Milepost English Academy - MEA

Milepost English Academy - MEA

Share

"Feed the Mind, feel the English"

Photos from Milepost English Academy - MEA's post 22/05/2026

ဒီအပတ်သောကြာမှာတော့ အသုံးဝင်မယ့် Vocabulary လေးတွေကိုမျှဝေပေးသွားပါမယ်ရှင် 💚

အပတ်စဥ် သောကြာနေ့တိုင်း Knowledge Sharing and Quizတွေအပြင် အသုံးဝင်မယ့်အကြောင်းအရာလေးတွေကိုပါ တင်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်💚

📩 Page Messenger
☎️ Phone Number : 09784892954, 09407255144
🏫Address : No (18) , First Floor, Neikban Street, Upper Kyeemyindaing Township, Yangon








20/05/2026

🎓အင်္ဂလိပ်ဘာသာစကားဟာ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 အဖြစ် အသုံးအများဆုံး ဘာသာစကားတစ်ခုဖြစ်လို့ နိုင်ငံအနှံ့ လူတွေနဲ့ ဆက်သွယ်ဖို့ အလွန်အရေးကြီးသလို အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိနိုင်ဖို့နှင့် ပညာရေးအတွက်လည်း အထူးပင်အကျိုးရှိပါတယ် နိုင်ငံရပ်ခြားသွားရင်ဖြစ်ဖြစ် 𝐎𝐧𝐥𝐢𝐧𝐞ကနေ သင်ယူချင်တဲ့အခါမှာပဲဖြစ်ဖြစ် အင်္ဂလိပ်စာတတ်ခြင်းက အများကြီး အထောက်အပံ့ပေးပြီး အဆင်ပြေချော့မွေ့စေပါတယ်🎓

အင်္ဂလိပ်စာ လေ့လာခြင်းဟာ ယခုလိုခေတ်ကာလမှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေဖို့အတွက် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး အချက်တစ်ချက်လည်း ဖြစ်ပါတယ် ဒီနေ့မှာတော့ ဘာကြောင့် အင်္ဂလိပ်စာ လေ့လာသင့်သလဲဆိုတဲ့ အကြောင်းအရာလေးတွေကို မျှဝေပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်

❇️ ဗဟုသုတ ရှာဖွေနိုင်ခြင်း (𝐀𝐜𝐜𝐞𝐬𝐬 𝐭𝐨 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞)

❄️အင်တာနက်ပေါ်မှာရှိတဲ့ အချက်အလက်တွေရဲ့ 𝟓𝟎 ရာခိုင်နှုန်းကျော်ဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားထားတာ ဖြစ်ပါတယ် အင်္ဂလိပ်စာ တတ်ကျွမ်းခြင်းအားဖြင့် ကမ္ဘာ့သတင်းတွေ၊ သုတေသနစာတမ်းတွေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို တိုက်ရိုက်လေ့လာနိုင်ပါတယ်.

❇️ ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ (𝐂𝐚𝐫𝐞𝐞𝐫 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬)

❄️နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ လုပ်ငန်းခွင်အများစုမှာ အင်္ဂလိပ်စာကို အဓိက ဆက်သွယ်ရေး ဘာသာစကားအဖြစ် အသုံးပြုကြပါတယ် အင်္ဂလိပ်စာ ကျွမ်းကျင်ရင် ပိုမိုကောင်းမွန်တဲ့ ရာထူးနဲ့ လစာတွေကို ရရှိနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်

❇️ ပညာရေး အခွင့်အလမ်း (𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬)

❄️ကမ္ဘာ့အဆင့်မှီ တက္ကသိုလ်တွေမှာ ပညာသင်ကြားဖို့ ဒါမှမဟုတ် 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 (ပညာသင်ဆု) တွေ လျှောက်ထားဖို့အတွက် အင်္ဂလိပ်စာဟာ မရှိမဖြစ် လိုအပ်ပါတယ်, 𝐈𝐄𝐋𝐓𝐒 သို့မဟုတ် 𝐓𝐎𝐄𝐅𝐋 လိုမျိုး စာမေးပွဲတွေ အောင်မြင်ထားခြင်းက ပြည်ပမှာ ပညာသင်ယူနိုင်ဖို့ လမ်းစပဲ ဖြစ်ပါတယ်

❇️ ယုံကြည်မှု တိုးတက်စေခြင်း (𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)

❄️လူမျိုးစုံ၊ ဘာသာစကားစုံ ပြောဆိုသူတွေနဲ့ ချိတ်ဆက်ပြောဆိုနိုင်ခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးတက်စေပါတယ် ခရီးသွားလာတဲ့အခါမှာလည်း ဘာသာစကား အခက်အခဲ မရှိဘဲ လွတ်လပ်စွာ သွားလာနိုင်ပါတယ်

❇️ ဖျော်ဖြေရေးနှင့် ယဉ်ကျေးမှု (𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 & 𝐂𝐮𝐥𝐭𝐮𝐫𝐞)

