Classmm

Classmm

Share

Welcome to classmm learning hub! Learn English online with finest and qualified teachers for any skill you need.

Preparing for IELTS exams, 4 skills language courses and consulting overseas education are the core main services available at classmm!

03/01/2026

🎯 IELTS Preparation Course (All 4 Skills)
Are you planning to take the IELTS exam in the next two months or more?
လာမည့် ၂ လ သို့မဟုတ် ထို့ထက်ပိုသောအချိန်အတွင်း IELTS စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေပါသလား?

This IELTS Preparation Course is designed for learners who want to improve their performance and aim for a higher band score!

IELTS အကြောင်း အခြေခံအဆင့် သိရှိထားပြီးသားဖြစ်ပေမယ့် မှန်ကန်တဲ့ လေ့ကျင့်မှုစနစ်နဲ့ ဆရာရဲ့ လမ်းညွှန်ချက်တွေကို လိုအပ်နေပါသလား?

ဒီ IELTS Preparation Course သည် စာမေးပွဲကိုသာ ဖြေဆိုရန်မက၊ Band Score ကို ပိုမိုမြင့်တင်လိုသူများအတွက် အထူးသင်ကြားဒီဇိုင်းပြုလုပ်ထားတဲ့ သင်တန်းပါ။

✅ Who is this course for?
ဒီသင်တန်းကို ဘယ်သူတွေတက်သင့်လဲ?

✔ ၂ လ သို့မဟုတ် ထို့ထက်ပိုသောအချိန် အတွင်း IELTS ပြင်ဆင်နေသူများ
✔ စနစ်တကျ လေ့ကျင့်ချင်သူများ
✔ အတန်းထဲမှာ ဆရာနဲ့အတူ လေ့ကျင့်ချင်သူများ
✔ IELTS Band Score ပိုမိုမြင့်တင်လိုသူများ
✔ IELTS အခြေခံအဆင့် သိရှိပြီးသားသူများ (Beginner မဟုတ်သူများ)

📘 What you will learn
သင်တန်းတွင် ဘာတွေသင်ယူရမလဲ?

This course covers ALL 4 IELTS skills.
IELTS Skill လေးမျိုးလုံးကို အပြည့်အစုံ သင်ကြားပေးပါသည်။

🟦 Listening

Question types နားလည်ခြင်း

အဖြေခန့်မှန်းနည်းနှင့် trap များကို ရှောင်ရှားနည်း

🟦 Reading

Skimming & Scanning strategies

Paraphrasing နှင့် အဖြေရှာနည်းများ

🟦 Writing

Task 1 & Task 2 structure များ

Idea development၊ vocabulary နှင့် grammar တိုးတက်အောင်လုပ်နည်း

🟦 Speaking

Fluency နှင့် confidence တိုးတက်အောင်လုပ်ခြင်း

Exam-style speaking practice + feedback

🧠 Why choose this course?
ဒီသင်တန်းကို ဘာကြောင့် ရွေးချယ်သင့်လဲ?

✨ ရှင်းလင်းပြီး အကျိုးရှိသော လေ့ကျင့်မှုစနစ်
✨ အတန်းတိုင်းတွင် ဆရာ၏ ညွှန်ကြားမှုဖြင့် လေ့ကျင့်ခြင်း
✨ စာမေးပွဲအတွက် တကယ့်ကို အထောက်အကူဖြစ်စေသော သင်ကြားမှု
✨ ဖြေပြီးအောင်မက၊ အမှတ်မြင့်ဖို့ အထူးရည်ရွယ်ထားသော သင်တန်း

🚀 Your IELTS score can improve — with the right system and practice.
မှန်ကန်တဲ့ စနစ်နဲ့ လေ့ကျင့်မယ်ဆိုရင် IELTS အမှတ်တိုးတက်နိုင်ပါတယ်။

📩 Enroll now and start preparing the smart way.

01/01/2026

May you all be happy, healthy and successful in this year, 2026!

New Year,
New Beginnings,
New You!

Happy New Year!

25/12/2025

အားလုံး IELTS Exam မှာ အမှတ်ကောင်းများစွာနဲ့အောင်မြင်ပါစေလို့ ဆုတောင်းရင်း

Wishing everyone .....

"MERRY CHRISTMAS 2025 !!!"

May your day be full of love and peace!

