Stars Style Fashion Design School

Stars Style Fashion Design School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Stars Style Fashion Design School, School, Neik Ban Street, Kyeemyindaing Ts, Yangon.

နောက်ဆုံးနေ့မှာ အကြိုးစားကြဆုံးပဲ😂😂မဝတ်ဘောင်းဘီပြီးတော့ ကျားဝတ်ဘောင်းဘီကိုတန်းတက်ကြတဲ့ အဖွဲ့သားတွေ😘သင်တန်းရက်တိုင်း ပဲခူ...
02/02/2026

နောက်ဆုံးနေ့မှာ အကြိုးစားကြဆုံးပဲ😂😂
မဝတ်ဘောင်းဘီပြီးတော့ ကျားဝတ်ဘောင်းဘီကိုတန်းတက်ကြတဲ့ အဖွဲ့သားတွေ😘
သင်တန်းရက်တိုင်း ပဲခူးကနေ နေ့တိုင်းလာတက်တဲ့သူလေးတောင်ပါတယ်
ထားဝယ် ပဲခူး မြောက်ဒဂုံ အင်းစိန် လှိုင်သာယာ သာကေတ တောင်ဥက္ကလာ သင်္ဃန်းကျွန်း အနီးအနားတွေကတော့ ထားပါတော့လေနော် တနေရာစီကနေလာကြပြီး တယောက်နဲ့တယောက်
အပေးအယူမျှမျှနဲ့ ခင်ကြမင်ကြ ကိုယ့်အလစ်မှာအဖြေတိုက်ကြ အတူမှားကြ တဲ့အဖွဲ့တွေ သင်တန်းကာလတလျောက်လုံး ပျော်ပျော်ရွှင်ရွှင် စာတွေလိုက်လုပ်ကြလို့ တယောက်ခြင်းစီကို ကျေးဇူးတင်ပါတယ်နော်😘
အိမ်စာတွေ သေခြာပြန်လေ့ကျင့်ပြီး နားမလည်တဲ့နေရာရှိရင် လာမေးလို့ ရပါတယ်ရှင့်😘
🔹🔹messenger ကနေ စာမေးလို့ တခါထဲနဲ့ စာမပြန်ရင် ခဏခဏ မေးကြပါ စာအဝင်တွေများပြီး ပြန်ဖို့ မေ့တက်တာမို့ပါ🔹🔹





📣စနေ တနင်္ဂနွေ တန်းခွဲအတွက်က 7/2/2026📣မှာ စတက်ရမှာပါ🔹Note မှတ်ဖို့အတွက် မျဉ်းမပါတဲ့ စာအုပ်လေးတခါထဲယူလာခဲ့ပေးပါနော် မှတ်ပ...
30/01/2026

📣စနေ တနင်္ဂနွေ တန်းခွဲအတွက်က 7/2/2026📣
မှာ စတက်ရမှာပါ

🔹Note မှတ်ဖို့အတွက် မျဉ်းမပါတဲ့ စာအုပ်လေးတခါထဲယူလာခဲ့ပေးပါနော် မှတ်ပုံမှတ်နည်းတွေမှားတက်လို့ တခါထဲမှတ်နည်းပါသင်ပေးမှာပါ
🔹ပိတ်စညှပ်တဲ့ ကတ်ကြေး
🔹60cmပေတံရှည်တချောင်း
🔹ပုံဆွဲဖို့ခဲတံ နဲ့ ခဲဖျက်ကြီးကြီးတတုံး😁
🔹ပထမဆုံးနေ့အတွက် ပိတ်စ၂စ
🔹တလက်မပြား သရေကြိုး
🔹ပုံဆွဲစာရွက်က သယ်ရတာလွယ်ရင်ယူလာလို့ရပါတယ်
🔹🔹နားမရှင်းတာရှိရင် သိချင်တာရှိရင် စာလှမ်းပို့ပြီး မေးလို့ရပါတယ်
🕰️🕰️ 9:30 အရောက်လာခဲ့ပေးရမှာဖြစ်ပါတယ်😘

သင်တန်းက သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်သွားပါပြီရှင့်😍
ထပ်မေးထားတဲ့ သူလေးတွေကတော့ ၆လပိုင်းမှ ဆက်မေးပေးပါနော်😘
နောက်တတန်းရဲ့ တန်းခွဲသစ်လေးတွေကို မဖွင့်ခင်ကြိုကြေငြာပေးပါ့မယ်ရှင့်🤎



