06/10/2025
ဆရာမိုးဟိန်းကျော် ရူပဗေဒ
Physics is essential for human beings.
06/10/2025
22/02/2025
#တွေးမိသောအပိုင်းအစများ
25/01/2025
Cambridge Year9, Lower Secondary Physics Home work paper လိုအပ်သူများအတွက်
23/01/2025
အနီးကပ် 4လလောက်ပဲသင်ပေးရပေမဲ့ ထင်ထားသလိုresult ကောင်းရခဲ့တယ်၊ခလေးက intensive Online Class ကျောင်းထားတာ၊ ကျောင်းကစာနောက်ကျနေလို့ နောက်ပိုင်းUnit တွေအချိန်မှီကြိုသင်ပေးခဲ့ရကျိုးနပ်ခဲ့ပြီ၊ကိုသင်တဲ့ Subjects တွေpast paper တွေကြိုးစားသင်ရကျိုးနပ်ခဲ့ပြီ
Math B Grade 9, A*
Physics Grade 9 , A*
Further Pure Math Grade 8 , A*
Chemistry Grade 8 , A*
တွေးမိသောအပိုင်းအစများ(၁)
ကျွန် တော်၁၉၉၂နှစ်မှာဆယ်တန်းအောင်ပြီးရန်ကုန်စက်မှူတက္ကသိုလ်ရာက်ခဲ့သည်။ကျွန်တော်တို့ခေတ်ကဘာသာစုံကျူရှင်သင်တန်းမရှိ၊တစ်ဘာသာချင်းစီကျူရှင်ရှိရာသွားတက်ရသည်။Guide ဆိုတဲ့ဆရာလည်းမရှိတဲ့ခေတ်၊အခုကိုယ့်သား ဆယ်တန်းစနစ် ဟောင်းတစ်နှစ်ကျက Grade 12စနစ်သစ် ဖြေမည်ဆို တော့ရပ်ကွက်နီးရာကျူရှင်ပို့ရသည်၊နှစ်လဘဲတက်ဖြစ်လိုက်သည်၊အခုခေတ်ကျူရှင်မှသည် Private ကျောင်းအများစုမှာ Guide များရှိသည်၊သူတို့(အားလုံးကိုမဆိုလို)သည်ဆရာများသင်သ ည့်အတိုင်း ၏သည် မရွေးဆိုခိုင်းတတ်သည်၊စာစစ်ပေးရုံသာ၊ကျောင်းသားမှားခဲ့လျှင်အမှန်ပြင်နိုင်အောင်သင်မပေးတတ်ပါ၊ကျွန်တော် IGCSE သင်မှဘာသာရပ်ကိုပိုမိုနှံ့စပ်စွာသိလာပါသည်။စာပိုဖတ်ရပါသည်။အစိုးရသင်ရိုးသင်တုန်းကစာဖတ်နည်းပါသည်၊ကျောင်းသားရီအောင်၊ပျော်အောင်သင်နိုင်လျှင်အောင်မြင်သောကျူရှင်ဆရာဖြစ်နိုင်ပါသည်။
စာချည်းသက်သက်သင်ရုံမရပါ။အခု G 12 ကတော့စာဖတ်တဲ့ဆရာမှ ကျူရှင်သင်နိုင် သော ခေတ်ဖြစ်သွားပါပြီ။မေးခွန်းဟောင်းပြန်လည်ခဏခဏမေးတတ် သောစနစ်လား ပြောဖို့စောပါသေးသည်။ကျောင်းသားကိုတွေးခေါ်ဉာဏ်တိုးတက်အောင်၊စာကျက်သည့်စနစ်မှသည် စာဖတ်ပြီး တွေးခေါ် ဖြေတတ် သောစနစ်လားဆိုတာ နောင် မေး သော မေးခွန်းများကိုကြည့်ရပါအုံးမည်။
“အမေ ဒီဟင်းနဲ့မစားချင်ဘူး… ဟိုဟင်းနဲ့စားမယ်”
အမေ့အမြင်မှာ သူ တောင်းဆိုတဲ့ ဟင်းနဲ့ ကျွေးလိုက်ရင်
နားအေးတာပဲ လို့ မြင်ကောင်းမြင်နိုင်ပါတယ်
ဒါပေမယ့် ခလေးစိတ်ထဲမှာ…
စားချင်သလို စားခွင့် ရှိတယ်…
စားချင်သလောက် စားမယ်ဆိုတာမျိုး
ဘယ်အရာကိုမှ ကန့်သတ် (စည်းကမ်း)
ထားစရာမလိုဘူး ဆိုတဲ့
ခံယူချက်ကလေးတွေ တဖြည်းဖြည်းနဲ့
ဝင်လာနေတာကို ဒီအမေ သတိ မထားမိလိုက် ပါဘူး
“အမေ… သားဒီနေ့ကျောင်းမသွားချင်ဘူး”
“အေး အေး… အမေခွင့်တိုင်ပေးမယ်”
ဒီအမေ အတွေးထဲမှာ ဒီနေ့ တစ်ရက်ကျောင်း
မသွားတာနဲ့ ဘာမှမထူးပါဘူးလို့ ထင်မှတ်နေတာပါ….
တကယ်တော့ ကျောင်းပုံမှန် သွားရမယ်ဆိုတဲ့
စည်းကမ်းကို အလွယ်တကူ ချိုးဖောက်ဖို့
အားပေးကူညီ လိုက်တာပါ…
ကျောင်းတစ်ရက် ပျက်တာ
ဘာမှမဖြစ်ပေမယ့်
ကလေးစိတ်ထဲမှာ
“ငါမတက်ချင်လည်းရတာပဲ”
ဆိုတဲ့ဘယ်အရာကိုမဆို
အလွယ်တကူ မလိုက်နာချင်တဲ့စိတ်က
တဖြည်းဖြည်း အားကောင်းလာတတ်ပါတယ်…
ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး
“အမေ သားဘယ်သူနဲ့ရန်ဖြစ်လာတယ်”
“အေး… ဦးအောင်သာပြန်ဆော်ခဲ့ လုံးဝ မခံခဲ့နဲ့…
ြ ဖစ်လာသမျှ အမေလိုက်ရှင်းမယ်”
ဒီအမေ အမြင်မှာ ဒီလိုပြဿနာတွေကို
သားနိုင်ကိုနိုင်ရမယ်… ငါလိုက်ရှင်းမယ်
ဘာဖြစ်ဖြစ်ဆိုတာမျိုး….
တကယ်တော့ ကလေးဟာ
ပြသနာတခုခုကို သူ့အရွယ်နဲ့သူ မဆုံးဖြတ်နိုင်တော့ပဲ
ကိုယ်ထိလက်ရောက် အရင်ပြုမူတတ်တဲ့ စိတ်ဓာတ်မျိုး… ဘာလုပ်လုပ် ငါ့မိဘရှင်းမှာပဲဆိုတဲ့
စိတ်ဓာတ်မျိုးကို တဖြည်းဖြည်း ဖန်တီးယူလာတာပါ
ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး…
ကြီးလာရင် တဖြည်းဖြည်း သင်ယူသွားလိမ့်မယ်
ဆိုတာ မဟုတ်ပါဘူး။
ခလေးဆိုတာ သွေးတိုးစမ်းတတ်ပါတယ်*
(ပထမအရွယ်မှာ ချော့ရပါတယ်… ဒုတိယအရွယ်မှာ
ခြောက်ရပါတယ် ၊ တတိယအရွယ်မှာ
ချော့တစ်ခါခြောက်တစ်လှည့် လုပ်ရပါတယ်…)
ငယ်စဉ်ကတည်းက သင်ကြားပေးလို့ရတဲ့
ကိုယ်ပိုင်စည်းကမ်းလေးတွေ ရှိပါတယ်
သူ့ဖိနပ်ကိုသူ စနစ်တစ်ကျ ချွတ်ခိုင်းပါ…
ထမင်းစားတာကို မဖိတ်မစင်အောင် စားခိုင်းပါ..
(ကိုယ် ကြွေးချင်တဲ့ အစာအဟာရကို မဖြစ်မနေ
ခလေးစားအောင် ကြိုးစားပါ)
သူ ကစားပြီးသား ကစားစရာကို
သူကိုယ်တိုင် စနစ်တစ်ကျသိမ်းခိုင်းပါ…
(မသိမ်းရင် နောက်ထပ်သူ့ရဲ့ဆန္ဒကို လုံးဝခွင့်မပြုပါနဲ့)
ငယ်စဉ်ထဲက စနစ်တကျ တဖြည်းဖြည်းခြင်း
ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်
ငယ်ငယ်ထဲက စည်းကမ်းတကျမရှိတဲ့
ခလေးဟာ ကြီးလာရင်လည်း
ဘယ်စည်းကမ်းမျိုးမဆို အလွယ်တကူ
မလိုက်နာဖို့များပါတယ်
ကလေးတွေကိုပေးရမယ့်
စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ…
ပူဆာသမျှအရုပ်တွေ ဝယ်ပေးတာမျိုး…
ပို့ခိုင်းသမျှ ကစားကွင်းတွေ အမြဲတစေ
လိုက်ပို့တာမျိုးရယ်တော့ မဟုတ်ပါဘူး
လက်ရှိရှိနေတဲ့ အနေအထားမှာ
ရှိနေတဲ့ပတ်ဝန်းကျင် ရောက်နေတဲ့အသက်အရွယ်မှာ သူ့ကိုယ်ပိုင်အသိတရားလေးနဲ့
စည်းကမ်းတကျလေး ပျော်ရွှင်စေရမှာဖြစ်ပါတယ်
ကလေးအိပ်နေလို့ မနှိုးချင်လို့
ကျောင်းပျက်တာကိုအရေးမကြီးသလို
ယူဆနေတဲ့မိဘတွေ တနေကုန် ဖုန်းနဲ့မျက်နှာနဲ့
မခွာတဲ့ ခလေးတွေကို ပြောမရဘူး
ဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့
့ ခွင့်ပြုထားတဲ့ မိဘတွေ
ဖုန်းတစ်လုံးမှာ ငါတို့တောင်မသိတာတွေ
သူသိတယ်ဆိုပြီး ဂုဏ်ယူနေတဲ့ မိဘတွေ…
တစ်နေ့ ၁၀နာရီလောက် စာလုပ်ခိုင်းထားပြီး
