11/06/2023
G12 အထက်တန်းအဆင့်
Calculator အသုံးပြုနည်း
➕➖✖️➗🟰
To be good value education
11/06/2023
G12 အထက်တန်းအဆင့်
Calculator အသုံးပြုနည်း
➕➖✖️➗🟰
2023 တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ
ဆဒမ ၄၀၅ မကြာညိုသွယ် (ဓာတု,ရူပ,ဇီဝ)
ဆဒမ ၂၂၂ မောင်လူမင်းအောင် (ဇီဝ)
ဆဒမ ၃၁၁ မောင်လှိုင်ဝင်းထွဠ် (ဇီဝ)
ဆဒမ ၅၄၅ မောင်မြင့်သူခန့်
ဆဒမ ၈၅၃ မနန္ဒာလွင်
G 12 English အတွက် ကြိုဖတ်ဖို့ Resources လေးတွေပါ....
Unit 1 Good Manners
https://www.sharingourexperiences.com/importance-good-manners-kids-student-how-teach-good-manners-behavior/
Unit 2 Key to Happiness
https://actionforhappiness.org/10-keys
Unit 3 Diet and Nutrition
https://www.niddk.nih.gov/health-information/diet-nutrition
Unit 4 Emotional Well Being
https://www.betterup.com/blog/what-is-emotional-well-being
Unit 5 Colours
https://www.britannica.com/science/color
Unit 6 Artificial Intelligence
https://www.britannica.com/technology/artificial-intelligence
https://builtin.com/artificial-intelligence
Unit 7 Pollution : A Hazard to our Environment
https://education.nationalgeographic.org/resource/pollution/
https://www.ncbi.nlm.nih.gov/pmc/articles/PMC3352627/
Unit 8 Renewable Energy
https://www.oas.org/dsd/publications/unit/oea79e/ch05.htm
https://www.eia.gov/energyexplained/renewable-sources/
Unit 9 Hellen Keller
Unit 10 Why Improve Communication Skills?
https://www.coursera.org/articles/communication-skills
Intercultural Communication
https://ehlion.com/magazine/intercultural-communication/
Credit by orginal uploader
04/12/2022
Grade 11 စနစ်ဟောင်းသမားများအတွက် နောက်ဆုံးအခွင့်အရေး 📣📣📣
👉 ဘယ်မှာပဲတတ်တတ် မိမိသင်ကြားထားသည်များကို တစ်ဖန်ပြန်လေ့လာချင်လို့ပဲဖြစ်ဖြစ်
👉 အခုမှစတင်သင်ကြားလိုသူပဲဖြစ်ဖြစ် MMEC ရဲ့ လေးလပြတ် (အောင်မှတ်သီးသန့်) online class ကို join နိုင်ပါသည်။
👉 သင်တန်းကာလ -
Dec,Jan,Feb,March(လေးလပြတ်)
Subjects - ဘာသာစုံ
