25/06/2022
"ပါးပြင်ထက်က သွေးမျက်ရည်"
"မေဇီ ကိုကိုလေ မေဇီ့ကို ပြောစရာရှိတယ်"
"ဟုတ်... ပြောလေ ကိုကို ရဲ့"
"အင်း.. မေဇီ ဆယ်တန်းဖြေနိုင်လား"
"ဒါပေါ့ ကိုကို ရ မေဇီ့ မှာ အရမ်းတော်တဲ့ ကိုကို ရှိတယ်လေ"
"ဟုတ်လား ဘယ်သူလဲ အဲ ကိုကို က"
"ဟောဒီက ကိုကိုကျော်ပေါ့"
"မေဇီ ကလည်းကွာ"
(3)လခန့်ကြာသော်
"ဟား:::ငါအောင်ပြီ ဟေး..မေဇီ နင်အောင်လား"
"အေး.. ငါအောင်တယ် ငအောင် ရ"
"အေးပါ.... "
"မဇေီ"
"ဟင်... ကိုကို"
"ဒီမှာဘာလုပ်နေတာလဲ"
"အဲဒါက... ဟို... လေ... "
"လာ ကိုကို နဲ့အိမ်ပြန်လိုက်ခဲ့"
"ကိုကို ကလည်း"
"လာပါဆိုမှကွာ မြန်မြန်လာ"
"အား.... ကိုကို လက်ကိုလွှတ်ပါ နာတယ်"
"မေဇီ ကိုကို မေဇီ့ ကိုရှင်းရှင်းပဲပြောမယ် ကိုကို မေဇီ့ ကိုအရမ်းချစ်တယ်ကွာ"
"ကိုကို..... "
"ဟုတ်တယ် မေဇီ ကိုကို လေ မေဇီ့ ကိုချစ်နေတာကြာပြီ"
"ဒါဆို"
"ဟုတ်တယ် မေဇီ ကိုကို့ ကိုယ် ပြန်ချစ်မယ်မလား"
"ဒါကတော့ ကိုကို ရယ်"
"ဘာလို့လဲ ကိုကို့ ကိုယ်ပြန်မချစ်နိုင်ဘူးလား"
"မဟုတ်ပါဘူး ကိုကို ရယ်"
"ဒါဆိုဘာလို့လဲ"
"ကိုကို ဖွင့်ပြောတာနောက်ကျနေလို့လေ"
"ဒါဆို မေဇီ က ကိုကို့ ကိုယ်"
"ပြောဖို့လိုသေးလို့လား ကိုကို ရယ်"
"ဝမ်းသာလိုက်တာ မေဇီ ရယ်"
(4)နှစ်ခန့်ကြာသော်
"မေဇီ ကိုကို တို့ဘယ်တော့လက်ထပ်ကြမှာလဲ"
"ဖြေးဖြေးပေါ့ ကိုကို ရယ်"
"မေဇီ ကလည်းကွာ"
"အော်... ဒါနဲ့ ကိုကို မနက်ဖြန်ကြရင် မေဇီ့ သူငယ်ချင်းရဲ့အမစင်ကာပူကပြန်လာမယ်တဲ့"
"အော်... အင်း"
"အဲဒါဒီမှာအိမ်မရှိတော့ မေဇီ ခေါ်ထားရမယ်"
"အင်း"
"ကိုကို မနက်ဖြန်ကြရင် မေဇီ နဲ့အတူတူလေယာဥ်ကွင်းလိုက်ခဲ့နော်"
"အင်း.. ကိုကို လိုက်ပို့ပေးမယ်"
"ဟော.... ဟိုး.. မှာ မမရွှရည်"
"သူလား"
"အင်း.. ဟုတ်တယ် ကိုကို မမရွှေရည် လာဒီကိုလာ"
"မေဇီ အရမ်းလှလာပါလား"
"ဟာ.. မဟုတ်တာ"
"တကယ်ဆို"
"မမ ကိုမုန့်ဝယ်ကျွေးမယ်"
"ဟုတ်ပါပြီရှင်"
"မမ ဒါ ကိုမြတ်ကျော် တဲ့"
"တွေ့ရတာဝမ်းသာပါတယ် ကျွန်မနာမည် ဆူးရွှေရည် ပါ"
"ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်"
အချင်ချင်းလက်ဆွဲနှုတ်ဆက်လျက် ထိုစဉ် မေဇီ တစ်ယောက် ရွှေရည် အကြည့်တွေကိုအကဲခတ်မိနေသည်
"အော်... မမ ဒါ မေဇီ့ ရဲ့"
"မေဇီ မမ ခေါင်းနည်းနည်းမူးလာလို့ အိမ်ပြန်လို့ရမလားကွယ်"
"အာ... ဟုတ်ပြီလေ ပြန်ကြတာပေါ့"
"သူကဘာလုပ်ဖို့ အိမ်လိုက်လာတာလဲ မေဇီ"
"ကိုကို ကို မေမေ ငယ်ငယ်လေးကတည်းကစောင့်ရှောက်ခဲ့တာလေ အဲဒါ"
"တစ်အိမ်တည်းအတူတူနေကြတာပေါ့"
"ဟုတ်တယ် မမ ရဲ့"
"မေဇီ ကိုကို အလုပ်သွားတော့မယ် ဂရုစိုက်နော်"
"အင်းပါ... ကိုကို ရဲ့"
"မေဇီ ဒီကိုလာပါဦး မမ မေးစရာလေးရှိလို့"
"ဘာမေးမလို့လဲ မမ"
"မြတ် ကဘာအလုပ်လုပ်တာလဲ"
"မမ ကဘာလို့မေးတာလဲဟင်"
"အော်.... အေး... ဒီလိုပါပဲ ဒီတုင်းသိချင်တာ"
"ကိုကို ကအင်ဂျင်နီယာလေ ဆောက်လုပ်ရေးမှာဝင်လုပ်နေတယ်လေ"
"ဒါဆို မြတ် ကသိပ်တော်တာပဲနော်"
"ဒါပေါ့ မမ ရ"
ဖြေသာဖြေနေရပေမယ့် မေဇီ့ စိတ်ထဲသံသယပေါင်းများစွာနှင့် နောက်တစ်နေ့
"မေဇီ ကိုကို အလုပ်သွားတော့မယ်"
"ဟုတ်ကဲ့ ကိုကို"
"မြတ်"
"အော်.. မမရွှေရည် ပြောလေ"
"ဒီနေ့ ရွှေရည် မြတ် တို့အလုပ်ထဲလိုက်လို့ရမလား"
"မမရွှေရည် ကဘာလုပ်မလို့လဲဗျ"
"အော်... ဒီလိုပါပဲ ဒီတိုင်းလိုက်ချင်တာ"
"မဇေီ ကိုကို"
"ရပါတယ် ကိုကို ရယ်ခေါ်သွားလိုက်ပါ"
"ဒါဆိုလည်းကားပေါ်တက်ပါ"
"ကျေးဇူးနော်"
"အော်.. ဒါနဲ့ မြတ် မှာချစ်သူရှိလား"
"ဗျာ... ကျွန်တော်လား"
"အင်း"
"ဟုတ်ကျွန်တော့်မှာချစ်သူ.... "
"ရှိတယ်ပေါ့"
"ဟုတ်ရှိပါတယ်"
"ဘယ်သူလဲ"
"မဇေီ ပါ"
"ဘာပြောလိုက်တာ မေဇီ ဟုတ်လား"
"ဟုတ်ပါတယ်ဗျဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး သိချင်လို့မေးလိုက်တာ"
"အော်... ရပါတယ်ဗျ"
"မမရွှေရည် ရဲ့အကြည့်တွေကအရမ်းထူးဆန်းတာပဲ ငါပဲသဝန်တိုနေတာလား အိုး.... မမရွှေရည် ဒီလောက်တော့ ဟာ... မဖြစ်နိုင်ပါဘူး"
"မဇေီ"
"ကိုကို"
"ဘာတွေဒီလောက်စဉ်းစားနေတာလဲ"
"ဘာမှမဟုတ်ပါဘူး ကိုကို ရယ်ဒီလိုပါပဲ"
"အင်း.. ကိုကို ရေသွားချိုးတော့မယ်"
"ဟုတ် ကိုကို"
"မဇေီ ရေ မမ ဆီခဏလောကျလာပါဦး"
"ဘာဖြစ်လို့လဲ မမ"
"မင်းက မြတ်ကျော် ကိုသိပ်ချစ်တာပဲလား"
"ဘယ်လိုမေးလိုက်တာလဲ မမ ရယ်သိပ်ချစ်တာပေါ့"
"အကယ်၍သာမင်းဆီက မြတ် ကိုတခြားတစ်ယောက်ကလုယူသွားမယ်ဆိုရင် မင်းဘယ်လိုနေမလဲ"
"မမ ရယ်ဘာလို့ဒီမေးခွန်းမျိုးမေးရတာလဲ"
"ဖြေပါ"
"မေဇီ ကိုကို့ ကိုအဆုံးရှုံးမခံနိုင်ဘူး မေဇီ မမ မေးတဲ့မေးခွန်းနဲ့တင် တကယ်ခံစားနေရပါတယ် မေဇီ့ ကိုထပ်မမေးပါနဲ့တော့နော်"
"အေးလေ မမေးနဲ့ဆိုမမေးတော့ပါဘူး"
"မေဇီ လေအရမ်းပင်ပန်းနေလို့နားတော့မယ်နော်"
"မေဇီ ရယ်မင်းမလိုချင်တဲ့နေ့ရက်တွေဆီ မကြာခင်ရောက်တော့မှာပါ"
"မမရွေရည် ဘာရည်ရွယ်ချက်ရှိလို့ဒါမျိုးမေးရတာလဲ ဟူး... စိတ်မောလိုက်တာ"
မေဇီ တစ်ယောက်သံသယပြည့်နှက်နေပါသည် မနက်မိုးလင်းတာနဲ့
"ဒေါက်... ဒေါက်... ဒေါက်... "
"မဇေီ ရေ မဇေီ"