22/12/2025

နှစ်သစ်မှာ IELTS Foundation Course ကို (၁) သိန်းခွဲတည်းနဲ့ တက်ရောက်နိုင်မယ့် အခွင့်အရေး Classmm မှာ ပေးနေပါပြီ။ လာမယ့်နှစ်မှာ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ IELTS ဖြေဖို့ စဥ်းစားနေတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါနော်။

Classmm ကဖွင့်လှစ်တဲ့ IELTS Foundation Video Class ကို ပုံမှန်သင်တန်းကြေး (၂) သိန်းကျပ်ကိုမှ ဒီဇင်ဘာလတစ်လလုံး (၁) သိန်းခွဲကျပ်တိတိနဲ့ လက်ခံပေးသွားမှာဖြစ်ပါတယ်။

Foundation Course ဖြစ်တဲ့အတွက်
• IELTS သင်ရိုးနဲ့ ပတ်သက်တဲ့အခြေခံများ ပါဝင်ခြင်း။
• IELTS စာမေးပွဲကို နည်းလမ်းတကျဖြေဆိုဖို့အတွက် လမ်းညွှန်ချက်များပါဝင်ခြင်း။
• IELTS ဖြေဖို့အတွက်လိုအပ်တဲ့ Exam Strategy & Techniques များပါဝင်ခြင်း။
• Study Tips နဲ့ IELTS Exam အတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာများ အားလုံးပြည့်စုံစွာပါဝင်ပြီး
အခြေခံ IELTS Speaking, Listening, Reading, Writing, Speaking အားလုံးကို Cover ဖြစ်အောင် ထည့်သွင်းသင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

Pre-recorded Lessons တွေဖြစ်တဲ့အတွက်
• IELTS ကို ကိုယ်ပိုင်အချိန်ဇယားနဲ့ အေးအေးဆေးဆေး သင်ယူလိုသူများ
• IELTS ကို ပြင်ဆင်ချင်ပေမဲ့ အလုပ်၊ ကျောင်းကိစ္စတွေကြောင့် အချိန်မအားသူများ
• အင်္ဂလိပ်စာ အဆင့် Intermediate Level ရှိပြီး IELTS ဖြေဖို့ ကြိုးစားနေသူများ
• Video lesson တွေနဲ့ အချိန်မရွေး၊ နေရာမရွေးလေ့လာချင်သူများ
• Overall High Band Score ရဖို့ ရည်မှန်းထားသူများ အတွက် အထူးသင့်တော်ပါတယ်။

ဒီ Course ကို Classmm ရဲ့ Head Teacher ဖြစ်တဲ့ 𝗧𝗿. 𝗝𝗮𝘀𝗺𝗶𝗻𝗲 ( (𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗡𝗲𝘄𝗰𝗮𝘀𝘁𝗹𝗲, 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮, 𝗧𝗘𝗙𝗟 _ 𝗢𝗜𝗦𝗘 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗧𝗼𝗿𝗼𝗻𝘁𝗼, 𝗖𝗮𝗻𝗮𝗱𝗮) က ကိုယ်တိုင်ဦးဆောင်သင်ကြားပေးမှာဖြစ်ပြီး Lesson Video တစ်ခုချင်းစီးတိုင်းဟာ IELTS ကို အခြေကနေစတင်လေ့လာမယ့် သူတွေအတွက် သေချာဖန်တီးရေးဆွဲထားတာ ဖြစ်ပါတယ်။ အနာဂတ်မှာ IELTS Band score ကောင်းကောင်းရဖို့ ရည်မှန်းထားသူတွေအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်စေမှာပါ။

ဒါကြောင့် နှစ်သစ်မှာ IELTS Goal ကိုစတင်ဖို့ စဥ်းစားထားတယ်ဆိုရင် ဒီ Course လေးက အတန်ဆုံးရင်းနှီးမြုပ်နှံ့မှု တစ်ခုဖြစ်ပါလိမ့်မယ်နော်။
IELTS Foundation Video Class ကိုတက်ရောက်ဖို့ Classmm ရဲ့ Messenger (ဒါမှမဟုတ်) Viber - +66 811021317 ကို ဆက်သွယ်စာရင်းသွင်းနိုင်ပါတယ်။

“Classmm, Learn Smart. Score Smart.”

10/12/2025

IELTS သင်တန်းတက်ချင်ပေမဲ့ အချိန်မရလို့ အခက်အခဲဖြစ်နေတာလား?