❄️ကမ္ဘာကျော် ရုပ်ရှင်တွေ၊ သီချင်းတွေနဲ့ စာအုပ်တွေကို ဘာသာပြန်စရာမလိုဘဲ တိုက်ရိုက် နားလည် ခံစားနိုင်ခြင်းက အင်္ဂလိပ်စာ တတ်မြောက်ခြင်းရဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်

✨အင်္ဂလိပ်စာကို လေ့လာခြင်းအားဖြင့် ကိုယ့်ရဲ့ ယုံကြည်မှုကို တိုးတက်စေပြီး ကမ္ဘာကြီးကို ပိုမို ကျယ်ပြန့်စွာ သိမြင်နားလည်နိုင်ပါတယ် ဒါကြောင့် အနာဂတ်အတွက် အင်္ဂလိပ်စာ လေ့လာသင်ယူထားခြင်းဟာ အလွန်တန်ဖိုးရှိတဲ့ အရာဆိုလည်းမမှားပါဘူးရှင် ✨

💫ကိုယ့်ရဲ့ ပညာရေးအိမ်မက်ကိုအကောင်းဆုံးလျောက်လှမ်းနိုင်ဖို့ 𝐌𝐢𝐥𝐞𝐩𝐨𝐬𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲 နဲ့အတူ လက်တွဲကြပါစို့💫

အသေးစိတ်သိရှိစုံစမ်းလိုပါက
📩 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
☎️ 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟕𝟖𝟒𝟖𝟗𝟐𝟗𝟓𝟒, 𝟎𝟗𝟒𝟎𝟕𝟐𝟓𝟓𝟏𝟒𝟒
🏫 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝐍𝐨 (𝟏𝟖) , 𝐅𝐢𝐫𝐬𝐭 𝐅𝐥𝐨𝐨𝐫, 𝐍𝐞𝐢𝐤𝐛𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭, 𝐔𝐩𝐩𝐞𝐫 𝐊𝐲𝐞𝐞𝐦𝐲𝐢𝐧𝐝𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

17/05/2026

🍂ပင်ပန်းနေကြောင်းပြောရင် "𝐈'𝐦 𝐭𝐢𝐫𝐞𝐝 " လို့ပဲ သုံးနေတော့မှာလား?

💡ဒီလိုစကားလုံးလေးတွေ ပြောင်းသုံးကြည့်ရအောင်နော်

✅"𝐈'𝐦 𝐭𝐢𝐫𝐞𝐝 " တစ်ခုတည်းကိုပဲ ခဏခဏ သုံးမယ့်အစား ဒီလိုလေးတွေ ခွဲသုံးကြည့်ရအောင်

🍄𝐋𝐞𝐯𝐞𝐥 𝟏 (𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞) - "𝐈'𝐦 𝐞𝐱𝐡𝐚𝐮𝐬𝐭𝐞𝐝"

တစ်နေ့လုံး အလုပ်လုပ်ရတာဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်ပြီးတာဖြစ်ဖြစ် အင်အားတွေအကုန်ကုန်သွားတဲ့အခါမျိုးမှာ သုံးပါတယ်

𝐄𝐱𝐚𝐦𝐩𝐥𝐞: "𝐈'𝐯𝐞 𝐛𝐞𝐞𝐧 𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐬𝐢𝐧𝐜𝐞 𝟕 𝐀𝐌, 𝐚𝐧𝐝 𝐧𝐨𝐰 𝐈'𝐦 𝐞𝐱𝐡𝐚𝐮𝐬𝐭𝐞𝐝."

🍄𝐋𝐞𝐯𝐞𝐥 𝟐 (𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝/𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥) - "𝐈'𝐦 𝐝𝐫𝐚𝐢𝐧𝐞𝐝

ခန္ဓာကိုယ်ရော စိတ်ရောပါ ပင်ပန်းနွမ်းနယ်ပြီး ဘာမှလုပ်ချင်စိတ်မရှိတော့တဲ့အခြေအနေမျိုးမှာ သုံးလို့ကောင်းပါတယ်

𝐄𝐱𝐚𝐦𝐩𝐥𝐞: "𝐓𝐡𝐞 𝐥𝐨𝐧𝐠 𝐦𝐞𝐞𝐭𝐢𝐧𝐠 𝐰𝐚𝐬 𝐬𝐨 𝐬𝐭𝐫𝐞𝐬𝐬𝐟𝐮𝐥 𝐭𝐡𝐚𝐭 𝐈'𝐦 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐥𝐲 𝐝𝐫𝐚𝐢𝐧𝐞𝐝."

🍄𝐋𝐞𝐯𝐞𝐥 𝟑 (𝐒𝐨𝐩𝐡𝐢𝐬𝐭𝐢𝐜𝐚𝐭𝐞𝐝) - "𝐈'𝐦 𝐟𝐚𝐭𝐢𝐠𝐮𝐞𝐝"

ဒါကတော့ ပိုပြီး စာဘက်ဆန်တဲ့ စကားလုံးမျိုးပါအလွန်အမင်း ပင်ပန်းနွမ်းနယ်နေတာကို ဖော်ပြချင်တဲ့အခါ ဒါမှမဟုတ် တရားဝင်စကားပြောဆိုမှုတွေမှာ သုံးလေ့ရှိပါတယ်

𝐄𝐱𝐚𝐦𝐩𝐥𝐞: "𝐓𝐡𝐞 𝐡𝐢𝐤𝐞𝐫𝐬 𝐬𝐡𝐨𝐰𝐞𝐝 𝐬𝐢𝐠𝐧𝐬 𝐨𝐟 𝐞𝐱𝐭𝐫𝐞𝐦𝐞 𝐟𝐚𝐭𝐢𝐠𝐮𝐞 𝐚𝐟𝐭𝐞𝐫 𝐭𝐡𝐞 𝐥𝐨𝐧𝐠 𝐣𝐨𝐮𝐫𝐧𝐞𝐲."

💫ကိုယ့်ရဲ့ပညာရေးအိမ်မက်ကို အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ " 𝐌𝐢𝐥𝐞𝐩𝐨𝐬𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲-𝐌𝐄𝐀 " နဲ့အတူ လက်တွဲကြပါစ်ို့ 💫

အသေးစိတ်စုံစမ်းသိရှိလိုပါက
📩 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
☎️ 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟕𝟖𝟒𝟖𝟗𝟐𝟗𝟓𝟒, 𝟎𝟗𝟒𝟎𝟕𝟐𝟓𝟓𝟏𝟒𝟒
🏫 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝐍𝐨 (𝟏𝟖) , 𝐅𝐢𝐫𝐬𝐭 𝐅𝐥𝐨𝐨𝐫, 𝐍𝐞𝐢𝐤𝐛𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭, 𝐔𝐩𝐩𝐞𝐫 𝐊𝐲𝐞𝐞𝐦𝐲𝐢𝐧𝐝𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

Photos from Milepost English Academy - MEA's post 17/05/2026

✨မတိုးတက်တော့ဘဲ ရပ်တန့်နေတဲ့ ကိုယ့်ရဲ့ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥 ကို အရှိန်အဟုန်နဲ့ မြှင့်တင်ဖို့ အချိန်တန်ပါပြီ✨

နေ့စဉ်သုံး စကားပြောအပြင် လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာပါ အသုံးဝင်စေပြီး လက်တွေ့ကျကျသင်ကြားပေးသွားမယ့် 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐅𝐨𝐜𝐮𝐬 အတန်းကို " 𝐌𝐢𝐥𝐞𝐩𝐨𝐬𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲" မှ " 𝐉𝐮𝐧𝐞 𝐈𝐧𝐭𝐚𝐤𝐞" အတွက် ထပ်မံဖွင့်လှစ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် 💚

𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐅𝐨𝐜𝐮𝐬
☁️ 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 𝐋𝐞𝐯𝐞𝐥
☁️ 𝐄𝐥𝐞𝐦𝐞𝐧𝐭𝐚𝐫𝐲 𝐋𝐞𝐯𝐞𝐥
☁️ 𝐏𝐫𝐞-𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐋𝐞𝐯𝐞𝐥
☁️ 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐋𝐞𝐯𝐞𝐥

☘ အတန်းတစ်တန်းကို ကျောင်းသားဦးရေ (𝟏𝟎) ဦး အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားပေးသွားမှာဖြစ်ပါတယ်

☘ အပါတ်စဉ် 𝐙𝐨𝐨𝐦 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 များပို့ပေးသွားမှာဖြစ်တာကြောင့် အတန်းပျက်ရက်များအတွက် သင်ခဲ့သောစာများကို အချိန်မရွေးပြန်လေ့လာနိုင်ပါတယ်

☘ ကျောင်းသူ/သားများအပေါ် ရလဒ်ကောင်းရရှိစေရန်နှင့် လက်တွေ့အသုံးချတတ်စေရန် ထိရောက်စွာ သင်ကြားပေးသွားမှာဖြစ်ပါတယ်

☘ 𝐀𝐭𝐭𝐞𝐧𝐝𝐚𝐧𝐜𝐞 (𝟕𝟓%) ပြည့်မီသူများ, 𝐅𝐢𝐧𝐚𝐥 𝐓𝐞𝐬𝐭 အောင်မြင်သူများကိုသာ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ပေးအပ်သွားမှာ ဖြစ်ပါတယ်

ကိုယ်က ဘယ်𝐋𝐞𝐯𝐞𝐥 ကနေစတက်ရမှန်းမသိဖြစ်နေသူများ အတွက်လည်း စိတ်ပူစရာမလိုဘဲ 𝐏𝐥𝐚𝐜𝐞𝐦𝐞𝐧𝐭 𝐓𝐞𝐬𝐭 (𝐅𝐫𝐞𝐞) ဖြေဆိုလို့ရပြီး 𝐓𝐞𝐬𝐭 𝐑𝐞𝐬𝐮𝐥𝐭 ထွက်လာပါက ကိုယ်နဲ့ကိုက်ညီသော 𝐋𝐞𝐯𝐞𝐥 ကနေ စတင်တက်ရောက်နိုင်ပါတယ်ရှင်💚

💫ကိုယ့်ရဲ့ပညာရေးအိမ်မက်ကို အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ 𝐌𝐢𝐥𝐞𝐩𝐨𝐬𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲-𝐌𝐄𝐀 နဲ့အတူ လက်တွဲကြပါစ်ို့ 💫

အသေးစိတ်စုံစမ်းသိရှိလိုပါက
📩 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
☎️ 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟕𝟖𝟒𝟖𝟗𝟐𝟗𝟓𝟒, 𝟎𝟗𝟒𝟎𝟕𝟐𝟓𝟓𝟏𝟒𝟒
🏫 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝐍𝐨 (𝟏𝟖) , 𝐅𝐢𝐫𝐬𝐭 𝐅𝐥𝐨𝐨𝐫, 𝐍𝐞𝐢𝐤𝐛𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭, 𝐔𝐩𝐩𝐞𝐫 𝐊𝐲𝐞𝐞𝐦𝐲𝐢𝐧𝐝𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

13/05/2026

🙏တောင်းပန်ပါတယ်ပြောရင် "𝐈'𝐦 𝐬𝐨𝐫𝐫𝐲 " လို့ပဲ သုံးနေတော့မှာလား?

💡𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 ကျကျ ဒီလိုစကားလုံးလေးတွေ ပြောင်းသုံးကြည့်ရအောင်နော်

✅အမှားတစ်ခုခုလုပ်မိလို့ပဲဖြစ်ဖြစ်၊ တစ်ခုခုအတွက် စိတ်မကောင်းဖြစ်လို့ပဲဖြစ်ဖြစ် "𝐈'𝐦 𝐬𝐨𝐫𝐫𝐲 " တစ်ခုတည်းကိုပဲ ခဏခဏ သုံးမယ့်အစား ဒီလိုလေးတွေ ခွဲသုံးကြည့်ရအောင်…

🌳 𝐋𝐞𝐯𝐞𝐥 𝟏 (𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞) - "𝐈 𝐚𝐩𝐨𝐥𝐨𝐠𝐢𝐳𝐞"

ဒါကတော့ "𝐈'𝐦 𝐬𝐨𝐫𝐫𝐲" ထက် ပိုပြီး 𝐅𝐨𝐫𝐦𝐚𝐥 ကျပါတယ် ကိုယ့်အမှားကို တရားဝင် ဝန်ခံတဲ့အခါ ဒါမှမဟုတ် 𝐄𝐦𝐚𝐢𝐥 တွေထဲမှာ သုံးတာ ပိုပြီးသင့်တော်ပါတယ်

𝐄𝐱𝐚𝐦𝐩𝐥𝐞: "𝐈 𝐚𝐩𝐨𝐥𝐨𝐠𝐢𝐳𝐞 𝐟𝐨𝐫 𝐭𝐡𝐞 𝐝𝐞𝐥𝐚𝐲 𝐢𝐧 𝐦𝐲 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐞."

🌳 𝐋𝐞𝐯𝐞𝐥 𝟐 (𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝/𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥) - "𝐈 𝐭𝐚𝐤𝐞 𝐟𝐮𝐥𝐥 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲"

တောင်းပန်ရုံတင်မဟုတ်ဘဲ ဖြစ်သွားတဲ့ အမှားအတွက် တာဝန်ယူမှုကိုပါ ပြသတာဖြစ်လို့ လုပ်ငန်းခွင်မှာ အရမ်းစမတ်ကျတဲ့ အသုံးအနှုန်းမျိုးပဲဖြစ်ပါတယ်

𝐄𝐱𝐚𝐦𝐩𝐥𝐞: "𝐈 𝐭𝐚𝐤𝐞 𝐟𝐮𝐥𝐥 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐟𝐨𝐫 𝐭𝐡𝐞 𝐦𝐢𝐬𝐭𝐚𝐤𝐞 𝐢𝐧 𝐭𝐡𝐞 𝐫𝐞𝐩𝐨𝐫𝐭."

🌳 𝐋𝐞𝐯𝐞𝐥 𝟑 (𝐒𝐨𝐩𝐡𝐢𝐬𝐭𝐢𝐜𝐚𝐭𝐞𝐝) - "𝐏𝐥𝐞𝐚𝐬𝐞 𝐚𝐜𝐜𝐞𝐩𝐭 𝐦𝐲 𝐬𝐢𝐧𝐜𝐞𝐫𝐞𝐬𝐭 𝐚𝐩𝐨𝐥𝐨𝐠𝐢𝐞𝐬"

ဒါကတော့ 𝐋𝐞𝐯𝐞𝐥 အမြင့်ဆုံးနဲ့ ယဉ်ကျေးသည့်တောင်းပန်မှုမျိုးပါ ကိုယ့်ဘက်က တကယ့်ကို အလေးအနက်ထားပြီး တောင်းပန်ချင်တဲ့အခါမှာ သုံးပါတယ်

𝐄𝐱𝐚𝐦𝐩𝐥𝐞: "𝐏𝐥𝐞𝐚𝐬𝐞 𝐚𝐜𝐜𝐞𝐩𝐭 𝐦𝐲 𝐬𝐢𝐧𝐜𝐞𝐫𝐞𝐬𝐭 𝐚𝐩𝐨𝐥𝐨𝐠𝐢𝐞𝐬 𝐟𝐨𝐫 𝐚𝐧𝐲 𝐢𝐧𝐜𝐨𝐧𝐯𝐞𝐧𝐢𝐞𝐧𝐜𝐞 𝐜𝐚𝐮𝐬𝐞𝐝."