🔸2026 ရဲ့ ပထမဆုံး တန်းခွဲသစ်လေး🔸🔸🔹အခြေခံကနေအဆင့်မြင့်ထိ မဝတ်ဘောင်းဘီအပြင်တန်းလေး ၂လပိုင်း ပထမပတ်မှာ စပါမယ်ရှင့်🔹🔸📝စာရင်း...
25/01/2026

🔸2026 ရဲ့ ပထမဆုံး တန်းခွဲသစ်လေး🔸
🔸🔹အခြေခံကနေအဆင့်မြင့်ထိ မဝတ်ဘောင်းဘီအပြင်တန်းလေး ၂လပိုင်း ပထမပတ်မှာ စပါမယ်ရှင့်🔹🔸
📝စာရင်းပေးထားတဲ့ သူလေးတွေ ပြန် Hi ပေးပါအုံးနော်🤎
🔸အွန်လိုင်းတန်းလေးတွေ join ပြီး လိုက်မလုပ်ဖြစ်တဲ့သူလေးတွေလည်း joinလို့ရပါတယ်ရှင့်🤭🤓
🔸ဘောင်းဘီနဲ့ပတ်သပ်ပြီး အကြပ်ချုပ်ချင်တာလား??
🔸သရေကြိုးပတ်လည် အပွဝတ်ကို ပုံကျကျလေး ချုပ်တက်ချင်တာလား??
🔸အတိုပဲချုပ်ချုပ် အရှည်ပဲချုပ်ချုပ် အပွချုပ်ချုပ် အကြပ်ချုပ်ချုပ် အရေးအကြီးဆုံးက ရှေ့ဂွနောက်ဂွရှင်းဖို့နဲ့ ဂွလုံလောက်ဖို့ပါ
🔸လူတွေမှာက 🔸ပေါင်မောက်မယ် 🔸တင်ကောက်မယ်
🔸ဗိုက်ပူမယ် 🔸ပေါင်တုတ်မယ် 🔸တင်ကြောရှည်မယ်
🔸တင်ကြောတိုမယ် 🔸အောက်ပိုင်းတိုမယ် စသဖြင့် တယောက်နဲ့တယောက် မတူညီတဲ့ ခန္ဓာကိုယ်တည်ဆောက်မှုတွေကြောင့် အယူအဆလေးတွေ အနဲငယ်ကွဲလွဲတက်ပါတယ်
🔸🔹 အဲ့လိုအယူအဆလေးတွေကို အသေးစိပ် လေ့လာချင်သူများ
🔸🔹မိမိရဲ့ pattern ကို update လုပ်ချင်သူများ
🔸🔹ဘာပုံစံလာလာ ချုပ်တက်ချင်သူများ
🔸🔹RTW ထုတ်ချင်သူများ
🔸🔹pattern ထုတ်ရောင်းချင်သူများ
🔸🔹ကိုယ်တိုင် စမတ်ကျကျ ချုပ်ဝတ်တက်ချင်သူများ
တက်သင့်တဲ့အတန်းလေးပါနော်

🤎 သင်တန်းသူလေးတွေ တက်ကြွစွာလိုက်လုပ်တဲ့ပေါ်မူတည်ပြီး အသစ်အသစ်တွေ ထပ်သင်ပေးဖို့ စိတ်ကူးရှိပါတယ်နော် 🤎
🤎🤎တက်ကြွစွာနဲ့ စိတ်ရော ဦးနှောက်ပါ အလွတ်နဲ့လာဖို့ ကြိုပြောပါရစေရှင့်🤎
အဟောင်းလေးတွေလည်း သင်ခန်းစာအသစ်တွေသင်ရင် လာလို့ရပါတယ်နော် အကြောင်းကြားပေးပါ့မယ်😘😘


ခုတလော ဒါလေးတွေ ကြိုက်နေပြန်ပြီFlare pants ပြီးတော့ pleated wide leg pants လေးတွေကို waistband လှလှလေးတွေနဲ့ ချုပ်ထားတဲ့...
24/01/2026