IELTS Class တက်ချင်ပေမဲ့ ကျောင်းချိန်နဲ့မလွတ်တဲ့သူတွေ၊ အလုပ်တစ်ဖက်နဲ့ အချိန်မပေးနိုင်တဲ့သူတွေ အားလုံးအတွက် classmm ရဲ့ IELTS Foundation Video Class က အရိုးရှင်းဆုံးအဖြေကို ပေးနိုင်ပါတယ်။

✅ သင်တန်းချိန်နဲ့နေရာတွေ ညှိစရာမလိုဘူး
✅ သင်ခန်းစာတိုင်းကိုလည်း ပြည့်ပြည့်ဝဝ နားလည်စေရမယ်
✅ အတွေ့အကြုံရှိတဲ့ Teacher တွေနဲ့လည်း သင်ကြားခွင့်ရမယ်
✅ သင်ခန်းစာတွေကို သေချာနားမလည်မချင်း အချိန်၊နေရာမရွေး အခါခါပြန်လည်သင်ကြားနိုင်မှာပဲ ဖြစ်ပါတယ်။
✅ classmm ရဲ့ IELTS Foundation Video Course က အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ IELTS ဖြေဖို့ကြိုးစားနေသူအားလုံးအတွက် အချိန်နှင့်နေရာ ကန့်သတ်ချက်တွေအားလုံးကို ဖယ်ရှားပေးမှာပါ။

ဒီ Course ထဲမှာဆိုရင် IELTS ကို အခြေခံကနေစတင်ပြီး လေ့လာချင်တဲ့သူတွေအတွက်
📍 IELTS သင်ရိုးနဲ့ ပတ်သက်တဲ့အခြေခံများ
📍 IELTS စာမေးပွဲကို နည်းလမ်းတကျဖြေဆိုဖို့အတွက် လမ်းညွှန်ချက်များ
📍 IELTS ဖြေဖို့လိုအပ်တဲ့ Exam Strategy & Techniques များ
📍 Study Tips နဲ့ IELTS Exam အတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာများ အားလုံးပါဝင်ပါတယ်။

classmm ရဲ့ Head Teacher 𝗧𝗿. 𝗝𝗮𝘀𝗺𝗶𝗻𝗲 က ဦးဆောင်သင်ကြားပေးမှာဖြစ်ပြီးတော့ IELTS အခြေခံ အုတ်မြစ်ကောင်းတစ်ခုရဖို့အတွက် အမှန်တကယ်လိုအပ်တဲ့ သင်ခန်းစာတွေနဲ့ ကျစ်လျစ်စွာ ဖွဲ့စည်းထားတဲ့ Course တစ်ခုဖြစ်ပါတယ်။

🔴 Foundation Video Class (Batch 1) လေးကို 15.12.2025 ရက်နေ့မှာ စတင်သွားမှာဖြစ်ပါတယ်။ Facebook Group နဲ့ Learning Management System (LMS) နှစ်ခုလုံးမှာ Video များကို ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

🔴 သင်တန်းစတင်တဲ့ (၁၅) ရက်နေ့မှာ Video Lesson (၅) ခု စတင်လေ့လာလို့ရနိုင်မှာဖြစ်ပြီး ကျန်တဲ့ Lesson Video တွေကို ကျောင်းဘက်က အပတ်စဉ် တင်ပေးသွားမှာဖြစ်ပါတယ်။ Quizz လေ့ကျင့်ခန်းများကိုပါ ထည့်သွင်းထားမှာဖြစ်လို့ သင်ခန်းစာများကို မိမိဘယ်လောက်ထိနားလည်လဲဆိုတာကိုပါ စစ်ဆေးလို့ရနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Tr.Jasmine ကိုလည်း စာမေးလို့ရအောင် Telegram Group လေးလုပ်ပေးထားမှာဖြစ်ပါတယ်။

ဒါ့အပြင် အခုဒီဇင်ဘာလအတွင်းမှာ Foundation Video Course အပ်နှံသူအားလုံးကို 25% OFF NewYear Promotion နဲ့ လက်ခံပေးသွားဦးမှာပါ။ 🥰

ကိုယ့်ရဲ့ရည်မှန်းချက်ဆီ အရောက်လှမ်းဖို့ ဘယ်အရာကမှ အတားအဆီးမခံပါနဲ့။
အလုပ်နဲ့ ကျောင်းချိန်တွေကို မထိခိုက်စေဘဲ IELTS အခြေခံကို ခိုင်မာစွာ တည်ဆောက်ဖို့ classmm ရဲ့ IELTS Foundation Video Course ကို ယခုပဲ စာရင်းသွင်းလိုက်ပါ။ 🥰

classsmm ရဲ့ IELTS Foundation Video Class ကိုတက်ရောက်ဖို့ classmm ရဲ့ Messenger (ဒါမှမဟုတ်) Viber - +66 811021317 ကို ဆက်သွယ်စာရင်းသွင်းနိုင်ပါတယ်။ 🥰

“classmm, Learn Smart. Score Smart.”

