𝗗𝗜𝗚𝗜𝗧𝗔𝗟 𝗖𝗢𝗡𝗖𝗘𝗣𝗧 - 𝗘𝗗𝗨

𝗗𝗜𝗚𝗜𝗧𝗔𝗟 𝗖𝗢𝗡𝗖𝗘𝗣𝗧 - 𝗘𝗗𝗨

Share

Online Learning Source

07/06/2023

💯"အ​ခြေခံကျ​သော​ငွေ​ကြေးစီမံခန့်ခွဲမှု"💯

မိမိရဲ့​ငွေ​ကြေးစီမံခန့်ခွဲနိုင်မှုအရည်အချင်းကလည်း ကျွန်​တော်တို့တစ်ချိန်မှာ ​အောင်မြင်မှုရရှိနိုင်ဖို့အတွက် အ​ရေးပါတဲ့အခန်းကဏ္ဍမှာပါ​ဝင်​နေတယ်ဆိုတာ သင်သိပါသလား ❓❓❓❓
ငွေဆိုတာဒုတိယဘုရားသခင်လို့တင်စားပြီး သီချင်း​တွေ၊စာ​ပေ​တွေနဲ့ ညွှန်းရ​လောက်တဲ့အထိ အစွမ်းထက်တာနဲ့အညီ ကျွန်​တော်တို့အ​နေနဲ့ ဒုတိယဘုရားသခင်ရဲ့အကူအညီကိုယူပြီး လူမှု​ရေး၊စီပွား​ရေး စတဲ့လုပ်ငန်းကိစ္စ​ရပ်တွေမှာအောင်မြင်​အောင်​ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်...

ကျွန်​တော်တို့ဘယ်​လောက်ကြိုးစားကြိုးစား ​"ငွေ​ကြေးစီမံခန့်ခွဲမှု" အားနည်းညံ့ဖျင်း​နေမယ်ဆိုရင်​တော့ ကျွန်​တော်တို့အတွက် ပိုင်ဆိုင်မှု၊​အောင်မြင်မှု ဆိုတာ​တွေကဝေးကွာ​နေဦးမှာဖြစ်ပါတယ်....

"ငွေ​ကြေးစီမံခန့်ခွဲမှု" ဆိုတဲ့ခေါင်းစဥ်​အောက်မှာ ​
⬛️ငွေ​ကြေးရှာ​ဖွေခြင်း
⬛️ငွေ​ကြေးရင်းနှီးမြှုပ်နှံခြင်း
⬛️ငွေ​ကြေးစု​ဆောင်းခြင်း
⬛️ငွေ​ကြေးသုံးစွဲခြင်း ​တွေပါရှိပါတယ်...
ဒီအချက်​တွေထဲမှာအဓိကျတဲ့အချက်က​တော့ ကျွန်​တော်တို့ငွေကိုဘယ်လိုရင်းနှီးမြှုပ်နှံမလဲဆိုတဲ့ အ​မျှော်အမြင်ရှိခြင်းကအနာဂတ်မှာ အောင်မြင်နိုင်ဖို့၊ပိုင်ဆိုင်မှု​တွေရှိလာဖို့အဓိကအဆုံးအဖြတ်​ပေးမှာဖြစ်ပါတယ်။
ငွေ​ကြေးဆိုင်ရာရင်းနှီးမြှုပ်နှံဖို့ဆိုတာကလဲ အခုလိုအချိန်မှာ ရွေးချယ်စရာအ​ကန့်အသတ်နဲ့ရှိ​နေပါတယ်..
လက်တ​လောငွေး​ကြေးရင်းနှီးမြှုပ်နှံဖို့အတွက်ဆိုရင် ကား၊​ရွှေ၊အိမ်ခြံ​မြေ စတဲ့စျေးကွက်​တွေထဲမှာ ရင်းနှီးမြှုပ်နှံဖို့ အ​ကောင်းဆုံးလို့သတ်မှတ်နိုင်တာသည် အိမ်ခြံ​မြေ​စျေးကွက်ပဲဖြစ်ပါတယ်..
ရင်းနှီးမြှုပ်နှံမှု နဲ့ပတ်သက်လာရင် အိမ်၊ခြံ​၊မြေ စျေးကွက်ကို လူကြိုက်များတာကလည်း ကျွန်​တော်တို့တစ်နိုင်ငံထဲမဟုတ်ပါဘူး။ အ​မေရိကန်လိုနိုင်ငံကြီး​တွေမှာလည်း ဒီအိမ်၊ခြံ၊​မြေ စျေးကွက်ဟာလူကြိုက်များပြီးရေပန်းအစားဆုံးလို့ ဆိုနိုင်ပါတယ်။

ကျွန်​တော်တို့အနာဂတ်မှာ အောင်မြင်နိုင်ဖို့၊ပိုင်ဆိုင်မှု​တွေရရှိလာဖို့၊ရေရှည်ရင်းနှီးမြှုပ်နှံမှု​တွေပြုလုပ်လာနိုင်ဖို့အတွက် အရင်ဆုံးမိမိရဲ့ "ဝင်​ငွေ၊ထွက်​ငွေ" ကိုမျှမျှတတသုံးစွဲနိုင်ဖို့ဟာအ​ခြေခံကျတဲ့အချက်ဖြစ်ပါတယ်။
အ​​ကောင်းဆုံးက​တော့ မိမိရဲ့ဝင်​ငွေလမ်း​ကြောင်းကို ကြီးသည်ထက်ကြီး​အောင် ကြိုးစားဖို့လိုပါမယ်။
မိမိရဲ့ထွက်​ငွေလမ်း​ကြောင်းကို​တော့ သေးနိုင်သည်ထက်​ပိုသေး​အောင် ပြုလုပ်ရမှာဖြစ်ပါတယ်။
Saving ဆိုတဲ့စု​ဆောင်း​ငွေဟာ ကျွန်​တော်တို့ ရေရှည်​ငွေ​ကြေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု​တွေဆောင်ရွက်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါ​ကြောင့် ငွေ​ကြေးစု​ဆောင်းခြင်းဆိုတာ ကျွန်​တော်တို့အတွက် နှောင်တစ်ချိန်မှာအလုပ်​တွေလုပ်​ဆောင်​ပေးမည့် လုပ်သား​တွေစု​ဆောင်း​နေခြင်းနဲ့တူပါတယ်။ ငွေများများစု​ဆောင်းထားနိုင်​လေ​လေ ကျွန်​တော်တို့အတွက် အလုပ်လုပ်​ပေးမည့် လုပ်သား​အင်အား​တွေ များ​လေ​လေပဲဖြစ်ပါတယ် ။
ဒီ​တော့ ​"ငွေ​ကြေး" ဆိုတာစု​ဆောင်းသင့်တဲ့အရာလို့မြင်ပြီထင်ပါတယ် ။

ငွေ​ကြေးစု​ဆောင်းမှု​၊သုံးဆွဲမှုတွေပြုလုပ်တဲ့အခါမှာ ပိုမိုထိ​ရောက်​ကောင်းမွန်​စေဖို့အတွက် အ​ခြေခံကျတဲ့ငွေ​ကြေးစီမံခန့်ခွဲမှု​တွေကိုမျှ​ဝေ​ပေးလိုက်ပါတယ်။

🔴 (၁)ရေရှည်အတွက်ဦးစား​ပေးပြီး​ဆောင်ရွက်ပါ
အသက်အရွယ်အိုမင်းလာတဲ့အခါ အသုံးပြုနိုင်ဖို့အတွက်​ငွေကိုကြိုတင်စု​ ဆောင်းပါ။ဘယ်အရာကိုပဲလုပ်လုပ် ရေရှည်ကြည့်နိုင်ခြင်းက နှောင်တစ်ချိန်မှာအကြိုး​ကျေးဇူး​တွေကိုရရှိ​စေမှာဖြစ်ပါတယ်။

🔴 (၂)ဝင်​ငွေထွက်​ငွေကိုမျှတစွာသုံးစွဲပါ
ကျွန်​တော်တို့ရဲ့ ထွက်​ငွေကိုဝင်​ငွေထက် ဘယ်​သောအခါမျှ ပိုမသုံးမိဖို့အ​ရေကြီးပါတယ်။

🔴 (၃)သည်းခံပါ
ကွန်ပြူတာဝယ်ချင်တာပဲဖြစ်ဖြစ်၊ဖုန်းဝယ်ချင်တာပဲဖြစ်ဖြစ် ရည်ရွယ်စု​ဆောင်းထား​တဲ့ငွေပြည့်သည်အထိ သည်းခံ​စောင့်ဆိုင်းပါ။

🔴 (၄)အရန်​ငွေ​ကြေးထားရှိပါ
ကျမ်းမာ​ရေး၊အ​ရေး​ပေါ်ကိစ္စရပ်​တွေအတွက်အသုံးပြုနိုင်ဖို့ အရန်​ငွေ​ကြေးစု​ဆောင်းသင့်ပါတယ်။

🔴 (၅)မိမိ [Saving Account] ဘဏ်စာရင်းကိုပုံမှန်စစ်​ဆေးပါ
ဘဏ်စာရင်း စု​ငွေ၊ထုတ်​ငွေ၊အတိုး စတာ​တွေကို ပုံမှန်စစ်​ဆေး​တွက်ချက်သင့်ပါတယ်။

🔴 (၆)မသုံးစွဲမီကြိုတင်စု​ဆောင်းပါ
လစဥ်ဝင်​ငွေကိုသုံးစွဲပြီး ပိုလျှံမှစု​ဆောင်းမယ်ဆိုတာထက် မသုံးစွဲမိကပင်စု​ဆောင်းမည့် ​ငွေပမာဏကိုသတ်မှတ်ထားသင့်ပါတယ်။

🔴 (၇)မလိုအပ်သည်များကိုမဝယ်ပါနှင့်
ကျွန်​တော်တို့အတွက်မလိုအပ်သည်များကိုဝယ်ယူမိပါက နှောင်တစ်ချိန်မှာကျွန်​တော်တို့အတွက် ရေရှည်အသုံးဝင်သည့်ပစ္စည်းများကို​နောင်တရစွာ ရောင်းချရတက်သည်ကိုမ​မေ့ပါနှင့်။

🔴 (၈)အ​ပျော်အပါးအတွက်သုံးစွဲမည့်ငွေကိုစနစ်တကျသတ်မှတ်သုံးစွဲပါ
မိမိအ​ပျော်အပါး၊စိတ်အပန်းဖြေမှုများအတွက် သုံးစွဲမည့်​ငွေ​ကြေးကို လစဥ်သတ်သတ်မှတ်မှတ်ပမာဏ တစ်ခုထားရှိပြီးအသုံးပြုပါ။ လမကုန်ခင်အ​ပျော်အပါးအတွက်သုံးစွဲမည့်​ငွေကုန်သွားပါက ပျော်ပါးချင်သည့်စိတ်ကိုထိမ်းချုပ်ပြီး နောက်လအထိသည်းခံ​​စောင့်ဆိုင်းပါ။

🔴 (၉)မိမိစိတ်ကိုနိုင်​​အောင်ပြုလုပ်ပါ
ကျွန်​တော်တို့စိတ်ကို ကျွန်​တော်တို့ မထိမ်းချုပ်နိုင်ဘူးဆိုလျှင် တစ်ခြားမည်သည့်အရာကိုမျှ ​အောင်မြင်​အောင်မပြုလုပ်နိုင်ဘူးဆိုတာကိုသတိရပါ။

ဒါ​တွေက​တော့ ကျွန်​တော်တို့တစ်ကိုယ်ရည် ငွေ​ကြေးသုံးစွဲမှု၊စု​ဆောင်းမှု​တွေကို ပိုမိုထိ​ရောက်​​ကောင်းမွန်​စေဖို့အတွက် အ​ခြေခံကျတဲ့ငွေ​ကြေးစီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်​တွေဖြစ်ပါတယ်။
မိမိရဲ့ငွေကြေးများကို စီမံခန့်ခွဲနိုင်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံ​နိုင်သော၊အောင်မြင်​သော မိတ်​ဆွေများဖြစ်ကြ​ပါ​စေ။ ။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

DIGITAL CONCEPT-EDU

24/05/2023

🔑🔑Business Plan တစ်ခုရေးဆွဲခြင်း၏ ကောင်းကျိူးများ 🔑🔑

Business Plan ရေးဆွဲထားခြင်းကလူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ဆောင်မှုတွေ စီးပွားရေးပန်းတိုင်များဟာ အဘယ်အရာတွေဖြစ်တယ်ဆိုတာကိုအကျဉ်းချုပ်ဖော်ပြနိုင်မှာဖြစ်ပါတယ်။
ဈေးကွက်အခွင့်အလမ်းကဘာလဲ၊ လူကြီးမင်းတို့ရဲ့စီးပွားရေးကို ထူးခြားစေတဲ့အရာနဲ့ အောင်မြင်မှုကိုဘယ်လိုရရှိနိုင်မလဲဆိုတာကို အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။ ။

Business owner တွေဟာ မိမိရဲ့ business plan ကိုရေးဆွဲထားခြင်းအားဖြင့်

◾️ လူကြီးမင်းစိတ်ကူးတွေ ယုတ္တိရှိမရှိ အတည်ပြုနိုင်မယ်။
◾️လူကြီးမင်းတို့ရဲ့ အရောင်းအဝယ်၊ ဈေးကွက်နှင့် စီးပွားရေးလုပ်ငန်းတွေကို တိုးတက်ကောင်းမွန်စေဖို့အတွက် နည်းဗျူဟာတစ်ခုကို ရေးဆွဲနိုင်မှာဖြစ်ပါတယ်။
◾️လုပ်ငန်းကိစ္စရပ်ပြသနာများနှင့် ဒီပြသနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို စဉ်းစားဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
◾️သင့်ရဲ့ရည်မှန်းချက်တွေနဲ့ ငွေကြေးကျိုးအမြတ်တွေကို ကြိုတင်ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။
◾️ငွေကြေးဘယ်လောက် လိုအပ်တယ်ဆိုတာကို ဖော်ပြပေးနိုင်မယ်။
◾️လူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းကို ထောက်ပံ့ပေးဖို့ တခြားသူတွေကို ရှင်းပြနိုင်မှာဖြစ်ပါတယ်။

Business Plan တစ်ခုရေးဖို့ ဘာကြောင့်လိုအပ်သလဲ ။ ။

◾️ Business Plan အတိုင်းဆောင်ရွက်ခြင်းအားဖြင့်လူကြီးမင်းရဲ့စီးပွားရေးလုပ်ဆောင်ချက်တွေဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်။
◾️ Business Plan ရဲ့တစ်စိတ်တစ်ပိုင်းအနေနှင့် လူကြီးမင်းဟာ ခိုင်လုံတဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုချမှတ်ပြီး ဒီရည်မှန်းချက်ပန်းတိုင်တွေကို ဘယ်လိုပြည့်မီနိုင်မလဲဆိုတဲ့ နည်းဗျူဟာတွေချမှတ်နိုင်မှာဖြစ်ပါတယ်။
◾️ Business Plan ရေးခြင်းကအာရုံစူးစိုက်ဖို့နဲ့ စိတ်ကူးတွေပေါ်လာအောင် ကူညီပေးပါတယ်။အရင်ဆုံး ဘာလုပ်ရမလဲဆိုတာကိုဆုံးဖြတ်ပြီးတော့ ဦးစားပေးရမယ့်အရာတွေကို ပြုလုပ်နိုင်တဲ့အတွက် အချိန်ကိုသက်သာစေမှာဖြစ်ပါတယ်။
◾️ Business Plan တစ်ခုရေးခြင်းက လူကြီးမင်းလုပ်ဆောင်ရမယ့် လုပ်ငန်းအတွက်မညီညွတ်မှုမှန်သမျှကို ခွဲခြားသိရှိဖို့ ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။
◾️ Business Plan ကိုရေးသားပြီးတာနဲ့ ဒီ Plan ဟာလူကြီးမင်းစီးပွားရေးလုပ်ငန်းထိရောက်မှုအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
◾️ Business Plan ရေးဆွဲထားခြင်းက လူကြီးမင်းဘာလုပ်နေတယ်ဆိုတာကို စဉ်းစားနိုင်ဖို့အထောက်အကူပြုမှာဖြစ်ပါတယ်။

Business Plan တစ်ခုက လူကြီးမင်းစီးပွားရေးလုပ်ငန်းကို အခြားသူများအားပြသဖို့ ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။

◾️လူကြီးမင်းကဘဏ်တစ်ခု ဒါမှမဟုတ် ပြင်ပရင်းနှီးမြှုပ်နှံသူများထံမှ ငွေကြေးရှာဖွေနေမည်ဆိုလျှင် Business Plan တစ်ခုရှိဖို့အရေးကြီးပါတယ်။
◾️ထိရောက်တဲ့ Business Plan တစ်ခုဟာ Business Partners တွေကို ဆွဲဆောင်ထား နိုင်မှာဖြစ်ပါတယ်။
◾️လူကြီးမင်း Business Plan ကိုပြသမယ့်သူတွေနဲ့ကိုက်ညီဖို့အတွက် Plan ကိုအလိုက်သင့်ပြုပြင်ရပါမယ်။ ဥပမာ၊ ရင်းနှီးမြှုပ်နှံသူတွေကတော့စီးပွားရေးကို 'ရောင်းချ' ဖို့ အစီအစဉ်ကို လိုချင်မှာပဲ။
◾️ဒါကြောင့် ရောင်းချနိုင်ဖို့အထိ Business Plan ကိုပြုလုပ်ထားသင့်ပါတယ်...

ဒါတွေကတော့ Business Plan ရေးဆွဲထားခြင်းကြောင့် ရရှိနိုင်မည့် ကောင်းကျိုးများပဲဖြစ်ပါတယ် .. .

𝗗𝗜𝗚𝗜𝗧𝗔𝗟 𝗖𝗢𝗡𝗖𝗘𝗣𝗧 - 𝗘𝗗𝗨

16/02/2023


# # # # # # # # # # # # # # # # # # # # # #
𝗕𝗮𝘀𝗶𝗰 𝘁𝗼 𝗚𝗿𝗮𝗻𝗱𝗺𝗮𝘀𝘁𝗲𝗿
𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗣𝗼𝘄𝗲𝗿𝗣𝗼𝗶𝗻𝘁 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
𝗖𝗼𝘂𝗿𝘀𝗲 𝗙𝗲𝗲 - 𝟯𝟱𝟬𝟬𝟬 𝗠𝗠𝗞
𝗢𝗻𝗹𝗶𝗻𝗲 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗖𝗼𝘂𝗿𝘀𝗲
📢 အခြေခံပညာ နဲ့ အဆင့်မြင့်ပညာရပ်တွေကိုသင်ယူနေကြတဲ့ ၊ ကျောင်းသားတွေအတွက် လိုအပ်တဲ့ Basic Power Point Presentation
📢 ဆရာ ၊ ဆရာမတွေ အတွက် Online Class/ University စတဲ့ အဆင့်မြင့်သင်တန်းတွေမှာ လိုအပ်တဲ့ Advanced Level Power Point Presentation
📢 Corporate life မှာ ကျင်လည်နေရတဲ့ Manager, Supervisor, Team leader စတဲ့ ခေါင်းဆောင်ပိုင်းတွေမှာလိုအပ်တဲ့ High Level Presentation Skill
📢 Digital Marketing, Content Writer, Facebook Marketer စတဲ့ Marketing သမားတွေအတွက် လိုအပ်တဲ့ Creative PowerPoint Presentation
📢 Business Owner, Video Creator, YouTube Maker စတဲ့ လုပ်ငန်းရှင်တွေအတွက် Powerpoint Video Creation & PowerPoint Video Animation
စတဲ့ Microsoft PowerPoint ကို ထုံးလိုချေ၊ ရေလိုနှောက်ပြီး Basic Level မှ GrandMaster Level အထိ သင်ယူတတ်မြောက်မယ့် Microsoft PowerPoint Grand Master Level Online သင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ။
📢📢📢📢📢📢📢📢📢
PowerPoint Grand Master level ကို သင်ကြားခြင်းအားဖြင့်
🏆 Microsoft PowerPoint Presentation တွေကို ဖန်တီးတဲ့အခါမှာ သမာရိုးကျ ပုံစံတွေထဲကနေခွဲထွက်ပြီးတော့ စွဲဆောင်မှူရှိပြီး creative ဖြစ်တဲ့ infographic design presentation တွေကို ဖန်တီးနိုင်မယ်။
🏆 Presentation တွေမှာ ပိုမိုပြီး Effective ဖြစ်တဲ့ Animation တွေ ၊ 2D / 3D graphic တွေနဲ့ ဖန်တီးနိုင်မယ်
🏆 Shape တွေ ၊ Graphic တွေ ၊ Effects တွေအကြောင်းကို အသေးစိတ်သိရှိပြီးတော့ ၊ Video Clip တစ်ခုကို အဆင့်မြင့် Animation & Transitions ေတွနဲ့ ဖန်တီးနိုင်မယ်
🏆 နောက်ဆုံးမှာ power point ရဲ့ Animation Effect တွေကို အဆင့်မြင့်မြင့်နားလည်ပြီးတော့ Cartoon Movie တစ်ခုကို PowerPoint နဲ့ ဖန်တီးထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
⬛ PowerPoint Grand Master Training Course မှာ ဘာတွေသင်ရမလဲ ❔❔❔
Microsoft PowerPoint ရဲ့ အခြေခံသဘောတရားမှစပြီး နောက်ဆုံးအဆင့် High Level Presentation တစ်ခုကိုဖန်တီးနိုင်သည် အထိ ကိုအောက်ပါသင်ရိုးတွေ နဲ့ သင်ယူရမှာ ဖြစ်ပါတယ်။
⚫ Course Content
----------------------------------------
Part 1
⚫ Power point design ကို ဖန်တီးခြင်း
⚫ Power point software ကို ခြုံငုံလေ့လာခြင်း
⚫ Text တွေကို ဖန်တီး ၊ design ဆွဲခြင်း
⚫ Paragraph တွေကို စနစ်တကျ ဖန်တီးခြင်း
⚫ Picture တွေနဲ့ design တွေကိုဖန်တီးခြင်း
⚫ Shape တွေနဲ့ design တွေဖန်တီးခြင်း
⚫ Smart ကျတဲ့ Graph တွေကို ထည့်သွင်းခြင်း
⚫ Charts တွေကို ဖန်တီးခြင်း
⚫ Smart art တွေနဲ့ ပုံဖော်ခြင်း
⚫ infographic ပုံတွေ ရေးဆွဲခြင်း
⚫ 3D object တွေ ဖန်တီး တည်ဆောက်ခြင်း
⚫ Video တွေ ထည့်သွင်းခြင်း
⚫ Audio တွေ ထည့်သွင်းခြင်း
⚫ Animation တွေ ဖန်တီးခြင်း
⚫ Slide show transition တွေ ထည့်သွင်းခြင်း
Part 2
⚫ Image Based Video Creation
⚫ Video Based Video Creation
⚫ Transitions
⚫ Shape Animations
⚫ Motion
⚫ Entrance Effect
⚫ Emphasis Effect
⚫ Exit Effect
⚫ Test Animations
⚫ Timing
⚫ Effect
⚫ Video Inserting
⚫ Video Editing
⚫ Audio Inserting
⚫ Audio Editing
⚫ Video Production
Part 3
🎥 Introduction
🎥 About PPT Animation
🎥 Course Overview
🎥 Pre - Production
🎥 Production & Post Production
🎥 Landscape Illustration
🎥 Character Illustration Overview
🎥 Character Illustration
🎥 Object Illustration
🎥 Flame Animation Effect
🎥 Wave Animation Effect
🎥 Tree Animation Effect
🎥 Head Turn Animation Effect
🎥 Mouth Animation Effect
🎥 Walk Cycle Animation Effect
🎥 Pre-Production ( Project )
🎥 Project Production
🎥 Scene 1 Animation
🎥 Scene 2 Animation
🎥 Scene 3 Animation
🎥 Scene 4 Animation
🎥 Scene 5 Animation
🎥 Scene 6 Animation
🎥 Scene 7 Animation
🎥 Scene 8 Animation
🎥 Scene 9 Animation
🎥 Scene 10 Animation
🎥 Scene 11 Animation
🎥 Scene 12 Animation
🎥 Scene 13 Animation
🎥 Scene 14 Animation
🎥 Audio Editing
🎥 Video Exporting
စတဲ့ သင်ခန်းစာများကို အပိုင်း 3 ခုခွဲပြီး သင်ကြားရမှာဖြစ်ပါတယ်။
⬛ ဘယ်လိုပုံစံသင်ကြားမှာလဲ
Closed Group ထဲမှာ သင်တန်းသားတွေကို video presentation တွေနဲ့သင်ပြပေးသွားမှာဖြစ်ပါတယ် ။ 🎥🎥
🕑🕑🕑
အချိန် ကန့်သတ်ချက်မရှိဘဲ unlimited time group ထဲမှာ လေ့လာလို့ရပါတယ်။
#သင်တန်းကို_ဘယ်လိုအပ်ရမလဲ❓❓❓❓❓
**************************************
သင်တန်းစုံစမ်းပြီးတဲ့နောက်၊ သင်တန်းကြေးကို အောက်ပါ အကောင့်များထံအပ်နှံလို့ရပါတယ် ။ သင်တန်းကြေးသွင်းပြီးလျှင် screen shoot ရိုက်ပြီး page messenger မှာ သွားပို့ပေးရပါမယ်။ တိုက်ဆိုင် စစ်ဆေးပြီးတာနဲ့ ID နံပါတ်နှင့်အတူ ဝင်ရမည့် Training Class link ကို ချပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ။
❤️❤️❤️ လက်တွေ့ဘဝမှာ ချက်ချင်းအသုံးချနိုင်မည့် အတတ်ပညာတွေကို စျေးသက်သက်သာသာဖြင့် သင်ကြားတတ်မြောက်မှာဖြစ်တဲ့အတွက် အမြန်ဆုံး ဆက်သွယ်လိုက်ပါခင်ဗျ ❤️❤️❤️
🛑 သင်တန်းကြေးသွင်းရန်
💳 CB. 9503 0800 0233 7884
💳 KBZ pay 09975597531
💳 AYA Pay 09975597531
💳 Wave Pay 09975597531
💳 CB Pay 09975597531
အသေးစိတ်သိရှိလိုပါက 09975597531 သို့မဟုတ် Page Messenger မှတဆင့် မေးမြန်းနိုင်ပါတယ် ခင်ဗျာ။🙏🙏🙏
DIGITAL CONCEPT- EDU

02/12/2022

မိမိရိုက်ကူးထားတဲ့ Video ​တွေ Quality ​ကောင်း​အောင် ဘယ်လို Edit လုပ်မလဲ ဘယ်လို Export ထုတ်မလဲ ....

Facebook , You Tube နဲ့ Social Media Platform ​တွေမှာ ... Videos Clip ​တွေဖန်တီးပြီး ... ဝင်​ငွေ​ကောင်း​ကောင်းရှာနိုင်ဖို့အတွက် Video Editing ​, Motion Graphic , 2D Animation ​တွေကို လွယ်ကူစွာဖန်တီးနိုင်မည့် သင်တန်း​လေးတစ်ခုနဲ့မိတ်ဆက်​ပေးလိုက်ပါတယ်ခင်ဗျာ......
ကျွန်​တော်တို့​ Phone တစ်လုံးရှိယုံနဲ့ Videos ​တွေရိုက်ကူးနိုင်​ပေမယ့် စိတ်ဝင်စားရာ​ကောင်းတဲ့ Video ​တွေ ဖြစ်လာဖို့အတွက် Transition , Motion Graphic, Animation Preset ​တွေကို ​ပေါင်းစပ်အသုံးပြုရပါတယ်.... Advertising Video ​တွေဖန်တီး ဖို့အတွက်ဆိုရင်လဲ 2D,3D Animation ​တွေနဲ့ အသုံးပြုမှသာ...စိတ်ဝင်စားစရာ​ကောင်းတဲ့ လူကြိုက်များတဲ့ Advertising Video ​တွေဖြစ်ပါလာကြပါတယ်....
ဒီ​တော့ကျွန်​တော်တို့ တိုးတက်လာတဲ့ IT ခတ်ကြီးထဲမှာ...Facebook ,You Tube စတဲ့ Social Platform ​တွေမှာ ဝင်​ငွေရှာနိုင်ဖို့အတွက်ဆိုရင်... စိတ်ဝင်စားစရာ​ကောင်းတဲ့ Videos ​တွေဖြစ်ဖို့လိုအပ် မှာပဲဖြစ်ပါတယ်...
ဒီအခက်အခဲ​တွေ ​ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင်...
ကျွန်​တော်တို့ Idea ​တွေကို အ​ကောင်အထည်​ဖော်​ပေးနိုင်မယ့် Adobe After Effects Software ​လေး​ရှိနေပါတယ်...
After Effects Zero to Hero Course ​လေးဟာ... Video Editing , Motion Graphic နဲ့ 2D Animation ​တွေ ဖန်တီးခြင်း​တွေကိုအဓိက သင်ကြား​ပေးထားတဲ့ Course ​လေးဖြစ်ပါတယ်.....
After Effects Zero to Hero Course ​လေးမှာ ​လေ့လာရမယ့် Lesson ​တွေက​တော့.....

- Software and Font Installation
- What is the After Effects
- Layer and Timeline Panel
- Compositions in After Effects
- Project Panel [ Link Panel ] in After Effects
- Animation Principle in After Effects
- How to use Keyframe in After Effects
- Simple Video Editing in After Effects
- Simple Animation in After Effects
- Easing in After Effects
- Exporting in After Effects
- Time Stretching and Slow Motion in After Effects
- Pre Composition in After Effects
- Creating Shape in After Effects
- Importing Files into After Effects
- Pen Tool And Path in After Effects
- Fill and Stoke in After Effects
- Animation Along a Path in After Effects
- Text Animation Preset in After Effects
- Transition Preset in After Effects
- Color Effects in After Effects
- Adjustment Layer in After Effects
- Blending Mode in After Effects
- Masking in After Effects
- Track Mattes And Null Object in After Effects

ဘယ်လိုပုံစံသင်ကြားမှာလဲ❓❓❓❓❓
*********************************
Facebook Closed Group And Telegram Group ထဲမှာ သင်တန်းသားတွေကို နားလည်ရလွယ်ကူသော Video presentation တွေနဲ့ သင်ကြားပို့ချသွားမှာ ဖြစ်ပြီး ၊ အချိန်ကန့်သတ်ချက် မရှိပဲ မိမိအားသော ကိုယ်ပိုင်အချိန်တွင် အလွယ်တကူ သင်ယူနိုင်ရန် Life Time ဖန်တီးပေးထားမှာဖြစ်ပါတယ်။
Course Fee
********************
Course Fee - 30000 Ks Now 50% Off 15000 Ks
သင်တန်းကို_ဘယ်လိုအပ်ရမလဲ❓❓❓❓❓
**************************************
အောက်ပါ account များထံ သင်တန်းကြေးသွင်းပြီးလျှင် screen shoot ရိုက်ပြီး page messenger မှာ သွားပို့ပေးရပါမယ်။ တိုက်ဆိုင် စစ်ဆေးပြီးတာနဲ့ ID နံပါတ်နှင့်အတူ ဝင်ရမည့် Closed Group link ချပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ။
❤️❤️❤️ လက်တွေ့လုပ်ငန်းခွင်မှာ ချက်ချင်းအသုံးချနိုင်မည့် အတတ်ပညာတွေကို စျေးသက်သက်သာသာဖြင့် သင်ကြားတတ်မြောက်မှာဖြစ်တဲ့အတွက် အမြန်ဆုံး ဆက်သွယ်လိုက်ပါခင်ဗျ ❤️❤️❤️
🛑 သင်တန်းကြေးသွင်းရန်
💳 CB. 9503 0800 0233 7884
💳 KBZ pay 09975597531
💳 AYA Pay 09975597531
💳 Wave Pay 09975597531
💳 Cb Pay 09975597531
အသေးစိတ်သိရှိလိုပါက 09975597531 သို့မဟုတ် Page Messenger မှတဆင့် မေးမြန်းနိုင်ပါတယ် ခင်ဗျာ။
အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ 🙏🙏🙏
𝗗𝗜𝗚𝗜𝗧𝗔𝗟 𝗖𝗢𝗡𝗖𝗘𝗣𝗧 - 𝗘𝗗𝗨

22/11/2022

After Effects Zero to Hero Online Course

Facebook , You Tube နဲ့ Social Media Platform ​တွေမှာ Video Clip ​တွေဖန်တီးပြီး ဝင်​ငွေ​ကောင်း​ကောင်းရှာနိုင်ဖို့အတွက် Video Editing ​, Motion Graphic , 2D Animation ​တွေကို လွယ်ကူစွာဖန်တီးနိုင်မည့် သင်တန်း​လေးတစ်ခုနဲ့မိတ်ဆက်​ပေးလိုက်ပါတယ်ခင်ဗျာ

Phone တစ်လုံးရှိယုံနဲ့ Video ​တွေရိုက်ကူးနိုင်​ပေမယ့် စိတ်ဝင်စားရာ​ကောင်းတဲ့ Video ​တွေ ဖြစ်လာဖို့အတွက် Transition , Motion Graphic, Animation Preset ​တွေကို ​ပေါင်းစပ်အသုံးပြုရပါတယ်....
Advertising ​တွေဖန်တီး ဖို့အတွက်ဆိုရင်လဲ 2D,3D Animation ​တွေနဲ့ အသုံးပြုမှသာစိတ်ဝင်စားစရာ​ကောင်းတဲ့ လူကြိုက်များတဲ့ Advertising Video ​တွေဖြစ်ပါလာကြပါတယ်....

တိုးတက်လာတဲ့ IT ခတ်ကြီးထဲမှာ Facebook ,You Tube စတဲ့ Social Platform ​တွေမှာ ဝင်​ငွေရှာနိုင်ဖို့အတွက်ဆိုရင်စိတ်ဝင်စားစရာ​ကောင်းတဲ့ Video ​တွေဖြစ်ဖို့လိုအပ်မှာဖြစ်ပါတယ်...
စိတ်ဝင်စားစရာ​ကောင်းတဲ့ Videos ​တွေ ​ကြော်ငြာ​တွေ ဖန်တီးနိုင်ဖို့နဲ့
ကျွန်​တော်တို့ Idea ​တွေကို အ​ကောင်အထည်​ဖော်​ပေးနိုင်မယ့်Software ​လေးက​တော့ Adobe After Effects Software ​​လေးဖြစ်ပါတယ်...

After Effects Zero to Hero Course ​လေးမှာ​တော့ Video Editing , Motion Graphic နဲ့ 2D Animation ​တွေ ဖန်တီးခြင်း​တွေကိုအဓိက ထားသင်ကြား​ပေးထားတဲ့ Course ​လေးဖြစ်ပါတယ်.....
After Effects Zero to Hero Course ​လေးမှာ ​လေ့လာရမယ့် Lesson ​တွေက​တော့.....

- Software and Font Installation
- What is the After Effects
- Layer and Timeline Panel
- Compositions in After Effects
- Project Panel [ Link Panel ] in After Effects
- Animation Principle in After Effects
- How to use Keyframe in After Effects
- Simple Video Editing in After Effects
- Simple Animation in After Effects
- Easing in After Effects
- Exporting in After Effects
- Time Stretching and Slow Motion in After Effects
- Pre Composition in After Effects
- Creating Shape in After Effects
- Importing Files into After Effects
- Pen Tool And Path in After Effects
- Fill and Stoke in After Effects
- Animation Along a Path in After Effects
- Text Animation Preset in After Effects
- Transition Preset in After Effects
- Color Effects in After Effects
- Adjustment Layer in After Effects
- Blending Mode in After Effects
- Masking in After Effects
- Track Mattes And Null Object in After Effects

ဘယ်လိုပုံစံသင်ကြားမှာလဲ❓❓❓❓❓
*********************************
Facebook Closed Group ထဲမှာ သင်တန်းသားတွေကို နားလည်ရလွယ်ကူသော Video presentation တွေနဲ့ သင်ကြားပို့ချသွားမှာ ဖြစ်ပြီး ၊ အချိန်ကန့်သတ်ချက် မရှိပဲ မိမိအားသော ကိုယ်ပိုင်အချိန်တွင် အလွယ်တကူ သင်ယူနိုင်ရန် Life Time ဖန်တီးပေးထားမှာဖြစ်ပါတယ်။

Course Fee
********************
Course Fee - 30000 Ks

သင်တန်းကို_ဘယ်လိုအပ်ရမလဲ❓❓❓❓❓
**************************************
အောက်ပါ account များထံ သင်တန်းကြေးသွင်းပြီးလျှင် screen shoot ရိုက်ပြီး page messenger မှာ သွားပို့ပေးရပါမယ်။ တိုက်ဆိုင် စစ်ဆေးပြီးတာနဲ့ ID နံပါတ်နှင့်အတူ ဝင်ရမည့် Closed Group link ချပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ။
❤️❤️❤️ လက်တွေ့လုပ်ငန်းခွင်မှာ ချက်ချင်းအသုံးချနိုင်မည့် အတတ်ပညာတွေကို စျေးသက်သက်သာသာဖြင့် သင်ကြားတတ်မြောက်မှာဖြစ်တဲ့အတွက် အမြန်ဆုံး ဆက်သွယ်လိုက်ပါခင်ဗျ ❤️❤️❤️
🛑 သင်တန်းကြေးသွင်းရန်
💳 CB. 9503 0800 0233 7884
💳 KBZ pay 09975597531
💳 MPT Pay 09975597531
💳 AYA Pay 09975597531
💳 Wave Pay 09975597531
💳 Cb Pay 09975597531
အသေးစိတ်သိရှိလိုပါက 09975597531 သို့မဟုတ် Page Messenger မှတဆင့် မေးမြန်းနိုင်ပါတယ် ခင်ဗျာ။
အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ 🙏🙏🙏

01/09/2022
26/08/2022

Restaurant တစ်ခုမှာ ပေးရတဲ့စျေးနဲ့ တန်၊ မတန် ဘယ်လိုအကဲဖြတ်ကြမလဲ
======================================

☘️🍀

ကုန်စျေးနှုန်းတွေ မြင့်မားလာတာနဲ့အမျှ ဒီရက်ပိုင်းတွေမှာ Restaurant အကြီး၊ အသေးတော်တော်များများနဲ့ ပက်သက်ပြီး Social Media ပေါ်မှာတွေ့လာရတာကတော့ ပေးရတဲ့စျေးနဲ့ မတန်တဲ့ဝန်ဆောင်မှုတွေ၊ စျေးကြီးပြီး portion နည်းလွန်းတာတွေ အပြင် အခြားသောအချက်တွေနဲ့ Bad Review တွေ‌‌ဖြစ်ပါတယ် ။ ဒီတော့ စားသုံးသူ Customer များအနေနဲ့ ဝယ်ယူစားသုံးလိုက်တဲ့ဟင်းပွဲဟာ ဖြစ်သင့်တဲ့ အရည်အသွးရှိရဲ့လား ၊ ဖြစ်သင့်တဲ့စျေးနှုန်းရှိရဲ့လား ၊ ဘယ်လိုဝန်ဆောင်မှုမျိုးတွေပေးတဲ့ စားသောက်ဆိုင်ဆိုရင် စျေးက ဘယ်အတန်းလောက်ရှိမလဲ ဆိုတာကို ကောင်းကောင်းအကဲဖြတ်နိုင်ဖို့လိုပါတယ် ။ ဒီလိုပဲ တစ်ဖက်မှာ Restaurant Business Owner များအနေနဲ့လဲ မိမိတို့ရဲ့ စားသောက်ဖွယ်ရာနဲ့ ဝန်ဆောင်မှုတွေက ဘယ်လောက်လောက်တန်ကြေးရှိသလဲ ၊ စျေးကြီးနေသလား ၊ စျေးတင်သင့်သလား ဆိုတာကို စီစစ်ပိုင်းခြားနိုင်ဖို့အတွက် DIGITAL CONCEPT EDU မှ Knowledge Sharing အဖြစ် Restaurant Business အပေါ် Customer ရှု့ထောင့်မှကြည့်ရှုခြင်း အကြောင်းလေး တင်ဆက်လိုက်ပါတယ် ခင်ဗျာ။

Restaurant တွေရဲ့ အမြတ်က ဘယ်လောက်ရှိသလဲ?
*****************************************

