𝐆𝐞𝐧𝐢𝐮𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐞𝐫

𝐆𝐞𝐧𝐢𝐮𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐞𝐫

Share

𝐈𝐭 𝐚𝐢𝐦𝐬 𝐭𝐨 𝐢𝐦𝐩𝐫𝐨𝐯𝐞 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐬𝐤𝐢𝐥𝐥𝐬
𝐚𝐧𝐝 𝐠𝐞𝐭 𝐠𝐨𝐨𝐝 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐣𝐨𝐛𝐬 👑✨

18/06/2026

စိတ်တွေပေါ့ပါးသွားအောင်လို့
စာတွေချည်းပဲ ကြည့်တာ ခေါင်းမူးတယ် 💆

📒🎌N3 Special Class 💞💞



#ဂျပန်စာသင်တန်း

18/06/2026

🇯🇵 ဂျပန်နိုင်ငံ၊ Okayama မြို့တွင် တာဝန်ထမ်းဆောင်ရန် သူနာပြုစောင့်ရှောက်ရေးလုပ်သား (Caregiver) အလိုရှိသည်။ 🇯🇵

ဂျပန်နိုင်ငံ၏ သာယာလှပပြီး "နေသာသောပြည်နယ်" (Land of Sunshine) ဟု တင်စားကြသည့် Okayama မြို့တွင် မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်ကို ပျော်ရွှင်စွာ လုပ်ကိုင်ရင်း ဂျပန်ယဉ်ကျေးမှုနှင့်အတူ ဘဝတိုးတက်မှုကို တည်ဆောက်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ခုပါ။

Okayama သည် သွားလာရေးလွယ်ကူပြီး နေထိုင်ရသက်သောင့်သက်သာရှိသည့်အပြင် သမိုင်းဝင်နေရာများနှင့် ခေတ်မီမှုတို့ ပေါင်းစပ်တည်ရှိနေသောကြောင့် ဂျပန်ရောက် မြန်မာများကြားတွင် ရေပန်းစားသော မြို့တစ်မြို့ ဖြစ်ပါသည်။

✅ လုပ်ငန်းအကြောင်းအရာ

သက်ကြီးရွယ်အိုများ၏ နေ့စဉ်ဘဝအတွက် အောက်ပါတို့ကို ကူညီပေးရမည်ဖြစ်ပါသည်။

အဝတ်အစားများ လဲလှယ်ရာတွင် ကူညီပေးခြင်း
ရေချိုးရာတွင် ကူညီပေးခြင်း၊အစားအစာ စားသောက်ရာတွင် စောင့်ကြည့်ကူညီပေးခြင်း၊ စိတ်အပန်းဖြေရာတွင် စောင့်ကြည့်ပေးခြင်းနှင့် အခြားသော သူနာပြုစောင့်ရှောက်ရေးလုပ်ငန်းများ။

✅ လိုအပ်ချက်များ

❇️အသက် - မကန့်သတ်ထားပါ။
❇️ဂျပန်စာအရည်အချင်း - N4 အောင်မြင်ထားသူနှင့်အထက် (စကားပြော စစ်ဆေးပါမည်)။
❇️ပညာအရည်အချင်း - အလယ်တန်းအောင်နှင့်အထက်။
❇️တက်တူးမရှိရပါ။

✅ခံစားခွင့်နှင့် လုပ်ခလစာ

❇အခြေခံလစာ - ၁၈၈,၈၄၂ ယန်း
❇ကုသမှူ တိုးတက်မှု ခံစားခွင့် - တစ်လလျှင် အများဆုံး ၄၉,၀၀၀ ယန်း
❇လေယာဉ်လက်မှတ်ခ - ဂျပန်ဘက်မှ တစ်စိတ်တစ်ပိုင်း စိုက်ထုတ်ပေးမည် ။

📅 ဖောင်ပိတ်ရက် - ၂၅-၆-၂၀၂၆

စိတ်ဝင်စားသူများအနေဖြင့် 🏢 Genius Japanese Language Center သို့ လိုအပ်သော အချက်အလက်များ ပြည့်စုံစွာယူဆောင်လာပြီး ဖောင်လာရောက်တင်သွင်းနိုင်ပါသည်။

⚠️စာရွက်စာတမ်းစုံလင်မှုပေါ်မူတည်၍ အင်တာဗျူး
ဖြေဆိုခွင့်ရမရလုပ်ငန်းရှင်မှဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

📍 လိပ်စာ - အမှတ်(၅၃)၊ (၅)လွှာ၊ လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
(🚸စံပြဈေးအနီး တည်ရှိပါသည်။)

📞 ဖုန်း - 09-977218589

💥မိမိ၏ အနာဂတ်အတွက် ဂျပန်နိုင်ငံတွင် အတွေ့အကြုံကောင်းများ ရယူရန် Genius နှင့်အတူ လက်တွဲလိုက်ပါ။

17/06/2026

"JLPT Exam နီးပြီ... အားလုံးပဲ Ready ဖြစ်နေပြီလား? 🇯🇵လုပ်စရာရှိတာလေးတွေ တဖြည်းဖြည်းချင်း ပြီးအောင်လုပ်ရင်း အကောင်းဆုံးပြင်ဆင်ထားကြမယ်။✨📚

"

17/06/2026

Jo Jo Hotpot 🍲🍹 みんなと美味しいものを食べる時間は最高です。

— "အားလုံးနဲ့အတူ အရသာရှိတာတွေစားရတဲ့အချိန်က အကောင်းဆုံးပါပဲ။"


💛
🍲

17/06/2026

🇯🇵 ဂျပန်နိုင်ငံ Gifu ခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် အလုပ်ခေါ်ယူခြင်း 🇯🇵

ဂျပန်နိုင်ငံ၏ အလယ်ပိုင်းတွင်တည်ရှိပြီး သဘာဝပတ်ဝန်းကျင် သာယာလှပကာ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားသော Gifu ခရိုင်တွင် တိုခုတဲအိဂိနိုး (Tokuteiginou) စနစ်ဖြင့် အလုပ်လုပ်ကိုင်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ။

✅ လုပ်ငန်းအမျိုးအစား - သီးနှံစိုက်ပျိုးရေး
✅ စုစုပေါင်းလစာ - ၂၂၇,၀၀၀ ယန်း (အချိန်ပိုရှိ)

📋 လုပ်ငန်းအကြောင်းအရာ -

🥬🍄ဟင်းနွယ်ရွက်နှင့် Sh*take မှိုများ၏ ရိတ်သိမ်းခြင်း၊ အရည်အသွေးအလိုက် ရွေးချယ်စီစဥ်ခြင်း၊ ဗီနိုင်းဖုံးတပ်ဆင်ခြင်း၊ လုပ်ငန်းခွင် သန့်ရှင်းရေးနှင့် အပြီးသတ် သိမ်းစည်းခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

📝 လျှောက်ထားရန် လိုအပ်ချက်များ -

✅တိုခုတဲအိဂိနိုး စိုက်ပျိုးရေးအောင်လက်မှတ်ရှိသူ ဖြစ်ရမည်။

ဂျပန်စာအရည်အချင်း N4 passed ဖြစ်ရမည်။

အသက် - မသတ်မှတ်ထားပါ။

အိမ်ထောင် - မသတ်မှတ်ထားပါ။

ဆေးလိပ် - ဆေးလိပ်မသောက်သူသာ။

တက်တူး - တက်တူးမရှိသူများသာ။

ကျန်းမာရေး - ခြေချောင်းလက်ချောင်းချို့ယွင်းနေသူ၊ Colour Blind (အရောင်ခွဲမရသူ)၊ အူကျ/အူကျွံရောဂါ၊ ခါးနာသည့်ရောဂါ/ခါးထိခိုက်ဒဏ်ရာရဖူးသူများ မဖြစ်ရပါ။

✔️👩‍💻အင်တာဗျူးအတွက် ဖောင်တင်ပါက ဂျပန်ဘာသာစကားဖြင့် စကားပြောဆိုနိုင်ရန် လိုအပ်ပါသည်။

💰 အထူးအချက် -

လေယာဉ်စရိတ်ကို ကုမ္ပဏီမှ စိုက်ထုတ်ပေးမည်ဖြစ်ပြီး လုပ်သားမှ ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါသည်။

📍 လျှောက်ထားရန် -
Genius Japanese Language Center သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်။

🗓 ဖောင်ပိတ်ရက် - ၂၄-၆-၂၀၂၆

📞 ဆက်သွယ်ရန် - 09-977218589
🏠 လိပ်စာ - အမှတ် (၅၃)၊ (၅) လွှာ၊ လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
(🚸စံပြဈေးအနီး။)

ဂျပန်နိုင်ငံတွင် အသက်မွေးဝမ်းကျောင်းပြုပြီး မိမိကိုယ်ကို တိုးတက်စေလိုသူများအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်လို့ စိတ်ဝင်စားရင် အမြန်ဆုံး လာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်📩။

#စိုက်ပျိုးရေးလုပ်ငန်း #ဂျပန်အလုပ်ခေါ်စာ

15/06/2026

✨ ဂျပန်နိုင်ငံမှာ ကိုယ်ပိုင်ဘဝတိုးတက်အောင် ကြိုးစားရင်း၊ အသက်အရွယ်ကြီးရင့်သူများကို ပြုစုစောင့်ရှောက်တဲ့ ကုသိုလ်ရေးနဲ့ အလုပ်အကိုင်ကို တစ်နေရာတည်းမှာ လုပ်ကိုင်ချင်သူများအတွက် အခွင့်အရေး! 🇯🇵

🏝 Okinawa အကြောင်းလေးတစ်ချက်
Okinawa ဟာ ဂျပန်နိုင်ငံရဲ့ တောင်ဘက်အကျဆုံး တည်ရှိတဲ့ ကျွန်းစုဖြစ်ပြီး "ဂျပန်နိုင်ငံရဲ့ ဟာဝိုင်ယီ" လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ရာသီဥတုက အမြဲနွေးထွေးပြီး လူနေမှုဘဝက အေးချမ်းတဲ့အတွက် ဂျပန်နိုင်ငံမှာ နေထိုင်ဖို့ အကောင်းဆုံးနေရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ အလုပ်လုပ်ရင်းနဲ့ စိတ်ဖိစီးမှုကင်းတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လှပတဲ့ 🌊🌊 ပင်လယ်ကမ်းခြေများကို ခံစားရမှာ ဖြစ်ပါတယ်။

[အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များ]

📍 တည်နေရာ - Okinawa ဒေသ
👴 လုပ်ငန်းအမျိုးအစား - သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရေးလုပ်ငန်း
👥 လိုအပ်သူအရေအတွက် - အမျိုးသား (၄) ဦး
📚 လိုအပ်ချက် - ဂျပန်စာ N4 အောင် ၊N3 အဆင့် ရှိရမည် (အခြေခံကောင်းမွန်ရမည်)
🎓 ပညာအရည်အချင်း - အလယ်တန်းအဆင့်နှင့်အထက်
💰 လစာ - အခြေခံလစာ ၁၇၈,၀၀၂ ယန်း (စုစုပေါင်းလစာ ၂၀၆,၀၀၂ ယန်း)
🕒 အချိန်ပို - ရှိသည်

⚠️ အထူးသတိပြုရန် -

အင်တာဗျူးအတွက် ဂျပန်ဘာသာစကားဖြင့် စကားပြောဆိုနိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါသည်။

မြင်သာသောနေရာတွင် တက်တူးရှိသူများ လျှောက်ထားခြင်း မပြုလုပ်ပါရန်။

အိမ်ထောင်သည်များ လျှောက်ထားနိုင်ပါသည်။

🗓 လျှောက်လွှာပိတ်ရက် - (၂၂-၆-၂၀၂၆)

စိတ်ဝင်စားပါက အသေးစိတ်ကို ဖုန်းနံပါတ် 📳09-977218589 သို့ ဆက်သွယ်မေးမြန်းနိုင်သလို၊

သင်တန်းကျောင်းတည်ရှိရာ 📍အမှတ် (၅၃)၊ ၅ လွှာ၊ လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန် သို့ လူ🚶‍💨ကိုယ်တိုင် လာရောက်စုံစမ်းနိုင်ပါတယ်။

📣မကြာမီ Genius JLC ဂျပန်စာသင်တန်းကျောင်းမှာ
🗓️📕Tokuteiginou Kaigo - ဘိုးဘွားစောင့်ရှောက်ရေး အတန်းသစ်များ ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြိုတင်စာရင်းသွင်း အပ်နှံနိုင်ပါတယ်။

📄အောင်လက်မှတ်ရရှိပါက Kaigo အလုပ်အင်တာဗျူးများမှာ ဦးစားပေးအနေဖြင့်ဝင်ရောက်ဖြေဆိုခွင့် ရရှိမှာ ဖြစ်ပါတယ်။✨✨

အတန်းသစ်အတွက် စုံစမ်းအပ်နှံလိုပါက ☎️09-400310617 ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။

14/06/2026

အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ Genius မှာ စတင်လိုက်ပါ! 🚀🇯🇵
ဂျပန်နိုင်ငံ၊ အိုကီနာဝါဒေသမှာ အသက်မွေးဝမ်းကျောင်းပြုဖို့ ပြင်ဆင်နေသူတွေအတွက်... 👥အမျိုးသား(၄)ဦး ခေါ်ယူမှာ ဖြစ်ပါတယ်။

✅အခြေခံလိုအပ်ချက်များ၊ လစာနှင့် အကျိုးခံစားခွင့်များကို ဗီဒီယိုထဲမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်။

ပိုမိုသိရှိလိုပါက 📨Page Messenger (သို့မဟုတ်) 📞[09-977218589]ဖုန်းမှတစ်ဆင့် လာရောက်စုံစမ်းနိုင်ပါတယ်ရှင်။

#ဂျပန်ရောက်ဖို့Geniusနဲ့အတူ

Photos from 𝐆𝐞𝐧𝐢𝐮𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐞𝐫's post 12/06/2026

「夢への挑戦を全力でサポートします。確かなスキルを身につけて、日本での輝かしいキャリアをスタートさせましょう!」🇯🇵✨

"သင်ရဲ့ အိပ်မက်တွေဆီ သွားမယ့် ခရီးလမ်းမှာ ကျွန်တော်တို့က အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမှာပါ။ ခိုင်မာတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ပြီး ဂျပန်နိုင်ငံမှာ အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို အတူတူ စတင်လိုက်ရအောင်!" 🌈✨

👨‍💻🎌👩‍💻

[Genius JLC မှ သင်ကြားပေးနေသော ဝန်ဆောင်မှုများ]

✅ စနစ်တကျ ဂျပန်စာသင်တန်းများ: ဂျပန်စာအခြေခံ N5 အဆင့်မှ စတင်ကာ N2 အဆင့်အထိ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပေးခြင်း။

✅ JLPT အောင်မြင်ရေး အထူးသင်တန်း: JLPT စာမေးပွဲများကို ပထမအကြိမ်ဖြင့် အောင်မြင်နိုင်စေရန်အတွက် ဖြေဆိုနည်းဗျူဟာများ၊ Mock Test များဖြင့် စနစ်တကျ ပြင်ဆင်ပေးခြင်း။

✅ အလုပ်အကိုင် အခွင့်အလမ်းများ: ဂျပန်နိုင်ငံရှိ ခိုင်မာမှုရှိပြီး အခွင့်အလမ်းကောင်းမွန်သော အလုပ်အကိုင်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးခြင်း။

📌 စိတ်ဝင်စားပါက Messenger မှတစ်ဆင့် အသေးစိတ် တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

📍 Location: No.53, 5th Floor,Laydaungkan Road, Thingangyun Township, Yangon.📲09-974390001

#ဂျပန်စာသင်တန်း

Photos from 𝐆𝐞𝐧𝐢𝐮𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐞𝐫's post 11/06/2026

Fighting! N4 Special Class! 🇯🇵💪

Genius JLC ရဲ့ ကျောင်းသား/သူလေးတွေ ဒီနေ့ အခန်း ၂၄ မှ ၃၇ အထိ ㊙️ Kotoba (၁၀၀) Exam ဖြေနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင်။ စာမေးပွဲကို အားသွန်ခွန်စိုက် ဖြေဆိုနေကြတာ တကယ်ကို ကြိုးစားထားကြတဲ့ပုံလေးတွေပါပဲ။

အားလုံးပဲ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရကြပါစေရှင်! ✨

💖 Come and Join Us! 💖

ဂျပန်စာကို အခြေခံကစပြီး ကျွမ်းကျင်သည်အထိ လေ့လာချင်တယ်ဆိုရင်တော့📚💁 Genius Japanese Language Center မှာ {N5/N4/N3&N2 }အတန်းသစ်တွေရှိတာမို့ စာရင်းပေးသွင်းလို့ ရပါပြီ။

ကျွန်မတို့ဆီမှာတော့ 👬သတ်မှတ်လူဦးရေနဲ့ပဲ

✅ အခြေခံကနေ N2 အထိ စနစ်တကျ သင်ကြားပေးခြင်း

✅ သတ်မှတ်ရက်တိုင်းမှာ Revision Exam တွေ စစ်ပေးတဲ့အတွက် စာတွေမေ့မသွားအောင် ထိန်းထားနိုင်ခြင်း

✅ ဖော်ရွေတဲ့ ပတ်ဝန်းကျင်နဲ့ အတူတူ လေ့လာနိုင်ခြင်းတို့ကြောင့် ဂျပန်စာတိုးတက်ချင်သူလေးတွေအတွက် အဆင်ပြေစေမှာ အသေအချာပါပဲရှင်။

စိတ်ဝင်စားရင် Page Chatbox လေးမှာ Message ပို့ပြီး စုံစမ်းနိုင်ပါတယ်နော်။ Admin က အသေးစိတ် ပြန်လည်ရှင်းပြပေးပါမယ်ရှင့်။💌

သင်တန်းလိပ်စာလေးကတော့

🏡 တိုက်အမှတ် (၅၃)၊ (၄) လွှာ၊ လေးထောင့်ကန်ရပ်ကွက်၊လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ပါရှင့်။

ဖုန်းနံပါတ် [☎️ 09-974390001] ကိုလည်း
ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

#ဂျပန်စာသင်တန်း #ဂျပန်စာလေ့လာကြမယ်

11/06/2026

🇯🇵 ဂျပန်နိုင်ငံ Aichi ခရိုင်မှာ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းဖြင့် ဝင်ငွေကောင်းကောင်းရှာဖွေရင်း ဘဝတိုးတက်ဖို့အတွက် အခွင့်အရေး 🇯🇵

🏭ဂျပန်နိုင်ငံရဲ့ အလယ်ဗဟိုချက်မဖြစ်ပြီး စက်မှုလုပ်ငန်း အထွန်းကားဆုံး၊ လူနေမှုဘဝ မြင့်မားပြီး ဂျပန်ယဉ်ကျေးမှုနဲ့ ခေတ်မီနည်းပညာတွေ ရောယှက်နေတဲ့ Aichi ခရိုင်မှာ အလုပ်လုပ်ကိုင်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ခုပါ။

Aichi ခရိုင်ဟာ အလုပ်အကိုင် အခွင့်အလမ်း ပေါများရုံတင်မကဘဲ နေထိုင်ရတာသက်သောင့်သက်သာရှိပြီး သွားလာရေးအတွက်လည်း အလွန်အဆင်ပြေတာကြောင့် မြန်မာကျောင်းသား/သူများ အများဆုံး ရွေးချယ်လေ့ရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

✅ Genius Japanese Language Center မှ တဆင့် အောက်ပါအချက်အလက်များဖြင့် ခေါ်ယူနေပါပြီ -

📍 တည်နေရာ - Aichi ခရိုင်

📋 လုပ်ငန်းအမျိုးအစား - ပြုစုစောင့်ရှောက်ရေး (Kaigo)
👥 ခေါ်ယူမည့်လူဦးရေ - မ (၁-၂) ဦး
📅 အသက် - ၁၈ နှစ်အထက်
🎓 ပညာအရည်အချင်း - အထက်တန်းအောင်/အထက်
🇯🇵 ဘာသာစကား - JLPT N4 အောင်မြင်ပြီးသူဖြစ်ရမည်

💰 ဝင်ငွေနှင့် အကျိုးခံစားခွင့်များ

💵 အခြေခံလစာ - ၁၃၅,၀၀၀ ယန်း
💵 စုစုပေါင်းလစာ - ၂၀၅,၀၀၀ ယန်း
🕒 အချိန်ပို (Overtime) - ရှိသည်

🚫 သတ်မှတ်ချက်များ (Pre-conditions)

အိမ်ထောင်သတ်မှတ်ချက် မရှိပါ။

ဆေးလိပ်မသောက်သူ ဖြစ်ရမည်။

တက်တူးမရှိသူ ဖြစ်ရမည်။

📂ဖောင်ပိတ်ရက် - ၁၅-၆-၂၀၂၆

ဖောင်လာတင်ချိန်တွင် စကားပြောစွမ်းရည် (Interview) ကို ပထမအဆင့်အနေဖြင့် စစ်ဆေးသွားမည်ဖြစ်ပါသည်။

✖️Form ကြေး လုံးဝမကောက်ခံပါ။

စိတ်ဝင်စားတယ်ဆိုရင် ယခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။📩

📞 ဆက်သွယ်ရန်ဖုန်းနံပါတ် - 09-977218589

🏢 လိပ်စာ - အမှတ်(၅၃)၊ (၄)လွှာ၊ လေးထောင့်ကန်ရပ်ကွက်၊လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
(🚸စံပြ​ဈေးအနီးမှာ တည်ရှိပါသည်။)



#ဂျပန်အလုပ်အကိုင်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No(53), Laydaungkan Road, Thingangyun Township
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00