Speakeasy Institute

Speakeasy Institute

Share

HAPPY LEARNING; GREAT RESULTS! Our unique approach to learning and state-of-the-art faculty makes SPEAKEASY Institute one of the best schools in Yangon.

SPEAKEASY Institute was born out of a simple idea: bringing high-quality, accessible and affordable education to the entire community. Hereafter, we’d like to cordially invite you to explore our engagements with diverse course schedules, and to stop by for a visit at your convenience.

�Vision
Speakeasy will thrive as a multilingual language centre in the future, well-equipped with all state-of-t

Photos from Speakeasy Institute's post 20/04/2026

18 hrs တည်းနဲ့ဝင်ဖြေပြီး Germany ကျောင်းကတောင်းတဲ့ Duolingo 110 ထက် ပိုရရှိခဲ့တာပါ 🤩🤩

ညီလေး Thant Zin Htwe ကတော့
👉 Germany 🇩🇪 နိုင်ငံမှာ ကျောင်းလျှောက်ဖို့ Admission Requirement အတွက် SEI ရဲ့ Duolingo One-on-one အတန်းကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
👉 ညီလေးရဲ့ weekly progress ကို ဆရာမက သေချာစောင့်ကြည့်ပေးပြီး lesson plan ကို လိုအပ်သလို customized ပြင်ဆင်ပြောင်းလဲပေးရင်း သင်ကြားလေ့ကျင့်ပေးခဲ့ပါတယ်။

DET ဝင်ဖြေဆိုတဲ့အခါမှာတော့ 115 ရရှိခဲ့တာဖြစ်ပါတယ်။ 🏆

အချိန်မရှိတော့လို့ စာသင်ချိန်နာရီ (၃၀) မပြည့်ခင် (၁၈) နာရီတည်းနဲ့ဝင်ဖြေလိုက်ရပေမယ့် လိုအပ်တဲ့အမှတ်ကို ရရှိအောင်မြင်ခဲ့လို့ Congratulations ပါ ညီလေးရေ... 🤩🤩

📞 SEI မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် Duolingo 30-hr Course ကိုစိတ်ဝင်စားရင်တော့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်....

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။





17/04/2026

ဒီနေ့မှာတော့ ကျွန်တော်တို့ GED ရဲ့ RLA မှာပါဝင်တဲ့ RLA ရဲ့ Grammar အပိုင်းမှာ အရေးပါတဲ့အခန်းတစ်ခန်း ဖြစ်တဲ့
ဘယ်အချိန်မှာ Capitalization လုပ်ရမလဲ ဆိုတဲ့ အချက် (၄) ချက် ကို Speakeasy ရဲ့ GED one-on-one class တွင် တီချယ်မှ ကျောင်းသားကိုရှင်းပြပေးနေတဲ့ moment လေးတစ်ဖြတ်ကို GED လေ့လာနေသော ကျောင်းသား/သူ များအတွက်ပါ ဗဟုသုတရရန် ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ ။ 💎✨

16/04/2026

ကမ္ဘာကျော် Merlion ကြီးရှိရာ ကျောင်းသွားတက်တော့မယ့် ညီမလေး Sweety ✈️🇸🇬

ဒီညီမလေးကတော့ Speakeasy Institute ကဖွင့်လှစ်တဲ့
✅ General English 4 Skills Level-up Course
✅ Duolingo 30-hr Course
✅ SAT Exam Preparation Course တွေကို တပြိုင်တည်း တွဲဖက်တက်ရောက်ရင်း U.S. မှာကျောင်းသွားတက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

U.S. Visa တွေအဘန်းခံရပြီးနောက်မှာတော့ Kaplan Singapore ကိုပြောင်းလဲလျှောက်ထားခဲ့တာပါ။

ဒီနေ့မှာတော့ Admission Approved ဖြစ်သွားပြီမို့ အများကြီးဂုဏ်ယူဝမ်းသာပါတယ် ညီမလေးရေ... 🤩🤩

📞 SEI မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် General English Level-up Class, IELTS, Duolingo အပါအဝင် အခြားသင်တန်းတွေအကြောင်းကို Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်....

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။







15/04/2026

Kaplan Singapore မှာတက်ရောက်ခွင့်ရရှိသွားတဲ့ ညီမလေး Dim Ho Nuam 🇸🇬🤩

ညီမလေးကတော့ SEI မှာ U.S. Package ကိုအပ်ရင်း ✅ IELTS 16-hr Course ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။

U.S. Visa တွေဘန်းလိုက်တဲ့အချိန်မှာတော့ Kaplan Singapore ကိုပဲတက်တော့မယ်ဆိုပြီး ပြောင်းလဲလျှောက်ထားခဲ့ပါတယ်။

အခုဆို ဝင်ခွင့်ရရှိခဲ့ပြီမို့ အများကြီးဝမ်းသာဂုဏ်ယူပါတယ် ညီမလေးရေ.... 🤩🤩

📞 SEI မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် General English Level-up Class, IELTS, Duolingo အပါအဝင် အခြားသင်တန်းတွေအကြောင်းကို Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်....

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။







Photos from Speakeasy Institute's post 15/04/2026

UK ပိတ်ထားရင် Ireland ဒိုးကြမလား? 🇮🇪🎓

UK VISA ဘန်းခံရပြီး‌နောက်ပိုင်းမှာ အစက UK သွားဖို့ပြင်ထားကြတဲ့ကျောင်းသား/သူအများစုက Ireland ဘက်ကကျောင်းတွေကို ပြန်ရွေးပြီး လျှောက်နေကြတာတွေ့ရပါတယ်။

❓ဘာလို့လဲ

Ireland ဘက်ကကျောင်းအများစုက Duolingo ကိုလက်ခံကြတာဖြစ်လို့ IELTS ထက် Duolingo ဖြေဖို့အားသန်တဲ့ကျောင်းသားအများစုက ပိုရွေးကြပါတယ်။

- Trinity College Dublin,
- University College Dublin,
- University College Cork,
- Dublin City University, and
- University of Limerick
- Maynooth University စတဲ့ကျောင်းတွေအပါအဝင် Ireland ကျောင်းတော်တော်များများက Duolingo နဲ့ကျောင်းဝင်ခွင့်လက်ခံကြပါတယ်။

👉 အခုဆို SEI ရဲ့ Duolingo အတန်းလေးတွေကို ပြန်လာမေးနေကြတဲ့ကျောင်းသားတွေလည်း တော်တော်များနေပါပြီ။
👉 SEI က Duolingo အတန်းတွေဖွင့်ခဲ့တာ (၂၀၂၂) ကတည်းက ဖြစ်ပါတယ်။
👉 အခု Duolingo One-on-one အတန်းလေးတွေကိုလည်း လက်ခံပေးနေပြီဖြစ်လို့ အရင်ကျောင်းသားဟောင်းတွေရဲ့ Duolingo Class Review လေးတွေကို ပြန်တင်ပေးလိုက်ပါတယ်နော်....

📞 Speakeasy Institute မှာ အွန်လိုင်းသီးသန့်တက်ရောက်နိုင်မယ့် Duolingo One-on-one Class (တစ်ဦးချင်းသင်တန်း) ကိုအပ်နှံဖို့ Page Messenger (ဒါမှမဟုတ်) 09 788 444 182 ကို ခုပဲ ဟယ်လိုလုပ်လိုက်ပါ... 🤩🤩

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။







Photos from Speakeasy Institute's post 13/04/2026

အစက US သွားရန်ပြင်ဆင်နေရင်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့Spain နိုင်ငံ “Geneva Business School “ ကိုသွားတက်ရန် ရွေးချယ်သွားခဲ့သော Bold decision နဲ့ညီလေး Congratulations ပါခင်ဗျာ … 🇪🇸

ကနဦးတည်းကUSသို့ Study abroad သွားရောက်ရန် ကျောင်းလျှောက်တာ၊ ဗီဇာလျှောက်တာ one stop service တွေအပြင် လိုအပ်တဲ့ Admission requirements တွေပြင်ဆင်ဖို့အတွက်ကျွန်တော်တို့ SEI မှာပဲ General English , Duolingo, SAT , GED အတန်းတွေကိုပါ One-on-one တက်ရောက်သင်ယူခဲ့တဲ့ ညီလေး “ Bhone Nay La Bo” မှ ယခုလက်ရှိ Spain နိုင်ငံ Geneva Business School မှာပညာသင်ယူနေရင်း ကျွန်တော်တို့ SEI Team တစ်ခုလုံးရဲ့ study abroad ခရီးစဉ်တစ်လျှောက်ကြိုးပမ်းဆောင်ရွက်ပေးခဲ့မှုတွေအပေါ် အသိအမှတ်ပြုသောအားဖြင့် ကျေးဇူးတင်စကားပြောထားသော Post လေးကို ညီလေးလိုမျိုး study abroad သွားဖို့ လက်ရှိSEIမှာပြင်ဆင်နေသောကျောင်းသားများနှင့် စာဖတ်သူတို့လည်း အားတက်ဝမ်းသာပီတိဖြစ်ရအောင် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ ။

Photos from Speakeasy Institute's post 04/04/2026

🗓️👉 GED စတက်တဲ့အချိန်က စက်တင်ဘာလ
🗓️👉 ဖြေတာက မတ်လ

Speakeasy Institute ရဲ့ GED 3-in-1 Class ပြီးပြီးချင်း March လမှာပဲ Real Test ဖြေဆိုပြီး အခုလို Result ကောင်းတွေရရှိခဲ့တာဖြစ်ပါတယ်။ 🤩🤩

ညီလေး Min Khant Thu ကတော့ SEI မှာ
✅ GED 3-in-1 Class (6 months)
✅ General English 4 Skills Level-up Course (One-on-one) အတန်းတွေကို တွဲဖက်တက်ရောက်ခဲ့တာပါ။

ညီလေးအတွက် သီးသန့်ရေးဆွဲပေးထားတဲ့ Lesson Plan (General English Course) နဲ့ တက်ရောက်နေတုန်းက အပတ်စဉ်တိုးတက်မှုတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်....

📞 SEI မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် GED 3-in-1 Class နဲ့ General English Level-up Class တွေအကြောင်းကိုတော့ Page Messenger (ဒါမှမဟုတ်) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်....

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။





Photos from Speakeasy Institute's post 04/04/2026

🍎🥭 ပန်းသီးစားချင်တာကို သရက်ပင်စိုက်မိနေပြီလား? 🤔

ဒီသဘောတရားအတိုင်းပဲ General English အတန်းတက်ပြီး Business English, Academic English စတာတွေကို တိုးတက်ချင်လို့မရပါဘူး 🙅‍♂️

မိမိက Technical, Medical, Legal, Aviation, Tourism စသဖြင့် သက်ဆိုင်ရာနယ်ပယ်တစ်ခုခုအတွက် English Skills ကိုတိုးတက်ချင်တာဆိုရင် အဲ့ဒီ့နယ်ပယ်ကိုအထူးပြုသင်ကြားပေးမယ့်သင်တန်းတွေကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ ဒါကို English for Specific Purposes (ESP) လို့ခေါ်ပါတယ်။

Workplace Communication or Speaking အဓိက တိုးတက်ချင်ရင် SEI ရဲ့ Special Class ကိုပဲ သီးသန့်ရွေးချယ်တက်ရောက်ပါ။

♦️ ဒီလို Special Class တွေရှိကြောင်းရှင်းပြထားတဲ့အပြင် course တစ်ခုချင်းစီရဲ့ learning outcome & what to expect ကို ပြောပြထားတဲ့ကြားက မိမိဆန္ဒအရ General English အတန်းကို‌ပဲရွေးတက်ပြီး အတန်းပြီးဆုံးခါမှ ဒီအတန်းက ကျွန်တော့်အတွက်အသုံးဝင်တယ်မခံစားရဘူးလို့ဆိုရင်တော့ အစကတည်းက ကျောင်းရွေး/ course ရွေးမှန်ကန်ဖို့ အရင်ကြိုးစားသင့်ပါတယ်။

✅ ဒါကြောင့် ကျောင်းရွေးမှန်ဖို့အပြင် Course ရွေးမှန်ဖို့လည်း အရေးကြီးတာပါ။ ✅

SEI မှာတော့ ဒီလို course အရွေးမမှားရ‌အောင် what to expect
what NOT to expect နဲ့ learning outcomes တွေကို အရောင်းပိုင်း Team ကရော၊ Student NDA Meeting တွေမှာပါ counselling တွေအကြိမ်ကြိမ်ဝင်ပေးသလို ဒီ post ကနေတဆင့်လည်း ထပ်မံ Educate လုပ်ပေးလိုက်ပါတယ်။

✅👉 နောက်ပိုင်းမှာ IELTS (or) Duolingo ဖြေဖို့ရည်ရွယ်ထားပြီး ခုလတ်တလော level up အရင်လုပ်ချင်တယ်ဆိုမှ SEI ရဲ့ General English (4 Skills) Level-up Class ကိုတက်ပါ။

✅👉 Workplace Communication တိုးတက်ချင်တာဆိုရင် SEI ရဲ့ Special Class ကိုအပ်ပါ။

စာသင်ချိန်စုစု‌ပေါင်း နာရီ (၄၀) တိတိရှိမယ့် SEI ရဲ့ Special Class Types (၃) မျိုးကတော့.... 👇

♦️Special Class Type 1 – Guide Class

Guide Class ဆိုတဲ့အတိုင်း ဘာစာမှ အသစ်မသင်ဘဲ Japan, Korea, Dubai & Singapore စတဲ့နိုင်ငံခြားရောက် ကျောင်းသူ/သားတွေက အလုပ်များပြီး သူတို့အိမ်မှာစာကြည့်ချိန်မရှိတဲ့အတွက် ကျောင်းသားတွေကို စာပြန်နွှေးပေးတာဖြစ်ပါတယ်။
နည်းလမ်းမှန်ကန်စွာ Guide လုပ်ပေးပြီး ထိရောက်တဲ့ Study Plan ချမှတ်ပေးခြင်းကို အဓိကလုပ်ဆောင်ပေးပါတယ်။

♦️Special Class Type 2 – Two Skills Focus Class

❒ Skill (၂) ခုကို အဓိကထား သင်ကြားလေ့ကျင့်ပေးမယ့်အတန်းဖြစ်ပါတယ်။ Skill (၂) ခုကို IELTS mock test နဲ့စစ်ဆေးလိုက်ရင် စတင်တုန်းကထက် Level အခွဲ (၂ ) ခုစာတိုးတက်အောင် သင်ကြားပေးသွားမှာပါ။

ဥပမာ –
👉 Level Test အရ Individual Speaking & Listening Band Score = 5.5 ဖြစ်ပါက
👉 အတန်းပြီးဆုံးချိန်မှာ Individual Speaking & Listening Band Score = 6.5 အထိရောက်အောင် သင်ကြားပေးသွားမှာပါ။

♦️Special Class Type 3 – One Skill Focus Class

❒ Skill တစ်ခုတည်းကိုသာ အဓိကထား သင်ကြားမယ့်အတန်းဖြစ်ပါတယ်။
❒ သက်ဆိုင်ရာ Skill မှာ IELTS mock test နဲ့စစ်ဆေးလိုက်ရင် စတင်တုန်းကထက် Level အခွဲ (၄) ခုစာ အထိတိုးတက်အောင်သင်ကြားလေ့ကျင့်ပေးဖို့ စီစဉ်ထားပါတယ်။

ဥပမာ –
👉 Level Test အရ Individual Speaking Band Score = 5.5 ဖြစ်ပါက
👉 အတန်းပြီးဆုံးချိန်မှာ IELTS mock test မှာ Individual Speaking Band Score = 7 အထိ ရောက်အောင် သင်ကြားပေးသွားမှာပါ။

📞 SEI မှာတက်ရောက်နိုင်မယ့် Special Class တွေကိုစိတ်ဝင်စားရင်တော့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်....

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။






Photos from Speakeasy Institute's post 25/03/2026

How to study English at home without the help of a language instructor 👩🏼‍🏫❤️

မင်္ဂလာပါရှင် ✨ ဒီနေ့မှာတော့ English ဘာသာစကားကို Language Instructor မပါပဲ ဘယ်လိုလေ့လာရမလဲဆိုတာလေးကိုပြောပြပေးသွားပါမယ်ရှင်

ဒီ Study Tips လေးတွေကို မင်မင်တို့ Speakeasy ရဲ့ retired language instructor ဖြစ်တဲ့ စာသင်နှစ်၁၃ နှစ်ရှိ ဝါရင့် တီချယ်မေကိုယ်တိုင် အရင့်အရင်နှစ်တွေတည်းက ပြောပြသွားပေးခဲ့ တဲ့ Tips လေးတွေပဲဖြစ်ပါတယ်ရှင့်

Tips လေးတွေကတော့ ☄️

1/ ကိုယ်ပိုင် Confession room လေးတည်ဆောက်ပါ
2/ Horoscope app ကို Down ထားရန်
3/ English ဇာတ်လမ်းတစ်ခုကို ၁၂ ကြိမ်ထက်မနည်း ထပ်ခါထပ်ခါ ပြန်ကြည့်ရန် ✨

ကဲ!! ဒါဆိုရင် အထက်ပါအချက်သုံးချက်ကို ဘယ်လို
စလုပ်ရမလဲဆိုတဲ့ Guidelines အသေးစိတ်လေး ကို တစ်ပုံချင်းစီအောက်မှာ sub-captions လေးတွေနဲ့ ရှင်းပြပေးထားပါတယ်ရှင့် ✨

ပုံလေးကိုထောက်ပြီး ကြည့်ပေးကြပါအုန်းနော်

😚❤️❤️

Photos from Speakeasy Institute's post 23/03/2026

၂၀၂၀ ခုနှစ်မှာ Speakeasy Institute ကအစပြုခဲ့တဲ့ Original ဝန်ဆောင်မှုများ 🎓

Speakeasy Institute မှာတော့ IELTS, Duolingo, General English (4 Skills) အတန်းတွေအားလုံးကို "ကျောင်းသားတစ်ဦးချင်းသီးသန့်" One-on-one Class အနေနဲ့သင်ကြားပေးနေပြီး

💯 အရည်အ‌ချင်းပြည့်ဝတဲ့ Instructor ဆရာ၊ ဆရာမတွေရဲ့သင်ကြားမှု
💯 Teaching Experience (၁၃) နှစ်ကျော်ရှိတဲ့ Academic Director တွေရဲ့ကြီးကြပ်မှု
💯 အမြဲဂရုတစိုက်ရှိတဲ့ Operation Team ရဲ့ဝန်ဆောင်မှုတွေနဲ့အတူ (၂၀၂၀) ခုနှစ်ကတည်းက စတင်ခဲ့တာပါ။

💁‍♂️ ဘယ်လိုဝန်ဆောင်မှုတွေကို ၂၀၂၀ ခုနှစ်ကတည်းက SEI က အဦးဆုံးပေးခဲ့တာလဲဆိုရင်တော့... အောက်ပါပုံတွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 👇

⚠️ မှတ်ချက် - ဖော်ပြပါဝန်ဆောင်မှုလုပ်ငန်းစဉ်များသည် SEI ကိုစတင်တည်ထောင်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ကိုယ်တိုင်ကြံဆဆောင်ရွက်ပေးခဲ့သော SEI ရဲ့ကိုယ်ပိုင်ဟန် Original Service များဖြစ်ပါတယ်။ ဒါကြောင့် ဖော်ပြပါဝန်ဆောင်မှုများအတိုင်း အစအဆုံးပုံတူကူးချကာ လိုက်လံဆောင်ရွက်ခြင်းမျိုးမပြုလုပ်ဘဲ Professional ပီသစွာရပ်တည်နိုင်ပါရန် အသိပေးအပ်ပါသည်။

ကျောင်းသားကို အထူးအလေးထားပြီး Certificate တွေထက် အမှန်တကယ်တတ်မြောက်မှုကိုဦးစားပေးတဲ့ SEI ရဲ့ IELTS, Duolingo, General English Class တွေကိုတက်ရောက်မယ်ဆိုရင်တော့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါ‌တယ်နော်.... 💻🤗

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။









Photos from Speakeasy Institute's post 23/03/2026

Honest Review? 👀

ဒီနေ့မှာတော့ကျွန်တော်တို့ Speakeasy မှာ‌လက်ရှိတက်နေတဲ့ကျောင်းသားများနဲ့ အောင်မြင်စွာတက်ရောက်ပြီးစီးသွားပြီး High Score ရရှိသွားသောကျောင်းသားများမှ‌ပေးထားသော Speakeasy နဲ့ပတ်သက်ပြီး‌ honest review များထဲမှ တချို့တစ်ဝက်ကို စုစည်းဖော်ပြလိုက်ပါတယ်ခင်ဗျ။

Photos from Speakeasy Institute's post 23/03/2026

ဘယ်သင်တန်းပဲတက်တက် မတက်ခင် ဒီစာကို အရင်ဖတ်ပါ။ 📝✅

အခုခေတ်မှာ English သင်တန်း (IELTS, Duolingo အပါအဝင်)၊ GED သင်တန်းတွေအများကြီး အပြိုင်အဆိုင်ရှိနေကြပါပြီ။

ကိုယ့်ဘက်က သင်တန်းကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိနေတဲ့အခြေအနေမှာ သေချာမစိစစ်ဘဲရွေးလိုက်ရင် တကယ်မထိရောက်ဘဲ အချိန်ကုန်/ ငွေကုန်/ လူပင်ပန်းဖြစ်ပြီး အလဟဿဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် အောက်က Checklist လေးနဲ့ သေချာစစ်ဆေးပြီးမှ ဆုံးဖြတ်ဖို့ SEI ကအကြံပြုလိုက်ပါတယ်။ 👇

1️⃣ သင်မယ့် Course ကို ရှင်းရှင်းလင်းလင်းဖော်ပြထားလား?

ဒီနေရာမှာတော့ Course Outline & Curriculum သတ်သတ်မှတ်မှတ်ရှိရဲ့လားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ တချို့ကျောင်းတွေက Cambridge Curriculum စသဖြင့် Course နဲ့သင့်တော်မယ့်သင်ရိုးကို ရွေးချယ်ပို့ချကြသလို တချို့ကလည်း ကိုယ်ပိုင် Curriculum ကို အချိန်ပေးရေးဆွဲပြီး သင်ကြားကြပါတယ်။ ဒီလို Course Outline & Curriculum ကို စနစ်တကျသတ်မှတ်ထားမှသာ ထိရောက်တဲ့သင်ကြားမှုဖြစ်မှာမို့ ဒီအချက်က အရေးကြီးပါတယ်။

2️⃣ ဆရာ/ ဆရာမတွေရဲ့ အတွေ့အကြုံနဲ့ အရည်အသွေး

Course ရှိပြီးရင် အဲ့ Course ကိုသင်ကြားမယ့် Instructor ဆရာ/ဆရာမက ဆိုင်ရာဘာသာရပ်ကို ကျွမ်းကျင်ပြီး တကယ်စာသင်ကြားတတ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်တက်မယ့်သင်တန်းမှာ ဆရာ/ ဆရာမကို ကျောင်းသားဘက်က စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင်တော့ အားသာချက်တစ်ခုပါပဲ။

3️⃣ Student-centred ဖြစ်ရဲ့လား?

ကိုယ့်ရဲ့ Study Abroad Goal တွေ၊ English Proficiency လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပေးမယ့် One-on-one Counseling လို Student Support ဝန်ဆောင်မှုတွေရှိ/မရှိ ကြည့်ရပါမယ်။
One-on-one class တွေမှာ ဆရာကို မကြိုက်ရင် ဆရာလဲပေးသလား၊ သင်တန်းချိန်နဲ့ ‌ရက်တွေ ညှိပေးလား၊ Lesson Plan Customization နဲ့ In-class Task Frequencies အနိမ့်အမြင့်တွေ adjust လုပ်ပေးတာပါလား စသဖြင့် ကျောင်းသားအတွက် ဝန်ဆောင်မှုကောင်းတွေရှိမရှိ ကြည့်ပါ။

Course ကလည်း ကောင်းတယ်၊ သင်တဲ့ဆရာ/ဆရာမနဲ့လည်း အာဘော်မိပြီး အဆင်ပြေနေကာမှ Student Care Service မကောင်းလို့ စိတ်ညစ်နေရတာမျိုးမဖြစ်ဖို့လိုပါတယ်။

4️⃣ သင်တန်းမအပ်ခင်နဲ့ တကယ်တက်တဲ့အခါ အပြောနဲ့ အလုပ် ညီမညီ

အဓိကကတော့ ကျောင်းသားကို False Hope တွေပေးနေတာမျိုးမဖြစ်ဖို့နဲ့ Over promising ဖြစ်မနေဖို့လိုပါတယ်။ အတန်းမတက်ခင် Level Test မှာ A2 (Elementary) Level လောက်ကနေ ၃ လအတွင်း/ ၄ လအတွင်း C1 (Advanced) ရစေရမယ်ဆိုတာမျိုးက False Hope ပေးရာရောက်ပါတယ်။

ဒါ့အပြင် သင်တန်းမအပ်ခင်ကပြောခဲ့တဲ့ သင်ကြားမှုတွေ၊ ဝန်ဆောင်မှုတွေအတိုင်း တကယ်တက်တဲ့အခါမှာရော ပြန်ရရဲ့လားဆိုတာ လေ့လာတီးခေါက်ကြည့်ဖို့ လိုပါတယ်။

5️⃣ Quality Control System ရှိမရှိ

သင်တန်းစ,တက်တာနဲ့ ကျောင်းသားနဲ့ ဆရာကို ဒီတိုင်းပဲလွှတ်ထားသလား/ သင်တန်းကာလအတွင်း အဆင်မပြေတာတွေ/ အခက်အခဲတွေရှိခဲ့ရင် ဘယ်လိုဖြေရှင်းပေးလဲဆိုတာလည်း အရေးကြီးပါတယ်။ ဆရာ/ ဆရာမကိုရော၊ သင်ကြားရေးနဲ့ Student Service ပိုင်းကိုရော နောက်ကနေ Quality Control အမြဲလိုက်လုပ်ပေးနေမယ့် Academic Director တွေရှိရင်တော့ အကောင်းဆုံးပါပဲ။

👉 ဒီလို အဓိကအကျဆုံးအချက်တွေအပြင် တခြားထပ်စစ်ချင်သေးရင်တော့...

7️⃣ သင်တန်းကြေး အရမ်းနည်းလွန်းတာ

သင်တန်းကြေးသက်သာတာကောင်းတယ်ဆိုပေမယ့် တကယ်အရည်အသွေးစစ်မှန်ပြီး Professional Language Instructor အဖြစ်ရပ်တည်နေတဲ့ Instructor တွေဟာ သူတို့လေ့လာဆည်းပူးခဲ့စဉ်ကလည်း အချိန်၊ ငွေကြေးနဲ့ Commitment တွေအများကြီးရင်းနှီးခဲ့ရတာမို့ Instructor ဖြစ်လာချိန်မှာလည်း Reasonable ဖြစ်ပြီး ထိုက်တန်တဲ့ပမာဏတစ်ခုနဲ့သင်ကြားကြပါတယ်။ ဒါကြောင့် Course နဲ့မလိုက်အောင် သင်တန်းကြေးအလွန်သက်သာနေပြီဆိုရင် တစ်ခုခုမှာ လစ်ဟာနေနိုင်တာမို့ သတိထားရွေးချယ်သင့်ပါတယ်။

7️⃣ Group Class တွေအတွက် Small Class Size ဖြစ်မဖြစ်
8️⃣ One-on-one Class ဆိုရင် Customized Lesson Planning ရှိမရှိ
9️⃣ အတန်းချိန်တွေ Flexible ဖြစ်မဖြစ်
🔟 သင်တန်းရဲ့ Achiever ကျောင်းသားတွေကို သက်သေပြနိုင်မပြနိုင်
1️⃣1️⃣ အမှန်တကယ်တက်ဖူးသူတွေရဲ့ Honest Review များကို ထပ်မံစစ်ဆေးနိုင်ပါတယ်။

ကျောင်းသားအားလုံးပဲ မိမိနဲ့အကိုက်ညီဆုံးသင်တန်းကို မှန်ကန်စွာရွေးချယ်နိုင်ကြပါစေခင်ဗျာ.... 🥰✨

📞 SEI မှာတက်ရောက်နိုင်မယ့် အွန်လိုင်းသီးသန့် General English Level-up Class, IELTS, Duolingo, GED စတဲ့ One-on-one/ Group Class တွေကိုတော့ Page Messenger (သို့) 09 788 444 182 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်....

📍𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞
အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။







Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Baho Road
Yangon
11041