Goldsmith Induction Course,Myanmar
Goldsmith&JewelsGold
Creadit originalKo.gyi5466
27/04/2025
ပတ္တမြား အရည်ခွဲခြားခြင်းအကြောင်းသိကောင်းစရာ❤️❤️
❤️(၁)လည်သီးရည် ကြက်ဖလည်ပင်းမှထွက်သော သွေးအရောင်၊ အနီရောင်အပြည့်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။
♥️(၂)ငရှဥ့်သွေးရည် ငရှဥ့်သွေးကဲ့သို့ အနီရောင်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။
♥️(၃)ခိုသွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အပြာရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်သည်။
♥️(၄)ယုန်သွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အဝါရည်စွက်သောအရောင်ကို ခေါ်ခြင်းဖြစ်သည်။
♥️(၅)သပြေသီးရည် ပတ္တမြားကျောက် အနီတွင် အပြာ၊ အညို ရောယှက်နေသည့် သပြေသီးမှည့် အရောင်ကို ခေါ်ခြင်းဖြစ်သည်။
♥️(၆)ဘုံဘိုင်ညွန့်ရည် နှင်းဆီပန်းအရောင်ရင့်၏ စိုပြေသော နီနီရဲရဲ အရောင်မျိုးးကို ခေါ်ခြင်းဖြစ်သည်။
♥️(၇)ဘုံဘိုင်ရည် လူငယ်၏အသွေးအရောင်ကဲ့သို့ အနီရောင်သက်သက်မျိုးကို ခေါ်ခြင်းဖြစ်သည်။
♥️(၈)ကျောက်တိမ်းရည် အနီတွင် အပြာရည်လွန်သော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
♥️(၉)အရည်ကျ အနီရောင် ဖျော့သောအရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
♥️(၁၀)ပန်းရည် နှင်းဆီပန်းရောင်ကဲ့သို့ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
♥️(၁၁)ကြက်သည်းရောင်အရည် ညိုပုပ်ပုပ်နှင့် မည်းသယောင်ယောင်နီသော အနီပုပ်ရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
♥️(၁၂)ကြက်သွန်ဥခွံအရည် အနီရောင်ဖျော့လျှက် ဖြူသယောင် အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
♥️(၁၃)ထုံးခြောက်ရည် နီသော်လည်း ဖြူပြီး ခြောက်တောက်တောက် ဖြစ်နေသော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
♥️(၁၄)ကတ္တီပါရည် ကတ္တီပါအပြာစ ကဲ့သို့ အပြာရောင်ရှိသော နီလာကျောက်ကို ခေါ်ခြင်းဖြစ်သည်။ (နီလာတွင်သာ ခေါ်ခြင်းဖြစ်သည်။
ရတနာချစ်သူများ ဗဟုသုတတိုးပွားပါစေကြောင်းရည်ရွယ်၍....
Crd မူရင်းရေးသားသူ ♥️♥️
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon
19/08/2024