-Grammar
1課 の 3番
~ と ~ と どちら ( ~ နှင့် ~ နှင့် ..ဘယ်ဘက်က )
✮ Noun နှစ်ခုကိုနှိုင်းယှဉ်ပြီး ဘယ်ဘက်က ...... ဟုမေးရာတွင်သုံးသည်။
✮ ပြန်ဖြေရာတွင်...
⇒ Noun တခုကိုရွေးချယ်ပါက
၎င်း Noun + のほうが
⇒ Noun နှစ်ခုစလုံး/နှစ်ဘက်
စလုံးဟုသုံးလိုလျှင် どちらも
စသည်ဖြင့် ဖြေရသည်။
🗝️ ဘယ်လိုသုံးမလဲ 🗝️
👌🏻 Noun-1 + と + Noun-2 + と どちら 👌🏻
Eg . コーヒーと 紅茶(こうちゃ)と どちらが いいですか。
。。。ကော်ဖီနှင့် လ္ဘက်ရည်နှင့် ဘယ်ဘက်က ကောင်းသလဲ။
Ans(1): コーヒーの ほうが いいです。
。。。ကော်ဖီ ကကောင်းတယ်(တခုရွေး)
Ans(2): どちらも いいです。
。。。နှစ်ခုစလုံး ကောင်းပါတယ်။(နှစ်ဘက်စလုံးကိုရွေး)
Nihongo no Hikari
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nihongo no Hikari, Language school, Yangon.
-Grammar
1 課 の 2 番
~ より ~ のほう (~ ထက် ~ ရဲ့ဘက်က )
✮ Noun နှစ်ခုကိုနှုင်းယှဉ်ရာတွင်သုံးသည်။နောက် Noun-2 က ရှေ့ Noun-1 ထက် Degree,Grade စသည်ဖြင့် ပို၍သာကြောင်းကိုဖော်ပြရာတွင်သုံးသည်။
🗝️ ဘယ်လိုသုံးမလဲ 🗝️
👌🏻 Noun-1 + より Noun-2 + のほう 👌🏻
Eg(1). わたしより 弟(おとうと)の ほうが せが 高い(たかい) です。
。。。ကျွန်တော်ထက် ညီလေးက အရပ်ပိုရှည်တယ်။
Eg(2). 前(まえ)の テキストの ほうが この テキストより よかったです。
。。。အရင်/ရှေ့ Textbook က ဒီ Textbookထက် ပိုကောင်းခဲ့တယ်။
-Grammar
1 課 の 1 番(2)
~ほど。。。ません/ない
~ လောက်.......ဘူး
🗝️ ဘယ်လိုသုံးမလဲ 🗝️
👌🏻 Noun + ほど Verb ませ
👌🏻 Noun + ほど Adj ない
Eg (1). この 町は むかしは 今ほど にぎやかでは ありませんでした。
。。ဒီမြို့သည် အရင်က ယခုလောက် မစည်ကားခဲ့ဘူး။
Eg (2). わたしは 兄ほど いそがしくないです。
。。ကျွန်တော်က အကိုလောက်
အလုပ်မရှုပ်ဘူး/အလုပ်မများဘူး။
-Grammar
1 課 の 1 番
~より... _ထက်
နာမ်နှစ်ခုနှိုင်းယှဉ်တဲ့အခါမှာသုံး
🗝️ ဘယ်လိုသုံးမလဲ🗝️
👌🏻 Noun + より👌🏻
Eg (1).この アパートは まえの アパートより べんりです。
。。。ဒီတိုက်ခန်းက ရှေ့တိုက်ခန်းထက်(ပိုပြီး) အဆင်ပြေတယ်
Eg (2). 4がつは 2がつより あついです。
。。၄လပိုင်းက ၂လပိုင်းထက်ပိုပူတယ်။
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon