Hnin Phyo Thanthar Htun

Hnin Phyo Thanthar Htun

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin Phyo Thanthar Htun, College & University, Yangon.

25/06/2022

"ပါးပြင်ထက်က သွေးမျက်ရည်"

"မေဇီ ကိုကို​လေ မေဇီ့ကို​ ပြောစရာရှိတယ်"​
"ဟုတ်​... ပြောလေ ကိုကို​ ရဲ့"​
"အင်း.. မေဇီ​ ဆယ်တန်းဖြေနိုင်လား"​
"ဒါပေါ့ ကိုကို​ ရ​ မေဇီ့​ မှာ​ အရမ်း​တော်​တဲ့​ ကိုကို​ ရှိတယ်လေ"​
"ဟုတ်​လား​ ဘယ်သူလဲ အဲ​ ကိုကို​ က"​
"ဟောဒီက ကိုကို​ကျော်ပေါ့"
"​မေဇီ​ ကလည်းကွာ"

(3)လခန့်ကြာသော်
"ဟား:::ငါအောင်ပြီ​ ဟေး..မေဇီ​ နင်အောင်လား"
"​အေး.. ငါအောင်တယ်​ ငအောင် ရ"
"​အေးပါ.... "
"မဇေီ"
"​ဟင်... ကိုကို"
"​ဒီမှာ​ဘာလုပ်​နေတာလဲ​"
"​အဲဒါက... ဟို... လေ... "
"​လာ​ ကိုကို​ နဲ့​အိမ်ပြန်​လိုက်ခဲ့"
"​ကိုကို​ ကလည်း"
"​လာပါဆိုမှကွာ မြန်မြန်​လာ"​
"အား.... ကိုကို​ လက်ကိုလွှတ်ပါ နာတယ်"
"​မေဇီ​ ကိုကို​ မေဇီ့​ ကို​ရှင်းရှင်း​ပဲ​ပြော​မယ်​ ကိုကို​ မေဇီ့​ ကို​အရမ်းချစ်တယ်​ကွာ"​
"​ကိုကို..... "
"​ဟုတ်တယ်​ မေဇီ​ ကိုကို​ လေ​ မေဇီ့​ ကို​ချစ်နေတာကြာပြီ"
"ဒါဆို"
"​ဟုတ်တယ်​ မေဇီ​ ကိုကို့ ကိုယ်​ ပြန်ချစ်မယ်မလား"​
"​ဒါကတော့​ ကိုကို​ ရယ်"
"​ဘာလို့လဲ​ ကိုကို့​ ကိုယ်​ပြန်မချစ်နိုင်ဘူးလား"
"​မဟုတ်ပါဘူး​ ကိုကို​ ရယ်"
"​ဒါဆိုဘာလို့လဲ"
"​ကိုကို​ ဖွင့်ပြောတာနောက်ကျနေလို့လေ"
"​ဒါဆို​ မေဇီ​ က​ ကိုကို့ ကိုယ်​"
"​ပြောဖို့လိုသေးလို့လား ကိုကို​ ရယ်"
"​ဝမ်းသာလိုက်တာ မေဇီ​ ရယ်"

(4)နှစ်​ခန့်​ကြာ​သော်
"​မေဇီ​ ကိုကို​ တို့​ဘယ်တော့​လက်ထပ်​ကြမှာလဲ"
"​ဖြေးဖြေးပေါ့ ကိုကို​ ရယ်"
"​မေဇီ​ ကလည်းကွာ​"
"​အော်... ဒါနဲ့​ ကိုကို​ မနက်ဖြန်ကြရင် မေဇီ့​ သူငယ်ချင်းရဲ့အမစင်ကာပူကပြန်လာမယ်တဲ့"
"​အော်... အင်း"
"​အဲဒါ​ဒီမှာ​အိမ်​မရှိ​တော့​ မေဇီ​ ခေါ်​ထားရမယ်"
"အင်း"
"ကိုကို​ မနက်ဖြန်ကြရင်​ မေဇီ​ နဲ့​အတူတူ​လေယာဥ်​ကွင်း​လိုက်ခဲ့နော်"
"​အင်း.. ကိုကို​ လိုက်ပို့ပေးမယ်"

"​ဟော.... ဟိုး.. မှာ​ မမရွှရည်"
"သူလား"
"​အင်း.. ဟုတ်တယ်​ ကိုကို​ မမရွှေရည် လာဒီကိုလာ"
"​မေဇီ​ အရမ်းလှလာပါလား"
"​ဟာ.. မဟုတ်​တာ​"
"​တကယ်ဆို"
"​မမ​ ကိုမုန့်ဝယ်ကျွေးမယ်"
"​ဟုတ်​ပါပြီ​ရှင်​"
"​မမ​ ဒါ​ ကိုမြတ်ကျော် တဲ့​"
"​တွေ့ရတာဝမ်းသာပါတယ် ကျွန်မနာမည် ဆူးရွှေရည် ပါ"
"​ကျွန်တော်​လည်း​တွေ့​ရတာ​ဝမ်းသာ​ပါတယ်​"

အချင်ချင်းလက်ဆွဲနှုတ်ဆက်လျက် ထိုစဉ်​ မေဇီ​ ​တစ်ယောက်​ ရွှေရည် အကြည့်တွေကိုအကဲခတ်မိနေသည်

"အော်... မမ​ ဒါ​ မေဇီ့​ ရဲ့"
"​မေဇီ​ မမ​ ခေါင်းနည်းနည်းမူးလာလို့ အိမ်ပြန်​လို့​ရမလား​ကွယ်"
"​အာ... ဟုတ်ပြီလေ ပြန်ကြတာပေါ့"
"​သူကဘာလုပ်ဖို့ အိမ်လိုက်လာတာလဲ မေဇီ​"
"​ကိုကို​ ကို​ မေမေ ငယ်ငယ်​လေး​ကတည်းက​စောင့်ရှောက်ခဲ့တာလေ အဲဒါ"​
"တစ်အိမ်တည်းအတူတူနေကြတာပေါ့"​
"​ဟုတ်တယ်​ မမ​ ရဲ့​"
"​မေဇီ​ ကိုကို​ အလုပ်သွားတော့မယ် ဂရုစိုက်​နော်​"
"​အင်း​ပါ... ကိုကို​ ရဲ့​"
"​မေဇီ​ ဒီကိုလာပါဦး​ မမ မေးစရာလေးရှိလို့​"
"​ဘာမေးမလို့လဲ မမ"
"​မြတ် က​ဘာအလုပ်လုပ်တာလဲ"
"​မမ​ ကဘာလို့မေးတာလဲဟင်"
"​အော်.... အေး... ဒီလို​ပါပဲ​ ဒီတုင်းသိချင်တာ"
"​ကိုကို​ က​အင်ဂျင်နီယာလေ ဆောက်လုပ်​ရေး​မှာဝင်လုပ်နေတယ်လေ"
"​ဒါဆို​ မြတ်​ ကသိပ်တော်တာပဲနော်"
"ဒါပေါ့​ မမ​ ရ"

ဖြေသာဖြေနေရပေမယ့်​ မေဇီ့​ စိတ်ထဲသံသယပေါင်းများစွာနှင့်​ နောက်တစ်နေ့

"​မေဇီ​ ကိုကို​ အလုပ်သွားတော့မယ်"
"​ဟုတ်ကဲ့​ ကိုကို​"
"​မြတ်"
"​အော်.. မမရွှေရည် ပြောလေ"
"​ဒီနေ့​ ရွှေရည်​ မြတ်​ တို့အလုပ်ထဲလိုက်လို့ရမလား"
"​မမရွှေရည်​ ကဘာလုပ်မလို့လဲဗျ"
"အော်... ဒီလို​ပါပဲ​ ဒီတိုင်းလိုက်ချင်တာ"​
"မဇေီ ကိုကို"
"ရပါတယ်​ ကိုကို​ ရယ်​ခေါ်သွားလိုက်ပါ"
"​ဒါဆိုလည်း​ကားပေါ်​တက်​ပါ​"
"​ကျေးဇူး​နော်"​
"​အော်.. ဒါနဲ့​ မြတ်​ မှာချစ်သူရှိလား"
"​ဗျာ... ကျွန်တော်​လား​"
"​အင်း"
"​ဟုတ်​ကျွန်တော့်မှာချစ်သူ.... "
"​ရှိတယ်​ပေါ့​"
"​ဟုတ်​ရှိ​ပါတယ်"
"​ဘယ်သူလဲ​"
"မဇေီ ပါ"
"​ဘာပြောလိုက်တာ မေဇီ​ ဟုတ်လား"
"​ဟုတ်ပါတယ်​ဗျ​ဘာဖြစ်လို့လဲ"
"​ဘာမှမဟုတ်ပါဘူး သိချင်လို့မေးလိုက်တာ"
"​အော်... ရပါတယ်ဗျ"

"​မမရွှေရည်​ ရဲ့​အ​ကြည့်​တွေ​ကအရမ်းထူးဆန်းတာပဲ ငါပဲသဝန်တိုနေတာလား အိုး.... မမရွှေရည်​ ဒီလောက်​တော့​ ဟာ... မဖြစ်နိုင်ပါဘူး"
"မဇေီ"
"​ကိုကို"
"​ဘာတွေ​ဒီလောက်​စဉ်းစား​နေတာ​လဲ"
"​ဘာမှမဟုတ်ပါဘူး​ ကိုကို​ ရယ်ဒီလိုပါပဲ"
"​အင်း.. ကိုကို​ ရေသွားချိုးတော့မယ်"
"​ဟုတ်​ ကိုကို"
"မဇေီ ရေ မမ ဆီခဏလောကျလာပါဦး"
"​ဘာဖြစ်လို့လဲ​ မမ"
"​မင်း​က​ မြတ်ကျော် ကို​သိပ်​ချစ်​တာပဲ​လား​"
"​ဘယ်လိုမေးလိုက်တာလဲ မမ​ ရယ်​သိပ်ချစ်တာပေါ့"
"​အကယ်၍သာ​မင်း​ဆီ​က​ မြတ်​ ကိုတခြားတစ်ယောက်ကလုယူသွားမယ်ဆိုရင် မင်းဘယ်လိုနေမလဲ"
"​မမ​ ရယ်ဘာလို့ဒီမေးခွန်းမျိုးမေးရတာလဲ"
"​ဖြေပါ"
"​မေဇီ​ ကိုကို့ ကို​အဆုံး​ရှုံး​မခံ​နိုင်​ဘူး​ မေဇီ​ မမ​ မေးတဲ့မေးခွန်းနဲ့တင် တကယ်ခံစားနေရပါတယ် မေဇီ့​ ကို​ထပ်​မမေး​ပါနဲ့​တော့​နော်​"
"​အေးလေ မမေး​နဲ့​ဆို​မမေးတော့ပါဘူး"
"​မေဇီ​ လေအရမ်းပင်ပန်းနေလို့နားတော့မယ်နော်​"
"​မေဇီ​ ရယ်​မင်း​မလိုချင်တဲ့နေ့ရက်တွေဆီ မကြာခင်ရောက်တော့မှာပါ"
"​မမရွေရည်​ ဘာ​ရည်ရွယ်​ချက်​ရှိလို့​ဒါမျိုးမေးရတာလဲ ဟူး... စိတ်မောလိုက်တာ"

မေဇီ​ တစ်ယောက်​သံသယ​ပြည့်နှက်နေပါသည် မနက်​မိုးလင်း​တာနဲ့​
"​ဒေါက်... ဒေါက်... ဒေါက်... "
"မဇေီ ရေ မဇေီ"
"​ဘာဖြစ်လို့လဲ​ မမ"
"ဒီနေ့​ မမ​ အပြင်သွားမလို့​ မေဇီ​ လိုက်ခဲ့ပါလား"
"မမ​ ကဘယ်သွားမှာလဲ"
"​စိတ်အပန်းပြေရအောင် ပြင်ဦးလွင်ကခြံ( )​ကမမအိမ်ကိုသွားကြမယ်လေ"
"​အာ... ဟုတ်ကဲ့​ မေဇီ​ တို့​နှစ်ယောက်​တည်း​လား"​
"အင်း... ဟုတ်တယ်​နှစ်ယောက်​တည်း​"
"​အော်... ဟုတ်​"

