26/12/2022
-Grammar
1課 の 3番
~ と ~ と どちら ( ~ နှင့် ~ နှင့် ..ဘယ်ဘက်က )
✮ Noun နှစ်ခုကိုနှိုင်းယှဉ်ပြီး ဘယ်ဘက်က ...... ဟုမေးရာတွင်သုံးသည်။
✮ ပြန်ဖြေရာတွင်...
⇒ Noun တခုကိုရွေးချယ်ပါက
၎င်း Noun + のほうが
⇒ Noun နှစ်ခုစလုံး/နှစ်ဘက်
စလုံးဟုသုံးလိုလျှင် どちらも
စသည်ဖြင့် ဖြေရသည်။
🗝️ ဘယ်လိုသုံးမလဲ 🗝️
👌🏻 Noun-1 + と + Noun-2 + と どちら 👌🏻
Eg . コーヒーと 紅茶(こうちゃ)と どちらが いいですか。
。。。ကော်ဖီနှင့် လ္ဘက်ရည်နှင့် ဘယ်ဘက်က ကောင်းသလဲ။
Ans(1): コーヒーの ほうが いいです。
。。。ကော်ဖီ ကကောင်းတယ်(တခုရွေး)
Ans(2): どちらも いいです。
。。。နှစ်ခုစလုံး ကောင်းပါတယ်။(နှစ်ဘက်စလုံးကိုရွေး)