Seikou Japanese language Centre

Seikou Japanese language Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Seikou Japanese language Centre, Education, Yangon.

漢字はなかなか覚えられないけど、忘れる時は はやい。
08/09/2024

漢字はなかなか覚えられないけど、
忘れる時は はやい。

勝つと自信がある。かつとじしんがある。Ka tsu  to jishin ga a ruအနိုင်ရမယ်လို့ယုံကြည်ချက်ရှိတယ်။
27/06/2024

勝つと自信がある。
かつとじしんがある。
Ka tsu to jishin ga a ru
အနိုင်ရမယ်လို့ယုံကြည်ချက်ရှိတယ်။

♥️♥️♥️自分があきらめない限り、絶対に負けません。♥️♥️♥️ကိုယ်တိုင်ကလက်မလျော့သရွေ့ ဘယ်တော့မှမရှုံးဘူး ။
24/06/2024

♥️♥️♥️自分があきらめない限り、絶対に負けません。
♥️♥️♥️ကိုယ်တိုင်ကလက်မလျော့သရွေ့ ဘယ်တော့မှမရှုံးဘူး ။

24/06/2024
お母さんがよくつくってくれた料理はなんですか?
23/06/2024

お母さんがよくつくってくれた料理はなんですか?

❤️❤️❤️皆さん、こんばんはအားလုံးပဲ မင်္ဂလာပါ ။ ဒီနေ့မှာတော့ N3 somatome goiဖတ်စာအုပ်ထဲက ခွေးကလေးများရဲ့ အပြုအမူနဲ့သက်ဆိုင်တဲ့ ဝေါဟ...
01/05/2024

❤️❤️❤️皆さん、こんばんは
အားလုံးပဲ မင်္ဂလာပါ ။ ဒီနေ့မှာတော့ N3 somatome goiဖတ်စာအုပ်ထဲက ခွေးကလေးများရဲ့ အပြုအမူနဲ့သက်ဆိုင်တဲ့ ဝေါဟာရလေးများကို တချို့ကိုဖော်ပြပေးလိုက်ပါတယ်

14/03/2024

Akira Toriyama သို့လွမ်းဆွတ်ခြင်း အစီအစဉ်

ဂျပန်နိုင်ငံရဲ့ အထင်ကရ ယဉ်ကျေးမှုထုတ်ကုန်ဖြစ်တဲ့
Anime နဲ့ Manga နယ်ပယ်မှာ လွှမ်းမိုးမှုအရှိဆုံးလူတွေထဲက တစ်ဦးဖြစ်တဲ့Akira Toriyama ဟာ ၂၀၂၄ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။
Akira Toriyama ရဲ့ လက်ရာတွေထဲမှာ လူသိများကြတာတော့ Dragon Ball စီးရီး၊ Dr Slump စီးရီးနဲ့ Chrono Trigger, Dragon Quest
ဂိမ်းစီးရီး စတာတွေဖြစ်ပါတယ်။

သူနဲ့အချိန်သိပ်မကွာဘဲ နောက်ထပ်ဆုံးရှုံးခဲ့ရတဲ့ ဂျပန်ယဉ်ကျေးမှု ပြယုဂ်တစ်ဦးကတော့ Chibi Maruko-chan
ရဲ့ အသံသရုပ်ဆောင် “Tarako” ဖြစ်ပါတယ်။ Tarako ဟာ Chibi Maruko-chan အဖြစ် လူများစွာရဲ့ စိတ်နှလုံးကို ဖမ်းစားခဲ့တဲ့ အသံသရုပ်ဆောင်ဖြစ်ပြီး သူ့ကိုဆုံးရှုံးရတာလည်း ဝမ်းနည်းဖွယ်ဖြစ်တာကြောင့် ဒီပွဲမှာ Chibi Maruko-chan နဲ့ Tarako ပရိသတ်တွေလည်း အတူပါဝင်နိုင်ဖို့ စီစဉ်ထားပါမယ်။

ကျွန်တော်တို့ရဲ့ ငယ်ဘဝကို ပျော်ရွှင်စေခဲ့တဲ့ ဆရာ Akira Toriyama နဲ့ Tarako san တို့ကို မြန်မာနိုင်ငံက ပရိသတ်တွေလည်း လွမ်းဆွတ်ကြောင်းပြသနိုင်ဖို့ The Japan Foundation Yangon ကနေ လာမယ့် မတ်လ ၁၆ ရက် စနေနေ့မှာ အမှတ်တရပွဲလေးတစ်ခု ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲလေးမှာ Akira Toriyama ရဲ့အကြောင်းနဲ့ သူ့ရဲ့လက်ရာတွေက ဘယ်လိုလွှမ်းမိုးမှုရှိခဲ့တယ်ဆိုတာ ဆွေးနွေးခြင်း၊ Fan Art တွေကို စုစည်းပြသခြင်း၊ အမှတ်တရစာရေးသားခြင်းတွေ အတူတကွ ပြုလုပ်ကြရမှာပါ။

မည်သူမဆို အကန့်အသတ်မရှိ လာရောက်ဖို့ စာရင်းပေးသွင်းနိုင်ပြီး မိမိနှစ်သက်ရာAkira Toriyama Fan Art
တွေကိုလည်း ယူဆောင်လာနိုင်ပါတယ်။

စာရင်းပေးသွင်းရန် -
https://forms.office.com/r/dBUZzWvUdU

ပွဲတက်ရောက်သူတွေအတွက် ကားပါကင်များ စီစဉ်မပေးနိုင်တာကိုတော့ တောင်းပန်ပါတယ်။

အချိန် - 11:00 am to 12:00 pm

နေ့စွဲ - ၁၆ မတ် ၂၀၂၄ (စနေနေ့)**ထိုနေ့တွင်စာကြည့်ခန်းတစ်ရက်ပိတ်ပါမည်။**

နေရာ - အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

**Tribute to Akira Toriyama Event**

Join us as we honor the legacy of Akira Toriyama, a titan in the realms of Anime & Manga, beloved creator of iconic series such as Dragon Ball, Dr. Slump, Dragon Quest, and Chrono
Trigger. His passing on March 1st, 2024, has left a profound void in the hearts of fans worldwide.

In addition, we mourn the loss of Tarako, the esteemed Voice Actress known for her role in the cherished Chibi Maruko-chan series, who departed alongside Toriyama Sensei in early
March 2024.

The Japan Foundation Myanmar invites you to a special event on Saturday, March 16th, 2024, to commemorate the indelible contributions of these two luminaries. Together, we'll reflect
on Akira Toriyama's life, his remarkable artistic journey, and pay homage to Tarako's memorable performances.

Feel free to share your tributes through fan art, as we gather to celebrate their enduring impact.

**Event Details:**

- **Date:** March 16, 2024 (Saturday)

- **Time:** 11:00 am to 12:00 pm

- **Location:** No.70, Nat Mauk Lane 1, Bahan Township, Yangon.

Register here:
https://forms.office.com/r/dBUZzWvUdU

Please note, we regret to inform you that parking slot will not be available for attendees.

Let us come together in remembrance and gratitude for the profound influence of these remarkable individuals.

#2024

#国際交流基金

14/03/2024

ချစ်သူရည်းစား ဒါမှမဟုတ် အသိမိတ်ဆွေသူငယ်ချင်းကို ဂျပန်ကိုခေါ်ချင်ရင်!!!

MJCSN မှာ "နိုင်ငံရပ်ခြားမှာရှိတဲ့ ချစ်သူကို ဂျပန်ကိုခေါ်ချင်လို့ ဘယ်လိုနည်းလမ်းရှိလဲ""ချစ်သူ ကောင်လေး/ကောင်မလေးက ဂျပန်မှာ အလုပ်လုပ်နေလို့ သွားတွေ့ချင်တယ်၊ဘယ်လိုနည်းလမ်းတွေ ရှိလဲ"ဆိုတဲ့ မေးခွန်းတွေ ခဏခဏရောက်လာလေ့ရှိပါတယ်။စိတ်မကောင်းစွာနဲ့ပဲ လက်မထက်ရသေးတဲ့သူတွေဆို မှီခိုဗီဇာနဲ့ ခေါ်လို့မရတဲ့အတွက် ချစ်သူရည်စားအဆင့်မှာဆိုရင်တော့ ရက်တိုနေထိုင်ခွင့်ဗီဇာ(အသိမိတ်ဆွေအားအလည်အပတ်ခေါ်ဆိုခြင်း)အမျိုးအစားကို သုံးပြီးခေါ်ပေးရမှာဖြစ်ပါတယ်။

◆ကာလတိုနေထိုင်ခွင့်ရဗီဇာဆိုတာ
ကာလတိုနေထိုင်ခွင့်ရဗီဇာမှာ အောက်ပါအတိုင်း အမျိုးအစား ၄မျိုးရှိပြီး၊ဂျပန်မှာနေထိုင်နိုင်ခွင့်ရမယ့်ရက်ကတော့ ၁၅ရက်၊ရက် ၃၀၊ရက်၉၀ ဆိုပြီး အမျိုးအစား ၃မျိုးရှိပါတယ်။

ကာလတိုနေထိုင်ခွင့်ရဗီဇာအမျိုးအစားများ
① အလည်အပတ်ဗီဇာ(観光)
② အသိမိတ်ဆွေအားအလည်အပတ်ခေါ်ဆိုခြင်းဗီဇာ(知人訪問)
③ ဆွေမျိုးအလည်ဗီဇာ(親族訪問)
④ စီးပွားရေးဆိုင်ရာရည်ရွယ်ချက်ဖြင့် ကာလတိုနေထိုင်ခွင့်ဗီဇာ(短期商用)

နေထိုင်ခွင့်ရမယ့်ရက်အရေအတွက်က ၁၅ရက်၊ရက်၃၀၊ရက်၉၀ ဆိုပြီး ရွေးချယ်စရာတွေရှိတဲ့အတွက် ကာယကံရှင်ဆန္ဒပေါ်မူတည်ပြီး လျှောက်ထားနိုင်ပေမဲ့၊ရက်များရင်များသလောက် စစ်ဆေးတဲ့စံနှုန်းလည်း တင်းကျပ်တယ်လို့ ဆိုပါတယ်။လျှောက်ထားတဲ့အခါ ဘယ်နေ့မှာဘယ်သွားမယ်၊ဘာလုပ်မယ်ဆိုတဲ့ ခရီးစဉ်ဇယားကိုတင်ပြဖို့လိုအပ်တာကြောင့်၊"ခရီးစဉ်မှာ ၂ပတ်စာလောက်ပဲ အချိန်ဇယားဆွဲထားပြီး တကယ်လျှောက်ထားတဲ့အခါမှာတော့ လိုလိုပိုပို ရက် ၉၀ လျှောက်ကြည့်လိုက်မယ်"ဆိုတာမျိုးကို အားမပေးပါဘူး။
ဒါဆို ရက်၉၀စာက လျှောက်လည်းမကျဘူးပေါ့၊လျှောက်လည်းမထူးဘူးပေါ့ဆိုပြီး အားမလျော့ပါနဲ့၊သေသေချာချာရေးဆွဲထားတဲ့ ခရီးစဉ်ဇယား၊ဂျပန်ဘက်က ခေါ်ပေးမယ့်သူရေးပေးရမယ့် ခေါ်ရခြင်း အကြောင်းပြချက်နဲ့ဂျပန်ခေါ်ဖို့ ဖြစ်လာရဖို့အဆင့်ဆင့် ရှင်းပြချက် ကို သေသေချာချာရေးပြီးတင်နိုင်မယ်ဆိုရင် ရက်၉၀စာတင်လည်း ဗီဇာချပေးတဲ့အတွက် စိတ်မပူပါနဲ့။

◆အသိမိတ်ဆွေအားအလည်အပတ်ခေါ်ဆိုခြင်းဗီဇာလျှောက်ရန်လိုအပ်သောစာရွက်စာတမ်းများ
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့-

・ပတ်စ်ပို့
・ဗီဇာလျှောက်လွှာပုံစံ(査証申請書)
・ဓာတ်ပုံ (အရွယ်အစား- 4.5 x 3.5 စင်တီမီတာ၊ ဦးထုပ်မပါသော ခန္ဓာကိုယ်အပေါ်ပိုင်း၊ အဖြူရောင်နောက်ခံ၊ 6 လအတွင်း ရိုက်ယူထားသော၊ အရောင် သို့မဟုတ် အဖြူအမည်းပုံ)
・လေယာဉ်ခရီးစဉ် စာရွက်စာတမ်းများ/လေယာဉ်လက်မှတ် (ဝင်ရောက်မယ့်ရက်စွဲနဲ့ထွက်ခွာမယ့်ရက်ကို ဖော်ပြထားရမည်)
・ဂျပန်ခေါ်တဲ့သူနဲ့လျှောက်ထားသူအကြားက ဆက်ဆံရေးကို သက်သေပြနိုင်မယ့် စာရွက်စာတမ်းများ
・ဖိတ်ကြားသူမှ ဖိတ်ကြားရသည့် အကြောင်းပြချက်ကို ရေးထားသည့်စာရွက်(招へい理由書)
・ဖိတ်ကြားဖို့ ဖြစ်လာရပုံ အဆင့်ဆင့် အသေးစိတ်ရှင်းပြချက်(招へい経緯説明書)
・နေထိုင်မည့်ရက်အလိုက် ရေးဆွဲထားတဲ့အချိန်ဇယား(滞在予定表)
・ အာမခံပေးမယ့်သူက အာမခံကြောင်းရေးထားတဲ့စာရွက်(身元保証書)
・အာမခံသူ၏ လတ်တလော၁နှစ်စာ အခွန်ဆောင်ထားကြောင်း အထောက်အထား
・နေထိုင်သူမှတ်တမ်း (အိမ်ထောင်စုဝင်အားလုံးအတွက်၊ ဘယ်လိုဘယ်ပုံတော်စပ်ကြောင်းချန်လှပ်ခြင်းမရှိဘဲ)(住民票)
・နေထိုင်ခွင့်ကတ် (ဖိတ်ကြားသူသည် နိုင်ငံခြားသားဖြစ်ပါက)(在留カード)