"တောထဲမှာ​ မမ​ တို့​အိမ်​ရှိတယ်​"
"​မမ​ က​အဲဒီ​အိမ်​မှာ​ဘာလို့​မနေတာလဲ"
"အဲ.. ဒါက"
တော်တော်​ကြာ​စဉ်းစား​ပြီး​နောက်​

"​အရမ်း​ဝေး​တယ်​လေ​ မေဇီ​ ရဲ့​"
"​အော်... "

(2)နာရီ​ကြာ​ပြီး​နောက်​
"​ကဲရောက်ပြီ မေဇီ​"
"​အိမ်က​အကြီးကြီးပဲနော်"
"​အင်း​ ဟုတ်တယ်​"
"​မမ​ ဒီ​အိမ်က​အရမ်းလှတာပဲနော် ဉယျာဉ်လေးရယ် သစ်ပင်လေးတွေနဲ့ သိပ်လှတာပဲ"
"​မမ​ တို့​အိမ်ထဲ​သွားကြမယ်လေ"​
"ရှင်​.. အော်​ဟုတ်"​

​ 25.12.1990​ ထိုနေ့က မိုးသည်းထန်နေသည် လျှပ်စီးကလက် မိုးကခြိမ်း မီးအိမ်လေးသာရှိသော ထိုအိမ်လေးမှာ စိတ်ခြောက်ခြားဖွယ်ရာဖြစ်နေသည် ဆူးရွှေရည်​ တစ်ယောက်​အိမ်က​ရှိ​သမျှ​ တံခါး​တိုင်းလိုက်ပိတ်နေလေသည်
"​မမ​ အိပ်ကြမယ်လေ"
"မေဇီ​ မင်း​ မြတ်ကျော်​ ဆီကထွက်သွားလိုက်ပါ"
"​မမ​ ဘယ်လိုပြောလိုက်တာလဲ"​
"ဟုတ်တယ်​ တို့​ မြတ်ကျော်​ ကို​ချစ်မိနေပြီ"​
"မမ​ ရယ်​ မေဇီ့​ ကို​လေ​အဲဒီ​လို​မနောက်​ပါနဲ့​နော်"​
"တို့​နောက်​နေတာ​မဟုတ်ဘူး"​
"မမ​ ရယ်​ မေဇီ​ တောင်းပန်ပါတယ်နော်"​
"မင်း​ မြတ်ကျော်​ ကို​စွန့်​လွှတ်​မလား​ မင်းရဲ့ဘဝကို​ စွန့်​လွှတ်​မလား"
"​မမ​ မေဇီ့​ ကို​ချမ်းသာပေးပါနော် မေဇီ​ တောင်းပန်နေတာပါ မမ"
"​ဒါဆို​ရှင်း​ရှင်း​လေးပဲလေ မင်းသူ့ကို စွန့်လွှတ်​လိုက်"
"မေဇီ​ ကိုကို့​ ကို​သိပ်ချစ်​တယ်​ မေဇီ​ ကိုကို့​ ကို​လုံးဝ​မစွန့်လွှတ်နိုင်ဘူး"
"​မေဇီ​ မင်းကိုငါကောင်းကောင်းပြောနေတယ်နော်"
"​မေဇီ​ တောင်းပန်ပါတယ်"
"​မင်းသိပ်ပြောရပါလား တို့​ မြတ်ကျော်​ ကို​ပိုင်ဆိုင်​ရဖို့အတွက် ဘာမဆိုလုပ်နိုင်တယ်​ အေးလူသတ်သင့်ရင်လည်း​ငါသတ်ရလိမ့်မယ်"
"​မမ​ မမ​ စိတ်ထိန်းပါနော် မဖြစ်သင့်တာတွေမဖြစ်အောင် မမ​ စိတ်ကို​ထိန်းပါနော် မေဇီ​ ရှိခိုးပါတယ်"
"​မလိုချင်ဘူး မင်းသူ့ကိုစွန့်လွှတ်လိုက်"
"မစွန့်လွှတ်နိုင်ဘူး မေဇီ​ ကိုကို့​ ကို​အရမ်းချစ်​တယ်​"
"​ဒီလောက်တောင်ပြောရခက်တဲ့မိန်းမ​ နင်သေတာပဲကောင်းတယ်"
"​မမ​ မလုပ်ပါနဲ့နော် မေဇီ​ တောင်းပန်ပါတယ်"

ပြော​ပြော​ဆို​ဆို​နဲ့​ ဆူးရွှေရည်​ တစ်ယောက်​မီးဖို​ချောင်​ထဲ​ဝင်​သွား​ကာ​ ဓား​ကိုင်ထွက်လာခဲ့သည်

"​မမ​ အဲဒီ​ဓား​လက်ထဲကချလိုက်ပါနော် မေဇီ​ ကြောက်လို့ပါ"
"​မင်းက​ပြောမရဘူးလေ"
"​တောင်းပန်ပါတယ်နော်​"
"​မင်းမသေချင်ရင် သူ့ကို​စွန့်လွှတ်​လိုက်​"
"​မေဇီ​ သေတာတောင်မစွန့်လွှတ်နိုင်ဘူး"
"ဟုတ်လား​ ဒါဆိုလည်း​သေရမှာပေါ့"
"မ..၊?"

မေဇီ့​ စကားမဆုံးလိုက်ခင်မှာပဲ ဆူးရွှေရည်​ တစ်ယောက်​လက်ထဲကဓားနှင့် ခုတ်ပစ်လိုက်လေပြီ

"​မေဇီ​ နင်က​ဒါနဲ့​ပဲ​တန်​တယ်​ နင်နေရစ်ခဲ့ပေတော့"

မေဇီ​ သတိ​လစ်​နေချိန်​မှာ​ ဆူးရွှေရည်​ တစ်ယောက်​ကားကိုအရှိန်ပြင်းစွာမောင်းနှင်ပြီးပြန်လာခဲ့လေပြီ
ထိုအချိန် မှာ​ပဲ​ မေဇီ​ သတိ​ပြန်ရ​လာသည်​ ဓား​ဒဏ်ရာ​တွေ​ကြောင့်​ မေဇီ​ အရမ်း​နာကျင်​နေသည်

"လူယုတ်မာ အား... ငါ့ကို​သေအောင်သတ်တဲ့ မိန်းမ​ အား... ငါ​ကလဲ့စားပြန်ချေပြမယ်"

ပြောပြော​ဆို​ဆို​နဲ့​ အနီးနားရှိဓားအား​ မရမကလှမ်းယူကာ ကိုယ့်ပါးကိုလှီးရင်းထွက်ပေါ်လာသောသွေးများနှင့် ကျန်စာဆိုခဲ့သည်

"ငါ့ကိုသေအောင်သတ်တဲ့ မိန်းမ​နင့်ကို​ငါဒီတစ်သက်မကျေဘူး ငါနာကျင်လိုနင်အဆပေါင်းများစွာနာကျင်စေရမယ် ငါခံစားရလို နင်အဆပေါင်းများစွာ ခံစားစေရမယ်​ ဒီအိမ်ကိုပြန်လာတဲ့တစ်နေ့ နင်​ပြန်ပြီးသေဆုံးစေရမယ်​"

ထိုသို့ပြောပြီး မေဇီ​ တစ်ယောက်​သွေး​ပင်လယ်​ထဲ​ သေဆုံး​သွားခဲ့လေပြီ
"​မမရွှေရည်​ မေဇီ့​ ကို​တွေ့မိသေးလား"
"အင်း​ တွေ့တယ် သူက​ မြတ်​ ကိုဒီစာလေးပေးပေးပါတဲ့"
"​ဘာများလဲ"
"​ဖတ်ကြည့်ပေါ့"

"​ကိုကို​ မေဇီ​ ဒီအတောအတွင်း ကိုကို့ ကြောင့်​ပျော်ရွှင်​ခဲ့ရ​ပါတယ်​ ကိုကို့​ ကို​လိမ်​ခဲ့မိလို့လဲ တောင်းပန်ပါတယ်
မေဇီ့​ မှာလက်ထပ်ရမဲ့သူရှိတယ် ဒါကြောင့်သူနဲ့ဘဝတစ်ခုတည်ထောင်ဖို့​အတွက်​ မေဇီ​ ထွက်သွားပါပြီ
မဇေီ"
"​တကယ်ပဲလား မေဇီ​ ရယ်"
"​မေဇီ​ မမ​ ကိုတစ်ခါပြောဖူးတယ် သူလက်ထပ်ရမဲ့သူရှိတယ်တဲ့"
"​ရက်စက်လိုက်တာ မေဇီ​ ရာ"

မြတ်ကျော် တစ်ယောက်​ ဆူးရွှေရည် ရဲ့​အလိမ်အညာအောက်ရောက်ရှိခဲ့လေသည်

"​အားမငယ်ပါနဲ့ မြတ်​ ရယ်​ မမ​ ရှိပါသေးတယ်"
"​မေဇီ​ ဒီလောက်​ရက်စက်လိမ့်မယ် မထင်ခဲ့ဘူး သူလုပ်ရက်တယ်ဗျာ"
"​မင်းသူ့ကို စိတ်ထဲကထုတ်ပစ်လိုက်စမ်းပါ"
"​ကျွန်တော်​ သူ့ကို​သိပ်ချစ်ခဲ့တယ် ကျွန်တော်​အရမ်းခံစားရတယ်ဗျာ"
"မမ​ ရှိပါတယ်​ကွယ်"
"ကျွန်တော်​လေ..."
"မမ​ မင်းကို​လက်ထပ်ချင်တယ်"
"​ဗျာ... မမ​ လာနောက်နေတာလား​ အခုချိန်မှာ... "
"​မမ​ သိတာပေါ့​ မြတ်​ အားငယ်နေမယ်ဆိုတာလည်းသိပါတယ် ဒါကြောင့်​ မြတ်​ ကိုနှစ်သိမ့်နေတာပါ"
"​ကျွန်တော်... "
"စဉ်းစား​ပါ​ အချိန်​လိုမှာပေါ့"​

(11)လခန့်ကြာသော်

"ဘယ်လို​လဲ​ မြတ်​ စဉ်းစား​တာ"
"ကျွန်တော်​တော်တော်​ခံစားခဲ့ရပြီးပြီ ကျွန်တော်​ပျော်ရွှင်​ချင်နေပြီ"
"ဒါဆို"
"ကျွန်တော်​ မမ​ ကိုလက်ထပ်ပါမယ်"
"မြတ်​ တကယ်ပြောနေတာလား"
"ဟုတ်တယ်​ မမ"
"ဒါဆို​ မမ​ ပျော်​ရတော့​မှာ​ပေါ့"
""​ဟား...ဟား...""

"မမ​ ကျွန်တော်​တို့...."
"ကျွန်တော်​လို့​မပြော​ပါနဲ့"
"ဒါဆို​ကျွန်တော်​ဘယ်လို​ပြောရမလဲ"
"မောင်... လို့ပြော"
"ဟာ​ မမ​ ကလည်းဗျာ"
"လုပ်ပါ​ မောင်​ ရယ်"
"အင်း​ပါ​ မမ​ ရယ်​ မောင်​ တို့​ဘယ်နေ့လက်ထပ်ကြမလဲ"
"အမြန်​ဆုံး​နဲ့​အမှန်​ကန်​ဆုံး"
"ဒါဆို​ ဒီနေ့က​ 11.11.1991 ဆိုတော့​ 27.12.1991 တနင်္လာနေ့​ဆိုရင်​ရော​"
"​အင်း​ ကောင်းသားပဲ"
"​မောင်​ ဒီနေ့​ 25 ရက်ရှိနေပြီနော်"
"​အင်း​ မမ​"
"​မမ​ မင်းကိုတစ်ကယ်ပိုင်ဆိုင်ရတော့မှာပေါ့နော်"

ထိုစဉ်​ မြတ်ကျော် ထံ​ရုတ်တရက်​အတွေး တစ်ခုဝင်လာသည်

"မမ​ ကျွန်တော်​အိမ်​ခဏ​ပြန်မယ်နော်"
"​အင်း"

"​မေဇီ​ မင်းငါ့ကို ခွဲသွားတာ (1)နှစ်ပြည့်တော့မယ်နော် မေဇီ​ ရာ​မင်းဘာလို့ဒီလိုလုပ်ရက်ရတာလဲကွာ"

ချက်ချင်းဆိုသလို မဖွင့်တာကြာပြီဖြစ်သော မေဇီ့​ အခန်းအတွင်းသို့ ဝင်ခဲ့သည်

"မေဇီ​ ကိုယ်​ မင်းကိုသိပ်ချစ်ခဲ့ပါတယ်ကွာ ဒါပေမယ့်​မင်း​ကိုယ့်​အပေါ်​ ရက်စက်ခဲ့တယ်ကွာ"

မေဇီ့​ ကုတင်​ပေါ်​မှ​ခေါင်းအုံး​လေးကို​ဖက်ပြီး ငိုနေစဉ် ခေါင်းအုံး​အောက်​က​ မေဇီ့​ ဒိုင်ယာရီ​ကိုတွေ့ရှိခဲ့သည်

"ဒါက ဘာလဲ"

မေဇီ​ ရေးသားခဲ့သောစာလေးတွေကို ဖတ်နေစဉ် ထူးဆန်းသောစာကြောင်းကိုတွေ့ရှိခဲ့သည် ထိုစာကြောင်းမှာ

"​ကိုကို​ ဒီနေ့​ မမရွှေရည် က​ပြင်ဦးလွင် ခြံ( )​ကသူ့အိမ်ကိုသွားမလို့ မေဇီ့​ ကိုလိုက်ခဲ့ပါတဲ့​ အဲဒါ​ မေဇီ​ လိုက်သွားတယ်နော် ကိုကို​ စိတ်မပူပါနဲ့ 25.12.1990"

"ဒါ... ဒါ..."
"မောင်ရေ မောင်..."
"ဆူးရွှေရည်"
"မောင်​ ဘယ်လိုပြောလိုက်တာလဲ မောင်ရဲ့"
"ခင်ဗျားက နာမည်​နဲ့​လိုက်​အောင်ကို​ တော်တော်​ကြောက်​ဖို့ကောင်း​တာပဲ"
"မောင်​ ဘာတွေ​ပြောနေတာ ဲ"
"မေဇီ​ မေဇီ​ ဘယ်မှာလဲ"
"မောင်​ သူက​ လက်ထပ်..?"
"မင်း​မလိမ်နဲ့ အဲဒီနေ့​ မင်းနဲ့​ မေဇီ​ ဘယ်ကိုသွားခဲ့လည်း"
"​ဘယ်ကိုသွားရမှာလဲ ဘယ်မှာ... "
"​မင်း​ "
"​မောင်​ ရယ်"
"ပြင်ဦးလွင်​မှာမင်းအိမ်နဲ့ခြံရှိတယ်မဟုတ်လား"
"​မောင်​ ကအဲဒါကို"
"​အခုချက်ချင်း ကျွန်တော့် ကိုလိုက်ပို့"
"​မသွားပါနဲ့ မောင်ရယ် မသွားပါနဲ့​ အဟင့်​ အဟင့်"
"​အခုချက်ချင်း​လိုက်​ပို့​လို့ပြောနေတယ်နော် ဒေါ်​ဆူးရွှေရည်​"
"​မောင်​ မလုပ်ပါနဲ့"
"​မင်းမပို့ရင်နေ ကိုယ့်ဘာသာကိုယ်သွားမယ်​"
"​မောင်....... "

ကားစက်နှိုး၍ သွားမည်အပြု

"​မောင်​ ကျွန်မ​လိုက်ပို့ပါ့မယ်"

အမြန်လမ်းအတိုင်း မောင်းနှင်လာရင်း

"​မောင်​ ဒါ​ မမ​ အိမ်ပဲ"
"​ကောင်းပြီ"
"​မောင်​ အိမ်ထဲမဝင်ပါနဲ့လား"
"​ကျွန်တော်​ဒီ​ကို​လာတာ​ အိမ်ကြည့်ဖိုမဟုတ်ဘူး လာမတားပါနဲ့"
"​ဒါဆို​လည်း​ မမ​ ပါလိုက်ခဲ့မယ်"

အိမ်ထဲအရောက် ထူးဆန်းစွာမြင်တွေ့လိုက်ရသည်က မေဇီ​ ​၏အရိုးစုပင်

"ဒါ... ဒါ... ကဘာလဲ ဒေါ်​ဆူးရွှေရည်​ ခင်ဗျားတော်တော် ရက်စက်ပါလား ခင်ဗျား... "

ထိုစဉ်​ရုတ်တရက်​ထူးဆန်း​တဲ့​အသံ​တစ်ခုကြားလိုက်မိသည်ကား

"​ကိုကို​ မေဇီ့​ ကိုကယ်ပါ"

အ​နောက်သို့​ မြတ်ကျော်​ နှင့်​ ဆူးရွှေရည်​ လှည့်ကြည့်လိုက်မိသည် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အသက်ရှူ​ရပ်သမျှ ဖြစ်သွားရသည်​ ထိုမြင်ကွင်းက မေဇီ့​ ၏ဝိဉာဉ်ပင် ဆူးရွှေရည်​ အပေါ်​မကျေနပ်သောမျက်လုံး​များဖြင့်ကြည့်နေသည်မှာ ကြောက်စရာပင်ကောင်းနေတော့သည်

"​ဒေါ်​ဆူးရွှေရည်​ ရှင်သိပ်ရက်စက်တယ် ကိုကို့ ကို​ကျွန်မ​ဘဝထဲက ထုတ်ယူဖို့ ကျွန်မအသက်ကို ရှင်စတေးခဲ့တယ် အခုတော့ ကျွန်မ​မျှော်​နေ​တဲ့​ရက်​ရောက်လာပြီပေါ့ ဒေါ်​ဆူးရွှေရည်​ ရှင့်​ကို​ကျွန်မ​ ပြန်သတ်မယ် ရှင့်​ကို​ ပြန်သတ်မယ်"
"မေဇီ​ မမ​ တောင်းပန်​ပါတယ်နော်​ မမ​ ကိုချမ်းသာပေးပါနော်"
"​မရဘူး​ လုံး​ဝ​မရဘူး​ ကျွန်မ​ခွင့်မလွှတ်ပေးနိုင်ဘူး "
"​မေဇီ​ ရယ်​ တောင်းပန်​ပါတယ်​လုပ်ပါကွယ်"
"​မေဇီ​ ကိုကို​လေ​ မေဇီ​ ဝဋ်​ကြွေး​တွေ​ထပ်မဆက်ပါနဲ့နော်​ ကိုကိုတောင်းပန်နေတယ်လေ"
"​မရဘူး​ကိုကို​ မေဇီ​ သစ္စာ​ဆိုထားပြီးပြီ မေဇီ​ ပြောတဲ့အတိုင်း လုပ်တတ်တာ​ ကိုကို​ သိတယ်နော်"
"​သိပါတယ်​ မေဇီ​ ရယ်​ ကိုကို့​ ကိုချစ်တယ်ဆို ကိုကို့​ စကားနားထောင်နော်"
"​ကိုကို"
"မေဇီ​ ကိုကို့​ ကိုမချစ်ဘူးလား ချစ်ရင်မလုပ်ပါနဲ့တော့ကွာ"
"​အဲလိုမပြောပါနဲ့ ကိုကို​ မေဇီ​ မခံစားနိုင်လို့ပါ"
"​ဒါဆို​ ကိုကို့​ စကားနားထောင်ပါနော်"
"​အဟင့်... အဟင့်... လူသားတွေ​သိပ်​ရက်စက်​တယ်​ မေဇီ့​ အပေါ်​ဘယ်သူမှ​နားမလည်​ပေး​ကြဘူး​ မေဇီ​ အရမ်းဝမ်းနည်းတယ် ကိုကို​ မေဇီ့​ ကိုချစ်ရင် မေဇီ့​ ဆုံး​သွား​တဲ့​ဒီ​အိမ်​လေး​မှာ​ အမျှဝေပေးပါနော် မေဇီ​ ဒီလို​ဘဝမျိုးမှာမနေချင်တော့ဘူး​ မေဇီ့​ ကိုသနားရင် မေဇီ့​ ကိုကူညီပါနော်​ ကိုကို​ အရမ်းချစ်ခဲ့ပါတယ်​"

မေဇီ​ ပြောတဲ့အတိုင်း​ မြတ်ကျော်​ တစ်ယောက်​လုပ်ပေးခဲ့သည်​ မေဇီ​ ဘဝကူးကောင်းခဲ့လေပြီ ဆူးရွှေရည်​ တစ်ယောက်​လည်း​သူလုပ်ခဲ့တဲ့ပြစ်ဒဏ်ခံယူရင်း ကျေကွဲဝမ်းနည်းစရာ အဖြစ်အပျက်လေးလည်းပြီးဆုံးခဲ့လေပြီ

စာဖတ်​ပရိသတ်​တွေ​အတွက်​ အမြဲတမ်း​အသစ်အဆန်းများစွာဖန်တီးပေးနေဦးမှာပါ

Hnin​ Sat​ Pwint​ Hlaing​(EYU​ Philo)

22/06/2022

*ဆန်းကြယ်​သော​ ဖန်မီးအိမ်ငယ်*
ဝတ္ထုတို (စ/ဆုံး)

အောက်ဖော်ပြပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိပါ​စာရေး​သူ၏ အတွေးအမြင်များသာ

1956 ခုနှစ်​ ဒီဇင်ဘာလ​ 15​ ရက်​ ည​ ကလောမြို့ အေးချမ်းငြိမ်သက်သော အိမ်အိုကြီးတစ်အိမ်တွင်ဖြစ်သည်
"ချယ်ရီ"
"ဘာလဲ​ မောင်"
"ဒီအိမ်လေးကိုသဘောမကျဘူးလား"
"သဘောကျတာပေါ့ မောင်​ ရဲ့​ အိမ်ကဟောင်းနေပေမဲ့ ရှေးဟောင်းလက်ရာတွေလည်းအများကြီးပဲ ချယ်ရီ​ အရမ်း​သဘောကျတယ်"
"ချယ်ရီ​ တကယ်ပြောတာလား"
"တကယ်ပြောတာပေါ့​ မောင်​ ရဲ့"
"ချယ်ရီ​ သဘောကျရင် မောင်လည်းပျော်ပါတယ်"
"အင်း"

ည​ (11:30) လူခြေတိတ်သောအချိန်​တွင်​ ချယ်ရီ​ တစ်ယောက်​ ထူးဆန်းသောအသံတစ်ခုကြားလိုက်ရသည်
တခြားမဟုတ် ချယ်ရီ​ ထွန်း​ထား​သော​ ဖန်မီးအိမ်ငယ် လေးမှဖြစ်သည်

"​ဟင်.... ဒါကဘာသံပါလိမ့်"

ချယ်ရီ​ တစ်ယောက်​ မီးအိမ်​ ရှိရာသို့ လေးလံသောခြေလှမ်းကလေးများနှင့် လျှောက်လာလေသည်​ ရုတ်တရက်​ မီးအိမ်လေးမှာ ရေနံ​ဆီ​ ကုန်ကာ မီးငြိမ်း​သွားခဲ့​သည်​ ချယ်ရီ​ လည်းရှေ့ဆက်မတိုးဝံ့တော့ပဲ ကုတင်ရှိရာသို့ပြန်လာခဲ့သည်

"အင်း.... အိမ်ကဟောင်းနေပြီဆိုတော့​တိရစ္ဆာန်​တစ်ကောင်​ကောင်​ရဲ့​အသံ​ပဲ​နေမှာ​ ဟင်း..... ငါစိတ်ထင်တာနေမှာပါလေ"​

မနက်လင်းတော့​ ရန်နိုင်​ ကိုအဖြစ်အပျက်ပြောပြလိုက်သည်

"မောင်​ မနေ့ညကလေ​ ချယ်ရီ​ ထူးဆန်းတဲ့အသံတစ်ခုကြားလိုက်တယ်​ သိလား"​
"ချယ်ရီ​ ရယ်​မင်းစိတ်ထင်လို့ဖြစ်မှာပါ"
"​မဟုတ်​ဘူး​ မောင်​ ရဲ့​ ချယ်ရီ​ တစ်ကယ်​ကြားလိုက်တာ"
"​အင်းပါကွာ ကိုယ်​အလုပ်နောက်ကျနေပြီ အိမ်မှာဂရုစိုက်နော်​ ကိုယ်သွားပြီ"​
"အင်း.မြန်မြန်ပြန်လာနော်"

ရန်နိုင်​ ထွက်သွား​ပြီး​မကြာမီ​ ချယ်ရီ​ တစ်ယောက်​ခေါင်း​ထဲ​အ​တွေး​တစ်ခု​ပေါ်လာ​ပြန်​သည်

"​ဟင်း...... (သက်ပြင်းရှည်ကြီးချလျှက်)​ မနေ့ညကတစ်ကယ်ပဲဘာဖြစ်ခဲ့တာပါလိမ့် မောင်​ ပြောသလိုငါစိတ်ထင်နေတာများလား"

အိမ်သန့်ရှင်းရေးလုပ်ရင်း တစ်ခုခုထူးဆန်းလာသည်

"​ဟယ်.... မနေ့ညက မီးအိမ်လေးဘယ်ရောက်သွားပါလိမ့်"

ချယ်ရီ​တစ်ယောက်မီးအိမ်ရှာပုံတော်ဖွင့်ပြန်သည်

"ဟော...တွေ့​ပြီ​ မင်းကဒီရောက်နေတာကို မနေ့ညကထွန်းသာထွန်းလိုက်ရတယ် ဖုန်တွေချည်းပဲ "

ပြောပြောဆိုဆိုနဲ့ မီးအိမ်​ လေး​ကို​သန့်ရှင်း​ရေး​လုပ်​နေသည်​

"အော်... ငါမေ့နေလိိုက်တာ ရေနံဆီ​ ကုန်နေပြီဘယ်လိုလုပ်ရပါ့"

4​ နာရီ​ရုံးဆင်းနေကြ​ ရန်နိုင်​ မှာ​ည​ 7​ နာရီ​တိုင်ရောက်မလာသေးဘဲရှိနေသည်

"​ဒီနေ့မှ မောင်​ နောက်ကျနေလိုက်တာ မီးလည်းထွန်းမရဘူး မိုးကလည်းရွာနေလိုက်တာ"​

ပြောပြောဆိုဆိုနဲ့​ ပြတင်းပေါက်အနားကိုအသွား တစ်စုံ​တစ်ခု​ကို​ ခလုတ်တိုက်လိုက်မိသည်

"​အမလေး.... ဘာပါလိမ့်"​

လျှပ်စီးအလင်းရောင် နဲ့အတူ​ ကြည့်လိုက်မိသည်မှာ

"ရေနံဆီ​တွေပါလား မနက်ကငါမတွေ့မိပါဘူး ဒါတွေ​ထားပါလေ​ အခုတော့​မီးထွန်းလို့ရပြီပေါ့"

မီးအိမ်​ ရှိရာ​သို့​ပြန်လာပြီး မီးထွန်းလိိုက်သည်

"အခုတော့​ လင်းပြီပေါ့ မောင်​ ကလည်း​ပြန်မလာသေးဘူး နောက်ကျလိုက်တာနော်"

မီးအိမ်လေးထားကာ ချယ်ရီတစ်ယောက် အခန်းအပြင်ထွက်လာခဲ့သည်​ အနောက်မှ တစ်စုံ​တစ်ယောက်​ ဖျက်ကနဲဖြတ်ပြေားသွားသလိုခံစားလိုက်ရသည်

"​အို... ငါဘာလို့ ကြက်သီးထနေပါလိမ့်​ မိုရွာနေတော့အေးလို့နေမှာပါလေ"​

အနောက်မှ​ ချယ်ရီ​ ကို​တစ်ယောက်​ယောက်​ တွန်းထုတ်လိုက်သည်

"​အမလေး... ဒါဘာဖြစ်တာလည်း ဘာတွေ​ဖြစ်နေတာလဲ"​

ထိုစဉ်​ရုတ်တရက်​ ချယ်ရီ​ နာမည်ကိုလှမ်းခေါ်လိုက်သည်

"ချယ်ရီ"​
"မောင်.... မောင် ဘယ်တုန်းကပြန်ရောက်တာလဲဟင်​"
"​အခုပဲလေ​ ချယ်ရီ​ ရဲ့​"
"​မောင်​ ချယ်ရီ့ ကို​နောက်သေးလားဟင်"​
"ပေါက်ပေါက်ရှာရှာ ချယ်ရီ​ ရယ်​ မောင်​ အခုမှပြန်ရောက်တာလေ"
"​ဟင်... ဟုတ်လား"
"​ချယ်ရီ​ မင်း​ဘာဖြစ်နေတာလဲ နေမကောင်ဘူးလား"​
"ဘာမှမဟုတ်ပါဘူး မောင်​ ရယ်​ ချယ်ရီ​ က​ မောင့်​ ကိုနောက်တာ"
"​အင်း​ပါ​ လာအပေါ်တက်ကြမယ်နော်"
"​အင်း"​

ချယ်ရီ့​ စိတ်​ထဲ​မတင်မကျဖြစ်နေသည်

"​ငါ​ မောင့်​ ကို​ပြောကြလိုက်ရင်ကောင်းမလား​ မောင်​ ကရော​ယုံကြည်​ပါ့မလား"
"​ချယ်ရီ​ မောင်​ သွားတော့မယ်"
"​ဂရုစိုက်​နော်"
"အော်​ဒါနဲ့​ ချယ်ရီ​ ကိုယ်ဒီနေ့ night duty ရှိတယ်​နောက်ကျမယ်"
"​မောင်​ ကလည်း​နောက်ကျဦးမှာလား"
"​ဟုတ်တယ်​ ချယ်ရီ​ ရဲ့​10​ နာရီ​လောက်မှပြန်ရောက်မယ်"
"​အင်း​ပါ​ မောင်ရယ်"
"ဂရုစိုကျကွားလား"
"​အင်း"

ချယ်ရီ့​ စိတ်​ထဲ​လေးလံ​ခြင်း​များစွာ​နှင့်​ တစ်ထင့်ထင့်ရှိနေသည်

"​မိုးချုပ်တော့မှာပါလား​ အလင်းရအောင် မီးအိမ်​ လေး​အဆင်​သင့်​ထွန်း​ထား​လိုက်မယ်"

အရင်နေ့ကလိုပဲ ရေနံဆီ​ လေးထည့်​မီးထွန်း​လိုက်သည် ည​ 9 နာရီ​ မှောင်ရီပျိုးစအချိန်လေးဖြစ်သည်​ အခန်းအပြင်ထွက်ပြီး တံခါး​များလိုက်ပိတ်နေသည်​ ထိုစဉ်​မျက်စိ​ရှေ့​ အရိပ်​တစ်ခု​ဖျက်ကနဲမြင်လိုက်ရသည်

"​ငါ​အမြင်မှားတာလား ထားပါလေ"

အ​နောက်မှ​ ချယ်ရီ​ အင်္ကျီ​စ​ကို​လှမ်းဆွဲလိုက်သည် ဆွဲလိုက်သည်နှင့် ချယ်ရီ့ ချော်လဲသွားခဲ့သည်

"ဘာဖြစ်တာလဲ ဒါ.... ဒါ... ဘာတွေ​ဖြစ်နေတာလဲ ငါ... ငါ... မမှားဘူး"

ချယ်ရီ​ မတ်တပ်ရပ်ဖို့ကြိုးစားပေမဲ့​ မရခဲ့ အရိပ်​မည်းကြီးက တွန်ထုတ်ပစ်ခဲ့သည် နောက်ဆုံး​ ချယ်ရီ့​ ခန္ဓာကိုယ်​ပေါ်တက်ကာ လည်ပင်းညှစ်ပြန်သည် ချယ်ရီ​ ရုန်း​မရ​ခဲ့ပါ

"ရှင်​ဘယ်သူလဲ​ ဘာကြောင့်ဒီလိုလုပ်နေရတာလဲ​ အား... ကျွန်မ​ကို​အခုချက်ချင်းလွှတ် လွှတ်​လို့ပြောနေတယ်လေ အား....."

ထိုစဉ်​ ရန်နိုင် ပြန်ရောက်လာခဲ့သည်​ အရိပ်မည်းကြီးကိုမမြင်လိုက်် ထွက်ပြေးသွားခဲ့လေပြီ

"ချယ်ရီ​ ချယ်ရီ​ ချယ်ရီ​ ထပါဦးကွာ"

ကြမ်းပြင်ပေါ်မှာခွေခွေကလေးနဲ့ ချယ်ရီ​ တစ်ယောက်​မလှုပ်​မယှက် ငြိမ်သက်နေသည် ခဏအကြာမှ မျက်လုံး​ကလေး​ပွင့်​လာသည်

"​မောင်​"
"​စကား​မပြော​နဲ့​နော်​ ချယ်ရီ​ မောနေမှာပေါ့"
"​ဟင်း...... (သက်ပြင်းလေးချလျက်)"

"ချယ်ရီ​ ဘာတွေ​ဖြစ်​တာလဲ​ကွာ​ပြောပါဦး မောင်​ စိတ်ပူလို့သေတော့မယ်"
"မောင်​ ချယ်ရီ​ လေ​ ချယ်ရီ​ ဒီ​အိမ်​မှာ​မ​နေချင်​တော့ဘူး​ ချယ်ရီ​ တို့​အိမ်ပြောင်းကြရအောင်နော်​ မောင်​"
"​ဘာဖြစ်လို့​လဲ​ ချယ်ရီ​ ရဲ့​"
"​ဘာမှမဖြစ်ပါဘူး​ မောင်​ ရယ်​ဒီလိုပါပဲ"
"​ကဲပါ ကဲပါ​ ဒီ​ကိစ္စ​နောက်မှ​ပြောကြမယ်နော် အိပ်တော့နော်"
"​မောင်​ ရယ်... "
"​ကဲပါ​လာအိပ်မယ်"

မနက်မိုးလင်းသော်

"​ချယ်ရီ​ ဘာမှ​တွေး​မနေနဲ့​နော်​"
"​မောင်​ စောစောပြန်ခဲ့နော်"
"​အင်းပါ"

ချယ်ရီ​ တစ်ယောက်​ကြောက်နေမိသည် ဒီနေ့တော့​ ရန်နိုင် တစ်ယောက်​စောသထက်စောအောင်​အိမ်ကိုပြန်လာခဲ့သည် အမောတကောနဲ့