Photos from Classmm's post 05/12/2025

🎉 လာမယ့်နှစ်သစ်မှာ IELTS ဖြေဖို့ စီစဉ်ထားသူတွေအတွက် Classmm က IELTS အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးနိုင်တဲ့ IELTS Foundation Video Class ကို စတင် ဖွင့်လှစ်လိုက်ပါပြီ။ 🎉

📍 Classmm ရဲ့ IELTS Foundation Video Class မှာဆိုရင် IELTS ကို အခြေခံကနေ စတင်လေ့လာမယ့်သူတွေနဲ့ ကိုက်ညီအောင် သေချာစီစဉ်ထားပါတယ်။ နောက်ပြီး IELTS စာမေးပွဲရဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး သေချာဖန်တီးရေးဆွဲထားတဲ့ Course ဆိုလည်း မမှားပါဘူး။ ဒီအတန်းမှာ IELTS စနစ်ကို အခုမှစတင်ထိတွေ့ရမယ့်သူတွေအတွက် အခြေခံကောင်းကောင်းရအောင် သင်ကြားပေးမှာဖြစ်ပါတယ်။ Video Class ဖြစ်တဲ့အတွက် အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ သင်တန်းကိုယ်တိုင်တက်ဖို့ အချိန်မပေးနိုင်သူတွေအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။

📍 နောက်တစ်ခုအနေနဲ့ Classmm မှ IELTS Foundation Video Class စတင်ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီဇင်ဘာလအတွင်း အပ်နှံတဲ့သူတွေကို 25% Discount ပေးသွားမှာလည်းဖြစ်ပါတယ်။

IELTS Foundation Video Class ကို ဘယ်သူတွေတက်သင့်တာလဲ
✅ IELTS နဲ့ ပတ်သက်တဲ့အခြေခံအားလုံးကို အစကနေ စနစ်တကျ သင်ယူလိုသူများ
✅ IELTS ကို ကိုယ်ပိုင်အချိန်ဇယားနဲ့ အေးအေးဆေးဆေး သင်ယူလိုသူများ
✅ IELTS ကို ပြင်ဆင်ချင်ပေမဲ့ အလုပ်၊ ကျောင်းတွေကြောင့် အချိန်မအားတဲ့သူများ
✅ အင်္ဂလိပ်စာ အဆင့် Intermediate Level ရှိပြီး IELTS ဖြေဖို့ ကြိုးစားနေသူများ
✅ Overall Band Score ကောင်းဖို့ ရည်မှန်းထားသူများအတွက် ရည်ရွယ်ပါတယ်။

Classmm ရဲ့ IELTS Foundation Video Class ဘာလို့ရွေးသင့်တာလဲ
✅ IELTS စာမေးပွဲကို ဘယ်လိုဖြေရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေပြည့်စုံအောင် ထည့်ပေးထားခြင်း။
✅ IELTS ဖြေဖို့အတွက်လိုအပ်တဲ့ Exam Strategy & Techniques တွေ ပြောပြပေးခြင်း။
✅ Study Tips တွေ၊ IELTS Exam အတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ ပါဝင်ခြင်း။
✅ အခြေခံ IELTS Speaking, Listening, Reading, Writing, Speaking အားလုံးကို Cover ဖြစ်အောင် ထည့်သွင်းသင်ကြားပေးခြင်း။
✅ အတွေ့အကြုံရှိတဲ့ 𝗧𝗿. 𝗝𝗮𝘀𝗺𝗶𝗻𝗲 ကိုယ်တိုင်ဦးဆောင်သင်ကြားပေးခြင်း။

🔴 Video Lessons တွေအားလုံးကိုလည်း Classmm ရဲ့ Head Teacher ဖြစ်တဲ့ 𝗧𝗿. 𝗝𝗮𝘀𝗺𝗶𝗻𝗲 (𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗡𝗲𝘄𝗰𝗮𝘀𝘁𝗹𝗲, 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮, 𝗧𝗘𝗙𝗟 _ 𝗢𝗜𝗦𝗘 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗧𝗼𝗿𝗼𝗻𝘁𝗼, 𝗖𝗮𝗻𝗮𝗱𝗮) ကဦးဆောင်ပြီးတော့ အခြား IELTS သင်ကြားမှု အတွေ့အကြုံများစွာရှိတဲ့ Instructors တွေက သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🔴 Foundation Video Class (Batch 1) လေးကို 15.12.2025 ရက်နေ့မှာ စတင်သွားမှာဖြစ်ပါတယ်။ Facebook Group နဲ့ Learning Management System (LMS) နှစ်ခုလုံးမှာ Video များကို ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

