WHITE STAR MYANMAR Education Center

WHITE STAR MYANMAR Education Center

Share

Computer Technologies Education Center

WHITE STAR MYANMAR Education Center တွင် သင်ကြားပြသရန်ရည်ရွယ်ထားသော Computer နည်းပညာဆိုင်ရာ အကြောင်းအရာများကို လေ့လာ၊ ဆွေးနွေး၊ မျှဝေမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

20/12/2025

Self ordering system in Odoo PoS
=================

Self ordering system သည် ဝယ်ယူသူတွေကိုယ်တိုင် မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်းတွေကို Order ပြုလုပ်နိုင်စေမည့်အရာ ဖြစ်ပါတယ်။ Odoo PoS တွင် Self ordering system ဖြင့် ရောင်းဝယ်နိုင်စေမည့် Features တွေ ပါဝင်ပါတယ်။

◇ QR menu feature
QR menu feature သည် ဝယ်ယူသူတွေရဲ့ Phone, Tablet ကဲ့သို့သော IT devices တွေကနေ Self ordering ပြုလုပ်နိုင်စေမည့်အရာ ဖြစ်ပါတယ်။
သတ်မှတ်ထားသည့် QR codes တွေကို Scan ပြုလုပ်လိုက်ရင် သက်ဆိုင်ရာ Self ordering page ကို ဝင်ရောက် ဖော်ပြစေမှာပါ။ ထိုမှတစ်ဆင့် Customer တွေသည် မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်းတွေကို Order ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။

◇ QR menu + Ordering feature
QR menu + Ordering feature ကတော့ ဝယ်ယူသူတွေသည် QR menu feature ကို အသုံးပြုနိုင်စေသလို၊ အရောင်းဆိုင်တွေရဲ့ IT devices တွေကနေလည်း Order ပြုလုပ်နိုင်စေမည့်အရာ ဖြစ်ပါတယ်။
Customer တွေမှာ Phone, Tablet ကဲ့သို့သော IT devices တွေ မရှိခြင်း (သို့မဟုတ်) ရှိပေမယ့် Self ordering ပြုလုပ်ရန် အဆင်မပြေခြင်း စသည့် အခြေအနေတွေမှာ အရောင်းဆိုင်တွေရဲ့ IT devices တွေကနေ Order ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။

ဟိုးယခင် အချိန်တွေတုန်းက...
စားသောက်ဆိုင်ကို ဝယ်ယူသူတွေရောက်ရှိလာသည့်အခါ Waiters တွေကနေ ဝယ်ယူရရှိနိုင်မည့် အစားအသောက်တွေကို "နှုတ်ဖြင့်" ပြောပြပြီး၊ မှာယူလိုသည့်အရာကို "စိတ်ဖြင့်" မှတ်သားကာ ပြင်ဆင်ရောင်းချလေ့ရှိပါတယ်။
နောက်ပိုင်းမှာတော့...
ဝယ်ယူရရှိနိုင်မည့် အစားအသောက်တွေကို Product Catalog က စာရွက်တွေမှာ ဖော်ပြထားပြီး ဝယ်ယူသူတွေကို ပြကြလေ့ရှိပါတယ်။ ထိုမှတစ်ဆင့် Customer ဝယ်ယူလိုသည့်အရာတွေကို Notes စာရွက်တွင်မှတ်သားပြီး Kitchen Counter တွေကို ပေးပို့အသိပေးခြင်းဖြင့် ရောင်းချလာပါတယ်။
ယနေ့ခေတ်မှာတော့...
IT devices တွေကို တွင်ကျယ်စွာ အသုံးပြုလာကြသလို Product Catalog တွေကိုလည်း Tablet ကဲ့သို့သော IT devices တွေနဲ့ သတ်မှတ်လုပ်ဆောင်လာကြပါတယ်။ Customer သည် ဝယ်ယူလိုသည့်အရာကို IT devices မှတစ်ဆင့် Order ပြုလုပ်လိုက်တာနဲ့ Kitchen Counter ကနေ သိရှိနိုင်စေမှာ ဖြစ်ပါတယ်။
ထိုသို့သော ရောင်းဝယ်လုပ်ဆောင်ခြင်းတွေအတွက် Odoo PoS တွင် QR Menu + Ordering feature ဖြင့် သတ်မှတ်လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

◇ Kiosk feature
Kiosk feature သည် Kiosk machines နဲ့ တွဲဖက်လုပ်ဆောင်နိုင်စေမည့်အရာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ Kiosk machines တွေကို အသုံးပြုပြီး
ရောင်းဝယ်ကြလေ့ ရှိပါတယ်။ Kiosk machines တွေသည် Customer တွေကိုယ်တိုင် Self order ပြုလုပ်နိုင်ခြင်းသာမက Receipt ထုတ်ယူခြင်း၊ Online payment or Payment Terminal ဖြင့် ကျသင့်ငွေပေးချေခြင်း စသည်တို့ကိုလည်း လုပ်ဆောင်နိုင်စေပါတယ်။