"ဘာဖြစ်လို့လဲ မမ"
"ဒီနေ့ မမ အပြင်သွားမလို့ မေဇီ လိုက်ခဲ့ပါလား"
"မမ ကဘယ်သွားမှာလဲ"
"စိတ်အပန်းပြေရအောင် ပြင်ဦးလွင်ကခြံ( )ကမမအိမ်ကိုသွားကြမယ်လေ"
"အာ... ဟုတ်ကဲ့ မေဇီ တို့နှစ်ယောက်တည်းလား"
"အင်း... ဟုတ်တယ်နှစ်ယောက်တည်း"
"အော်... ဟုတ်"
"တောထဲမှာ မမ တို့အိမ်ရှိတယ်"
"မမ ကအဲဒီအိမ်မှာဘာလို့မနေတာလဲ"
"အဲ.. ဒါက"
တော်တော်ကြာစဉ်းစားပြီးနောက်
"အရမ်းဝေးတယ်လေ မေဇီ ရဲ့"
"အော်... "
(2)နာရီကြာပြီးနောက်
"ကဲရောက်ပြီ မေဇီ"
"အိမ်ကအကြီးကြီးပဲနော်"
"အင်း ဟုတ်တယ်"
"မမ ဒီအိမ်ကအရမ်းလှတာပဲနော် ဉယျာဉ်လေးရယ် သစ်ပင်လေးတွေနဲ့ သိပ်လှတာပဲ"
"မမ တို့အိမ်ထဲသွားကြမယ်လေ"
"ရှင်.. အော်ဟုတ်"
25.12.1990 ထိုနေ့က မိုးသည်းထန်နေသည် လျှပ်စီးကလက် မိုးကခြိမ်း မီးအိမ်လေးသာရှိသော ထိုအိမ်လေးမှာ စိတ်ခြောက်ခြားဖွယ်ရာဖြစ်နေသည် ဆူးရွှေရည် တစ်ယောက်အိမ်ကရှိသမျှ တံခါးတိုင်းလိုက်ပိတ်နေလေသည်
"မမ အိပ်ကြမယ်လေ"
"မေဇီ မင်း မြတ်ကျော် ဆီကထွက်သွားလိုက်ပါ"
"မမ ဘယ်လိုပြောလိုက်တာလဲ"
"ဟုတ်တယ် တို့ မြတ်ကျော် ကိုချစ်မိနေပြီ"
"မမ ရယ် မေဇီ့ ကိုလေအဲဒီလိုမနောက်ပါနဲ့နော်"
"တို့နောက်နေတာမဟုတ်ဘူး"
"မမ ရယ် မေဇီ တောင်းပန်ပါတယ်နော်"
"မင်း မြတ်ကျော် ကိုစွန့်လွှတ်မလား မင်းရဲ့ဘဝကို စွန့်လွှတ်မလား"
"မမ မေဇီ့ ကိုချမ်းသာပေးပါနော် မေဇီ တောင်းပန်နေတာပါ မမ"
"ဒါဆိုရှင်းရှင်းလေးပဲလေ မင်းသူ့ကို စွန့်လွှတ်လိုက်"
"မေဇီ ကိုကို့ ကိုသိပ်ချစ်တယ် မေဇီ ကိုကို့ ကိုလုံးဝမစွန့်လွှတ်နိုင်ဘူး"
"မေဇီ မင်းကိုငါကောင်းကောင်းပြောနေတယ်နော်"
"မေဇီ တောင်းပန်ပါတယ်"
"မင်းသိပ်ပြောရပါလား တို့ မြတ်ကျော် ကိုပိုင်ဆိုင်ရဖို့အတွက် ဘာမဆိုလုပ်နိုင်တယ် အေးလူသတ်သင့်ရင်လည်းငါသတ်ရလိမ့်မယ်"
"မမ မမ စိတ်ထိန်းပါနော် မဖြစ်သင့်တာတွေမဖြစ်အောင် မမ စိတ်ကိုထိန်းပါနော် မေဇီ ရှိခိုးပါတယ်"
"မလိုချင်ဘူး မင်းသူ့ကိုစွန့်လွှတ်လိုက်"
"မစွန့်လွှတ်နိုင်ဘူး မေဇီ ကိုကို့ ကိုအရမ်းချစ်တယ်"
"ဒီလောက်တောင်ပြောရခက်တဲ့မိန်းမ နင်သေတာပဲကောင်းတယ်"
"မမ မလုပ်ပါနဲ့နော် မေဇီ တောင်းပန်ပါတယ်"
ပြောပြောဆိုဆိုနဲ့ ဆူးရွှေရည် တစ်ယောက်မီးဖိုချောင်ထဲဝင်သွားကာ ဓားကိုင်ထွက်လာခဲ့သည်
"မမ အဲဒီဓားလက်ထဲကချလိုက်ပါနော် မေဇီ ကြောက်လို့ပါ"
"မင်းကပြောမရဘူးလေ"
"တောင်းပန်ပါတယ်နော်"
"မင်းမသေချင်ရင် သူ့ကိုစွန့်လွှတ်လိုက်"
"မေဇီ သေတာတောင်မစွန့်လွှတ်နိုင်ဘူး"
"ဟုတ်လား ဒါဆိုလည်းသေရမှာပေါ့"
"မ..၊?"
မေဇီ့ စကားမဆုံးလိုက်ခင်မှာပဲ ဆူးရွှေရည် တစ်ယောက်လက်ထဲကဓားနှင့် ခုတ်ပစ်လိုက်လေပြီ
"မေဇီ နင်ကဒါနဲ့ပဲတန်တယ် နင်နေရစ်ခဲ့ပေတော့"
မေဇီ သတိလစ်နေချိန်မှာ ဆူးရွှေရည် တစ်ယောက်ကားကိုအရှိန်ပြင်းစွာမောင်းနှင်ပြီးပြန်လာခဲ့လေပြီ
ထိုအချိန် မှာပဲ မေဇီ သတိပြန်ရလာသည် ဓားဒဏ်ရာတွေကြောင့် မေဇီ အရမ်းနာကျင်နေသည်
"လူယုတ်မာ အား... ငါ့ကိုသေအောင်သတ်တဲ့ မိန်းမ အား... ငါကလဲ့စားပြန်ချေပြမယ်"
ပြောပြောဆိုဆိုနဲ့ အနီးနားရှိဓားအား မရမကလှမ်းယူကာ ကိုယ့်ပါးကိုလှီးရင်းထွက်ပေါ်လာသောသွေးများနှင့် ကျန်စာဆိုခဲ့သည်
"ငါ့ကိုသေအောင်သတ်တဲ့ မိန်းမနင့်ကိုငါဒီတစ်သက်မကျေဘူး ငါနာကျင်လိုနင်အဆပေါင်းများစွာနာကျင်စေရမယ် ငါခံစားရလို နင်အဆပေါင်းများစွာ ခံစားစေရမယ် ဒီအိမ်ကိုပြန်လာတဲ့တစ်နေ့ နင်ပြန်ပြီးသေဆုံးစေရမယ်"
ထိုသို့ပြောပြီး မေဇီ တစ်ယောက်သွေးပင်လယ်ထဲ သေဆုံးသွားခဲ့လေပြီ
"မမရွှေရည် မေဇီ့ ကိုတွေ့မိသေးလား"
"အင်း တွေ့တယ် သူက မြတ် ကိုဒီစာလေးပေးပေးပါတဲ့"
"ဘာများလဲ"
"ဖတ်ကြည့်ပေါ့"
"ကိုကို မေဇီ ဒီအတောအတွင်း ကိုကို့ ကြောင့်ပျော်ရွှင်ခဲ့ရပါတယ် ကိုကို့ ကိုလိမ်ခဲ့မိလို့လဲ တောင်းပန်ပါတယ်
မေဇီ့ မှာလက်ထပ်ရမဲ့သူရှိတယ် ဒါကြောင့်သူနဲ့ဘဝတစ်ခုတည်ထောင်ဖို့အတွက် မေဇီ ထွက်သွားပါပြီ
မဇေီ"
"တကယ်ပဲလား မေဇီ ရယ်"
"မေဇီ မမ ကိုတစ်ခါပြောဖူးတယ် သူလက်ထပ်ရမဲ့သူရှိတယ်တဲ့"
"ရက်စက်လိုက်တာ မေဇီ ရာ"
မြတ်ကျော် တစ်ယောက် ဆူးရွှေရည် ရဲ့အလိမ်အညာအောက်ရောက်ရှိခဲ့လေသည်
"အားမငယ်ပါနဲ့ မြတ် ရယ် မမ ရှိပါသေးတယ်"
"မေဇီ ဒီလောက်ရက်စက်လိမ့်မယ် မထင်ခဲ့ဘူး သူလုပ်ရက်တယ်ဗျာ"
"မင်းသူ့ကို စိတ်ထဲကထုတ်ပစ်လိုက်စမ်းပါ"
"ကျွန်တော် သူ့ကိုသိပ်ချစ်ခဲ့တယ် ကျွန်တော်အရမ်းခံစားရတယ်ဗျာ"
"မမ ရှိပါတယ်ကွယ်"
"ကျွန်တော်လေ..."
"မမ မင်းကိုလက်ထပ်ချင်တယ်"
"ဗျာ... မမ လာနောက်နေတာလား အခုချိန်မှာ... "
"မမ သိတာပေါ့ မြတ် အားငယ်နေမယ်ဆိုတာလည်းသိပါတယ် ဒါကြောင့် မြတ် ကိုနှစ်သိမ့်နေတာပါ"
"ကျွန်တော်... "
"စဉ်းစားပါ အချိန်လိုမှာပေါ့"
(11)လခန့်ကြာသော်
"ဘယ်လိုလဲ မြတ် စဉ်းစားတာ"
"ကျွန်တော်တော်တော်ခံစားခဲ့ရပြီးပြီ ကျွန်တော်ပျော်ရွှင်ချင်နေပြီ"
"ဒါဆို"
"ကျွန်တော် မမ ကိုလက်ထပ်ပါမယ်"
"မြတ် တကယ်ပြောနေတာလား"
"ဟုတ်တယ် မမ"
"ဒါဆို မမ ပျော်ရတော့မှာပေါ့"
""ဟား...ဟား...""
"မမ ကျွန်တော်တို့...."
