CareerUp

CareerUp Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CareerUp, Educational consultant, No. 74, U Bakyaw Street, Tamwe Township, Yangon.

Helping Myanmar students study in Japan 🇯🇵
🎓 E-track universities,
🎓J-track universites,colleges, language schools
✍️Statement of Purpose Support
📄 Visa & application support
📩 Free consultation (Messenger)

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းလည်း ထွက်ပြီးပြီဆိုတော့ "အနာဂတ်အတွက် ဘယ်လမ်းကို ရွေးရမလဲ" ဆိုပြီး စဉ်းစားရခက်နေပြီလား? 🤔မ...
14/07/2026

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းလည်း ထွက်ပြီးပြီဆိုတော့ "အနာဂတ်အတွက် ဘယ်လမ်းကို ရွေးရမလဲ" ဆိုပြီး စဉ်းစားရခက်နေပြီလား? 🤔

မိဘတွေကလည်း သားသမီးတွေရဲ့ ရှေ့ရေးအတွက် အကောင်းဆုံးဖြစ်မယ့် လမ်းကြောင်းကို မျှော်လင့်နေကြမှာပါ။

မြန်မာနိုင်ငံက ကျောင်းသား/သူတွေအတွက် ပညာရေးရော၊ အနာဂတ် အလုပ်အကိုင်ပါ တစ်ပါတည်း အာမခံချက်ရှိမယ့် အကောင်းဆုံး ရွေးချယ်မှုတစ်ခုကတော့ "ဂျပန်နိုင်ငံ" ပဲ ဖြစ်ပါတယ်။ 🇯🇵✨

🌟 ဂျပန်နိုင်ငံမှာ ကျောင်းတက်ရင် ဘာတွေ ကွာခြားနိုင်သလဲ???

⭐️ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်:

ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်တွေနဲ့ သက်မွေးဝမ်းကျောင်း ကောလိပ် (Senmon Gakko) တွေဟာ နည်းပညာ၊ စီးပွားရေး၊ အိုင်တီနဲ့ အနုပညာနယ်ပယ်တွေမှာ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိပြီး လက်တွေ့နယ်ပယ်နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးပါတယ်။

⭐️ကျောင်းတက်ရင်း ကိုယ်ပိုင်ဝင်ငွေရှာနိုင်ခြင်း:

ဂျပန်အစိုးရက ကျောင်းသားတွေကို တစ်ပတ် ၂၈ နာရီ တရားဝင် အချိန်ပိုင်းအလုပ် လုပ်ကိုင်ခွင့်ပြုထားလို့ မိဘတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ (ကျောင်းလခမပါ) ကိုယ့်စရိတ်နဲ့ကိုယ် ကျောင်းတက်နိုင်ပါတယ်။

⭐️ပညာသင်ဆု (Scholarships) :အခွင့်အလမ်းများ:

JASSO, MEXT အစရှိတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ပညာသင်ဆုတွေကို ကြိုးစားလျှောက်ထားနိုင်ပါတယ်။

⭐️အလုပ်အကိုင် အာမခံချက် ၁၀၀% နီးပါးရှိခြင်း:

ဂျပန်နိုင်ငံဟာ လုပ်သားအင်အား လိုအပ်ချက် အလွန်များပြားတဲ့အတွက် ကျောင်းပြီးတာနဲ့ ဂျပန်ကုမ္ပဏီကြီးတွေမှာ တိုက်ရိုက်အလုပ်ဝင်နိုင်ပြီး လုပ်ငန်းခွင်ဗီဇာ (Work Visa) ပြောင်းလဲနေထိုင်လုပ်ကိုင်နိုင်ပါတယ်။

⭐️လုံခြုံစိတ်ချရမှု အမြင့်ဆုံးနိုင်ငံ:

ကမ္ဘာပေါ်မှာ ရာဇဝတ်မှုအနည်းဆုံးနဲ့ နေချင်စဖွယ် အကောင်းဆုံးနိုင်ငံဖြစ်လို့ မိဘတွေအနေနဲ့လည်း စိတ်အေးလက်အေး ဖြစ်ပါတယ်။

စိတ်ဝင်စားကြတဲ့ကျောင်းသား/သူများအနေဖြင့်

⭐️အခြေခံ ဂျပန်စာ N5 အဆင့်သင်ယူပြီးသား/အောင်မြင်ထားရုံနဲ့တင် လျှောက်ထားနိုင်ပြီး အောက်ပါအဆင့်အတိုင်း အောင်မြင်အောင် လျှောက်လှမ်းနိုင်မှာပါ ။