☘️🍀

Restaurant အမျိုးအစားတွေအပေါ် လိုက်ပြီးတော့ ရောင်းချတဲ့ စျေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေက ကွဲပြားပါတယ် ။ လမ်းဘေးမှာ Food Truck နဲ့‌ရောင်းတဲ့ အာလူးကြော် ၊ KFC မှာရောင်းတဲ့ အာလူးကြော် ၊ BAR/CLUB မှာရောင်းတဲ့ အာလူးကြော်နဲ့ ဟိုတယ်မှာ ရောင်းတဲ့ အာလူးကြော်စျေးတွေဟာ အသုံးပြုတဲ့ Ingredients တွေတူညီနေပေမယ့် စျေးတွေကတော့ မတူကြပါဘူး ။ ဒီလိုမျိုး Restaurant အမျိုးအစားတွေထဲမှာမှ Profit Margin အမြင့်ဆုံးကတော့ Bar/Club Type Restaurant တွေပဲ ဖြစ်ပြီးတော့ သူတို့ရဲ့ Profit ဟာ ဟင်းပွဲစျေးနှုန်းအပေါ်မှာ 18%~25% အထိအမြတ်ကျန်ပါတယ်။ အခြားသော Restaurant Type တွေမှာတော့ 6% ~ 10 % ကြားသာ အမြတ်ကျန်ပါတယ်။ ဟင်းပွဲ တစ်ပွဲကို ရောင်းစျေး ၃၀၀၀ နဲ့ရောင်းမယ်ဆိုရင် Bar/Club မှာတော့ အမြင့်ဆုံး ၆၀၀ ပတ်ဝန်းကျင်လောက်ကျန်ပြီး ၊ အခြားသော Restaurant တွေမှာတော့ ၃၀၀ ပတ်လည်လောက်ပဲကျန်ပါတယ်။ ဒါဟာ လက်ရှိလည်ပတ်နေရတဲ့ Restaurant တွေရဲ့ Profit Margin ပဲဖြစ်ပါတယ် ။ ဒီအချက်ကို သတိမမူမိဘဲ လုပ်ကိုင်နေကြတဲ့ Restaurant Owner တွေမှာ ရောင်း‌ရနေသော်လည်း လကုန်ပြီဆိုရင် အမြတ်မကျန်တဲ့ ပြဿနာနှင့် အမြတ်ကျန်သော်လဲ Bad Review ပေါင်းများစွာနဲ့ ရောင်းအားတဖြည်းဖြည်းကျလာတဲ့ ပြဿနာကို ကြုံတွေ့ရပါလိမ့်မယ်။

ဟင်းပွဲတစ်ပွဲမှာ အရင်းနဲ့ ရောင်းစျေးက ဘယ်လောက်ဖြစ်သင့်သလဲ ?
**********************************************

☘️🍀

Food Service ပေးတဲ့အခါမှာ Customer တွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီးတော့ Restaurant Type တွေကွဲပြားကြပါတယ် ။ အချိန်မဖြုန်းချင်တဲ့ ၊ အလျင်လိုတဲ့ Customer အများစုရှိတဲ့ နေရာအတွက် Fast Food Restaurant ၊ Class တစ်ခုခုကို ဖော်ပြဖို့ လိုအပ်တဲ့ Customer တွေ အတွက် ပတ်၀န်းကျင်ကောင်းပြီး လှပတဲ့ရှုခင်းနဲ့ ခမ်းနားတဲ့နေရာတွေမှာ ဖွင့်တဲ့ Fine Dining Restaurant ၊ စိတ်အပန်းဖြေခြင်းနှင့် စိတ်ထွက်ပေါက်အတွက် Entertainment လိုအပ်တဲ့ Customer တွေအတွက်ဖွင့်တဲ့ Bar & Club လို Restaurant စတဲ့ Restaurant အမျိုးမျိုးမှာ ရောင်းချတဲ့ ဟင်းပွဲတွေရဲ့ အရင်းဟာ ရောင်းစျေးရဲ့ 25% ~ 35% ရှိရပါတယ် ။ Bar& Club လို Restaurant တွေမှာဆိုရင် ချက်ပြုတ်ထားတဲ့ ဟင်းပွဲရဲ့ ကုန်ကျစားရိတ်ဟာ 25% လောက်ပဲရှိပြီးတော့ အခြားသော Restaurant Type တွေမှာဆိုရင်တော့ 30%~35% ရှိပါတယ် ။ ဒါ့ကြောင့်မို့ ဟင်းပွဲပမာဏခြင်းတူမယ်ဆိုလျင်တောင်မှ Bar & Club မှာရောင်းတဲ့စျေးက ပိုများနေတာပဲဖြစ်ပါတယ် ။ ဒီနေရာမှာလဲ Restaurant Owner တွေဟာ မိမိတို့ရဲ့ Menu အပေါ်မှာ Pricing ကောင်းကောင်းမဖွင့်နိုင်ဘူးဆိုရင် Customer အတွက်လဲ ပေးရတဲ့စျေးနဲ့ ထိုက်သင့်တဲ့ တန်ဖိုးကို မရတဲ့အပြင် ၊ ရောင်းတိုင်းရှုံးဖြစ်နေတတ်ပါတယ် ။ ဒီတော့ Customer Side မှကြည့်မယ်ဆိုလျင် မိမိတို့ စားရတဲ့ ကြက်ကြော်သည် စျေးမှာဝယ်လျှင် ကြက်သားစျေး ၁၀သား ၈၀၀ကျပ်လောက်ကျသင့်ပေမယ့် ဆိုင်မှာစားမယ်ဆိုရင်တော့ 3000 ပတ်ချာလည်စျေးနဲ့ စားသုံးရမှာဖြစ်ပါတယ် ။ Customer တွေအနေနဲ့ ကုန်ကြမ်းစျေးကို ၃ ဆလောက်တင်ထားတဲ့ အစားအသောက်တစ်ခုကို ကျေကျေနပ်နပ်စားနိုင်ဖို့အတွက်ကတော့ ပြည့်စုံတဲ့ ဝန်ဆောင်မှုကိုပါ ထပ်ပေါင်းရပါလိမ့်မယ် ။ ဟင်းပွဲ နှင့် ရရှိတဲ့ ဝန်ဆောင်မှုကို ပေါင်းစပ်မှသာ ဒီဟင်းပွဲတစ်ပွဲကို ၃ဆ တင်ထားတဲ့စျေးနဲ့စားရတဲ့ တန်ဖိုးကိုပြန်လည်ရရှိမှာဖြစ်ပါတယ်။

ဟင်းပွဲနဲ့ ဝန်ဆောင်မှုရဲ့ တန်ဖိုးကိုဘယ်လိုတွက်ကြမလဲ ?
*********************************************