ခုတလော ဒါလေးတွေ ကြိုက်နေပြန်ပြီ
Flare pants ပြီးတော့ pleated wide leg pants လေးတွေကို waistband လှလှလေးတွေနဲ့ ချုပ်ထားတဲ့ ပုံလေးတွေ🥰
😍အတန်းသစ်အတွက် note လေးတွေ ထုတ်ရင်း အသစ်အသစ်ထည့်သင်ချင်တာလေးတွေ စတင်စုဆောင်း😍



ဇာရောင်စုံချုပ်မယ်ဆိုတဲ့ မမယုရဲ့ အိမ်စာလေးတွေ🤎🖤❤️ထားဝယ်ကနေတကူးတက လာတက်တဲ့ အမရန်ကုန်ရောက်တုန်း အိမ်စာတွေ ဝင်ဝတ်ပြတာ😘😘သေခြ...
24/01/2026

ဇာရောင်စုံချုပ်မယ်ဆိုတဲ့ မမယုရဲ့ အိမ်စာလေးတွေ🤎🖤❤️
ထားဝယ်ကနေတကူးတက လာတက်တဲ့ အမ
ရန်ကုန်ရောက်တုန်း အိမ်စာတွေ ဝင်ဝတ်ပြတာ😘😘
သေခြာလေး လိုက်လုပ်​ပေးလို့ကျေးဇူးတင်ပါတယ်



တထပ်ကုတ်တွေချုပ်တဲ့အခါ အလွန်အရေးပါသော အရာတခု
22/01/2026

တထပ်ကုတ်တွေချုပ်တဲ့အခါ အလွန်အရေးပါသော အရာတခု

ဘောင်းဘီအကွက်တွေကိုချုပ်တဲ့အခါ အဓိက အကျဆုံးက အကွက်တွေ ညီဖို့ပါ RTW အတွက် ရှေ့ဂွ နောက်ဂွ ညီဖို့လောက်သာ အရေးကြီးပေမယ့်Cust...
21/01/2026

ဘောင်းဘီအကွက်တွေကိုချုပ်တဲ့အခါ အဓိက အကျဆုံးက အကွက်တွေ ညီဖို့ပါ

RTW အတွက် ရှေ့ဂွ နောက်ဂွ ညီဖို့လောက်သာ အရေးကြီးပေမယ့်
Customize အတွက်ဆို တထည်လုံး ညီရပါတယ်

Online တန်းက သူတွေတော့ အကွက်အိမ်စာပြတာတော်တော်လေးရှားပါတယ်
အပြင်တန်းမှာတော့ အကွက်ရယ် အစင်းရယ် ဇာ၂ထပ်ရယ် pleated pants ရယ် cargo pants ရယ် straight pants ရယ် narrow pants ရယ် မဖြစ်မနေ ချုပ်ရပါတယ် သူတို့တွေလည်း အဲ့နေရာရောက်ရင် အရမ်းပျော်ကြတာ အပြိုင်အဆိုင်ပါပဲ🫣🤭

📣📣 အပြင်သင်တန်းလေး 3/2/2026 မှာ စမှာဖြစ်ပါတယ် 📣📣
တနလ်ာ အင်္ဂါ ဗုဒ္ဓဟူး နဲ့ စနေ တနင်္ဂနွေ ဆိုပြီး တန်းခွဲ၂ခုရှိပါမယ် အားတဲ့ရက်လေးချိန်တက်လို့ရပါတယ်နော်






📣သင်တန်းမှာ ဘာနည်းတွေနဲ့သင်မှာလဲ ဘောင်းဘီနဲ့ပတ်သပ်တာအစုံပါလားဆိုတော့📣🔸ဘယ်ဘာသာရပ်မှာမဆို နည်းကတော့ ဘယ်နည်းမှ မှန်တယ်ဆိုတာ...
19/01/2026

📣သင်တန်းမှာ ဘာနည်းတွေနဲ့သင်မှာလဲ ဘောင်းဘီနဲ့ပတ်သပ်တာအစုံပါလားဆိုတော့📣
🔸ဘယ်ဘာသာရပ်မှာမဆို နည်းကတော့ ဘယ်နည်းမှ မှန်တယ်ဆိုတာမရှိပါဘူး
🔸ကိုယ်နဲ့အဆင်ပြေတဲ့နည်း အများနဲ့အဆင်ပြေတဲ့နည်းက အကောင်းဆုံးလို့ပဲပြောရမှာနော်
🔸ကိုယ့်အကြိုက်ဆုံးဆိုရင်တော့ ဆရာဦးရဲရဲ့ လားရှိုးနည်း
🔸ဆရာဦးစောရဲ့ အီတလီနည်း
🔸၂ယောက်လုံးကို ရောထားတဲ့ ကျမရဲ့နည်း အကုန်ကြိုက်ပါတယ်
🔸ဘောင်းဘီသင်တန်းသီးသန့်ဖြစ်တဲ့အတွက်
🔸Pajama pants ကနေ style pants အထိ
Short pants/ quarter pants/ long pants အကုန်ပါပါတယ်
🔸ပုံတင်တာလေးတွေပဲ ပါတာလားလို့ လာမေးကြလို့ပါနော်
🔸အခုနောက်ပိုင်း ဘောင်းဘီဝတ်ရင် ပေါ့ပေါ့ပါးပါး နဲ့သက်သောင့်သက်သာရှိတဲ့ flare pant တွေ ပိုကြိုက်လာတယ်
🔸ဘာသားနဲ့ချုပ်ချုပ် flare ပဲချုပ်ဝတ်ဖြစ်တော့တယ်
🔸လူငယ်လေးတွေကျပြန်တော့လည်း အတိုလေးတွေနဲ့ ခြေဝပွပွ တင်ပွပွ baggy ဆန်ဆန်ဝတ်တာရတာကြိုက်ကြပြန်ရော
🔸🔸အကြိုက်တွေကတော့ အသက်အရွယ်နဲ့ ပတ်ဝန်းကျင်ပေါ်မူတည်တာဆိုတော့ မတူနိုင်ကြဘူးလေ🤎
🔸🔸သင်တန်းစမယ့်ရက်က 3/2/2026 ပါနော်🔸🔸





📣📣2026 ရဲ့ 2လပိုင်း 3ရက်နေ့မှာ တန်းခွဲသစ်လေးတွေ စပါတော့မယ်နော်အာလုံးဆင်တူချုပ်ရတဲ့ ဘောင်းဘီတိုလေးတွေ🤎ဘောင်းဘီတိုတထည်ကို ...
16/01/2026

📣📣2026 ရဲ့ 2လပိုင်း 3ရက်နေ့မှာ တန်းခွဲသစ်လေးတွေ စပါတော့မယ်နော်
အာလုံးဆင်တူချုပ်ရတဲ့ ဘောင်းဘီတိုလေးတွေ🤎
ဘောင်းဘီတိုတထည်ကို သိန်းချီပေးနေရတော့ ဒါလေးလဲသင်ပေးလိုက်ရော ပျော်နေကြရော😘😘
ပြီးခဲ့တဲ့တန်းခွဲတွေမှာ လူများနေတော့ ပုံကသိပ်မရိုက်ဖြစ်လိုက်ဘူး😵‍💫





🤎🤎ဘောင်းဘီဆို အကုန်ကြိုက်တာ🤎🤎
14/01/2026

🤎🤎ဘောင်းဘီဆို အကုန်ကြိုက်တာ🤎🤎

မတင်တာကြာတော့
ကြောင်တောင်တောင်

1️⃣ဘောင်းဘီတွေကိုဝတ်တဲ့အခါမှာ အများအားဖြင့် စမတ်ကျချင်တာနဲ့ ပေါ့ပါးလွတ်လပ်ချင်တာဆိုပြီး ကွဲပြားနိုင်ပါတယ်2️⃣စမတ်ကျကျဘောင...
11/01/2026

