Speakeasy Language Centre

Speakeasy Language Centre HAPPY LEARNING; GREAT RESULTS! Our unique approach to learning and state-of-the-art faculty makes SPEAKEASY Institute one of the best schools in Yangon.

SPEAKEASY Institute was born out of a simple idea: bringing high-quality, accessible and affordable education to the entire community. Hereafter, we’d like to cordially invite you to explore our engagements with diverse course schedules, and to stop by for a visit at your convenience.

�Vision
Speakeasy will thrive as a multilingual language centre in the future, well-equipped with all state-of-t

he-art facilities such as self-access centre and a remarkably vibrant library so that leaners can further their research to a whole new level.

�Mission
The learning programs which will be offered at SPEAKEASY Institute are :
English learning Program : There are three categories under this program : (1) General English, (2) Public Speaking and (3) IELTS. Moreover, we will also deliver weekly knowledge-sharing talk show programs on various interesting topics and also seminars as often as possible at our Speakeasy. In addition, Speakeasy assists learners open doors because it brings job opportunities, standing as a partial job agency of its own.

ATTENTION PLEASE!!!ကျွန်တော်တို့ Speakeasy Institute  သို့ အွန်လိုင်းမှ ဖြစ်စေ သင်တန်းသို့ လာရောက်အပ်နှံသည်ဖြစ်စေ သင်တန်...
17/08/2026

ATTENTION PLEASE!!!

ကျွန်တော်တို့ Speakeasy Institute သို့ အွန်လိုင်းမှ ဖြစ်စေ သင်တန်းသို့ လာရောက်အပ်နှံသည်ဖြစ်စေ
သင်တန်းကြေးများ ပေးသွင်းပါက SEI official ဖုန်းနံပါတ် 09420311030 နှင့်ဖွင့်ထားသော Kpay, Wave, KBZ banking , cb banking , CB Pay, AYA Banking နံပါတ်များဆီသို့သာ ပေးသွင်းဖို့ နှင့် တခြား နံပါတ်များကို ပေးသွင်းမှု များ ရှိခဲ့ပါက Speakeasy မှ တာ၀န်မယူပါကြောင်း

အကယ်၍ အခြားနံပါတ်များသို့ ဤကျောင်းအတွက် သင်တန်းကြေးပေးသွင်းမှုများ ရှိခဲ့ပါက ပေးသွင်းခဲ့သည့် နံပါတ်နှင့်တကွ ဤ Speakeasy official page messenger သို့ လာရောက် အကြောင်းကြား ဆက်သွယ်ပေးရန် လိုအပ်‌ပါကြောင်း သတိပေးလိုက်ပါသည်

အသက် (၁၅) နှစ်‌လေးနဲ့ IELTS Band Score 8.0! 😱🎉 ညီလေး Kaung Zin Lin ကတော့ IELTS 8.0 ဖြေဆိုရရှိခဲ့ချိန်မှာ အသက် (၁၅) နှစ်ပ...
11/08/2026

အသက် (၁၅) နှစ်‌လေးနဲ့ IELTS Band Score 8.0! 😱🎉

ညီလေး Kaung Zin Lin ကတော့ IELTS 8.0 ဖြေဆိုရရှိခဲ့ချိန်မှာ အသက် (၁၅) နှစ်ပဲရှိသေးတာကြောင့် Speakeasy ရဲ့ အသက်အငယ်ဆုံး IELTS 8.0 Achiever လို့တောင် ပြောရမလိုပါပဲ။

ဒီညီလေးက Study Abroad Plan အတွက် Speakeasy မှာ ✅ IELTS 16 hours Course ကို တစ်ဦးချင်းသီးသန့် One-on-one Class တက်ရောက်ခဲ့တာပါ။

✅ IELTS real exam ဖြေဆိုခါနီးမှာတော့ ကျောင်းဘက်က အနီးကပ်စာသင်ချိန် ၆ နာရီကို FOC အနေနဲ့ထပ်မံပေးအပ်ပြီး အခမဲ့ သင်ကြားလေ့ကျင့်‌ပေးခဲ့ပါတယ်။

🎓 ယခုအခါမှာလည်း Speakeasy မှာပဲ GED One-on-one Class ကို ဆက်လက်တက်ရောက်နေပါတယ်။
🎓 ညီလေးက အသက် ၁၅ နှစ်ပဲရှိသေးတာမို့ GED Exam ကိုတော့ ၁၆ နှစ်ပြည့်မှ ဝင်ရောက်ဖြေဆိုပြီး ယခုရရှိထားတဲ့ IELTS 8.0 result နဲ့အတူ ထိုင်းနိုင်ငံမှာပဲ ကျောင်းဆက်တက်မှာဖြစ်ပါတယ်။

အခုလို အသက် ၁၅ နှစ်တည်းနဲ့ ရှားရှားပါးပါး Band 8.0 ရရှိအောင်ဖြေဆိုနိုင်ခဲ့တဲ့ ညီလေး Kaung Zin Lin ရဲ့ Lesson Plan, Weekly Progress တွေကိုလည်း အားလုံးလေ့လာနိုင်အောင် တခါတည်း ဖော်ပြပေးလိုက်ပါတယ်နော်....

Lastly, kudos to our Band 8.0 achiever, Kaung Zin Lin! 🏆🥳

📞 Speakeasy Language Centre မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် GED 3-in-1 Class အပါအဝင် General English Level-up Class, IELTS, Duolingo အတန်းတွေကိုတက်ရောက်ဖို့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။






Study Abroad အတွက် အချိန်တိုအတွင်း English Proficiency လက်မှတ်လိုရင် Duolingo ကအသင့်တော်ဆုံးပါ ✅🤩ညီမလေး Htet Myat Wati A...
27/07/2026

Study Abroad အတွက် အချိန်တိုအတွင်း English Proficiency လက်မှတ်လိုရင် Duolingo ကအသင့်တော်ဆုံးပါ ✅🤩

ညီမလေး Htet Myat Wati Aung ကလည်း 🇹🇭 ထိုင်းမှာကျောင်းတက်ဖို့ English Proficiency လက်မှတ်တစ်ခုလိုအပ်တာကြောင့် အချိန်ကုန်သက်သာပြီး မြန်ဆန်တဲ့ Duolingo ကိုဖြေဖို့ရွေးချယ်ခဲ့ပါတယ်။

ဒီအတွက် Speakeasy မှာ Duolingo (one-on-one class) ကို တက်ရောက်ပြင်ဆင်ခဲ့ပါတယ်။

ပြင်ဆင်ချိန်ခဏလေးနဲ့ Duolingo 105 ရရှိခဲ့ပြီး အခုဆိုရင် ရည်မှန်းထားတဲ့ကျောင်းမှာ Study Abroad လုပ်တော့မှာဖြစ်ပါတယ်။ 🤩🤩

ညီမလေးအတွက် သီးသန့်ရေးဆွဲပေးခဲ့တဲ့ Customized Lesson Plan နဲ့ Weekly Progress တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်....

📞 Speakeasy Language Centre မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် GED 3-in-1 Class, General English Level-up Class, IELTS, Duolingo အတန်းတွေကို စိတ်ဝင်စားရင်တော့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ...

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။






🧊 ရေခဲ (လုံးဝ) မရောတဲ့ Speakeasy ရဲ့ General English သင်တန်း တချို့အအေးဆိုင်တွေမှာ ရေခဲတွေအများကြီးထည့်ပြီး အချိုရည်နည်း...
18/07/2026

🧊 ရေခဲ (လုံးဝ) မရောတဲ့ Speakeasy ရဲ့ General English သင်တန်း

တချို့အအေးဆိုင်တွေမှာ ရေခဲတွေအများကြီးထည့်ပြီး အချိုရည်နည်းနည်းလေးပဲထည့်ပေးတာမျိုး ကြုံဖူးကြတယ်ဟုတ်...? 🥤🧊

👉 အလားတူပဲ English သင်တန်းအချို့မှာ အတန်းချိန် (၁) နာရီခွဲရှိရင် (၄၅) မိနစ်လောက်ကို Writing Tasks တွေချည်း ထိုင်ရေးခိုင်းထားတတ်ပါတယ်

အဲဒီအချိန်မှာ ဆရာမက ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်စောင့်ရင်း အနားယူနေတတ်တာမို့ ကျောင်းသားဘက်ကကြည့်ရင် ဒါဟာ "အချိန်တွေကို ရေခဲနဲ့ ရောလိုက်သလိုပါပဲ"

👉 Speakeasy မှာတော့ ကျောင်းသားရဲ့အချိန်ကို ခိ-ုးယူတဲ့ ဒီလိုသင်ကြားပုံမျိုးတွေကို (လုံးဝ) တားမြစ်ထားပါတယ်။

👉 ကျောင်းသားတွေပေးထားရတဲ့ ပိုက်ဆံက မိနစ်တိုင်း၊ နာရီတိုင်းအတွက်ဖြစ်လို့ အတန်းထဲမှာ "ရေသာခိုသင်ကြားမှု" မျိုးမရှိရအောင် Academic Director ကိုယ်တိုင် တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။

✔️ Speakeasy မှာကျင့်သုံးနေတဲ့ Interactive Learning & Homework System

👉 အတန်းထဲမှာ ဆရာနဲ့ ကျောင်းသား စာအတူတူ discuss/ brainstorm လုပ်မယ်၊ အိမ်ကျမှ Homework ရေးမယ်။
👉 ကျောင်းသားရဲ့ Homework ကို ဆရာက အသေးစိတ် Feedback ပေးပေးဖို့လည်း အချိန်‌သေချာပေးထားပါတယ်။

✔️ Reading သင်ကြားပုံ
🔹Reading သင်တဲ့အခါ Academic Reading ဆိုတာဘာလဲ၊ Skimming, Scanning နဲ့ Circumlocution ဆိုတာ ဘာလဲဆိုတာတွေကို Teaching Material Files တွေ၊ PowerPoint တွေနဲ့ သေသေချာချာ စနစ်တကျ သင်ကြားပေးပါတယ်။
🔹အတန်းထဲမှာ Level အလိုက် Passage တွေကို နမူနာပြ၊ Brainstorm လုပ်ပြီး ဆရာမနဲ့အတူ အတူတူ Discuss လုပ်ပါတယ်။ ပြီးမှသာ အိမ်စာ (Homework) အဖြစ် ပေးလိုက်တာပါ။
🔹ဒါမှ နောက်တစ်ပတ်မှာ ကျောင်းသားတစ်ဦးချင်းစီရဲ့စာတွေကို အသေးစိတ် feedback (Constructive Feedback) အပြည့်အဝပေးဖို့ အချိန်ပို ထွက်လာမှာပါ။

✔️ Writing သင်ကြားပုံ
🔹 ကျောင်းသားရဲ့ Level အလိုက် Academic Writing Method တစ်ခုကို သင်ကြားပေးပါတယ်။
🔹Topic တစ်ခုကိုရေးသားတဲ့အခါမှာ fact collection/ organization ဘယ်လိုလုပ်ရမလဲ၊ brainstorm ဘယ်လိုလုပ်မလဲ ဆိုတာတွေကို တခါတည်း လေ့ကျင့်သင်ကြားပေးပါတယ်။
🔹အတန်းထဲမှာ နမူနာတစ်ပုဒ်ကို ၅-၆ ကြောင်းခန့် ဆရာနဲ့အတူရေးသားပြီး ကျန်တာကို homework အနေနဲ့ ဆက်လက်ရေးသားလေ့ကျင့်စေပါတယ်။

✔️ Academic Director ကိုယ်တိုင်ကြီးကြပ်ပေးတဲ့ Quality Control

👉 စာသင်နှစ် (၁၃) နှစ်ကျော်အတွေ့အကြုံရှိတဲ့ Academic Director ကိုယ်တိုင် ဆရာ/ဆရာမတွေရဲ့ သင်ကြားမှုကို အနီးကပ် ကြပ်မတ်ပေးပါတယ်။
👉 ဆရာ/ဆရာမတွေအနေနဲ့ စာသင်ကြားရာမှာ ပေါ့လျော့လို့ရမယ့် ဟာကွက်၊ ဟာပေါက်တွေ လုံးဝမရှိအောင် Quality Control ကို အဆင့်ဆင့် လုပ်ဆောင်ပေးထားပါတယ်။

ဒါကြောင့်ပဲ ကျောင်းသားတွေရဲ့ အဖိုးတန်စာသင်ချိန် မိနစ် စက္ကန့်တိုင်းကို အလေးထားသင်ကြားပေးတဲ့ Speakeasy ကို ကျောင်းသားတွေအမြဲရွေးချယ်နေကြတာဖြစ်ပါတယ်... 💯

📞 Speakeasy Language Centre မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် GED 3-in-1 Class အပါအဝင် General English Level-up Class, IELTS, Duolingo အတန်းတွေကိုတက်ရောက်ဖို့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။





GED 3-in-1 Class ကို Malaysia ကနေ အတန်းချိန်ညှိတက်ခဲ့ပြီး (၆) လတည်းနဲ့ 693 ရရှိခဲ့တဲ့ ညီမလေး Huai Piဒီညီမလေးကတော့ လက်ရှိ...
12/07/2026

GED 3-in-1 Class ကို Malaysia ကနေ အတန်းချိန်ညှိတက်ခဲ့ပြီး (၆) လတည်းနဲ့ 693 ရရှိခဲ့တဲ့ ညီမလေး Huai Pi

ဒီညီမလေးကတော့ လက်ရှိ မလေးရှားနိုင်ငံမှာနေထိုင်နေတာမို့ Speakeasy ရဲ့ ✅ GED 3-in-1 (Pre-GED + Foundation + Preparation) အတန်းကို အွန်လိုင်း One-on-one တက်ရောက်ခဲ့တာပါ။

ပြင်ဆင်ချိန် (၆) လတည်းနဲ့ GED 693 ရရှိခဲ့တဲ့အပြင် Social Studies နဲ့ Science ကို Credit နဲ့ပါအောင်မြင်ခဲ့တာဖြစ်ပါတယ်။ 🤩🤩

👉 Speakeasy ရဲ့ GED 3-in-1 Class ကိုတက်ရောက်ချင်သူတွေ လေ့လာနိုင်ဖို့ ညီမလေး Huai Pi အတွက် သီးသန့်ရေးဆွဲပေးထားတဲ့ ✅ Customized Lesson Plan နဲ့ ✅ Weekly Progress တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်....

📞 Speakeasy Language Centre မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် GED 3-in-1 Class အပါအဝင် General English Level-up Class, IELTS, Duolingo အတန်းတွေကိုတက်ရောက်ဖို့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။








Language Centre

12/07/2026

July လအတွက် GED 3 in 1 (online)အတန်းသစ် ⁉️

လာမည့် July (25) ရက်နေ့တွင် အတန်းစမည့် Speakeasy ရဲ့ GED 3 in 1 အတန်းလေးရဲ့ အတန်းရက်နဲ့အချိန်စရင်းလေး ထွက်လာပါပြီခင်ဗျာ ... 🤩

Pre-GED + GED Foundation + GED Preparation အတန်းလေးရဲ့အချိန်စရင်းလေးကတော့ -
Sat, Sun , Mon, Tues - 8:30-10:30 PM (Myanmar Time) ဖြစ်ပြီး ၊

Speakeasy မှ FOC အနေနဲ့ ထည့်သွင်းသင်ကြားပေးသွားမည့် General English for GED အတန်းလေးရဲ့အချိန်စရင်းလေးကတော့ -
Thurs , Fri - 9:30-11 PM (Myanmar Time) ဖြစ်ပြီး

အခုလ July (25) တွင်အတန်းလေး စတင်မှာဖြစ်ပါတယ်ခင်ဗျာ ။ 💎


အားသာချက် (၄) ချက်နဲ့ Speakeasy ရဲ့ 4 Skills သင်တန်း 💯🏆 General English (4 Skills) Level-up အတန်းဆိုတာ ကျွန်တော်တို့ Spe...
30/06/2026

အားသာချက် (၄) ချက်နဲ့ Speakeasy ရဲ့ 4 Skills သင်တန်း 💯

🏆 General English (4 Skills) Level-up အတန်းဆိုတာ ကျွန်တော်တို့ Speakeasy ရဲ့ Popular အဖြစ်ဆုံးနဲ့ ကျောင်းသားတွေအများဆုံးတက်ကြတဲ့ One-on-one Class တစ်ခုပါ။

ဒီလို လူကြိုက်များနေရတာလည်း အကြောင်းမဲ့တော့မဟုတ်ပါဘူး။

1️⃣ General English အတန်းရဲ့ အဓိက အားသာချက်

👉 ကျောင်းသားက (၃) ရက်ထက်ပိုပြီး အတန်းမပျက်ထားဘူး
👉 အိမ်စာတွေကိုလည်း ပုံမှန်လိုက်လုပ်ပြီး deadline အမီ ထပ်တယ်ဆိုရင်
✅ ကျောင်းသားရဲ့ English Level အခွဲ (၄) ခုစာ မတိုးတက်မချင်း
👉 Lesson Plan တွေပြောင်း
👉 ဆရာ/ဆရာမအသစ်တွေပြောင်းပေးပြီး
👉 FOC စာသင်ချိန် နာရီအပိုတွေနဲ့ "အခမဲ့" ဆက်သင်ပေးပါတယ်။

2️⃣ စနစ်တကျနဲ့ Quality အပြည့်အဝ ထိန်းချုပ်ထားမှု

👉 ကျောင်းသားတိုင်းအတွက် Quality Control System ထားရှိပြီး Academic Director ကိုယ်တိုင် student behavior ကောက်ပေးခြင်း/ customer care meeting မှာ skill တစ်ခုချင်းစီ ဆရာ/ဆရာမများ အတန်းတွင်းမှာဘယ်လိုသင်သွားလဲ စသဖြင့် အသေးစိတ် အနီးကပ်စစ်ဆေးပါတယ်။
ကျောင်းသားတွေကို Academic Director ကိုယ်တိုင် ၂ လတစ်ခါ/ ၁ လတစ်ခါ လိုအပ်သလိုခေါ်တွေ့ပြီးတော့ ဆရာမတွေ သင်တာအဆင်ပြေမပြေ skill တစ်ခုချင်းစီကို စာမေးပွဲစစ်သလို စစ်ဆေးပေးတာပါ။
👉 တမူထူးခြားတင်းကြပ်သော feedback ပေးနည်း system ထားရှိခြင်း

3️⃣ Official Mock Test များကိုသာ အသုံးပြုခြင်း (IELTS/ Duolingo)

👉 Level Test, Mid-term, End-term တွေမှာ IELTS (သို့) Duolingo official website တွေက Test တွေကိုသာ အသုံးပြုစစ်ဆေးပါတယ်။
👉 ဆရာ/ဆရာမတွေရဲ့ အကဲဖြတ် အမှတ်ပေးစနစ် (Marking Scheme) ကလည်း အမှန်တကယ် IELTS Standard အတိုင်း Band Score တွေ စနစ်တကျတွက်ချက်ပေးတာဖြစ်ပါတယ်။

4️⃣ GE သင်ရင်းနဲ့ IELTS/ Duolingo Tips & Tricks တွေအပြင် test format exposure ပါ တခါတည်းရရှိနိုင်ခြင်း

General English အတန်းဆိုပေမဲ့ IELTS Test ရဲ့ Format တွေ၊ Exposure တွေနဲ့ Strategy တွေကို အချိန်ရရင် ရသလို/ လိုအပ်သလို ကျောင်းသား level နဲ့အညီ ထည့်သွင်းသင်ကြားပေးပါတယ်။
🔹Listening - IELTS Listening Strategy File နဲ့သင်တယ်။
🔹Writing - Level သိပ်မမြင့်သေးရင် "Sandwich Method"၊ Level အမြင့်ဆို "IELTS 5 Types of Writing" တွေကို သင်ပြီးဆရာမနဲ့တူတူ Discuss လုပ်၊ Sample ပြပြီးမှ Homework ပေးတာပါ။
🔹Speaking & readingကဘယ်လ်ိုသင်လဲကတော့ cbမှာစုံစမ်းပါ
(Duolingo ဖြေဖို့အစီစဉ်ရှိတဲ့ကျောင်းသားတွေအတွက်လည်း အလားတူ သက်ဆိုင်ရာ material တွေသုံးပေးပါတယ်။)

👉 ဒါ့အပြင် General English (4 Skills) အတန်းဟာ
✅ တစ်ဦးချင်းသီးသန့် (One-on-one) အတန်းဖြစ်သလို
✅ Zoom/ Google Meet ကနေ ဆရာ/ဆရာမနဲ့တိုက်ရိုက် face to face သင်ကြားရတာမို့ အချိန်ကုန်/လူပင်ပန်းသက်သာပြီး
✅ ပြည်တွင်းတင်မက ပြည်ပရောက်ကျောင်းသားများပါ တက်ရောက်နေကြတာဖြစ်ပါတယ်။

ဒီအားသာချက်တွေနဲ့အတူ ကိုယ့်ရဲ့ English Level ကိုမြှင့်တင်ချင်ရင်တော့...

Speakeasy ရဲ့ လူကြိုက်အများဆုံး General English (4 Skills) Level-up Course ကို အခုပဲ စာရင်းပေးသွင်းလိုက်တော့နော်... 📣

📞 သင်တန်းအကြောင်းအသေးစိတ်ကို Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ...

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။






Speakeasy မှာတက်မယ့်ကျောင်းသားတိုင်း သိထားသင့်တဲ့ "အတန်းချိန်ပြောင်းလဲခြင်းဝန်ဆောင်မှု" 🕒📅👉 Speakeasy အနေနဲ့ ကျောင်းသားက...
30/06/2026

Speakeasy မှာတက်မယ့်ကျောင်းသားတိုင်း သိထားသင့်တဲ့ "အတန်းချိန်ပြောင်းလဲခြင်းဝန်ဆောင်မှု" 🕒📅

👉 Speakeasy အနေနဲ့ ကျောင်းသားကျောင်းသူတွေ အဆင်ပြေပြေ တက်ရောက်နိုင်ဖို့အတွက် အတန်းချိန်ရော၊ ဆရာဆရာမကိုပါ စိတ်ကြိုက် ရွေးချယ်ညှိနှိုင်းပေးတဲ့ Customization Service ကို ပံ့ပိုးပေးထားပါတယ်။
👉 အခြားဝန်ဆောင်မှုများနည်းတူ ဒီအတန်းချိန်ပြောင်းလဲခြင်းမှာလည်း စနစ်တကျလည်ပတ်နိုင်ဖို့အတွက် စည်းကမ်းချက် Limitation လေးတွေရှိပါတယ်။

ဒီအချက်တွေကို ကျွန်တော်တို့ကျောင်းရဲ့ NDA Meeting များနဲ့ ယခင် Post တွေမှာလည်း အစဉ်တစိုက် ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။

🔹 အတန်းချိန်ကို ဘယ်လိုညှိနှိုင်းပေးလဲ?
Speakeasy မှာ မြန်မာစံတော်ချိန် မနက် (၉) နာရီကနေ ည (၁၀) နာရီခွဲအတွင်း ကျောင်းသား ကျောင်းသူတွေ ရွေးချယ်ထားတဲ့ ဆရာ/ဆရာမရဲ့ Schedule ကိုဖွင့်ပြပြီး ကျောင်းသားအားမယ့်အချိန်နဲ့ ဆရာမ အားမယ့်အချိန်ကို တတ်နိုင်သမျှ အကောင်းဆုံး ချိတ်ဆက်ညှိနှိုင်းပေးပါတယ်။
👉 ဥပမာ- ကျောင်းသားက အစပိုင်းမှာ မနက် ၉-၁၀ နာရီခွဲ (Monday, Tuesday, Wednesday) အတန်းကို ယူထားတယ်ဆိုပါစို့။ အတန်းတက်ရင်း လမ်းခုလတ် (အတန်းတစ်ဝက်လောက်) ရောက်တဲ့အခါ အကြောင်းတစ်ခုခုကြောင့် Friday, Saturday, Sunday (မနက် ၉-၁၀ နာရီခွဲ) အတန်းကို ‼️ချက်ချင်း တန်းပြောင်းလို့တော့ မရပါဘူး။
👉 လက်ရှိရွေးချယ်ထားတဲ့ ဆရာမမှာလည်း schedule အပြည့်ဖြစ်သလို Friday, Saturday, Sunday (မနက် ၉-၁၀ နာရီခွဲ) မှာ တခြားကျောင်းသားရှိနေနိုင်လို့ ...
📌 ဆရာမ မပြောင်းဘဲ အတန်းချိန်ကိုသာ ပြောင်းချင်တာဆိုရင် အနည်းဆုံး (၃) ပတ် ကြိုပြောပေးရပါမယ်။
📌 အတန်းချိန်ကိုပဲ အဓိကပြောင်းချင်တယ်ဆိုရင်တော့ ဆရာမအသစ် ပြန်လဲပေးပါတယ်။
👉 ကျောင်းသား ကျောင်းသူအဆင်ပြေစေဖို့အတွက် Demo Video ပြန်ပြပြီး ဆရာမအသစ် ပြန်လည်ရွေးချယ်စေကာ မိမိလိုချင်တဲ့အချိန်ရအောင် ညှိနှိုင်းပေးပါတယ်။

🔹 ဆရာ/ဆရာမပြောင်းသွားပေမယ့် သင်ယူမှု မပြတ်တောက်စေရပါဘူး
ဆရာ/ဆရာမအသစ် ပြောင်းလဲသွားတဲ့အခါမှာလည်း ကျောင်းသားအနေနဲ့ အသားမကျမှာမျိုး လုံးဝ ပူစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ရှေ့ဆရာမ သင်ကြားသွားခဲ့တဲ့ Lesson Plan ကို နောက်ဆရာမဆီကို စနစ်တကျ Handover လွှဲပြောင်းပေးခဲ့တဲ့အတွက်ကြောင့် နောက်ဆရာမက အဲဒီ Lesson Plan အတိုင်း ဆက်လက် Adjust လုပ်ပြီး အချိတ်အဆက်မိမိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် "ဆရာများ သား‌ေ-သ" အဖြစ်မျိုး လုံးဝဖြစ်မှာမဟုတ်ပါဘူး။

⚠️ အတန်းချိန်ပြောင်းလဲတဲ့အခါ သတိပြုရမယ့် Limitations များ

Speakeasy မှာ အတန်းချိန်ညှိနှိုင်းပြောင်းလဲခြင်းကို ✅ တစ်တန်းလျှင် (၃) ကြိမ်အထိ ခွင့်ပြုပေးထားပါတယ်။

👉 ပြည်တွင်းပြည်ပကနေ အလုပ်တစ်ဖက်နဲ့တက်ရောက်မယ့် ကျောင်းသားတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းခွင်အခြေအနေအရ Day Shifts / Night Shifts မသေချာလို့ အတန်းချိန်ကို တစ်ပတ်တစ်ခါ ပြောင်းလဲဖို့လိုအပ်ပါက ကျောင်းကို ကြိုတင်အသိပေးပြောကြားရပါမယ်။
👉 ယခင်က အချိန်ညှိနှိုင်းပေးမှုအတွက် ဝန်ဆောင်ခ မကောက်ခံခဲ့ပေမယ့် အခုနောက်ပိုင်းမှာ Admin Team အနေနဲ့ အလုပ်တာဝန်ပိုမိုများပြားလာပြီး အချိန်ပေးလုပ်ဆောင်ပေးရတာဖြစ်လို့ အခုလို တစ်ပတ်တစ်ခါ အတန်းချိန်ပြောင်းလဲခြင်းမျိုးအတွက် ပုံမှန်သင်တန်းကြေးအပြင် အနည်းငယ်သော Service Charges (ဝန်ဆောင်ခ) ထပ်မံကောက်ခံသွားမှာဖြစ်ပါတယ်။

⚠️ အချိန်ပြောင်းတက်မယ့်ကျောင်းသားတွေရဲ့ အတန်းချိန်ကို Teacher's Schedule ထဲမှာခဏခဏသွားပြင်နေရင် ဆရာ/ဆရာမတွေ မျက်စိမှောက်ပြီး အတန်းမှားဝင်မိတာမျိုးတွေဖြစ်နိုင်ပါတယ်။
⚠️ ဒါကြောင့် ဒီလိုကျောင်းသားတွေကို "ဒီနေ့အတန်းရှိပါတယ်" ဆိုတဲ့ reminder sms မျိုး မပေးပို့နိုင်တာကြောင့် မိမိအတန်းချိန်ကို မိမိဘာသာမှတ်သားထားရပါမယ်ခင်ဗျာ။ (Phone Notes or Reminder App များနဲ့ စနစ်တကျမှတ်သားထားဖို့ အကြံပြုပါတယ်။)

Speakeasy Language Centre အနေနဲ့ စနစ်ကျနပြီး အရည်အသွေးပြည့်ဝတဲ့ သင်ကြားမှုမျိုးရရှိဖို့ ကျောင်းသားရော၊ ဆရာ/ဆရာမများပါ အဆင်ပြေစေမယ့် ပတ်ဝန်းကျင်တစ်ခုအဖြစ် အမြဲတမ်း ထိန်းသိမ်းသွားပါမယ်ခင်ဗျာ.... 📚🎯

📞 Speakeasy Language Centre မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် GED 3-in-1 Class, General English Level-up Class, IELTS, Duolingo အတန်းတွေကိုတက်ရောက်ဖို့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်....

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။






(၆) လတည်းနဲ့ GED 629 ရရှိအောင်မြင်ခဲ့တဲ့ ညီမလေး Phoo Phoo Wai 🤩🤩Congratulations ပါ ညီမလေးရေ... 🤩👏ညီမလေး Phoo Phoo Wai ကတ...
30/06/2026

(၆) လတည်းနဲ့ GED 629 ရရှိအောင်မြင်ခဲ့တဲ့ ညီမလေး Phoo Phoo Wai 🤩🤩

Congratulations ပါ ညီမလေးရေ... 🤩👏

ညီမလေး Phoo Phoo Wai ကတော့ Speakeasy မှာ
✅ GED 3-in-1 Class (တစ်ဦးချင်းသီးသန့် One-on-one) အတန်းကို တက်ရောက်ခဲ့တာပါ။

Study Abroad အတွက်ပြင်ဆင်ရင်း Speakeasy မှာ (၆) လတည်းတက်ရောက်ပြီး အခုလို‌ဖြေဆိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။

📌 အခု GED ဖြေပြီးတော့ IELTS ဆက်ဖြေဖို့အတွက် ✅ General English (4 Skills) Level-up (one-on-one) အတန်းကိုပါ ဆက်တက်နေပါတယ်။

ညီမလေးညွှန်းပေးလို့ဆိုပြီး Speakeasy မှာလာတက်ကြတဲ့သူငယ်ချင်းတွေလည်းရှိတာမို့ ညီမလေးကို ကျေးဇူးအထူးတင်ပါတယ်နော်.... 🤗

👉 GED subject တွေကိုသင်ယူရာမှာ ထိရောက်မှုရှိစေဖို့ ညီမလေးရဲ့ အားသာချက်/ အားနည်းချက်တွေအပေါ်မူတည်ပြီး Speakeasy ကနေရေးဆွဲပေးထားတဲ့ Customized Lesson Plan
👉GED အတန်းကို One-on-one တက်ရောက်နေစဉ် ညီမလေးရဲ့ Weekly Progress တွေကိုပါ အတူတူဖော်ပြပေးလိုက်ပါတယ်နော်....

📞 Speakeasy Language Centre မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် GED 3-in-1 Class အပါအဝင် General English Level-up Class, IELTS, Duolingo အတန်းတွေကိုတက်ရောက်ဖို့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။






🚫 End-term မှာအမှတ်မကောင်းအောင် တမင်လျှော့ဖြေပြီး Gift Voucher ရယူဖို့ကြိုးစားတာမျိုး တားမြစ်ထားပါတယ် 🚫Level Test, Mid-t...
26/06/2026

🚫 End-term မှာအမှတ်မကောင်းအောင် တမင်လျှော့ဖြေပြီး Gift Voucher ရယူဖို့ကြိုးစားတာမျိုး တားမြစ်ထားပါတယ် 🚫

Level Test, Mid-term, Weekly Progress တလျှောက်လုံးမှာ အမှတ်ကောင်းနေပြီး End-term ကျမှ အမှတ်မကောင်းအောင်တမင်လျှော့ဖြေကာ Speakeasy က စာသင်ချိန်နာရီအပိုတွေ FOC ပေးတဲ့ gift voucher ကို မရိုးမသားရယူလိုတဲ့ ကျောင်းသားတစ်ဦးကို စိတ်မကောင်းစရာ‌ တွေ့ရှိလာရပါတယ်။

✅ Speakeasy မှာသာရနိုင်တဲ့ အထူးဝန်ဆောင်မှုကတော့....

General English (4 Skills) Level-up အတန်း (One-on-one Class) မှာ ကျောင်းသားက (၃) ရက်ထက်ပိုပြီး အတန်းမပျက်ထားဘူးဆိုရင်၊ အိမ်စာတွေကိုလည်း deadline အမီထပ်တယ်ဆိုရင် Level အခွဲ (၄) ခုစာ မတိုးတက်မချင်း Lesson Plan နဲ့ ဆရာမတွေပါလဲလှယ်ပေးပြီး FOC စာသင်ချိန်နာရီအပိုတွေနဲ့ ဆက်သင်ပေးပါတယ်။

FOC Hours တွေပေးဖို့ Level Test တုန်းကအမှတ်နဲ့ End-term အမှတ်ကိုနှိုင်းယှဉ်ဆုံးဖြတ်တာဖြစ်လို့ End-term မှာ တမင်အမှတ်မကောင်းအောင်လျှော့ဖြေပြီး
⚠️ FOC နာရီများရရှိရန်ဖြစ်စေ
⚠️ Speakeasy ဆရာ/ဆရာမများရဲ့သင်ကြားမှုအရည်အသွေးကို အပြစ်ပုံချရန်ဖြစ်စေ မရိုးမသားကြံစည်ခြင်းကိုတော့ (လုံးဝ) လက်မခံပါ။

Band Score တွက်ချက်သလိုပဲ ကျောင်းသားရဲ့ Progress နဲ့ Actual English Proficiency ကိုသိဖို့ Speakeasy မှာ တိကျတဲ့ တိုင်းတာမှုစနစ်တွေရှိပါတယ်။
👉 Level Test, Mid-term နဲ့ End-term တွေကို IELTS နဲ့ Duolingo ရဲ့ Official Website က Mock Tests တွေနဲ့ပဲ အတိအကျ စစ်ဆေးထားတာဖြစ်သလို
👉 အပတ်စဉ် သင်ကြားမှုတိုင်းကို Lesson Plan Sheets ထဲမှာ အတိအကျ မှတ်တမ်းတင်ထားပြီး ကျောင်းသားကိုယ်တိုင်ရော၊ ကျောင်းရဲ့ စစ်ဆေးရေးအဖွဲ့ပါ အပြန်အလှန် စောင့်ကြည့်စစ်ဆေးနိုင်ပါတယ်။
👉 ဆရာ/ဆရာမတွေရဲ့ အရည်အချင်းနဲ့ ဝါသမ္ဘာအရလည်း ကိုယ်သင်ကြား‌ပေးနေတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အနည်းဆုံးရှိသင့်ရှိထိုက်တဲ့ တိုးတက်မှုကို အကဲဖြတ်နိုင်ပါတယ်။

⚠️ မရိုးမသားလုပ်ဆောင်သူများအတွက် သတိပေးချက်

👉 အခုလိုမျိုး End-term မှာ တမင်သက်သက်လျှော့ဖြေပြီး မရိုးမသား လုပ်ဆောင်လာရင် Speakeasy မှာ နောက်ထပ် Next Level အတန်းများကို (လုံးဝ) လက်ခံတော့မှာမဟုတ်ပါဘူး။
👉 အမှန်တကယ် စေတနာအပြည့်နဲ့ သင်ကြားပေးနေတဲ့ ဆရာ/ဆရာမတွေကို အခုလိုမျိုး ညစ်တွန်းတွန်းဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ Speakeasy မှာ အစကတည်းက လာရောက် မအပ်နှံကြဖို့ ပွင့်ပွင့်လင်းလင်း မေတ္တာရပ်အပ်ခံပါတယ်။

📚✅ အမှန်တကယ် ကြိုးစားသင်ယူလိုသူများနဲ့ အသိပညာ၊ အတတ်ပညာကို စေတနာအပြည့်နဲ့ လက်ဆင့်ကမ်းပေးနေတဲ့ ဆရာ/ဆရာမများအတွက် Speakeasy Language Centre က အမြဲတမ်း မှန်ကန်မျှတတဲ့ ပညာရေးဝန်းကျင်ကောင်းတစ်ခု ဖြစ်နေဖို့ ကတိပေးပါတယ်ခင်ဗျာ...

📞 Speakeasy Language Centre မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် GED 3-in-1 Class, General English Level-up Class, IELTS, Duolingo အတန်းတွေကိုတက်ရောက်ဖို့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။






Address

Baho Road
Yangon
11041

Alerts

Be the first to know and let us send you an email when Speakeasy Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Speakeasy Language Centre:

Shortcuts

Share