01/04/2022
Late night reminder လေး🌛✨✨
Advice from Jay Shetty 💕
"You don't know until you give it a go"
မင်းမလုပ်ကြည့်ပဲနဲ့ ဘယ်လိုမှမသိနိုင်ဘူး
ကိုယ်တကယ် အလုပ်တစ်ခုကို passionateဖြစ်လားသိချင်ရင်
၁။ စလုပ်ကြည့်ပြီး ငါဒီအလုပ်လုပ်ရတာကို ကြိုက်လား/မကြိုက်လားဆိုတာ စဉ်းစားပါ။
၂။ ကြိုက်ရင် ဘာလို့ ကြိုက်လဲ/မကြိုက်ရင်လည်း ဘာလို့ မကြိုက်ဘူးလဲဆိုတဲ့ အကြောင်းပြချက်ပါထည့်ပြီးစဉ်းစားကြည့်ပါ။
၃။ ပြီးရင်တော့ ဒီအလုပ်ကို နောက်တစ်ခေါက်ထပ်လုပ်ကြည့်ချင်လားဆိုတဲ့ မေးခွန်း(၃)ခုကို ကိုယ့်ကိုယ်ကိုပြန်မေးကြည့်မယ်ဆိုရင်တော့
" ဒီအလုပ်ကို ငါတကယ် လုပ်ချင်တာလား/ သူများလုပ်တာကို ကြည့်ပြီးအားကျလို့ လိုက်ယောင်ချင်တာလား" ဆိုတဲ့ အဖြေလေးပေါ်သွားပါလိမ့်မယ်။