☘️🍀

ဝန်ဆောင်မှုလို့ဆိုတဲ့ နေရာမှာ Restaurant Type တွေအလိုက်ကွဲပြားကြပါတယ် ။ ဒီလိုကွဲပြားတဲ့ ဝန်ဆောင်မှုတွေပေါ်မူတည်ပြီး Restaurant Owner တွေဟာ လိုအပ်ချက်တွေအတွက် အသုံးပြုရတဲ့ စက်ပစ္စည်းနဲ့ ဝန်ထမ်းတွေကို တွက်ချက်ပြီး ထည့်သွင်းရပါတယ် ။ ဒီနေရာမှာ လုပ်ငန်းရှင်အများစုဟာ ဝန်ထမ်းဘယ်နှစ်ယောက်ခေါ်သင့်သလဲ ၊ လိုအပ်တဲ့ပစ္စည်းတွေ ဘယ်လောက်ရင်းနှီးမြှုပ်နှံသင့်သလဲဆိုတာကို မတွက်ချက်ကြပါဘူး ။ လုပ်ငန်းရှင်တော်တော်များများ အဓိကဂရုစိုက်လေ့ရှိတာကတော့ မိမိတို့ရဲ့ Floor မှာ စားဝိုင်းဘယ်လောက်ဆံ့မလဲဆိုတာကိုပဲ ဂရုစိုက်ကြတာများပါတယ် ။ ဒါ့ကြောင့် မလိုအပ်ဘဲ သုံးရတဲ့ ဝန်ထမ်းစားရိတ်တွေ ၊ ဝန်ထမ်းတွေ အပြည့်ရှိသော်လဲ quality service ထွက်မလာတာတွေနဲ့ Error မျိုးစုံတက်နေရတာပဲ ဖြစ်ပါတယ် ။ Customer Side ဘက်မှ ကြည့်မယ်ဆိုလျင် ဝန်ဆောင်မှုကောင်းတယ်ဆိုတာဟာ Fast Food ဆိုလျင် 3~5 min / Fine Dining ဆိုလျင် 5~7 min အတွင်း မိမိမှာထားတဲ့ ဟင်းပွဲရမယ် ။ သန့်ရှင်းသပ်ရပ်ပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်ပြီးတော့ မိမိတို့ကို ဝန်ဆောင်မှုပေးမယ့် Service ဝန်ထမ်းက ချိုသာယဉ်ကျေးပြီး ဝိုင်းကိုင် ကျွမ်းကျင်မယ် ဆိုလျင် ပေးရတဲ့ စျေးသည် ထိုက်သင့်တယ်လို့တွက်ဆလို့ရပြီဖြစ်ပါတယ် ။ ဗဟုသုတအနေနဲ့ပြောရမယ်ဆိုလျင် Restaurant တစ်ခုမှာ ဒီလိုမျိုးဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ထားရှိရမည့် ဝန်ထမ်းအရည်အတွက်ဟာ Floor ပိုင်းမှာဆိုလျှင် စားဝိုင်း ၄ ဝိုင်းဆိုလျှင် Service Staff 1 ဉီးထားရှိရမှာဖြစ်ပြီးတော့ ၊ Customer 40 ယောက်လောက် တပြိုင်နက်စားသုံးနိုင်တဲ့ Restaurant မှာဆိုလျင် Kitchen Staff 7 ဉီးလောက်ထားရှိရမှာဖြစ်ပါတယ် ။ Restaurant Owner တွေဟာ မိမိတို့ဆိုင်ရဲ့ စားဝိုင်းအရေအတွက်ပေါ်မူတည်ပြီး Service & Kitchen Staff တွေကိုတွက်ချက်ပြီးမှ ခန့်ထားရမှာဖြစ်ပါတယ် ။ Restaurant Owner တွေအတွက် သတိထားစရာကတော့ တစ်လလုံးမှာ ကုန်ကျသွားတဲ့ ဟင်းပွဲအရင်းတန်ဖိုးနဲ့ ဝန်ထမ်းစားရိတ် ပေါင်းခြင်းသည် တစ်လလုံးမှာ ရောင်းရတဲ့ ဝင်ငွေရဲ့ 60% ပဲဖြစ်သင့်ပါတယ် ။ 60% အောက် အလွန်အကျွံလျော့ သွားခဲ့ပြီဆိုရင်တော့ Customer ကို မတန်တဆ စျေးတင်ပြီးရောင်းနေတာမျိုးတွေ ၊ ဒါမှမဟုတ် ဝန်ထမ်းတွေကို မနိုင်ဝန်ထမ်းခိုင်းတာမျိုးတွေ ဖြစ်နေတာဖြစ်တဲ့အတွက် နောက်ဆက်တွဲ Kitchen နှင့် Service ရဲ့ Performance ကျလာတဲ့ပြဿနာကို ကြုံတွေ့ရမှာဖြစ်ပါတယ် ။ ဒီ အချက်တွေကို ကြည့်ပြီး Customer တွေဟာ မိမိတို့ စားသုံးတဲ့ ဆိုင်ရဲ့ အခြေအနေနဲ့ မိမိတို့ရရှိတဲ့ ဝန်ဆောင်မှုကို အကဲဖြတ်နိုင်မှာဖြစ်ပါတယ် ။

Restaurant တစ်ခုရဲ့ ဝန်ထုပ်ဝန်ပိုးတွေက ဘာတွေလဲ?
*****************************************

☘️🍀

- Prime Cost လို့ခေါ်တဲ့ ကုန်ကြမ်းနဲ့ ဝန်ထမ်းစရိတ်ပေါင်း 60% ကို အသုံးပြုပြီးတဲ့အခါမှာ ၊ မြေငှားခ ၊ ဆိုင်ခန်းခ စတဲ့ငှားရမ်းခတွေအတွက် 10~12% ကို အသုံးပြုရပြီးတော့ ကျန်တဲ့ အသုံးစားရိတ်တွေကို 20% ထဲမှာဝင်အောင်သုံးနိုင်မှသာ တစ်လလျှင် 10% အမြတ်ရရှိမှာဖြစ်ပါတယ် ။ ဒီတော့ ပိုပြီးရောင်းရလျှင် ပိုပြီး အမြတ်ကျန်မှာမဟုတ်လား ဆိုတဲ့ မေးခွန်းရှိပါတယ် ။ Restaurant တစ်ခုမှာ ထည့်သွင်းထားတဲ့ စားဝိုင်းအရေအတွက် ၊ အသုံးပြုထားတဲ့ Kitchen Equipment အရေအတွက် ၊ ဆိုင်ဖွင့်ချိန်နဲ့ အသုံးပြုရတဲ့ ဝန်ထမ်းအချိုးတွေကိုတွက်ပြီးလျင် Restaurant တစ်ခုရဲ့ အများဆုံးရောင်းနိုင်မှုကို တွက်ချက်နိုင်ပါတယ် ။ Advertising ကောင်းလွန်းအားကြီးလို့ စုပြုံတိုး‌ဝှေ့ပြီး ဧည့်ကျလာလျင်တောင်မှ ရောင်းရတဲ့ ငွေထက် ၊ ဝန်မမျှလို့တက်တဲ့ Error ကများပါတယ် ။ ဒါ့ကြောင့် Restaurant Owner တွေဟာ Restaurant Business Plan တစ်ခုကိုဆွဲတဲ့အခါ စနစ်တကျတွက်ချက်ပြီး စီစဉ်မှသာ ရင်းနှီးမြှုပ်နှံရမည့် ပမာဏနဲ့ အရင်းကျေမည့်ကာလကို တွက်ချက်ပြီး လုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ။

ကမ္ဘာ့ စီးပွားကျဆင်းမှုကို နိုင်ငံကြီးတွေကိုယ်တိုင် ခံစားလာရတဲ့အတွက်ကြောင့် ငွေကြေးဖောင်းပွမှုနဲ့ စားရိတ်စားက ကြီးမြင့်မှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေတဲ့ကာလမှာ နိုင်ငံငယ်တွေအနေနဲ့ ‌‌အလူးအလဲခံကြရတယ်ဆိုတာဟာ ပညာရှင်တွေက အတိအကျထောက်ပြပြီးဖြစ်ပါတယ် ။ ဒီအချိန်မှာ ဒေါ် လာစျေးမြင့်မားမှု ၊ လောင်စာဆီစျေးမြင့်မားမှုနဲ့ ငွေကြေးဖောင်းပွလာမှုတွေကြောင့် တင်သွင်းကုန်မှန်သမျှဟာ ဒီရေအလားစျေးတက်နေတာဖြစ်ပါတယ် ။
Restaurant Owner တွေအတွက် အကြံပြုချက်ကတော့ တင်သွင်းတဲ့ကုန်ပစ္စည်းတွေကို အတတ်နိုင်ဆုံး ပြည်တွင်းဖြစ်တွေနဲ့ အစားထိုးနိုင်အောင် ကြိုးစားပြီး မိမိတို့ရဲ့ စားဖိုမှုးကြီးတွေနဲ့ ပြည်တွင်းဖြစ်တွေကိုပဲအတတ်နိုင်ဆုံးသုံးကာ ထူးခြားတဲ့ အရသာတွေကိုဖန်တီးပြီး ရောင်းချနိုင်မှသာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ Customer တွေအနေနဲ့လဲ အခြေခံ စားသောက်ကုန်စျေးနှုန်း 50% နီးပါးထိုးတက်လာတဲ့ အချိန်မှာ Restaurant အများစုဟာ စျေးကိုပြောင်းလျှင်ပြောင်း ၊ မပြောင်းလျှင် ထည့်သွင်းတဲ့ ပမာဏလျော့ချတဲ့နည်းလမ်းကိုသာ သုံးနေကြတာဖြစ်တဲ့အတွက် အထက်မှာ ဆွေးနွေးခဲ့တဲ့ အချက်တွေကို ချိန်ဆ ယှဉ်ထိုးပြီးတော့ မိမိတို့ ဝယ်ယူစားသုံးလိုက်ရတဲ့ ဟင်းပွဲဟာ ဖြစ်သင့်၏ ၊ မဖြစ်သင့်၏ကို ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ် ။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျား။

🍄🍁

DIGITAL CONCEPT - EDU

21/08/2022


# # # # # # # # # # # # # # # # # # # # # #
𝗕𝗮𝘀𝗶𝗰 𝘁𝗼 𝗚𝗿𝗮𝗻𝗱𝗺𝗮𝘀𝘁𝗲𝗿

𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗣𝗼𝘄𝗲𝗿𝗣𝗼𝗶𝗻𝘁 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
𝗖𝗼𝘂𝗿𝘀𝗲 𝗙𝗲𝗲 - 𝟯𝟱𝟬𝟬𝟬 𝗠𝗠𝗞
𝗢𝗻𝗹𝗶𝗻𝗲 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗖𝗼𝘂𝗿𝘀𝗲

📢 အခြေခံပညာ နဲ့ အဆင့်မြင့်ပညာရပ်တွေကိုသင်ယူနေကြတဲ့ ၊ ကျောင်းသားတွေအတွက် လိုအပ်တဲ့ Basic Power Point Presentation
📢 ဆရာ ၊ ဆရာမတွေ အတွက် Online Class/ University စတဲ့ အဆင့်မြင့်သင်တန်းတွေမှာ လိုအပ်တဲ့ Advanced Level Power Point Presentation
📢 Corporate life မှာ ကျင်လည်နေရတဲ့ Manager, Supervisor, Team leader စတဲ့ ခေါင်းဆောင်ပိုင်းတွေမှာလိုအပ်တဲ့ High Level Presentation Skill
📢 Digital Marketing, Content Writer, Facebook Marketer စတဲ့ Marketing သမားတွေအတွက် လိုအပ်တဲ့ Creative PowerPoint Presentation
📢 Business Owner, Video Creator, YouTube Maker စတဲ့ လုပ်ငန်းရှင်တွေအတွက် Powerpoint Video Creation & PowerPoint Video Animation
စတဲ့ Microsoft PowerPoint ကို ထုံးလိုချေ၊ ရေလိုနှောက်ပြီး Basic Level မှ GrandMaster Level အထိ သင်ယူတတ်မြောက်မယ့် Microsoft PowerPoint Grand Master Level Online သင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ။
📢📢📢📢📢📢📢📢📢
PowerPoint Grand Master level ကို သင်ကြားခြင်းအားဖြင့်
🏆 Microsoft PowerPoint Presentation တွေကို ဖန်တီးတဲ့အခါမှာ သမာရိုးကျ ပုံစံတွေထဲကနေခွဲထွက်ပြီးတော့ စွဲဆောင်မှူရှိပြီး creative ဖြစ်တဲ့ infographic design presentation တွေကို ဖန်တီးနိုင်မယ်။
🏆 Presentation တွေမှာ ပိုမိုပြီး Effective ဖြစ်တဲ့ Animation တွေ ၊ 2D / 3D graphic တွေနဲ့ ဖန်တီးနိုင်မယ်
🏆 Shape တွေ ၊ Graphic တွေ ၊ Effects တွေအကြောင်းကို အသေးစိတ်သိရှိပြီးတော့ ၊ Video Clip တစ်ခုကို အဆင့်မြင့် Animation & Transitions ေတွနဲ့ ဖန်တီးနိုင်မယ်
🏆 နောက်ဆုံးမှာ power point ရဲ့ Animation Effect တွေကို အဆင့်မြင့်မြင့်နားလည်ပြီးတော့ Cartoon Movie တစ်ခုကို PowerPoint နဲ့ ဖန်တီးထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
⬛ PowerPoint Grand Master Training Course မှာ ဘာတွေသင်ရမလဲ ❔❔❔
Microsoft PowerPoint ရဲ့ အခြေခံသဘောတရားမှစပြီး နောက်ဆုံးအဆင့် High Level Presentation တစ်ခုကိုဖန်တီးနိုင်သည် အထိ ကိုအောက်ပါသင်ရိုးတွေ နဲ့ သင်ယူရမှာ ဖြစ်ပါတယ်။
⚫ Course Content
----------------------------------------
Part 1
⚫ Power point design ကို ဖန်တီးခြင်း
⚫ Power point software ကို ခြုံငုံလေ့လာခြင်း
⚫ Text တွေကို ဖန်တီး ၊ design ဆွဲခြင်း
⚫ Paragraph တွေကို စနစ်တကျ ဖန်တီးခြင်း
⚫ Picture တွေနဲ့ design တွေကိုဖန်တီးခြင်း
⚫ Shape တွေနဲ့ design တွေဖန်တီးခြင်း
⚫ Smart ကျတဲ့ Graph တွေကို ထည့်သွင်းခြင်း
⚫ Charts တွေကို ဖန်တီးခြင်း
⚫ Smart art တွေနဲ့ ပုံဖော်ခြင်း
⚫ infographic ပုံတွေ ရေးဆွဲခြင်း
⚫ 3D object တွေ ဖန်တီး တည်ဆောက်ခြင်း
⚫ Video တွေ ထည့်သွင်းခြင်း
⚫ Audio တွေ ထည့်သွင်းခြင်း
⚫ Animation တွေ ဖန်တီးခြင်း
⚫ Slide show transition တွေ ထည့်သွင်းခြင်း
Part 2
⚫ Image Based Video Creation
⚫ Video Based Video Creation
⚫ Transitions
⚫ Shape Animations
⚫ Motion
⚫ Entrance Effect
⚫ Emphasis Effect
⚫ Exit Effect
⚫ Test Animations
⚫ Timing
⚫ Effect
⚫ Video Inserting
⚫ Video Editing
⚫ Audio Inserting
⚫ Audio Editing
⚫ Video Production
Part 3
🎥 Introduction
🎥 About PPT Animation
🎥 Course Overview
🎥 Pre - Production
🎥 Production & Post Production
🎥 Landscape Illustration
🎥 Character Illustration Overview
🎥 Character Illustration
🎥 Object Illustration
🎥 Flame Animation Effect
🎥 Wave Animation Effect
🎥 Tree Animation Effect
🎥 Head Turn Animation Effect
🎥 Mouth Animation Effect
🎥 Walk Cycle Animation Effect
🎥 Pre-Production ( Project )
🎥 Project Production
🎥 Scene 1 Animation
🎥 Scene 2 Animation
🎥 Scene 3 Animation
🎥 Scene 4 Animation
🎥 Scene 5 Animation
🎥 Scene 6 Animation
🎥 Scene 7 Animation
🎥 Scene 8 Animation
🎥 Scene 9 Animation
🎥 Scene 10 Animation
🎥 Scene 11 Animation
🎥 Scene 12 Animation
🎥 Scene 13 Animation
🎥 Scene 14 Animation
🎥 Audio Editing
🎥 Video Exporting
စတဲ့ သင်ခန်းစာများကို အပိုင်း 3 ခုခွဲပြီး သင်ကြားရမှာဖြစ်ပါတယ်။
⬛ ဘယ်လိုပုံစံသင်ကြားမှာလဲ
Closed Group ထဲမှာ သင်တန်းသားတွေကို video presentation တွေနဲ့သင်ပြပေးသွားမှာဖြစ်ပါတယ် ။ 🎥🎥
🕑🕑🕑
အချိန် ကန့်သတ်ချက်မရှိဘဲ unlimited time group ထဲမှာ လေ့လာလို့ရပါတယ်။

#သင်တန်းကို_ဘယ်လိုအပ်ရမလဲ❓❓❓❓❓
**************************************
သင်တန်းစုံစမ်းပြီးတဲ့နောက်၊ သင်တန်းကြေးကို အောက်ပါ အကောင့်များထံအပ်နှံလို့ရပါတယ် ။ သင်တန်းကြေးသွင်းပြီးလျှင် screen shoot ရိုက်ပြီး page messenger မှာ သွားပို့ပေးရပါမယ်။ တိုက်ဆိုင် စစ်ဆေးပြီးတာနဲ့ ID နံပါတ်နှင့်အတူ ဝင်ရမည့် Training Class link ကို ချပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ။
❤️❤️❤️ လက်တွေ့ဘဝမှာ ချက်ချင်းအသုံးချနိုင်မည့် အတတ်ပညာတွေကို စျေးသက်သက်သာသာဖြင့် သင်ကြားတတ်မြောက်မှာဖြစ်တဲ့အတွက် အမြန်ဆုံး ဆက်သွယ်လိုက်ပါခင်ဗျ ❤️❤️❤️
🛑 သင်တန်းကြေးသွင်းရန်
💳 CB. 9503 0800 0233 7884
💳 KBZ pay 09975597531
💳 AYA Pay 09975597531
💳 Wave Pay 09975597531
💳 CB Pay 09975597531
အသေးစိတ်သိရှိလိုပါက 09975597531 သို့မဟုတ် Page Messenger မှတဆင့် မေးမြန်းနိုင်ပါတယ် ခင်ဗျာ။🙏🙏🙏
DIGITAL CONCEPT- EDU

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No(21) . Zay Yar Thiri. Street
Yangon
11111