"ကျွန်တော်လို့မပြောပါနဲ့"
"ဒါဆိုကျွန်တော်ဘယ်လိုပြောရမလဲ"
"မောင်... လို့ပြော"
"ဟာ မမ ကလည်းဗျာ"
"လုပ်ပါ မောင် ရယ်"
"အင်းပါ မမ ရယ် မောင် တို့ဘယ်နေ့လက်ထပ်ကြမလဲ"
"အမြန်ဆုံးနဲ့အမှန်ကန်ဆုံး"
"ဒါဆို ဒီနေ့က 11.11.1991 ဆိုတော့ 27.12.1991 တနင်္လာနေ့ဆိုရင်ရော"
"အင်း ကောင်းသားပဲ"
"မောင် ဒီနေ့ 25 ရက်ရှိနေပြီနော်"
"အင်း မမ"
"မမ မင်းကိုတစ်ကယ်ပိုင်ဆိုင်ရတော့မှာပေါ့နော်"
ထိုစဉ် မြတ်ကျော် ထံရုတ်တရက်အတွေး တစ်ခုဝင်လာသည်
"မမ ကျွန်တော်အိမ်ခဏပြန်မယ်နော်"
"အင်း"
"မေဇီ မင်းငါ့ကို ခွဲသွားတာ (1)နှစ်ပြည့်တော့မယ်နော် မေဇီ ရာမင်းဘာလို့ဒီလိုလုပ်ရက်ရတာလဲကွာ"
ချက်ချင်းဆိုသလို မဖွင့်တာကြာပြီဖြစ်သော မေဇီ့ အခန်းအတွင်းသို့ ဝင်ခဲ့သည်
"မေဇီ ကိုယ် မင်းကိုသိပ်ချစ်ခဲ့ပါတယ်ကွာ ဒါပေမယ့်မင်းကိုယ့်အပေါ် ရက်စက်ခဲ့တယ်ကွာ"
မေဇီ့ ကုတင်ပေါ်မှခေါင်းအုံးလေးကိုဖက်ပြီး ငိုနေစဉ် ခေါင်းအုံးအောက်က မေဇီ့ ဒိုင်ယာရီကိုတွေ့ရှိခဲ့သည်
"ဒါက ဘာလဲ"
မေဇီ ရေးသားခဲ့သောစာလေးတွေကို ဖတ်နေစဉ် ထူးဆန်းသောစာကြောင်းကိုတွေ့ရှိခဲ့သည် ထိုစာကြောင်းမှာ
"ကိုကို ဒီနေ့ မမရွှေရည် ကပြင်ဦးလွင် ခြံ( )ကသူ့အိမ်ကိုသွားမလို့ မေဇီ့ ကိုလိုက်ခဲ့ပါတဲ့ အဲဒါ မေဇီ လိုက်သွားတယ်နော် ကိုကို စိတ်မပူပါနဲ့ 25.12.1990"
"ဒါ... ဒါ..."
"မောင်ရေ မောင်..."
"ဆူးရွှေရည်"
"မောင် ဘယ်လိုပြောလိုက်တာလဲ မောင်ရဲ့"
"ခင်ဗျားက နာမည်နဲ့လိုက်အောင်ကို တော်တော်ကြောက်ဖို့ကောင်းတာပဲ"
"မောင် ဘာတွေပြောနေတာ ဲ"
"မေဇီ မေဇီ ဘယ်မှာလဲ"
"မောင် သူက လက်ထပ်..?"
"မင်းမလိမ်နဲ့ အဲဒီနေ့ မင်းနဲ့ မေဇီ ဘယ်ကိုသွားခဲ့လည်း"
"ဘယ်ကိုသွားရမှာလဲ ဘယ်မှာ... "
"မင်း "
"မောင် ရယ်"
"ပြင်ဦးလွင်မှာမင်းအိမ်နဲ့ခြံရှိတယ်မဟုတ်လား"
"မောင် ကအဲဒါကို"
"အခုချက်ချင်း ကျွန်တော့် ကိုလိုက်ပို့"
"မသွားပါနဲ့ မောင်ရယ် မသွားပါနဲ့ အဟင့် အဟင့်"
"အခုချက်ချင်းလိုက်ပို့လို့ပြောနေတယ်နော် ဒေါ်ဆူးရွှေရည်"
"မောင် မလုပ်ပါနဲ့"
"မင်းမပို့ရင်နေ ကိုယ့်ဘာသာကိုယ်သွားမယ်"
"မောင်....... "
ကားစက်နှိုး၍ သွားမည်အပြု
"မောင် ကျွန်မလိုက်ပို့ပါ့မယ်"
အမြန်လမ်းအတိုင်း မောင်းနှင်လာရင်း
"မောင် ဒါ မမ အိမ်ပဲ"
"ကောင်းပြီ"
"မောင် အိမ်ထဲမဝင်ပါနဲ့လား"
"ကျွန်တော်ဒီကိုလာတာ အိမ်ကြည့်ဖိုမဟုတ်ဘူး လာမတားပါနဲ့"
"ဒါဆိုလည်း မမ ပါလိုက်ခဲ့မယ်"
အိမ်ထဲအရောက် ထူးဆန်းစွာမြင်တွေ့လိုက်ရသည်က မေဇီ ၏အရိုးစုပင်
"ဒါ... ဒါ... ကဘာလဲ ဒေါ်ဆူးရွှေရည် ခင်ဗျားတော်တော် ရက်စက်ပါလား ခင်ဗျား... "
ထိုစဉ်ရုတ်တရက်ထူးဆန်းတဲ့အသံတစ်ခုကြားလိုက်မိသည်ကား
"ကိုကို မေဇီ့ ကိုကယ်ပါ"
အနောက်သို့ မြတ်ကျော် နှင့် ဆူးရွှေရည် လှည့်ကြည့်လိုက်မိသည် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အသက်ရှူရပ်သမျှ ဖြစ်သွားရသည် ထိုမြင်ကွင်းက မေဇီ့ ၏ဝိဉာဉ်ပင် ဆူးရွှေရည် အပေါ်မကျေနပ်သောမျက်လုံးများဖြင့်ကြည့်နေသည်မှာ ကြောက်စရာပင်ကောင်းနေတော့သည်
"ဒေါ်ဆူးရွှေရည် ရှင်သိပ်ရက်စက်တယ် ကိုကို့ ကိုကျွန်မဘဝထဲက ထုတ်ယူဖို့ ကျွန်မအသက်ကို ရှင်စတေးခဲ့တယ် အခုတော့ ကျွန်မမျှော်နေတဲ့ရက်ရောက်လာပြီပေါ့ ဒေါ်ဆူးရွှေရည် ရှင့်ကိုကျွန်မ ပြန်သတ်မယ် ရှင့်ကို ပြန်သတ်မယ်"
"မေဇီ မမ တောင်းပန်ပါတယ်နော် မမ ကိုချမ်းသာပေးပါနော်"
"မရဘူး လုံးဝမရဘူး ကျွန်မခွင့်မလွှတ်ပေးနိုင်ဘူး "
"မေဇီ ရယ် တောင်းပန်ပါတယ်လုပ်ပါကွယ်"
"မေဇီ ကိုကိုလေ မေဇီ ဝဋ်ကြွေးတွေထပ်မဆက်ပါနဲ့နော် ကိုကိုတောင်းပန်နေတယ်လေ"
"မရဘူးကိုကို မေဇီ သစ္စာဆိုထားပြီးပြီ မေဇီ ပြောတဲ့အတိုင်း လုပ်တတ်တာ ကိုကို သိတယ်နော်"
"သိပါတယ် မေဇီ ရယ် ကိုကို့ ကိုချစ်တယ်ဆို ကိုကို့ စကားနားထောင်နော်"
"ကိုကို"
"မေဇီ ကိုကို့ ကိုမချစ်ဘူးလား ချစ်ရင်မလုပ်ပါနဲ့တော့ကွာ"
"အဲလိုမပြောပါနဲ့ ကိုကို မေဇီ မခံစားနိုင်လို့ပါ"
"ဒါဆို ကိုကို့ စကားနားထောင်ပါနော်"
"အဟင့်... အဟင့်... လူသားတွေသိပ်ရက်စက်တယ် မေဇီ့ အပေါ်ဘယ်သူမှနားမလည်ပေးကြဘူး မေဇီ အရမ်းဝမ်းနည်းတယ် ကိုကို မေဇီ့ ကိုချစ်ရင် မေဇီ့ ဆုံးသွားတဲ့ဒီအိမ်လေးမှာ အမျှဝေပေးပါနော် မေဇီ ဒီလိုဘဝမျိုးမှာမနေချင်တော့ဘူး မေဇီ့ ကိုသနားရင် မေဇီ့ ကိုကူညီပါနော် ကိုကို အရမ်းချစ်ခဲ့ပါတယ်"
မေဇီ ပြောတဲ့အတိုင်း မြတ်ကျော် တစ်ယောက်လုပ်ပေးခဲ့သည် မေဇီ ဘဝကူးကောင်းခဲ့လေပြီ ဆူးရွှေရည် တစ်ယောက်လည်းသူလုပ်ခဲ့တဲ့ပြစ်ဒဏ်ခံယူရင်း ကျေကွဲဝမ်းနည်းစရာ အဖြစ်အပျက်လေးလည်းပြီးဆုံးခဲ့လေပြီ
စာဖတ်ပရိသတ်တွေအတွက် အမြဲတမ်းအသစ်အဆန်းများစွာဖန်တီးပေးနေဦးမှာပါ
Hnin Sat Pwint Hlaing(EYU Philo)
22/06/2022
*ဆန်းကြယ်သော ဖန်မီးအိမ်ငယ်*
ဝတ္ထုတို (စ/ဆုံး)
အောက်ဖော်ပြပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိပါစာရေးသူ၏ အတွေးအမြင်များသာ
1956 ခုနှစ် ဒီဇင်ဘာလ 15 ရက် ည ကလောမြို့ အေးချမ်းငြိမ်သက်သော အိမ်အိုကြီးတစ်အိမ်တွင်ဖြစ်သည်
"ချယ်ရီ"
"ဘာလဲ မောင်"
"ဒီအိမ်လေးကိုသဘောမကျဘူးလား"
"သဘောကျတာပေါ့ မောင် ရဲ့ အိမ်ကဟောင်းနေပေမဲ့ ရှေးဟောင်းလက်ရာတွေလည်းအများကြီးပဲ ချယ်ရီ အရမ်းသဘောကျတယ်"
"ချယ်ရီ တကယ်ပြောတာလား"
"တကယ်ပြောတာပေါ့ မောင် ရဲ့"
"ချယ်ရီ သဘောကျရင် မောင်လည်းပျော်ပါတယ်"
"အင်း"
ည (11:30) လူခြေတိတ်သောအချိန်တွင် ချယ်ရီ တစ်ယောက် ထူးဆန်းသောအသံတစ်ခုကြားလိုက်ရသည်
တခြားမဟုတ် ချယ်ရီ ထွန်းထားသော ဖန်မီးအိမ်ငယ် လေးမှဖြစ်သည်
"ဟင်.... ဒါကဘာသံပါလိမ့်"
ချယ်ရီ တစ်ယောက် မီးအိမ် ရှိရာသို့ လေးလံသောခြေလှမ်းကလေးများနှင့် လျှောက်လာလေသည် ရုတ်တရက် မီးအိမ်လေးမှာ ရေနံဆီ ကုန်ကာ မီးငြိမ်းသွားခဲ့သည် ချယ်ရီ လည်းရှေ့ဆက်မတိုးဝံ့တော့ပဲ ကုတင်ရှိရာသို့ပြန်လာခဲ့သည်
"အင်း.... အိမ်ကဟောင်းနေပြီဆိုတော့တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့အသံပဲနေမှာ ဟင်း..... ငါစိတ်ထင်တာနေမှာပါလေ"
မနက်လင်းတော့ ရန်နိုင် ကိုအဖြစ်အပျက်ပြောပြလိုက်သည်
"မောင် မနေ့ညကလေ ချယ်ရီ ထူးဆန်းတဲ့အသံတစ်ခုကြားလိုက်တယ် သိလား"
"ချယ်ရီ ရယ်မင်းစိတ်ထင်လို့ဖြစ်မှာပါ"
"မဟုတ်ဘူး မောင် ရဲ့ ချယ်ရီ တစ်ကယ်ကြားလိုက်တာ"
"အင်းပါကွာ ကိုယ်အလုပ်နောက်ကျနေပြီ အိမ်မှာဂရုစိုက်နော် ကိုယ်သွားပြီ"
"အင်း.မြန်မြန်ပြန်လာနော်"
ရန်နိုင် ထွက်သွားပြီးမကြာမီ ချယ်ရီ တစ်ယောက်ခေါင်းထဲအတွေးတစ်ခုပေါ်လာပြန်သည်
"ဟင်း...... (သက်ပြင်းရှည်ကြီးချလျှက်) မနေ့ညကတစ်ကယ်ပဲဘာဖြစ်ခဲ့တာပါလိမ့် မောင် ပြောသလိုငါစိတ်ထင်နေတာများလား"
အိမ်သန့်ရှင်းရေးလုပ်ရင်း တစ်ခုခုထူးဆန်းလာသည်
"ဟယ်.... မနေ့ညက မီးအိမ်လေးဘယ်ရောက်သွားပါလိမ့်"
ချယ်ရီတစ်ယောက်မီးအိမ်ရှာပုံတော်ဖွင့်ပြန်သည်
"ဟော...တွေ့ပြီ မင်းကဒီရောက်နေတာကို မနေ့ညကထွန်းသာထွန်းလိုက်ရတယ် ဖုန်တွေချည်းပဲ "
ပြောပြောဆိုဆိုနဲ့ မီးအိမ် လေးကိုသန့်ရှင်းရေးလုပ်နေသည်
"အော်... ငါမေ့နေလိိုက်တာ ရေနံဆီ ကုန်နေပြီဘယ်လိုလုပ်ရပါ့"
4 နာရီရုံးဆင်းနေကြ ရန်နိုင် မှာည 7 နာရီတိုင်ရောက်မလာသေးဘဲရှိနေသည်
"ဒီနေ့မှ မောင် နောက်ကျနေလိုက်တာ မီးလည်းထွန်းမရဘူး မိုးကလည်းရွာနေလိုက်တာ"
ပြောပြောဆိုဆိုနဲ့ ပြတင်းပေါက်အနားကိုအသွား တစ်စုံတစ်ခုကို ခလုတ်တိုက်လိုက်မိသည်
"အမလေး.... ဘာပါလိမ့်"
လျှပ်စီးအလင်းရောင် နဲ့အတူ ကြည့်လိုက်မိသည်မှာ
"ရေနံဆီတွေပါလား မနက်ကငါမတွေ့မိပါဘူး ဒါတွေထားပါလေ အခုတော့မီးထွန်းလို့ရပြီပေါ့"
မီးအိမ် ရှိရာသို့ပြန်လာပြီး မီးထွန်းလိိုက်သည်
"အခုတော့ လင်းပြီပေါ့ မောင် ကလည်းပြန်မလာသေးဘူး နောက်ကျလိုက်တာနော်"
မီးအိမ်လေးထားကာ ချယ်ရီတစ်ယောက် အခန်းအပြင်ထွက်လာခဲ့သည် အနောက်မှ တစ်စုံတစ်ယောက် ဖျက်ကနဲဖြတ်ပြေားသွားသလိုခံစားလိုက်ရသည်
"အို... ငါဘာလို့ ကြက်သီးထနေပါလိမ့် မိုရွာနေတော့အေးလို့နေမှာပါလေ"
အနောက်မှ ချယ်ရီ ကိုတစ်ယောက်ယောက် တွန်းထုတ်လိုက်သည်
"အမလေး... ဒါဘာဖြစ်တာလည်း ဘာတွေဖြစ်နေတာလဲ"
ထိုစဉ်ရုတ်တရက် ချယ်ရီ နာမည်ကိုလှမ်းခေါ်လိုက်သည်
"ချယ်ရီ"
"မောင်.... မောင် ဘယ်တုန်းကပြန်ရောက်တာလဲဟင်"
"အခုပဲလေ ချယ်ရီ ရဲ့"
"မောင် ချယ်ရီ့ ကိုနောက်သေးလားဟင်"
"ပေါက်ပေါက်ရှာရှာ ချယ်ရီ ရယ် မောင် အခုမှပြန်ရောက်တာလေ"
"ဟင်... ဟုတ်လား"
"ချယ်ရီ မင်းဘာဖြစ်နေတာလဲ နေမကောင်ဘူးလား"
"ဘာမှမဟုတ်ပါဘူး မောင် ရယ် ချယ်ရီ က မောင့် ကိုနောက်တာ"
"အင်းပါ လာအပေါ်တက်ကြမယ်နော်"
"အင်း"
ချယ်ရီ့ စိတ်ထဲမတင်မကျဖြစ်နေသည်
"ငါ မောင့် ကိုပြောကြလိုက်ရင်ကောင်းမလား မောင် ကရောယုံကြည်ပါ့မလား"
"ချယ်ရီ မောင် သွားတော့မယ်"
"ဂရုစိုက်နော်"
"အော်ဒါနဲ့ ချယ်ရီ ကိုယ်ဒီနေ့ night duty ရှိတယ်နောက်ကျမယ်"
"မောင် ကလည်းနောက်ကျဦးမှာလား"
"ဟုတ်တယ် ချယ်ရီ ရဲ့10 နာရီလောက်မှပြန်ရောက်မယ်"
"အင်းပါ မောင်ရယ်"
"ဂရုစိုကျကွားလား"
"အင်း"
ချယ်ရီ့ စိတ်ထဲလေးလံခြင်းများစွာနှင့် တစ်ထင့်ထင့်ရှိနေသည်
"မိုးချုပ်တော့မှာပါလား အလင်းရအောင် မီးအိမ် လေးအဆင်သင့်ထွန်းထားလိုက်မယ်"
အရင်နေ့ကလိုပဲ ရေနံဆီ လေးထည့်မီးထွန်းလိုက်သည် ည 9 နာရီ မှောင်ရီပျိုးစအချိန်လေးဖြစ်သည် အခန်းအပြင်ထွက်ပြီး တံခါးများလိုက်ပိတ်နေသည် ထိုစဉ်မျက်စိရှေ့ အရိပ်တစ်ခုဖျက်ကနဲမြင်လိုက်ရသည်
"ငါအမြင်မှားတာလား ထားပါလေ"
အနောက်မှ ချယ်ရီ အင်္ကျီစကိုလှမ်းဆွဲလိုက်သည် ဆွဲလိုက်သည်နှင့် ချယ်ရီ့ ချော်လဲသွားခဲ့သည်
"ဘာဖြစ်တာလဲ ဒါ.... ဒါ... ဘာတွေဖြစ်နေတာလဲ ငါ... ငါ... မမှားဘူး"
ချယ်ရီ မတ်တပ်ရပ်ဖို့ကြိုးစားပေမဲ့ မရခဲ့ အရိပ်မည်းကြီးက တွန်ထုတ်ပစ်ခဲ့သည် နောက်ဆုံး ချယ်ရီ့ ခန္ဓာကိုယ်ပေါ်တက်ကာ လည်ပင်းညှစ်ပြန်သည် ချယ်ရီ ရုန်းမရခဲ့ပါ
"ရှင်ဘယ်သူလဲ ဘာကြောင့်ဒီလိုလုပ်နေရတာလဲ အား... ကျွန်မကိုအခုချက်ချင်းလွှတ် လွှတ်လို့ပြောနေတယ်လေ အား....."
