ထားတဲ့ သင်္ချာလေ့ကျင့်ခန်းစာအုပ်ပေါ်ကို မျက်ရည်တစက်ကျသွားတယ်။
မင်စိုနဲ့ရေးထားတာမို့ သင်္ချာစာလုံးတချို့
မျက်ရည်နဲ့ထိပြီးမင်တွေပျက်ကုန်တယ်။
ဒါပေမယ့် တခါက သင်္ချာအားနည်းခဲ့တဲ့
ခင်ချိုဝင်းဟာ ပုစ္ဆာ မင်ပျက်သွားလည်း
မကြောက်တော့ဘူး။
ဆရာမသင်ပေးထားလို့ သင်္ချာကို
ကောင်းကောင်းရနေပြီ။
ခင်ချိုဝင်းဟာ မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်ကျတဲ့အထိ
အားပါးတရငိုချလိုက်တယ်။
သင်္ချာလေ့ကျင့်ခန်းစာအုပ်လေးဟာ
မင်တွေ ပျက်ယွင်းကုန်တယ်။
ခင်ချိုဝင်း ဘာလို့ ငိုရသလဲ။
သူစာမရလို့လား။
ဝမ်းနည်းလို့လား။
ခင်ချိုဝင်း မသိဘူး။
“မင်္ဂလာပါ ကလေးတို့”
ဆရာမဟာ ပြုံးပြီး နှုတ်ဆက်တယ်။😢
ဆရာမဆီက တခါမှ မကြားဖူးတဲ့
မင်္ဂလာပါဆိုတဲ့ အသံကို
သူတို့ကြားလိုက်ရတယ်။
ခုနက မငိုတဲ့လူတချို့တောင်
ဆရာမအသံကြားပြီး ငိုကြတယ်။
သူတို့ ဘာလို့ ငိုရသလဲ။
သူတို့ စာမရလို့လား။
သူတို့ ဝမ်းနည်းလို့လား။
သူတို့ ဝမ္းသာလို့လား။
သူတို့ သေချာ မသိဘူး။
အားလုံးနီးပါး ငိုနေကြတဲ့ အချိန်မှာ
ဇေယျာဟာမျက်ရည်တွေဝဲနေပေမယ့်
အံကိုတင်းတင်းကြိတ်ပြီး
ဆရာမ ရိုက်လို့ ယောင်ကိုင်းခဲ့ဖူးတဲ့
လက်သန်းလေးကိုငေးစိုက်ကြည့်နေခဲ့တယ်။
သူ့ခေါင်းထဲမှာ
“မင်္ဂလာပါ ကလေးတို့” ဆိုတဲ့ ဆရာမရဲ့
အသံဟာ ပဲ့တင်ထပ်နေပါတော့တယ်။ ။
ဘဝတလျှောက်
ပညာသင်ကြားပေးခဲ့ကြပါသော
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ
အားလုံးကို ရှိခိုးကန်တော့ပါ၏။🙏
မူရင်း ရေးသူအား
လေးစားစွာဖြင့် Credit ပေးပါသည်။
😢😢😢😢😢😥😥😥😥😥😥😥😥😢
09/08/2025
ချီးမွမ်းကိုးကွယ်ခြင်းအဓိပ္ပါယ် ( ၇ )မျိုး
သူတစ်ပါးခိုင်းလို့လုပ်ဆောင်ခြင်းကအချည်းနှီးပါပဲ
ချစ်ခြင်းမပါဘူးဆိုရင်ဟန်ဆောင်ခြင်းသက်သက်ပါပဲ
#ချီးမွမ်းခြင်းကိုးကွယ်ခြင်းကိုတန်ဖိုးထားပါ
စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းကိုးကွယ်တဲ့အရပ်
ဘုရားဘုန်းဆင်းသက်တယ် (ဟေရှာ ၆:၂-၄ )
ဘုရားဘုန်းနဲ့ပြည့်တဲ့နေရာမှာ နိမိတ်လက္ခဏာမြင်တွေ့စေတယ်
၁/- Shabach -> Shout to the Lord
ဆာ ၄၇:၁ / ဟေရှာ ၁၂:၆ #အော်ဟဇ်ကြွေးကြော်ခြင်း
ယောရူ ၆:၅ ကျယ်သောအသံနဲ့ ကြွေးကြော် ( အခွင့်အာဏာတန်ခိုးစီးဆင်းစေတယ် )
မာရ်နတ်ရဲ့တံတိုင်းတံခါးများစွာချိုးဖျက်စေတယ်
သေနေသောအရာအားလုံးအသက်ရှင်စေတယ်
၂/- Halla -> #ကခုန်လျက်ချီးမွမ်းခြင်း Hallalujah
ဝမ်းမြောက်ခြင်းနဲ့ဂုဏ်ပြုဖေါ်ပြခြင်း ( ဆာ ၁၀၃:၁-၂ / ဆာ ၁၄၉:၃ / ဆာ ၁၅၀:၄ )
Prophetic Action / လက်နက်လဲဖြစ်တယ်
ခံစားချက်နဲ့ရပ်တည်ခြင်းမဟုတ်ပဲ ယုံကြည်ခြင်းအပေါ်ရပ်တည်ပြီး ဇာတိကို အမိန့်ပေးပြီး ချီးမွမ်းရမယ်
အခြေအနေအပေါ််မှာရပ်တည်သောသူမဟုတ်ဘူး ပြသာနာအထက်မှာပျံသန်းနိုင်မယ်
ကြောက်ရွံ့ခြင်းစိတ်ဝိညာဉ်ကိုအနိုင်ယူတာ ဘုရားရှေ့မှာကခုန်ခြင်းနဲ့ရဲရင့်စေတယ်
၃/- Yadah - #အရာခပ်သိမ်းကိုအပ်နှံခြင်း
ဆာ ၆၃:၄
လက်ကိုချီလျက်ချီးမွမ်းခြင်း
ပြသာနာကိုပြသာနာပြန်မရှာနဲ့
ဒါဝိဒ်ကအမြဲဘုရားရှေ့အမြဲအပ်နှံတယ် ( ဇိကလပ်မြို့ )
ယောရှဖက်ရဲ့အပ်နှံခြင်း ရန်သူတွေကိုရူပ်ထွေးစေတယ်
မောရှေလက်မြောက်ခြင်က ယောရူစစ်နိုင်
ဘုရားရှေ့မှာ အရူံးပေးခြင်း / ကျေးဇူးတင်တတ်ခြင်း / ဘုရားရဲ့အားကြီးခြင်းကိုစုပ်ယူလိုက်ခြင်းဖြစ်တယ်
၄/- Barak - #ဒူးထောက်ဦးချခြင်း
၅ ရာ ၂၉:၂၀ / ရော ၁၄:၁၁
ဘုရားသခင်ရှေ့မှာဒူးထောက်လေလေ လူရှေ့မှာဒူးထောက်စရာမလိုဘူး
ဝန်ခံအပ်နှံ / ရည်စုးလှူဒန်းခြင်း / ဘုရားသခင်ဖြစ်ကြောင်းဝန်ခံ
၅/- Towdah - #လက်ဆံ့တန်းခြင်း
ကျေးဇူးတင်တတ်သောနှလုံးသားနဲ့ ပုံဖော်ခြင်း
ဘုရားပြင်ဆင်ပေးသောအရာတွေအတွက် Comfirm လုပ်ခြင်း
လူနူ ၁၀ ယောက်ထဲက ၁ယောက်သောသူရဲ့ကျေးဇူးတင်တက်ခြင်း
ဘုရားမပြင်ဆင်ပေးရသေးသောအရာတွေအတွက် Comfirm လုပ်ခြင်း “၁၂ နှစ်လုံးသွေးသွန်းနာစွဲသောမိန်းမ” ရူနင်အမျိုးသမီးရဲ့သားသေဆုံးခြင်း ဧလိရှဲ )
ယောလ ၃:၁၀ အားနည်းသောသူကငါအားကြီးသည်ဟုဝန်ခံပါ
၆/- Zama - #တူရိယတီးခက်ခြင်းနဲ့ချီးမွမ်းကိုးကွယ်ခြင်း
ကြိုးတတ်တူရိယ / လေမူန့်တူရိယ / ပတ်သာတူရိယ ( စည်းချက်ပေးသောတူရိယ ) လူဆီဖာအထဲမှာရှိတယ်
ဧလိရှဲ ဆုမတောင်းခင် စောင်းသမားကိုတောင်းတယ် ပြီးမှ ဘုရားအသံရောက်လာ ( ယောရုဖက် ဘုရင် ဘုရားလူကိုခေါ် )
၇/- Tehillah - #အသစ်သောသီချင်း spontaneous worship
နူတ်ကပတ်တော်ကျမ်းပိုဒ်အားဖြင့်ကိုးကွယ်ခြင်း
မ ၂၁:၁၆ နို့စို့သူငယ်အထဲအသံကိုဘုရာရနားထောင်တယ်ဆို
ဘုရားမေတ္တာ / ကျန်းမာခြင်း / ကွယ်ကာခြင်း/ ကောင်းမြတ်ခြင်းအားလုံး ဘာကိုပဲမြင်မြင် သီချင်းအဖြစ်ဘုရားကိုချီးမွမ်းကိုးကွယ်
ချီးမွမ်းခြင်း က တန်ခိုး (၃)မျိုး
၁/- ဘုရားဘုန်းထင်ရှားစေတယ်
ကျေး ဇူး ချီး မွမ်း ခြင်း ယဇ် ကို ပူ ဇော် သော သူ သည် ငါ ၏ ဘုန်း ကို ထင် ရှား စေ သော သူ ဖြစ် ၏။ မိ မိ သွား သော လမ်း ကို ဆင် ခြင် သော သူ အား လည်း၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို ငါ ပြ မည် ဟု ဘု ရား သ ခင် မိန့် တော် မူ ၏။(ဆာလံ 50:23)
၂/- ပရောဖတ်ပြုခြင်းစေလွှတ်ခြင်းဖြစ်တယ်
ငါ သည် ထို သူ ကို ကိုး ကွယ် ခြင်း ငှါ သူ ၏ ခြေ ရင်း ၌ ပြပ် ဝပ် ၏။ သူ က လည်း၊ မ ပြု ပါ နှင့်၊ ငါ ကား သင် ၏ လုပ် ဘော် ဆောင် ဘက် ဖြစ် ၏။ ယေ ရှု ၏ သက် သေ ခံ တော် မူ ချက် ကို ဆောင် သော သင် ၏ ညီ အစ် ကို တို့ ၏ လုပ် ဘော် ဆောင် ဘက် လည်း ဖြစ် ၏။ ဘု ရား သ ခင် ကို ကိုး ကွယ် လော့။ အ ကြောင်း မူ ကား၊ #ပရောဖက်ဟောသောစကားချက် သဘော သည် “ယေရှု၏သက်သေ” ဖြစ် သ တည်း ဟု ငါ့ အား ပြော ဆို ၏။(ဗျာဒိတ် 19:10)
၃/- ကောင်းကြီးသံသရာစက်ဝိုင်းကိုခံစားစေတယ်
ခပ် သိမ်း သော မြစ် တို့ သည် ပင် လယ် ထဲ သို့ ရောက် ကြ ၏။ သို့ သော် လည်း၊ ပင် လယ် သည် မ ပြည့် တတ်။ မြစ် ရေ သည် စီး ထွက် ရာ အ ရပ် သို့ တ ဖန် ပြန် သွား တတ် ၏။(ဒေသနာကျမ်း။ 1:7)
original upload and author
To God be the glory
05/08/2025
စာသင်ခန်းထဲမယ် ဆရာက သူ့တပည့်တွေကို
လူသုံးယောက်ရဲ့အမူအကျင့်တွေပြောပြပီး အကဲဖြတ်ခိုင်းတယ်။ ပထမတယောက်ကတော့ ပိုလီယိုဖြစ်ပီး ကိုယ်တပိုင်းသေနေတယ်ကွာတဲ့။ သွေးတိုးလည်းရှိတယ်။ သွေးနီဥနည်းတဲ့ရောဂါဖြစ်နေပီး ကျန်းမာရေးလည်း တကယ့်ကိုချူချာတဲ့လူ။ နောက်ပီး သူလိုချင်တာရဖို့ဆိုရင် ဘယ်တော့မှ လိမ်ပြောဖို့ဝန်မလေးဘူး။ သူ့မိန်းမကိုလည်းဖောက်ပြန်တယ်။ ဆေးလိပ်လည်းမပြတ်တမ်းသောက်တဲ့အပြင် အရက်ကလည်း နေ့တိုင်းကစ်သေးတယ်တဲ့
ဒုတိယတယောက်ကျတော့ အင်မတန်ဝတယ်
ပေါင် ၄၀၀ လောက်ရှိတဲ့ တကယ့်ဖက်တီးပုတ်ကြီး။ စိတ်ကျရောဂါရှိသလို နှလုံးလည်းမကြာခဏဖောက်တယ်။ ရွေးကောက်ပွဲတွေလည်း သုံးလေးခါရှုံးခဲ့ဖူးသလို ဘာအလုပ်မှာမှ မယ်မယ်ရရအဆင်မပြေဘူး။ ပီးရင် ဆေးပြင်းလိပ်ကိုလည်း ပါးစပ်ကနေ ဘယ်တော့မှမချွတ်တမ်းသောက်တယ်။ ဒီကြားထဲ ည အိပ်ရာဝင်ပီဆိုရင် ရှန်ပိန်ဖြစ်ဖြစ် ကော့ညက်ဖြစ်ဖြစ် ဝီစကီဖြစ်ဖြစ် တခုမဟုတ်တခုကို မမှောက်မချင်းသောက်ပီးမှ အိပ်ရာဝင်တဲ့လူတဲ့
ကဲ တတိယတယောက်ကျတော့ သူက ဂုဏ်ထူးဆောင် သူရဲကောင်းဘွဲ့ရ၊ မိန်းမတွေကိုလည်း အမြဲတန်း လေးလေးစားစားဆက်ဆံတယ်။ တိရစ္ဆာန်လေးတွေကိုလည်း သိပ်ချစ်တယ်။ ဆေးလိပ်မသောက်ဘူး အရက်မသောက်ဘူး။ ဖွန်မကြောင်ဘူး။ ဘီယာကိုတောင် တခါတလေဧည့်ခံပွဲတွေရှိမှ တငုံနှစ်ငုံလောက်သောက်တယ်။ နောက် စာရေးတယ် စာအုပ်ထုတ်တယ်။ ပန်းချီဆွဲတယ်။ အနုပညာကိုလည်း အင်မတန်ချစ်တဲ့ လူတယောက်ဖြစ်တယ်တဲ့
ဆိုတော့ ဆရာက ကျောင်းသားတွေကိုမေးတယ်
ကဲ ဟုတ်ပီ အဲ့ဒီသုံးယောက်ထဲက တယောက်ယောက်ကို မင်းတို့နိူင်ငံရဲ့သမ္မတတင်ဖို့ မဲပေးရမယ်ဆိုရင် ဘယ်သူ့ကို မဲပေးမလဲတဲ့။လုပ်ပါဦး မင်းတို့အမြင်လေးတွေပေါ့။ ကျောင်းသားတွေအကုန်လုံးက တတိယလူလို့ တညီတညွှတ်ထဲဖြေကြတယ်။ မင်းတို့သေချာလား။ သေချာပါတယ်။ စဥ်းစားဦးမလား ဟင့်အင်း မစဥ်းစားတော့ဘူး တတိယလူမှတတိယလူစစ်စစ်။ အိုကေ အာ့ဆို ငါတို့တချက်လောက် အဖြေတိုက်ကြည့်ရအောင်ကွာတဲ့။
မင်းတို့ပယ်လိုက်တဲ့ ပထမတယောက်ကတော့