ဖိတ်ကြားသူ(招へい人)ဆိုတာ:လက်ရှိဂျပန်နိုင်ငံတွင်နေထိုင်ပြီး ဗီဇာလျှောက်ထားသူအား ဂျပန်နိုင်ငံသို့ ဖိတ်ကြားတဲ့သူကိုဆိုလိုပါတယ်။
အာမခံပေးမယ့်သူ(身元保証人)ဆိုတာ:ဗီဇာလျှောက်ထားသူ ဂျပန်နိုင်ငံတွင်နေထိုင်စဉ်ငွေကြေးပိုင်းထောက်ပံ့ပေးမယ့်သူကိုဆိုလိုပါတယ်။

အာမခံပေးသူနဲ့ဖိတ်ကြားသူဟာ တူညီသောပုဂ္ဂိုလ်ဖြစ်ဖို့ မလိုပါ။တူလည်းရပါတယ်။ဂျပန်မှာ ကုန်ကျမယ့်စရိတ်တွေကို လျှောက်ထားသူကာယကံရှင်က ကိုယ်တိုင်အကုန်အကျခံမယ်ဆိုရင် အာမခံပေးမယ့်သူကို မထည့်လို့လဲရပါတယ်။ဒါပေမဲ့ လျှောက်ထားသူရဲ့ ဝင်ငွေအနေအထားကို စစ်ဆေးနိုင်မယ့်စာရွက်စာတမ်းတွေ(ဘဏ်စာအုပ်လိုမျိုး)လိုအပ်လာပါလိမ့်မယ်။
စာရွက်စာတမ်းတွေကို အောက်ဖော်ပြပါ နိုင်ငံခြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။
https://www.mofa.go.jp/mofaj/toko/visa/index.html

◆ ကာလတိုနေထိုင်ခွင့်ဗီဇာ လျှောက်ထားတဲ့အခါ အဓိကထားကြည့်တဲ့ အချက်
အသိမိတ်ဆွေအားအလည်အပတ်ခေါ်ဆိုခြင်းဗီဇာ လျှောက်ထားရာမှာ ဘယ်အချက်ကို အဓိကထားပြီး ကြည့်သလဲဆိုရင် "ကာယကံရှင်တွေကြားကဆက်ဆံရေး"ဖြစ်ပါတယ်။ဆွေမျိုးအလည်ဗီဇာအမျိုးအစားဆိုရင် တရားဝင်စာရွက်စာတမ်းတွေဖြစ်တဲ့(လက်ထပ်လက်မှတ်၊ မိသားစုစာရင်းစသည်) တင်သွင်းခြင်းဖြင့် ဗီဇာရရှိဖို့ လွယ်ကူပေမဲ့ အသိမိတ်ဆွေအလည်ဗီဇာမှာတော့ ဒီလိုစာရွက်စာတမ်းတွေမရှိတဲ့အတွက် ဂျပန်ခေါ်မယ့်သူနဲ့အလည်လာမယ့်သူအကြား နက်နဲသောဆက်ဆံရေးရှိကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။အောက်ပါစာရွက်စာတမ်းတွေကိုစုဆောင်းပြီး ပူးတွဲတင်ပြရင်ကောင်းပါတယ်။
ဥပမာ-
・ဂျပန်ခေါ်ပေးမယ့်သူနဲ့အလည်လာမယ့်သူ နှစ်ယောက်တွဲရိုက်ထားတဲ့ဓာတ်ပုံ
・ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ
・LINE၊ Messenger စသည်ဖြင့် အပြန်အလှန်ဆက်သွယ်မှုမှတ်တမ်းများ

◆လျှောက်လွှာတင်ရမယ့်နေရာ
ကာလတိုနေထိုင်ခွင့်ဗီဇာကိုတော့ နိုင်ငံရပ်ခြားရှိ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရှိ ဂျပန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးမှာ ကာယကံရှင်ကိုယ်တိုင် လျှောက်ထားရမှာဖြစ်ပါတယ်။

