YIMON Startup Academy

YIMON Startup Academy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YIMON Startup Academy, Educational consultant, Yangon.

Since our organization operates a regular library and youth development center, the purpose of establishing this school is to provide a good guide for the young people who are beginning to make the most of their time. Based on a social enterprise, it will be used to raise funds for teachers 'salaries, teachers' further education, office expenses, scholarship for youth education and libraries.

Yimon Startup Academy အကြောင်း (Tuition Service Provider အဖြစ် တည်ရှိသော အဖွဲ့အစည်းတစ်ခု အဖြစ် -မြန်မာနိုင်ငံသည် နည်းပညာ...
12/07/2025

Yimon Startup Academy အကြောင်း (Tuition Service Provider အဖြစ် တည်ရှိသော အဖွဲ့အစည်းတစ်ခု အဖြစ် -

မြန်မာနိုင်ငံသည် နည်းပညာကဏ္ဍ၌ တိုးတက်မှုမြန်ဆန်လာနေသည့်အချိန်ကာလတွင် လူငယ်များအတွက် လေ့လာသင်ယူနိုင်သော နည်းပညာဆိုင်ရာ သင်တန်းများ၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများအတွက် လိုအပ်ချက်က များပြားလာလာသည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ “Yimon Startup Academy” သည် လူငယ်ဆရာမများ၊ ဆရာများဖြင့် ဖွဲ့စည်းထားပြီး၊ နည်းပညာပညာရေးနှင့် ကျွမ်းကျင်မှုမြှင့်တင်ရေးအတွက် အထူးပြုထားသည့် Tuition Service Provider အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

Yimon Startup Academy သည် Marketing Management, IT (Information Technology), ICT (Information and Communication Technology), Digital Marketing, Computer Art , Youth Startup Program စသည့်နည်းပညာဆိုင်ရာဘာသာရပ်များကို အထူးပြုသင်ကြားပေးခြင်းဖြင့် လူငယ်များအနာဂတ်အတွက် စွမ်းရည်ရှိသော လူရင်းအဖြစ် ဖွံ့ဖြိုးအောင်မြင်နိုင်စေဖို့ ကြိုးပမ်းနေသော အဖွဲ့အစည်းဖြစ်သည်။ ထိုသင်ကြားမှုများသည် သက်မွေးပညာနှင့် လက်တွေ့အသုံးချနိုင်သော သင်ကြားမှုစနစ်များဖြစ်ပြီး၊ သင်တန်းသားတစ်ဦးစီ၏ စွမ်းရည်အလိုက် ကိုက်ညီသော သင်ကြားမှုလမ်းညွှန်ချက်များပေးနိုင်သည်။

လူငယ်ဆရာများဖြင့် ဖွဲ့စည်းထားခြင်းသည် ယနေ့ခေတ် လူငယ်ပညာရေးအတွက် အသစ်သစ်သော အတွေးအခေါ်များ၊ နည်းပညာအသုံးချမှုများကို မြန်မြန်ဆန်ဆန် သိရှိသွားနိုင်ရန် အထောက်အကူဖြစ်စေသည်။ လူငယ်များ၏ သင်ကြားသည့်စရိုက်နှင့် ဖန်တီးနိုင်စွမ်းသည် သင်တန်းသားများ၏ စိတ်ဝင်စားမှုကို တိုးတက်စေပြီး၊ လေ့လာမှုစွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်သည်။

Yimon Startup Academy သည် မိမိတို့၏ Vision အဖြစ် “နည်းပညာတိုးတက်သော လူငယ်မျိုးဆက် တစ်ခုကို တည်ဆောက်ခြင်း” ကို သတ်မှတ်ထားပြီး၊ Mission အနေနှင့် “နည်းပညာအပေါ် စိတ်ဝင်စားသော လူငယ်များကို အသက်မွေးဝမ်းကြောင်းနှင့် လုပ်ငန်းအခွင့်အလမ်းများဖန်တီးပေးခြင်း” ကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် သင်တန်းစဉ်များသည် ကျောင်းသားများအတွက် ပညာရေးကဏ္ဍမှ ထွက်ပြီး တကယ်အသုံးချနိုင်သော ကျွမ်းကျင်မှုများကို ပေးနိုင်ရန် ရည်ရွယ်သည့် သင်ကြားရေးသဘောထားဖြစ်သည်။

