SOE Education Services

SOE Education Services အခြေခံပညာကျောင်းသား/သူများအတွက် အိ?

၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့် အစီအစဉ်အသိပေး က...
12/01/2021

၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့် အစီအစဉ်အသိပေး ကြေညာခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၆:၀၀) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေး ကြေညာအပ်ပါသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ်နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့ ၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ပါကြောင်း၊ Covid-19 ကာကွယ်ထိန်းချုပ်တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့် အစီ အစဉ်အား ကြိုတင်အသိပေးမည် ဖြစ်ပါသည်။
အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန်ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် page ဖြစ်သော https://mmexamscore.org နှင့် https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက် နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

Crd MOI WebPortal Myanmar

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို Online မှကြည့်ရှုခြင်း။

26/08/2020

Breaking News! 📢

တစ်နိုင်ငံလုံးလက်ရှိ ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းများ ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ အားလုံးကို မနက်ဖြန် ( ၂၇-၈-၂၀၂၀) မှစ၍ ယာယီပိတ်ထားမည်ဟု အခြေခံပညာဦးစီးဌာန မှ အတည်ပြုပြောကြားထားပါသည် ။

#တတ်နိုင်သမျှအိမ်မှာနေထိုင်ပါ

#ကိုယ်ခံအား‌ကောင်းစေရန်အာဟာရပြည့်ဝစွာစားသုံးပါ #အိပ်ရေးဝဝအိပ်ပါ

#အပြင်ထွက်တိုင်းmaskတပ်ပါ

#လက်ကိုစနစ်တကျမကြာခဏဆေးပါ

#လူစုလူဝေးကိုတတ်နိုင်သမျှရှောင်ပါ

Corona Virus Disease 2019 ိုမိမိကစကာကွယ်ပါ

အခြေခံပညာ ကျောင်းတွေပြန်ဖွင့်ချိန်နောက်ကျလို့ သင်ခန်းစာတွေ နောက်ကျနေတဲ့အပြင် ကျောင်းပြန်ဖွင့်တော့လဲ  စာသင်ချိန်တွေလျှော့...
18/08/2020

အခြေခံပညာ ကျောင်းတွေပြန်ဖွင့်ချိန်နောက်ကျလို့ သင်ခန်းစာတွေ နောက်ကျနေတဲ့အပြင်

ကျောင်းပြန်ဖွင့်တော့လဲ စာသင်ချိန်တွေလျှော့ချပြီး သင်ခန်းစာတစ်ချို့ကို အိမ်မှာပဲ ပြန်လေ့လာတဲ့ပုံစံနဲ့ သင်ကြားရမှာဆိုတော့

အိမ်မှာပြန်လေ့လာချိန် အနားကလမ်းညွှန်သင်ကြားပေးနိုင်မဲ့ teaching & guide ဆရာတစ်ယောက်ရှိမှ ကျောင်းသား ကျောင်းသူ အများစုအတွက် ‌အောင်မြင် ၊ ထူးချွန်ဖို့စိတ်ချရမဲ့ အခြေအနေပါ။

ထို့ကြောင့် မိမိတို့ သားသမီးရတနာများ အတွက် အမှန်တကယ်တတ်မြောက်မှု စိတ်ချရစေရန်
" SOE Education Service " မှ ကြိုဆိုပါတယ် ။🤝🤝🤝

⏬⏬⏬

Grade - 10 ( သင်ရိုးသစ် ) နှင့် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း ‌အတွက်

- တစ်ဘာသာချင်းသော် လည်းကောင်း

- ဘာသာစုံသော် လည်းကောင်း

အိမ်အရောက် ထိရောက်သောသင်ကြားမှုကို တိတိကျကျဝန်ဆောင်မှုပေးပါသည် ။

- ၁ဦးချင်းသီးသန့် နှင့် လူဦးရေနည်း အထူးဝိုင်းများလက်ခံသင်ကြားသည်။

- သင်ယူမည့် အတန်း ၊ ဘာသာရပ် ၊ အချိန် အလိုက် လစာညှိနှိုင်းနိုင်ပါသည်။ သင့်တင့်မျှတသော လစာသာဖြစ်မည် ။

( အခြား အတန်းများအတွက်လဲစုံစမ်းနိုင်ပါသည် ။ )

- စာသင်ကြားခြင်း အ‌တွေ့အကြုံရှိ လူငယ်ဆရာများဖြင့်ဖွဲ့စည်းထားပြီး ရန်ကုန်မြို့တွင်း နီးစပ်ရာမြို့နယ်အလိုက် အဆင်ပြေအောင်ချိတ်ဆက် သင်ကြားပေးသည်။

မကြာမီ online class လဲစတင်သင်ကြားမည်။

📞 09250 970 750 ( Viber ) , 0968 577 2 977

08/08/2020

Good luck to you all!

၂၀၂၀ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း - Examinations Results 2020

07/08/2020

၂၀၂၀ ခုနှစ် မတ်လတွင်ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို(၉-၈-၂၀၂၀)ရက်၊ တနင်္ဂနွေနေ့ နံနက်(၀၀:၃၀)နာရီ အချိန်တွင်ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး

Online http://bit.ly/2WjJ4pk

မှလည်းကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း - Examinations Results 2020

၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်း များကိုသတ်မှတ်ရက်တွင် ကြေညာရာ၌ ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှ...
04/08/2020

၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်း များကိုသတ်မှတ်ရက်တွင် ကြေညာရာ၌ ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် လုံးဝ (လုံးဝ) ကပ်ထားခြင်းမပြုဘဲ ပညာရေးဝန်ကြီးဌာန၏ အောက်ပါ website များတွင် (၉-၈-၂၀၂၀) ရက်နေ့ ၊ နံနက် (၀၀:၃၀) နာရီမှ စတင်၍ ကြည့်ရှုနိုင်ပါသည် ။

www.moe.gov.mm

www.myanmarexam.org

🙏ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့ ) အကြောင်းသိကောင်းစရာများ 🙏ဝါဆို လပြည့်နေ့ ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ...
03/08/2020

🙏ဝါဆိုလပြည့်နေ့

(ဓမ္မစကြာ အခါတော်နေ့ ) အကြောင်းသိကောင်းစရာများ 🙏


ဝါဆို လပြည့်နေ့ ကို

ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပရခြင်းမှာ ...

ထိုနေ့၌ ဓမ္မစကြာ တရားတော်ကို
မြတ်စွာဘုရားက ဟောကြားတော်မူသည်ကိုအကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါတယ်

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည်
အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ၊
ဝါဆိုလပြည့်နေ့ နေ၀င် , လထွက် အချိန်၌ ....

ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို
၀န်ခံဟောကြားတော်မူခဲ့ပါတယ်

ဓမ္မစကြာတရားတော်သည်

ဝိနည်းမဟာဝါပါဠိတော်
ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန ဝါရ အမည်ဖြင့် လာရှိပါသည်။

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန သုတ္တ အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္ကပဝတ္တန ၏ အဓိပ္ပယ်မှာ
တရားတည်းဟူသော အသိစက်ကို ဖြစ်စေ
လည်စေတော်မူခြင်း-ဟု အဓိပ္ပာယ် ရပါသည်။

ဓမ္မစက္က = တရားတော်။
ပ၀တ္တ = ဖြစ်စေ၊ လည်စေခြင်း

ဓမ္မစကြာတရား တော်သည် ...

သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော
ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
( အစွန်း ၂-ခု ) ကို ရှောင်ကြဉ်ရေး
မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို
ညွှန်ကြားထားပြီး

သစ္စာလေးပါးတရားကို သိမြင်စေရန်
ဟောကြားတော်မူခဲ့ပါသည်။

>>

ဝါဆိုလပြည့်နေ့၏_ထူးခြားချက်များ

မြန်မာ့ရိုးရာ ၁၂ - လ ရှိသည့်အနက်
ဝါဆိုလပြည့်နေ့ သည် ...

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း ...

၂။ ဂေါတမ ဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း ...

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း ...

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း ...

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ ဖြစ်၍ ထူးခြားခြင်း ...

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း ...

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း ...

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း ...

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း ...

ထို ဝိသသေ အကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့သည်

ဤ ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊
ဝါဆိုသက္ကန်း ကပ်လှူဒါန်းခြင်း...

ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း အားဖြင့်
ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ ကို ဆင်နွှဲ
ပြုလုပ်ကြပါသည်။ ။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို ၉-၈-၂၀၂၀ ၊  နံနက် ( ၀၀:၃၀ ) အချိန်မှစ၍ ထုတ်ပြန်မည် ။
29/07/2020

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို ၉-၈-၂၀၂၀ ၊ နံနက် ( ၀၀:၃၀ ) အချိန်မှစ၍ ထုတ်ပြန်မည် ။

◾တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဩဂုတ်လ ပထမအပတ် ထွက် မည် ၂၀၂၀ ၊ မတ်လက ဖြေဆိုထားခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ၏ အ...
25/07/2020

◾တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဩဂုတ်လ ပထမအပတ် ထွက် မည်

၂၀၂၀ ၊ မတ်လက ဖြေဆိုထားခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ၏ အောင်စာရင်းထုတ်ပြန်ရန် ပြင်ဆင်ထားသည့်အခြေအနေကို အခြေခံပညာဦးစီးဌာနသို့ မေးမြန်းခဲ့ပါသည် ။

"တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ဩဂုတ်လ ပထမအပတ် ထုတ်ပြန်ပါမယ် ။ ကျော်လည်း ရက်နည်းနည်းပါ ။ ထုတ်ပြန်မယ့်အစီအစဉ်အသေးစိတ်ကို မကြာခင်ထုတ်ပြန်ပေးပါမယ်" ဟု ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက FTD ၏ မေးမြန်းမှုကို ဖြေကြားပေးခဲ့ပါသည် ။

FTD Web Site တွင် ဖတ်ရန်
https://www.futurethedagon.com/2020/07/Matriculation-Exam-Result.html



ဤ သတင်းအား Future the Dagon page မှ ကူးယူဖော်ပြသည် ။

 #စနစ်သစ်ပညာရေးအကြောင်း ၂၀၂၀_၂၀၂၁ ပညာသင်နှစ် Grade 10ကျောင်းတွင်းစစ်စာမေးပွဲ၂၀၂၁_၂၀၂၂ ပညာသင်နှစ် Grade 11ကျောင်းတွင်းစစ်...
23/07/2020

#စနစ်သစ်ပညာရေးအကြောင်း

၂၀၂၀_၂၀၂၁ ပညာသင်နှစ် Grade 10
ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၁_၂၀၂၂ ပညာသင်နှစ် Grade 11
ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၂_၂၀၂၃ ပညာသင်နှစ် Grade 12

Grade 12တွင် ကျောင်းတွင်းစစ် စာမေးပွဲနှင့် နိုင်ငံတော်အစိုးရစစ်စာမေးပွဲ
စာမေးပွဲနှစ်ခုရှိပါသည်။

Grade 12 ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုအောင်မြင်ပါက သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့် ကောလိပ်များ၊Instituteများ(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်) ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

သို့သော်၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့် နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ University များတက်ရောက်ခွင့်ရရှိမည့် Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။ထိုစာမေးပွဲတွင် Grade A ရထားသောကလေးသည် နှစ်သက်သလို တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊Grade B,C အစရှိသဖြင့် ရသောကလေးများသည် ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။မိမိ အဓိက ရွေးချယ်မည့် တက္ကသိုလ် တစ်ခုကိုတော့ ကို G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

ဥပမာ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊Physics၊Chemistry၊Biology လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineeringနှင့်IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊Math၊Physics၊Chemistry လေးဘာသာ၏ Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။

၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင် (၆)ဘာသာ သာဖြေဆိုရပါမည်။General Science ၊Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။ရှင်းအောင်ပြောရရင် (၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များစာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။

တက္ကသိုလ်ဝင်ခွင့်များ ဖြေဆိုရာတွင် အစိုးရကျောင်း၊Privite School နှင့် International School ကျောင်းသုံးခုလုံးမှ ဝင်ခွင့်အတွက် သတ်မှတ်ထားသော စံနှင့် ကိုက်ညီသည့် ကလေးများအားလုံး ဝင်ရောက်ဖြေဆိုခွင့်ရရှိမည် ဖြစ်ပါသည်။

မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ အဆင်ပြေ အောင်မြင်စေဖို့ G(10,11,12 )သုံးနှစ်စာ သင်ခန်းစာတွေကိုလည်း ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။Grade ကောင်းရုံနဲ့လည်း တက္ကသိုလ် တက်ခွင့်ရမှာမဟုတ်ပါဘူး။ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

Crd Saya Ye Kyaw Thu

အခြေခံပညာ အထက်တန်းကို ယနေ့ ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင့်လှစ် ။
21/07/2020

အခြေခံပညာ အထက်တန်းကို ယနေ့ ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင့်လှစ် ။

အခြေခံပညာ အလယ်တန်းကို ဩဂုတ်လ 20 ရက်နောက်ပိုင်းမှ ဖွင့်လှစ်ရန်  ရွေ့ဆိုင်းလိုက်ပြီး ၊ မူလတန်းကိုမူ အလယ်တန်းဖွင့်ပြီးမှသာ ...
20/07/2020

အခြေခံပညာ အလယ်တန်းကို ဩဂုတ်လ 20 ရက်နောက်ပိုင်းမှ ဖွင့်လှစ်ရန် ရွေ့ဆိုင်းလိုက်ပြီး ၊ မူလတန်းကိုမူ အလယ်တန်းဖွင့်ပြီးမှသာ ဖွင့်လှစ်မည် ။

Address

Yangon

Opening Hours

Monday 00:00 - 23:00
Tuesday 07:00 - 12:15
Wednesday 07:00 - 12:15
Thursday 00:00 - 23:00
Friday 00:00 - 23:00
Saturday 00:00 - 23:00
Sunday 00:00 - 23:00

Telephone

+959250970750

Website

Alerts

Be the first to know and let us send you an email when SOE Education Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to SOE Education Services:

Shortcuts

Share

Category