💫ကိုယ့်ရဲ့ပညာရေးအိမ်မက်ကို အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ " 𝐌𝐢𝐥𝐞𝐩𝐨𝐬𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲-𝐌𝐄𝐀 " နဲ့အတူ လက်တွဲကြပါစ်ို့ 💫

အသေးစိတ်စုံစမ်းသိရှိလိုပါက
📩 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
☎️ 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟕𝟖𝟒𝟖𝟗𝟐𝟗𝟓𝟒, 𝟎𝟗𝟒𝟎𝟕𝟐𝟓𝟓𝟏𝟒𝟒
🏫 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝐍𝐨 (𝟏𝟖) , 𝐅𝐢𝐫𝐬𝐭 𝐅𝐥𝐨𝐨𝐫, 𝐍𝐞𝐢𝐤𝐛𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭, 𝐔𝐩𝐩𝐞𝐫 𝐊𝐲𝐞𝐞𝐦𝐲𝐢𝐧𝐝𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

10/05/2026

🍀 ဒီနေ့မှာတော့ ရောဂါအမျိုးအစား ( 𝐃𝐢𝐬𝐞𝐚𝐬𝐞𝐬 ) အမည်များနှင့် ပတ်သတ်ပြီး 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 အနေဖြင့် " ‌𝐃𝐢𝐬𝐞𝐚𝐬𝐞𝐬 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 (𝟐𝟎) " ကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် 🍀

🍃 အဖြစ်များသော ဖျားနာမှုများ (𝐂𝐨𝐦𝐦𝐨𝐧 𝐀𝐢𝐥𝐦𝐞𝐧𝐭𝐬)

1⃣ 𝐅𝐞𝐯𝐞𝐫 — ဖျားခြင်း

2⃣ 𝐇𝐞𝐚𝐝𝐚𝐜𝐡𝐞 — ခေါင်းကိုက်ခြင်း

3⃣ 𝐂𝐨𝐮𝐠𝐡 — ချောင်းဆိုးခြင်း

4⃣ 𝐒𝐨𝐫𝐞 𝐭𝐡𝐫𝐨𝐚𝐭 — လည်ချောင်းနာခြင်း

5⃣ 𝐂𝐨𝐥𝐝 / 𝐅𝐥𝐮 — အအေးမိခြင်း / တုပ်ကွေး

6⃣ 𝐃𝐢𝐚𝐫𝐫𝐡𝐞𝐚 — ဝမ်းလျှောခြင်း

7⃣ 𝐒𝐭𝐨𝐦𝐚𝐜𝐡𝐚𝐜𝐡𝐞 — ဗိုက်အောင့်ခြင်း

8⃣ 𝐃𝐢𝐳𝐳𝐢𝐧𝐞𝐬𝐬 — ခေါင်းမူးခြင်း

🍃နာတာရှည်နှင့် အခြားရောဂါများ (𝐂𝐡𝐫𝐨𝐧𝐢𝐜 & 𝐎𝐭𝐡𝐞𝐫 𝐃𝐢𝐬𝐞𝐚𝐬𝐞𝐬)

9⃣ 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 — ဆီးချိုရောဂါ

1⃣0⃣ 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 — သွေးတိုးရောဂါ

1⃣1⃣ 𝐀𝐬𝐭𝐡𝐦𝐚 — ရင်ကျပ်ပန်းနာရောဂါ

1⃣2⃣ 𝐀𝐥𝐥𝐞𝐫𝐠𝐲 — ဓာတ်မတည့်ခြင်း

1⃣3⃣ 𝐂𝐚𝐧𝐜𝐞𝐫 — ကင်ဆာရောဂါ

1⃣4⃣ 𝐇𝐞𝐚𝐫𝐭 𝐝𝐢𝐬𝐞𝐚𝐬𝐞 — နှလုံးရောဂါ

1⃣5⃣ 𝐏𝐧𝐞𝐮𝐦𝐨𝐧𝐢𝐚 — အဆုတ်ရောင်ရောဂါ

1⃣6⃣ 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 (𝐓𝐁) — တီဘီ (အဆုတ်နာရောဂါ)

1⃣7⃣ 𝐀𝐫𝐭𝐡𝐫𝐢𝐭𝐢𝐬 — အဆစ်အမြစ်ရောင်ရောဂါ

1⃣8⃣ 𝐀𝐧𝐞𝐦𝐢𝐚 — သွေးအားနည်းရောဂါ

1⃣9⃣ 𝐈𝐧𝐬𝐨𝐦𝐧𝐢𝐚 — အိပ်မပျော်သောရောဂါ

2⃣0⃣ 𝐂𝐨𝐧𝐬𝐭𝐢𝐩𝐚𝐭𝐢𝐨𝐧 — ဝမ်းချုပ်ခြင်း

💫ကိုယ့်ရဲ့ပညာရေးအိမ်မက်ကို အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ " 𝐌𝐢𝐥𝐞𝐩𝐨𝐬𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲-𝐌𝐄𝐀 " နဲ့အတူ လက်တွဲကြပါစ်ို့ 💫

အသေးစိတ်စုံစမ်းသိရှိလိုပါက
📩 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
☎️ 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟕𝟖𝟒𝟖𝟗𝟐𝟗𝟓𝟒, 𝟎𝟗𝟒𝟎𝟕𝟐𝟓𝟓𝟏𝟒𝟒
🏫 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝐍𝐨 (𝟏𝟖) , 𝐅𝐢𝐫𝐬𝐭 𝐅𝐥𝐨𝐨𝐫, 𝐍𝐞𝐢𝐤𝐛𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭, 𝐔𝐩𝐩𝐞𝐫 𝐊𝐲𝐞𝐞𝐦𝐲𝐢𝐧𝐝𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

10/05/2026

🎐" 𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲" 🎐

🤱မေတ္တာတရားတို့၏ အရင်းအမြစ်ဖြစ်သော အမေများနေ့မှာ မိခင်တိုင်း စိတ်ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ 💚

🤱 သားသမီးတို့ရဲ့ အောင်မြင်မှုတိုင်းမှာ အဓိကပံ့ပိုးရှင်တစ်ဦးဖြစ်တဲ့ မိခင်များကို လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်ရှင်💚

Photos from Milepost English Academy - MEA's post 08/05/2026

ဒီအပတ်သောကြာမှာတော့ အသုံးဝင်မယ့် Idioms လေးတွေကိုမျှဝေပေးသွားပါမယ်ရှင် 💚

အပတ်စဥ် သောကြာနေ့တိုင်း Knowledge Sharing and Quizတွေအပြင် အသုံးဝင်မယ့်အကြောင်းအရာလေးတွေကိုပါ တင်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်💚

📩 Page Messenger
☎️ Phone Number : 09784892954, 09407255144
🏫Address : No (18) , First Floor, Neikban Street, Upper Kyeemyindaing Township, Yangon








06/05/2026

🌿 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐤𝐢𝐥𝐥𝐬 (𝟒) ခုလုံးကို ထိထိရောက်ရောက်နဲ့ 𝐁𝐚𝐥𝐚𝐧𝐜𝐞𝐝 ဖြစ်အောင် ဘယ်လိုလေ့ကျင့်မလဲ?🌿

✨အင်္ဂလိပ်စာ လေ့လာတဲ့အခါ 𝐒𝐤𝐢𝐥𝐥 တစ်ခုတည်းမှာတင် ရပ်မနေဘဲ (𝟒) ခုလုံး ဟန်ချက်ညီညီ တိုးတက်ဖို့က အရမ်းအရေးကြီးပါတယ် ဒီနေ့မှာတော့ 𝐒𝐤𝐢𝐥𝐥 တစ်ခုချင်းစီအတွက် လက်တွေ့လုပ်‌ဆောင်ကြည့်လို့ရမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်✨

1⃣ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 (နားထောင်ခြင်း) - "နားထောင်မှုစွမ်းရည်က အခြေခံအုတ်မြစ်"

✅ဘာသာစကားတစ်ခုမှာ နားထောင်မှုစွမ်းရည်က အခြေခံအကျဆုံးပါ

🍀 ကိုယ်နှစ်သက်တဲ့ 𝐏𝐨𝐝𝐜𝐚𝐬𝐭 တွေ၊ သီချင်းတွေ ဒါမှမဟုတ် 𝐘𝐨𝐮𝐓𝐮𝐛𝐞 က ဗဟုသုတရစရာ 𝐕𝐢𝐝𝐞𝐨 လေးတွေကို တစ်နေ့ မိနစ် (𝟐𝟎) ပုံမှန်နားထောင်ပါ

🍀 အစပိုင်းမှာ အကုန်လုံး နားမလည်ရင်တောင် စိတ်မပျက်ပါနဲ့ အသံထွက် နဲ့ လေယူလေသိမ်းကို နားယဉ်သွားအောင် အရင်လုပ်ပါ

2⃣ 𝐑𝐞𝐚𝐝𝐢𝐧𝐠 (စာဖတ်ခြင်း) - "ဝေါဟာရများကို ရှာဖွေပါ"

✅စာဖတ်တာဟာ ဝေါဟာရ (𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲) အသစ်တွေကို အကြောင်းအရာနဲ့တကွ မှတ်မိစေဖို့ အကောင်းဆုံးနည်းလမ်းပါ

🍀 ကိုယ်နဲ့ အရမ်းခက်တာမျိုးထက် ကိုယ့်ရဲ့ 𝐋𝐞𝐯𝐞𝐥 နဲ့ ကိုက်ညီမယ့် ဝတ္ထုတို၊ သတင်း ဒါမှမဟုတ် 𝐏𝐢𝐧𝐭𝐞𝐫𝐞𝐬𝐭 က 𝐐𝐮𝐨𝐭𝐞𝐬 လေးတွေကို အရင်ဖတ်ပါ

🍀 စာဖတ်ရင်း စကားလုံးအသစ်တွေ့ရင် တစ်ခါတည်း မှတ်စုစာအုပ်ထဲမှာ ချရေးထားတဲ့ အကျင့်လေး လုပ်ပေးပါ

3⃣ 𝐖𝐫𝐢𝐭𝐢𝐧𝐠 (စာရေးခြင်း) - "အတွေးကို အကောင်အထည်ဖော်ပါ"

✅ကိုယ်သိထားတဲ့ 𝐆𝐫𝐚𝐦𝐦𝐚𝐫 နဲ့ 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 တွေကို စနစ်တကျ ပြန်ထုတ်သုံးရတဲ့ အဆင့်ပါ

🍀 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐃𝐢𝐚𝐫𝐲 ရေးပါ တစ်နေ့တာမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတွေကို အင်္ဂလိပ်လို 𝟑 ကြောင်းကနေ 𝟓 ကြောင်းလောက်အထိ ရိုးရိုးရှင်းရှင်းလေး စရေးကြည့်ပါ

🍀 ကိုယ်ရေးထားတဲ့ စာကြောင်းတွေကို မှန်၊ မမှန် ပြန်စစ်ပေးမယ့် 𝐀𝐈 𝐓𝐨𝐨𝐥 တွေ ဒါမှမဟုတ် 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐂𝐡𝐞𝐜𝐤𝐞𝐫 တွေ သုံးပြီး လေ့လာပါ

4⃣ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 (စကားပြောခြင်း) - "ယုံကြည်မှုက အဓိက"

✅အမှားလုပ်မိမှာ ကြောက်တာက တိုးတက်မှုကို အနှေးကွေးဆုံးဖြစ်စေတဲ့အချက်ပါ

🍀 စကားပြောဖော်မရှိရင် မှန်ကြည့်ပြီး ပြောပါ ကိုယ့်အသံကို ဖုန်းနဲ့ 𝐑𝐞𝐜𝐨𝐫𝐝 ဖတ်ပြီး ပြန်နားထောင်ပါ

🍀 "𝐒𝐡𝐚𝐝𝐨𝐰𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞" ကို သုံးပါ 𝐒𝐩𝐞𝐚𝐤𝐞𝐫 တစ်ယောက် ပြောတာကို နားထောင်ပြီး သူပြောတဲ့အတိုင်း လေသံရော၊ အမြန်နှုန်းပါ လိုက်ပြောကြည့်တာမျိုးပါ

💁‍♀အကြုံပြုချက်အနေဖြင့်...

✨ဒီ 𝐒𝐤𝐢𝐥𝐥𝐬 (𝟒) ခုလုံးကို တစ်နေ့တည်းမှာ တစ်ပြိုင်တည်း လေ့ကျင့်ဖို့ မလိုအပ်ပါဘူး ဒီနေ့မှာ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 နဲ့ 𝐑𝐞𝐚𝐝𝐢𝐧𝐠 အားစိုက်ရင် နောက်နေ့မှာ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 နဲ့ 𝐖𝐫𝐢𝐭𝐢𝐧𝐠 ကို အလေးပေးတာမျိုး (𝐀𝐥𝐭𝐞𝐫𝐧𝐚𝐭𝐞 𝐝𝐚𝐲𝐬) လုပ်ပြီး အလေ့အကျင့်ကောင်းလေးတစ်ခု တည်ဆောက်သွားကြရအောင်နော်✨

💫ကိုယ့်ရဲ့ပညာရေးအိမ်မက်ကို အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ " 𝐌𝐢𝐥𝐞𝐩𝐨𝐬𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲-𝐌𝐄𝐀 " နဲ့အတူ လက်တွဲကြပါစ်ို့ 💫

အသေးစိတ်စုံစမ်းသိရှိလိုပါက-
📩 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
☎️ 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟕𝟖𝟒𝟖𝟗𝟐𝟗𝟓𝟒, 𝟎𝟗𝟒𝟎𝟕𝟐𝟓𝟓𝟏𝟒𝟒
🏫 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝐍𝐨 (𝟏𝟖) , 𝐅𝐢𝐫𝐬𝐭 𝐅𝐥𝐨𝐨𝐫, 𝐍𝐞𝐢𝐤𝐛𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭, 𝐔𝐩𝐩𝐞𝐫 𝐊𝐲𝐞𝐞𝐦𝐲𝐢𝐧𝐝𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

Photos from Milepost English Academy - MEA's post 05/05/2026

" 𝟐𝟎𝟐𝟔 " ခုနှစ်အတွင်းမှာပင် 𝐈𝐄𝐋𝐓𝐒 အောင်မြင်မှုကို အရယူမလား?

