14/02/2022
ယနေ့ခေတ်မှာ coding ကို နေရာတိုင်းမှာ အသံုးချနေရပါတယ်။ ဒါကြောင့် မိဘတွေဟာလည်း မိမိတို့သားသမီးတွေကို technology trend ထဲမှာပါဝင်နိုင်ဖို့ coding ကို သင်ကြားပေးေနကြပါတယ်။
ဒီအခါမှာ ကလေးတွေကို ဘယ်အရွယ်က စ သင်ကြားပေးသင့်လဲ ဆိုတာက အဓိကမေးခွန်းတစ်ခု ဖြစ်လာပါတယ်။
MIT မှ သုတေသနပြုလုပ်မှု အရ ကလေးတွေကို အသက် ၅ နှစ်ကနေ ၇ နှစ် အရွယ်အတွင်းမှာ သင်ကြားမှု စတင်လို့ အဆင်ပြေပြီ ဖြစ်ပါတယ်။
အသက် ၅ နှစ်အရွယ်ကလေးတစ်ယောက်ဟာ ဦးနှောက်ရဲ့ ၉၂ ရာခိုင်နှုန်းအထိ ဖွံဖြိုးနေပြီ ဖြစ်ပြီး၊ ၇ နှစ်မှာဆိုရင် ၉၅ % အထိ ဖွံဖြိုးနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ကလေးတွေကို ၅ နှစ်အရွယ်လောက်က စပြီး unplugged activities လေးတွေကနေ တစ်ဆင့် coding နဲ့ ထိတွေ့ထားပေးသင့်ပါတယ်။
၇ နှစ်အရွယ်မှာ ဆိုရင်တော့ hand_eye coordination (မျက်လုံး နဲ့ လက် ဟန်ချက်ညီလှုပ်ရှားနိုင်မှု) က ကောင်းမွန်စွာဖွံဖြိုးနေပြီ ဖြစ်တဲ့အတွက် ကွန်ပျူတာ ကို keyboard နဲ့ mouse ကနေတဆင့် ကောင်းမွန်စွာ အသုံးချနိုင်ပြီ ဖြစ်ပါတယ်။
အသက် ၇ နှစ်အရွယ်မှာ ကလေးတွေရဲ့ social emotional development တွေကလည်း ပိုမိုဖွံဖြိုးလာတဲ့ အတွက် မိမိခံစားချက်ကို စကားနဲ့ ဖော်ပြနိုင်တာ (လိုအပ်ချက် နဲ့ လိုချင်မှု ခဲွဲခြားသိတာ) ၊ အကြောင်းအရာတစ်ခုရဲ့ အကျိူးနဲ့အဆိုးကို တွေးတောနိုင်တာ၊ စပ်ဆက်စဥ်းစားတတ်တာ၊ ကလေးအချင်းချင်း peer to peer communication တွေ တည်ဆောက်နိုင်လာတဲ့ အတွက် coding သင်ကြားရာမှာ တစ်ရက်ထက်၊ တစ်ရက် ပိုမိုပြီး အကျိုးကျေးဇူးရလာနိုင်ပါတယ်။