နောက်ဆုံးတွင်၊ Yimon Startup Academy သည် လောလောဆယ်နှင့် အနာဂတ်တွင် ပိုမိုကျယ်ပြန့်သောသင်တန်းများ၊ ဖောက်သည်လိုအပ်ချက်နှင့် နည်းပညာတိုးတက်မှုအတိုင်း ထပ်မံဖြည့်ဆည်းနိုင်သော သင်ကြားရေးအစီအစဉ်များဖြင့် မြန်မာ့လူငယ်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေသည့် Tuition Service Provider အဖြစ် ဆက်လက်တည်တံ့နိုင်မည့် အခိုင်အမာဆုံးသော ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်လာမည် ဖြစ်သည်။

Since :  2020 - February - 26
12/07/2025

Since : 2020 - February - 26

Start-up Academy မှ စာမေးပွဲအောင်ပြီး၊ အသက် မွေးဝမ်းကျောင်း တခု လိုအပ်နေတဲ့ လူငယ်များအတွက် လမ်းပြပေးမယ့် သင်တန်းများ ပြန...
14/07/2024

Start-up Academy မှ စာမေးပွဲအောင်ပြီး၊ အသက် မွေးဝမ်းကျောင်း တခု လိုအပ်နေတဲ့ လူငယ်များအတွက် လမ်းပြပေးမယ့် သင်တန်းများ ပြန်လည်စတင် ဖို့ ကြိုးစား နေမည်ဖြစ်သည်။ 🚀 သင့်ဘဝအတွက် အကောင်းဆုံး အတန်းများကို တတ်ကြပါစို့! 🎓👇

#1. 📚ဘဝ လမ်းမှာ တစ်လျှောက် လမ်းပြပေးမယ့် သင်တန်းများ။
#2. 💼 လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းကြောင်းများ။
#3. 🌟 ကိုယ်ပိုင်အရည်အချင်းများ တိုးတက်လာစေမယ့် အစီအစဉ်များ။
#4. 🧠 စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေမယ့် သင်ခန်းစာများ။
#5. 📈 အောင်မြင်မှုကို ရယူဖို့ လုပ်ဆောင်ချက်များ။

Start-up Academy အား ယခုမှတစ်စ စတင်လိုက်ပါ။ သင့်ဘဝအတွက် ကောင်းမွန်သော အနာဂတ်ကို စတင်ဖန်တီးလိုက်ကြစို့! 🌈✨

❤️ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ရဲ့ Facebook စာမျက်နှာကို Like & Follow လုပ်ထားပါနော်! ❤️

အမေရိကန်ပါမောက္ခများသုံးတဲ့သင်ကြားနည်း ဆရာနဲ့ ကျောင်းသား ကြားမှာ မေးခွန်းတွေက အကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ ပိုပြီးသိလာအ...
17/11/2023

အမေရိကန်ပါမောက္ခများသုံးတဲ့သင်ကြားနည်း
ဆရာနဲ့ ကျောင်းသား ကြားမှာ မေးခွန်းတွေက အကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ ပိုပြီးသိလာအောင် အဖက်ဖက်ကနေ ရှာဖွေတာ ၊ ပိုပြီးတော့ နက်နဲတဲ့နားလည်မှုရအောင်လုပ်တာ တွင် သုံးပါသည်။
ဘယ်နေရာမှာသုံးလဲ။ အဓိကအားဖြင့် law school နှင့် Greek အကြောင်းကိုသင်သော philosophy seminar များတွင် သုံးသည်။ သို့သော် ပညာရေးနယ်ပယ်တွင်လည်း အထူးသဖြင့် social science – history, political science, sociology စသည့် ဘာသာရပ်များတွင် ဒီနည်းလမ်းကို ပိုမိုအသုံးပြုလာကြသည်။
1870s မှာ Harvard Law School ရဲ့ case study ( အရင်ကဖြစ်ခဲ့တဲ့ တရားစွဲဆိုမှုတွေ ၊ တရားရုံးရဲ့ဆုံးဖြတ်ချက် ၊ ရှေ့နေ နှစ်ဖက်ရဲ့ ငြင်းခုံမှု ၊ ဥပဒေတွေကို အဓိပ္ပာယ်ပြန်ဆိုခြင်း အစရှိသည့်အာလုံးပါဝင်သည့် case ) ကို Socratic Method ကိုသုံးပြီး စသင်ရာကနေ အမေရိကန်ပြည်ထောင်စုက ကောလိပ်တိုင်းကို ပြန့်သွားပါသည်။
Question-answer-question
မေးခွန်း - အဖြေ - မေးခွန်း
ဒီလိုသွားပါသည်။
ဒီနည်းလမ်းသည် နှစ်ယောက်စလုံး ပင်ပန်းပါသည်။
အထူးသဖြင့် ဆရာပေါ်တွင် ဘယ်လိုမေးခွန်းတွေ မေးရမည်ဆိုတာက ဆရာတာ့ဝန်ဖြစ်ပါသည်။
တစ်ချိန်ထဲမှာလည်း ဆရာကနေ ကျောင်းသားရဲ့ စဉ်းစားပုံ ၊ စဉ်းစားနိုင်စွမ်းကိုကြည့်၍ မေးခွန်းတွေကို ပြောင်းလဲနိုင်ရပါမည်။
ပိုပြီးတိကျသောနားလည်မှုရအောင်လုပ်နည်း
လူတိုင်းတွင် စဉ်းစားပုံက မတူညီပါ။ ကိုယ်နားလည်ပုံက သူနားလည်ပုံနှင့် တူချင်မှလည်း တူပါမယ်။
ဒီအတွက် Socratic Questioning တွင် သေချာအောင် ပြန်ပြီးတော့ မေးသင့်ပါသည်။
ဥပမာ ဆရာ: မင်းဆိုလိုချင်တာက မင်းက မင်းစာတမ်းကို ပြင်တဲ့အခါမှာ မင်းရဲ့ ကိုယ်ပိုင်အမြင်နဲ့ ရေးသားနည်းကိုလည်း ဆက်ပြီးတော့ ထိမ်းထားနိုင်ရမယ်။ တစ်ချိန်ထဲမှာလည်း ပိုကောင်းလာအောင် ပြင်ရမယ်။
ကျောင်းသား : ဟုတ်တယ်
မင်းပြောချင်တာက ဒီလို “………………………”. ဒီလို နားလည်မှုက မှန်လား?
ဆရာတွေကနေ သင်ကြားသူကို မေးသင့်သော ၊ မေးခွန်းများ
ဒီအချက်အလက်က မှန်ကန်ရဲ့လား။
ဒီအချက်အလက်ကို မှန်ကန်ကြောင်း ဘယ်လိုများ သက်သေပြမလဲ။
သက်သေတွေကို ဘယ်နေရာမှာ ဘယ်လိုသွားရှာရမလဲ။
ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဒီစာထဲမှာ မတင်ပြထားတာတွေရှိလား။
ဒီအချက်အလက်တွေက တစ်ဖက်သတ်ဖြစ်နေလား။
ဥပမာ - တစ်ချို့စာတွေတွင် ၂ နှစ်နိုင်ငံ စစ်ဖြစ်သည့်အခါ
ဥပမာ ဆိုဗီယက်ယူနီယံကို ဂျာမနီကနေ ကျူးကျော်တုန်းက အနောက်တိုင်းစာပေမှာ ဂျာမန်တွေရဲ့ ရက်စက်မှုကို အကျယ်အဝန့် ပြလေ့ရှိပါသည်။
ဂျာမန်စစ်သားတွေ အထူးသဖြင့် SS တွေကို အရှေ့ဥရောပကလူတွေကို လူလို့မထင်ပဲ ထင်ရင် ထင်သလို တစ်ခါထဲ သတ်ပစ်လိုက်ပါသည်လို့ အမြဲတမ်းပါလေ့ရှိသည်။ ဂျာမန်များကို သွေးအေးသည် ရက်စက်သည်လို့ ပြလေ့ရှိပါသည်။ သို့သော် ဆိုဗီယက်စစ်သားများရဲ့ တွေ့ကရာ ဂျာမန်မိန်းမများကို မုဒိန်းကျင့်တတ်သည့် တန်ဖိုးကြီးသည့်အရာများကို ဂျာမန်များစီကနေ လုယူသည့်အကျင့်အများ
ဖမ်းမိသည့် ဂျာမန်စစ်သားများကို Siberia က အလုပ်သမားစခန်းများကို ပို့မှု တို့ကို ထိန်ချန်ထားတတ်ပါသည်။
Siberia က Gulag လို့ခေါ်သော အကျဉ်းသားများကို ဖိနှိပ် သေလောက်သည်အထိ အလုပ်လုပ်ခိုင်းသော စခန်းများမှာ အလုပ်လုပ်ခဲ့ရသော ဂျာမန်စစ်သုံ့ပန် အတွေ့အကြုံများ အားတင်ပြချင်းမရှိ။
မည်သူမဆို ဘက်လိုက်တတ်သည်။
ဆိုဗီယက်ဘက်က လိုက်သည့် စာရေးဆရာဆိုရင် ဒါတွေထိန်ချန်ထားမှာပင်။
ဒီအတွက် စာဖတ်တိုင်း အထူးသဖြင့် သမိုင်း ၊ နိုင်ငံရေး ၊ စီးပွားရေး စသည်တို့ကို ဖတ်တိုင်း ဘယ်ဘက်ကနေ လိုက်နေလဲဆိုတာကို သိသင့်ပါသည်။
အချက်အလက်များကို သိရင်တောင် တမင်သက်သက် ထိန်ချန်ထားတတ်ပါသည်။
ဒီအတွက် ဘက်လိုက်နေသလား? ဆိုတာကို စာဖတ်ပြီးတဲ့အခါ ကောက်ချက်ချဖို့ ကြိုးစားရပါမည်။
တစ်ခါတစ်လေ ဒီလိုမေးခွန်းထုတ်ခြင်းပာာလည်း မိမိကိုယ်ကို မိမိ ပိုမိုနားလည်စေပါသည်။
အထူးသဖြင့် စာဖတ်ရတဲ့ စာရေးဆရာနဲ့ သဘောမတူတဲ့အခါ အတန်းထဲမှာ တစ်ယောက်ယောက်အမြင်နဲ့သဘောမတူတဲ့အခါ ဘာကြောင့်လဲဆိုသော မေးခွန်းတွေမေးသင့်ပါသည်။
အမြင်နှင့်ဘာကြောင့်ဒီလိုထင်လဲ
Op.Ed လို့ခေါ်တဲ့ သတင်းစာတွေမှာ အမြင်ကိုပဲရေးသားချက်တွေပါတာတွေရှိသည်။ တစ်ချိန်ထဲမှာလည်း တစ်ချို့ စာတမ်းများကို ဖတ်ရာတွင် စာရေးဆရာကနေ သူ့ရဲ့အမြင်ကို သေချာစွာ ရှင်းရှင်းလင်းလင်း ပြထားသည်။ ဒီလို social science ဘာသာရပ်များ - သမိုင်းဘာသာရပ်တွင် စာတမ်းများ ၊ စာအုပ်ထဲက chapter များကိုဖတ်ရာတွင်
ဆရာကနေ ကျောင်းသားကို
သင် ဒီစာရေးဆရာအမြင်နဲ့သဘောတူသလား။
သင် ဒီ့လူရဲ့ အမြင်နဲ့သဘောတူသလား။
သဘောမတူဘူးဆိုရင် ဘာလို့သဘောမတူတာလဲ။
သင့်ယုံကြည်မှုနဲ့ သူ့ယုံကြည်မှုတွေကဘာလဲ။
ယုံကြည်မှု အမြင်နှစ်ခုက ဘယ်လိုကွာခြားမှုရှိလဲ။
ဘာလို့ကွာခြားတာလဲ။
ဒီကွာခြားချက်က ဘယ်အရာကို အခြေခံပြီးတော့ ဖြစ်ပေါ်လာတာလဲ / ဘယ်လိုဖြစ်ပေါ်လာတာလဲ။