Learning platform - zoom / viber
Time - Mon,Tue,Sat,Sun - 4:00-6:00
Fees - 60000 ks
အသေးစိတ်သိရှိလိုပါက Page Messenger တွင် စုံစမ်းနိုင်ပါသည်။
30/01/2022
ဦးနှောက်နဲ့ စာကျက်ကြပါ ကလေးတို့ 😁😁
မူရင်းတင်သူအားcrdပေးပါတယ်
05/10/2021
စာတွေမမေ့အောင်ဘယ်လိုကျက်ကြမလဲ ❤️
29/08/2021
သင်္ချာ ထိရောက်အောင် သင်ယူနိုင်ဖို့…
သားသားမီးမီးတို့တွေကို ဘယ်ဘာသာကအခက်ဆုံးလဲလို့ မေးလိုက်ရင် ၁၀၀ မှာ ၉၉ ယောက်က သင်္ချာနဲ့ အင်္ဂလိပ်စာဆိုတာပါဘဲ။ သင်္ချာဘာသာရပ်လို့ ပြောရင် ကြောက်တဲ့သူတွေရှိကြတယ်၊ ကိုယ့်ကိုယ်ကိုအားနည်းတယ်လို့သတ်မှတ်တဲ့သူတွေလည်း ရှိတယ်၊ ဘယ်လို သုံးမလဲဆိုပြီး မေးခွန်းထုတ်တဲ့သူတွေလည်း ရှိကြပါတယ်။ အရင်ကလို ကျောင်းတွေ ကျူရှင်တွေမှာ ဆရာ၊ ဆရာမတွေနဲ့ မျက်နှာချင်းဆိုင် သင်ယူရတဲ့အချိန်မှာတောင်မှ သင်္ချာဘာသာရပ်က ခက်ခဲနေတယ်ဆိုရင် အခုလို ကိုဗစ်ကာလမှာ အွန်လိုင်းကနေ အိမ်မှာနေရင်း ကလေးတွေကို သင်္ချာသင်ပေးရတာက ပိုပြီးတော့ ခက်ခဲပါတယ်။ ဒီတစ်ပတ်မှာတော့ သင်္ချာကိုဘာလို့ ကြောက်ကြတာလဲဆိုတာနဲ့ ဘယ်လိုနည်းလမ်းလေးတွေသုံးပြီး သားသားမီးမီးတို့ကို နားလည်လွယ်အောင် သင်ကြားပေးလို့ရလဲဆိုတာကို မျှဝေပေးပါ့မယ်။
ဘာကြောင့် သင်္ချာကို ကြောက်ကြလဲ၊ ခက်တယ်လို့ ထင်လဲ??
သင်္ချာကို မိဘတွေ၊ ဆရာမတွေက အချိန်ပိုပေးပြီး သေချာသင်ဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် ကလေးတွေက ဘာကြောင့်သင်ဖို့ ကြောက်နေကြသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေတွေထဲက အချို့ကတော့ သင်္ချာရဲ့ ရည်ရွယ်ချက်နဲ့ သင်္ချာဆိုတာ ဘာလဲဆိုတာကို သေချာ နားမလည်ကြဘူး၊ သင်္ချာနဲ့ လက်တွေ့ဘဝအသုံးချနိုင်မှုကို ချိတ်ဆက် ပေးနိုင်စွမ်းအားနည်းတယ်၊ သင်္ချာသင်တဲ့အခါ ကျက်စာသင်သလို ပုံသေနည်းချပေးပြီး လေ့ကျင့်ခန်းလုပ်တဲ့ သင်ကြားနည်းပုံစံကို အများဆုံး အသုံးပြုကြလို့ ဖြစ်ကြပါတယ်။ သူငယ်တန်းကနေ ဆယ်တန်းထိ ကျတော်တို့သင်ကြားရတဲ့ သင်္ချာတွေက ဆက်စပ်မှုရှိတာကြောင့် ကလေးတွေဟာ အငယ်တန်းမှာကတည်းက အခြေခံမပိုင်ခဲ့ရင် အတန်းကြီးလာတာနဲ့အမျှ သင်္ချာကပိုပိုပြီး ခက်ခဲလာကြလို့ပါ။ ဒါကြောင့် သင်္ချာကို သင်ဖို့ စဉ်းစားတဲ့အခါမှာ ပေါင်းနှုတ်မြှောက်စား ပုစ္ဆာတွေကို တွက်တတ်ရုံလောက်ပဲ သင်ပေးလို့ မရပါဘူး။ သင်္ချာဂဏန်းတွေနဲ့ ပုံသဏ္ဍာန်တွေနောက်ကွယ်က ဆက်စပ်မှုတွေ၊ အတွေးအခေါ်တွေနဲ့ ဆင်ခြင်စဉ်းစားမှုပုံစံတွေကိုလည်း သင်ပေးဖို့လိုပါတယ်။ ဒါကြောင့် ကျတော်တို့က သားသားမီးမီးလေးတွေကို သင်္ချာပုစ္ဆာတွေ တွက်ခိုင်းတဲ့အခါ -
၁) အဖြေမျိုးစုံရှာခိုင်းပါ။
သင်္ချာပုစ္ဆာတွေမှာ အဖြေတူနိုင်ပေမယ့် ချဉ်းကပ်ပုံ၊ တွက်ချက်ပုံ မတူနိုင်ပါဘူး။ ဆိုလိုချင်တာက - ၁၀ ရဖို့၊ ၁ ဆယ်ခါပေါင်းနိုင်တယ်၊ ၅ နဲ့ ၂ နဲ့ မြှောက်နိုင်တယ်၊ ၇ နဲ့ ၃ နဲ့ ပေါင်းနိုင်တယ်၊ ၁၀၀ ကို ၁၀နဲ့ စားနိုင်တယ်…. စသဖြင့် အများကြီးပါ။ ဒါကြောင့် ကလေးကို သင်တဲ့အခါ အဖြေရနိုင်ခြေရှိတဲ့ နည်းလမ်း မျိုးစုံကို သုံးခိုင်းပါ။ ပြီးရင် အခြားနည်းလမ်းတစ်ခုထပ်ရှိရဲ့သားနဲ့ ဘာလို့ သူဖြေတဲ့အဖြေကို ပြောလဲဆိုတာကို စဉ်းစားခိုင်းပါ။
လက်တွေ့ပစ္စည်းလေးတွေ အသုံးပြုပြီး ကစားလို့ရတဲ့ ကစားနည်းတစ်ခုက - ကလေးတွေကို အရပ်တိုင်းဖို့ လှဲအိပ်ခိုင်းပါ။ နှစ်ယောက်ရှိရင် တစ်ယောက်ကို စမှတ်နဲ့ ဆုံးမှတ်နဲ့ မှတ်ပြီး အစအဆုံး အရှည်ကို တွက်ခိုင်းပါ။ တွက်တဲ့အခါ သမားရိုးကျ ပေကြိုးတွေနဲ့မဟုတ်ဘဲ ရှိတဲ့ ပစ္စည်းတွေနဲ့တိုင်းခိုင်းပါ။ ဥပမာ- သူ့အရပ်က ပဲတောင့်ရှည် (၅)ချောင်းနဲ့ ညီမျှတယ်၊ ဒါမှမဟုတ်၊ ဖတ်စာစာအုပ် ၁၀ အုပ်နဲ့ ညီမျှတယ်ဆိုတာမျိုးပေါ့။
၂) လက်တွေ့ဘဝထဲက လုပ်ငန်းတွေကို အခြေပြုပါ
ထင်သာမြင်သာ ရှိလှတဲ့ သင်္ချာတွက်ရတဲ့ လုပ်ငန်းတွေ နေ့စဉ်ဘဝမှာရှိပါတယ်။ အသိသာဆုံးက အိမ်စရိတ်တွက်ချက်တာ၊ ဈေးဝယ်တာ၊ ရေတွက်တာ စသဖြင့်ပါ။ ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ပစ္စည်းတွေရဲ့ အလေးချိန်၊ အချိုးချမှု၊ ကုန်ကျစရိတ်၊ ကြာချိန် စတာတွေကနေ သင်္ချာကို ချိတ်ဆက်သင်ပေးပါ။ ငယ်တဲ့ကလေးတွေဆိုရင် အဝတ်ခေါက်ရင်း ဖြစ်ဖြစ်၊ အရုပ်တွေနဲ့ကစားရင်းဖြစ်ဖြစ်၊ ၁ ၂ ၃ ၄ ရေတွက်ခြင်းကို သင်ပေးနိုင်ပါတယ်။ ပေါင်ချိန်စက်ရှိခဲ့ရင် ဒါမှမဟုတ် အရပ်တိုင်းတဲ့ ပေကြိုး (သို့) နံရံကပ် အရပ်တိုင်းမျဉ်းလေးရှိရင် ပုံမှန် ဝိတ်ချိန်၊ အရပ်တိုင်းပြီး မှတ်သားခိုင်းပါ။ နောက်ပိုင်းလတွေမှာလည်း ဆက်လုပ်ပြီး တစ်ခါနဲ့ တစ်ခါ ပြောင်းလဲလာတဲ့ အပြောင်းအလဲကို အဖြေရှာခိုင်းတာမျိုးလုပ်လို့ရပါတယ်။
၃) ပတ်ဝန်းကျင်က ပုံစံတွေ၊ ပုံသဏ္ဍာန်တွေလေ့လာခိုင်းပါ
