29/09/2023
ဒီနေ့မှာတော့ ဘာသာစကားတစ်ခုကိုလေ့လာနေတဲ့ မိတ်ဆွေတို့အတွက် အချိန်တိုလေးအတွင်း တိုးတက်စေမဲ့ ထိရောက်တဲ့ အချက် (၄) ချက်ကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။
✅နေ့တိုင်းအချိန်တစ်ခုပေးပြီး လေ့ကျင့်ပါ။
Practice Make Perfect ဆိုတဲ့အတိုင်း ဘယ်အရာကိုပဲဖြစ်ဖြစ် ကြိမ်ဖန်များစွာလေ့ကျင့်ရင် ကျွမ်းကျင်လာကြပါတယ်။ သင့်ရဲ့ Personal Time ထဲက အချိန်လေး တစ်ခုဖဲ့ပြီး နေ့တိုင်းလေ့ကျင့်သွားမယ်ဆိုရင် အချိန်တိုတိုလေးအတွင်း တိုးတက်လာပါလိမ့်မယ်။
✅Word or Phrase တွေကိုများများလေ့လာပါ။
ဘာသာစကားတွေရဲ့ စကားလုံးက 1 Million ကျော်ရှိပြီး ပင်လယ်ရေသောက်နေရသလို ဖြစ်နေမှာပါ။ သင်နားမလည်တဲ့ word or phrase တွေရှိရင် လက်လှမ်းမှီသလောက် မေးမြန်းခြင်းဖြင့် word or phrase များကြွယ်၀အောင်လုပ်ခြင်းက သင့်ကို native speaker တွေကိုဖြစ်လာအောင် အထောက်အကူပြုစေမှာပါ။
✅ထုတ်သုံးပါ။
ကိုယ်လေ့လာတဲ့ word or phrase & grammar တွေကို ထုတ်ပြောလိုက်လို့ မှားမှာ၊ တစ်ယောက်ယောက်ကလှောင်များကို မစိုးရိမ်ပါနဲ့။ ကိုယ်သိတာတွေကို ချပြခြင်းဖြင့် word or phrase & grammar တွေကိုရင်းနှီးအောင်လုပ်ပါ။
✅အကျင့်လုပ်ပါ။
ဘာသာစကားအသစ်တစ်ခုလေ့လာတာ စိန်ခေါ်မှုအရမ်းများပါတယ်။ ဘာသာစကားလေ့လာတာကို သံမှိုလိုစွဲနေအောင် အကျင့်တစ်ခုလုပ်ထားခြင်းက သင့်ကိုတိုးတက်စေဖို့ အများကြီးအထောက်အကူဖြစ်စေမှာပါ။
အတန်းသစ်များအတွက် အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
📲: 09- 5175380