◆လျှောက်လွှာစစ်ဆေးတဲ့ကာလ
နိုင်ငံပေါ်မူတည်ပြီး ကွဲပြားပေမဲ့ ဗီဇာလျှောက်ထားပြီးနောက် တစ်ပတ်ခန့်အကြာမှာ ရလဒ်များ ထွက်လေ့ရှိပါတယ်။

◆ဗီဇာပယ်ချခံရရင် ၆လအတွင်းမှာ ပြန်လျှောက်လို့မရပါဘူး
ဗီဇာအပယ်ခံလိုက်ရင် နောက်တစ်ကြိမ်ပြန်လျှောက်ဖို့ ၆လထပ်စောင့်ရမှာဖြစ်တဲ့အတွက် မလိုအပ်ပဲ ရက်ပိုတင်တာမျိုး မလုပ်တာအကောင်းဆုံးပါဘဲ။

◆ဆွေမျိုးအလည်ဗီဇာရထားတဲ့သူတွေအနေနဲ့ အလုပ်လုပ်ခွင့်မရှိပါ။
ဒါက ဒီအမျိုးအစားတစ်ခုတည်းအတွက်မှ မဟုတ်ပါဘူး၊ကာလတိုနေထိုင်ခွင့်ဗီဇာအမျိုးအစားအားလုံးအပေါ် အကျုံးဝင်ပါတယ်။ဒီဗီဇာရဲ့ရည်ရွယ်ချက်ကိုက ဂျပန်မှာလည်ပတ်ဖို့၊အသိမိတ်ဆွေနဲ့တွေ့ဖို့၊မိသားစုပြန်လည်ပေါင်းစည်းနိုင်ဖို့၊အလုပ်ခရီး စတဲ့ရည်ရွယ်ချက်တွေနဲ့ ဝင်လာတာဖြစ်တဲ့အတွက် ခဏတာ အချိန်ပိုင်းအလုပ်ဖြစ်ဖြစ်လုပ်လိုက်မယ် ဆိုတာမျိုး မရပါဘူး။
※အလုပ်လုပ်ခြင်းကိုသာ တားမြစ်ထားတာဖြစ်တဲ့အတွက် အလုပ်ရှာဖွေခြင်း (အင်တာဗျူးစတာတွေ) ကိုတော့ လွတ်လပ်စွာလုပ်ကိုင်နိုင်ပါတယ်။

ဒီတခေါက်မှာတော့ အသိမိတ်ဆွေအားအလည်အပတ်ခေါ်ဆိုခြင်းဗီဇာအမျိုးအစားအကြောင်း ပြောပြပေးခဲ့တာဖြစ်ပါတယ်။ဗီဇာလျှောက်ဖို့ စာရွက်စာတမ်းသာ စုံစုံလင်လင်ရှိမယ်ဆိုရင် မိမိတို့ကိုယ်တိုင် လျှောက်လို့ရတဲ့ ဗီဇာဖြစ်တဲ့အတွက် ဆက်ဆက်ဒီဆောင်းပါးလေးကို ကိုးကားလိုက်ပါနော်။

ဆောင်းပါးကို website မှာဖတ်ချင်ရင်.....
https://www.mjcsn.com/details/3674

🍓🍓🍓皆さん、こんにちは😊ဒီတစ်ကြိမ်မှာတော့မှတ်သားရလွယ်ကူစေမဲ့ အိမ် သုံးပစ္စည်းလေးတွေကိုဖော်ပြထားပါတယ်။
16/02/2024

🍓🍓🍓皆さん、こんにちは😊
ဒီတစ်ကြိမ်မှာတော့မှတ်သားရလွယ်ကူစေမဲ့ အိမ် သုံးပစ္စည်းလေးတွေကိုဖော်ပြထားပါတယ်။

06/02/2024
皆さん,こんにちは😊အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ N3 somatome goiဖတ်စာအုပ်ထဲမှ မှတ်သားရလွယ်ကူစေမဲ့ ဝေါဟာရလေးများအချို့ကို ဖေ...
21/01/2024

皆さん,こんにちは😊
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ N3 somatome goiဖတ်စာအုပ်ထဲမှ မှတ်သားရလွယ်ကူစေမဲ့ ဝေါဟာရလေးများအချို့ကို ဖော်ပြပေးလိုက်ပါတယ်

10/01/2024

Address

Yangon

Telephone

+9595094204

Website

Alerts

Be the first to know and let us send you an email when Seikou Japanese language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Seikou Japanese language Centre:

Shortcuts

Share

Category