ဂျီသြမေတြီဆိုင်ရာ ပုံသဏ္ဍာန်တွေသင်ရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုက ပတ်ဝန်းကျင်က ပုံသဏ္ဍာန်တွေကို သိရှိပြီး သူတို့ရဲ့ ချိတ်ဆက်ပုံတွေကို နားလည်ဖို့ပါ။ ကလေးတွေကို တြိဂံ၊ စတုရန်း၊ ထောင့်မှန်စတုဂံ စတာတွေကို ရုပ်ပုံတွေနဲ့တင် မဟုတ်ဘဲ လက်တွေ့ နဲ့ ချိတ်ဆက်ပေးပါ။ အိမ်တွေမှာ ရှိနေတဲ့ပစ္စည်းတွေရဲ့ ပုံသဏ္ဍာန်တွေနဲ့ ဘာကြောင့် အဲဒီ့ပုံသဏ္ဍာန်ကို ထားရှိရတာလဲ ဆိုတာတွေကို နားလည်ဖို့လိုပါတယ်။ ဉပမာ ခေါင်မိုးတွေမှာဘာလို့ တြိဂံဆန်ဆန် ပုံစံမျိုးထားကြတာလဲ ဆိုတဲ့ မေးခွန်းလိုမျိုးပါ။ အဲဒီ့အခါ ကလေးတွေက ဂျီသြမေတြီဆိုင်ရာ ပုံသဏ္ဍာန်တွေက ရာသီဥတုအလိုက်၊ အခြေအနေအလိုက်၊ အသုံးပြုပုံအလိုက် ပြောင်းလဲ အသုံးပြုကြရတယ်၊ ပေါင်းစပ်အသုံးပြုကြတယ်ဆိုတာ ပိုနားလည်လာနိုင်ပါတယ်။
ကစားနည်းတစ်ခုက - ကလေးတွေကို ပုံသဏ္ဍာန်အမျိုးမျိုးပေးထားပြီး ပစ္စည်းအသစ်လေးတွေ တည်ဆောက်ခိုင်းနိုင်ပါတယ်။ ဘယ်ပုံသဏ္ဍာန်ကို ဘယ်နေရာမှာ ဘာကြောင့်အသုံးပြုတယ်ဆိုတာကိုလဲ မေးပေးပါ။
သင်္ချာသင်တဲ့အခါ Worksheets တွေ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Worksheets တွေ၊ ဖတ်စာအုပ်ထဲက သင်ခန်းစာတွေကိုချည်း လေ့လာတာမျိုးမဟုတ်ဘဲ လက်တွေ့နဲ့ ချိတ်ဆက်တဲ့ သင်ကြားနည်းစနစ်တွေကို အသုံးပြုမယ်ဆိုရင် သင်္ချာဟာ ပျော်စရာကောင်းတဲ့ ဘာသာရပ်တစ်ခုဖြစ်တယ်ဆိုတာကို ကလေးလည်းသိလာမှာဖြစ်ပါတယ်။
သင်တဲ့အခါမှာတော့ သင်ခန်းစာအကြောင်းကို သေချာသိဖို့လိုသလို ကလေးတွေကိုလည်း ဘာကြောင့်သင်ရသလဲဆိုတာကို လက်တွေ့ကျကျ သိမြင်လာအောင် ချိတ်ဆက်ရှင်းပြပေးဖို့လိုပါတယ်။ ကလေးတွေ နားလည်အောင်လည်း စိတ်ဝင်စားစရာ နည်းစနစ်တွေကို အသုံးပြုပြီးသင်ပေးဖို့လိုပါတယ်။ အပေါ်ကနည်းလမ်းလေးတွေနဲ့ သင်ပေးတဲ့အခါ အချိန်ပိုကြာကောင်း ကြာနိုင်ပေမဲ့ ကုန်ဆုံးသွားတဲ့ အချိန်နဲ့ထိုက်တန်တဲ့ ရလဒ်ကို သားသားမီးမီးတို့ကပြန်ရမှာသေချာပါတယ်။ သင်္ချာပုံသေနည်းတစ်ခုကို နားလည်အောင် အခေါက်ခေါက်အခါခါ တွက်ခိုင်းတာထက် ဒီနည်းလမ်းလေးတွေက အများကြီးအသုံးဝင်မှာပါ။ အခုဘဲ သားသားမီးမီးလေးတွေကို ဒီနည်းလမ်းလေးတွေသုံးပြီးသင်ပေးကြည့်ပါ။ တကယ်လို့ ကိုယ့်မှာသင်ပေးနေကျ နည်းလမ်းကောင်းလေးတွေရှိရင်လည်း အခြားသူတွေပါသိသွားအောင် Comment မှာမျှဝေပေးခဲ့လို့ရပါတယ်နော်။
22/08/2021
Study Tips for တက္ကသိုလ်ဝင်တန်း/ ဆယ်တန်း
တော်လှန်ရေး အောင်သွားတဲ့အခါ တက္ကသိုလ်ဝင်တန်းဖြေဖို့လုပ်ထားတဲ့ ညီငယ် ညီမငယ်တို့ ဒီအတောအတွင်းမှာ ကျောင်းတွေ ကျူရှင်တွေနဲ့ အဆက်အသွယ် ပြတ်နေပေမဲ့ စာနဲ့အဆက်အသွယ်မပြတ်အောင် ဘယ်လိုလုပ်ထားရမလဲ သိချင်နေမယ်ထင်ပါတယ်။ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျနော် ကိုယ်တိုင် ဆယ်တန်း စနစ်ဟောင်းကို Study Guide လုပ်ပေးရင်းနဲ့ သိလာတဲ့ ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်လေးတွေနဲ့ Study Tips လေးတွေ ပြောပြပေးသွားပါမယ်ဗျ။
01/06/2021
ကျောင်းမတတ်ဘဲ CDM လုပ်နေကြတဲ့ကလေးများအတွက်ပါ။ဒီအချိန်မှာဘာကိုလေ့လာထား
သင့်လဲဆိုရင် Computer Science နဲ့ Englishစာ ကိုလေ့လာထားသင့်ပါတယ်။
Computer Science နဲ့ပတ်သတ်လို့ကတော့ Code.org ဆိုတဲ့ website တစ်ခုရှိပါတယ်။သင်ကြားနေသူပေါင်း 61 Million ကျော်ရှိပြီး အခမဲ့ Learning Platform တစ်ခုပါ။သင်ခန်းစာတွေကို Grade K-5 ကနေ 12 ထိသူ့အဆင့်အလိုက်ခွဲထားပေးပြီးသားပါ။ Computer Science ကိုစာပုံစံသင်ကြားရမှာမဟုတ်ဘဲ Game လေးတွေဆော့လိုက်, video အတိုလေးတွေကြည့်လိုက်နဲ့တော်တော်ပျော်ဖို့ကောင်းပါတယ်။နောက်ပြီးကိုယ်ပိုင် Project Lab လေးတွေရေးလို့ရသေးတော့ Creativity နဲ့ Logical Thinking Skill တိုးတတ်စေပါတယ်။ ပိုမိုက်တာက Scholarships ပေးတဲ့ Opportunities တွေပါရှိပါသေးတယ်။
English အတွက်ဆိုရင် BBC Learning Englsih
နဲ့ Birtish-Council ကနေလေ့လာလို့ရပါတယ်။
Grammar, 4 skills, Vocabulary, Bussiness English, General English, IELTS စသဖြင့် တော်တော်စုံပါတယ်။ Video အတိုလေးတွေကြည့်လိုက် Quizzes လေးတွေဖြေလိုက်နဲ့ ပျော်ဖို့ကောင်းပါတယ်။
learnenglish.britishcouncil.org
https://www.bbc.co.uk/learningenglish/ -4
BBC Learning English - BBC Learning English - Homepage Study basic grammar | Study intermediate grammar | Study upper-intermediate grammar | Study advanced grammar | The Grammar Gameshow | 6 Minute Grammar - basic | 6 Minute Grammar - intermediate
20/05/2021
Games to improve English skills for Preschoolers
----------------------------------------------------
ကလေးတိုင်းက ဂိမ်းဆော့ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အခုဆိုရင်ပညာရေးဆိုင်ရာ နယ်ပယ်က သုတေသီတွေက သီအိုရီအသစ်သစ်တွေ၊ နည်းပညာ အသစ်သစ်တွေနဲ့ လေ့လာသင်ကြားမှုတွေကို ဂိမ်းတီထွင်သူတွေနဲ့ပူးပေါင်းပြီး ဗွီဒီယိုဂိမ်းတွေကနေ ကလေးတွေ လေ့လာသင်ယူမှု ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်စေဖို့ လုပ်ဆောင်လာကြပါပြီ။ ကလေးတိုင်းလိုလိုဟာ ဗီဒီယိုဂိမ်းတွေ၊ မိုဘိုင်းဂိမ်းတွေ ကစားရတာကို ခုံမင်ကြပါတယ်။ ကလေးတွေအတွက် ကျနော်တို့ လုပ်ပေးနိုင်တာတော့ ဂိမ်းကစားတဲ့ အချိန်ကို သေချာသတ်မှတ်ပြီး အလွန်အကျွံမဖြစ်ရအောင် စနစ်တကျ ကန့်သတ်ပေးဖို့နဲ့ ဂိမ်းကစားရာ ကနေ ကလေးရဲ့ ကောင်းမွန်တဲ့အနာဂတ်အတွက် အမြတ်ထုတ်နိုင်ဖို့ပါပဲ။ ကလေးတွေဟာလည်း မိုဘိုင်းဂိမ်းဆော့ရင်း ပျော်ရွှင်ရသလို သူတို့ရဲ့ အနာဂတ်ပညာရေး၊ အတွေးအခေါ်နဲ့ ဦးနှောက်ဖွံ့ဖြိုး တိုးတက်လာမယ်ဆိုရင် ကျနော်တို့အနေနဲ့လည်း အတင်းအဓမ္မတားမြစ်နေစရာ မလိုတော့ပါဘူး။ ဒါကြောင့် MMtutors ကနေပြီးတော့ အသက် ၃နှစ်ကနေ ၅နှစ်အရွယ် သားသားမီးမီးလေးတွေအတွက် ဘယ်ဂိမ်းလေးတွေက အပန်းလည်းပြေစေသလို ကလေးတွေရဲ့ အင်္ဂလိပ်စာလေ့လာမှုကို အထောက်အကူပြုစေလဲဆိုတာကို ပြောပြပေးသွားပါမယ်။
📱 iLearn: Alphabets for Preschoolers (Android only)
အရုပ်ဆက်ရတာကြိုက်တဲ့ သားသားမီးမီးလေးတွေအတွက်တော့ အံကိုက်ပါ။ လွယ်လွယ်ကူကူနဲ့ အင်္ဂလိပ်အက္ခရာလေးတွေ ဆက်ရတဲ့ဂိမ်းမျိုးဖြစ်ပြီးတော့ ဆက်ရတဲ့ အပိုင်းအစလေးတွေက မများပဲနဲ့ ပေါ့ပေါ့ပါးပါးပါ။ ဒီဂိမ်းလေးတွေက သားသားမီးမီးလေးတွေကို မူကြိုလေးတွေ မပို့ခင်ကထဲက အင်္ဂလိပ်အက္ခရာလေးတွေနဲ့ ရင်းနှီးစေမှာပါ။ လောလောဆယ်မှာတော့ Android အတွက်ပဲ ထုတ်လုပ်ထားပါတယ်။
Android - https://play.google.com/store/apps/details?id=com.forqan.tech.iLearnLetters&hl=en
📱 Bini ABC Games (Android & iOS)
သားသားမီးမီးလေးတွေကို အင်္ဂလိပ်အက္ခရာလေးတွေ ရေးတာသင်ပေးချင်တယ် အသံထွက်လေးတွေသင်ပေးမယ်ဆိုရင်တော့ ဒီဂိမ်းလေးက အသင့်တော်ဆုံးပါဘဲ။ အင်္ဂလိပ်အက္ခရာလေးတွေကို သူပေးထားတဲ့ ခွက်လေးထဲ သားသားမီးမီးလေးတွေက ထည့်ပေးရမှာပါ။ သားသားမီးမီးလေးတွေက အက္ခရာလေးတွေကို ထိလိုက်တာနဲ့ သူတို့ရဲ့အသံထွက်လေးတွေကိုပါ ကြားရမှာဖြစ်ပါတယ်။ ဂိမ်းလေးရဲ့နောက်ဆုံးအဆင့်ကတော့ သူပေးထားတဲ့မျဥ်လေးတွေအတိုင်းဆက်ပြီး အက္ခရာလေးရေးပြီးမှ ပြီးမှာဖြစ်ပါတယ်။ Android ရော iOS ရော နှစ်ခုလုံးအတွက် ထုတ်လုပ်ထားပါတယ်။
Android - https://play.google.com/store/apps/details?id=com.binibambini.MiniABCLite&hl=en
iOS - https://apps.apple.com/us/app/games-for-kids-reading-letters/id1453443199
📱 ABC Spelling- Spell & Phonics (Android & iOS)
ကြောင်လေးတွေ ဝက်ကလေးတွေရဲ့ အင်္ဂလိပ်စာလုံးပေါင်းလေးတွေကို အသံထွက်လေးတွေနဲ့ သင်ပေးမယ်ဆိုရင်တော့ ဒီဂိမ်းလေးက အကောင်းဆုံးပါဘဲ။ တိမ်လေးတွေ သစ်ရွက်လေးတွေ တိရစ္ဆာန်လေးတွေနဲ့ သားသားမီးမီးတို့ စိတ်ဝင်စားအောင် ဖန်တီးပေးထားတာကြောင့် သားသားမီးမီးတို့ ပျင်းသွားမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ Android ရော iOS ရော နှစ်ခုလုံးအတွက် ထုတ်လုပ်ထားပါတယ်။
Android-
https://play.google.com/store/apps/details?id=com.rvappstudios.abc.spelling.toddler.spell.phonics&hl=en
iOS - https://apps.apple.com/us/app/abc-spelling-spell-phonics/id1186728253
အခုပြောပြပေးခဲ့တဲ့ ဂိမ်းလေးတွေက အသက် ၃နှစ်ကနေ ၅နှစ်အရွယ် သားသားမီးမီးလေးတွေအတွက် ဂိမ်းလည်းဆော့ရင်း အင်္ဂလိပ်စာလေးတွေကိုလည်း ရင်းနှီးကျွမ်းဝင်အောင်လေ့လာလို့ရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ တိရစ္ဆာန်လေးတွေ၊ အပင်လေးတွေနဲ့ ဖန်တီးထားတာမို့ သားသားမီးမီးတို့ပျင်းသွားမှာကိုလည်း လုံးဝစိတ်ပူစရာမလိုပါဘူး။ အထူးသဖြင့် Pre-school အရွယ်သားသားမီးမီးလေးတွေအတွက် အဓိကထားပြီး ထုတ်လုပ်ထားတာမို့ အင်္ဂလိပ်စကားလုံးတွေကလည်း လွယ်ကူပြီးမှတ်မိစေမှာပါ။ အခုလိုမျိုးဘဲ သားသားမီးမီးရဲ့ အသက်အရွယ်နဲ့အလိုက် ဘယ်ဂိမ်းလေးတွေကနေ ဘာလေးတွေကို လေ့လာလို့ရလဲ၊ သူတို့အသက်အရွယ်နဲ့လိုက်ပြီး ဘာလေးတွေ သင်ပေးရမလဲ စတဲ့ကလေးထိန်းကျောင်းမှု၊ သားသားမီးမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဆက်လက်တင်ဆက်မျှဝေပေးသွားမှာမို Page လေးကို Like 👍 & See First 👆 လေးလုပ်ထားပေးပါနော်..