1️⃣ဘောင်းဘီတွေကိုဝတ်တဲ့အခါမှာ အများအားဖြင့် စမတ်ကျချင်တာနဲ့ ပေါ့ပါးလွတ်လပ်ချင်တာဆိုပြီး ကွဲပြားနိုင်ပါတယ်
2️⃣စမတ်ကျကျဘောင်းဘီတွေမှာတော့ ပိတ်စနဲ့ချုပ်ဝတ်ရတဲ့အထည်တွေဖြစ်တဲ့အတွက် ကိုယ်နေဟန်ထားနဲ့ လှုပ်ရှားမှုပေါ်မူတည်ပြီး ရုပ်ထွက်လေးတွေအနဲငယ်ကွာနိုင်ပါတယ်
3️⃣မွန်းကြပ်စရာတွေများလာတဲ့ အခြေနေအချိန်ခါမျိုးတွေမှာတော့ စမတ်ကျကျနဲ့ပေါ့ပါးချင်တာမျိုးတွေလည်း ရှိလာပါတယ်
4️⃣တကယ်တော့ ဘယ်လိုပုံစံကိုပဲချုပ်ချင်ချုပ်ချင် အခြေခံက အဓိကပါပဲ
5️⃣အခြေခံကို ပိုင်နိုင်ပြီဆိုရင် အတွေးအခေါ်အမြင်နဲ့ ပြန်ပေါင်းစပ်နိုင်ရပါမယ် ဒါမှ ပိုကောင်းတာတွေကို ဆင့်ပွါးနိုင်လာမှာပါ
6️⃣ဘောင်းဘီအခြေခံရရုံနဲ့ အဆင်ပြေပြီလားဆိုတော့လည်း မဟုတ်ပြန်ဘူး ဘယ်နေရာဘာဖြစ်ရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ error ပြင်နိုင်ဖို့နဲ့ patterns အယူအဆနဲ့ ချုပ်နည်းတွေမှန်ကန်ဖို့ကလည်း အရေးကြီးပြန်ရော
7️⃣RTWတွေမှာ အထည်က ပုံကျသပ်ရပ်ဖို့နဲ့ ဝတ်လိုက်တာနဲ့ cutting ကောင်းဖို့အရေးကြီးသလို customize ချုပ်တဲ့အခါ ကိုယ်နေဟန်ထားပေါ်မူတည်ပြီး တိုင်းနည်းကအစ မတူကွဲပြားတာတွေလည်းအများကြီးရှိနေပြန်ပါတယ်
8️⃣ကျမ ဆရာ၂ယောက်ရဲ့ သင်ပြမှု အတွေ့အကြုံတွေကို ကိုယ့်မူပြုပြီး ပြန်သင်တဲ့အခါကျတော့ အွန်လိုင်းတန်းရော အပြင်တန်းတွေမှာပါ အကုန်အဆင်ပြေကြလို့ အမြဲကျေနပ်ရပါတယ်😘😘
9️⃣ဘောင်းဘီနဲ့ပတ်သပ်ပြီး ဘာလာလာ အေးဆေးပဲ ဖြစ်သွားချင်ရင်တော့ ကျမအတန်းတွေကိုသာ ဝင်join လိုက်ပါနော်🤓🤓🤎





📣📣မိန်းကလေးဝတ် ဘောင်းဘီတန်းခွဲသစ်လေး  3.2.2026 မှာ စမှာပါရှင့်🔸ပုံမှန်ဆို ၂လတကြိမ်ဖွင့်ပေမယ့် ဒီနှစ်ကစလို့ ၆လတကြိမ်ပဲ ဖွ...
07/01/2026

📣📣မိန်းကလေးဝတ် ဘောင်းဘီတန်းခွဲသစ်လေး 3.2.2026 မှာ စမှာပါရှင့်
🔸ပုံမှန်ဆို ၂လတကြိမ်ဖွင့်ပေမယ့် ဒီနှစ်ကစလို့ ၆လတကြိမ်ပဲ ဖွင့်တော့မှာပါနော် (တခြားအလုပ်လေးတွေလည်း ရှိနေသေးလို့ပါ)
🔸တလပိုင်းမှာ စဖွင့်မယ်ပြောထားပေမယ့် သင်တန်းအဟောင်းလေးတွေ မပြတ်သေးလို့ ၂လပိုင်း ဖြစ်သွားတာပါနော်
🔸သင်တန်းကာလ ၂လပါ
🔸 စနေ တနင်္ဂနွေ တန်းခွဲနဲ့ တနလ်ာ အင်္ဂါ ဗုဒ္ဓဟူး ဆိုပြီး (weekend နဲ့ weekday) တန်းခွဲ ၂ခုရှိပါမယ်
🔸ဘောင်းဘီနဲ့ပတ်သပ်ပြီးအခြေခံကနေ အဆင့်မြင့်ထိ ဘာလာလာချုပ်တက်ချင်သူများနဲ့ စက်နင်းအခြေခံရှိသူများသာ join ပါနော်🤎






Address

Neik Ban Street, Kyeemyindaing Ts
Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959422462464

Website

Alerts

Be the first to know and let us send you an email when Stars Style Fashion Design School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Stars Style Fashion Design School:

Shortcuts

Share

Category