● ထို့အတွက်ကြောင့် အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ Self ordering system ဖြင့် ရောင်းဝယ်မယ်ဆိုရင် ရောင်းဝယ်ခြင်းလုပ်ငန်းစဥ်တွေကို လွယ်ကူမြန်ဆန်စေမှာ ဖြစ်သလို၊ Odoo PoS system တွင်လည်း Self ordering system ကို အသုံးပြုလုပ်ဆောင်နိုင်သည့်အတွက် အသုံးပြုသည့်လုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေမှာ သေချာပါတယ်။

☆ Odoo PoS app ရဲ့ အသုံးပြုလုပ်ဆောင်ပုံတွေကို လေ့လာရေးသားရင်းနဲ့ Self ordering system အကြောင်းကို ထုတ်နုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။

*** လေ့လာသူတွေအားလုံး
ကျန်းမာ၊ ဘေးကင်း၊ လုံခြုံကြပါစေ။

Photos from Odoo ERP Development Tutorial for Myanmar's post 17/12/2025
15/12/2025
07/12/2025

Down payment features in Odoo Sales
============

လက္ကားရောင်းချခြင်းတွေ ပြုလုပ်သည့်အခါ ကျသင့်ငွေကို "အရစ်ကျပေးချေခြင်း" တွေ လုပ်ဆောင်ကြရလေ့ရှိပါတယ်။ ဥပမာ - Order အတွက် ကျသင့်ငွေရဲ့ 50% ကို စတင်ပေးချေစေပြီး၊ ကျန်ငွေကိုတော့ Monthly: 10% ပေးချေစေခြင်း ကဲ့သို့သော ရောင်းဝယ်ခြင်းတွေကို ပြုလုပ်ကြလေ့ရှိပါတယ်။

အရစ်ကျပေးချေခြင်း မဟုတ်ဘဲ စတင်ရောင်းဝယ်စဥ်မှာ "စရံငွေ" အနေနဲ့ ငွေပမာဏတစ်ခုကို ကြိုတင် ပေးချေထားပြီး၊ ကျန်ငွေကိုတော့ ဝယ်ယူသူဆီသို့ ကုန်ပစ္စည်းရောက်ရှိချိန်မှာ ပေးချေစေခြင်းကိုလည်း ပြုလုပ်ကြလေ့ရှိပါတယ်။

ထိုသို့သော ရောင်းဝယ်ခြင်းတွေကို မှတ်သားလုပ်ဆောင်နိုင်စေရန်အတွက် Odoo Sales တွင် Down payment features ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Down payment ပမာဏကို Fixed Amount (တိကျသော ပမာဏ) ဖြင့် သတ်မှတ်လုပ်ဆောင်နိုင်သလို၊ Percentage (ရာခိုင်နှုန်း) ဖြင့်လည်း သတ်မှတ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Down payment သာမက Recurring payment ကဲ့သို့သော Invoicing & Accounting features တွေလည်း ပါဝင်ပါတယ်။ သို့ပေမယ့် Down payment features သည် အရစ်ကျပေးချေခြင်း (သို့မဟုတ်) စရံငွေ ပေးချေခြင်းတွေကို မှတ်သားလုပ်ဆောင်နိုင်စေမည့် လွယ်ကူရိုးရှင်းသော Invoicing feature တစ်ခုလို့ ဆိုနိုင်ပါတယ်။

☆ Odoo 17 Sales Management Tutorials တွေကို လေ့လာရေးသားရင်းနဲ့ Down payment features ကို အနည်းငယ် ထုတ်နုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။

*** လေ့လာသူတွေအားလုံး
ကျန်းမာ၊ ဘေးကင်း၊ လုံခြုံကြပါစေ။

02/12/2025

Compute shipping costs on orders
====================

လက္ကားရောင်းဝယ်ခြင်းတွေမှာ Customer တွေသည် ကုန်ပစ္စည်းတွေကို လူကိုယ်တိုင် လာရောက်ဝယ်ယူကြတာရှိသလို၊ Audio Calling ပြုလုပ် မှာယူခြင်း၊ Email ပေးပို့မှာယူခြင်း စသည်ဖြင့်လည်း ဝယ်ယူကြလေ့ရှိပါတယ်။
ထိုသို့သော ရောင်းဝယ်ခြင်းတွေအတွက် ကုန်ပစ္စည်းတွေကို ဝယ်ယူသူတွေဆီသို့ ပို့ဆောင်ပေးရေလ့ရှိပြီး၊ ပို့ဆောင်းခြင်းအတွက် ကျသင့်ငွေကို Shipping costs အနေနဲ့ Orders တွေမှာ ထည့်သွင်းသတ်မှတ်ကြရလေ့ရှိပါတယ်။

Odoo Sales တွင် Shipping costs တွေကို Orders တွေမှာ ထည့်သွင်းသတ်မှတ်နိုင်မည့် Features ပါဝင်ပါတယ်။ Default features တွေဖြစ်သည့် Fixed Price နဲ့ Based on Rules တွေသည် လုပ်ငန်းအများစုအတွက် လုံလောက်သော Features တွေလို့ ဆိုနိုင်ပါတယ်။ (ထိုထက်ပိုပြီး သတ်မှတ်လုပ်ဆောင်လိုပါကလည်း Customize ပြုလုပ်နိုင်ပါတယ်။)

ကုန်ပစ္စည်းတွေကို ရောင်းချသည့်လုပ်ငန်းကနေ ပို့ဆောင်ပေးတာရှိသလို၊ အခြားသော Delivery Service Providers တွေကနေလည်း ပို့ဆောင်ကြလေ့ရှိပါတယ်။ Odoo Sales တွင် အသုံးများသော Delivery Service Providers တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်မည့် Enterprise Modules / Paid Apps တွေကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အချို့သော Delivery Service Providers တွေနဲ့ဆိုရင် နိုင်ငံပေါင်းများစွာကို ပို့ဆောင်ပေးနိုင်သည့် Delivery Services တွေကို ရရှိနိုင်ပါတယ်။

ထို့အတွက်ကြောင့် Odoo system သည် SMEs လုပ်ငန်းတွေကနေ Enterprise level စီးပွားရေးလုပ်ငန်းတွေအထိ အသုံးပြုနိုင်ပြီး၊ များစွာ အထောက်အကူ ဖြစ်စေမည့် ERP Software System ဖြစ်ပါတယ်။

*** လေ့လာသူတွေအားလုံး
ကျန်းမာ၊ ဘေးကင်း၊ လုံခြုံကြပါစေ။

12/11/2025

Odoo version တစ်ခုနဲ့တစ်ခု အသွင်အပြင် (UI) နဲ့ လုပ်ဆောင်နိုင်မှုတွေ အနည်းငယ် မတူကွဲပြားပေမယ့် အခြေခံ Concepts & Features တွေကတော့ အားလုံး တူညီပါတယ်။

ထို့အတွက်ကြောင့်...
Odoo version တစ်ခုကို သေချာစွာ လေ့လာတတ်သိထားမယ်ဆိုရင် အခြားသော Odoo versions တွေကိုလည်း လွယ်ကူအဆင်ပြေစွာ လေ့လာအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

ဥပမာ - Microsoft Office versions တွေ ကဲ့သို့ပင် ဖြစ်ပါတယ်။ Office version တစ်ခုနဲ့တစ်ခု အသွင်အပြင်နဲ့ လုပ်ဆောင်နိုင်မှုတွေ မတူကွဲပြားပေမယ့် Office version တစ်ခုကို အသုံးပြုနိုင်သူသည် အခြားသော Office versions တွေကိုလည်း အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

Odoo system ရဲ့ Functional/Workflow တွေ Technical Development တွေကို စတင်လေ့လာသည့်အခါ အချို့သော အကြောင်းအရာတွေသည် နားလည်တတ်သိရန် ခက်ခဲနေတတ်ပါတယ်။ Official Documentation တွေကလည်း များသောအားဖြင့် အဓိက အကြောင်းအရာတွေကိုသာ လိုတိုရှင်း ရေးသားထားတာဖြစ်လို့ စတင်လေ့လာသူတွေအတွက် အဆင်မပြေ ဖြစ်နိုင်ပါတယ်။
(စာရေးသူကိုယ်တိုင် Odoo system ကို စတင်လေ့လာချိန်ကလည်း အဆင်မပြေမှုတွေ၊ နားမလည်နိုင်တာတွေ များစွာရှိခဲ့ပါတယ်။)

ထို့အတွက်ကြောင့်...
အကြောင်းအရာတစ်ခုခြင်းကို ခွဲခြားပြီး Discussion routes တွေ သတ်မှတ်ကာ လေ့လာရလွယ်ကူ အဆင်ပြေစေမည့် Tutorials တွေကို ဖန်တီးရေးသားဖြစ်ခဲ့ပါတယ်။

Tutorials တွေကို page တွင် တင်ပေးထားသည့်အတွက် ရှာဖွေဖတ်မှတ် လေ့လာနိုင်သလို၊ eBooks တွေ အနေနဲ့လည်း မှာယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။ eBooks တွေ အနေနဲ့ မှာယူလေ့လာမယ်ဆိုရင် အစီအစဥ်တကျ လေ့လာနိုင်လို့ ပိုပြီး အဆင်ပြေစေမယ်လို့ ယူဆမိပါတယ်။
(Ebooks တွေကိုလည်း ငွေပမာဏ အနည်းငယ်သာ သတ်မှတ်ထားပါတယ်။)

*** လေ့လာသူတွေအားလုံး
ကျန်းမာ၊ ဘေးကင်း၊ လုံခြုံကြပါစေ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon