Ko Thu Volga

Ko Thu Volga

Share

ဘဝမှာ ။
ဆာလောင်နေတဲ့ ဗိုက် ငွေမရှိတဲ့
ပိုက်ဆံအိတ်နဲ့ ကျိုးပဲ့နေတဲ့ နှလုံးသားဟာ

ဘဝရဲ့ အကောင်းဆုံး သင်ခန်းစာတွေကို
သင်ကြားပေးနိုင်ပါတယ် ။

16/01/2026

အော်ရဲအော်ကြည့်😂😂😂

13/01/2026

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။
အညာ ဒေသ စမုံချောင်းဘေးမှာ ညောင်ပင်လှဆိုတဲ့ ရွာလေး တစ်ရွာရှိသတဲ့ကွယ်။

အဲဒီရွာမှာ စိတ်သဘောထားပြည့်ဝပြီး တောင်သူလုပ်ငန်းနဲ့ အသက်မွေးနေထိုင်တဲ့ ဘကြီး ဦးထွန်းဇံဆိုတဲ့ မုဆိုးဖို အဘိုးကြီးတစ်ယောက် ရှိခဲ့တယ်။ ဘကြီးဦးထွန်းဇံမှာ အတူနေထိုင်တဲ့ သားလေးယောက်လည်း ရှိတယ်။ ဘကြီးဦးထွန်းဇံဟာ အသက်အရွယ်ကြီးရင့်လာတော့ ကျန်းမာရေးလည်း ယိုယွင်းလာတာပေါ့။ သူ ကွယ်လွန်ခါနီးမှာ စီးပွားဥစ္စာတွေ မပေးနိုင်လို့ မိဘအမွေအဖြစ် သုံးခွန်းသောစကားကို သားလေးယောက် တို့ကို မှာကြား ပြောဆိုခဲ့သတဲ့ကွယ်။ အဲဒီစကားသုံးခွန်းကတော့--- (၁) နေ့စဉ်နေ့တိုင်း အကြီးမြတ်ဆုံးအရာကို ဦးညွှတ်ပါ၊ အတုယူပါ (၂) ချိုမြိန်တဲ့ အစားအစာကို စားသုံးပါ နှင့် (၃) နူးညံ့တဲ့ အိပ်ရာနဲ့ အိပ်ပါ တို့ပဲ ဖြစ်တယ်။ အဲဒီနောက်မှာတော့ ဘကြီးဦးထွန်းဇံလည်း လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။ အဲဒီအခါ အကြီးဆုံး သားဖြစ်သူက ဖခင်ကြီးမှာကြားချက် အတိုင်း အကြီးမြတ်ဆုံးအရာကို ဦးညွှတ်ချင်တာနဲ့ ဆင်ထိန်းအလုပ်ကို လုပ်သတဲ့ကွယ်။ သားအလတ်ဖြစ်တဲ့သူကတော့ ချိုမြိန်တဲ့အစားအစာကို စားချင်တာနဲ့ ပျားရည်နဲ့ လုပ်တဲ့ မုန့်တွေကို ရောင်းချသတဲ့။

တတိယသားကတော့ နူးညံ့တဲ့အိပ်ရာနဲ့ အိပ်ချင်တာနဲ့ ငှက်မွေးနဲ့ ပြုလုပ်တဲ့ အိပ်ရာခင်းတွေကို အရောင်းအဝယ် ပြုလုပ်ခဲ့တယ်။ အငယ်ဆုံးသားလေးကတော့ ဖခင်သင်ပေးခဲ့တဲ့ "လက်သမားပညာ" နဲ့ အသက်မွေးခြင်း ပြုပါသတဲ့ကွယ်။ ဖခင်ကြီးကွယ်လွန်ပြီးနောက် သားလေးယောက်တို့ဟာ ဖခင်ကြီး မှာကြားဆုံးမခဲ့တဲ့အတိုင်း စကားသုံးခွန်းကို မိမိတို့ ဉာဏ်မီသမျှ တွေးတော ကြံဆ ခံယူကြပြီး ဘဝခရီးလမ်းကို ဖြတ်သန်းခဲ့ကြရာ နှစ်ပေါင်း (၂၀)ကျော် ကာလကို ရောက်ရှိခဲ့ကြတယ်။ အဲဒီအချိန်မှာ အငယ်ဆုံးသားလေးဟာ စီးပွားဥစ္စာ အကြွယ်ဝဆုံး၊ အချမ်းသာဆုံး၊ အကြီးပွားဆုံး ဖြစ်နေသတဲ့။ ကျန်ရှိတဲ့ အစ်ကိုကြီးသုံးယောက်ကတော့ ဘဝကို ပင်ပန်းဆင်းရဲစွာနဲ့ ရုန်းကန်ရင်ဆိုင် ဖြတ်သန်းနေကြရတယ်။ အဆိုပါ ဖြစ်ရပ်တွေက ဘာကိုပြနေသလဲ ဆိုတော့ ဖခင်ရဲ့စကားကို နားထောင် လိုက်နာသူချင်း တူပေမယ့် ခံယူချက်ခြင်း၊ အမြင်ချင်း မတူတာကြောင့် ဘဝရဲ့ဖွံ့ဖြိုး တိုးတက်ပုံချင်းလည်း မတူကွဲပြား ခြားနားသွားကြတယ် ဆိုတာပဲ ဖြစ်တယ်။

အငယ်ဆုံးသားလေးရဲ့ ခံယူကျင့်သုံးပုံက "နေ့စဉ်နေ့တိုင်း အကြီးမြတ်ဆုံး အရာကို ဦးညွတ်ပါ၊ အတုယူပါ" ဆိုတာ နေမင်းကြီးကို ဦးညွှတ်တဲ့အနေနဲ့ နေထွက်မှသည် နေဝင်ချိန်အထိ လုံ့လဝီရိယ၊ ဇွဲသတ္တိတို့နဲ့ အလုပ်ကို လုပ်ခဲ့တယ်။ အကြီးမြတ်ဆုံးဖြစ်တဲ့ ဘုရားစကားကို နားထောင်မှတ်သား လိုက်နာကျင့်သုံးတယ်။ နံနက် နေထွက်ချိန်မှာ တစ်ကြိမ်၊ ညနေ နေဝင်ချိန်မှာ တစ်ကြိမ် ဘုရားကို အမြဲဝတ်ပြုတယ်။ "ချိုမြိန်တဲ့ အစားအစာကို စားပါ" ဆိုတာ ပျားရည်၊ သကာရည်နဲ့ စီရင်ထားတဲ့ အစားအစာကို ဆိုလိုခြင်း မဟုတ် ပါ။ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့ပြီး အစားအစာကို အတူတကွ စားသောက်ခိုင်းတာ ဖြစ်တယ်။ မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့ ဝိုင်းဖွဲ့ပြီး စားသောက်ခြင်းဟာ အချိုမြိန်ဆုံး ထမင်းဝိုင်းပဲ မဟုတ်ပါလား။ ငါးပိရည်နဲ့ စားလည်း ပျားရည်နဲ့ စားရသလို ချိုမြိန် နေတာဟာ မိသားစုထမင်းဝိုင်းပင် ဖြစ်တယ်။ "နူးညံ့တဲ့ အိပ်ရာနဲ့ အိပ်စက်ပါ" ဆိုတာ မွေ့ရာ ကော်ဇော၊ အမွှေးနံ့သာ ထုံမွမ်းစီခြယ်ထားတဲ့ ခုတင်နဲ့ အိပ်စက်ခိုင်းခြင်း မဟုတ်ပါ။ နောင်တပူပန်ခြင်းကင်း၊ အကြွေး ကင်းရှင်း၊ ငါးပါးသီလ လုံခြုံ၊ ဘယ်အချိန်မှာပဲ အိပ်စက်အိပ်စက်၊ ဘယ်နေရာပဲ အိပ်နေအိပ်နေ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပြီး ပန်းမွေ့ရာပေါ်မှာ အိပ်ရသလိုမျိုး အိပ်စက်နိုင်တာကို ဆိုလိုခြင်းဖြစ်တယ်။ အငယ်ဆုံးသားလေးက ဖခင်ကြီးရဲ့ ဆုံးမစကားကို အထက်ဖော်ပြပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုတယ်။

နှလုံးသွင်းတယ်။ လက်တွေ့ ခံယူ ကျင့်သုံးတယ်။ အဲဒီလို ခံယူကျင့်သုံးတာကြောင့် ကြီးပွားတိုးတက် အောင်မြင်လာခြင်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်း နိုင်ဘူးတဲ့ကွယ်။ တူ၊ တူမလေးတို့ရေ... ဒီပုံပြင်လေးကို ဝေဖန်သုံးသပ် အဖြေရှာကြည့်မယ်ဆိုရင် ဖခင်ကြီးဟာ သားလေးယောက်ကို ရှေ့မှောက်သို့ အတူတကွ ခေါ်ယူပြီး စကားသုံးခွန်းကို ပြောဆို ဆုံးမခဲ့တာ ဖြစ်တယ်။ မည်သူ့ကိုမှ အပိုစကား ပြောကြားခဲ့ခြင်း မရှိပါ။ ခံယူလိုက်နာသူရဲ့ဆင်ခြင်မှု၊ တွေးခေါ်မှု၊ နားလည်နိုင်စွမ်း ရှိမှုနဲ့ ကျင့်သုံးလိုက်နာ လုပ်ဆောင်မှုတွေ မတူညီတဲ့အတွက် အကျိုးရလဒ်များလည်း ကွာခြားရခြင်း ဖြစ်တယ်။ တူ၊ တူမတို့လည်း ဆရာမိဘများရဲ့ဆုံးမစကားတွေကို နာယူမှတ်သားပြီး အကျိုးထိရောက်စွာ အသုံးပြုနိုင်ကြ ပါစေ..လို့ ဆန္ဒပြုလိုက်ပါတယ်ကွယ်။

ရွှေသွေးဂျာနယ် #

11/01/2026

ဦးနှောက်ကို ပြန်လည်နုပျိုစေမယ့်

> နည်းလမ်းကောင်းများ 🧠 Brain Plasticity ဆိုတာ ဘာလဲ..? *

ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ ပုံသေ ကျောက်ခဲကြီးတစ်ခုလို မဟုတ်ပါဘူး။ သူက အမြဲတမ်း- အာရုံကြောမျှင်အသစ်တွေကို ဖန်တီးနိုင်တယ်။ ဦးနှောက်ဆဲလ်အသစ်တွေကို ချိတ်ဆက်ပေးနိုင်တယ်။ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေနေရာမှာ အစားထိုး အလုပ်လုပ်ပေးနိုင်တယ်။ * အသက် ၄၀ ကနေ ၇၀ ကြားရောက်နေရင်တောင် ဦးနှောက်ကို ပိုမိုသန်မာလာအောင် လေ့ကျင့်ပေးလို့ ရပါသေးတယ်။
🔬 သုတေသနပြုချက်များအရ...
👇 *

ပုံမှန် ဦးနှောက်လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ- မှတ်ဉာဏ်ချို့ယွင်းမှု (Dementia) ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။ * မှတ်ဉာဏ်ပိုင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်း (Hippocampus) ပျက်စီးမှုကို နှေးကွေးစေတယ်။ စဉ်းစားတွေးခေါ်မှုနဲ့ ဆုံးဖြတ်ချက်ချမှတ်မှုကို မြန်ဆန်စေတယ်။ * ၈ ပတ်ကနေ ၁၂ ပတ်အထိ ဆက်တိုက်လေ့ကျင့်မယ်ဆိုရင် ဦးနှောက်ရဲ့ ချိတ်ဆက်မှုတွေ သိသိသာသာ ပိုမိုအားကောင်းလာတာကို တွေ့ရမှာပါ။ •> ထိရောက်တဲ့ ဦးနှောက်လေ့ကျင့်ခန်း

•> (ရိုးရိုးလေးတွေပါ) 👇

* ခက်ခဲတဲ့ ဂိမ်းတွေပဲ ကစားနေဖို့ မလိုပါဘူး။ အသစ်အသစ်တွေကို သင်ယူပါ ဘာသာစကားအသစ်၊ တူရိယာတစ်ခုခု သို့မဟုတ် လက်မှုပညာ။ ဦးနှောက်ကို တစ်ပြိုင်တည်း အလုပ်ပေးပါ စာဖတ်ပြီး အနှစ်ချုပ်ကြည့်တာ၊ ဗီဒီယိုကြည့်ပြီး ပြန်ပြောပြတာ၊ လမ်းလျှောက်ရင်း သင်္ချာတွက်တာမျိုး။

* ဦးနှောက်သုံးရတဲ့ ကိုယ်လက်လှုပ်ရှားမှု ယောဂကျင့်တာ၊ ထိုက်ချိကစားတာ သို့မဟုတ် သီချင်းသံစဉ်အတိုင်း ကခုန်တာ။ အိပ်စက်ခြင်း ဦးနှောက်ကိုယ်တိုင် ပြုပြင်ခြင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းက မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ထဲက အညစ်အကြေးတွေကိုဆေးကြောပေးပါတယ်။

> Brain Plasticity ကို ဖျက်ဆီးနေတဲ့ အရာများ

🚫 နာတာရှည် စိတ်ဖိစီးမှု။
🚫 အိပ်ရေးပျက်ခြင်း။
🚫 ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း။
🚫 ထပ်တလဲလဲ လူနေမှုပုံစံအတိုင်းနေပြီး ဘာမှအသစ်မသင်ယူခြင်း။ * ဒီအချက်တွေက ဦးနှောက်ရဲ့ "လမ်းကြောင်းသစ် ဖန်တီးမှု" ကို ရပ်တန့်စေပါတယ်။
>> အနှစ်ချုပ်

11/01/2026

သင်ပြောမယ့်စကားတိုင်းကို သတိထားပါ

တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ရဲ့အိမ်နားက အိမ်နီးချင်းဟာ သူခိုးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေထွက်နေပါတယ်။ အဲဒါကြောင့် သူခိုးအဖြစ်သံသယအဖြစ်ခံရတဲ့ အိမ်နီးချင်းဟာ အဖမ်းခံရပါတယ်။ ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူခိုးအဖြစ်အစွပ်စွဲခံရတဲ့အိမ်နီးချင်းက အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး ပြန်လွှတ်မြောက်လာခဲ့ပါတယ်။ သူခိုးအဖြစ်စွပ်စွဲခံရတဲ့ အိမ်နီးချင်းက သူအရှက်ရခဲ့တဲ့အတွက် အဖိုးအိုကို တရားစွဲလိုက်ပါတယ်။

တရားရုံးမှာ အဖိုးအိုက ပြောပါတယ်။ “ဒီတိုင်းအထင်လေးပေးလိုက်တာက အခြားသူတစ်ယောက်ယောက်ကို ဘာများထိခိုက်စေလို့လဲ” တရားသူကြီးက အဖိုးအိုကိုပြောလိုက်ပါတယ်။ “ဟုတ်ပြီ….အဲဒါဆိုရင် သင်စွပ်စွဲခဲ့တဲ့အိမ်နီးချင်းကို ပြောချင်သမျှ စကားတွေကို စာရွက်ပေါ်မှာ ချရေးလိုက်ပါ။ အိမ်ကိုပြန်တဲ့လမ်းမှာ အဲဒီ့စာရွက်တွေကို ကတ်ကြေးနဲ့ညှပ်ပစ်လိုက်ပါ။

မနက်ဖြန်ကို အဖြေကြားနာဖို့ တရားရုံးကိုပြန်လာခဲ့ပါ” လို့ အမိန့်ပေးလိုက်ပါတယ်။ နောက်တစ်နေ့မှာ တရားသူကြီးက အဖိုးအိုကိုမေးပါတယ် “ ကဲ….အဖြေကို မကြားနာခင် မနေ့က သင်ကတ်ကြေးနဲ့ ညှပ်ထားတဲ့စာရွက်တွေကို အကုန်လုံတစုတစည်းထဲရအောင် လိုက်ကောက်လာခဲ့” အဖိုးအိုက ပြောလိုက်ပါတယ် “ ဘယ်လိုလုပ်ရပါ့မလဲ၊ လေတိုက်တိုင်း စာရွက်အပိုင်းအစတွေက အကုန်လွှင့်ကုန်တာ၊ ဘယ်နေရာမှာ လိုက်ရှာရမှန်းတောင် သိမှာမဟုတ်ဘူး” တရားသူကြီးက “ ဟုတ်တယ်…..အဲဒီ့အတိုင်းပဲ။ လူတစ်ယောက်ရဲ့ရိုးသားမှုကိုလည်း သင့်ရဲ့ဘာမှမတွေးဘဲ သမရိုးကျပြောလိုက်တဲ့စကားတွေက ဖျက်ဆီးပစ်လိုက်နိုင်တယ်။ လေထဲလွှင့်သွားတဲ့ စက္ကူစတွေလိုပဲ၊ အကောင်အထည်မပြနိုင်ပေမယ့် သူ့ရဲ့ကိုယ့်ကျင့်သိက္ခာကို ပြန်ပြီး ဆောက်တည်လို့မရနိုင်ဘူး။

သူ့ဘဝမှာ သူမလုပ်ဘဲနဲ့ အမည်းစက်ကြီးတစ်ခုလို လူတွေကမြင်ကြတော့မယ်၊ ဘယ်တော့မှ အကောင်းအတိုင်းပြန်မဖြစ်နိုင်တော့ဘူး” လို့ ပြောလိုက်ပါတယ်။ အဲဒီ့အခါကျမှ အဖိုးအိုက သူမှားသွားကြောင်း၊ တောင်းပန်ခဲ့ပါတော့တယ်။ ကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ်တကယ်မသိတဲ့ အခြားသူ့ရဲ့ကိစ္စတွေကို မစွပ်စွဲပါနဲ့၊ ကိုယ်ကတော့ ဘာရယ်မဟုတ် ထင်တာလေးကို ပြောလိုက်ပေမယ့် အခြားသူတစ်ယောက်မှာတော့ ဘဝတစ်ခုလုံးနဲ့ချီတဲ့ကိစ္စမျိုးဖြစ်သွားနိုင်တယ်လို့ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

09/01/2026

ကိုကြီးတွေဘေးဖယ် ညီလေးတွေ ထောင်မယ် 😂😂😂😂

07/01/2026

ဘဝမှာ လိုချင်တာလေး တစ်ခုရဖို့ ဒုက္ခ တချို့ ကိုရင်ဆိုင် ဘဝထဲက တချို့အရာတွေကို စွန့်လွတ်ပြီး စိတ်ပင်ပမ်း လူပင်ပမ်း ချွေးနဲ့ လူးလူးလဲလဲ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ပြီးမှ မနိုင်တနိုင်နဲ့ လိုချင်တာလေး ရခွင့်ရနိုင်တဲ့ ကိုယ့်ဘဝလေးမှာ တခါတလေ လည်း ငြင်းငြူချင်ခဲ့မိတာပေါ့..

ဒါပေမယ့် မာကြောတဲ့ မြေလွာဆီကို ဖောက်ထွက်ပြီးမှ ရှင်သန်ရတဲ့ အပင်က သိပ်တော့မလှပ မနုညံ့ပေမယ့် မုန်တိုင်းလာတဲ့အခါ ပိုသန်မာကြတာပါပဲ ကိုယ့်ဘဝမှာလဲ ဒုက္ခ အမျိုးမျိုးကိုရင်ဆိုင် ပြေးပြေးလွားလွား ကြိုးကြိုးစားစားနဲ့ စိတ်ပင်ပမ်း တဲ့အခါ ရှိမယ် လူပင်ပမ်းတဲ့အခါလည်း မနည်းဘူး အမှားလုပ်မိတဲ့အခါလဲ ရှိမယ် နာကျင်တဲ့ အခါလဲရှိမယ် အရာရာနဲ့ မောပန်းစွာကြိုးစားပြီးမှ ရနိုင်တာ ဆိုပေမယ့် ငြင်းငြူပြီး အားမငယ်လိုက်ပါနဲ့ လူတိုင်းမလုပ်နိုင်တဲ့အရာ လူတိုင်းမရင်ဆိုင် နိုင်တဲ့အရာထဲမှာ ကိုယ်ရှင်သန်နေရတာ တစ်ဘဝစာအတွက် ပိုသန်မာမူ ပိုရင့်ကျက်မူ နဲ့ ပိုခံနိုင်ရည်ရှိမူတွေကို ပိုင်ဆိုင်နိုင်ခဲ့ရပါတာ တန်တာပေါ့ ဘယ်လိုတွေ ခက်ခဲပါစေ အရှုံးမပေးဘဲ အမြဲရှေ့ဆက် လဲကျတိုင်း ပြန်ထ ငိုပြီးရင် ပြန်ပြုံး အမုန်းတရားနဲ့ မနေဘဲ ကိုယ်လုပ်ရပ်တိုင်းမှာ လိပ်ပြာလုံနေဖို့ဘဲ လိုတယ်မဟုတ်လား။

07/01/2026

" အရာရာဟာ ဧည့်သည်ပါ "

●တစ်ယောက်ယောက်က ထားခဲ့ရင် ဝမ်းမနည်းပါနဲ့ သင်လျှောက်မယ့်လမ်းကို သူမလိုက်ချင်လို့လည်း ဖြစ်နိုင်သလို သူသွားမယ့်လမ်းမှာ သင့်ကိုမခေါ်ချင်တော့လို့လည်း ဖြစ်နိုင်ပါတယ်
●ဘယ်ခရီးကိုမှ အစအဆုံးတူတူသွားရမယ်လို့ ဘယ်သူကမှ သတ်မှတ်မထားသလို.... ဘယ်သူလိုက်လိုက် မလိုက်လိုက် သင်ကတော့သွားနေရဦးမှာ ဖြစ်ပါတယ် သင်ပါပါ မပါပါ သူလည်းဆက်လျှောက်နေမှာ ဖြစ်ပါတယ် ●ငယ်ငယ်ကတော့ တွေးခဲ့ဖူးတယ် အဖေနဲ့အမြဲနေမယ် အမေနဲ့ပဲတူတူနေမယ် ဒီသူငယ်ချင်းတွေနဲ့ ဘယ်တော့မှမခွဲဘူး ငါ့ချစ်သူနဲ့ငါ တသက်လုံးတူတူနေမှာ... စတဲ့ အတွေးတွေ တွေးခဲ့ဖူးတယ်...

●တကယ်တော့ ကျွန်တော်တို့က ကံဆုံလို့ သံသရာရထားပေါ်မှာ ခဏလာတွေ့တာကို ဘဝတစ်ခုလုံးစာလို့ ထင်ခဲ့ကြတာပါ
●ကိုယ်အရင်ဆင်းရတဲ့အခါ သူတို့ကိုပါဆင်းခဲ့ဖို့ ခေါ်ပေမယ့်လည်း သူတို့မလိုက်နိုင်ကြသလို.... သူတို့အရင်ဆင်းသွားတဲ့အလှည့်မှာလည်း ကိုယ်လိုက်မသွားနိုင်ခဲ့ဘူး ●သေချာတာကတော့ သူတို့လည်း မသေမချင်း သူတို့ရွေးထားတဲ့လမ်းကို လျှောက်နေရတာဖြစ်ပြီး ကိုယ်ကလည်း ကိုယ့်လမ်းကိုယ်လျှောက်ရင်း သူတို့နဲ့လမ်းမှာ မသေခင်ခဏတွေ့တာဖြစ်ပါတယ်
●တွေ့တဲ့အချိန် ခဏလေးမှာ ချစ်ကြ သံယောဇဉ်တွေတွယ်ကြ မုန်းကြ ဆဲကြ ဆိုကြနဲ့ အချိန်စေ့ရင် ကိုယ့်လမ်းကိုယ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်

●ခဏခဏ လူသစ်တွေနဲ့ ထပ်တွေ့ရပြီး ခဏခဏ ခွဲရပြန်တယ် ခဏခဏပျော်ရွှင်ရပြီး နောက်တော့ ခဏခဏ ငိုရင်းခွဲရပြန်တယ် ခဏခဏ လွမ်းမိကြသလို တခါတလေလည်း နာကျည်းတက်ကြပြန်တယ်

●ဒါ့ကြောင့် သင့်ဘဝထဲကို လူသစ်တွေဝင်လာရင် သူတို့ပြန်ထွက်သွားမယ့်အချိန်ကိုပါ ကြိုတွေးထားပါ ကိုယ်ထားခဲ့ရမယ့်အချိန်ကို ပြင်ဆင်ထားပြီး သူတို့ထားခဲ့ရင်လည်း ကိုယ်ဘယ်လိုရှင်သန်ပြီး ကျန်နေခဲ့ရမလဲဆိုတာလည်း ကြိုစဉ်းစားထားပါ သူတို့လာနေတုန်းကို ကိုယ်တတ်နိုင်သလောက် ဧည့်ဝတ်ကျေနိုင်အောင်ကြိုးစားပါ သူတို့မရှိရင်လည်း သင်နေတက်အောင် ပြင်ဆင်ထားပါ အပြုံးတွေတောင် ခဏပဲခံရင် အမုန်းတွေကို အကြာကြီးမွေးမထားပါနဲ့ အလွမ်းတွေကို အရသာမခံချင်ပါနဲ့ အငြိုးအတေးတွေကို အရောင်မတင်ပါနဲ့ တွေ့တွေ့ချင်းတောင် ဝမ်းသာအားရနှုတ်ဆက်ကြရင် ပြန်ချိန်ရောက်ရင်လည်း ဖက်တွယ်မထားပဲ လမ်းခွဲတက်အောင်ကြိုးစားပါ

●ဟုတ်ကဲ့ ကျွန်တော်တို့ဘဝနဲ့ ကျွန်တော်တို့နှလုံးသားတွေထဲမှာ..... အကြာကြီးရှိမနေမှာသေချာတဲ့သူတွေနဲ့ အကြာကြီးဖြစ်နေမှာ မဟုတ်တဲ့ ကိစ္စတွေကိုထည့်ပြီး သော့ခပ်မထားပါနဲ့ ခဏလာပြီး ခဏနေပြန်ထွက်သွားမယ့် ဘယ်သူ့ကိုမဆို အတင်းအကြပ် ဆုပ်ကိုင်မထားပါနဲ့ မသွားပါနဲ့လို့ မတားပါနဲ့... ဝင်လာပါစေ... ပြန်သွားချင်သွားပါစေ.... လာနေတုန်းလေးမှာ ပြုံးနေပြီး ပြန်ထွက်သွားရင်လည်း မငိုပဲနဲ့ပြုံးထားပါ မိတ်ဆွေ သင့်ခံစားမှုတွေကို သော့ခပ်မထားပါနဲ့... နှလုံးသားတံခါးကို အသာလေးသာစေ့ထားလိုက်ပါ...

Photos from Ko Thu Volga's post 04/01/2026

မိန်ဗလာတောင်က ယာမာရှိတာရတနာသိုက်***

၂၀၁၉ လောက်မှာ သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်ကနေ ဂျပန်တွေ မြုပ်နှံထားတဲ့ ရတနာတွေကို ရှာဖွေတွေ့ရှိခဲ့ရတယ်။ ရွှေချောင်းတွေ ကားတစ်စီးတိုက်လောက်ရှိတယ်ဆိုတဲ့ စာနဲ့ပုံတွေ လူမှုကွန်ယက်မှာပျံ့နှံ့လာမှုနဲ့အတူ မိန်ဗလာတောင်က နာမည်ကြီးလာခဲ့ရပြန်တယ်။ (ဒါပေမယ့် ဒါသည် သတင်းအမှားပါ။

အမှန်က ရွှေချောင်းတွေကို ရှာဖွေတွေ့ရှိတဲ့ ဓာတ်ပုံတွေသည် ဖိလစ်ပိုင်က ပုံတွေသာဖြစ်ပါတယ်) ဒီလိုနာမည်ကြီးရတာကလည်း မိန်ဗလာတောင်နဲ့ ပတ်သက်တဲ့ ပါးစပ်အပြောတွေကလည်း အစဥ်အဆက် ရှိနေခဲ့ပြီးသားမို့ပါပဲ။ ဒါတွေအားလုံးရဲ့ ဇာတ်လမ်းအစကတော့.... ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဂျပန်ဘုရင်ရဲ့ညီက ဦးဆောင်ပြီး စစ်နိုင်တိုင်းပြည်တွေကနေ သိမ်းဆည်းရသမျှ ရွှေချောင်းတွေကို ဆုတ်ခွာတော့မယ့် ဂျပန်စစ်ကြောင်းတွေနဲ့အတူ သယ်ယူဖို့လုပ်တယ်။ ဒါပေမယ့်မဟာမိတ်တွေရဲ့ အဆက်မပြတ်ဗုံးကြဲခြင်း၊ ပင်လယ်ထွက်ပေါက်ကို ပိတ်ဆို့ထားခြင်းတွေကြောင့် သယ်ဆောင်ဖို့ မဖြစ်နိုင်ခဲ့ဘူး။ ရွှေချောင်းတွေကို ရန်သူမဟာမိတ်တွေရဲ့ လက်ထဲကို အပါခံလို့လည်း မဖြစ်ပြန်ဘူး။ ဒါ့ကြောင့်အဆိုပါ ရွှေချောင်းတွေကို ဗိုလ်ချုပ်ယာမာရှိတာရဲ့ အမိန့်နဲ့ ဥမှင်တွေကို ဝင်္ကပါသဖွယ် ရှုပ်ထွေးအောင်တူးပြီး သံဖြူဇရပ်မြို့နယ်ထဲက မိန်ဗလာတောင်ကြီးထဲမှာ သိမ်းဆည်းထားခဲ့တယ်လို့ ဆိုခဲ့ကြတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး မိန်ဗလာတောင်အနီး ဝယ်ကပါကျေးရွာအုပ်စုဝင် ရွာတွေမှာ အစဥ်အဆက်နေထိုင်ခဲ့ကြတဲ့ သူတွေကလည်း မိန်ဗလာရွှေသိုက်အကြောင်းနဲ့ ပတ်သက်လို့ သားမြေးတွေကို လက်ဆင့်ကမ်းကာ ပြောပြခဲ့ကြတယ်။

ဂျပန်တွေသည် မိန်ဗလာတောင်ကို လိုဏ်ခေါင်းတွေ တူးဖော်ရာမှာ သူတို့ချွေးတပ်သားတွေရဲ့ အင်အားနဲ့ မလောက်လို့ မိန်ဗလာတောင်အနီးတစ်ဝိုက်က ကျေးရွာသားတွေကိုပါ လိုဏ်ခေါင်းတွေတူးဖော်ရာမှာ လုပ်အားပါဝင်စေခဲ့တယ်။ ဒါပေမယ့် ရွှေသေတ္တာတွေထားမယ့် ဟိုးအတွင်းပိုင်းက လိုဏ်တွေကိုတော့ သူတို့နဲ့အတူပါလာတဲ့ ချွေးတပ်သားတွေနဲ့သာ တူးဖော်ပြီး ရွာသားတွေကို မဝင်ခိုင်းပါ။မဝင်ရနယ်မြေအဖြစ် တင်းကြပ်စွာ တားမြစ်ထားခဲ့ကြတယ်။ ရတနာသေတ္တာများ သိမ်းဆည်းအပြီးမှာတော့ လိုဏ်ပေါက်တွေကို အထဲရှိ ချွေးတပ်သားတွေနဲ့အတူ မိုင်းခွဲပိတ်ပစ်ခဲ့ပါသတဲ့။တောင်ရဲ့ပုံလည်း မိုင်းဒဏ်တွေကြောင့် ပြောင်းလဲသွားခဲ့ပြီး မည်သူမျှအပေါက်ကို ရှာမတွေ့တော့ပါ။

ဒါကတော့ မိန်ဗလာတောင်က ပုံပြင်လေးပေါ့။မိန်ဗလာတောင်တစ်ဝိုက်မှာ ပရလောက သိုက်နန်းဆန်ဆန်ပုံပြင်ဇာတ်လမ်းတွေလည်း အများအပြားရှိပါသေးတယ်။ချွေးတပ်သားတွေက အစောင့်ဖြစ်နေသလား မပြောတတ်ပါ။ ကမ္ဘာက သိတာကြတော့ ဂျပန်ဘုရင်ရဲ့ညီတော်ကဗိုလ်ချုပ်ယာမာရှိတကို အရှေ့တောင်အာရှကနေ သိမ်းဆည်းထားတဲ့ ရွှေချောင်းတွေကို ဆုတ်ခွာရင်း ဂျပန်အထိ သယ်ယူလာဖို့ အမိန့်ပေးတယ်။ ဒါပေမယ့် ယာမာရှိတက သယ်ယူဖို့မဖြစ်နိုင်လို့ တောင်ကြီးတစ်လုံးရဲ့အထဲမှာ မြုပ်နှံထားခဲ့ရတယ်။ ဒါကိုပဲ ယာမာရှိတTreasure လို့ ကမ္ဘာကခေါ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးရတနာသိုက် ၁၀ ခုထဲမှာ အကြီးဆုံးသိုက်အဖြစ် ယုံကြည်သတ်မှတ်ထားကြတယ်။ ဒါပေမယ့် ယာမာရှိတရတနာသိုက်သည် အရှေ့တောင်အာရှရဲ့ ဘယ်အရပ်ဌာနေမှာရှိသည်ကိုတော့ မသိရှိကြပါ။

သို့သော် မြန်မာတွေကတော့ ယာမာရှိတရတနာသိုက်သည် မိန်ဗလာတောင်မှာရှိသည်ဟု ယုံကြည်ကြပြီး ကုမ္ပဏီအမျိုးမျိုး၊အဖွဲ့အစည်းအသီးသီးက ခေတ်အဆက်ဆက်မှာ ရှာဖွေခဲ့ကြသော်လည်း ယနေ့တိုင် ရှာမတွေ့သေးပါ။ အဆိုပါ မိန်ဗလာရတနာသိုက်တူးဖော်ခြင်းနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဆက်ဆက်နှင့် လွှတ်တော်ကိုယ်စားလှယ်များကပါ အလေးထားပြီး ကြည့်ရှုကွပ်ကဲခဲ့ရပါတယ်။ အစိုးရနဲ့ လွှတ်တော်က တာဝန်ရှိသူတွေရဲ့ မိန်ဗလာတောင်ရတနာသိုက်တူးဖော်ခြင်းနဲ့ ပတ်သက်သော ဖြေကြားမှုများကိုတော့ စာရှည်မည်စိုး၍ ဤနေရာ၌ မဖော်ပြတော့ပါ။

# ဂျပန်ဘုရားနဲ့ မိန်ဗလာအယူအဆ... အချို့ သံဖြူဇရပ်ဒေသခံတွေကလည်း ရွှေချောင်းတွေသည် မိန်ဗလာတောင်မှာမရှိပဲ သံဖြူဇရပ်အနီးရှိ ဂျပန်ဘုရားရဲ့အောက်မှာ ရှိနေတယ်လို့ ယူဆကြပြန်တယ်။ အဲ့ဒီအယူအဆဖြစ်ပေါ်လာပုံကတော့ ဂျပန်တွေက မိန်ဗလာတောင်မှာ စစ်ဌာနချုပ်တစ်ခုကို ဖွင့်လှစ်ထားရှိစဥ် မဟာမိတ်လေယာဥ်တွေရဲ့ အဆက်မပြတ် ဗုံးကြဲမှုတွေကြောင့် သူတို့မှာရှိတဲ့ရွှေချောင်းသေတ္တာ ၂၄ လုံးကို ကွန်ကရစ်လောင်းပြီး အဲ့ဒီအပေါ်ကနေ ဘုရားတစ်ဆူတည်ထားခဲ့ပါသတဲ့။အဆိုပါဘုရားကို ယခုအခါ ဂျပန်ဘုရားလို့ ခေါ်ပါတယ်။ ဂျပန်ဘုရားကို လေ့လာရှာဖွေမှုတွေ ရှိခဲ့ဖူးသော်လည်း ရတနာများကို ရှာဖွေမတွေ့ရှိရပါ။ မိန်ဗလာတောင်နှင့် ယာမာရှိတရတနာသိုက်ကတော့ ပဟေဠိသဖွယ် ယနေ့တိုင်ရှိနေဆဲပင်...

04/01/2026

ရှင်ရသေ့ ဈန်းလျှော 😂😂😂😂

04/01/2026

ခေတ်သစ် ရေသည်ပြဇာတ်"😂😂😂

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address


Yangon