🔴 သင်တန်းစတင်တဲ့ ၁၅ ရက်နေ့မှာ Video Lesson (၅) ခု စတင်လေ့လာလို့ရနိုင်မှာဖြစ်ပြီး ကျန်တဲ့ Lesson Video တွေကို ကျောင်းဘက်က အပတ်စဉ် တင်ပေးသွားမှာဖြစ်ပါတယ်။ Quizz လေ့ကျင့်ခန်းများပါ ထည့်သွင်းပါဝင်မှာဖြစ်လို့ သင်ခန်းစာများကို မိမိဘယ်လောက်ထိနားလည်လဲဆိုတာကို စစ်ဆေးလို့ပါရနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Tr.Jasmine ကိုလည်း စာမေးလို့ရအောင် Telegram Group လေးလုပ်ပေးထားမှာဖြစ်ပါတယ်။

🔴 ဒါ့အပြင် ဒီ Foundation Course လေးက ဒီဇင်ဘာလကုန်အထိ 25% OFF New Year Promotion လေး ရှိနေပါတယ်။ ဒါကြောင့် နှစ်သစ်မှာ IELTS ကို စတင်သင်ယူဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဒီ Promotion ကာလကို လုံးဝလက်လွတ်မခံပါနဲ့နော်။

25% OFF New Year Promotion နဲ့ IELTS Foundation Course မှာ စာရင်းပေးသွင်းဖို့ Classmm ရဲ့ Page Messenger (ဒါမှမဟုတ်) Viber - +66 811021317 ကိုသာဆက်သွယ်လိုက်ပါ။

“Classmm, Learn Smart. Score Smart.”

01/12/2025

Hello December!
2025 ရဲ့ကျန်ရှိတဲ့ December လကို နောက်နှစ်အတွက် အထောက်အကူဖြစ်စေမယ့်အလေ့အကျင့်တွေကို စတင်ပြုလုပ်ရင်း ကုန်ဆုံးလိုက်ကြရအောင်။

အလေ့အကျင့်ကောင်း (Good Habits) တွေကို အမြဲပြုလုပ်ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ? James Clear ရဲ့ Atomic Habits ထဲကနေ မှတ်သားစရာတစ်ချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

1. Implementation Plan: အလေ့အကျင့်တစ်ခုစလုပ်တဲ့အခါ အကြိမ်အရေအတွက်များတာထက် မှန်မှန်လုပ်ဖြစ်ဖို့ကပိုအရေးကြီးပါတယ်
e.g. လေ့ကျင့်ခန်းလုပ်မယ်လို့ စီစဉ်ထားရင် အချိန်အကြာကြီး လေ့ကျင့်ခန်းအမျိုးမျိုးလုပ်တာထက် မနက် ၇ နာရီမှာ လုပ်ဖို့ plan ထားရင် အဲ့အချိန်အတိုင်းသက်မှတ်တဲ့ရက်တွေမှာလုပ်ဖြစ်ဖို့အဓိကပါ။

2. Habit Stacking: ရှိပြီးသားအလေ့အကျင့်ပေါ် နောက်ထပ်လုပ်လို့ရမယ့် အရာတစ်ခုထပ်တိုးထည့်ပြီးလုပ်ပေးကြည့်ပါ။
e.g. After I turn off my alarm, I will stretch my arms for 30 seconds. မနက် alarm မည်လို့ပိတ်ပြီးတာနဲ့ လက်မောင်း အကြောလျှော့တာကို စက္ကန့ ၃၀ တန်းလုပ်ပေးတာမျိုး။

3. Environment: မိမိ ပြုလုပ်ချင်တဲ့အလေ့အကျင့် တစ်ခုခုနဲ့ဆိုင်တဲ့ အရာများကို ကိုယ်နေတဲ့ ပတ်ဝန်းကျင်နားမှာ သိသာမြင်သာအောင်ထားထားပေးပါ။ e.g. Guitar ကို ကုတင်အောက်မှာထိုးထည့်ခါးတာမျိုးမဟုတ်ပဲ ကိုယ့် စားပွဲဘေးတစ်နေရာ မြင်သာတဲ့နေရာမှာထားပေးခြင်းဖြင့် ပိုလို့လေ့ကျင့်ဖြစ်သွားမှာပါ။

4. Temptation Bundling: ကိုယ်ကြိုက်နှစ်သက်တဲ့အရာတစ်ခုခုကို ခုမှစတင်ပြုလုပ်မယ့်အလေ့အကျင့်သသ်နဲ့တွဲဖက်ပြုလုပ်ပေးပါ
e.g. ကိုယ်က TV/ရုပ်ရှင်ကြည့်ရတာကြိုက်တယ် exercise လုပ်တဲ့အလေ့အကျင့်လည်းစလုပ်ချင်တယ် အဲ့လိုအခြေအနေမှာ treadmill ပေါ်မှာပြေးရင်း/လမ်းလျှောက်ရင်း ကိုယ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်/program တစ်ခုခုကို တပြိုင်ထဲထားပြီးပြုလုပ်နိုင်ပါတယ်။

5. Commitment Device: ကိုယ်လုပ်ချင်တဲ့အရာကို သေချာလုပ်ဖြစ်အောင် ပြုလုပ်ခြင်း
e.g. ဝိတ်လျှော့နေရာမှာ ကိုယ်အစာနည်းနည်းပဲ စားလိုက်ပါစစားလိုက်ပါမယ်လို့တွေးနေတာထက် စားတဲ့ ပန်းကန်ကို အသေးဆိုဒ်သုံးခြင်းအားဖြင့် တခါတည်း အစာနည်းနည်းပဲစားဖြစ်အောင်ပြုလုပ်ခြင်း

6. Immediate Rewards: မိမိစတင်ပြုလုပ်မည်ဟု စီစဉ်ထားသော အလေ့အကျင့်တစ်ခုအား ကာလတစ်ခုအတွင်းမပျက်မကွက်ပြုလုပ်ပေးပြီးပါက ကိုယ့်ကိုကိုယ်ဆုချခြင်း
e.g. Diary ရေးတဲ့အကျင့်စပြုလုပ်မည် ဆိုကာ ရက် ၃၀ လုံးမပျက်မကွက် ရေးဖြစ်ပြီးပါက မိမိရဲ့ ဝရိယမှန်ကန်မှုအတွက် မိမိလိုချင်နေတဲ့ ဘောဘင်အသစ် or စာအုပ်အသစ်ကိုယ့်ကိုကိုယ်ဝယ်ပေးကာဆုချတာမျိုး ပြုလုပ်ပေးပါ။

Hope you have a productive December!

Let's welcome 2026 with good habits!!

26/11/2025

IELTS Writing Task 1 ရဲ့ Overview ကိုဘယ်လိုရေးမလဲ?

Task 1 essay ရေးတဲ့အခါ Introduction နဲ့ အစချီရေးသားပေးရမှာဖြစ်ပါတယ်။

Introduction ရေးသားတဲ့အခါ မေးခွန်းမှာပါတဲ့ အကြောင်းအရာများကို မိမိစကားများ (paraphrased) နှင့် ပြန်လည်ရေးသားပေးရတာပါ။ (e.g. မေးခွန်းကပြထားတဲ့ visual diagram က ဘယ်ပုံဖြစ်ပြီး ဘယ်လိုအကြောင်းအရာ (information) တွေကို အချိန်ကာလတစ်ခုမှာ ပြသထားတဲ့ အကြောင်းကိုရေးသားဖော်ပြပေးရပါမယ်။)

Introduction ရေးတဲ့အခါ စာကြောင်းတကြောင်းထဲနှင့်လည်း ပြည့်စုံအောင်ရေးသားဖော်ပြပေးလို့ရပြီး မေးခွန်းမှာရေးထားတဲ့ ပုံစံနဲ့ ထပ်တူမကျအောင် စကားလုံးကွဲ အဓိပ္ပါယ်တူ ပုံစံ (paraphrased) ပြန်လုပ်ပေးဖို့လိုအပ်ပါတယ်။

Introduction စာကြောင်းရေးပြီးတဲ့အခါ Overview စာကြောင်းကို ဆက်လက်ရေးသားပေးဖို့လိုအပ်ပါတယ်။ Overview ဆိုတာကတော့ ပေးထားတဲ့ ပုံပါ information/data တွေကို ခြုံငုံပြီး (summary) သုံးသပ်ကာ ပြန်လည်ရေးသားရခြင်းဖြစ်ပါတယ်။
ထိုသို့ ခြုံငုံပြီး အကျဉ်းချုပ်ရေးသားတဲ့အခါ အဓိက ကြည့်ပြီးရေးသားပေးရမယ့်အရာတွေကတော့ • • •

* Trends (ပုံမှာပြထားတဲ့ data တွေဟာ အတက်ဖက်အပိုင်းသို့ရှိနေလား (or) အကျပိုင်းသို့ရှိနေလား
* Changes (နှိုင်းယှဉ်ခိုင်းထားတဲ့ data တွေဟာ အချိန်ကာလ တစ်ခုရဲ့ အစနဲ့အဆုံးမှာ ဘယ်လိုတွေပြောင်းလဲသွားလဲ)
* Developments
* Stages
* Noticeable Features အစရှိသည်တို့ဖြစ်ပါတယ်။

ထိုသို့ရေးရာတွင် အဓိက သတိထားလုပ်ဆောင်ပေးရမည့်အရာများကတော့ • • •

* Use Linking Words
Overview အတွက် စတင်ရေးတော့မည်ဆိုပါက ရေးသားမည့်အကြောင်းကို Linking word နှင့် အစချီပေးရပါမည်။ (e.g. Overall, To summarize, In summary, အစရှိသည်များနှင့် အစချီကာ အဓိကပြောင်းလဲချက်များကို ခြုံငုံသုံးသပ်ရေးသားပေးရပါမယ်။)

* Look for trends
ထိုသို့ သုံးသပ်တဲ့အခါမှာ အဓိက ပြောင်းလဲချက်များ (trends) ကိုသာ သေချာ သုံးသပ်ပေးရပါမယ်။ e.g. Is there an overall increase, decrease or fluctuation in the visual diagram? ပေးထားတဲ့ ပုံမှာ ခြုံငုံကြည့်လိုက်ပါက data များ တိုးတက်/များပြားလာလား (သို့) လျော့နည်းလာလား (သို့) အတက်အကျတွေများလား? အစရှိသည်တို့ကို လေ့လာရေးပေးရပါမယ်

အကယ်၍ visual diagram (ပုံ) တွင် အနာဂတ်အတွက် ခန်းမှန်းချေ data/information များပြထားပါက ထို အကြောင်းအရာများကိုပါ မိမိရဲ့ overview ရေးသားရာမှာ ဖော်ပြပေးဖို့လိုပါတယ်။

Examples of Introduction with overview sentences:

ပေးထားသော ပုံက Table နှင့်ဖြစ်ခဲ့ပါက ___
"The table illustrates employment numbers in Australia over a thirty-year period from 1970 to 2000. (𝙄𝙣𝙩𝙧𝙤𝙙𝙪𝙘𝙩𝙞𝙤𝙣 𝙎𝙚𝙣𝙩𝙚𝙣𝙘𝙚)
Overall, it can be clearly seen that the numbers of people employed have increased over the period, whereas the unemployed figures have remained stable." (𝙊𝙫𝙚𝙧𝙫𝙞𝙚𝙬 𝙎𝙚𝙣𝙩𝙚𝙣𝙘𝙚)

ပေးထားသော ပုံက Map နှင့်ဖြစ်ခဲ့ပါက ___
"The maps illustrate changes in an English village over a century from 1915 to 2015. (𝙄𝙣𝙩𝙧𝙤𝙙𝙪𝙘𝙩𝙞𝙤𝙣 𝙎𝙚𝙣𝙩𝙚𝙣𝙘𝙚)
In summary, in one hundred years, the village has experienced major changes transforming it from a small farming village to an industrial town." (𝙊𝙫𝙚𝙧𝙫𝙞𝙚𝙬 𝙎𝙚𝙣𝙩𝙚𝙣𝙘𝙚)

Hope you learn something useful today!
Stay tuned for more tips for IELTS writing . . . . .

21/11/2025

IELTS Writing Task 1 Introduction ရေးတဲ့အခါ သိထားသင့်သော အချက်များ • • •

IELTS Academic Writing Task 1 ရေးတဲ့အခါ မေးခွန်းမှာပေးထားတဲ့ ပုံ (diagram) ထဲက အချက်အလက် (data) များ၊ ထင်ရှားသည့် အပြောင်းအလဲများ (main features)ကို ပြန်လည်ရှင်းလင်းတင်ပြရေးသားပေးရပါတယ်။ ပုံ (diagram) တွေနဲ့မေးတတ်သလဲဆိုရင်တော့ . . .

* Table
* Chart
* Diagram
* Process
* Graph
* Map အစရှိတဲ့ ပုံများနီင့်သက်ဆိုင်ရာ အကြောင်း အချက်အလက်များပေးထားပြီး မေးတတ်ပါတယ်။
မေးခွန်းမှ Diagram နှင့် data များကို ကြည့်ပြီး ထူးခြားပြောင်းလဲသည့် အချက်အလက်များ ကိုနှိုင်းယှဉ် စုစည်းပြီးရေးပေးရပါမယ်။
ထိုသို့ရေးသည့်အခါ
1. Introduction
2. Overview (a summary of what you see)
3. Highlight the key Features with figures (data)
တို့ကို ပါဝင်ထည့်သွင်းရေးသားရပါမယ်။

Introduction ရေးသည့်အခါ မေးခွန်းကပေးထားသည့် ပုံပါအတိုင်း ကိုယ်ဘာအကြောင်းရေးသားတော့မယ်ဆိုတာကို ပြောခြင်းနဲ့ စတင်ရပါလိမ့်မယ်။

e.g. မေးခွန်းက Table နှင့် သက်ဆိုင်ရာ data များပေးထားပါက မိမိ introduction ရေးသည့်အခါ ထို Table နှင့် ပတ်သက်ငည့် အကြောင်းအရာများကို တင်ပြပေးပါမည်ဆိုပြီး စတင်ရေးသားပြောကြားပေးရပါမယ်။

“The table illustrates employment numbers in Australia over a thirty year period from 1970-2000.”

ထိုသို့ မေးခွန်းမှပေးထားသည့် diagram နဲ့ data တွေကို ပြန်လည်တင်ပြမည်ဆိုပြီး introduction မှာရေးတဲ့အခါ အဓိကပြုလုပ်ပေးရမည့်အချက်များကတော့ • • •
*Write a clear introduction to describe what you see.
မေးခွန်းပါ diagram and data အတိုင်းကိုသေချာရှင်းလင်းပြည့်စုံစွာနှင့် introduction ကိုရေးသားတင်ပြဖို့ လိုအပ်ပါတယ်။

*Paraphrase the question prompts
မေးခွန်းကပြောထားသည့်အကြောင်းအရာများကို introduction မှာ ပြန်လည်ရေးသားဖော်ပြမည်ဆိုပါက non-key information တွေကို ဆင်တူအဓိပ္ပါယ် စကားလုံးကွဲများဖြစ်တဲ့ synonyms and phrases များနှင့် ပြန်လည်ဖွဲ့စည်းရေးသားပေးပါ။

*Use Keywords
အဓိက အကြောင်းအရာများကိုဖော်ပြထားတဲ့စကားလုံးများ (keywords) များကို ပြန်လည်ထည့်သွင်းရေးသားပေးပါ။ (e.g. dates, times, countries, genders)

အထက်ပါအရာများကို အဓိကထည့်သွင်းရေးသားပြီး မပြုလုပ်သင့်သည့်အရာများကိုလည်းမှတ်သားထားပေးပါ။ မပြုလုပ်သင့်သည်များကတော့ . . .

* မသက်ဆိုင်သောစကားလုံးများ အကြောင်းအရာများထည့်သွင့်ရေးသားခြင်းမပြုလုပ်ပါနဲ့
e.g. Line graph များတွင်ပါသည့် x-axis, y-axis တွင်ပေးထားသော data များကို data သာအဓိကထားနှိုင်းယှဉ်ပြောပေးရမည်ဖြစ်ပြီး ထို data များရှိသည့် x-axis မှ/ y-axis မှ စသည်ဖြင့် မရေးသားဖို့ လိုပါသည်။ ထို့အပြင် Ling graph မှ မျဉ်းကြောင်း (line) များရဲ့အရောင်က ဘယ် data ကိုကိုယ်စားပြုပါတယ် (e.g. the grey line represents female unemployment စသဖြင့် ပေးထားသည့် ပုံ (visual) ကို ဗဟိုပြုပြီး ပါဝင်သည့် data များကိုရေးသားခြင်းမပြုလုပ်ရန် အရေးကြီးပါသည်။

* မေးခွန်းက ပြောထားသည့် ရေးထားသည့် အတိုင်း မပြောင်းလဲပဲ တိုက်ရိုက်အသုံးပြုရေးသားခြင်းကို ရှောင်ကြဉ်ပေးပါ။
* မေးခွန်းမှာ ရေးထားသည့် အဓိက keywords များကို ကိုယ့်စကားနှင့်ကိုယ် အဓိပ္ပါယ်တူအောင်ပြန်လည်ရေးသားသည့်အခါ အကြောင်းအရာ အဓိကစကားလုံးများ မလွဲသွားအောင် သေချာဂရုစိုက်ပေးပါ။
(e.g. မေးခွန်းမှာရေးထားသည်က …. unemployed females in Australia ကို ပြန်ရေးသည့်အခါ unemployed girls in Oz (Oz ဆိုသည်မှာ အရပ်စကားဖြင့် Australia ကိုခေါ်ဆိုခြင်း) ဆိုပြီး အဓိကစကားလုံးအကြောင်းအရာများကို ပြောင်းလဲရေးသားခြင်းမပြုပါရန်)

အစရှိသည့် အထက်ဖော်ပြပါအကြောင်းအရာများကို မလုပ်ဆောင်မိအောင် အထူးဂရုပြုပေးစေလိုပါတယ်။

ဒါ့အပြင် မေးခွန်းမှာ ပါဝင်တဲ့ diagram အားလုံး (e.g. မေးခွန်းမှာ pie chart and bar chart ၂ ခုကို ယှဉ်တွဲပြီးမေးထားပါက) ထို ပုံ ၂ ခုလုံးအကြောင်းရေးသားတော့မည်ကို Introduction မှာ ရေးသားပေးဖို့လိုအပ်ပါတယ်။

Hope you learn something useful today!

Stay tuned for overview and key features topic!

#

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon