12/03/2022
ခုရက်ပိုင်း အန်ပီး ဝမ်းပျက်ဝမ်းလျှောကလေးတွေ
အတွေ့ရများလာလို့
ပြန်ဝေမျှပေးလိုက်ရပါတယ်
မေမေတို့မှားနေကြတဲ့ ဓာတ်ဆားထုပ်တွေ
🛑🛑🛑ဒါတွေက
မသောက်သင့်တဲ့ဆေးတွေ
မဟုတ်ပါဘူးနော်
ဓာတ်ဆားမဟုတ်တာပြောတာပါ
🚨ဆေးဆိုင်ကအစ ဆရာဝန်တွေအဆုံး
အတော်များများတွေ့နေရတာပါ
ဒီဆေးတွေကို ဓာတ်ဆားလို့ပြောရောင်းကြတယ်
🚨ဒီဆေးတွေဟာ ဝမ်းသွားလို့ ဝမ်းချုပ်လို့
ပုံမှန်ဖြစ်မနေတဲ့ အူတွင်းက လိုအပ်တဲ့ဘက်တီးရီးယားပိုးဖြည့်ပေးတဲ့ဆေးတွေပါ probiotic လို့ခေါ်ပါတယ်။
ဝမ်းချုပ်ရင် ဝမ်းလျှောရင် သုံးလို့ရပါတယ်
သုံးလဲသုံးကြပါတယ်၊
အကျိုးလည်းရှိပါတယ်၊ ပေးလို့ရပါတယ်၊
ဒီဆေးတွေဟာ လုံးဝဓာတ်ဆားမဟုတ်တာပါ။
🚨🚨🚨ကလေးတွေ အန်ရင်ဝမ်းလျှောရင်
ရေဓာတ် ဆားဓာတ်တွေ ဆုံးရှုံးပါတယ်
ပြည့်ဖြည့်ဖို့ ရေနဲ့ဓာတ်ဆားမဖြစ်မနေလိုအပ်ပါတယ်။
🚦 WHO ORS,က အဆင်အပြေဆုံး ဓာတ်ဆားပါ
ကလေးမို့လို့ ကလေးဓာတ်ဆားတိုက်ရတာ မဟုတ်ပါဘူး၊
အရသာမကြိုက်တဲ့အခါ ကလေးဓာတ်ဆားတွေ
အနံအရသာပါတာတွေ တိုက်လို့ရပါတယ်
ယုတ်စွအဆုံး ဓာတ်ဆားရည်မဝင်ရင်တောင်
ကြက်စွပ်၊ အုန်းစိမ်းရည်၊ ထမင်းရည်ဆားအနည်းငယ်ခပ်တိုက်လို့ အဆင်ပြေပါတယ်။
📯ဓာတ်ဆားမဟုတ်တဲ့ဆေးတွေကို ဓာတ်ဆားဆိုပီး
ရေတဖန်ခွက်နဲ့ဖျော်တိုက်ကြတယ်
အမှုန့်နဲ့တဇွန်းစာလည်းတိုက်ကြတယ်
🚨🚨ဓာတ်ဆားအစားထိုး လုံးဝမဟုတ်ပါ🚨🚨
🚦မှားတိုက်ပေါင်းများလွန်းလို့
ရေနဲ့ဆားတကယ်လိုအပ်တဲ့ အခြေအနေတွေမှာ
ရေဓာတ်ခမ်းခြောက်၊ သွေးတွင်းဆားဓာတ်ပြောင်း
(Dehydration and electrolyte imbalance) ဖြစ်ပီး
အသက်အန္တရာယ်ရှိတဲ့အထိ ဆိုးသွားတဲ့ကလေးတွေ
မြင်ရတာ များလှပါပီ။
📯တချိန်က icu ရောက်နေတဲ့ လူနာလေးရဲ့မိခင်ဆီကတိုက်တဲ့ဓာတ်ဆားပြပါဆိုပီး
တောင်းထားလို့ ထွက်လာတာတွေပါ၊
🚨နောက်ထပ်အရေးကြီးတာက ဓာတ်ဆားထုပ်တွေဖျော်တော့မယ်ဆိုရင် ဖျော်စပ်ရမယ့် ပမာဏကို
အတိအကျသိဖို့လိုပါတယ်၊ အညွုန်းသေချာဖတ်ပါ၊
ရေတစ်ဖန်ခွက် (၂၀၀ml) နဲ့ဖျော်တဲ့ ဓာတ်ဆားလား?
ရေတစ်လီတာ(၁၀၀၀ml) နဲ့ဖျော်တဲ့ဓာတ်ဆားလား?
သေချာစွာဖတ်ပီးမှ ဖျော်ပါ။
ဓာတ်ဆားဝင်လျှင်ပီးရော ရေနည်းနည်းနဲ့အကုန်ဖျော်လို့ မရပါဘူး၊ရေများလို့လည်း မရပါဘူး။
အသက်အန္တရာယ်ရှိပါတယ်။
🔔မေမေတို့ ဆင်ခြင်နိုင်ကြစေဖို့ ဆန္ဒပြုလျှက်။🔔
📣သားသားမီးမီးလေးတို့ရဲ့ဖြစ်လေ့ဖြစ်ထရှိသော ရောဂါအခြေအနေများကို ကလေး အထူးကု ဆရာဝန် နှင့်လည်း online messenger မှတဆင့် ဆွေးနွေးတိုင်ပင် ကုသ နိုင်ပါတယ်။အရေးပေါ်အခြေအနေကတော့ ဆေးရုံသာပြသသင့်ပါတယ်။📣
🔔သားသားမီးမီးလေးတို့၏ ကျန်းမာရေးနှင့်ပတ်သတ်သော ဆောင်ရန်ရှောင်ရန်များနှင့် ကလေး ကျန်းမာရေး အသိပညာ ဗဟုသုတ များကိုပါ ဝေမျှပေးမှာဖြစ်လို့ page လေးကို like and share လုပ်ပေးကြနော်။🔔