ဒီအတွေးအခေါ်ကို ဖြစ်ပေါ်စေတာ ငါ့ဘ၀ပေးအခြေအနေကြောင့်လား။
ငါ့တာဝန်ရှိမှုတွေပါနေလား။
မိမိစဉ်းစားသည့်အတွေးအခေါ်တွင်လည်း ကိုယ့်ရဲ့ တာဝန်ရှိမှုတွေ ပါနေပါသည်။
ဘယ်သူ့ကမှ မင်းဒီလိုစဉ်းစားလို့ လာပြောလို့မရပါ။
မိမိရဲ့ ရွေးချယ်မှု ကြိုက်နှစ်သက်မှု မိမိရဲ့ ကိုယ်ကျင့်စရိုက်နှင့်လည်း ကိုက်ညီမှ စိတ်ကလက်ခံတတ်ပါသည်။
တစ်ခါတစ်လေ ဒီလိုမေးခွန်းတွေက ကိုယ့်အ‌‌ကြောင်းကိုယ်ပိုသိစေသည်။
ပြောတာနှင့်မယုံနှင့်။ မြင်တာနှင့်မယုံနှင့်။ ကြားတာနှင့်မယုံနှင့်။
မေးခွန်းထုတ်ပါ။
နောက်ဆက်တွဲရလဒ်များ
What is the effect? ( ဒီလိုဖြစ်လို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲရလဒ်တွေ ဘာလဲ။ )
ဥပမာ - တရုတ်ပြည်က စီးပွားရေးတိုးတက်လာတော့ မြန်မာနိုင်ငံအပေါ် ဘယ်လို နောက်ဆက်တွဲရလဒ်တွေဖြစ်ပေါ်စေလဲ။
What is the impact? ( ဒီပာာရဲ့ အကျိုးသက်ရောက်မှုတွေကဘာလဲ။ )
တရုတ်ပြည် စီးပွားရေးတိုးတက်မှုက အမေရိကန်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေရှိစေလဲ။
ဘာကြောင့် ဒီလိုရလဒ်တွေဖြစ်တာလဲ။
ဘာကြောင့် ဒီလိုအကျိုးသက်ရောက်မှုတွေဖြစ်လဲ။
အဓိကသိချင်တာသည့် ဘာကြောင့်ဖြစ်တာလဲ ဖြစ်သည်။
နောက်ထပ် စဉ်းစားနည်းတွေရှိသေးလား။
နောက်တစ်ခြားအမြင်ကနေ ကြည့်နိုင်တာတွေရှိသေးလား။
တစ်ခြားနယ်ပယ်ကနေ ဒီဘက်ကိုပြန်ကြည့်မယ်ဆိုရင်ကော ဘယ်လိုမြင်မလဲ။
Discovery question ( ရှာဖွေမှု မေးခွန်းများ )
What is the central question?
ဒီနေရာမှာ အဓိကမေးရမဲ့ မေးခွန်းကဘာလဲ။
အဓိက ပြဿနာက ဘာလဲ။
စာရေးဆရာက ဒီလိုထင်တယ်။ ဒီတော့ ဒီထင်မြင်ချက်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကဘာလဲ။
အရင်က သင်ခဲ့တာနှင့် အခုဒီသင်နေတာက ဘယ်လိုပတ်သတ်မှုရှိလဲ။
ဒီ နှစ်ခု က ဘယ်လိုတူညီလဲ။
ဆရာ - ဥပမာ လိမ္မော် သီးနဲ့ ပန်းသီးက ဘယ်လိုတူညီလဲ။
ကျောင်းသား - နှစ်ခုစလုံးက ဝိုင်းဝိုင်းလေး။ ချိုလည်ချိုတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။
ဆရာ - ဘာလို့ ဝိုင်းတာလဲ။ ဘာလို့ချိုတာလဲ။ ဘာလို့ ကျန်းမာရေးအတွက်ကောင်းတာလဲ။
ကျောင်းသား -မသိဘူး။ ချိုတာလည်း မသိဘူး။ ဒါပေမဲ့ Vitamin C စတာတွေ ပါတာကတော့ ဆရာဝန်ပြောလို့ သိတယ်။
ဆရာ - ဘာလို့ ဝိုင်းတာမသိတာလဲ။ ဘာလို့ချိုတာလဲ။ ဘာလို့ Vitamin C က ကျန်းမာရေးအတွက် ကောင်းတာလဲ။
ကျောင်းသား - ကျွန်တော် အပင်တွေအကြောင်းနားမလည်ဘူး။ အပင်တွေဘယ်လိုဖွဲ့စည်းတယ်ဆိုတာမသိဘူး။
ဘာလို့ချိုလည်းဆိုတော့ မခါးလို့ပေါ့။ Vitamin C အကြောင်းလည်းမသိဘူး။
ဆရာ - ဒီလိုဆိုရင် ငါတို့ အပင်တွေအကြောင်းလေ့လာရအောင်။ လိ မ္မော်သီးနဲ့ ပန်းသီး ဖွဲ့စည်းပုံကိုလေ့လာရအောင်။ Vitamin C အကြောင်းနဲ့ ကောင်းကျိုးတွေကိုလေ့လာရအောင်
ဆရာကနေလည်း ကျောင်းသားနှင့်အတူတူ လိုက်ပြီး စဉ်းစားရသည်။
ဆရာကနေ ကျောင်းသားအကြောင်းကိုလည်း ( ကျောင်းသားက ဘယ်လောက်ထိသိပြီးသားဖြစ်လဲ / မသိလဲ ) ပိုမိုရှာဖွေရသလို ကျောင်းသားကလည်း သူမသိတာကို သိလာသည်။ လေ့လာဖို့အရာတွေက တိကျစွာ ပေါ်ပေါက်လာသည်။
နှစ်ယောက်သား လိမ္မော်သီးနဲ့ ပန်းသီး တူညီမှုတွေကို တူတူရှာဖွေရတာ ဖြစ်ပါသည်။
ဒီလိုနည်းလမ်းသည် ကျောင်းသားအတွက် ပိုမိုပြီး အာရုံစိုက်သော စဉ်းစားမှုကိုဖြစ်ပေါ်စေသည်။ နက်နဲတဲ့ နားလည်မှုကိုလည်းရစေသည်။
အက်ဆေးရေးခြင်း
အမေရိကားတွင် critical argument ဆိုသည့် အက်ဆေးရေးနည်းကို ကျင့်သုံးသည်။
ကျောင်းသားဘက်ကနေ ငါဘာလို့ထင်တာလဲကို အချက်အလက်နှင့်တစ်ကွ ဘာကြောင့်လဲဆိုတာကို အဆင့်ဆင့်ရှင်းပြနိုင်ရမည်။
မေးခွန်း - အဖြေ - မေးခွန်း - အဖြေ - မေးခွန်း……………………………
နည်းလမ်းက ရိုးရှင်းပါသည်။
မေးခွန်းမေးသည်။
အဖြေထွက်လာသည်။
ဒီအဖြေကို မေးခွန်းထက်မေးသည်။
အဖြေထွက်လာသည်။
ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတာကို ထက်မေးသည်။
တစ်ခါတစ်လေ မေးခွန်းတွေကို အဖြေမရှိပဲ အဖြေမသိတဲ့အခါ လုံး၀ကို စဉ်းစားလို့မရတဲ့အခြေအနေတွေဖြစ်သွားတတ်ပါသည်။
ကိုယ်မသိရင် သိအောင် အင်တာနက်မှာလိုက်လေ့လာပါ ၊ စာအုပ် ၊ ဆောင်းပါး တွေ လိုက်ဖတ်ပါ။
Research ( သုတေသန ) လုပ်ပါ။
ပြီးရင် မေးခွန်းတွေဆက်မေးပါ။
Never end questioning ( မေးခွန်းတွေ မေးတာကို ဘယ်တော့မှ မရပ်ပါနှင့် )
ကိုးကားချက်
Paul, Richard, and Linda Elder. "Critical Thinking: The Art of Socratic Questioning." Journal of Developmental Education 31, no. 1 (2007): 36-37.
www.jstor.org/stable/42775632.
Schneider, Jack. "Socrates and the Madness of Method." The Phi Delta Kappan 94, no. 1 (2012): 26-29. www.jstor.org/stable/41763567.
Barnes, Brian, and Patty Payette. "Socratic Questioning." National Teaching & Learning Forum 26, no. 6 (2017): 6-8.
Critical Thinking ကို လေ့လာနိုင်သည့် ဆိုဒ်
http://www.criticalthinking.org//
http://www.umich.edu/.../probsolv/strategy/cthinking.htm
ကျော်ထွန်း

University of Michigan is one of the top universities of the world, a diverse public institution of higher learning, fostering excellence in research. U-M provides outstanding undergraduate, graduate and professional education, serving the local, regional, national and international communities.

09/10/2022
16/08/2022
05/05/2022

📣📣 လစာ 3သိန်း အထက်မှ ၁၀သိန်းကျော်အထိ
ရရှိနိုင်မည့် အမြန်လျောက်ထားသင့်သောအလုပ်များကို
Isshinlocal မှတဆင့် ချိတ်ဆက် လျောက်ထားလိုက်ပါနော်

* တာမွေမြို့နယ်ရှိ Car Service companyမှ
Admin Manager (M/F - 2) post
Salary (4-5Lakhs)နှင့်
HR Manager (M/F - 3 )post
Salary (6 Lakhs )
HR Executive (M/F - 5 ) post
Salary (5 Lakhs )
Admin Manager (M/F - 5 ) post
Salary - (8 Lakhs)
* Downtown မြို့နယ်မှ chemical company တစ်ခုတွင်
Sales Specialist (M/F -1 )post
Salary ( 8-14 ) Lakhs
* သင်္ဃန်းကျွန်းမြို့နယ်ရှိ Company တစ်ခုမှ
Sales & Marketing Executive (M/F -1 )post
Salary ( 8-10 ) Lakhs နှင့်
Sales & Marketing Executive -(M/F -1 )post
Salary - 4 Lakhs
Sales & Marketing Supervisor for service company
Sales & Marketing Supervisor - (M/F -1 )post
Salary - (4 Lakhs)

* ကမာရွတ်မြို့နယ်ရှိ company တစ်ခုမှ
Digital Marketing Supervisor (M/F - 1)post
Salary (4-6 )Lakhs
*ဒေါပုံမြို့နယ်ရှိ Company တစ်ခုမှ
Showroom supervisor (M/F -2)post
Salary (4-5) lakhs
ဗဟန်းမြို့နယ်ရှိ Property company တစ်ခုမှ
Sales Admi Executive -(M/F - 1)post
Salary - (4 Lakhs)
​မရမ်းကုန်း မြို့နယ်ရှိ Company တစ်ခုမှ
Retail shop suoervisor - (M/C -2 )post
Salary -( 3.5 Lakhs)
ဗိုလ်တစ်ထောင်မြိ့နယ်ရှိ Decoration
company မှ
Digital Marketing ( F -1 post)
Salary (3-4 llakhs) တို့ကို​ေလျှာက်ထားလိုပါက
email ; [email protected]
[email protected]သို့
မိမိ၏ကြည်လင်ပြတ်သားသောဓာတ်ံပုံပါသည့်Cv များအား
word file ဖြင့် ပေးပိုနိုင်ပါသည်

အလုပ်ရှာမယ်ဆို သတိရလိုက်ပါ Isshi local ကို😎

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကမ္ဘာကြီးကို အလုပ်အကျွေးပြု နေသော အလုပ် လုပ်ခွင့်ရနေသူတိုင်း အတွက် ဂုဏ်ယူစရာ နေ့ပါ ..
01/05/2022

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့

ကမ္ဘာကြီးကို အလုပ်အကျွေးပြု နေသော အလုပ် လုပ်ခွင့်ရနေသူတိုင်း အတွက် ဂုဏ်ယူစရာ နေ့ပါ ..

Address

Yangon
11111

Telephone

+959975755895

Website

Alerts

Be the first to know and let us send you an email when YIMON Startup Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to YIMON Startup Academy:

Shortcuts

Share