"​ချယ်ရီ​ ရေ​ ချယ်ရီ​"
"​ဘာဖြစ်လာတာလဲ မောင်​ ရဲ့​"
"​ချယ်ရီ​ မောင်​ တို့​မနက်လင်းတာနဲ့ ဒီအိမ်ကပြောင်းကြမယ်"
"​မောင်​ ပဲပြောတော့... "
"​ဒါတွေ​ပြောမနေပါနဲ့ မောင်​ ပြောသလိုသာလုပ်​ ဟုတ်​ပြီလား"
"အင်း​ပါ"

ညရောက်တော့ ချယ်ရီ​ တစ်ယောက်​ပုံမှန်လုပ်နေကြဖြစ်တဲ့ မီးအိမ်လေးထွန်းလိုက်သည်

"​ချယ်ရီ​ ဒီ​ည​စော​စော​အိပ်​နော်​ မနက်အစောကြီးထရမှာလေ "
"​အင်း​ပါ​ မောင်​ ရဲ့​ မောင်လည်းအိပ်တော့လေ"
"​အင်း"

နှစ်ဦး​သား​အိပ်​ပျော်​နေစဉ် စူးရှကျယ်လောင်သောအသံတစ်ခုကြားလိုက်ရသည် ဒီတစ်ခါတော့ နှစ်ယောက်​စလုံး​ကြားလိုက်ရသည် ထိုအသံကား

"ရှင်ယွန်း​ ကို​မထားခဲ့ပါနဲ့ရှင် ရှင်ယွန်း​ ကိုထားမသွားကြပါနဲ့နော်"

"​မောင်""​ချယ်ရီ​"

ထိုအသံသည် ဖန်​မီးအိမ်​ငယ်​ ထဲမှလာခြင်းဖြစ်သည်
အသံလာရာနေရာသို့ နှစ်ဦး​သား​မျှော်ကြည့်လိုက်မိသည် ထူးဆန်းသည်မှာ မီးအိမ်​ အတွင်း​တွင်​ အသက်​ 25​ နှစ်မျှဟုထင်ရသော အမျိုးသမီးတစ်ယောက်​ အပြင်သို့ထွက်လာသည်

"​မင်းကဘယ်သူလဲ"
"​ရှင်ယွန်း​ က​ ဒီ​အိမ်​ပိုင်ရှင်​ပါ"
"​အို​ ကျွန်မတို့​က​ ဒီ​အိမ်​ဝယ်​ခဲ့​တာပါ"​
"ဟုတ်ပါတယ်​ လွန်ခဲ့တဲ့​ 10 နှစ်​လောက်​က​ရှင်ယွန်းဒီ​မှာ​နေတာပါ​ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပါ"​
"ဒါဆို​ရင်​ရှင်က"​
"မကြောက်ပါနဲ့ရှင်​ ​ရှင်ယွန်း​ ရှင်တို့ကို ဒုက္ခ​မပေး​ပါဘူး"
"ဒါဆို​ဒီကြားထဲကျွန်မကို နှာက်ယှက်နေတာရှင်ပေါ့"
"​ဟုတ်ပါတယ်​ ဒီ​အတွက်​လည်း​တောင်းပန်​ပါတယ်​ "
"​ရှင့်ကြောင့်ကျွန်မသေတော့မလို့"
"​ရှင်ယွန်းတောင်းပန်ပါတယ်ရှင်ယွန်းက​ကျိန်စာသင့်နေခဲ့တာပါ ရှင်​ဟောဒီ မီးအိမ်​ လေး​ထွန်း​မဲ့အချိန်ကိုစောင့်နေခဲ့တာပါ ရှင်​က​ မီးအိမ်​ လေးကိုထွန်းပြီးသွားတိုင်း အခန်းပြင်​ ထွက်ထွက်သွားတယ်ရှင်ယွန်းရှင့်​ကို​အဖြစ်မှန်ပြောပြပြီး အကူအညီတောင်းချင်နေခဲ့တာပါ ဒါပေမဲ့​ မရခဲ့ဘူး"
"​ဒါဆို ဘာလို့​ကျွန်မ​ကို​"
"​ရှင်ယွန်းကို မကူညီဘူးအထင်နဲ့ရှင်ယွန်းရှင့်​ကို​ ဒုက္ခ​ပေးခဲ့​မိပါတယ်​ တောင်းပန်ပါတယ်"
ထိုစဉ်​ ရန်နိုင် မှဝင်၍
"​ဒါနဲ့​မင်းက​ ဘာလို့ဒီထဲရောက်နေ "
"​ဒီလိုပါ...... "

လွန်ခဲ့သော​ 10​ နှစ်ခန့်က

"​သမီး​ ရှင်ယွန်း ဖေဖေလေ သမီး​မေမေ​ မရှိကတည်းက အထီးကျန်စွာနေလာခဲ့တယ် သမီးကိုလည်း ဖေဖေ​ မခံစားစေချင်ဘူး"
"​ဖေဖေ​ ရယ်​ ရှင်ယွန်း​ ဒီဘဝမှာ နေသားကျနေပါပြီ ရှင်ယွန်း​ အတွက် အမေထပ်မလိုတော့ပါဘူး ဒါပေမယ့်​ ဖေဖေ​ရယ်​ ဖေဖေ့ကို လေ​ ရှင်ယွန်း​ မခံစားစေချင်ဘူး ဖေဖေ​ နောက်အိမ်ထောင်ပြုချင်ပြုပါ ရှင်ယွန်း​ ခွင့်ပြုပါတယ်"
"​သမီးရယ်"

နှစ်ရက်​ခန့်​အကြာ​

"​သမီး​ရေ​ သမီး​ လာပါဦးကွယ်"
"​ဖေဖေ​ ရှင်ယွန်း​ ကို​ဘာပြောမလို့လဲဟင်"
"​သမီး​သူ့နာမည်က နံ့သာအောင် ဒါသမီးရဲ့ မေမေအသစ်ပဲဒါ ဖေဖေ... "
"​ဟုတ်ကဲ့​ပါ​ ဖေဖေ့​ အမျိုးသမီးမဟုတ်လား ပြီးတော့​ ရှင်ယွန်း​ မှာ​မေမေတစ်ယောက်ပဲရှိတယ်​ ဒေါ်​စံပယ်ခင် တဲ့​ ဒေါ်​နံ့သာအောင်​ မဟုတ်ဘူး​ဖေဖေပြောချင်တာ ဒါပဲမဟုတ်လား သမီးအပေါ်တက်တော့မယ်"
"​ကိုကြီး​ ကိုကြီး​ပြောတော့​ ကိုကြီး​သမီးက ကြည်ဖြူပါတယ်ဆို "
"​အေးပါကွာ ကိုကြီး​ ကြည့်ပြောပါမယ်"
"​ပြီးတာပဲ နံ့သာအောင်​ တဲ့နော်"
"​အေးပါကွာ​ အေးပါ"

"​ဟင့် ဖေဖေ​ကလည်း​ ယူလည်းယူတတ်ပ အသက်ကြီးကြီးလားမှတ်တယ် ငါနဲ့မတိမ်းမယိမ်း ငါသူ့ကိုဘယ်လိုကြည့်ရမှာတုန်း​ ဟိုမိန်းမကလည်း ဟာ... ရှုပ်တယ် မစဉ်းစားချင်တော့ဘူး"

နံ့သာအောင်​ ရဲ့​ဇာတ်ရှုပ်ပေါ်လာပြန်ပါပြီ

"​ဖေဖေ​ ရှင်ယွန်း​ အလုပ်သွားတော့မယ်နော်"
"​အေးအေး​ သမီး​ဂရုစိုက်​သွား​"
"​ဟယ်ကားကဘာဖြစ်တာပါလိမ့်​ ဟင်း... မြို့ပေါ်ရောက်ဖို့ ငါလမ်လျှောက်ရမှာပါလား"
"​နံ့သာ​ ရေ​ကိုကြီး​ အပြင်ခဏသွားမယ်နော်"
"​ဟုတ်​ကဲ့​ပါကိုကြီးရဲ့"​

"မမ"
"ဟယ်​ ဟိန်း​ဘယ်လိုရောက်လာတာလဲ"​
"မမ​ ကို​တွေ့ချင်လို့ပေါ့ အရဲစွန့်ပြီးလာရတာ"
"ဟိန်း​ ရယ်​ဒုက္ခ​ပါပဲ"
"ဘာလဲ​ မမ​ ကငြိုငြင်တာလား"
"မဟုတ်ပါဘူး​ ဟိန်းရယ်"
"မမ​ ကလည်း"

"ဒါက​ဘာတွေ​ဖြစ်​နေတာ​လဲ​"
"ကိုကြီး​ နံ့သာ​ ရှင်းပြမယ်နော်"
"ဘာမှလာရှင်းပြမနေနဲ့ ငါ့အိမ်ထဲမှာမှကွာ​ ဆင်း​အခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်းသွား"
"​မဟုတ်​ပါဘူး​ ကိုကြီး​ ရယ်​ မဟုတ်​ပါဘူး"
"​မင်းကို​အခုချက်ချင်းဆင်းသွားလို့ပြောနေတယ်လေ"

"​အဲဒါမင်းကြောင့်"
"​မမ​ ကလည်းဗျာ"
"​မဟုတ်​လို့လား​ ဒီလို​ အဘိုးကြီးများငါ့ကို"
"​မမ​ ကျွန်တော့် မှာလေ အောက်လမ်းဆရာအသိတစ်ယောက်ရှိတယ်"
"ဘာကိုလဲ"
"​သူတို့သားအဖကို"
"​အော်​ မင်းပြောချင်တာ ငါသိပြီ လုပ်လိုက်လေ"

တစ်ပတ်​ခန့်ကြာပြီးနောက်​
"​မင်းအဆင်ပြေရဲ့လား သေချာရောပြင်ဆင်ခဲ့လား"​
"​ဒါပေါ့​ မမ​ ရ"
"​အေးအဆင်ပြေရင်လည်း လုပ်ငန်းစကြတာပေါ့"

"ဖေဖေ​ ရေ​ ဖေဖေ​ ဒီနေ့​က​ Christmas နေ့နော်"
"​ဟုတ်တယ် လေ​ သမီး​ ရဲ့​ ဘာဖြစ်လို့လဲ"​
"ရှင်ယွန်း​ ဒီနေ့​ မေမေ့​ အခန်း​ထဲမှာ​ အိပ်ချင်တယ်"​
"သမီး..."​
"လုပ်ပါဖေဖေရယ် ဒီနေ့တစ်နေ့ပါပဲ"
"​အေးပါ သမီး​ရယ်​ အိပ်ချင်တယ်ဆိုအိပ်ပေါ့"
"​ဟေး... ဒါမှတို့ဖေဖေကွ"
"​သမီးက​ ကလေးကြနေတာပဲ သမီး​ဖေဖေအလုပ်ကိစ္စနဲ့​ မြို့ပေါ်သွားရမယ်​"
"​ဟယ်ဘယ်တော့လဲ"
"အခုပဲ သမီး"
"​ဒါဆို​ ရှင်ယွန်း​ တစ်ယောက်တည်းပေါ့"
"​ဖေဖေမနက်ဖြန်ပြန်လာမှာပေါ့"
"​ဟုတ်​ကဲ့​ပါ​ဖေဖေ​ရယ်"
"အေးအေး​ သွားသွား သမီးသွားအိပ်ချေတော့ ဖေဖေသွားတော့မယ်"
"​ဟုတ်​ ဖေဖေ"​

ဦးစိုင်းလူ တစ်ယောက်​ကားမောင်းပြီးထွက်သွားခဲ့သည် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ​ နံ့သာအောင်​ တို့နဲ့​ လမ်းမှာဆုံဖြစ်ခဲ့သည်

"​အော်ဘယ်သူများလဲမှတ်တယ်​ ရှင်ပါလား​ ကွက်တိပဲ"
"​မင်းတို့တွေ​ ငါ့ကိုဘာလုပ်ကြမလို့လဲ"
"​ဘာမှမလုပ်ပါဘူးရှင်"
"​မင်းတို့ကိုယ့်လမ်းကိုသွား..."​

စကားပင်မဆုံးလိုက် အနောက်မှတုတ်နှင့်အချက်ပေါင်းများစွာရိုက်ချလိုက်သည်

"သူ​ သူ​ သူသေပြီလား"​
"ဟုတ်တယ်​ မမ​ ကျွန်တော်​အပြတ်ရှင်းလိုက်ပြီ"
"​အေးကောင်းတယ် သူ့သမီးပါသတ်ပစ်မှ ငါအမွေတွေအကုန်ရမှာ သွားကြမယ်"

*ဒေါက်​ ဒေါက်​ ဒေါက်​ (တံခါး​ခေါက်သံ")​*

"ဘယ်သူလဲ​ ဖေဖေများပြန်လာတာလား​ *ဟင်* ရှင်တို့တွေ"
"​ဘာလို့လဲ သိပ်​ကြောက်​သွား​လား​"
"ရှင်တို့ဘာလာလုပ်တာလဲ"
"မင်းအဖေကိုသတ်ပြီးပြန်လာတာ"​
"ရှင်"​
"နားမလည်ဘူးထင်တယ် မင်းအဖေကိုသတ်ပြီးပြန်လာတာ​ အခုက​ မင်းအလှည့်"​
"ရှင်တို့တွေ​ ရှင်တို့တွေ ရှင်ယွန်း​ ကိုဘာမှမလုပ်နဲ့နော်"

ပြောပြော​ဆို​ဆို​နဲ့​ ရှင်ယွန်း​ အပေါ်ထပ်သို့ထွက်ပြေးသည်​ ရှင်ယွန်း​ အခန်းအရောက်​ ဟိန်း​ ဆိုသောသူက​ အတင်းဖမ်းချုပ်သည် ရှင်ယွန်း​ ခုခံရင်း ဟိန်း​ တစ်ယောက်​လှေကားပေါ်မှအကျ ဘဝဇာတ်သိမ်းခဲ့သည်

"​နင်... နင်...နင်က​ ဟိန်း​ ကိုသတ်တယ်ပေါ့"
"​မဟုတ်​ပါဘူး​ရှင်​ သူ့ဘာသူပြုတ်ကျသွား.."​
"တော်စမ်းနင်ဆက်မပြောနဲ့ နင့်က ငါ့အချစ်ရဆုံးယောက်ျားကိုသတ်တယ် နင့်ကိုငါပြန်သတ်မယ် နင့်ကိုငါပြန်သတ်မယ်"
"အား......"

ရှင်ယွန်း​ တစ်ယောက်​ကြမ်းပြင်ပေါ်က သွေးအိုင်ထဲမှာ မေ့လျော့နေလေသည်

"​ဆရာကြီး​ ကျွန်မ​ သူ့ကို​ခွင့်​မလွှတ်နိုင်ဘူး သူ့​ဝိညာဉ်​တစ်သက်လုံးပြန်မထွက်လာနိုင်အောင်လုပ်လိုက်ပါ"
"​ကောင်းပါပြီ "

အောက်လမ်းဆရာကြီးမှ အနီးရှိ မီးငယ်တစ်ခုကိုယူပြီး ထိုမီးအိမ်ငယ်အတွင်းချုပ်နှောင်ထားလိုက်လေသည်

"မိန်းကလေး​မင်းကို​အခုကစပြီးငါ ဒီ​ ဖန်​မီးအိမ်​ငယ်​ ထဲထည့်ထားခဲ့ပြီ တစ်စုံတစ်ယောက်သောမည်သူမဆို ထိုမီးအိမ်လေးအား ရေနံ​ဆီ​ထည့် မီးထွန်း​ချိန်တစ်ချိန်သာ လွတ်လပ်​ပါစေရေနံဆီကုန်တာနှင့်​ ထိုမီးအိမ်ထဲအားပြန်ဝင်ပါစေ ဤကျိန်စာအားပျယ်စေရန်အတွက် တစ်စုံ​တစ်ယောက်​သော​မည်သူ​မဆို​ ဒီဇင်ဘာ​ 25​ ရက်နေ့​အရောက်​ မိန်းကလေး​အတွက်​ရည်စူးပြီးအမျှဝေမှလွတ်စေသတည်း သွားပေဦးတော့မိန်းကလေး"

"​အဖြစ်အပျက်​တွေ​အားလုံး​က​ဒါပါပဲ"
"​ဖြစ်မှဖြစ်ရလေ ရှင်ယွန်း​ ရယ်"
"​ဒါကြောင့်​ အခုလာမယ့် ဒီဇင်ဘာ​ 25​ မှာ​ ရှင်ယွန်း​အတွက်​ ရည်စူး​ပြီး​အမျှ​ဝေ​ပေးပါနော်​ ရှင်ယွန်း​ တောင်းဆိုတာပါ"

"​မောင်​ မောင်ဘယ်လိုသဘောရလဲဟင်"
"​ချယ်ရီ​ စိတ်ကြိုက်လုပ်ပါ"
"​ဒါဆို​ ရှင်ယွန်း​ ကို​ကူညီကြရအောင်နော်"

"​လုပ်ပါရှင် ရှင်ယွန်း​ ကိုကူညီပါနော်"
"​အင်း​ပါ​ ရှင်ယွန်း​ ရယ်စိတ်မပူနဲ့နော်​ ချယ်ရီ​ ကူညီပေးပါမယ်"

"​အော်​ မောင်​ မောင်​ဘာလို့ဒီအိမ်ကပြောင်းမယ်ပြောတာလဲဟင်"
"​အလုပ်မှာ ပြဿနာ​ပေါ်​လို့​ မောင်​ ဒေါသထွက်ထွက်နဲ့အလုပ်ထွက်လာခဲ့တာ"
"​မောင်​ ရယ်​ဒါများ"

1956​ ခုနှစ်​ ဒီဇင်ဘာလ​ 25​ ရက်​ ရှင်ယွန်း​ ပြော​ခဲ့​သလို​အမျှအတန်းပေးဝေ သာဓုခေါ်နိုင်အောင်​ လုပ်ပေးခဲ့သတဲ့​ အဲဒီနေ့​ အဲဒီ​အချိန်​ကစပြီး ရှင်ယွန်း​ တစ်ယောက်​ ပေါ်မလာပဲ ပျောက်ကွယ်သွားတော့သည်

"​မောင်​ အခုဆိုရင် အရာအားလုံး အေးချမ်သွားပြီနော်"
"​ဒါပေါ့​ ချယ်ရီ​ ရဲ့"

အရာအားလုံး​ ပျော်ရွှင်​ခဲ့ရ​ပါပြီ

💞🙏စာဖတ်​ပရိသတ်​များ​အား​ အစဉ်​လေးစားလျက်🙏💞
𝓗𝓷𝓲𝓷 𝓢𝓪𝓽 𝓟𝔀𝓲𝓷𝓽 𝓗𝓵𝓪𝓲𝓷𝓰​ (EYU​ Philo)

21/06/2022

❄️☃️နှင်းပျောက်တဲ့​ မိုး​⛈️

မိုးမခ​ တစ်ယောက်ခြံထဲလမ်းလျှောက်နစဉ် အိမ်ထဲမှဝုန်းခနဲအသံကြားလိုက်ရသည်

"အိမ်ထဲကဘာသံပါလိမျ့"

အပြေးအလွှားဝင်ကြည့်ခဲ့ရာ

"အော်​ Candy ရယ်​ဘာများဖြစ်သလဲလို့ စိတ်ကိုပူသွားတာပဲ မင်းကဆော့နေတာကို"

အိမ်မွေးကြောင်ကလေး​ Candy​ ဖြစ်နေသည်​

"ညနေစောင်းနေပြီ Candy​ ရေ​ ရေချိုး​ကြရအောင်​ပြီးရင်​ Candy​ ကြိုက်တတ်တဲ့ ငါးကြော်လေး မိုး​ ကြော်ထားတယ် ရေချိုးပြီး​ရင်​ စားရမယ်ကြားလား"

ရေမိုးချိုးပြီးခဏအကြာ မိုးမခ​ ၏မိခင်​ ဒေါ်မိုးကြည်ပြာ ပြန်ရောက်လာခဲ့သည်

"​Candy​ ရေ​မေမေပြန်လာပြီထင်တယ်​ သွားကြိုကြရအောင်"
"​သမီးလေး​ ရေချိုးပြီးပြီပေါ့"
"ဟုတျ မမေ"
"​ငါ့သမီးလေးကတော်လိုက်တာ"
"​ဟုတ်​ မေမေ​ ရေချိုးတော့လေ သမီးထမင်းပြင်ထားလိုက်မယ်"
"​အေး​ သမီး"
"လာ​ Candy​ ထမင်းသွားပြင်ကြရအောင်"

ထမင်းစားပြီးခဏအကြာ​ ဒေါ်မိုးကြည်ပြာ ဘုရားရှိခိုးနေချိန်​ အမည်မသိဖုန်းတစ်ခု​ မိုး​ တို့အိမ်​မှ​တယ်လီဖုန်း​လေးဆီသို့ဝင်လာခဲ့သည်​ မိုး​ ကဖုန်းကောက်ကိုင်လိုက်သည်

"ဟဲလို ဘယ်သူလဲမသိဘူး"
"​အခုပြောနေတာ ဒေါ်မိုးကြည်ပြာ​ လားမသိဘူး
"အော်​ဟုတ်​ မေမေ​ ကလေ အခုဘုရားရှိခိုးနေလို့"
"​ဒါဆိုနောက်မှကျွန်တော်ပြန်ဆက်လိုက်ပါမယ်"
"​ဒါနဲ့​ ဘယ်သူလို့ပြောလိုက်ရမလဲရှင်"
"​ဟုတ်​ကဲ့​ဗျ​ ထူးခန့် လို့ပြောပေးပါ"
"​ဟုတ်​ကဲ့​ပါရှင့်​"

ဒေါ်မိုးကြည်ပြာ​ ဘုရားရှိခိုးပြီး ပြန်ဆင်းလာချိန်

"မေမေ​ ရေ​ မေမေ​ ဘုရားရှိခိုးနေတုန်း ကိုထူးခန့်​ ဆိုတဲ့သူဖုန်းဆက်တယ် "
"ဟုတလွား သမီး"
"ဟုတျ မမေ"
"​ဘာပြောသေးလဲ"
"​ဘာမှတော့မပြောဘူး နောက်မှပြန်ဆက်မယ်တဲ့"
"​အေးအေး​ သမီးအိပ်တော့လေ နာက်ကျနေပြီ"
"​ဟုတ်​ မေမေ​ လည်းအိပ်တော့နော် Good​ night"

"ဟဲလို​ မောင်ထူးခန့် လား​ ခုနကအန်တီ့သမီးလေ"
"ဟုတ်​ အန်တီ​ ကျွန်တော်​သင်ပေးရမှာက"
"ဟုတ်​တယ်​ ခုနကအန်တီ့သမီးကို သူကအခု 10​ တန်းဆိုတော့ အရေးကြီးတယ်လေ"
"ဟုတ်​ အန်တီ​ ဟုတ်"
"မနက်ဖြန်လာပြီးအခြေအနေကြည့်ပေးပါဦး"
"ဟုတ်​ ကျွန်တော်​မနက်ဖြန်လာခဲ့ပါမယ်"

မနက်ပိုင်းစောစော ထူးခန့်တစ်ယောက် မိုးမခ​ အိမ်သို့ရောက်ရှိနေသည် မိုးမခ​ တစ်ယောက်​တော့မနိုးသေးချေ

"​မင်္ဂလာပါ​ အန်တီ​"
"​အေး​မင်္ဂလာပါ​ကွယ်​ မောင်ထူးခန့်​ က​သာ​ရောက်နေ​ သမီး​ကအခုထိမနိုးသေးဘူး လာအိမ်ထဲလာ မောင်ထူးခန့်​"
"ဟုတ်​ကဲ့​ခင်ဗျာ့"

"​မိလှိုင်​ ရေ​ မိလှိုင်"
"ဟုတ်​ မမကြီး"
"သွား​နင့်မမလေးကိုသွားနှိုးချေ မမကြီးနှိုးခိုသ်းတယ်လို့ပြောလိုက်"
"ဟုတ်​မမကြီး​"
"​အဲဒါပဲ မောင်ထူးခန့်​ ရေသမီးကအဲလို"

"​မမလေး​ ရေ မမလေး"
"ဘယျသူလဲ"
"​ကျွန်မ​ပါ​ မမလေး​"
"​ဘာလုပ်မလို့လဲသမီးအိပ်ချင်လို့"
"​မမကြီး​ ကနှိုးခိုင်းလိုက်လို့ပါ"
"မေမေ ကလား"
"​ဟုတ်​ မမလေး​"
"မေမေ ကဒီနေ့အလုပ်မသှားဘူးလား"
"​ဟုတ်​ မမလေး"
"ဟုတ်​ဟုတ်​ သမီးလာခဲ့မယ်"
"​ဟုတ်​ မမလေး​"
"​မေမေကဘာလို့ဒီနေ့အလုပ်မသွားတာလဲ ထားပါ​မေမေခေါ်နေတာဆိုတော့မျက်နှာနောက်မှသစ်တော့မယ်"

"​မမ​ကြီး​ ကျွန်မ​နှိုးပြီးပါပြီ"
"​အေးအေး​ လုပ်စရာရှိတာသွားလုပ်တော့"

မိုးတစ်ယောက်အိပ်ချင်မူးတူးဆံပင်စုတ်ဖွားလေးနဲ့ဆင်းလာသည်

"​မေမေ​ သမီးကိုခေါ်ခိုင်းလို့ဆို"
"​သမီး​မျက်နှာမသစ်ရသေးဘူးလား"
"​သမီးအိပ်ချင်သေးလို့​ မေမေ"
ဘာခိုင်းမလို့လဲဟင်"
"သွားသွား မျက်နှာအရင်သွားသစ်ဒီမှာ​ဧည့်သည်​ရောက်နေတယ်လေ"

မိုးမခ​ မျက်လုံးလေးဖွင့်ကြည့်လိုက်မှ​

"​မေမေကလည်းစောစောကမပြောဘူး ရှက်လိုက်တာ"

ကပိုကရိုလေးနဲ့ အပြေးအလွှားအခန်းတွင်းသို့ပြေးဝင်သွားသည်

"ငါတော်တော် သရုပ်ပျက်နေတာလား ရှက်​လိုက်တာ​"

"​သမီးကလည်း မျက်နှာသစ်တာကြာနေလိုက်တာ အားနာလိုက်တာ မောင်ထူးခန့်​ ရယ်"
"​ရပါတယ်​ အန်တီ"
"မိလှိုင်​ ရေ​ မလှိုင်"​
"ဟုတ်​ မမကြီး​"
"​နင့်​ မမလေး​ ကိုသွားခေါ်ဦး"
"ဟုတ်"
"မမလေး​ ရေ​ မမလေး​ မမကြီး​ ခေါ်နေတယ်မြန်မြန်လာပါတဲ့"
"​ဟုတ်​ဟုတ်​လာခဲ့မယ် ရေချိုးနေလို့"

"လာပြီလား"
"​ဟုတ်​ ရေချိုး​နေလို့​တဲ့"
"​ဟဲ့​ မိလှိုင်​ ဧည့်သည်​ရှေ့မှာလေ​"
"​တောင်းပန်​ပါတယ်​ နောက်မဖြစ်စေရပါဘူး"
"​အေးအေး​ သွားအလုပ်သွားလုပ်တော့"
"​ဟုတ်​"

"ငါအပြင်ဘယ်လိုထွက်ရမလဲ ရှက်လို့သေတော့မှာပဲ"
"​သမီးရေ မပြီးသေးဘူးလား"
"​မေမေလား သမီး​တံခါးဖွင့်ထားတယ်"
"​သမီး​ အိမ်ရှေ့မှာ ဧည့်သည်​ရောက်နေတယ်လေ"
"​မေမေ​ သမီးမထွက်ရဲဘူး"
"ဘာလို့လဲ သမီးရဲ့"
"​သမီးရှက်လို့"
"​သမီး​ရယ်​ဘာမှမဖြစ်ဘူးလာ"
"ဖြစ်ပါ့မလားမေမေရဲ့"
"ဖြစ်ပါတယ်သမီးရယ်"
"ဟုတမြမေ"

"​မောင်ထူးခန့်​ ဒါအန်တီ့သမီးလေး မိုးမခ​ တဲ့"

ထူးခန့်​ တစ်ယောက်​ မိုးမခ​ အလှအောက်နစ်မျောသွားလေသည် ဖြစ်လည်းဖြစ်ချင်စရာ မြန်မာဆန်ဆန် ရင်ဖုံး​အင်္ကျီ​ နဲ့​လုံချည်​ ပိတုန်း​ရောင်​ဆံကေသာ ကို​ဖားလျား​လေးချလျက် ပါးပေါ်သနပ်ခါးပါးကွက်လေး နှုတ်ခမ်းနီပါးပါးလေးဆိုးထားသောသူမ၏ မျက်နှာလေးကားချစ်စဖွယ်ပင်ဖြစ်နေတော့သည်

"မောင်ထူးခန့်​ မောင်​ထူးခန့်​"

ဒေါ်မိုးကြည်ပြာအတင်းခေါ်လေမှ
"ဗျာ​ အမေ"
"မောင်ထူးခန့်​ အန်တီ့ ကိုဘယ်လိုခေါ်လိုက်တယ်"
"တောင်းပန်​ပါတယ်​ ကျွန်တော်​ယောင်​ပြီး​ပြောမိတာ"
"အေးပါကွယ် သမီး"
"ရှင်​ မေမေ"
"ဒါ​ မောင်ထူးခန့်​ တဲ့"
"ဟုတ်​ တွေ့ရတာဝမ်းသာပါတယ်ရှင့်"

ဟုဆိုကာ လက်ကလေးကမ်းပေးလိုက်သည် ထူးခန့်​ တစ်ယောက်​ငေးကြည့်မိလျက်

"​ကျွန်တော်​လည်း​တွေ့ရတာဝမ်းသာပါတယ်"

ဆိုပြီးလက်ဆွဲနှုတ်ဆက်ကြလျက် မိုးရဲ့လက်ကလေးကနူးညံ့လိုက်တာ ထူးခန့်​ စိတ်ထဲ​ရေရွတ်မိလျက်

"သမီး​ သူကဒီနေ့ကစပြီး သမီးကိုစာသင်ပေးမဲ့ဆရာပဲ"
"​ရှင်.... "
"​ဘာလို့လဲ​ မိုးမခ​ က​ ကျွန်တော်​နဲ့​စာမသင်ချင်လို့လား"
"မိုး​ ကအဲလိုပြောတာမဟုတ်ပါဘူး"
"​သမီး​ ဘာမှမပြောနဲ့တော့ သမီးကဆယ်တန်းနော်အရေးကြီးတယ်"

ထူးခန့်​ အသိစိတ်ထဲ မိုး​ ကဆယ်တန်းဆိုသောအသိဖျက်ကနဲဝင်လာခဲ့သည်

"ဟုတ်ကဲ့ပါမေမေရဲ့"
"​သွားစာအုပ်သွားယူချေ"
"​အန်တီ​ မိုး​ ကကျောင်းမသွားဘူးလား"
"​သမီးလေးကသိပ်သနားဖို့ကောင်းတယ်ကွဲ့ "
"​ဘာဖြစ်လို့လဲအန်တီ"
"​မနှစ်ကစာမေးပွဲဖြေဖို့ (၃) လလောက်အလိုကျောင်းကအပြန် အက်စီးဒင့် ဖြစ်ခဲ့တယ်"
"မိုး​ ဘာဖြစ်သွားသေးလဲ"
"သမီးက အဲတုန်းက လမ်းမလျှောက်နိုင်တော့ဘူးသူတော်တော်စိတ်ထိခိုက်ခဲ့တယ်စာလည်းမကျက်တော့ဘူး 2နှစ်လောက်ကြာခဲ့တယ် သမီးလေးလမ်းပြန်လျှောက်နိုင်တာသိပ်မကြာသေးဘူးအန်တီ့ကို​ကျောင်းတက်ဖို့ပြန်ပြောတယ် အန်တီ​လေ​သမီးလေးကိုသိပ်သနားတယ်ပဲ ဒါကြောင့်​သမီးလေးဆန္ဒလေးလည်းပြည့်အောင် အပြင်လည်းမသွားရအောင် မောင်ထူးခန့်​ ကိုအခုလိုအကူအညီတောင်းရတာပါ"

"​ကြားရတာစိတ်မကောင်းလိုက်တာဗျာ"
"​မေမေတို့ဘာတွေပြောနေကြတာလဲဟင်"
"​ဘာမှမဟုတ်ပါဘူးသမီးလေးရယ်"
"​မေမေ​ Candy​ လေးရော "
"​မတွေ့မိဘူးသမီးရဲ့ ကဲစာသင်ကြဦး"
"​ခဏလေး​ပါ​ မေမေရယ် သမီး​ Candy​ ကိုအရင်ရှာချင်တယ် ခဏလေး​ပါနော်​"

မိုးမခ​ တစ်ယောက်​ Candy​ ရှာပုံတော်ဖွင့်နေသည်ထိုချိန် ထူးခန့်​ က

"​အန်တီ​ Candy​ ဆိုတာက"
"​သမီးလေးရဲ့ အချစ်တော်ကြောင်လေးလေ သူလမ်းမလျှောက်နိုင်ချိန်ကတည်းက မွေးထားတာသူ့အဖော်အဖြစ်ပေါ့​ သူ့အတွက်ချိုမိန်စရာလေးမို့ Candy​ လို့ခေါ်တာပဲကြည့်တော့ သမီးကအစွဲအလမ်းသိပ်ကြီးတာ သူလိုချင်တာမရရင် စိတ်ကပျော့သွားရော အဲလိုဆို ဘာမှမလုပ်ဘာမှမစားတော့ဘူး စိတ်ထိခိုက်သွားရော နှလုံး​ရောဂါ​အခံကလည်းရှိတော့ အန်တီ​တို့က​ ပိုဂရုစိုက်ရတယ်"

"​မေမေရယ်​ Candy​ လေးက​ဒေါ်ကြီးဆီမှာ"
"​ဟုတ် လား​သမီး​ ကဲစာသင်ကြဦး"
"​ဟုတ်​ မေမေ"

"ကဲ မိုး က Eco လား Bio လား"
"မိုး က Eco "
"​အကိုလည်း Eco​ ပဲ"
"​ဟုတ်​"

"​အရင်ဆုံး ရူပဗေဒ စသင်မယ်နော်"
"​ဟုတ်​"ဒေါ်မိုးကြည်ပြာ အလုပ်နားရက်ရောက်လာသည်

"မောင်ထူးခန့် ရေ​သမီးလေးစာလိုက်နိုင်ရဲ့လား"
"ဟုတ်​ အန်တီ​ မိုး​ ကတော်ပါတယ်"
"အေးကွယ် မောင်ထူးခန့်​ က​ပဲဂရုစိုက်ပေးပါဦး"
"ဟုတ်​ကဲ့​အန်တီ"

မိုးမခ​ 10တန်းဖြေမဲ့နောက်ဆုံးနေ့ရောက်လာ ထူးခန့် တစ်ယောက်​ဝမ်းနည်းခြင်းများစွာနှင့်

"အော်...... မိုး​ ရယ်ခွဲရတော့မှာပါလား"

စိတ်ထဲရေရွတ်ရင်း မိုး​ စာမေးပွဲ​ဖြေ​နေသော​ကျောင်းရှေ့ထိုင်စောင့်လျက်

"​ကိုခန့်"

ညင်သာသောအသံလေးနှင့်

"​မိုး​..... မိုး​ စာမေးပွဲ​ဖြေ​နိုင်​ရဲ့လား"​
"ဟုတ်​ ကိုခန့် ဖြေနိုင်တယ်"​
"ကိုယ်တို့ တစ်ခုခုသွားစားကြရအောင်"​
"ဟုတ်​"
"မိုး "
"​ဟုတ်​ ကိုခန့် ပြောလေ"​
"မိုး​ မှာချစ်သူရှိလား"​
"ဟာ​ ကိုခန့်​ ကလည်းဘာတွေပြောနေတာလဲ"​
"ဒါဆို မရှိဘူးလား"
"ရှိစရာလား ကိုခန့်​ နော်​ဘာတွေမေးလဲ"
"​ကိုယ်ကသိချင်လို့ပါကွာ"
"​သိပြီးဘာလုပ်မှာလည်း​"
"​ရည်းစားစကားပြောမလို့"
"​ဟာ..... ကိုခန့်​ နော်​"
"မရဘူးလား"
"မသိပါဘူး မေမေဆူလိမ့်မယ်"​
"​သီချင်းလား"
"​ပြောတတ်လိုက်တာနော်"
"​ကိုယ်ကလူကြီးလေ ပြောတတ်​တာပေါ့​"
"​ဟင့်.... လူလည်ကြီး"
"​ပြောပါ"
"​အောင်စာရင်းထွက်ရင် အဖြေပေးမယ်လေ"
"​တကယ်ပြောတာလား​ မိုး"
"မိုး ကမလိမ်ပါဘူး"
"​အင်းပါ"

(၃) လခန့်ကြာသော်​

"​အန်တီ​ မိုး​ ရှိလား"
"​အေးရှိတယ်ကွယ့်​ သမီးရေ သမီး"
"​သမီး​လာပါပြီ​ မေမေရဲ့ ကိုခန့်​ ကို​စောင့်​နေတာ​"
"​မိုး​ အောင်စာရင်း​သွားကြည့်မယ်လေ"
"​ဟုတ်​ မိုး​ ရင်တွေတုန်လိုက်တာ"
"​မိုး​ ကလည်းအရမ်းစိတ်မပူပါနဲ့ နှလုံး​ရောဂါ​ပြန်ထလာဦးမယ် မိုး​ ယုံ​တယ်​မလား"​
"ဟုတ်​ မိုး​ ယုံတယ်"
"​လာပါ​ မိုး​ ရယ်​ကျောင်းထဲသွားကြည့်ရအောင်"
"​ဟုတ်​"
"​မိုး​ အဆင်ပြေရဲ့လား"
"​ပြေပါတယ်​ ကိုခန့် "
"​မိုး​ နာမည်​တွေ့လား"
"​မိုး..... မိုး​ မတွေ့​ဘူး​ ကိုခန့်​"
"​သေချာကြည့်ပါဦး မိုး​ ရယ်​"
"​သေချာတယ် ကိုခန့်​ မိုး​ နာမည်​မတွေ့​ဘူး"
"မိုး​ ရယ်​ဒီနှစ်မအောင်လည်း နောက်နှစ်ပေါ့"
"​အင်း​ပါ​ မိုး​ လေ​ မိုး​ ဝမ်းနည်းရတယ်"
"​မိုး​ ရယ်​ မိုး​ နားမှာလေ ကိုခန့်​ တစ်သက်​လုံး​ရှိနေပါတယ်​"
"​ကိုခန့်​"

နာမည်​လေးခေါ်ရင်း ထူးခန့် ရင်ခွင်အတွင်း၌ငိုနေရှာသည်

"မိုး"
"​ရှင်​ ကိုခန့်​ ပြောလေ"
"​မိုး​ ကိုယ့်ကိုမချစ်ဘူးလား"
"​ကိုခန့်​ ရယ်​ မိုး​ မှ​စာမေးပွဲ​မအောင်တာ"
"​မလိုပါဘူး​ကွာ​ ကိုယ့်နားမှာ မိုး​ ထာဝရ​ရှိနေပေးရင်ရပြီ"
"​ကိုခန့်​ ရယ်"
"​ပြောပါ​ မိုး​ ကိုယ့်​ကို​ချစ်တယ်မဟုတ်လား"
"မိုး​ လေ"
"မချစ်နိုင်ဘူးလား"
"မိုး​ ကိုခန့်​ ကို​ချစ်​ပါတယ်​ဒါပေမယ့်​"
"​ရပါတယ်​ မိုး​ ကိုယ့်ကိုချစ်ရင်ရပြီကျန်တာမလိုဘူး"
"​မိုး​ ကလေ မိုး​ ကိုခန့်​ ကိုချစ်လို့မရဘူး"
"​မိုး​ မှာရည်ရွယ်ထားသူရှိလို့လား"
"​မရှိ​ပါဘူး​ မိုး​ ကို​ခန့်​ ကိုချစ်လို့မရလို့ပါ"
"​ဘာဖြစ်လို့လဲ"
"​မိုး​ လေ"
"​သမီး"
"​မေမေ"
"​အန်တီ​ မင်္ဂလာပါ​"
"​အေး​ကွယ်​ သမီးအိမ်ထဲဝင်တော့လေ"
"ဟုတ် မေမေ ဟုတ်"

"​မောင်ထူးခန့်​ အလုပ်မရှိရင်လည်းပြန်တော့လေကွယ်"
"​ဟုတ်​အန်တီ​"

"​ဟဲ့​ ဟိုမှာ​ ဘယ်သူလဲ​ တစ်ယောက်​တည်း​စကားတွေပြောနေတာ"
"​အေး​ဟဲ့​ ဘယ်သူလဲမသိဘူး"
"​ဒီမှာ​ ဒီမှာ​ ရှင်ဘယ်သူနဲ့စကားပြောနေတာလဲ"
"​မင်းတို့ကဘယ်သူတွေလည်း"
"​ကျွန်မတို့ကဒီနားကရပ်ကွက်ကပါ ရှင်ဒီမှာဘာလုပ်နေတာလဲ"
"​အော်​ဟုတ်​ကျွန်တော်​ဒီအိမ်က မိုးမခ​ ဆိုတဲ့ကောင်မလေးကိုစာသင်ပေးနေတာပါ"
"​"ရှင်"​"
"​ဘာများဖြစ်လို့လဲ"
"​ရှင်မသိဘူးလား"
"​ကျွန်တော်​က​ဘာကို​သိရမှာလည်းဗျ"
"​ဒီအိမ်ကလူတွေအကြောင်းလေ"
"​ဘာဖြစ်လို့​လဲ​ဗျ"
"​ပြောရင်းတောင်ကျက်သီးထလာပြီ"
"​ပြောပါခင်ဗျ"
"​ဒီအိမ်ကလေ...."
"ဟဲ့ကောင်မတွေ​နင်တို့ဘာလာလုပ်တာလဲ"
"​"အမလေး....သရဲ​ကယ်ကြပါဦး"​"

သရဲဆိုပါလား ထူးခန့် စိတ်ထဲမရေရာမသေချာခြင်းများစွာ

"​ကဲမင်းလည်းပြန်တော့"
"ဟုတ်ကဲ့"

"​အမလေး​မောလိုက်တာအေ ပြေးလာရတာတော်သေးလို့ပေါ့"
"​ဟင်​ ခုနကကောင်မလေးနှစ်ယောက်ပါလား ညီမလေးတို့"
"​"အမလေး​""
"ဘာလို့လန့်သွားတာလည်း ကျွန်တော်​သိချင်တာလေးရှိလို့ပါ"
"ဘာများ လဲ"
"ခုနက​ သရဲဆိုပြီးအော်သွားတာလား"
"ကျွန်မတို့ကိုမမေးပါနဲ့​ ကြောက်လို့ပါ"
"ကျွန်တော်​သိချင်နေလို့ပါဖြေပေးပါ"
"ရှင်ကသိချင်တော့လည်းကျွန်မတို့ပြောပြပါမယ် ဒီလိုပါ လွန်ခဲ့တဲ့​ (၃) နှစ်ကျော်လောက်က​ အဲဒီ​အိမ်မှာ​မိုးမခ​ ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ် 10​ တန်း​စာမေးပွဲ​နောက်ဆုံး​နေ့​ဖြေ​ပြီး​အပြန် လမ်းမှာကားအက်စီးဒင့် ဖြစ်တယ်​ နေရာမှာတင်ပဲ​ ဆုံးသွားတယ်"
"​ဗျာ"
"​ဟုတ်တယ်​ အဲဒီ​စိတ်​နဲ့ပဲ​ ဒေါ်မိုးကြည်ပြာ ရူးသွားခဲ့တယ်"
"​အစက​တော့​ ဒေါ်မိုးကြည်ပြာ သွေးရူးသွေးတန် ပြောတာထင်နေတာ မိုးမခ​ ကိုတွေ့တယ်ဘာညာပေါ့ တကယ်တမ်းကျ ကျွန်မ​တို့လည်း​ မိုးမခ​ ကိုတွေ့လိုက်ရတယ် "
"​မိုး​ ကဘာဖြစ်လို့ငားအက်စီးဒင့်ဖြစ်တာလဲ"
"​သူတစ်ယောက်တည်းတင်မဟုတ်ဘူး အိမ်အကူအန်တီကြီးပါပါတယ်"
"​ဘယ်လို"
"​ဟုတ်တယ်​ အဲနေ့က သူ့အမေမအားလို့အိမ်အကူအန်တီကြီးကိုသွားကြိုခိုင်းတယ်​ သူ့အချစ်တော် ကြောင်ကလေးရောပေါ့ ဖြစ်ချင်တော့ကြောင်လေးက ကားလမ်းမပေါ်တက်ပြေးတာ မိုးမခ​ ကအရမ်းချစ်တော့ကြောင်လေးကိုလိုက်ဖမ်း​ အိမ်အကူအန်တီကြီးကလည်း မိုးမခ​ နောက်ကလိုက်ရင်း ကားတိုက်ခံရတာ ကြောင်လေးအသက်ကိုကယ်လိုက်နိုင်ပေမဲ့ မိုးမခ​ တော့အသက်မဲ့သွားရရှာတယ်"
"​မိုး​ ရယ်"
"​ဒါပါပဲရှင်သိချင်တာ"
"​ကျေးဇူးတင်​ပါတယ်​ဗျာ​ အခုလိုပြောပေးလို့"
"​ရပါတယ်"

တကယ်တော့ မိုး ဟာ လူမဟုတ်တဲ့ သူချစ်တဲ့သူတွေနဲ့ ထိတွေ့ခွင့်ရနေတဲ့ မကျွတ်မလွတ်သေးတဲ့ သနားစရာဝိညာဉ်မလေးပါ

နောက်တစ်နေ့ ထူးခန့်​ တစ်ယောက်​ မိုးမခ​ အုတ်ဂူဘေးမှာဝမ်းနည်းစွာရပ်လျက်

"​မိုး​ ရယ်​အခုဘဝမှာကိုယ်တို့မဆုံနိုင်တော့ပေမယ့် နောက်ဘဝဆိုတာရှိလာရင် မိုး​ နဲ့​အတူပြန်ဆုံပါရစေကွာ"

ရင်တွင်းစို့နစ်ခဲ့လေပြီ မိုး​ ရယ်

အစဉ်​ထာဝရ​လေးစားလျက်

𝑯𝒏𝒊𝒏 𝑺𝒂𝒕 𝑷𝒘𝒊𝒏𝒕 𝑯𝒍𝒂𝒊𝒏𝒈 (EYU​ Philo)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon