12/01/2026
Multilingual နိုင်ငံတစ်နိုင်ဖြစ်တဲ့ Belgiumမှာ ကျောင်းတက်ကြမယ် 🇧🇪🇧🇪🇧🇪
📍Belgium နိုင်ငံဟာ အနောက်ဉရောပမှာတည်ရှိပြီး Germany, France, Luxembourg, The Netherlands တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Multlingual ပြောတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
📍 France, English, Dutch (Flemish) ဘာသာစကား ၃မျိုးကို နိုင်ငံတွင်းတွင်ကျယ်စွာပြောကြပါတယ်။
📍 ရာသီဉတုကတော့ နည်းနည်းမှိုင်းတဲ့ထဲပါပေမယ့် အပူအအေး အရမ်းမပြင်းလှပါဘူး။
📍 University Tuition fees အနေနဲ့ €2000-€8000 per year ရှိပြီး (ကျောင်းနဲ့ Program ပေါ်မူတည်ပြီးစျေးကွာပါမယ်) Living cost ကတော့ အနည်းဆုံး တစ်လကို €850 လောက်ရှိနိုင်ပါတယ်။ (Accomodation ကို €650 လောက်နဲ့တွက်ပေးထားပါတယ်။)
📍 ကျောင်းသားတွေအနေနဲ့ Part time job 20 hours per week legally လုပ်လို့ရပြီး minimum wage €15 per hour လောက်ရှိပါတယ်။ English speaking only နဲ့တင် အလုပ်ရှာလို့လုံလောက်ပါတယ်။
📍Visa အတွက် blocked acc နဲ့ပြရတတ်ပြီး (လစဉ်ကျောင်းသား acc ထဲပုံမှန်ပြန်လွှဲပေးပါတယ်) ( blocked acc အကြောင်း post ကို ဒီမှာ ဖတ်လို့ရပါတယ်။ https://www.facebook.com/share/1A4Cr89fZ6/?mibextid=wwXIfr ) Visa processing time ကတော့ ၂ပတ်ကနေ အကြာဆုံး ၁၆ ပတ်ထိရှိနိုင်ပါတယ်။ သံရုံးက မြန်မာမှာ မရှိလို့ ဘန်ကောက်ကိုသွားဝင်ရပါမယ်။
📍 ကျောင်းသားအများစုတက်ကြတဲ့ မြို့တွေအနေနဲ့ Brussels (capital), Ghent, Antwerp, Leuven စသဖြင့်ရှိပါမယ်။ University တွေအနေနဲ့လည်း World ranking/ subject ranking အတော်လေးကောင်းကြပါတယ်။ (2026 အတွက် QS World ranking 60 ရထားတဲ့ KU LEUVEN အကြောင်းလည်း နောက်နေ့တင်ပေးပါမယ်။)
📍 Scholarship ရယ်လို့တော့ ပေးတာရှားပါတယ်။ ၅ နှစ်ဆက်တိုက်နေထိုင်ပြီးရင် PR အတွက်စလျှောက်လို့ရပါပြီ။ ကျောင်းတက်တဲ့နှစ်တွေကိုတော့ တစ်ဝက်ပဲ count လုပ်ပါတယ်။ (eg. ကိုယ်က Bachelor program ၃နှစ်တက်တယ်ဆိုရင် PR လျှောက်ဖို့ နေခဲ့တဲ့ နှစ်ကို count လုပ်ရင် ၂ နဲ့စားပြီး ၁နှစ်ခွဲ လို့ ယူပါတယ်။)
ကဲ ဒီလောက်ဆိုရင်တော့ အတော်လေးဆုံလင်ပြီလို့ထင်ပါတယ်။ Admission တွေလည်း ဖွင့်နေပြီ။ မင်မင်တို့ရဲ့ consultant လည်းရောက်နေတာ ၄နှစ်ရှိပြီဆိုတော့ အကောင်းမွန်ဆုံးသော service တွေလိုချင်ပြီဆိုရင် page chat box မှာ Hello လိုက်တော့နော်🫶🏻