ဖရန်ကလင်ရုစဗဲ့ပဲကွ။ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ပေးခဲ့တဲ့အမေရိကန်သမ္မတပေါ့။ ကဲ မင်းတို့ပယ်လိုက်တဲ့ ဒုတိယတယောက်ကို ဆက်ကြည့်လိုက်ရအောင်ကွာတဲ့။ အေး အဲ့ဒီဒုတိယတယောက်ကလည်း ဒုတိယကမ္ဘာစစ်ကို အနိုင်တိုက်ပီး လူသန်းပေါင်းများစွာရဲ့အသက်တွေကို ကယ်တင်ပေးခဲ့တဲ့ အင်္ဂလန်ဝန်ကြီးချုပ် ဝင်စတန်ချာချီပဲတဲ့။
ကျောင်းသားတွေအားလုံး တိတ်ဆိတ်သွားတယ်
ကဲ မင်းတို့ရွေးလိုက်တဲ့တတိယတယောက်ဆီ ဆက်သွားကြည့်ရအောင်တဲ့။ ဟ အံသြစရာပဲငါ့ကောင်တို့ရေ မင်းတို့ရွေးလိုက်တဲ့ တတိယတယောက်ကတော့ ဒုတိယကမ္ဘာစစ်ကို စတင်ခဲ့ပီး ကမ္ဘာ့လူပေါင်း သန်း ၃၀ လောက်ကို သေစေခဲ့တဲ့ ဟစ်တလာပဲကွ။
ကျောင်းသားတွေဆီကနေ ဝေါခနဲ့ လက်ခုပ်သံတွေရော ရယ်သံတွေပါ တခန်းလုံး ဆူညံပွက်လောရိုက်သွားတယ်။ အဲ့ခါမှ ဆရာက လက်ကာပြပီး၊ ငါ ခုလိုပြောရတာ အကြောင်းရှိတယ်ကွာ သိလား။ အေး အဲ့ဒါကို ခုမဟုတ်တောင် မင်းတို့တနေ့ နားလည်လာလိမ့်မယ်။ ဆိုတော့ မင်းတို့မြဲမြဲမှတ်ထား။ လောကကြီးရော လူတွေရောဟာ မင်းတို့ထင်သလို ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး တဲ့။
ဒါက Another Round ဆိုတဲ့ ဒိန်းမတ်ဇာတ်ကားတခုထဲက ဇာတ်ဝင်ခန်း တခန်းကို မှတ်မိသလောက်ပြန်ပြောပြတာပါ။ ကျောင်းဆရာအဖြစ်သရုပ်ဆောင်တဲ့မင်းသားက ဂျိမ်းစ်ဘွန်းဇာတ်ကားထဲမယ် ဗီလိန်နေရာက ပါခဲ့ဖူးတဲ့ ဒိန်းမတ်မင်းသား Mads Mikkelsen ။ 2020 လား 21 မယ်လားမသိဘူး အဲ့ဒီဇာတ်ကားဟာ အကောင်းဆုံးနိူင်ငံခြားဘာသာစကားပြော ဇာတ်ကားဆု ( အော်စကာဆု ) ရတယ်။
တကယ်တော့ ခုပြောတဲ့ဇာတ်ဝင်ခန်းဟာလည်း ဒိန်းမတ်တွေရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတော့မဟုတ်ဘူး။ သူတို့ကလည်း ကမ္ဘာကျော် ရီဒါးဒိုင်ဂျက်တို့လိုဘာတို့လို စာအုပ်ထဲကနေ ဆွဲယူပီး အထာကျကျထည့်ရိုက်ခဲ့တာ။ ထားပါတော့
ပြောရရင် သူကစာရေးဆရာပဲ ပန်းချီဆွဲတာပဲ
အနုပညာရှင်ပဲဆိုပီး သေချာပေါက်လူကောင်းတယောက်ပါလို့ သွားပီးအကဲဖြတ်လို့မရဘူး။ စာရေးတာကရေးတာပဲ စောက်ကျင့်ယုတ်တာကယုတ်တာပဲ။ လူကောင်းဖြစ်မဖြစ်က အာ့တွေနဲ့ ဘာမှမဆိုင်ဘူး။ စာရေးဆရာလုပ်နေပီး စိတ်ဓါတ်အင်မတန်အောက်တန်းကျတဲ့လူတွေမှ အပုံကြီး။ အဲ့လိုပဲ သူကတော့အရက်သောက်နေတာပဲ ဖွန်ကြောင်တာပဲ ဒါမှမဟုတ် စော်တွေနဲ့ ပတ်ရှုပ်နေတာပဲဆိုပီး သေချာပေါက်လူဆိုးတယောက်ပါလို့ သွားပီး အကဲဖြတ်လို့မရဘူး။
ဟိုးအရင်က ဂျပန်နိူင်ငံမယ် ဆူနာမီဖြစ်တော့ ဒုက္ခရောက်နေတဲ့လူတွေမှသောက်သောက်လဲ။ အကုန်လုံးကို တပြိုင်ထဲကယ်တင်ဖို့ အစိုးရက မလုပ်နိူင်ဘူး။ ဒုက္ခရောက်နေတဲ့လူတွေနဲ့ အစိုးရကယ်ဆယ်ရေးဝန်ထမ်းတွေက မမျှဘူးလေ။ အဲ့ချိန်မယ် အကြီးအကျယ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ဘယ်သူတွေက ဝင်ကယ်ပေးသလဲဆိုတော့ ဂျပန်မှာအဆိုးဆုံးဒုစရိုက်ဂိုဏ်းပါလို့ နာမည်ကြီးနေတဲ့ ယာကူဇာတွေပဲ။ အဲ့ခေတ်က ယာကူဇာတွေကယ်တင်ပေးလိုက်တဲ့လူဦးရေဟာ အစိုးရကယ်တင်နိူင်တာထက်တောင် ပိုများသေးတယ်။
ဆိုတော့ လိုရင်းက လူတွေကို ဖေ့စ်ဘုတ်ပေါ်မှာ သိရုံလောက်၊ အပြင်မှာ ခဏတဖြုတ်တွေ့ဖူးရုံလောက်နဲ့ အပေါ်ယံကြောကြည့်ပီး ဘယ်သူကလူဆိုး ဘယ်သူကတော့လူကောင်းပါလို့ ဘယ်တော့မှ သွားပီးအကဲမဖြတ်မိစေဖို့။ ဒါပါပဲ
28/07/2025
ရေးထားတာလေးကို သဘောကျလို့ ကော်ပီယူလာတာ
====================================
အိမ်ကို တီဗီဝယ်လာတော့
စာအုပ်တွေ ဘယ်လိုဖတ်ရလဲ မေ့ကုန်တယ်
မော်တော်ကား ဝယ်လိုက်တော့
လမ်းဘယ်လိုလျှောက်ရလဲ မမှတ်မိတော့ဘူး
လက်ထဲမှာ မိုဘိုင်းဖုန်း ကိုင်နိုင်တော့
ပေးစာ မရေးတတ်တော့ဘူး
ကွန်ပြူတာ ဆင်လိုက်တော့
စာလုံးပေါင်းသတ်ပုံတွေ မေ့ကုန်တယ်
အဲယားကွန်း တပ်လိုက်တော့
သစ်ပင်အောက် လေညှင်းခံဖို့ မသွားဖြစ်တော့ဘူး
မြို့ထဲမှာ အနေကြာတော့
ရွှံ့ရနံ့ကို မေ့သွားတယ်
ဘဏ်တွေ၊ စမတ်ကဒ်တွေ သုံးနေရတော့
ငွေရဲ့တန်ဖိုးကို သတိမရဖြစ်ဘူး
ရေမွှေးနံ့တွေနဲ့ ရင်းနှီးနေတော့
ပန်းရနံ့သင်းသင်းကို မေ့နေခဲ့တယ်
အသင့်စား Fast Food စနစ်နဲ့ ယဉ်ပါးလာတော့
ကိုယ့်အစားအစာကိုတောင် ဖြောင့်အောင်
မချက်နိုင်ချင်တော့ဘူး
တချိန်လုံး ပြေးလွှားရုန်းကန်နေရတော့
ခဏရပ်နားဖို့တောင် သတိမေ့နေတယ်
Whatsapp တွေ ပေါ်လာတော့
စကားပြောရတာ မေ့ကုန်ရော
သေတဲ့အခါ
ဘဏ်ထဲမှာ ငွေတွေ ကျန်နေခဲ့တယ်
ရှင်,တုန်းကတော့
လောက်လောက်ငှငှ သုံးစွဲရတယ်လို့ မရှိခဲ့ဘူး
ပကတိအဖြစ်မှာတော့ သေရင် ငွေတွေအများကြီး
မသုံးဖြစ်လိုက်ပဲ ကျန်နေခဲ့တယ်
တရုတ်ပြည်က လုပ်ငန်းရှင်သူဌေးကြီးတဦး
သေဆုံးတော့မုဆိုးမ ဇနီးသည်က ၁.၉ ဘီလျံ
အမွေရခဲ့ပြီး အိမ်က ဒရိုင်ဘာကို
ကောက်ယူလိုက်တယ်
အဲဒီဒရိုင်ဘာက ပြောတယ်
"တသက်လုံး သူဌေးဖို့
အလုပ်လုပ်ပေးလာတယ် ထင်ခဲ့တာ။
သူဌေးက ကျနော့်အတွက်
အလုပ်လုပ်ပေးနေမှန်း
ခုမှ သိရတော့တယ်" တဲ့ 😏🤔
ရက်စက်တဲ့ အမှန်တရားကတော့
ချမ်းသာဖို့ထက် အသက်ရှည်ကျန်းမာဖို့က
ပိုအရေးကြီးတယ်
ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ထိန်းသိမ်းထားဖို့ အားထုတ်ရမယ်
ဘယ်သူက ဘယ်သူ့အတွက်
အလုပ်လုပ်ပေးနေတယ် ဆိုတာ
သိပ်အရေးမကြီးဘူး
နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတလုံးရဲ့
၇၀ ရာခိုင်နှုန်းသော Function တွေကို
ကျနော်တို့ မလိုအပ်ဘူး
မော်တော်ကား အပျံစားရဲ့
အမြန်နှုန်း ၇၀ ရာခိုင်နှုန်း နဲ့
အဆင်တန်ဆာတွေကို ဘယ်တော့မှ မသုံးဖြစ်ဘူး
နန်းတော်ကြီးတမျှ ကြီးကျယ်ခမ်းနားတဲ့
စံအိမ်ကြီးရဲ့ ၇၀ ရာခိုင်နှုန်းမှာ
ဘယ်သူမှ မနေဖြစ်ဘူး
ဘီရိုထဲက အဝတ်အစား ၇၀ ရာခိုင်နှုန်းကိုလည်း
ဘယ်တော့မှ ထုတ်မဝတ်ဖြစ်ဘူး
တသက်လုံး အလုပ်လုပ်ပြီး
ရှာဖွေစုဆောင်းလာတာရဲ့
၇၀ ရာခိုင်နှုန်းကိုလည်း သူများတွေအတွက်ပဲ
သုံးစွဲပစ်လိုက်ရတာ များတယ်
ဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းလေးကို
ထိထိရောက်ရောက် သုံးစွဲရမယ်
မဖျားမနာပဲ ရှိရင်တောင် ဆေးမှန်မှန် သွားစစ်ပါ
ရေမဆာလည်း ရေသောက်ပါ
ပြဿနာတွေ သေရေးရှင်ရေးဖြစ်နေစေဦးတော့
မေ့ပျောက် စွန့်လွှတ်တတ်ပါစေ။
ကိုယ် မှန်နေစေဦးတော့၊
အလျှော့ပေးဖို့ နောက်မတွန့်ပါနဲ့
အရမ်းချမ်းသာပြီး သြဇာရှိနေရင်တောင် နှိမ်ချပါ
မချမ်းသာတဲ့အခါလည်း ရောင့်ရဲတတ်ပါစေ
ဘယ်လောက်အလုပ်များများ
စိတ်နဲ့ ကိုယ်ကို လေ့ကျင့်ခန်း လုပ်ပါစေ
ကိုယ် ဂရုစိုက်အလေးထားသူတွေအတွက်
အချိန်ပေးပါ
Credit - မူရင်းပို့စ်ရေးသားသူ
17/05/2025
မိတ်ဆွေအဖြစ် ဘယ်တော့မှ မသတ်မှတ်သင့်တဲ့ လူ (၇) မျိုး
အပေါ်ယံ ဟန်ဆောင်တတ်သူတွေမှာ တူညီတဲ့လက္ခဏာတွေ ရှိနေတတ်ပါတယ်။
အချို့သူတွေက အပေါ်ယံ ကြည့်ရင် သဘောကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာ အတွင်းစိတ်အရ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ် စိတ်ရင်းကောင်းသူတွေ မဟုတ်ကြပါဘူး။
လူတွေကြားထဲမှာ မိတ်ဆွေကောင်းဖြစ်ချင်ယောင်ဆောင်နေတတ်သူတွေ အမြဲရှိပါတယ်။ သူတို့မှာ ဒီလိုလက္ခဏာတွေ ရှိပါတယ်။
၁။ အာဏာရှိတဲ့သူ၊ ရာထူးရှိတဲ့သူတွေကို လိုတာထက်ပိုပြီး လေးစားဟန်ပြပါတယ်။ ကိုယ့်အတွက် အသုံးမဝင်သူကို လှည့်တောင်မကြည့်ပါဘူး။
၂။ အခြားသူတွေကို လမ်းညွှန်ပေးသလိုလိုနဲ့ သူတို့လိုဖြစ်လာအောင်၊ အကြိုက်ချင်း တူလာအောင် စည်းရုံးပါတယ်
၃။အခြားသူတွေရဲ့ အာရုံစိုက်မှုကို နည်းမျိုးစုံနဲ့ ရယူတတ်ကြပါတယ်။
၄။ သူတို့ ဘယ်လောက်တတ်မြောက်ကြောင်း၊ ဘယ်လောက်တော်ကြောင်းဆိုတာကို အမြဲလူရှေ့မှာ ကိုယ်ရည်သွေးပြပါတယ်။
၅။ အများရှေ့မှာ သဘောကောင်းချင်ယောင်၊ စာနာသယောင် ဆောင်တတ်ကြပါတယ်။ ကွယ်ရာမှာတော့ အမြဲ အတင်းအဖျင်းပြောလေ့ရှိပါတယ်။
၆။ ကတိစကား အလွယ်တကူ ပေးလေ့ရှိပြီး ကတိအတိုင်းမလုပ်နိုင်ခဲ့ရင်လည်း ဆင်ခြေအပြည့် ပေးတတ်ကြပါတယ်။
၇။ သူတို့ အရည်အချင်းကို ပိုမြင်သာလာအောင် အခြားသူကို အပြစ်တင်ဖို့ ဝန်မလေးသူတွေ ဖြစ်ပါတယ်။
Source : Life
25/04/2025
ကလေးတွေကို အောက်ပါအကျင့်ဆိုးသုံးခု ကို ဖျောက်ပေးပါ။
ကလေးများဟာ အောက်ပါအကျင့်ဆိုးကြီး သုံးခုကို စွဲကပ်သွားပြီဆိုရင် ဘဝတစ်ခုလုံး ထိခိုက်တတ်ပါတယ်။ မိဘများ အနေနဲ့ အလေးထားပြီး အမြန်ပြုပြင်ပေးစေလိုပါတယ်။
၁။ မှီခိုလွန်းခြင်း၊ ဦးနောက်မသုံးလိုခြင်း၊ ပြသနာသေးသေးလေးကအစ မိဘကို အကူအညီတောင်းခြင်း။
အချစ်လွန်တော့ အနှစ်ဖြစ်တတ်ပါတယ်။
ကလေးများဟာ အရွယ်ကြီးလာတဲ့အထိ အစစ အရာရာ လူကြီးကို အားကိုးတကြီး ဆက်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ ပြသနာသေးသေးလေးကအစ ဖြေရှင်းဖို့ မစဉ်းစားဘူး၊ ဦးနောက်သုံးဖို့ လေးဖျင်းနေတတ်တယ်။
လူကြီးကို အားကိုးလွန်တဲ့ကလေးဟာ စိတ်ဓါတ်ပိုမို ပျော့ညံ့ တတ်ပါတယ်။ အကြံပေးချင်တာကတော့ နေ့စဉ် ပြုလုပ်ရတဲ့ ကိစ္စ အချို့မှာ မိဘများအနေနဲ့ ကလေးကို များများ လုပ်မပေးဖို့ လိုပါတယ်။
ဥပမာ ကလေးကိုယ့်ကိုကို ထမင်းစားခိုင်းတာမျိုး၊ ပန်းကန်သိမ်းခိုင်းတာမျိုး။ ပြီးရင် ကလေးကို မေးခွန်းများများမေးပါ။ ကလေးကို များများစဉ်းစား ဖို့လေ့ကျင့်ပေးတဲ့သဘောပါ။
ကလေး မိမိဖာသာ မိမိပြသနာကို ဖြေရှင်းတတ်အောင် အားပေးအားမြောက်ပြုပါ။ တဖြည်းဖြည်း မိမိကိုယ်မိမိ ယုံကြည်မူ တိုးပွားလာပါလိမ့်မည်။
၂။ လိုချင်တာ မရရင် ချက်ချင်း ဒေါသဖြစ်ခြင်း၊ စိတ်ကောက်ခြင်း၊ လူရိုက်တဲ့အထိ ဖြစ်လာခြင်း၊
ကလေးနည်းတဲ့အိမ်ထောင်စု မှာ တစ်အိမ်သားလုံးက ကလေးကို ဖူးဖူးမူတ်ဝိုင်းချစ်တတ်ပါတယ်။
ပိုးမွေးသလို မွေးတယ်ဆိုပါတော့၊ တဖြည်းဖြည်းနဲ့ ကလေးဟာ မိမိသည်သာ ဒီမိသားစုတစ်ခုလုံးရဲ့ ဗဟိုဖြစ်လာပါတော့တယ်။ လိုချင်တဲ့အရာဆိုရင် ချက်ချင်းရမှ၊ ဘာမဆို ကိုယ့်သဘောတွေ့မှ ပုံစံမျိုး ဖြစ်လာပါတယ်။
နည်းနည်းလေး အလိုမကျရင် အော်မယ်၊ ငိုမယ်၊ ဒေါသထွက်မယ်၊ လူရိုက်မယ်အထိ ဖြစ်လာပါတော့တယ်။
မိဘများအနေနဲ့ အလိုလိုက်သင့်မှလိုက်ပါ။ ကလေးများ စောင့်ဆိုင်းတတ်တဲ့ အကျင်း မွေးပေးပါ။
အခြားသူများရဲ့ ခံစားချက်ကို လည်း ကိုယ်ချင်းစာ စဉ်းစားတတ်ပါစေ။ ကိုယ့်စိတ်လုပ်ရှားမူကို ကိုယ်ထိန်းသိမ်းတတ်အောင် လေ့ကျင့်ပေးပါ။
၃။ ဘာပဲလုပ်လုပ် စိတ်ပါဝင်စားမူ နည်းခြင်း၊ အစမရှိ အဆုံးလည်းမရှိ ဖြစ်တတ်ခြင်း အာရုံများလွန်းတဲ့ ကလေးမျာကို ဆိုလိုတာပါ။
အဲဒီ အာရုံများလွန်းတဲ့ အကျင့်ကို ငယ်ငယ်ကတဲက ဖျောက်ထားပေးမှ အဆင်ပြေမှာပါ။
ဘာပဲလုပ်လုပ်၊ ဘာပဲဆော့ဆော့ သေသေချာချာ စခိုင်းပြီး ပြီးမြောက်သွားအောင်လုပ်ပါစေ။ ပြီးမှ နောက်တစ်ခု ပြောင်းခွင့်ပြုပါ။
ဥပမာ ပုံဆေးချယ်တယ်ဆိုပါဆို့ ၊ ဆေးချယ်တဲ့ ပုံ ပြီးဆုံးသွားမှ အရုပ်ပေးဆော့ပါ။ အရုပ်ကို ဆော့ပြီးမှ တီဗွီပေးကြည့်ပါ။ တစ်ပြိုင်တည်း လုပ်ခွင့်မပေးပါနှင့်။ ဘာပဲလုပ်လုပ် အာရုံစိုက်စေတဲ့သဘောပါ။
အသုံးဝင်နိုင်ကြပါစေ။
Credit .. Saya Aung Ko Latt
22/04/2025
ကလေးတစ်ဦးကို လိမ္မာယဉ်ကျေးပြီး စည်းကမ်းရှိစွာ ပြုစုပျိုးထောင်ဖို့ အောက်ပါနည်းလမ်းများကို အခြေခံသင့်ပါသည်။
၁။ အကောင်းမြင်စိတ်နဲ့ ချီးမွမ်းပါ
- ကလေးက ကောင်းမွန်တဲ့ အပြုအမူ (ဥပမာ - ကျေးဇူးတင်စကားပြောခြင်း၊ အခြားသူများကို ကူညီခြင်း) လုပ်ဆောင်တိုင်း ချီးမွမ်းပါ။
- “သားသားက/ မီးမီးက ကျေးဇူးတင်တတ်တဲ့ကလေးပဲ၊ အဲဒါက ဖေဖေ/မေမေကို ဝမ်းသာစေတယ်" ဆိုပြီး တိတိကျကျ ချီးမွမ်းပါ။
၂။ ရိုးရှင်းသော စည်းမျဉ်းများ သတ်မှတ်ပါ
- ကလေးနားလည်နိုင်တဲ့ စည်းကမ်းလေးတွေ ချမှတ်ပါ။ (ဥပမာ - ည ၈ နာရီမှာ အိပ်ရာဝင်ခြင်း၊ ဖုန်းသုံးချိန် ကန့်သတ်ခြင်း)
- စည်းမျဉ်းတွေကို အတည်ပြုပြီး မဖြစ်မနေလိုက်နာစေပါ။
၃။ အပြစ်ပေးတာထက် အကျိုးသက်ရောက်မှုကို ရှင်းပြပါ
- ကလေးက မှားယွင်းတဲ့ အပြုအမူလုပ်မိရင် ဆူငေါက်အပြစ်တင်တာထက် ဘာကြောင့် မှားတယ်၊ ဘယ်လိုအကျိုးဆက်ရှိနိုင်တယ်ဆိုတာ ရှင်းပြပါ။
- ဥပမာ - "သူငယ်ချင်းနဲ့အငြင်းပွါးမိတဲ့အခါ မတိုက်ခိုက်သင့်ဘူး။ လက်နဲ့ထိုးတာ၊ နှုတ်နဲ့ဆဲရေးတာလိုမျိုး အကြမ်းဖက်တဲ့နည်းကို မသုံးသင့်ဘူး။ ဒါမှ သူတို့လည်း သားသားကို/မီးမီးကို ချစ်ကြမယ်" စသဖြင့် ဆွေးနွေးပါ။
၄။ ကိုယ်တိုင်လက်တွေ့ စံနမူနာပြပါ
- ကလေးတွေက မိဘတွေရဲ့ အပြုအမူကို အတုယူတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်တိုင်က ယဉ်ကျေးစွာပြောဆို၊ တတ်နိုင်သမျှ စိတ်ရှည်ပြီး နူးညံ့သိမ်မွေ့စွာ ဆက်ဆံပါ။
၅။ ကလေးရဲ့စိတ်ခံစားချက်ကို နားလည်ပေးပါ
- ကလေးက ဒေါသထွက်နေရင်၊ စိတ်ဆိုးနေရင် "သားသား/မီးမီး ဒေါသထွက်နေတာ ဖေဖေ/မေမေသိတယ်၊ ဒါပေမယ့် ဒီလိုပြောတာမကောင်းဘူး" ဆိုပြီး သူ့စိတ်ကို အရင်နားလည်ပေးပါ။
၆။ အချိန်ပေးပါ၊ ချစ်ခြင်းမေတ္တာပြပါ
- ကလေးကို နေ့တိုင်း အာရုံစိုက်ပါ။ သူတို့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို မျှဝေပါ။ မိဘနဲ့ ကလေးကြား ယုံကြည်မှုရှိမှ ကလေးက လိမ္မာစွာကြီးပြင်းလာမှာပါ။
၇။ အပြုသဘောဆောင်တဲ့ ပြစ်ဒဏ်ပေးနည်းကို ကျင့်သုံးပါ
- ဥပမာ - ကလေးက စည်းကမ်းဖောက်ရင် ဖုန်းသုံးခွင့် ၁၅ မိနစ်ဖြတ်တောက်တာ၊ အခန်းသန့်ရှင်းရေးလုပ်စေတာမျိုး လုပ်ဆောင်နိုင်ပါတယ်။
၈။ သည်းခံပါ၊ စိတ်ရှည်ပါ
- ကလေးတွေဟာ အမှားလုပ်တတ်ကြပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ ထပ်ခါထပ်ခါ ရှင်းပြဖို့လိုပါတယ်။
အရေးအကြီးဆုံးက မိဘနဲ့ကလေးကြား ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ပါ။ ကလေးကို အနိုင်ကျင့်ဆုံးမတာထက် နားလည်မှုပေးပြီး လမ်းညွှန်ပေးခြင်းက ပိုမိုထိရောက်ပါတယ်။