25/07/2023
တတိယလူ🚶♀️
တတိယလူဆိုရင် လူတိုင်း ထင်ကြ တွေးကြမှာက စနိုက်ကြော်/ဖောက်ပြန်/ခြံခုန် အဲ့လိုမျိုးတွေ အဓိက တွေးမိကြမှာပါ အခုပြောမယ့် တတိယလူကတော့ အဲ့အဆင့်ထိမရောက်သလို အမျိုးသမီးတိုင်းလိုလို တတိယလူ ဖြစ်ဖူးနိုင်ပါတယ် နမူနာအနေနဲ့ပြောရမယ်ဆိုရင် အမျိုးသားရောင်းတဲ့ဆိုင်မှာ မုန့်ဝယ်တယ်ပေါ့ အဲ့ဆိုင်ထဲမှာ သူ့အမျိုးသမီးလည်း ရှိတယ်ပေါ့ ကောင်မလေးတစ်ယောက်ကလည်း လမ်းလည်းကြုံလို့ ၃/၄ ခေါက်လောက် ဆက်တိုက်ဝယ်မိတယ်ပေါ့ အဲ့တော့ မိန်းမလုပ်သူက ပြောပြီ "အဲ့ကမလေး ရှင့်များကြိုက်နေလားမသိဘူးနော် ရက်တိုင်းလိုလို မုန့်ဝယ်တယ် ပြီးတော့ မျက်နှာကလည်းပြုံးနေတာပဲ တခုခုတော့ တခုခုပဲ" အမှန်တော့ ဟိုက လမ်းကြုံလို့ဝယ်တာ ရိုးရိုးသားသား သူ့ယောက်ျားကို စိတ်ထဲတောင်မရှိဘူး ဒါပေမယ့် ဟိုဘက်မှာတော့ လင်မယားက သတ်နေပြီ 😁 ယောက်ျားလုပ်သူကလည်း မရောင်းရရင်နေပါ အဲ့ကမလေး စျေးလာမဝယ်ပါစေနဲ့လို့ ဆုတွေတောင်တောင်း မိန်းမလုပ်သူ နားပူတာမခံနိုင်လို့... အဲ့ဒါက ကိုယ်တောင်မသိလိုက်ဘဲ အလကားနေ တတိယလူဖြစ်သွားရတဲ့အချက်တစ်ခုပါပဲ နောက်တစ်မျိုးကတော့ နမူနာအနေနဲ့ Marketing ဆင်းတဲ့အမျိုးသမီးလေးတွေပေါ့ သူတို့ပစ္စည်းရောင်းရအောင် သိသိ မသိသိ ကိုကြီးရေ/ဦးရေ ခေါ်ပြီး ဇွတ်ရောင်း ဟိုနွားပြာကြီးတွေကလည်း အိမ်ကမိန်းမအသံကိုသာ နားမထောင်ချင်တာ ဒါမျိုးကျ ဖြီးနေတာပဲ အဲ့တာကို မိန်းမကတွေ့တော့ သူ့ယောက်ျားကိုလည်းပြော တဖက်မိန်းကလေးကိုလည်းပြောတော့ ဟိုဘက်ကလည်း သူ့ပစ္စည်းရောင်းချင်လို့ ကပ်တာဆိုပေမယ့် မိန်းမဆိုတော့ တိုတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်လုံးဆင်ခြင်သင့်ပါတယ် ဒါကတော့တတိယလူဖြစ်သွားနိုင်တဲ့ ယေဘူယျအချက်တချို့ပါ
တခါတလေကျ ကျမတို့တောင် ကိုယ်ကိုယ်တိုင်မသိနိုင်ဘဲ တတိယလူဖြစ်သွားနိုင်သလို ကိုယ့်အကျိုးအမြတ်ဘာတစ်ခုမှ မရဘဲ သူများအိမ်ထောင်ကို မထိတထိသွားစချင်ကြတဲ့ သိသိရဲ့နဲ့ တတိယလူအဖြစ် နေထိုင်သွားချင်ကြတဲ့ အမျိုးသမီးတွေလည်းရှိကြပါတယ်
အိမ်ထောင်ရှိမှန်းသိရင် တတိယလူအဖြစ်မခံကြပါနဲ့
ကိုယ့်အလှကို ပြချင် ကြွားချင်ရင် လူပျိုတွေ ရိုက်သတ်လို့ မကုန်ပါဘူး အိမ်ထောင်သည်တွေကို သွားမထိပါနဲ့
" တွေ့လား နင့်ယောက်ျား ငါ့အလှ နုပျိုမှုမှာ မျောနေပြီ" ဆိုပြီး ဂုဏ်ဆာတဲ့ပုံမဖမ်းပါနဲ့ ယောက်ျားဆိုတာ အလကားရရင်တော့ ကြည့်မှာပါပဲ ယူမှာပါပဲ မယားကြီးဆိုတာကလည်း အရင်က လှပနုပျိုုဖူးသူဆိုတာမမေ့ပါနဲ့ ကိုယ်လည်း တချိန်အိုတဲ့အခါ ကိုယ့်ကိုလည်း ပစ်သွားမှာပါပဲ လှပတဲ့မိသားစုဘဝလေးတွေကို ကိုယ့်အတ္တတစ်ခု ရလိုမှုတစ်ခု တဏှာကြောင့်တော့ မဖျက်စီးလိုက်ပါနဲ့ ကိုယ်လည်း တစ်ချိန်မိသားစု ရမလာဘူးလို့ ဘယ်သူပြောနိုင်မလဲလေ ဝဋ်မလည်အောင်နေထိုင်ကြဖို့ တိုက်တွန်း အကြံပေးချင်ပါတယ်
#တတိယလူ
#ဖောက်ပြန်ခြင်း