17/08/2026
ဒီနေ့မှာတော့ YRSကိုယ်ပိုင်မူလတန်း ကျောင်းS/Oကိုသာ့ဒ်စတိုရီကလေးစာပေထုတ်လုပ်ရေးမှကလေးစာပေတိုးတက်ပြန့်ပွါးရေးကိုရှေးရှုပြီးလာရောက်မိတ်ဆက်လို့စာအုပ်၃အုပ်လည်းလှူဒါန်းခဲ့ပါတယ်။“စာအုပ်ဆိုတာ မိတ်ဆွေကောင်းတစ်ယောက်ပါ။ စာဖတ်ခြင်းက မိမိရဲ့ ဉာဏ်ရည်ကို တိုးတက်စေပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် တစ်နေ့ကို အချိန်အနည်းငယ်ပေးပြီး မိမိနှစ်သက်တဲ့ ကလေးစာပေကောင်းတွေကို ဖတ်ကြဖို့တိုက်တွန်းလိုပါတယ်။