17/12/2025
2026 မှာ Content Writer Career စတင်နိုင်ဖို့ 50% Scholarships ရယူပြီး 🥳
လက်တွေ့တွေးပြီး လက်တွေ့ရေးနည်း Content Writing Training Batch 05 ကို အခုပဲအပ်နှံလိုက်ပါ 🤗
အခြေခံကစပြီးသင်ကြားပေးမှာဖြစ်လို့ သင်တန်းပြီးဆုံးတဲ့အခါ 👇🏻
✍🏻Content တစ်ပုဒ်ကို ပိုင်ပိုင်နိုင်နိုင်ရေးတတ်သွားမယ်။
✍🏻Copywriting Formula တွေအကုန်လုံးကို အသုံးချနိုင်သွားမယ်။
✍🏻Content Calendar တစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်သွားမယ်။
✍🏻Content Marketing ဆိုတာ ဘာလဲသိသွားမယ်။
✍🏻Digital Marketing အခြေခံတွေကို ရှင်းရှင်းလင်းလင်းနားလည်သွားမယ်။
✍🏻အလုပ်လျှောက်ဖို့၊ Freelance လုပ်ဖို့ အရေးအကြီးဆုံးဖြစ်တဲ့ Content Portfolio တစ်ခုကိုရရှိသွားမယ်။
ဒါကြောင့် Content Writing ကိုစိတ်ဝင်စားတယ်ဆိုရင် ၂၀၂၆ မရောက်ခင် အခုပဲစတင်လေ့လာဖို့ ဆုံးဖြတ်လိုက်ပါ ✅
🔸 သင်တန်းအချိန်စာရင်းအသေးစိတ်
🔵 အတန်းစမည့်နေ့ - ဒီဇင်ဘာလ ၃၀ ရက်နေ့ (အင်္ဂါနေ့)
🔵 အတန်းရက်များ - အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး
🔵 အချိန် - ည (၈) နာရီမှ (၉) နာရီ (မြန်မာအချိန်)
🔵 သင်တန်းကာလ - (၄) ပတ်
🔵 သင်ကြားမည့်ပုံစံ - Face to Face Online (Zoom)
🔵 ပုံမှန်သင်တန်းကြေး - ၇၅,၀၀၀ ကျပ်
🔵 50% Scholarships ဖြင့်သင်တန်းကြေး - ၃၇,၅၀၀ ကျပ်
သင်တန်းနဲ့ပတ်သက်ပြီး သိချင်တာတွေရှိသေးရင် Chatbox မှာမေးမြန်းနိုင်ပါတယ် 💬
ငွေကြေးလုံးဝအဆင်မပြေသူများ 100% Scholarships လျှောက်ထားချင်လျှင် Chatbox ကိုလာပြောပေးပါခင်ဗျာ 🤗
13/12/2025
နှစ်သစ်မှာ Content ရေးနိုင်တဲ့သူဖြစ်လာဖို့ 50% Scholarships နဲ့ ကျွန်တော်ကူညီပေးပါမယ် 🤝
ကျွန်တော့အတန်းကို ဒီလိုဈေးလျှော့ပေးလေ့မရှိပါဘူး။
ကျွန်တော်တတ်နိုင်တဲ့လူအရေအတွက်ကို 100% Scholarships ပေးချင် ပေးလိုက်တာပါပဲ 🌟
အခု 50% Scholarships ဆိုတာ လူငယ်အချင်းချင်းကူညီပေးတဲ့သဘောစီစဉ်ပေးတာပါ 🤗
Marketing အတွက် Scholarships ကိုအသုံးချတာမဟုတ်ဘဲ စေတနာသန့်သန့်နဲ့ကူညီပေးချင်ရုံသက်သက်ပါ 🤜🏻🤛🏻
ဒီ Batch 5 မှာလာအပ်တဲ့သင်တန်းသားတိုင်းကို 50% Scholarships နဲ့သင်ပေးပါမယ် ✍🏻
လူဦ်းရေတော့ကန့်သတ်ထားပါတယ်။ (Content Assignments တွေဖတ်ရမှာများရင် သေသေချာချာလေး Feedback မပေးနိုင်မှာစိုးလို့ပါ။)
သင်တန်းအကြောင်း Information အစုံပါတဲ့ Post ထပ်တင်ပေးဦးမှာပါ ✅
ကြိုအပ်ထားချင်တယ်ဆိုရင်လည်း Chatbox မှာလာပြောလို့ရပါတယ် 👋🏻
26/09/2025
Content Writing Training Batch - 04 (Day 1) Memory ✨
စာသင်ရရင်ကို ပျော်နေတာ ☺️
20/09/2025
ဒီနေ့ Webinar လေးမှာ အတတ်နိုင်ဆုံး သေသေချာချာလေးပြောပြပေးခဲ့ပါတယ် 🎉
Webinar မ Join လိုက်ရတဲ့သူတွေထဲက Content Writing ကို Self Study Roadmap လေးလိုချင်ရင် Chatbox မှာလာတောင်းလို့ရပါတယ်ဗျ 🤗
လာနားထောင်ခဲ့သူတွေ စနစ်တကျလေ့လာနိုင်ပြီး Content Writer Career ကို အောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်ကြပါစေခင်ဗျာ 🙏🏻
16/09/2025
တွေးနည်းမသိရင် ဘယ်လိုရေးမလဲ 💭 🤷🏻♂️
ကိုယ်တိုင် တွေးလိုက်၊ ရေးလိုက်၊ ပြန်မေးလိုက်နဲ့ တစ်လအတွင်း Content Writing ကိုပိုင်နိုင်သွားချင်တယ်ဆိုရင် ✍🏻
စက်တင်ဘာလ ၂၅ ရက်နေ့စမဲ့ Content Writing Training (Batch - 04) ကိုတက်ရောက်ပြီး စနစ်တကျသင်ယူလေ့ကျင့်လိုက်ပါ။
ရေးချင်တာတွေရေးနိုင်ဖို့ ဘယ်လိုတွေးရတယ်ဆိုတာက စသင်ပေးမှာဖြစ်လို့ အခြေခံမရှိသူတွေလည်းတက်ရောက်နိုင်ပါတယ် 🌟
သင်တန်းအကြောင်းအသေးစိတ်နဲ့ သင်ပေးမဲ့ကျွန်တော့အကြောင်းကို ပုံတွေမှာသေသေချာချာရေးပေးထားပါတယ်။
Content Writing လေ့လာမယ်ဆိုရင် စာမဖတ်ချင်လို့တော့မရပါဘူး 💢
ဒါကြောင့် သေသေချာချာလေးဖတ်၊ အတန်းအကြောင်းကိုလေ့လာပြီးမှ တက်သင့်၊ မတက်သင့်ဆုံးဖြတ်ပါ။
ဒီ Batch မှာလည်း (၁၀) ယောက်ပဲ လက်ခံသွားမှာပါ ✅
ထုံးစံအတိုင်း Scholarships (၂) ယောက်ပေးမှာဖြစ်လို့ အများဆုံး (၁၂) ယောက်ပဲဖြစ်ပါလိမ့်မယ်။
📣 စက်တင်ဘာ ၂၃ ရက်နေ့မတိုင်ခင်အပ်မယ်ဆိုရင် Early Bird Discount 15% OFF နဲ့တက်ရောက်နိုင်ပါတယ် 🥳
-------------
Scholarships လျှောက်ချင်သူတွေကတော့ အောက်ကိုဆက်ဖတ်ပေးပါခင်ဗျာ 💁🏻♂️
🔸 Scholarships ကို အမှန်တကယ်ငွေကြေးခက်ခဲမှလျှောက်ပေးပါ။
🔸 အဲ့တာထက်ပိုအရေးကြီးတာကတော့ တကယ်တက်ဖြစ်မယ်ဆိုမှလျှောက်ပါ။
🔸 Scholarships Winner အနေနဲ့ အတန်းချိန်အားလုံးကို အစအဆုံးမပျက်မကွက်တက်ရောက်ပေးနိုင်ရပါမယ်။
🔸 Assignments တွေကိုလည်း Deadline အမီ အမြဲပြီးဖို့လိုပါမယ်။
🔸 Scholarships လျှောက်မယ်ဆိုရင် (၂၃) ရက်နေ့မတိုင်ခင်လျှောက်ပေးပါ။
အပေါ်ကအချက်လေးတွေ အဆင်ပြေတယ်ဆိုရင် သင်တန်း Post လေးကို Share သွားပြီး Cmt မှာ Scholarships လို့ရေးခဲ့ပေးပါခင်ဗျာ 💬
ကျွန်တော် Chatbox မှာ Scholarship Form လေးပို့ပေးလိုက်ပါမယ်။
(ရှေ့ Batch ကျောင်းသားတွေရဲ့ Feedback ကို Cmt မှာကြည့်လို့ရပါတယ်ခင်ဗျာ) 👇🏻
09/09/2025
Content Writing လေ့လာချင်သူတွေအတွက် Free Webinar 🌐
Self Study လုပ်ပြီး Content Writer တစ်ယောက်ဖြစ်လာနိုင်လား❓
ဖြစ်နိုင်ပါတယ် ✌🏻
Content Writer တစ်ယောက်ဖြစ်ဖို့ သင်တန်းတက်မှမဟုတ်ပါဘူး။
English အနည်းအကျဉ်းရတယ်ဆိုရင် Content Writing ဆိုတဲ့ပညာရပ်ကို (၂၁) ရက်အတွင်း ကိုယ်တိုင်လေ့လာလို့ရပါတယ်။
ဘယ်လိုလေ့လာရမလဲဆိုတဲ့ Roadmap နဲ့ ဘာတွေလေ့လာရမယ်ဆိုတာတွေကို ဒီ Free Webinar လေးမှာကျွန်တော် သေသေချာချာပြောပြပေးသွားပါမယ် 💯
Webinar လေးကို JOIN ဖို့စိတ်ဝင်စားတယ်ဆိုရင် ✨
✅ Content Writing ကိုလေ့လာချင်တဲ့ အခြားသူငယ်ချင်းတွေမြင်အောင် ဒီပို့စ်လေးကိုကူပြီး Share သွားပေးပါ။
Share ထားတဲ့ Screenshot လေးနဲ့ "21DCW" လို့ Chatbox မှာစာပို့လိုက်ရင် 💬
JOIN ရမဲ့ Zoom Link လေးပြန်ပို့ပေးထားပါမယ်ခင်ဗျာ 🤗
🗓️ Date - 20.92025 (Saturday)
⏰ Time - 7:00 Pm - 8:00 Pm (Myanmar Time)
23/08/2025
Content Quality ဆုံးဖြတ်နည်း (၂) နည်း ✌🏻
(Writers တွေလည်းသိထားသင့်သလို Clients တွေအနေနဲ့လည်းမှတ်ထားသင့်ပါတယ်။)
Quality Content ဟုတ်တယ်မဟုတ်ဘူး ဘယ်လိုဆုံးဖြတ်လဲတို့ 🤷🏻♂️
Quality Content ဆိုတာမျိုးမြင်ဖူးချင်လို့ပြပါဦးတို့ဆိုတဲ့ Post လေးတွေဖတ်ရပါတယ်။
ကျွန်တော်သိထားတဲ့ Quality Content ဖြစ်ခြင်း၊ မဖြစ်ခြင်းဆုံးဖြတ်နည်း (၂) နည်းကို မျှဝေပေးပါရစေ 🫡
1️⃣ ပထမတစ်နည်းက ရိုးရှင်းပါတယ်။
Data ကိုပဲကြည့်ပြီးဆုံးဖြတ်တာပါ။
Content တစ်ပုဒ်ရဲ့ Reach to Engagement Ratio (Engagement Rate) ကိုတိုင်းတာပြီး Quality Content ဖြစ်မဖြစ်တိုင်းလို့ရပါတယ်။
တွက်နည်း Formula ကတော့ 👇🏻
Total Engagement ကိုတည်ပြီး Total Reach နဲ့စားပါ။
ပြီးရင် 100% နဲ့မြှောက်ပါ။
For Example:
Total Engagement - 100
Total Reach - 1000
(100÷1000)×100%
Reach to Engagement Ratio = 10%
Percentage ဘယ်လောက်ဆိုရင်ကောင်းတာလဲ❓
Social Media တွေကတဖြည်းဖြည်း Business တွေကိုရက်စက်လာလိုက်တာ အခုဆိုရင် 1% - 4% ရရင်တောင် Quality Content တစ်ပုဒ်လို့ပြောလို့ရပါတယ်။
1% အောက်ရောက်နေရင် Low Quality Content
1-4 % ဆိုရင် Good Quality Content
4% အထက်ဆိုရင် Excellent ပါပဲ။
ဆိုတော့ ဒါကတစ်နည်း 💢
2️⃣ နောက်တစ်နည်းကတော့ Value ရခြင်း၊ မရခြင်း
ဒီနည်းက Emotional Outcome ကိုကြည့်ပြီးဆုံးဖြတ်တဲ့နည်းပါ။
Content တစ်ပုဒ်ကိုဖတ်လိုက်လို့ 📖
✅ အသုံးဝင်တဲ့ အသိပညာတစ်ခုခုရရှိသွားမယ်။ (Applicable Knowledge)
✅ ဖတ်နေရင်း ဉာဏ်အလင်းတစ်ခုခုပွင့်သွားမယ်။ (Emotional Intelligence)
✅ စိတ်ခံစားမှုတွေပြင်းထန်လာမယ်။ (Five Emotional Touch Points)
ယျေဘုယျအားဖြင့် ဒီ (၃) ခုထဲကတစ်ခုခုနဲ့ငြိတယ်ဆိုရင် Quality Content လို့သတ်မှတ်လို့ရပါတယ်။
ကျွန်တော်သိတဲ့ Quality Content ဆိုတာတော့ ဒါပါပဲဗျာ။
(Note - Quality Content ဘာညာမပြောခင် Content တစ်ပုဒ်မှာရှိကိုရှိရမဲ့ အရည်အချင်းတွေအကြောင်းကိုနောက်တစ်ပို့စ်ရေးပါဦးမယ်။)
18/08/2025
ရိုးရိုးရေးသင့်တာကို ရိုးရိုးပဲရေးပါ ✍🏻
Junior Content Writer တွေမှာဖြစ်လေ့ရှိတဲ့ Challenge တစ်ခုက အရမ်း Creative ဖြစ်ချင်တာပါ 🔥
Creative ဖြစ်ချင်တာကောင်းပါတယ်။
ဒါပေမဲ့ ရိုးရိုးပဲရေးသင့်တဲ့ Content တွေမှာတော့ ရိုးရိုးရှင်းရှင်းလေးပဲရေးလိုက်တာက ပိုအဆင်ပြေပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ အလုပ်ဖြစ်ဖို့လိုအပ်လို့ပါ 💢
Creative ဖြစ်တိုင်း အလုပ်မဖြစ်ပါဘူး ❌
ဒါကို ကျွန်တော်ကိုယ်တိုင်လည်း Content Writer ပေါက်စဘဝတုန်းက နားမလည်ခဲ့ပါဘူး။
Digital Marketer တစ်ယောက်အနေနဲ့ Insights တွေကိုကြည့်ပြီးအလုပ်လုပ်ရတဲ့အချိန်မှ နားလည်ပါတယ် 🤗
ဒါကြောင့် Content ရေးမယ်ဆိုရင် Creative နောက်ကိုပဲအမြဲမလိုက်ပါနဲ့ 🫡
အလုပ်ဖြစ်မဖြစ်ကိုလည်း ထည့်စဉ်းစားပါ။
Content တစ်ပုဒ်ကို ✍🏻
Creative ဘက်သွားရမလား❓
ရိုးရှင်းပြီး အလုပ်ဖြစ်တဲ့ဘက်ကိုသွားရမလား❓ ဆိုတာ
ဘယ်အချက်တွေကိုကြည့်ပြီး ဆုံးဖြတ်ရမလဲဆိုတာကို နောက်တစ်ပို့စ်မှာပြောပြပေးပါမယ် ✨
15/08/2025
AI နဲ့ခေတ်ပြိုင် Writer တွေအတွက် အရမ်းအရေးကြီးတဲ့ Content DNA ✌🏻
AI ကကြမ်းပါတယ် 🔥
ဒါပေမဲ့ သူ့မှာ DNA တော့မရှိဘူးလေ...
DNA မပါတဲ့ Content တွေရေးတဲ့ Content Writer ဆိုရင်တော့ AI ကိုကြောက်ရမှာပဲ။
အရင်ကတည်းကလည်း အဲ့လို Content Writer တွေက Industry ထဲမှာကြာကြာမရပ်တည်နိုင်ပါဘူး။
Content တွေမှာ DNA နှစ်မျိုးရှိတတ်တယ်။
Brand DNA နဲ့ Writer DNA 🧬
တချို့သောအချိန်တွေမှာ Writer DNA အရ Eye Catching Headline တွေပစ်ထည့်ချင်ပေမဲ့ Brand DNA နဲ့မကိုက်ရင်ထည့်လို့မရဘူး ❌
Trend တိုင်းကို Brand တိုင်းလိုက် မ Join သင့်တာလည်း ဒါကြောင့်ပဲ ✌🏻
Trend တစ်ခုပေါ်လာရင် Brand DNA နဲ့ချိတ်လို့ရမရစဉ်းစားပြီးမှ Join သင့်၊ မသင့်ဆုံးဖြတ်ရတယ်။
Content Writer တစ်ယောက်အနေနဲ့လည်း ကိုယ်ရေးတဲ့ Content တော်တော်များများကို ကိုယ့် DNA ပါတဲ့ Content တွေဖြစ်အောင်ရေးသင့်တယ်။
အဲ့တာမှ အချက်အလက်သက်သက်၊ စာတစ်ပုဒ်သက်သက်ဖြစ်မနေတော့မှာ...
DNA ပါတဲ့ Content တွေဖန်တီးကြပါ 🫡
AI ကဆွမ်းကြီးလောင်းဖို့လာနေပြီ 😁
28/04/2025
Scholarship Deadline - May 2 ‼️
အတန်းလေးက မေလ (၆) ရက်နေ့စမှာမို့လို့ Scholarship ကို မေလ (၂) ရက်နေ့ ည ၁၂ နာရီတိတိမှာ Form ပိတ်ပါမယ်ခင်ဗျာ 💁🏻♂️
မေလ (၄) ရက်နေ့မှာ Scholarship Winner တွေကို အကြောင်းကြားပေးသွားပါမယ်။
ပို့စ်လေးရေးဖြစ်မယ်ဆိုရင် Page မှာကြေညာပေးပါ့မယ်။
မရေးဖြစ်ရင် Messenger ကစာပို့ပါမယ်ခင်ဗျာ 💬
ပုံမှန်အတန်းချင်သူတွေကတော့ မေလ (၄) ရက်နေ့ ည ၁၂ နာရီအထိအပ်လို့ရပါတယ်။
Early Discount လေးကတော့ သဘက်ခါ April 30 နောက်ဆုံးပါ 📣
သင်တန်းအကြောင်းအသေးစိတ်ဖတ်ရန်ပို့စ်👇🏻
https://www.facebook.com/share/p/1HSE73QK2v/
20/04/2025
Content Writing Training Online Class (Batch 03) ✍🏻
ကျွန်တော် Online သင်ပါပြီ 🤗
(Scholarship ဖြင့်တက်ရောက်လိုသူများ Post အောက်ဆုံးတွင်ဖတ်ပါ။)
ပြီးခဲ့တဲ့ Batch 1 နဲ့ 2 ဖွင့်တုန်းက လာစုံစမ်းကြတာ ၅၀ ကျော်လောက်ရှိပေမဲ့ တကယ်တမ်း ကျွန်တော်သင်ဖြစ်ခဲ့တာက Batch (၂) ခုပေါင်းမှ သင်တန်းသား ၁၁ ယောက်တည်းပါပဲ။
လာစုံစမ်းကြတဲ့အတော်များများက Online အတန်းထင်လို့လာစုံစမ်းကြတာဖြစ်နေလို့ ကျွန်တော်လည်း Online မသင်ချင်တာနဲ့ငြင်းလွှတ်ခဲ့ရပါတယ် 😢
အခုကတော့ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာမှာရှိမနေတော့တာကြောင့် Online ပဲသင်မှကိုဖြစ်တော့မှာမို့ Online အတန်းလေးပဲစီစဉ်လိုက်ပါတယ်။
ပထမဆုံးပြောပြချင်တာကတော့ ကျွန်တော့အတန်းကိုတက်ရင် 🧑🏫
Content တစ်ပုဒ်ကို Confidence ရှိရှိရေးနိုင်သွားမယ်ဆိုတာတော့ အာမခံပေးနိုင်ပါတယ် ✅
Power Point ကိုရှင်းပြတာသက်သက်မဟုတ်ဘဲ ဘာသာရပ်တစ်ခုလိုကျေလည်သွားအောင် စနစ်တကျသင်ကြားပေးမှာပါ။
သင်တန်းပြီးဆုံးတဲ့အခါမှာလည်း အလုပ်လျှောက်ဖို့အရေးအကြီးဆုံးဖြစ်တဲ့ Content Portfolio တစ်ခုကိုပါတစ်ခါတည်းကူညီပြင်ဆင်ပေးဦးမှာပါ 💁🏻♂️
Online အတန်းဆိုပြီး လူအများကြီးသင်မှာမဟုတ်ပါဘူး။
သင်တန်းသား (၁၀) ယောက်ပဲလက်ခံမှာဖြစ်ပြီး Scholarship (၂) ယောက်နဲ့ Total ၁၂ ယောက်ကိုပဲသင်ကြားသွားမှာပါ။
သင်တန်းသားများရင် တစ်ယောက်ချင်းစီရဲ့ Content တွေကိုအသေးစိတ်ဖတ်ပေးဖို့ အချိန်မလောက်မှာစိုးလို့လည်းပါပါတယ်။
Scholarship လျှောက်ချင်တဲ့သူတွေကတော့ ဒီအချက်လေးတွေကိုအရင်ဖတ်ပေးပါဗျ 👇
✅ တကယ်တက်ဖြစ်မယ်ဆိုမှ လျှောက်ပေးပါ။
✅ Content Writing နဲ့ပတ်သက်ပြီး တကယ် Passion ရှိတဲ့သူဖြစ်ရပါမယ်။
✅ သင်တန်းကြေးအမှန်တကယ်အခက်အခဲရှိသူဖြစ်ရပါမယ်။
✅ အတန်းချိန်တိုင်းကို အစကနေအဆုံး မပျက်မကွက်တက်ရောက်နိုင်ရပါမယ်။
✅ အတန်းကပေးတဲ့ Assignment တိုင်းကို Deadline အမီ အမြဲပြီးရပါမယ်။
ဒီအချက်လေးတွေနဲ့ကိုယ်ကကိုက်ညီမယ်ဆိုရင်တော့ သင်တန်းပို့စ်လေးကို Like & Share လုပ်ပြီး Screenshot နဲ့ Messenger မှာ Scholarship Form ထုတ်ယူနိုင်ပါတယ်ခင်ဗျာ 💁🏻♂️
April ၃၀ မတိုင်ခင်မှာ အပ်နှံမယ်ဆိုရင် Early Bird Discount 10 % OFF ရှိပါတယ် ✨
သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ပုံတစ်ပုံချင်းစီမှာရေးထားပေးပါတယ်။ ထပ်သိချင်တာရှိရင်လည်း Chatbox or Comment မှာမေးနိုင်ပါတယ်ဗျာ 🤗
သင်တန်းအပ်နှံမယ်ဆိုရင် Chatbox မှာ "CWT03" လို့ပို့ထားပေးပါဗျ 💁🏻♂️