ထိုစဉ် ရန်နိုင် ပြန်ရောက်လာခဲ့သည် အရိပ်မည်းကြီးကိုမမြင်လိုက်် ထွက်ပြေးသွားခဲ့လေပြီ
"ချယ်ရီ ချယ်ရီ ချယ်ရီ ထပါဦးကွာ"
ကြမ်းပြင်ပေါ်မှာခွေခွေကလေးနဲ့ ချယ်ရီ တစ်ယောက်မလှုပ်မယှက် ငြိမ်သက်နေသည် ခဏအကြာမှ မျက်လုံးကလေးပွင့်လာသည်
"မောင်"
"စကားမပြောနဲ့နော် ချယ်ရီ မောနေမှာပေါ့"
"ဟင်း...... (သက်ပြင်းလေးချလျက်)"
"ချယ်ရီ ဘာတွေဖြစ်တာလဲကွာပြောပါဦး မောင် စိတ်ပူလို့သေတော့မယ်"
"မောင် ချယ်ရီ လေ ချယ်ရီ ဒီအိမ်မှာမနေချင်တော့ဘူး ချယ်ရီ တို့အိမ်ပြောင်းကြရအောင်နော် မောင်"
"ဘာဖြစ်လို့လဲ ချယ်ရီ ရဲ့"
"ဘာမှမဖြစ်ပါဘူး မောင် ရယ်ဒီလိုပါပဲ"
"ကဲပါ ကဲပါ ဒီကိစ္စနောက်မှပြောကြမယ်နော် အိပ်တော့နော်"
"မောင် ရယ်... "
"ကဲပါလာအိပ်မယ်"
မနက်မိုးလင်းသော်
"ချယ်ရီ ဘာမှတွေးမနေနဲ့နော်"
"မောင် စောစောပြန်ခဲ့နော်"
"အင်းပါ"
ချယ်ရီ တစ်ယောက်ကြောက်နေမိသည် ဒီနေ့တော့ ရန်နိုင် တစ်ယောက်စောသထက်စောအောင်အိမ်ကိုပြန်လာခဲ့သည် အမောတကောနဲ့
"ချယ်ရီ ရေ ချယ်ရီ"
"ဘာဖြစ်လာတာလဲ မောင် ရဲ့"
"ချယ်ရီ မောင် တို့မနက်လင်းတာနဲ့ ဒီအိမ်ကပြောင်းကြမယ်"
"မောင် ပဲပြောတော့... "
"ဒါတွေပြောမနေပါနဲ့ မောင် ပြောသလိုသာလုပ် ဟုတ်ပြီလား"
"အင်းပါ"
ညရောက်တော့ ချယ်ရီ တစ်ယောက်ပုံမှန်လုပ်နေကြဖြစ်တဲ့ မီးအိမ်လေးထွန်းလိုက်သည်
"ချယ်ရီ ဒီညစောစောအိပ်နော် မနက်အစောကြီးထရမှာလေ "
"အင်းပါ မောင် ရဲ့ မောင်လည်းအိပ်တော့လေ"
"အင်း"
နှစ်ဦးသားအိပ်ပျော်နေစဉ် စူးရှကျယ်လောင်သောအသံတစ်ခုကြားလိုက်ရသည် ဒီတစ်ခါတော့ နှစ်ယောက်စလုံးကြားလိုက်ရသည် ထိုအသံကား
"ရှင်ယွန်း ကိုမထားခဲ့ပါနဲ့ရှင် ရှင်ယွန်း ကိုထားမသွားကြပါနဲ့နော်"
"မောင်""ချယ်ရီ"
ထိုအသံသည် ဖန်မီးအိမ်ငယ် ထဲမှလာခြင်းဖြစ်သည်
အသံလာရာနေရာသို့ နှစ်ဦးသားမျှော်ကြည့်လိုက်မိသည် ထူးဆန်းသည်မှာ မီးအိမ် အတွင်းတွင် အသက် 25 နှစ်မျှဟုထင်ရသော အမျိုးသမီးတစ်ယောက် အပြင်သို့ထွက်လာသည်
"မင်းကဘယ်သူလဲ"
"ရှင်ယွန်း က ဒီအိမ်ပိုင်ရှင်ပါ"
"အို ကျွန်မတို့က ဒီအိမ်ဝယ်ခဲ့တာပါ"
"ဟုတ်ပါတယ် လွန်ခဲ့တဲ့ 10 နှစ်လောက်ကရှင်ယွန်းဒီမှာနေတာပါ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပါ"
"ဒါဆိုရင်ရှင်က"
"မကြောက်ပါနဲ့ရှင် ရှင်ယွန်း ရှင်တို့ကို ဒုက္ခမပေးပါဘူး"
"ဒါဆိုဒီကြားထဲကျွန်မကို နှာက်ယှက်နေတာရှင်ပေါ့"
"ဟုတ်ပါတယ် ဒီအတွက်လည်းတောင်းပန်ပါတယ် "
"ရှင့်ကြောင့်ကျွန်မသေတော့မလို့"
"ရှင်ယွန်းတောင်းပန်ပါတယ်ရှင်ယွန်းကကျိန်စာသင့်နေခဲ့တာပါ ရှင်ဟောဒီ မီးအိမ် လေးထွန်းမဲ့အချိန်ကိုစောင့်နေခဲ့တာပါ ရှင်က မီးအိမ် လေးကိုထွန်းပြီးသွားတိုင်း အခန်းပြင် ထွက်ထွက်သွားတယ်ရှင်ယွန်းရှင့်ကိုအဖြစ်မှန်ပြောပြပြီး အကူအညီတောင်းချင်နေခဲ့တာပါ ဒါပေမဲ့ မရခဲ့ဘူး"
"ဒါဆို ဘာလို့ကျွန်မကို"
"ရှင်ယွန်းကို မကူညီဘူးအထင်နဲ့ရှင်ယွန်းရှင့်ကို ဒုက္ခပေးခဲ့မိပါတယ် တောင်းပန်ပါတယ်"
ထိုစဉ် ရန်နိုင် မှဝင်၍
"ဒါနဲ့မင်းက ဘာလို့ဒီထဲရောက်နေ "
"ဒီလိုပါ...... "
လွန်ခဲ့သော 10 နှစ်ခန့်က
"သမီး ရှင်ယွန်း ဖေဖေလေ သမီးမေမေ မရှိကတည်းက အထီးကျန်စွာနေလာခဲ့တယ် သမီးကိုလည်း ဖေဖေ မခံစားစေချင်ဘူး"
"ဖေဖေ ရယ် ရှင်ယွန်း ဒီဘဝမှာ နေသားကျနေပါပြီ ရှင်ယွန်း အတွက် အမေထပ်မလိုတော့ပါဘူး ဒါပေမယ့် ဖေဖေရယ် ဖေဖေ့ကို လေ ရှင်ယွန်း မခံစားစေချင်ဘူး ဖေဖေ နောက်အိမ်ထောင်ပြုချင်ပြုပါ ရှင်ယွန်း ခွင့်ပြုပါတယ်"
"သမီးရယ်"
နှစ်ရက်ခန့်အကြာ
"သမီးရေ သမီး လာပါဦးကွယ်"
"ဖေဖေ ရှင်ယွန်း ကိုဘာပြောမလို့လဲဟင်"
"သမီးသူ့နာမည်က နံ့သာအောင် ဒါသမီးရဲ့ မေမေအသစ်ပဲဒါ ဖေဖေ... "
"ဟုတ်ကဲ့ပါ ဖေဖေ့ အမျိုးသမီးမဟုတ်လား ပြီးတော့ ရှင်ယွန်း မှာမေမေတစ်ယောက်ပဲရှိတယ် ဒေါ်စံပယ်ခင် တဲ့ ဒေါ်နံ့သာအောင် မဟုတ်ဘူးဖေဖေပြောချင်တာ ဒါပဲမဟုတ်လား သမီးအပေါ်တက်တော့မယ်"
"ကိုကြီး ကိုကြီးပြောတော့ ကိုကြီးသမီးက ကြည်ဖြူပါတယ်ဆို "
"အေးပါကွာ ကိုကြီး ကြည့်ပြောပါမယ်"
"ပြီးတာပဲ နံ့သာအောင် တဲ့နော်"
"အေးပါကွာ အေးပါ"
"ဟင့် ဖေဖေကလည်း ယူလည်းယူတတ်ပ အသက်ကြီးကြီးလားမှတ်တယ် ငါနဲ့မတိမ်းမယိမ်း ငါသူ့ကိုဘယ်လိုကြည့်ရမှာတုန်း ဟိုမိန်းမကလည်း ဟာ... ရှုပ်တယ် မစဉ်းစားချင်တော့ဘူး"
နံ့သာအောင် ရဲ့ဇာတ်ရှုပ်ပေါ်လာပြန်ပါပြီ
"ဖေဖေ ရှင်ယွန်း အလုပ်သွားတော့မယ်နော်"
"အေးအေး သမီးဂရုစိုက်သွား"
"ဟယ်ကားကဘာဖြစ်တာပါလိမ့် ဟင်း... မြို့ပေါ်ရောက်ဖို့ ငါလမ်လျှောက်ရမှာပါလား"
"နံ့သာ ရေကိုကြီး အပြင်ခဏသွားမယ်နော်"
"ဟုတ်ကဲ့ပါကိုကြီးရဲ့"
"မမ"
"ဟယ် ဟိန်းဘယ်လိုရောက်လာတာလဲ"
"မမ ကိုတွေ့ချင်လို့ပေါ့ အရဲစွန့်ပြီးလာရတာ"
"ဟိန်း ရယ်ဒုက္ခပါပဲ"
"ဘာလဲ မမ ကငြိုငြင်တာလား"
"မဟုတ်ပါဘူး ဟိန်းရယ်"
"မမ ကလည်း"
"ဒါကဘာတွေဖြစ်နေတာလဲ"
"ကိုကြီး နံ့သာ ရှင်းပြမယ်နော်"
"ဘာမှလာရှင်းပြမနေနဲ့ ငါ့အိမ်ထဲမှာမှကွာ ဆင်းအခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်းသွား"
"မဟုတ်ပါဘူး ကိုကြီး ရယ် မဟုတ်ပါဘူး"
"မင်းကိုအခုချက်ချင်းဆင်းသွားလို့ပြောနေတယ်လေ"
"အဲဒါမင်းကြောင့်"
"မမ ကလည်းဗျာ"
"မဟုတ်လို့လား ဒီလို အဘိုးကြီးများငါ့ကို"
"မမ ကျွန်တော့် မှာလေ အောက်လမ်းဆရာအသိတစ်ယောက်ရှိတယ်"
"ဘာကိုလဲ"
"သူတို့သားအဖကို"
"အော် မင်းပြောချင်တာ ငါသိပြီ လုပ်လိုက်လေ"
တစ်ပတ်ခန့်ကြာပြီးနောက်
"မင်းအဆင်ပြေရဲ့လား သေချာရောပြင်ဆင်ခဲ့လား"
"ဒါပေါ့ မမ ရ"
"အေးအဆင်ပြေရင်လည်း လုပ်ငန်းစကြတာပေါ့"
"ဖေဖေ ရေ ဖေဖေ ဒီနေ့က Christmas နေ့နော်"
"ဟုတ်တယ် လေ သမီး ရဲ့ ဘာဖြစ်လို့လဲ"
"ရှင်ယွန်း ဒီနေ့ မေမေ့ အခန်းထဲမှာ အိပ်ချင်တယ်"
"သမီး..."
"လုပ်ပါဖေဖေရယ် ဒီနေ့တစ်နေ့ပါပဲ"
"အေးပါ သမီးရယ် အိပ်ချင်တယ်ဆိုအိပ်ပေါ့"
"ဟေး... ဒါမှတို့ဖေဖေကွ"
"သမီးက ကလေးကြနေတာပဲ သမီးဖေဖေအလုပ်ကိစ္စနဲ့ မြို့ပေါ်သွားရမယ်"
"ဟယ်ဘယ်တော့လဲ"
"အခုပဲ သမီး"
"ဒါဆို ရှင်ယွန်း တစ်ယောက်တည်းပေါ့"
"ဖေဖေမနက်ဖြန်ပြန်လာမှာပေါ့"
"ဟုတ်ကဲ့ပါဖေဖေရယ်"
"အေးအေး သွားသွား သမီးသွားအိပ်ချေတော့ ဖေဖေသွားတော့မယ်"
"ဟုတ် ဖေဖေ"
ဦးစိုင်းလူ တစ်ယောက်ကားမောင်းပြီးထွက်သွားခဲ့သည် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ နံ့သာအောင် တို့နဲ့ လမ်းမှာဆုံဖြစ်ခဲ့သည်
"အော်ဘယ်သူများလဲမှတ်တယ် ရှင်ပါလား ကွက်တိပဲ"
"မင်းတို့တွေ ငါ့ကိုဘာလုပ်ကြမလို့လဲ"
"ဘာမှမလုပ်ပါဘူးရှင်"
"မင်းတို့ကိုယ့်လမ်းကိုသွား..."