၁)
ဂျပန်စာဘာသာစကားကျောင်း (၁ နှစ်ခွဲ မှ ၂ နှစ်)
➡️

၂)
တက္ကသိုလ် သို့မဟုတ် သက်မွေးဝမ်းကျောင်းကောလိပ် (၂ နှစ် မှ ၄ နှစ်)

➡️
၃)ဂျပန်နိုင်ငံရှိ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်ခြင်း
🇯🇵🇯🇵🇯🇵
ကျောင်းအလိုက် လိုအပ်တဲ့အရည်အချင်းပြည့်မှီသူများကလည်း တက္ကသိုလ်/ကောလိပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

သင့်စိတ်ကူးအိမ်မက်တွေကို ဂျပန်နိုင်ငံမှာ အတူတူ အကောင်အထည်ဖော်လိုက်ကြရအောင်။ 🥰
⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️
👉 စိတ်ဝင်စားလို့ အသေးစိတ် သိရှိလိုပါက Page Chat Box ကနေဖြစ်စေ၊ ဖုန်းနံပါတ် 09440324324 ကနေဖြစ်စေ အခမဲ့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ။

08/07/2026

Interview Results
⭐️⭐️⭐️⭐️⭐️⭐️⭐️
1. Arkar Phyo
2. Jue Jue May
3. Pa Pa Ei
4. Phyo Pa Pa Thein
5. Saw Nyein Khant Pyae Sone
6. Thi Ri Nwe
7. Thura Hlaing
8. Yan Lin Bhone
9.Ei Zin Phyo
10. Hein Arkar Soe
11. Hnin Pwint Phyu
12. Moe Yan
13. Si Thu Han
14. Si Thu Tun
15. Kyawt Kyawt Tun
16. Kyaw Zin Latt
17. Paing Min Khant
Congratulations to You All☺️.
Please kindly note that all required documents must be submitted by the school’s deadline. Late submissions will result in cancellation of the application.
⭐️⭐️⭐️⭐️⭐️
သင့်စိတ်ကူးအိမ်မက်များ
အကောင်အထည်ဖော်နိုင်ဖို့ရာအတွက်
CareerUp
B e T h e r e F o r Y o u

🇯🇵 ဂျပန်မှာ အဆင့်မြင့်ပညာရေးနဲ့ မိမိတို့ အနာဂတ်ကို အကောင်အထည်ဖော်ချင်သူများရှိလား??? ဒါဆိုရင်⭐️⭐️⭐️ဂျပန်နိုင်ငံမှာ ပညာရေ...
02/07/2026

🇯🇵 ဂျပန်မှာ အဆင့်မြင့်ပညာရေးနဲ့ မိမိတို့ အနာဂတ်ကို အကောင်အထည်ဖော်ချင်သူများရှိလား???

ဒါဆိုရင်
⭐️⭐️⭐️ဂျပန်နိုင်ငံမှာ ပညာရေးဖြင့် အနာဂတ်ကို တည်ဆောက်စို့⭐️⭐️⭐️⭐️

ဂျပန်နိုင်ငံရဲ့ စနစ်ကျပြီး အဆင့်မြင့်မားတဲ့ ပညာရေးဟာ သင်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အမြန်ဆုံးဖော်ဆောင်ပေးနိုင်မယ့် သော့ချက်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် ဂျပန်ဘာသာသင်တန်းကျောင်းတွေမှာ ပညာသင်ကြားခွင့် ရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ CareerUp မှ အစအဆုံး ဝန်ဆောင်မှုပေးနေပါပြီ။☺️
🇯🇵🇯🇵🇯🇵
ဘာတွေ ဝန်ဆောင်မှုပေးတာလဲ ?
⭐️ကျောင်းရွေးချယ်ခြင်း ဆွေးနွေးပေးခြင်း (Educational Counseling): မိမိတက်ရောက်လိုသော မေဂျာ၊ ကျောင်းလခနဲ့ ကိုက်ညီမယ့် တက္ကသိုလ်/ ကောလိပ်များကို စိစစ်လမ်းညွှန်ပေးခြင်း

⭐️ စာရွက်စာတမ်းပြင်ဆင်ခြင်း(Documentation): ကျောင်းဝင်ခွင့်များအတွက် ကျောင်းလျှောက်လွှာနဲ့ CoE လုပ်ငန်းစဉ်များကို ကျောင်းသားနဲ့အတူ ပြင်ဆင်ဆောင်ရွက်ခြင်း

⭐️ ဂျပန်ရောက်ဝန်ဆောင်မှု( Post-Arrival Support) : ဂျပန်န်ုင်ငံသို့ရောက်ရှိပြီးနောက် အဆင်ပြေချောမွေ့စွာဖြစ်စေဖို့အတွက် လိုအပ်တဲ့
အကြံဥာဏ်များ ပံ့ပိုးပေးခြင်း ။
🇯🇵🇯🇵🇯🇵
အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများနဲ့ ပြည့်နှက်နေတဲ့ ဂျပန်နိုင်ငံမှာ ပညာသင်ယူပြီး သင့်စိတ်ကူးအိမ်မက်တွေကို အတူတူ အကောင်အထည်ဖော်လိုက်ရအောင်လားခင်ဗျာ။
⭐️⭐️⭐️⭐️⭐️
အသေးစိတ်စုံစမ်းလိုပါက Page Messenger မှတဆင့်ဖြစ်စေ၊ ဖုန်း- 09440324324 တို့အား ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သင့်စိတ်ကူးအိမ်မက်များ
အကောင်အထည်ဖော်နိုင်ဖို့ရာအတွက်..
CareerUp
CareerUp
B e T h e r e F o R Y o U

🎉 CareerUp မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် Congratulations! 🇯🇵CareerUp မှတစ်ဆင့် ဂျပန်နိုင်ငံရှိ University of Tsukuba ၏ Mas...
01/07/2026

🎉 CareerUp မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် Congratulations! 🇯🇵

CareerUp မှတစ်ဆင့် ဂျပန်နိုင်ငံရှိ University of Tsukuba ၏ Master’s Program in Business Administration သို့ ဝင်ခွင့်ရရှိခဲ့သော Yamone Win Latt အား အထူးပင် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် Congratulations ပြုအပ်ပါသည်။ 🌸

ကြိုးစားမှုနှင့် စိတ်အားထက်သန်မှုတို့ကြောင့် အခုလို ဂုဏ်ယူစရာကောင်းသော ရလဒ်တစ်ခုကို ရရှိခဲ့ခြင်းဖြစ်ပြီး၊ အနာဂတ်ပညာရေးလမ်းကြောင်းမှာလည်း အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း CareerUp မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🌏 CareerUp မှ လက်ရှိတွင် ဂျပန်နိုင်ငံအပြင် ကိုရီးယား၊ ကနေဒါနှင့် ဥရောပနိုင်ငံများသို့ ပညာသင်ကြားလိုသူများအတွက် အောက်ပါဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။

🎓 Our Services
* University Admission Consulting
* Study Plan & SOP Guidance
* Scholarship & Application Support
* Student Visa Consulting

သင်၏ နိုင်ငံတကာပညာရေးအိပ်မက်ကို CareerUp နှင့်အတူ စတင်လိုက်ပါ။

📩 Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

CareerUp – Your Global Education Partner 🌍✨

Seminar and Interview -Day (2)⭐️⭐️⭐️⭐️⭐️⭐️⭐️
27/06/2026

Seminar and Interview -Day (2)
⭐️⭐️⭐️⭐️⭐️⭐️⭐️

Seminar and Interview in Our Partnership Japanese Language School ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️Thank you very much for collaboratin...
25/06/2026

Seminar and Interview
in Our Partnership Japanese Language School
⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️
Thank you very much for collaborating with us. We appreciate your continuous efforts to your students ( happy learning and successful society ☺️).
Let’s move forward together toward our goal of success with sincerity and goodwill.

Business IT College တွင် ပညာသင်ကြားနေသော Career Up Education Center မှ ကျောင်းသားတစ်ဦးဖြစ်သည့်မောင် ဟ်န်းထက်အောင်သည်JASS...
22/06/2026

Business IT College တွင် ပညာသင်ကြားနေသော Career Up Education Center မှ ကျောင်းသားတစ်ဦးဖြစ်သည့်
မောင် ဟ်န်းထက်အောင်သည်JASSO Scholarship ကို ရရှိခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။ 🎉

လက်ရှိ ဒုတိယနှစ်တွင် ပညာသင်ကြားနေပြီး IT ဘာသာရပ်ကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူနေသူတစ်ဦး ဖြစ်ပါသည်။ ထို့အပြင် ကျောင်း၏ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ ကျောင်းသားကောင်းတစ်ဦးအဖြစ် ကြိုးစားရပ်တည်နေသူလည်း ဖြစ်ပါသည်။

ယခုလို Scholarship ရရှိခြင်းမှာ သူ၏ ကြိုးစားအားထုတ်မှုများအတွက် တန်ဖိုးရှိသော အသိအမှတ်ပြုမှုတစ်ခုဖြစ်ပြီး ရှေ့ဆက်၍လည်း မိမိရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

JASSO Scholarship ရရှိခဲ့သည့်အတွက် ထပ်မံဂုဏ်ပြုအပ်ပါသည်။ 🌸🇯🇵

🌸 အိပ်မက်တစ်ခုအတွက် ရေးထားတဲ့ စာရွက်လေးတစ်ရွက်နောက်တစ်ပတ်မှာ 2027 April intake အတွက် Class 1 အဆင့်ရှိ ဂျပန် Language Sch...
19/06/2026

🌸 အိပ်မက်တစ်ခုအတွက် ရေးထားတဲ့ စာရွက်လေးတစ်ရွက်

နောက်တစ်ပတ်မှာ 2027 April intake အတွက် Class 1 အဆင့်ရှိ ဂျပန် Language School နဲ့ Face-to-Face Interview ရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ Interview Script ပါ။

သေချာကြည့်လိုက်တော့ ဂျပန်စာနဲ့ မရေးထားဘူး။

မြန်မာအသံထွက်နဲ့ ရေးထားတာ။ 😄

“ဝတရှိဝ…”
“ဟာဂျီမေမရှိတေး…”
“ယိုရိုရှီခု အိုနေဂိုင်ရှီမတ်စ်…”

ဆိုပြီး ကိုယ်ဖတ်လို့ရအောင်၊ မမေ့အောင်၊ တစ်ကြောင်းချင်း ရေးမှတ်ထားတာ။

N5 အဆင့်ပဲ ရှိပါသေးတယ်။

စကားပြောရင် တုန်တယ်။
အသံထွက်မှားမှာ ကြောက်တယ်။
မေးခွန်းအသစ်တွေ မေးလာရင်
ဘယ်လိုဖြေရမလဲ စိုးရိမ်တယ်။

ဒါပေမယ့် အရှုံးမပေးဘူးနော်။

ကိုယ့်အကြောင်းကို ဂျပန်လို ပြောနိုင်ဖို့
စာကြောင်းတစ်ကြောင်းချင်း ရေးတယ်။
တစ်ခေါက်ပြီး တစ်ခေါက် ဖတ်တယ်။
အသံထွက်လေ့ကျင့်တယ်။
မှားရင် ပြန်ပြင်တယ်။

တချို့လူတွေက Visa ရသွားတာကိုပဲ မြင်ကြတယ်။

ဒါပေမယ့် Visa တစ်စောင်ရဲ့ နောက်ကွယ်မှာတော့ ဒီလို စာရွက်လေးတွေ၊ ဒီလို ကြိုးစားမှုတွေ၊ ဒီလို မအိပ်မနေရ လေ့ကျင့်မှုတွေ ရှိတယ်။

ကျောင်းတွေက Perfect Japanese ကို မျှော်လင့်နေတာ မဟုတ်ပါဘူး။

“ဒီကျောင်းသားက တကယ်ပညာသင်ချင်ရဲ့လား”
“အိပ်မက်အတွက် ဘယ်လောက်ကြိုးစားနေသလဲ”

ဆိုတာကို ပိုပြီး ကြည့်ကြတာပါ။

Perfect Japanese မဟုတ်သေးပေမယ့်…

Perfect Effort တော့ မြင်ရတယ်။ 🇯🇵✨

နောက်တစ်ပတ် Interview အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ 🌸


🇯🇵🌸

အရှုံးမပေးတဲ့ ဆာမူရိုင်းများ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာပဲ ဂျပန်အသင်းဟာ ဥရောပရဲ့ အင်အားကြီ...
17/06/2026

အရှုံးမပေးတဲ့ ဆာမူရိုင်းများ
⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️
၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာပဲ ဂျပန်အသင်းဟာ ဥရောပရဲ့ အင်အားကြီး နယ်သာလန်အသင်းကို ၂-၂ နဲ့ ကစားနိုင်ခဲ့ပါတယ်။

နယ်သာလန်အသင်းက ဦးဆောင်ဂိုးတွေ သွင်းပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဂျပန်ကစားသမားတွေရဲ့ ရင်ထဲက မဆုတ်မနစ်တဲ့ “ဆာမူရိုင်းစိတ်ဓာတ် (Samurai Spirit)” ကိုတော့ မချိုးနှိမ်နိုင်ခဲ့ပါဘူး။

“တစ်ယောက်ချင်းစီရဲ့ ကြယ်ပွင့် အရည်အချင်းထက် အသင်းလိုက် ညီညွတ်မှုကို ရှေ့တန်းတင်ခြင်း” ကြောင့်ပါပဲ။ ကွင်းထဲမှာ ကစားသမား ၁၁ ယောက်စလုံးဟာ တိကျတဲ့ စည်းကမ်း၊ တစ်ဦးကိုတစ်ဦး ယုံကြည်မှု၊ တူညီတဲ့ ဦးတည်ချက်တစ်ခုတည်းနဲ့ အသက်သွင်း ကစားကြပါတယ်။ ဘယ်လောက်ပဲ ဖိအားတွေရှိရှိ စိတ်မပျက်ဘဲ နောက်ဆုံးမိနစ်အထိ အတူတူရုန်းကန်တဲ့ သူတို့ရဲ့ စိတ်ဓာတ်ဟာ လေးစားဖို့ အကောင်းဆုံးပါပဲ။

၂၀၁၉ ကတည်းက အာရှရဲ့ဆာမူရိုင်းတွေက ဥရောပအသင်းတွေကို ပွဲချိန်မိနစ် ၉၀ အတွင်း တစ်ကြိမ်မှ မရှုံးနိမ်သေးတဲ့ အံ့မခန်းမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

၄ နှစ်တကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားအတွင်း အာရှအသင်းတွေထဲမှာတော့ ဂျပန်အသင်းကိုအားပေးလိုက်ကြရအောင်။

🎓🧧 ဂျပန်နိုင်ငံရှိ Japanese Language School တက်ရောက်နေသော မြန်မာကျောင်းသူ/ကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အလမ်း📢 Okuda...
09/06/2026

🎓🧧 ဂျပန်နိုင်ငံရှိ Japanese Language School တက်ရောက်နေသော မြန်မာကျောင်းသူ/ကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အလမ်း

📢 Okuda Junko Yume Fund မှ ပေးအပ်သော “Yume Essay Scholarship” ကို 2026 ခုနှစ်အတွက် လျှောက်ထားနိုင်ပြီဖြစ်ပါသည်။

✅ ပညာသင်ဆု ပမာဏ
💴 ¥100,000 (တစ်ကြိမ်တည်း ထောက်ပံ့ပေးမည်)
✅ ပြန်လည်ပေးဆပ်ရန် မလိုပါ

👨‍🎓 ရွေးချယ်မည့် ကျောင်းသားဦးရေ
25 ဦးခန့်

📌 လျှောက်ထားနိုင်သူများ
• ဂျပန်နိုင်ငံရှိ Japanese Language School တွင် တက်ရောက်နေသူ
• ဂျပန်နိုင်ငံအတွင်း မိမိအမည်ဖြင့် ဘဏ်အကောင့်ရှိသူ
• Online Interview တက်ရောက်နိုင်သူ

📅 လျှောက်လွှာတင်ကာလ
2026 ခုနှစ် ဇွန်လ 15 ရက် မှ ဇူလိုင်လ 24 ရက် အထိ

💡 ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများအတွက်ကောင်းမွန်သော ပညာသင်ဆုအခွင့်အလမ်းတစ်ခုဖြစ်ပါသည်။

🔗 အသေးစိတ်ကြည့်ရှုရန်
https://sites.google.com/view/okudajunko-foundation/home/yumeessay-guidelines

Address

No. 74, U Bakyaw Street, Tamwe Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959977784241

Alerts

Be the first to know and let us send you an email when CareerUp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to CareerUp:

Shortcuts

Share