🌿 𝐈𝐄𝐋𝐓𝐒 ကို အခြေခံကစပြီး လေ့လာမယ့်သူတွေအတွက် 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ခိုင်မာအောင် အခြေခံကစပြီး ပျိုးထောင်အားဖြည့်ပေးမယ့် " 𝐌𝐢𝐥𝐞𝐩𝐨𝐬𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲" မှ " 𝐉𝐮𝐧𝐞 𝐈𝐧𝐭𝐚𝐤𝐞 “ အတွက် ထပ်မံဖွင့်လှစ်ထားတဲ့ " 𝐈𝐄𝐋𝐓𝐒 𝐏𝐫𝐞𝐦𝐢𝐮𝐦 “အတန်းလေးကတော့…

✨𝐈𝐄𝐋𝐓𝐒 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧✨

✅နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးသွားမှာဖြစ်ပြီး " 𝐈𝐄𝐋𝐓𝐒 " ကို အတွေ့အကြုံရင့် ဆရာ/ဆရာမများနဲ့ ထိထိရောက်ရောက်သင်ကြားချင်ပေမဲ့ အချိန်မပေးနိုင်တဲ့ သူများအတွက် အဆင်ပြေစေမည့် " 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 " ဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်

✅ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 ဖြစ်‌တာကြောင့် ကျောင်းသားဦးရေ (𝟓) ဦး အကန့်အသတ်ဖြင့်သာ သင်ကြားပေးသွားမှာဖြစ်ပါတယ်

✅𝐎𝐧𝐥𝐢𝐧𝐞 (𝐙𝐨𝐨𝐦) 𝐂𝐥𝐚𝐬𝐬 ဖြစ်ပေမယ့် အပြင်မှာဆရာ/ဆရာမနဲ့ သင်နေရသလိုမျိုး 𝐅𝐚𝐜𝐞 𝐭𝐨 𝐅𝐚𝐜𝐞 သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်

✅𝐖𝐞𝐞𝐤𝐥𝐲 𝐀𝐬𝐬𝐢𝐠𝐧𝐦𝐞𝐧𝐭𝐬, 𝐌𝐨𝐧𝐭𝐡𝐥𝐲 𝐓𝐞𝐬𝐭𝐬, 𝐏𝐚𝐬𝐭 𝐏𝐚𝐩𝐞𝐫 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞𝐬, 𝐌𝐨𝐜𝐤 𝐓𝐞𝐬𝐭𝐬 များ အပါတ်စဉ်/လစဉ်ပြုလုပ်ပေးပြီး လိုအပ်နေသော 𝐒𝐤𝐢𝐥𝐥𝐬 များကိုဖြည့်၍ စနစ်တကျသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်

✅𝐃𝐚𝐢𝐥𝐲 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞,𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 𝐛𝐮𝐢𝐥𝐝𝐢𝐧𝐠 များလည်းပြုလုပ်ပေးသွားမှာဖြစ်ပါတယ်

✅ ကျောင်းချိန်/ရုံးချိန်လွတ်အတန်းများသာ ဖွင့်လှစ်ပေးထားပါတယ်

✅𝐙𝐨𝐨𝐦 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 များပြုလုပ်ပေးထားတာကြောင့် အတန်းပျက်ရက်ရှိပါက ကျောင်းသား/သူများသင်ခန်းစာများလွတ််သွားမှာကို လုံးဝစိုးရိမ်စရာမလိုသလို မသိနားမလည်သည့်စာများကိုလည်းအချိန်မရွေးမေးမြန်းနိုင်ရန် 𝐆𝐫𝐨𝐮𝐩 ဖွဲ့ထားပြီး 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐭𝐚𝐟𝐟 များ 𝐒𝐭𝐚𝐧𝐝𝐛𝐲 ထားရှိပေးထားပါတယ်

လူဦးရေမပြည့်ခင် 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာအမြန်ဆုံးစာရင်းပေးသွင်းအပ်နှံလိုက်တော့နော် 💚

💫ကိုယ့်ရဲ့ပညာရေးအိမ်မက်ကိုအကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ 𝐌𝐢𝐥𝐞𝐩𝐨𝐬𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲 နဲ့အတူ လက်တွဲလိုက်ကြပါစို့ 💫

အသေးစိတ်စုံစမ်းသိရှိလိုပါက
📩 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
☎️ 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟕𝟖𝟒𝟖𝟗𝟐𝟗𝟓𝟒, 𝟎𝟗𝟒𝟎𝟕𝟐𝟓𝟓𝟏𝟒𝟒
🏫 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝐍𝐨 (𝟏𝟖) , 𝐅𝐢𝐫𝐬𝐭 𝐅𝐥𝐨𝐨𝐫, 𝐍𝐞𝐢𝐤𝐛𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭, 𝐔𝐩𝐩𝐞𝐫 𝐊𝐲𝐞𝐞𝐦𝐲𝐢𝐧𝐝𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


အမှတ် (၁၈) ၊ နိဗ္ဗာန်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့
Yangon
11101