စကားပင်မဆုံးလိုက် အနောက်မှတုတ်နှင့်အချက်ပေါင်းများစွာရိုက်ချလိုက်သည်
"သူ သူ သူသေပြီလား"
"ဟုတ်တယ် မမ ကျွန်တော်အပြတ်ရှင်းလိုက်ပြီ"
"အေးကောင်းတယ် သူ့သမီးပါသတ်ပစ်မှ ငါအမွေတွေအကုန်ရမှာ သွားကြမယ်"
*ဒေါက် ဒေါက် ဒေါက် (တံခါးခေါက်သံ")*
"ဘယ်သူလဲ ဖေဖေများပြန်လာတာလား *ဟင်* ရှင်တို့တွေ"
"ဘာလို့လဲ သိပ်ကြောက်သွားလား"
"ရှင်တို့ဘာလာလုပ်တာလဲ"
"မင်းအဖေကိုသတ်ပြီးပြန်လာတာ"
"ရှင်"
"နားမလည်ဘူးထင်တယ် မင်းအဖေကိုသတ်ပြီးပြန်လာတာ အခုက မင်းအလှည့်"
"ရှင်တို့တွေ ရှင်တို့တွေ ရှင်ယွန်း ကိုဘာမှမလုပ်နဲ့နော်"
ပြောပြောဆိုဆိုနဲ့ ရှင်ယွန်း အပေါ်ထပ်သို့ထွက်ပြေးသည် ရှင်ယွန်း အခန်းအရောက် ဟိန်း ဆိုသောသူက အတင်းဖမ်းချုပ်သည် ရှင်ယွန်း ခုခံရင်း ဟိန်း တစ်ယောက်လှေကားပေါ်မှအကျ ဘဝဇာတ်သိမ်းခဲ့သည်
"နင်... နင်...နင်က ဟိန်း ကိုသတ်တယ်ပေါ့"
"မဟုတ်ပါဘူးရှင် သူ့ဘာသူပြုတ်ကျသွား.."
"တော်စမ်းနင်ဆက်မပြောနဲ့ နင့်က ငါ့အချစ်ရဆုံးယောက်ျားကိုသတ်တယ် နင့်ကိုငါပြန်သတ်မယ် နင့်ကိုငါပြန်သတ်မယ်"
"အား......"
ရှင်ယွန်း တစ်ယောက်ကြမ်းပြင်ပေါ်က သွေးအိုင်ထဲမှာ မေ့လျော့နေလေသည်
"ဆရာကြီး ကျွန်မ သူ့ကိုခွင့်မလွှတ်နိုင်ဘူး သူ့ဝိညာဉ်တစ်သက်လုံးပြန်မထွက်လာနိုင်အောင်လုပ်လိုက်ပါ"
"ကောင်းပါပြီ "
အောက်လမ်းဆရာကြီးမှ အနီးရှိ မီးငယ်တစ်ခုကိုယူပြီး ထိုမီးအိမ်ငယ်အတွင်းချုပ်နှောင်ထားလိုက်လေသည်
"မိန်းကလေးမင်းကိုအခုကစပြီးငါ ဒီ ဖန်မီးအိမ်ငယ် ထဲထည့်ထားခဲ့ပြီ တစ်စုံတစ်ယောက်သောမည်သူမဆို ထိုမီးအိမ်လေးအား ရေနံဆီထည့် မီးထွန်းချိန်တစ်ချိန်သာ လွတ်လပ်ပါစေရေနံဆီကုန်တာနှင့် ထိုမီးအိမ်ထဲအားပြန်ဝင်ပါစေ ဤကျိန်စာအားပျယ်စေရန်အတွက် တစ်စုံတစ်ယောက်သောမည်သူမဆို ဒီဇင်ဘာ 25 ရက်နေ့အရောက် မိန်းကလေးအတွက်ရည်စူးပြီးအမျှဝေမှလွတ်စေသတည်း သွားပေဦးတော့မိန်းကလေး"
"အဖြစ်အပျက်တွေအားလုံးကဒါပါပဲ"
"ဖြစ်မှဖြစ်ရလေ ရှင်ယွန်း ရယ်"
"ဒါကြောင့် အခုလာမယ့် ဒီဇင်ဘာ 25 မှာ ရှင်ယွန်းအတွက် ရည်စူးပြီးအမျှဝေပေးပါနော် ရှင်ယွန်း တောင်းဆိုတာပါ"
"မောင် မောင်ဘယ်လိုသဘောရလဲဟင်"
"ချယ်ရီ စိတ်ကြိုက်လုပ်ပါ"
"ဒါဆို ရှင်ယွန်း ကိုကူညီကြရအောင်နော်"
"လုပ်ပါရှင် ရှင်ယွန်း ကိုကူညီပါနော်"
"အင်းပါ ရှင်ယွန်း ရယ်စိတ်မပူနဲ့နော် ချယ်ရီ ကူညီပေးပါမယ်"
"အော် မောင် မောင်ဘာလို့ဒီအိမ်ကပြောင်းမယ်ပြောတာလဲဟင်"
"အလုပ်မှာ ပြဿနာပေါ်လို့ မောင် ဒေါသထွက်ထွက်နဲ့အလုပ်ထွက်လာခဲ့တာ"
"မောင် ရယ်ဒါများ"
1956 ခုနှစ် ဒီဇင်ဘာလ 25 ရက် ရှင်ယွန်း ပြောခဲ့သလိုအမျှအတန်းပေးဝေ သာဓုခေါ်နိုင်အောင် လုပ်ပေးခဲ့သတဲ့ အဲဒီနေ့ အဲဒီအချိန်ကစပြီး ရှင်ယွန်း တစ်ယောက် ပေါ်မလာပဲ ပျောက်ကွယ်သွားတော့သည်
"မောင် အခုဆိုရင် အရာအားလုံး အေးချမ်သွားပြီနော်"
"ဒါပေါ့ ချယ်ရီ ရဲ့"
အရာအားလုံး ပျော်ရွှင်ခဲ့ရပါပြီ
💞🙏စာဖတ်ပရိသတ်များအား အစဉ်လေးစားလျက်🙏💞
𝓗𝓷𝓲𝓷 𝓢𝓪𝓽 𝓟𝔀𝓲𝓷𝓽 𝓗𝓵𝓪𝓲𝓷𝓰 (EYU Philo)
21/06/2022
❄️☃️နှင်းပျောက်တဲ့ မိုး⛈️
မိုးမခ တစ်ယောက်ခြံထဲလမ်းလျှောက်နစဉ် အိမ်ထဲမှဝုန်းခနဲအသံကြားလိုက်ရသည်
"အိမ်ထဲကဘာသံပါလိမျ့"
အပြေးအလွှားဝင်ကြည့်ခဲ့ရာ
"အော် Candy ရယ်ဘာများဖြစ်သလဲလို့ စိတ်ကိုပူသွားတာပဲ မင်းကဆော့နေတာကို"
အိမ်မွေးကြောင်ကလေး Candy ဖြစ်နေသည်
"ညနေစောင်းနေပြီ Candy ရေ ရေချိုးကြရအောင်ပြီးရင် Candy ကြိုက်တတ်တဲ့ ငါးကြော်လေး မိုး ကြော်ထားတယ် ရေချိုးပြီးရင် စားရမယ်ကြားလား"
ရေမိုးချိုးပြီးခဏအကြာ မိုးမခ ၏မိခင် ဒေါ်မိုးကြည်ပြာ ပြန်ရောက်လာခဲ့သည်
"Candy ရေမေမေပြန်လာပြီထင်တယ် သွားကြိုကြရအောင်"
"သမီးလေး ရေချိုးပြီးပြီပေါ့"
"ဟုတျ မမေ"
"ငါ့သမီးလေးကတော်လိုက်တာ"
"ဟုတ် မေမေ ရေချိုးတော့လေ သမီးထမင်းပြင်ထားလိုက်မယ်"
"အေး သမီး"
"လာ Candy ထမင်းသွားပြင်ကြရအောင်"
ထမင်းစားပြီးခဏအကြာ ဒေါ်မိုးကြည်ပြာ ဘုရားရှိခိုးနေချိန် အမည်မသိဖုန်းတစ်ခု မိုး တို့အိမ်မှတယ်လီဖုန်းလေးဆီသို့ဝင်လာခဲ့သည် မိုး ကဖုန်းကောက်ကိုင်လိုက်သည်
"ဟဲလို ဘယ်သူလဲမသိဘူး"
"အခုပြောနေတာ ဒေါ်မိုးကြည်ပြာ လားမသိဘူး
"အော်ဟုတ် မေမေ ကလေ အခုဘုရားရှိခိုးနေလို့"
"ဒါဆိုနောက်မှကျွန်တော်ပြန်ဆက်လိုက်ပါမယ်"
"ဒါနဲ့ ဘယ်သူလို့ပြောလိုက်ရမလဲရှင်"
"ဟုတ်ကဲ့ဗျ ထူးခန့် လို့ပြောပေးပါ"
"ဟုတ်ကဲ့ပါရှင့်"
ဒေါ်မိုးကြည်ပြာ ဘုရားရှိခိုးပြီး ပြန်ဆင်းလာချိန်
"မေမေ ရေ မေမေ ဘုရားရှိခိုးနေတုန်း ကိုထူးခန့် ဆိုတဲ့သူဖုန်းဆက်တယ် "
"ဟုတလွား သမီး"
"ဟုတျ မမေ"
"ဘာပြောသေးလဲ"
"ဘာမှတော့မပြောဘူး နောက်မှပြန်ဆက်မယ်တဲ့"
"အေးအေး သမီးအိပ်တော့လေ နာက်ကျနေပြီ"
"ဟုတ် မေမေ လည်းအိပ်တော့နော် Good night"
"ဟဲလို မောင်ထူးခန့် လား ခုနကအန်တီ့သမီးလေ"
"ဟုတ် အန်တီ ကျွန်တော်သင်ပေးရမှာက"
"ဟုတ်တယ် ခုနကအန်တီ့သမီးကို သူကအခု 10 တန်းဆိုတော့ အရေးကြီးတယ်လေ"
"ဟုတ် အန်တီ ဟုတ်"
"မနက်ဖြန်လာပြီးအခြေအနေကြည့်ပေးပါဦး"
"ဟုတ် ကျွန်တော်မနက်ဖြန်လာခဲ့ပါမယ်"
မနက်ပိုင်းစောစော ထူးခန့်တစ်ယောက် မိုးမခ အိမ်သို့ရောက်ရှိနေသည် မိုးမခ တစ်ယောက်တော့မနိုးသေးချေ
"မင်္ဂလာပါ အန်တီ"
"အေးမင်္ဂလာပါကွယ် မောင်ထူးခန့် ကသာရောက်နေ သမီးကအခုထိမနိုးသေးဘူး လာအိမ်ထဲလာ မောင်ထူးခန့်"
"ဟုတ်ကဲ့ခင်ဗျာ့"
"မိလှိုင် ရေ မိလှိုင်"
"ဟုတ် မမကြီး"
"သွားနင့်မမလေးကိုသွားနှိုးချေ မမကြီးနှိုးခိုသ်းတယ်လို့ပြောလိုက်"
"ဟုတ်မမကြီး"
"အဲဒါပဲ မောင်ထူးခန့် ရေသမီးကအဲလို"
"မမလေး ရေ မမလေး"
"ဘယျသူလဲ"
"ကျွန်မပါ မမလေး"
"ဘာလုပ်မလို့လဲသမီးအိပ်ချင်လို့"
"မမကြီး ကနှိုးခိုင်းလိုက်လို့ပါ"
"မေမေ ကလား"
"ဟုတ် မမလေး"
"မေမေ ကဒီနေ့အလုပ်မသှားဘူးလား"
"ဟုတ် မမလေး"
"ဟုတ်ဟုတ် သမီးလာခဲ့မယ်"
"ဟုတ် မမလေး"
"မေမေကဘာလို့ဒီနေ့အလုပ်မသွားတာလဲ ထားပါမေမေခေါ်နေတာဆိုတော့မျက်နှာနောက်မှသစ်တော့မယ်"
"မမကြီး ကျွန်မနှိုးပြီးပါပြီ"
"အေးအေး လုပ်စရာရှိတာသွားလုပ်တော့"
မိုးတစ်ယောက်အိပ်ချင်မူးတူးဆံပင်စုတ်ဖွားလေးနဲ့ဆင်းလာသည်
"မေမေ သမီးကိုခေါ်ခိုင်းလို့ဆို"
"သမီးမျက်နှာမသစ်ရသေးဘူးလား"
"သမီးအိပ်ချင်သေးလို့ မေမေ"
ဘာခိုင်းမလို့လဲဟင်"
"သွားသွား မျက်နှာအရင်သွားသစ်ဒီမှာဧည့်သည်ရောက်နေတယ်လေ"
မိုးမခ မျက်လုံးလေးဖွင့်ကြည့်လိုက်မှ
"မေမေကလည်းစောစောကမပြောဘူး ရှက်လိုက်တာ"
ကပိုကရိုလေးနဲ့ အပြေးအလွှားအခန်းတွင်းသို့ပြေးဝင်သွားသည်
"ငါတော်တော် သရုပ်ပျက်နေတာလား ရှက်လိုက်တာ"
"သမီးကလည်း မျက်နှာသစ်တာကြာနေလိုက်တာ အားနာလိုက်တာ မောင်ထူးခန့် ရယ်"
"ရပါတယ် အန်တီ"
"မိလှိုင် ရေ မလှိုင်"
"ဟုတ် မမကြီး"
"နင့် မမလေး ကိုသွားခေါ်ဦး"
"ဟုတ်"
"မမလေး ရေ မမလေး မမကြီး ခေါ်နေတယ်မြန်မြန်လာပါတဲ့"
"ဟုတ်ဟုတ်လာခဲ့မယ် ရေချိုးနေလို့"
"လာပြီလား"
"ဟုတ် ရေချိုးနေလို့တဲ့"
"ဟဲ့ မိလှိုင် ဧည့်သည်ရှေ့မှာလေ"
"တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး"
"အေးအေး သွားအလုပ်သွားလုပ်တော့"
"ဟုတ်"
"ငါအပြင်ဘယ်လိုထွက်ရမလဲ ရှက်လို့သေတော့မှာပဲ"
"သမီးရေ မပြီးသေးဘူးလား"
"မေမေလား သမီးတံခါးဖွင့်ထားတယ်"
"သမီး အိမ်ရှေ့မှာ ဧည့်သည်ရောက်နေတယ်လေ"
"မေမေ သမီးမထွက်ရဲဘူး"
"ဘာလို့လဲ သမီးရဲ့"
"သမီးရှက်လို့"
"သမီးရယ်ဘာမှမဖြစ်ဘူးလာ"
"ဖြစ်ပါ့မလားမေမေရဲ့"
"ဖြစ်ပါတယ်သမီးရယ်"
"ဟုတမြမေ"
"မောင်ထူးခန့် ဒါအန်တီ့သမီးလေး မိုးမခ တဲ့"
ထူးခန့် တစ်ယောက် မိုးမခ အလှအောက်နစ်မျောသွားလေသည် ဖြစ်လည်းဖြစ်ချင်စရာ မြန်မာဆန်ဆန် ရင်ဖုံးအင်္ကျီ နဲ့လုံချည် ပိတုန်းရောင်ဆံကေသာ ကိုဖားလျားလေးချလျက် ပါးပေါ်သနပ်ခါးပါးကွက်လေး နှုတ်ခမ်းနီပါးပါးလေးဆိုးထားသောသူမ၏ မျက်နှာလေးကားချစ်စဖွယ်ပင်ဖြစ်နေတော့သည်
"မောင်ထူးခန့် မောင်ထူးခန့်"
ဒေါ်မိုးကြည်ပြာအတင်းခေါ်လေမှ
"ဗျာ အမေ"
"မောင်ထူးခန့် အန်တီ့ ကိုဘယ်လိုခေါ်လိုက်တယ်"
"တောင်းပန်ပါတယ် ကျွန်တော်ယောင်ပြီးပြောမိတာ"
"အေးပါကွယ် သမီး"
"ရှင် မေမေ"
"ဒါ မောင်ထူးခန့် တဲ့"
"ဟုတ် တွေ့ရတာဝမ်းသာပါတယ်ရှင့်"
ဟုဆိုကာ လက်ကလေးကမ်းပေးလိုက်သည် ထူးခန့် တစ်ယောက်ငေးကြည့်မိလျက်
"ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်"
ဆိုပြီးလက်ဆွဲနှုတ်ဆက်ကြလျက် မိုးရဲ့လက်ကလေးကနူးညံ့လိုက်တာ ထူးခန့် စိတ်ထဲရေရွတ်မိလျက်
"သမီး သူကဒီနေ့ကစပြီး သမီးကိုစာသင်ပေးမဲ့ဆရာပဲ"
"ရှင်.... "
"ဘာလို့လဲ မိုးမခ က ကျွန်တော်နဲ့စာမသင်ချင်လို့လား"
"မိုး ကအဲလိုပြောတာမဟုတ်ပါဘူး"
"သမီး ဘာမှမပြောနဲ့တော့ သမီးကဆယ်တန်းနော်အရေးကြီးတယ်"
ထူးခန့် အသိစိတ်ထဲ မိုး ကဆယ်တန်းဆိုသောအသိဖျက်ကနဲဝင်လာခဲ့သည်
"ဟုတ်ကဲ့ပါမေမေရဲ့"
"သွားစာအုပ်သွားယူချေ"
"အန်တီ မိုး ကကျောင်းမသွားဘူးလား"
"သမီးလေးကသိပ်သနားဖို့ကောင်းတယ်ကွဲ့ "
"ဘာဖြစ်လို့လဲအန်တီ"
"မနှစ်ကစာမေးပွဲဖြေဖို့ (၃) လလောက်အလိုကျောင်းကအပြန် အက်စီးဒင့် ဖြစ်ခဲ့တယ်"
"မိုး ဘာဖြစ်သွားသေးလဲ"
"သမီးက အဲတုန်းက လမ်းမလျှောက်နိုင်တော့ဘူးသူတော်တော်စိတ်ထိခိုက်ခဲ့တယ်စာလည်းမကျက်တော့ဘူး 2နှစ်လောက်ကြာခဲ့တယ် သမီးလေးလမ်းပြန်လျှောက်နိုင်တာသိပ်မကြာသေးဘူးအန်တီ့ကိုကျောင်းတက်ဖို့ပြန်ပြောတယ် အန်တီလေသမီးလေးကိုသိပ်သနားတယ်ပဲ ဒါကြောင့်သမီးလေးဆန္ဒလေးလည်းပြည့်အောင် အပြင်လည်းမသွားရအောင် မောင်ထူးခန့် ကိုအခုလိုအကူအညီတောင်းရတာပါ"
"ကြားရတာစိတ်မကောင်းလိုက်တာဗျာ"
"မေမေတို့ဘာတွေပြောနေကြတာလဲဟင်"
"ဘာမှမဟုတ်ပါဘူးသမီးလေးရယ်"
"မေမေ Candy လေးရော "
"မတွေ့မိဘူးသမီးရဲ့ ကဲစာသင်ကြဦး"
"ခဏလေးပါ မေမေရယ် သမီး Candy ကိုအရင်ရှာချင်တယ် ခဏလေးပါနော်"
မိုးမခ တစ်ယောက် Candy ရှာပုံတော်ဖွင့်နေသည်ထိုချိန် ထူးခန့် က
"အန်တီ Candy ဆိုတာက"
"သမီးလေးရဲ့ အချစ်တော်ကြောင်လေးလေ သူလမ်းမလျှောက်နိုင်ချိန်ကတည်းက မွေးထားတာသူ့အဖော်အဖြစ်ပေါ့ သူ့အတွက်ချိုမိန်စရာလေးမို့ Candy လို့ခေါ်တာပဲကြည့်တော့ သမီးကအစွဲအလမ်းသိပ်ကြီးတာ သူလိုချင်တာမရရင် စိတ်ကပျော့သွားရော အဲလိုဆို ဘာမှမလုပ်ဘာမှမစားတော့ဘူး စိတ်ထိခိုက်သွားရော နှလုံးရောဂါအခံကလည်းရှိတော့ အန်တီတို့က ပိုဂရုစိုက်ရတယ်"
"မေမေရယ် Candy လေးကဒေါ်ကြီးဆီမှာ"
"ဟုတ် လားသမီး ကဲစာသင်ကြဦး"
"ဟုတ် မေမေ"
"ကဲ မိုး က Eco လား Bio လား"
"မိုး က Eco "
"အကိုလည်း Eco ပဲ"
"ဟုတ်"
"အရင်ဆုံး ရူပဗေဒ စသင်မယ်နော်"
"ဟုတ်"ဒေါ်မိုးကြည်ပြာ အလုပ်နားရက်ရောက်လာသည်
"မောင်ထူးခန့် ရေသမီးလေးစာလိုက်နိုင်ရဲ့လား"
"ဟုတ် အန်တီ မိုး ကတော်ပါတယ်"
"အေးကွယ် မောင်ထူးခန့် ကပဲဂရုစိုက်ပေးပါဦး"
"ဟုတ်ကဲ့အန်တီ"
မိုးမခ 10တန်းဖြေမဲ့နောက်ဆုံးနေ့ရောက်လာ ထူးခန့် တစ်ယောက်ဝမ်းနည်းခြင်းများစွာနှင့်
"အော်...... မိုး ရယ်ခွဲရတော့မှာပါလား"
စိတ်ထဲရေရွတ်ရင်း မိုး စာမေးပွဲဖြေနေသောကျောင်းရှေ့ထိုင်စောင့်လျက်
"ကိုခန့်"
ညင်သာသောအသံလေးနှင့်
"မိုး..... မိုး စာမေးပွဲဖြေနိုင်ရဲ့လား"
"ဟုတ် ကိုခန့် ဖြေနိုင်တယ်"
"ကိုယ်တို့ တစ်ခုခုသွားစားကြရအောင်"
"ဟုတ်"
"မိုး "
"ဟုတ် ကိုခန့် ပြောလေ"
"မိုး မှာချစ်သူရှိလား"
"ဟာ ကိုခန့် ကလည်းဘာတွေပြောနေတာလဲ"
"ဒါဆို မရှိဘူးလား"
"ရှိစရာလား ကိုခန့် နော်ဘာတွေမေးလဲ"
"ကိုယ်ကသိချင်လို့ပါကွာ"
"သိပြီးဘာလုပ်မှာလည်း"
"ရည်းစားစကားပြောမလို့"
"ဟာ..... ကိုခန့် နော်"
"မရဘူးလား"
"မသိပါဘူး မေမေဆူလိမ့်မယ်"
"သီချင်းလား"
"ပြောတတ်လိုက်တာနော်"
"ကိုယ်ကလူကြီးလေ ပြောတတ်တာပေါ့"
"ဟင့်.... လူလည်ကြီး"
"ပြောပါ"
"အောင်စာရင်းထွက်ရင် အဖြေပေးမယ်လေ"
"တကယ်ပြောတာလား မိုး"
"မိုး ကမလိမ်ပါဘူး"
"အင်းပါ"
(၃) လခန့်ကြာသော်
"အန်တီ မိုး ရှိလား"
"အေးရှိတယ်ကွယ့် သမီးရေ သမီး"
"သမီးလာပါပြီ မေမေရဲ့ ကိုခန့် ကိုစောင့်နေတာ"
"မိုး အောင်စာရင်းသွားကြည့်မယ်လေ"
"ဟုတ် မိုး ရင်တွေတုန်လိုက်တာ"
"မိုး ကလည်းအရမ်းစိတ်မပူပါနဲ့ နှလုံးရောဂါပြန်ထလာဦးမယ် မိုး ယုံတယ်မလား"
"ဟုတ် မိုး ယုံတယ်"
"လာပါ မိုး ရယ်ကျောင်းထဲသွားကြည့်ရအောင်"
"ဟုတ်"
"မိုး အဆင်ပြေရဲ့လား"
"ပြေပါတယ် ကိုခန့် "
"မိုး နာမည်တွေ့လား"
"မိုး..... မိုး မတွေ့ဘူး ကိုခန့်"
"သေချာကြည့်ပါဦး မိုး ရယ်"
"သေချာတယ် ကိုခန့် မိုး နာမည်မတွေ့ဘူး"
"မိုး ရယ်ဒီနှစ်မအောင်လည်း နောက်နှစ်ပေါ့"
"အင်းပါ မိုး လေ မိုး ဝမ်းနည်းရတယ်"
"မိုး ရယ် မိုး နားမှာလေ ကိုခန့် တစ်သက်လုံးရှိနေပါတယ်"
"ကိုခန့်"
နာမည်လေးခေါ်ရင်း ထူးခန့် ရင်ခွင်အတွင်း၌ငိုနေရှာသည်
"မိုး"
"ရှင် ကိုခန့် ပြောလေ"
"မိုး ကိုယ့်ကိုမချစ်ဘူးလား"
"ကိုခန့် ရယ် မိုး မှစာမေးပွဲမအောင်တာ"
"မလိုပါဘူးကွာ ကိုယ့်နားမှာ မိုး ထာဝရရှိနေပေးရင်ရပြီ"
"ကိုခန့် ရယ်"
"ပြောပါ မိုး ကိုယ့်ကိုချစ်တယ်မဟုတ်လား"
"မိုး လေ"
"မချစ်နိုင်ဘူးလား"
"မိုး ကိုခန့် ကိုချစ်ပါတယ်ဒါပေမယ့်"
"ရပါတယ် မိုး ကိုယ့်ကိုချစ်ရင်ရပြီကျန်တာမလိုဘူး"
"မိုး ကလေ မိုး ကိုခန့် ကိုချစ်လို့မရဘူး"
"မိုး မှာရည်ရွယ်ထားသူရှိလို့လား"
"မရှိပါဘူး မိုး ကိုခန့် ကိုချစ်လို့မရလို့ပါ"
"ဘာဖြစ်လို့လဲ"
"မိုး လေ"
"သမီး"
"မေမေ"
"အန်တီ မင်္ဂလာပါ"
"အေးကွယ် သမီးအိမ်ထဲဝင်တော့လေ"
"ဟုတ် မေမေ ဟုတ်"
"မောင်ထူးခန့် အလုပ်မရှိရင်လည်းပြန်တော့လေကွယ်"
"ဟုတ်အန်တီ"
"ဟဲ့ ဟိုမှာ ဘယ်သူလဲ တစ်ယောက်တည်းစကားတွေပြောနေတာ"
"အေးဟဲ့ ဘယ်သူလဲမသိဘူး"
"ဒီမှာ ဒီမှာ ရှင်ဘယ်သူနဲ့စကားပြောနေတာလဲ"
"မင်းတို့ကဘယ်သူတွေလည်း"
"ကျွန်မတို့ကဒီနားကရပ်ကွက်ကပါ ရှင်ဒီမှာဘာလုပ်နေတာလဲ"
"အော်ဟုတ်ကျွန်တော်ဒီအိမ်က မိုးမခ ဆိုတဲ့ကောင်မလေးကိုစာသင်ပေးနေတာပါ"
""ရှင်""
"ဘာများဖြစ်လို့လဲ"
"ရှင်မသိဘူးလား"
"ကျွန်တော်ကဘာကိုသိရမှာလည်းဗျ"
"ဒီအိမ်ကလူတွေအကြောင်းလေ"
"ဘာဖြစ်လို့လဲဗျ"
"ပြောရင်းတောင်ကျက်သီးထလာပြီ"
"ပြောပါခင်ဗျ"
"ဒီအိမ်ကလေ...."
"ဟဲ့ကောင်မတွေနင်တို့ဘာလာလုပ်တာလဲ"
""အမလေး....သရဲကယ်ကြပါဦး""
သရဲဆိုပါလား ထူးခန့် စိတ်ထဲမရေရာမသေချာခြင်းများစွာ
"ကဲမင်းလည်းပြန်တော့"
"ဟုတ်ကဲ့"
"အမလေးမောလိုက်တာအေ ပြေးလာရတာတော်သေးလို့ပေါ့"
"ဟင် ခုနကကောင်မလေးနှစ်ယောက်ပါလား ညီမလေးတို့"
""အမလေး""
"ဘာလို့လန့်သွားတာလည်း ကျွန်တော်သိချင်တာလေးရှိလို့ပါ"
"ဘာများ လဲ"
"ခုနက သရဲဆိုပြီးအော်သွားတာလား"
"ကျွန်မတို့ကိုမမေးပါနဲ့ ကြောက်လို့ပါ"
"ကျွန်တော်သိချင်နေလို့ပါဖြေပေးပါ"
"ရှင်ကသိချင်တော့လည်းကျွန်မတို့ပြောပြပါမယ် ဒီလိုပါ လွန်ခဲ့တဲ့ (၃) နှစ်ကျော်လောက်က အဲဒီအိမ်မှာမိုးမခ ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ် 10 တန်းစာမေးပွဲနောက်ဆုံးနေ့ဖြေပြီးအပြန် လမ်းမှာကားအက်စီးဒင့် ဖြစ်တယ် နေရာမှာတင်ပဲ ဆုံးသွားတယ်"
"ဗျာ"
"ဟုတ်တယ် အဲဒီစိတ်နဲ့ပဲ ဒေါ်မိုးကြည်ပြာ ရူးသွားခဲ့တယ်"
"အစကတော့ ဒေါ်မိုးကြည်ပြာ သွေးရူးသွေးတန် ပြောတာထင်နေတာ မိုးမခ ကိုတွေ့တယ်ဘာညာပေါ့ တကယ်တမ်းကျ ကျွန်မတို့လည်း မိုးမခ ကိုတွေ့လိုက်ရတယ် "
"မိုး ကဘာဖြစ်လို့ငားအက်စီးဒင့်ဖြစ်တာလဲ"
"သူတစ်ယောက်တည်းတင်မဟုတ်ဘူး အိမ်အကူအန်တီကြီးပါပါတယ်"
"ဘယ်လို"
"ဟုတ်တယ် အဲနေ့က သူ့အမေမအားလို့အိမ်အကူအန်တီကြီးကိုသွားကြိုခိုင်းတယ် သူ့အချစ်တော် ကြောင်ကလေးရောပေါ့ ဖြစ်ချင်တော့ကြောင်လေးက ကားလမ်းမပေါ်တက်ပြေးတာ မိုးမခ ကအရမ်းချစ်တော့ကြောင်လေးကိုလိုက်ဖမ်း အိမ်အကူအန်တီကြီးကလည်း မိုးမခ နောက်ကလိုက်ရင်း ကားတိုက်ခံရတာ ကြောင်လေးအသက်ကိုကယ်လိုက်နိုင်ပေမဲ့ မိုးမခ တော့အသက်မဲ့သွားရရှာတယ်"
"မိုး ရယ်"
"ဒါပါပဲရှင်သိချင်တာ"
"ကျေးဇူးတင်ပါတယ်ဗျာ အခုလိုပြောပေးလို့"
"ရပါတယ်"
တကယ်တော့ မိုး ဟာ လူမဟုတ်တဲ့ သူချစ်တဲ့သူတွေနဲ့ ထိတွေ့ခွင့်ရနေတဲ့ မကျွတ်မလွတ်သေးတဲ့ သနားစရာဝိညာဉ်မလေးပါ
နောက်တစ်နေ့ ထူးခန့် တစ်ယောက် မိုးမခ အုတ်ဂူဘေးမှာဝမ်းနည်းစွာရပ်လျက်
"မိုး ရယ်အခုဘဝမှာကိုယ်တို့မဆုံနိုင်တော့ပေမယ့် နောက်ဘဝဆိုတာရှိလာရင် မိုး နဲ့အတူပြန်ဆုံပါရစေကွာ"
ရင်တွင်းစို့နစ်ခဲ့လေပြီ မိုး ရယ်
အစဉ်ထာဝရလေးစားလျက်
𝑯𝒏𝒊𝒏 𝑺𝒂𝒕 𝑷𝒘𝒊𝒏𝒕 𝑯𝒍𝒂𝒊𝒏𝒈 (EYU Philo)