ကြီးလာရင်တော့ သေချာပေါက် ပညာတတ်ဖြစ်မှာပဲလို့
စိတ်ကူးယဉ်နေတဲ့ မိဘတွေ…
ခလေးလေးက လူကြီးလောက်နီးနီး ဆဲတတ်တာကို
စကားတတ်တယ်ဆိုပြီး ဂုဏ်ယူနေကြတဲ့ မိဘတွေ
ခလေးလေးက ဘီယာဝိုင်း
လိုက်ထိုင်သောက်တတ်တာကို ဆရာကြီးကွဆိုပြီး
ကြံဖန်ဂုဏ်ဆာနေကြတဲ့ မိဘမျိုးတွေ
ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရပါတယ်…
ကိုယ့်ခလေး ကိုယ်ကြိုက်တာလုပ်နိုင်ပါတယ်…
ကိုယ့်သားသမီး ကိုယ်ကြိုက်သလိုပုံသွင်း
နိုင်ပေမယ့်တစ်ခုတော့ သတိပေးချင်ပါတယ်
ပစ်ချင်သလို ပစ်ထားတဲ့မျိုးစေ့… ပေါက်ချင်သလို
ပေါက်မှာပဲဆိုတာ မမေ့ပါနဲ့နော်….။
( ချစ်ခြင်းကို နှစ်ခြင်းဖြင့် အနိုင်မယူမိပါစေနှင့် )
Crd:;Daw Aye Ma Ma Myo ( EFG
မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ
ကမ္ဘာမှာ တကယ်မရှိဘူး။
မယုံရင် ဆက်ဆံရေးတစ်ခုကနေ
ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ
မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက်
မင်းထွက်သွားခါစမှာတော့
မင်းကိုသတိရတာတွေ ဘာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။
အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့
အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့
အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ်
မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။
"မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ
စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။
မင်းမရှိလည်း အရာရာဟာသူ့နည်းသူ့ဟန်နဲ့
ပုံမှန်လည်ပတ်နေမှာပဲ။
Credit:အကြည်တော်
06/04/2024
မြန်မာ၁၂လရာသီ အခါတော် နေ့ထူးများ
***********
#မြန်မာ၁၂လရာသီအခါတော်နေ့များ
(၁) တန်ခူးလ မှာ မြန်မာဗုဒ္ဓဘာသာတို့၏ #နှစ်သစ်မင်္ဂလာအခါတော်နေ့ ဖြစ်သည်။ မင်္ဂလာတရားတော်များကို ရွတ်ပွား ခြင်း၊ ပရိတ်ပဋ္ဌာန်း တရားတို့ကို ရွတ်ဆိုခြင်းဖြင့် နှစ်ဦးအတွက် မင်္ဂလာယူပြီးကျင်းပခြင်းဖြစ်သည်။
(၂) ကဆုန်လပြည့် #ဗုဒ္ဓအခါတော်နေ့ မှာ အလွန်ထင်ရှားပါသည်။ ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်သောနေ့၊ ဘုရားဖြစ်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ များအဖြစ်ထင်ရှားပြီး ကာလဖြစ်စဉ် အတိအကျဖြင့် ကျင်းပပြုလုပ်ပူဇော်ကြသည်။
(၃) နယုန်လပြည့် #မဟာသမယအခါတော်နေ့ မှာ ကပိလဝတ်ပြည် နှင့် ကောလိယပြည် စစ်ပြေငြိမ်းသည့် အထိမ်း အမှတ်နေ့၊ နတ် ဗြဟ္မာ ဂဠုန် နဂါး ရဟန်းတော်များ စည်းရုံးမိပြီး မေတ္တာသက်ဝင် ချစ်ခင်မှုရရှိသောနေ့၊ သာကီဝင်မင်း သား ၅၀၀ ရဟန်းပြုသောကြောင့် ထူးခြားသော ငြိမ်းချမ်းရေး အမှတ်တရနေ့လပြည့်နေ့ ဖြစ်သည်။
(၄) ဝါဆိုလပြည့် #ဓမ္မာစကြာအခါတော်နေ့ မှာ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို၊ လဝါဆိုဆိုသည့်အတိုင်း ပဋိသန္ဓေနေ့၊ တောထွက်၊ ဓမ္မစကြာဟောသော နေ့ထူးနေ့မြတ် ၃ခုဆုံသောနေ့ဖြစ်သည်။
(၅) ဝါခေါင်လပြည့် #မေတ္တာအခါတော်နေ့ မှာ တောထဲတွင် တရားကျင့်ကြံသော ရဟန်းများကို နတ်များခြောက်လန့် သည့်အတွက် ဘုရားထံပြန်လာကြသည်။ ဘုရားရှင်က မေတ္တာသုတ် ဟောတော်မူ့ကာ မေတ္တာပို့ပြီးနေရန် တောထဲ သို့ ပြန်ခိုင်းသည့်အတွက် တောထဲသို့ပြန်လာပြီး နတ်များနှင့် သတ္တဝါအားလုံးကို မေတ္တာပို့သပြီး တရားအားထုတ်ရာ နတ်များကလည်း စောင့်ရှောက်သောကြောင့် ရဟန်းများ တရားထူးလည်းရကြသည်။ ထိုမေတ္တာသုတ် ဟောတော်မူ သည်ကို အကြောင်းပြုကာ မေတ္တာအခါတော်နေ့ ကျင်းပခြင်းဖြစ်သည်။
(၆) တော်သလင်းလပြည့် #ဂရုဓမ္မအခါတော်နေ့ မှာ ဘုရားရှင် နုစဉ်အခါတွင်က ကုရုတိုင်းတွင် ဘုရင်နှင့်တကွ တိုင်းသူ ပြည်သားတို့ ငါးပါးသီလထိန်းသိမ်းစောင့်ရှောက်သည့်အတွက် မိုးလေဝသမှန်ကန်ပြီး တိုင်းပြည်ဝပြောသည်။ ကောလိင်္ဂတိုင်းမှာကား ကပ်ကြီး၃ပါး ဆိုက်ကပ်ပြီး လူရောတိရိစ္ဆာန်ပါ ဒုက္ခရောက်ကြ၏။ ထိုအခါ ကောလိင်္ဂတိုင်းပြည် ဘုရင်နှင့် တိုင်းသူပြည်သားတို့လည်း ကုရုတိုင်းကို အတုယူကာ ငါးပါးသီလ ထိန်းသိမ်းကြသောကြောင့် မိုးလေဝသမှန် ကန်ပြီး သာယာဝပြောကြသည်။ ထိုသာယာသော မိုးတွင်းအခါကို အကြောင်းပြုကာ တော်သလင်းလကို ကုရုဓမ္မအခါ တော်နေ့ = ဂရုဓမ္မအခါတော်နေ့ ဟုခေါ်ဝေါ်ခြင်းဖြစ်သည်။
(၇) သီတင်းကျွတ်လပြည့် #အဘိဓမ္မအခါတော်နေ့ မှာ ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားဟောပြီး ပြန်ဆင်းလာသည်ကို အကြောင်းပြုကာ ခေါ်ဝေါ်ခြင်းဖြစ်သည်။
(၈) တန်ဆောင်းမုန်းလပြည့် #သာမညဖလအခါတော်နေ့ မှာ ဘုရားရှင်က အဇာတသတ်မင်း ပရိသတ်နှင့် သံဃာတော် များကို သာမညဖလသုတ် ဟောကြားသောနေ့ကို အကြောင်းပြု ခေါ်ဝေါ်ခြင်းဖြစ်သည်။
(၉) နတ်တော်လပြည့် #ဓမ္မစာဆိုတော်များနေ့ မှာ နတ်တော်လပြည့်သည် မြန်မာ့သမိုင်းတွင် စာဆိုတော်လဖြစ်သော ကြောင့် သာသနာရေးဦးစီးဌာနက ဘာသာရေးနှင့် ဆက်စပ်ပြီး ဓမ္မစာဆိုတော်များနေ့ အဖြစ် သတ်မှတ်ခေါ်ဝေါ်ခြင်း ဖြစ်သည်။
(၁၀) ပြာသိုလပြည့် #ရှင်တစ်ထောင်အခါတော်နေ့ မှာ ဘုရားရှင်လက်ထက် ဥရုဝေဠတောတွင် ကဿပညီနောင် ရှင်တစ်ထောင်တို့ အယူမှားစွန့်ကာ ကျွတ်တမ်းဝင်ကြသည်ကို အကြောင်းပြု ခေါ်ဝေါ်ခြင်းဖြစ်သည်။
(၁၁) တပို့တွဲလပြည့် #သြဝါဒပါတိမောက်အခါတော်နေ့ သည် သာသနာ့သမိုင်း၏ ထူးခြားသောနေ့တနေ့ဖြစ်သည်။ ထို နေ့တွင် အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သည်။ အရှင်သာရိပုတ္တရာ နှင့် အရှင်မောဂ္ဂလာန် မထေရ်၂ပါးလုံး ဧတဒဂ် ရသောနေ့ဖြစ်သည်။ ဧဟိဘိက္ခု ဆဋ္ဌဘိည-ပဋိသမ္ဘိဒါပတ္တရဟန်းတို့ မပင့်ရဘဲ၄င်းနေ့၌စည်းဝေးမိပြီးသြဝါဒပါတိမောက် ပြသောနေ့ကို အကြောင်းပြု ခေါ်ဝေါ်ခြင်းဖြစ်သည်။
(၁၂) တပေါင်းလပြည့် #မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ မှာ ဘုရားရှင်သည် ကာဠုဒါယီ အမတ်ပင့်သဖြင့် ရဟန္တာ ၂သောင်းခြံရံလျက် တပေါင်းလပြည့်ကျော် ၁ရက်မှစကာ ရာဇဂြိုလ်ပြည်မှ စတင်ကြွတော်မူ သည်ကို အကြောင်းပြုကာ ခေါ်ဝေါ်ခြင်းဖြစ်သည်။
Credit -
18/12/2023
#ကျွန်တော်တို့စိတ်တွေလိုအပ်ရင်ပြင်ရမယ်
ဒီလိုမျိုး မြန်မာနိုင်ငံမှာပဲ လူပါး၀လို့ရမယ် အဲ့ဒီလို ဆိုင်းဘုတ်တွေရေးထားတဲ့ ဆိုင်တွေရဲ့ ဇာတ်သိမ်း မကြာခင်လာတော့မယ်ဗျ
ဒီနေ့ ကျွန်တော် ဆိုင်တစ်ဆိုင်မှာ နွားနို့ထွက်ဝယ်တယ်။
နွားနို့ တစ်ပိဿာပေါ့။ ၅၀ သားနှစ်ထုပ် ပါပဲ။
ဒါပေမဲ့ ဝယ်ပြီးတော့မှ သတိရတယ်။
၂၅ သား နှစ်ထုပ်တွဲယူရင် ကောင်းမလားလို့။
ဒါနဲ့ အရောင်းကောင်တာက မိန်းကလေးကို ပြောတယ်။ ဈေးဝယ်သူတွေလည်း ရှင်းနေတာကိုး။
“ဟိုနှစ်ထုပ်နဲ့ ဒီတစ်ထုပ် အတူတူပဲဆိုတော့ လဲလိုက်မယ်နော်”
“လဲလို့ မရဘူး”
“အတူတူပဲ မဟုတ်လား”
“ဟိုမှာ ရေးထားတယ်”
သူပြတဲ့ စာကို ဖတ်ကြည့်တော့
“ဝယ်ပြီးပစ္စည်း ပြန်မလဲပေးပါ”တဲ့။
ဆိုင်ထဲကလည်းမထွက်ရသေးဘူး။ ပိုက်ဆံပေးပြီးရုံပဲ ရှိသေးတယ်။ အမျိုးအစားတူ၊ဈေးနှုန်းတူကိုပဲ လဲတာ။
သူ့အနေနဲ့ အဆင်မပြေတာ ရှိချင်ရှိမှာပါ။ ဒါပေမဲ့ Customer ရဲ့ လိုအပ်ချက်တွေကို ဘာလို့ မဖြည့်ဆည်းပေးနိုင်ရမှာလဲ။
ရောင်းသူနဲ့ ဝယ်သူ ဘယ်သူက အရေးပါလဲ။ မေးခွန်းတွေအများကြီး ပေါ်လာပါတယ်။
▪️ ▪️ ▪️
ဖတ်ဖူးတဲ့ တစ်ခါက အကြောင်းအရာတစ်ခုကို တင်ပြလိုပါတယ်။
သူရေးထားတဲ့အတိုင်း တင်ပြပါမယ်။
“ကျွန်တော်ငယ်ငယ်က ကျောင်းအားရက်တွေမှာ အဖေ့ကို ကူညီတဲ့အနေနဲ့ ဆိုင်ထိုင်ပေးရပါတယ်။
အဖေကလည်း ကျွန်တော့်ကို အလုပ်သင်အနေနဲ့ လုပ်ခပေးပါတယ်။
အဖေ့ဆိုင်က ပရိဘောဂတွေ ရောင်းတဲ့ဆိုင်ပါ။
တစ်ခါမှာ အမျိုးသမီးကြီးတစ်ယောက်ဟာ ဆိုင်ရှေ့မှာ သူ့ရဲ့ကားကို ရပ်ပြီး ဆိုဖာတစ်လုံးကို ကျွန်တော့်ကို ချစေတယ်။
ကျွန်တော်က ဆိုဖာကို ဆိုင်ထဲသွင်းလိုက်ပါတယ်။
“ဘာမှ မကြာသေးဘူး ပျက်ပြီ။ ဘောက်ချာတော့
မပါဘူး။ ပြင်ပေးလို့ရလား”
“ရပါတယ်”
အဖေက ဆိုဖာကုလားထိုင်ကို စစ်ဆေးပြီး “နက်ဖြန်လာယူပါ”လို့ မှာလိုက်တယ်။
အဖေက ပြင်ပေးတယ်။
ကျွန်တော်က ကုလားထိုင်ကို ကြည့်လိုက်တော့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆိုင်ကဖြစ်နေတာကို တွေ့ရတယ်။
“အဖေ။ ဟိုဘက်ဆိုင်က ကုလားထိုင်ပဲ”
“ဟုတ်တယ်လေ။ ငါသိပါတယ်"
“ဒါဆို အဖေဘာလို့ ပြင်ပေးတာလဲ”
“ငါက ဒါလောက်တော့ ပြင်တတ်တာကိုး”
“အဖေအမျိုးသမီးကြီးကို ပိုက်ဆံတောင်းဦးမှာလား”
“မတောင်းပါဘူး။ သူဝယ်သွားတာတစ်နှစ်တောင် မပြည့်သေးဘူး ပြောတယ်။
ဒီမှာကြည့်။
အသစ်ကြီး။ တစ်ခုခုကြောင့် ဒီလို ပျက်သွားတာ”
အဖေက စိတ်ရှည်လက်ရှည် ပြင်ပေးလိုက်တယ်။ နောက်တစ်နေ့မှာအမျိုးသမီးကြီးက သူ့ခုံသူ လာယူသွားတယ်။
တစ်ပတ်လောက်ကြာတော့ အမျိုးသမီးကြီး ပြန်လာတယ်။
“ဆောရီးပဲ။ ကျွန်မ ဆိုင်မှားပြီး ပြင်ခိုင်းလိုက်တာ။ တကယ်တော့ကျွန်မ မသိလိုက်ဘူး။
ကျွန်မယောက်ျား ခရီးက ပြန်ရောက်တော့ သူပြောပြမှ သိတယ်။
သူက ကျွန်မကို အပြစ်တင်တယ်”
အဖေက ပြုံးနေတယ်။
“ရှင် ဆိုင်မှားနေတာကိုသိမှာပေါ့”
“သိပါတယ်။ အောက်ဘက်မှာ ဆိုင်တံဆိပ် ပါတာပဲ”
“ကဲပါ။ ကျွန်မဘယ်လောက် ပေးရမလဲ”
“မလိုပါဘူး”
“ဘာဖြစ်လို့လဲ”
“အသေးအမွှားတွေပဲလေ။ ဒီလိုပြင်ပေးဖို့ ကျွန်တော်တို့ ပရိဘောဂသမားတွေမှာ တာဝန်ရှိပါတယ်။
နောက်ပြီး ခင်ဗျားအနေနဲ့လည်း ဒီခုံကို ဟိုသယ်ဒီသယ်လုပ်ရတာ အဆင်မှ မပြေတာပဲ”
အဖေပြောတော့ အမျိုးသမီးသဘောပေါက်ပြီး ပြန်သွားတယ်။
နှစ်တွေကြာသွားတော့ ကျွန်တော်လည်း အဆောင်ကို ပြောင်းနေခဲ့တယ်။
ကျောင်းကဘွဲ့ရပြီး အိမ်ကိုပြန်ရောက်တော့ ကျွန်တော် ကိုယ်ပိုင်အလုပ်ကို မလုပ်မီ အဖေ့ဆိုင်မှာ ထိုင်ပေးပါတယ်။
တစ်ရက်မှာ သူရဲ့ဆိုဖာခုံကို ဆိုင်မှားပြင်ခိုင်းတဲ့ အမျိုးသမီးသမီးကြီးရောက်လာတယ်။
အဖေ့ကို ပြုံးပြီး နှုတ်ဆက်တယ်။ သူတစ်ယောက်ထဲ မဟုတ်ဘူး။
နောက်မှာ လူအချို့လည်း ပါလာတယ်။
“ဒါက ကျွန်မမြေးတွေ။
သူတို့ မင်္ဂလာဆောင်ပြီး အိမ်သစ်အတွက် ပရိဘောဂလိုချင်လို့ပါ”
သူတို့ ကက်တလောက်တွေကို ကြည့်ပြီး ပစ္စည်းတွေ မှာသွားတယ်။
သူတို့ပြန်သွားတော့ အဖေ့ကို မေးတယ်။
“မိတ်ဆွေတွေ ဖြစ်သွားလား”
“ဟုတ်တယ်။ ဒီအမျိုးသမီးကြီးက လူမှုကွန်ရက်မှာ အရေးပါတဲ့ တစ်ယောက်ပဲ။
သူက ဖောက်သည်တွေ အများကြီး ရှာပေးတယ်”
“အဖေ့ ပစ္စည်းတွေလည်း ကောင်းတာကိုး”
“ပစ္စည်းကောင်းရုံနဲ့ မရဘူးသား။
စိတ်ထားလည်း ကောင်းရတယ်။ တို့ဈေးရောင်းတယ်ဆိုတာ အခြားသူတွေကို ကူညီနေတာပဲမဟုတ်လား “
အဖေ့ဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဆရာအစစ်အမှန် ဖြစ်လာပါတယ်။
ဒီနေ့မှာ ကျွန်တော်ဟာ သန်းကြွယ်သူဌေးကြီး ဖြစ်နေပါပြီ။
ပိုက်ဆံရှိတာထက် လူမှုအသိုင်းအဝိုင်းထဲမှာ ပျော်ရွှင်မှုတွေနဲ့ နေတတ်ဖို့ အဖေသင်ပေးတာပါပဲ"တဲ့။
▪️ ▪️ ▪️
ကျွန်တော်တို့ ကမ္ဘာကြီးမှာ တစ်နေရာနဲ့တစ်နေရာ၊ တစ်ယောက်နဲ့တစ်ယောက် နီးကပ်လာပါပြီ။ နယ်စည်းမခြားဆိုတာ တကယ့်ကို ဖြစ်လာပြီပဲ။
ဒါကို Globalization လို့ ခေါ်ကြတယ်။ ကမ္ဘာလုံးခြုံ ဖြစ်ထွန်းမှုပေါ့။
တစ်နေရာက လိုတဲ့ပစ္စည်းကို နောက်တစ်နေရာက ပို့ဆောင်ရောင်းဝယ်တာပါပဲ။ အဓိကကတော့ ဈေးကွက်ပေါ့။
၂၁ ရာစု ဈေးကွက်ဆိုတာ အကောင်းဆုံးကို လိုချင်တဲ့ ဈေးကွက်ပါပဲ။
လူတွေဟာ ပစ္စည်းကောင်းကို သုံးချင်တယ်။ ရွေးချယ်ခွင့်ကို ရချင်တယ်။ မိမိကိုလေးစားတဲ့ သူတွေနဲ့သာ ဆက်ဆံလိုတယ်။
၁၉၆၀ ပြည့်နှစ်လောက်က ထိုင်းမှာ စီးပွားရေးပြုပြင်ရေးတွေ လုပ်တယ်။
ထိုင်းအစိုးရက နိုင်ငံတကာကလူတွေကို ဖိတ်ခေါ်ပြီး ထိုင်းမှာ ဆိုင်တွေဖွင့်ဖို့ အားပေးအားမြှောက် ပြုတယ်။
ကုန်တိုက်ကြီးတွေ နေ့ချင်းညချင်း ပေါ်လာပါတယ်။
ဒါပေမဲ့ တစ်နှစ်မပြည့်မီ အနောက်တိုင်းရင်းနှီးမြှုပ်နှံသူတွေက ပြန်ထွက်ဖို့ ပြင်ဆင်ကြတယ်။
ဒီတော့ ထိုင်းတာဝန်ရှိသူတွေက ရင်းနှီးမြှုပ်နှံသူတွေကို မေးတယ်။
“ဘာလို့ ထွက်မှာလဲ”
“ဝန်ထမ်းတွေပါပဲ။ သူတို့နဲ့ အလုပ်လုပ်ရတာ အဆင်မပြေဘူး”
“ဝန်ထမ်းတွေကို ခိုင်းလေဗျာ”
“ခိုင်းပါတယ်။ သူတို့ဟာ စကား စုပြောတယ်။ ဖောက်သည်သည်တွေလာရင်လည်း ချေချေငံငံ မဆက်ဆံဘူး”
“ဘယ်လိုမျိုးလဲ”
“ပစ္စည်းတစ်ခုပြခိုင်းရင် ဈေးကြီးတယ်နော်၊ ဝယ်နိုင်လို့လား ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတယ်”
“သူတို့ကို သဘောပေါက်အောင် ပြောလို့မရဘူးလား”
“မရဘူး။ တစ်ခါတစ်ခါ သူတို့အချင်းချင်း စကားပြောနေတယ်။ ဖောက်သည်တွေကိုလည်း ပြန်ငြင်းတာ ရှိတယ်”
“သူတို့က ရှင်းပြတာ နေမှာပေါ့”
“ဟုတ်မှာပါ။ ဒါပေမဲ့ဖောက်သည်က ဘာမှမသိဘူးဆိုတာ မလုပ်ရဘူးလေ။
Customer is always right ဆိုတဲ့စကား ရှိတယ်”
“ဖောက်သည်က မှားနေရင်ကော”
“မှားတာတွေ ရှိမှာပါ။ ဒါပေမဲ့ ဈေးရောင်းတဲ့သူတွေက ဒါကို ထောက်ပြစရာ မလိုဘူးလေ။ သူ့တာဝန်က ဝန်ဆောင်မှုပေးဖို့ပဲ”
“ခင်ဗျားပြောတာ တော်တော်ကောင်းတာပဲ။ ခင်ဗျားတို့ ဘာလုပ်ပေးလို့ရလဲ”
“အင်း၊ ကျွန်တော်တို့ သူတို့ကို တစ်လနှစ်လလောက် သင်တန်းပေးဖို့ လိုတယ်”
“အဲဒီအချိန်မှာ ကုန်တိုက်ကို ဘာလုပ်ရမှာလဲ”
“ပိတ်ထားလိုက်ပေါ့”
“ခင်ဗျာ”
“တစ်သက်လုံး အဆင်ပြေမဲ့ကိစ္စ တစ်လနှစ်လလောက်တော့ ရင်းနှီးရမှာပေါ့”
▪️ ▪️ ▪️
အဲဒီနောက်တော့ ထိုင်းကုန်တိုက်တွေဟာ ကမ္ဘာ့အဆင့် မီလာတယ်။
နောက်ပြီးစားသောက်ဆိုင်က ဝန်ထမ်းတွေကိုလည်း သင်တန်းတွေပေးတယ်။ အချို့ ကို နိုင်ငံခြားလွှတ် သင်တန်းတွေတက်ခိုင်းတယ်။
ဆက်ဆံရေးတွေကောင်းပြီး ဂရုစိုက်မှုတွေနဲ့ စာသုံးသူတွေကို အဆင်ပြေအောင် လုပ်ဖို့ဆိုတာတွေကို သင်တန်းတွေမှာ သင်ပေးတယ်။
မန်နေဂျာသင်တန်းတွေ၊ စီအီးအိုသင်တန်းတွေတောင် ရှိပါတယ်။ ဒါတွေက အင်မတန် အရေးကြီးတယ်။
ဘာကြောင့် ဒါတွေ လိုအပ်လဲ။
စောစောက ကျွန်တော်ပြောသလို Globalization ဆိုတာ ကျွန်တော်တို့ဆီ ရောက်လာနေပြီ။ ငွေအား၊ လူအားနဲ့ ဝင်လာတဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ ပြိုင်ရမှာပဲ။
ဒီအတိုင်း ဆက်နေရင်တော့ မြန်မာတွေဟာ အလုပ်သမားတွေပဲ ဖြစ်လာမှာပေါ့။
ဘဏ်လုပ်ငန်းတွေ၊ ဓာတ်ဆီဆိုင်လုပ်ငန်းတွေမှာ အစိုးရက သူတို့ဝင်မတိုးနိုင်အောင် ကာကွယ်ထားတာတွေ ရှိတယ်။
ဒါပေမဲ့ ရေရှည်မှာ သူတို့ကို ဖွင့်ပေးရမှာပဲ။ ဒီအခါ ခက်ခဲတဲ့ယှဉ်ပြိုင်မှုတွေကို တွေ့ရမှာပါပဲ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မလွဲမသွေ လမ်းဖွင့်ပေးရမှာ ဖြစ်တယ်။
ဒီတော့အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကိုယ် မိမိတို့ ပြင်ဆင်ထားကြဖို့ လိုတယ်။
နိုင်ငံခြားမှာ မိမိမကြိုက်ရင် ဝယ်ပြီးပစ္စည်းတွေကို တစ်ပတ်အတွင်း ပြန်လဲလို့ ရတယ်။
မြန်မာပြည်မှာ ဆိုင်ထဲကနေ မထွက်ရသေးတာတောင် လဲလို့မရဘူး။
“ဝယ်ပြီးပစ္စည်း မလဲပေးပါ။ ကျန်ရှိပစ္စည်း တာဝန်မယူ” ဆိုတာတွေနဲ့ နိုင်ငံတကာဈေးကွက်ကို တိုးဖို့မလွယ်လှကြောင်း တင်ပြလိုက်ရပါတယ်။
အလုပ်အကိုင်လုပ်ငန်းများ တိုးတက်အောင်မြင်ကြပါစေ။
Credit
#ဒေါက်တာခင်မောင်ညို
(ဒီဇင်ဘာ ၆ရက်၊ ၂၀၂၀)
®PNCS
05/12/2023
✔️Internationally recognized qualification ဖြစ်တဲ့
IGCSE Exam ကိုဖြေဆိုမယ့်ကလေးအများစုကြုံတွေ့ရတဲ့အခက်အခဲက Problem solving မေးခွန်းဖြေရှင်းရာမှာ Critical thinking ဝေဖန်ပိုင်းခြားတွေးခေါ်မှုအားနဲခြင်းကြောင့်ဆိုတာExperienced teacher တိုင်းသိပါတယ်။Basic Theory ကိုကောင်းစွာနားမလည်လို့ပါ။
✔️ Basic Theory ကိုကျေညက်စွာနားလည်မှုရှိမရှိစမ်းစစ်ဖို့ IGCSE Past papers မေးနေကျ level အဆင့်တူ
Unseen question မေးခြင်းဖြင့်သိနိုင်ပါတယ်။
✔️ယခုဖွင့်မဲ့အတန်းက Past papers and Unseen question တွေအတွက်အခက်တွေ့နေရသော ကလေးများအတွက်ရည်ရွယ်ပါတယ်။ Past papers မသင်ခင်
Basic Theory တွေအရင်သင်ပြီးမှ Past papers သင်တာမို့ နားလည်တတ်ကျွမ်းမှုအတွက်တာဝန်ယူပါတယ်ခင်ဗျာ။ဆရာသင်တာနားထောင်ရုံသက်သက်မဟုတ်ပဲ၊အပြန်အလှန်ဆွေးနွေးမှုပုံစံနဲ့သင်ပြီး။နားလည်မှသာနောက်အကြောင်းအရာဆက်လက်သင်ကြားမှာဖြစ်ပါတယ်။
✔️အောင်ရုံလောက်သာမျှော်မှန်းထားတယ်ဆိုရင်တော့
ကျွန်တော့အတန်းကို မjoinဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျ။
✔️ Limited Classes တွေဖြစ်လို့သတ်မှတ်ဦးရေပြည့်သွားရင်၊နောက်ဖွင့်မဲ့Classes အတွက်ကြိုတင်အပ်နှံရမှာဖြစ်ပါတယ်။
✔️သိလိုသောအကြောင်းအရာကို 09-975543419 သို့
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။
✔️ Online မတက်ပဲ သင်တန်းသို့လာသင်ချင်သူများ၊
သာကေတမြို့နယ်မှာသင်ယူနိုင်ပါတယ်ခင်ဗျ။
Saya Moe Hein Kyaw B.E(Mechanical)Y.I.T(94 intake)
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon