Treasure

Treasure Education Service

https://www.facebook.com/share/p/1Pz6dHdZx2/
30/01/2026

https://www.facebook.com/share/p/1Pz6dHdZx2/

🎨 မြန်မာနိုင်ငံအခြေစိုက် အနုပညာရှင်များကို ဖိတ်ခေါ်လိုက်ပါတယ်! 🇲🇲🇪🇺

“ဥရောပသမဂ္ဂ-မြန်မာ -ချိတ်ဆက် ယှက်နွယ် အသံဖလှယ်” ခေါင်းစဥ်နဲ့ ကျင်းပတဲ့ ဒီအနုပညာပြိုင်ပွဲဟာ ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံကြားက ဘုံတန်ဖိုးတွေ၊ ယဥ်ကျေးမှုဖလှယ်မှုတွေနဲ့ လူမှုအဖွဲ့အစည်းတွေကို ပိုမိုနီးကပ်စေတဲ့ လူသားချင်းချိတ်ဆက်မှုတွေကို အနုပညာကနေတစ်ဆင့် ဖော်ပြဖို့ ရည်ရွယ်ပါတယ်။​ ဒီပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် မြန်မာနိုင်ငံမှာ အခြေစိုက်နေထိုင်တဲ့ အနုပညာရှင်အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

👉🏻 အသေးစိတ်လေ့လာနိုင်ဖို့ တရားဝင်ထုတ်ပြန်ထားတဲ့ ဒစ်ဂျစ်တယ်စာအုပ်ကို ဒေါင်းလုဒ်ရယူလိုက်ပါ
မြန်မာဘာသာဖြင့် 👉🏻 https://shorturl.at/47MmP
အင်္ဂလိပ်ဘာသာဖြင့် 👉🏻 https://shorturl.at/08TYf

🗓 နောက်ဆုံးပေးပို့ရမည့်ရက်- ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်
🏆 ကျပ် ၁,၅၀၀,၀၀၀ အထိ ရရှိမည့် ငွေသားဆုများအပြင် တရားဝင်ဂုဏ်ပြုမှတ်တမ်းလွှာ၊ အနုပညာပြပွဲမှာ ပြသခွင့်နှင့် ဆိုရှယ်မီဒီယာစာမျက်နှာများတွင် ဖော်ပြခံရခြင်း၊ အမှတ်တရာပစ္စည်းများတွင် ဖော်ပြခံရမည့်အခွင့်အလမ်းများ။

📌 ဒီနေ့ပဲ ပါဝင်ယှဥ်ပြိုင်လိုက်ပါ 👉🏻
https://forms.gle/9MdTqNVKR6Umt2K86
----- ----- ----- ----- ------
🎨 Calling Artists Residing in Myanmar!

Under the theme “EU–Myanmar: Voices of Connection”, this art competition invites visual artists living in Myanmar to depict the shared values, cultural exchange, and human connections as powerful forces that bring EU and Myanmar communities together through art.

👉🏻 Download the official booklet & read more details!
Myanmar Version: https://shorturl.at/47MmP
English Version: https://shorturl.at/08TYf

🗓 Deadline: 1 March 2026� 🏆 Cash prizes up to 1,500,000 MMK, official certificates, exhibition & social media features, and potential merchandising opportunities.

📌Submit your entry today
👉🏻 https://forms.gle/9MdTqNVKR6Umt2K86

23/09/2025

-5
#မြန်မာစာ(သင်ရိုးသစ်)
#သင်ခန်းစာ(၄)
#မြည်သံစွဲ
#မြည်သံစွဲအသုံးပြုခြင်း
#ထွက်ပေါ်လာသည့်အသံကိုအစွဲပြု

#မြန်မာစာလေ့ကျင့်သင်ကြားရန်စိတ်၀င်စားသော
/GS/PS/Online သင်ကြားရေး သားငယ်၊သမီးငယ်များအားလုံး
ဆရာမတို့ မိသားစုမှ ယုံကြည်စိတ်ချစွာ လက်တွဲဖို့ အာမခံပါတယ်ရှင်😍

19/09/2025

Grade-5
#မြန်မာစာဘာသာရပ်(စနစ်သစ်သင်ကြားရေး)
#သင်ခန်းစာ(၃)
#စွမ်းရည်ကိုယ်စီ(ပုံပြင်)
#တစ်ဦးချင်းသည်ကိုယ်ပိုင်စွမ်းရည်အရည်အချင်းရှိ
#အတူတကွပူးပေါင်းဆောင်ရွက်ခြင်း
#အခက်အခဲပြဿများကို‌ဖြေရှင်းနိုင်
#အရာရာကိုပြီးမြောက်အောင်မြင်နိုင်
#မြန်မာစာလေ့ကျင့်သင်ကြားရန်စိတ်၀င်စားသော IS/GS/PS/Online သင်ကြားရေး သားငယ်၊သမီးငယ်များအားလုံး
ဆရာမတို့ မိသားစုမှ ယုံကြည်စိတ်ချစွာ လက်တွဲဖို့ အာမခံပါတယ်ရှင်😍

24/07/2025

KGကလေးငယ်များ👶ကို online💻မှ ဗျည်းအက္ခရာများသင်ကြားရာတွင် ကလေးများစိတ်ဝင်တစားလေ့လာသင်ယူနိုင်စေရန်အတွက် Educational Digital Tools 💡မျိုးစုံသုံးကာ စိတ်ဝင်စားဖွယ် Online Classroomဖြစ်စေရန် Treasureမှ Tr👩‍🏫 များက ကြိုးစားလျက်ရှိပါသည်။
Treasureမှ Tr👩‍🏫 တို့ကိုယ်တိုင် create📠 ထားသော liveworksheet📄များကိုလည်း မေမေတို့အနေနှင့် သားသားမီးမီးလေးတို့၏post knowledge of Myanmar Alphabetsကို happy and fun wayဖြင့် စစ်ဆေးရာ၌ အသုံးပြုနိုင်ရန် link shareပေးထားပါသည်ရှင်။

https://www.liveworksheets.com/worksheet/my/language-arts-alphabet/8188472

https://www.liveworksheets.com/worksheet/my/language-arts-alphabet/8188486

https://www.liveworksheets.com/worksheet/my/language-arts-alphabet/8188496

https://www.liveworksheets.com/worksheet/my/language-arts-alphabet/8188435

https://www.liveworksheets.com/worksheet/my/language-arts-alphabet/8188514

https://www.liveworksheets.com/worksheet/my/language-arts-alphabet/8188524




" မြောက်မြား၊ မြောက်များ"👉 မင်္ဂလာပါရှင် ကျောင်းသားမိဘတစ်ဦးပါရှင့် စတုတ္ထတန်း မြန်မာဖတ်စာ စာအုပ်ထဲက "ဆား" အကြောင်းသင်ခန်...
20/07/2025

" မြောက်မြား၊ မြောက်များ"

👉 မင်္ဂလာပါရှင် ကျောင်းသားမိဘတစ်ဦးပါရှင့် စတုတ္ထတန်း မြန်မာဖတ်စာ စာအုပ်ထဲက "ဆား" အကြောင်းသင်ခန်းစာမှာ ပါတဲ့ "ပဲခူးနယ်မှ ဆားအမြောက်အမြား ထွက်ခဲ့ ဖူးသည်။" ဆိုတဲ့ နေရာက ""အမြောက်အမြား "" ဆိုတဲ့စကားလုံး သတ်ပုံနဲ့ပတ်သက်ပြီး ရှင်းပြပေးလို့ရမ လားရှင်။ အများကြီး ထုတ်လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ဖို့ အမြောက်အများလို့ သုံး သင့်တာ မဟုတ်ဘူးလားရှင့်။👈

🔽🔽🔽🔽🔽🔽🔽🔽🔽

မေးထားတာလေးတွေ့လို့ပါ။

🎀 မြောက်များ?
မြောက်မြား? 🎀

​မြောက်မြား၊ နဝိ- အလွန်များပြားသော။

မျောက်မြား၊ န- မျောက်မြီးမြက်၊ မောင်ရင်ငိုမြက်။

{ မြန်မာအဘိဓာန်}

------------------------

🥀 ညီလေး မြောက်မြား၊ အမြောက်အမြား တို့ကို
အရစ် မြောက်၊ အရစ်မြားနဲ့ရေးရတယ်ဆိုတာ ညီလေးလက်ခံသဘောတူပြီးသားပါ။

" လိမ္မာစိတ်ပြား၊ တတ်မြောက်မြားသည်၊ ပြစ်များကြဉ်ရှောင်"
( ဘူရိဒတ်လင်္ကါ၊ ၁၀၅)

" အင်စုံမြောက်မြား သားတော်များတို့ စိတ်ပြားလိမ္မာ"
( ရွေဟင်္သါမင်းပျို့ ၆၈)

" သိသူမြင်ကြား၊ တတ်မြောက်မြားသည်၊ အများမှူးမတ်"
( မနောဟရီပျို့ ၅၁)

တို့က ခွဲထားတွေရှိနေတာကိုး။
တတ်မြောက်မြား၊ အင်စုံမြောက်မြားတို့က " မြောက်မြား" ကို နောင်အခါ
" အမြောက်အမြား" ဆိုတဲ့စကားအဖြစ် ပိုမိုတွင်ကျယ်လာတာပါပဲ။
" မြောက်မြား"၊ " အမြောက်အမြား"
တို့ရဲ့ အနက်အဓိပ္ပါယ်ကတော့
အလွန်များပြား၊ အများအပြားတို့ပါပဲ။" မြောက်မြား."ကို
" မြားမြောက်"ရယ်လို့ စကားရှေ့နောက်ပြောင်းပြီး သုံးရာက
" မြားမြောက်" ဟာ " မြားမြောင်"
ဖြစ်တာပါပဲ။
" ဃရာဝါသ၊ ကိစ္စမြားမြောင်၊ လူတို့ဘောင်ဝယ်" ဆိုတဲ့အသုံးဟာ
ရှင်မဟာရဋ္ဌသာရဆရာတော်ရဲ့
ပြောင်မြောက်လှတဲ့၊ ခုထိတွင်ကျယ် လူသိများတဲ့အသုံးလေးပါ။🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

📗 ဆရာကြီးဒေါက်တာထွန်းတင့်၊
စည်းနဲ့ကမ်းနဲ့မြန်မာစာ 📗

ဆရာကြီး ဒေါက်တာအောင်မြင့်ဦး ပေ့ လွန်ခဲ့သော ငါးရက်ကတင်ထားသောပို့စ်ကို ကော်ပီယူပါသည်။👇

‘အများအပြား’ နဲ့ ‘အမြောက်အမြား’ မှာ
‘အများ’ နဲ့ ‘အမြား’ ဘာကွာခြားသလဲ
**********************************
တစ်ခါတလေမှာ တပည့်တွေက တော်တော်အလုပ်ပေးပါတယ်။ မက်ဆင်ဂျာနေလှမ်းပြီး “ဆရာ မီးစိမ်းနေတာ တွေ့လို့ တစ်ခုမေးအုံးမယ်” လို့ စကားစပြီး “အများအပြားနဲ့ အမြောက်အမြားမှာ များတာချင်းတူပါရက်နဲ့ ဘာလို့ တစ်ခုက ယပင့် ‘အများ’ ဖြစ်ပြီး တစ်ခုက ရရစ် ‘အမြား’ ဖြစ်နေတာပါလဲ” တဲ့။
မေးလာတော့လဲ “‌ဪ အဲ့ဒါ ရေးထုံးသတ်မှတ်ချက်ပဲလေ” လို့ ဝိနည်းလွတ် ဖြေလိုက်ပါတယ်။ မေးသူက ကျေနပ်မသွားပါဘူး။ “အဲ့ဒါဆို ရေးထုံးက ဘာလို့ အဲ့ဒီလိုသတ်မှတ်ထားတာလဲ”။ စိတ်ထဲကတော့ ဒါတော့ ငါလဲ ဘယ်သိမလဲဟ၊ ငါက ရေးထုံးသတ်မှတ်တဲ့သူမှမဟုတ်တာ လို့ ပြောချင်ပေမဲ့ ကိုယ်ကဆရာဖြစ်နေတော့ ဟန်ကိုယ့်ဖို့ကလဲ ရှိရအုံးမှာဆိုတော့ “အေးအေး သေချာအောင်ပြန်ကြည့်ပြီးရင် ပြန်ပြောပြမယ် ဟုတ်လား” လို့ ဖြေသိမ့်လိုက်ရပါတယ်။ မေးသူတပည့်က “ဟုတ်ကဲ့ပါ” လို့ မချင့်မရဲပြောရင်းစကားအဆုံးသတ် လိုက်ပါတယ်။
တကယ်တော့ ဒီကိစ္စမျိုးက ကျွန်တော်တို့ဆရာ ဆရာကြီးဒေါက်တာထွန်းတင့်သာဆိုရင် ဒေါက် ဒေါက် ဒေါက် ဒေါက် နဲ့ လက်တန်းပြောချလိုက်မဲ့ ဖြစ်ချင်း။ ကိုယ့်ကိုမေးလာတော့လဲ ဆရာကြီးလို လက်တန်း မပြောနိုင်တော့ ပြန်ကြည့်ပြီး ပြန်ပြောပြမယ်ဆိုတဲ့ ကတိစကားအတိုင်း ရှာရဖွေရ လှန်လှော ရပြန်ပါတယ်။ မြန်မာဝေါဟာရ အနက်အဓိပ္ပာယ် အကြံအဆနဲ့ပတ်သက်ရင် ရှာဖွေဖို့ ဆရာတော်ဦးကောသလ္လရဲ့ မြန်မာစကားလုံး ပြောင်းထုံးကျမ်း ကို ပထမဆုံးသတိရမိပါတယ်။ ဆရာတော်ရဲ့ ကျမ်းမှာ ‘များ’၊ ‘မြား’ တို့နဲ့ပတ်သက်ပြီး “ မြား - မြန် - မြတ်၊ များ - မြတ် - မြား၊ မြားမြောက် - မြားမြောင်၊ မြောင် - မြောင်း - ကျဉ်းမြောင်း၊ မြောက်မြား (မြောက် အနက်မဲ့တွဲရုံသာ)၊ မြောက် - မ + ရောက် မြောက် = ရောက်သည်၊ မို - မြင့် - မြောက် = မြင့်သည်၊ မိုမောက်သည်၊ များ - များပြားသည်၊ ရှည်လျားသည်၊ များမြောက်-မြောက်များ-များမြောင် (မြောက်၊ မြောင် အနက်မဲ့၊ တွဲရုံသာ)၊များကို အရစ်နှင့်လည်း ရေးကြသည်။ များ-မြင့်-မျော” စသည်ဖြင့် ဖွင့်ဆိုပြထားတာတွေ့ရပါတယ်။ ဆရာတော်ရဲ့ ဖွင့်ဆိုချက်အချုပ်ကို ကြည့်ရင် ‘များ’ နဲ့ ‘မြား’ ဟာ တခြား အနက်ပွားတွေမှာ အနည်းငယ်ကွဲပြားပေမဲ့ များပြားတယ်ဆိုတဲ့ အနက်မှာတော့အတူတူပါပဲ။
‘အမြောက်အမြား’ ဆိုတာ ‘မြောက်မြား’ ဆိုတဲ့ ပေါရာဏစကားကလာတာဖြစ်လို့ ‘မြောက်မြား’ ကို ပေါရာဏအဘိဓာန်တွေမှာ ဘယ်လိုဖွင့်ဆိုထားသလဲ ဆိုတာ ရှာရ၊ ဖွေရ ပြန်ပါတယ်။ ဆရာကြီးဦးဖိုးလတ်ရဲ့ ပေါရာဏအဘိဓာန်မှာ ‘မြောက်မြား’ ကို “အများ၊ မြားမြောင်၊ များပြား၊ ပေါယယ်” (စာ ၂၂၃) လို့ ဖွင့်ပြထားပါတယ်။ ဆိုတော့ကာ ‘မြောက်မြား’ ဆိုတာ ‘အများ’ နဲ့ အဓိပ္ပာယ်အတူတူပါပဲ။ ‘များ’ ဆိုတဲ့စကားဟာ အခုအချိန်မှာ အလွန်တွင်တွင်ကျယ်ကျယ် သုံးနေပေမဲ့ ရှေးအစဉ်အဆက်ကတည်းကသုံးလာတဲ့ စကားဖြစ်လို့ ပေါရာဏ အဘိဓာန်ထဲမှာလဲ ဖော်ပြထားတာတွေ့ရပါတယ်။ ‘များ’ ကို ပေါရာဏအဘိဓာန်မှာ “များပြား၊ များဖြင်၊ အများ၊ ခပင်း၊ ပေါယယ်ခပဲ၊ မြားမြောင်” (စာ ၂၀၆) လို့ ဖွင့်ဆိုပြထားပါတယ်။
ဒါဆိုရင် အခုလက်ရှိမြန်မာအဘိဓာန်တွေမှာ ‘များ’ တို့၊ ‘အများအပြား’တို့၊ ‘မြောက်မြား’ တို့၊ ‘အမြောက်အမြား’ တို့၊ ‘မြားမြောင်’ တို့ကို ဘယ်လိုဖွင့်ဆိုထားသလဲ ရှာကြည့်ပါအုံးမယ်။ ‘များ’ ကို မြန်မာအဘိဓာန် (၂၀၂၂) မှာ “များ၊ နဝိ- အရေအတွက်များသော” (စာ၂၇၂) လို့ ဖော်ပြထားပါတယ်။ ‘များပြား’ တို့၊ ‘အများအပြား’ တို့ကိုတော့ တည်ပုဒ်အဖြစ်ဖော်ပြထားတာမတွေ့ရပါဘူး။ ‘မြောက်မြား’ ကို “မြောက်မြား၊ နဝိ - အလွန်များပြားသော” (စာ ၂၈၀)၊ ‘မြားမြောင်’ ကို “မြားမြောင်၊ [ ရှေး ] - အလွန်များပြားသော” (စာ ၂၇၆) လို့ ဖွင့်ဆို ထားတာ တွေ့ရပါတယ်။
‘အများအပြား’ တို့၊ ‘အမြောက်အမြား’ တို့ကို မြန်မာအဘိဓာန်မှာ တည်ပုဒ်အဖြစ်ဖော်ပြမထားလို့ မြန်မာ- အင်္ဂလိပ် အဘိဓာန်ကို ဆက်ပြီး ရှာကြည့်ပါတယ်။ မြန်မာ-အင်္ဂလိပ်အဘိဓာန် (၂၀၁၉) မှာ ‘များ’ ကို “များ /mja:/ v 1 be many; be much 2 be plenty, abundant, bountiful” (စာ ၄၀၄) လို့ဖော်ပြထားပါတယ်။ ‘များပြား’ များ /mja: pja:/ v be abundant” (စာ ၄၀၄) လို့ ဖော်ပြထားပါတယ်။ ‘မြောက်မြား’ ကို “မြောက်မြား /mjau’ mja:/ adj many; numerus” (စာ ၄၁၇)၊ ‘မြားမြောင်’ ကို “မြောက်မြား /mja: mjaun/ adj [arch.] innumerable; untold; countless ” (စာ ၄၁၂) လို့ ဖွင့်ဆိုထားပါတယ်။ ‘အများအပြား’ ကို “အများအပြား /amja: apja:/ n many; numerus” (စာ ၄၁၇)၊ ‘အမြောက်အမြား’ ကို “အမြောက်အမြား /amjau’ amja:/ n many; a lot of” (စာ ၆၄၆) ဆိုပြီး ဖွင့်ဆိုထားတာတွေ့ရပါတယ်။
ပြောရမယ်ဆိုရင် အခုရှာချင်တဲ့ ဝေါဟာရတွေကို မြန်မာ-အင်္ဂလိပ် အဘိဓာန် (၂၀၁၉) က မြန်မာအဘိဓာန် (၂၀၂၂) ထက် ပိုပြီးစုံစုံလင်လင်ပါရှိတာကို တွေ့ရပါတယ်။ တစ်ခုရှိတာက မြန်မာအဘိဓာန်မှာ ပိုကျယ်ပြန့်ပြီး အတွဲလိုက်ပြုစုတဲ့ မြန်မာအဘိဓာန်အကျဉ်းချုပ် ဆိုတာရှိသေးလို့ မြန်မာအဘိဓာန်မှာ အသုံးများပြီး ပိုအရေးပါတဲ့ တည်ပုဒ်တွေသာ ဖော်ပြထားတာဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါဆိုရင် မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲတွေကို ကြည့်ကြည့်ရအောင်။
မြန်မာအဘိဓာန်အကျဉ်းချုပ်ကို ပြန်လည်ပြင်ဆည်တည်းဖြတ်ထုတ်ဝေတာ အတွဲ ၂ အထိပဲ ရှိသေးလို့ အခုရှာချင်တဲ့ ‘များ’ ‘မြား’ နဲ့ ပတ်သက်ပြီး ယခင်ထုတ်ဝေထားတဲ့ အဘိဓာန်တွေကိုပဲ ရှာဖွေကြည့်ရှုရမှာ ဖြစ်ပါတယ်။ မြန်မာအဘိဓာန်အကျဉ်းချုပ် ၃ (၁၉၇၉) မှာ ‘များ’ ကို “များ - ကြိ /များ/ ၁၊ တခုထက်အရေအတွက် ပိုလွန်သည်။ ၂၊ ပေါကြွယ်သည်၊ ဖောသီစွာရှိသည်။ ၃၊ ပမာဏလွန်ကဲသည်။” (စာ ၁၇၆)၊ ‘မြောက်မြား’ ကို “မြောက်မြား - နဝိ /မျောက်များ/ များပြားသော။ အရေအတွက်များပြားသော။ (စာ ၁၄၇) လို့ ဖွင့်ဆိုထားပါတယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် အတွဲ ၅ (၁၉၈၀) မှာ ‘အများအပြား’ ကို “အများအပြား - ကြိဝိ /အများအပျား/ အမျိုးအမည် အရည်အတွက် စသည် များပြားစွာ။” (၁၀၄)၊ ‘အမြောက်အမြား’ ကို “အမြောက်အမြား - ကြိဝိ /အမျောက်အများ/ [ပေါ] အများအပြား။ အရေအတွက်များပြားစွာ။” (၁၀၆) ဆိုပြီး ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
ဒီနေရာမှာ စကားလုံးအမျိုးအစားသတ်မှတ်ချက် (ဝါစင်္ဂခွဲခြားမှု) နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ဖြစ်လာပြန် ပါတယ်။ မြန်မာအဘိဓာန်မှာ တချို့စကားလုံးတွေကို နာမဝိသေသနအဖြစ် တစ်မျိုးတည်းသာဖော်ပြထားတဲ့အတွက် လက်တွေ့အသုံးနဲ့ သဟဇာတမဖြစ်တဲ့အကြောင်း ကျွန်တော်မကြာမကြာရေးခဲ့ဖူးပါတယ်။ မြန်မာပညာရှင်အချို့က မြန်မာမှာနာမဝိသေသနစစ်စစ်မရှိဘူးလို့ ထောက်ပြထားတာတွေလဲရှိတော့ မြန်မာစကားမှာ နာမဝိသေသနလို့ သတ်မှတ်ထားတဲ့စကားလုံးတွေဟာ မူလက ကြိယာစကားလုံးတွေလားဆိုတာတောင် သံသယဖြစ်စရာ ရှိပါတယ်။ ထားပါတော့။ အခု ကျွန်တော်ဆွေးနွေးနေတဲ့ ‘များ’ ‘မြား’ နဲ့ပတ်သက်ပြီးတော့ ကြည့်မယ်ဆိုရင် ‘များ’ ကို မြန်မာအဘိဓာန် (၂၀၂၂) က ‘နာမဝိသေသန’ လို့ပဲ ပြထားပါတယ်။ ဒါပေမဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန် (၂၀၁၉) မှာ ‘များ’ ကို နာမဝိသေသနအဖြစ်မဖော်ပြဘဲ ‘ကြိယာ’ လို့ ပြပါတယ်။ မြန်မာအဘိဓာန်အကျဉ်းချုပ် ၃ (၁၉၇၉) မှာလဲ ‘များ’ ကို ‘ကြိယာ’ လို့ပဲ ဖော်ပြပါတယ်။
အဘိဓာန်မှာ ဒီလိုကွဲပြားနေတာကို လက်တွေ့အသုံးနဲ့ စဉ်းစားကြည့်ရအောင်။ “ဤတိရစ္ဆာန်ရုံရှိ တိရစ္ဆာန်များသည် လိမ္မာကြသည်” ဆိုရင် ‘တိရစ္ဆာန်များ’ က ‘များ’ ဟာ ‘တိရစ္ဆာန်’ နာမ်ကိုအထူးပြုတဲ့ အများပြနာမဝိသေသနလို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။ မြန်မာအဘိဓာန်က ‘များ’ ရဲ့ ဖွင့်ဆိုချက်အရဆိုရင် ‘အရေအတွက်များသော တိရစ္ဆာန်’ လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ “ဤတိရစ္ဆာန်ရုံတွင် တိရစ္ဆာန် များသည်။” ဆိုတဲ့ ဝါကျမှာတော့ ‘များ’ ဟာ များပြားကြောင်းဖော်ပြတဲ့ ကြိယာဆိုတာ ထင်ရှားပါတယ်။ ဒီတော့ အဘိဓာန်တွေမှာ ‘များ’ ကို နာမဝိသေသန အဖြစ်ရော၊ ကြိယာအဖြစ်ပါ သတ်မှတ်ဖော်ပြလိုက်မယ်ဆိုရင် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။
‘အများ’ ဆိုတာ ‘များ’ ကြိယာမှာ ‘အ’ ရှေ့ဆက်ထည့်ထားတာ ထင်ရှားပါတယ်။ ‘အများအပြား’ မှာလည်း ‘များပြား’ ဆိုတဲ့ ကြိယာမှာ ‘အ’ ရှေ့ဆက်နှစ်ခု တစ်ပြိုင်တည်းထည့်ထားတဲ့သဘောဖြစ်ပါတယ်။ ‘အများအပြား’ ကို မြန်မာအဘိဓာန်မှာ တည်ပုဒ်အဖြစ်ဖော်ပြမထားပေမဲ့ မြန်မာအင်္ဂလိပ်အဘိဓာန် (၂၀၂၂) မှာ ‘နာမ်’ အဖြစ်ဖော်ပြထားပြီး ယခင်ထုတ်ဝေထားတဲ့ မြန်မာအဘိဓာန် အကျဉ်းချုပ် အတွဲ ၅ မှာ ‘ကြိယာဝိသေသန’ အဖြစ် ဖော်ပြထားပါတယ်။ မြန်မာဘာသာစကားမှာ ကြိယာကို ‘အ’ ရှေ့ဆက်ထည့်ထားတဲ့စကားလုံးတွေဟာ ‘နာမ်’ အနေနဲ့ အသုံးပြုနိုင်သလို၊ အထူးပြု (နာမဝိသေသန၊ ကြိယာဝိသေသန) အနေနဲ့ အသုံးပြုနိုင်တာက ထူးခြားမှု တစ်ခုပါ။ “လူအများ စုဝေးနေကြသည်” ဆိုရင် ‘အများ’ ဟာ နာမ်ကိုအထူးပြုတဲ့ နာမဝိသေသနဖြစ်ပါတယ်။ “အများအတွက် အနစ်နာခံသည်” ဆိုရင် ‘အများ’ ဟာ နာမ်ဖြစ်ပါတယ်။
‘အမြား’ ကတော့ ‘အများ’ နဲ့ အဓိပ္ပာယ်တူတဲ့ ‘မြောက်မြား’ ဆိုတဲ့ ရှေးသုံးစကားလုံးကို ‘အ’ ရှေ့ဆက်နှစ် ခု တစ်ပြိုင်တည်းထည့်ထားတာဖြစ်ပါတယ်။ ‘အများ’ ကို သူ့ချည်းသက်သက် နာမ်အနေနဲ့ဖြစ်ဖြစ်၊ နာမ်ကိုအထူးပြုတဲ့ နာမဝိသေသနအနေနဲ့ဖြစ်ဖြစ် အသုံးပြုပေမဲ့ ‘အမြောက်အမြား’ မှာတဲ့ ‘အမြား’ ကို ခွဲထုတ်ပြီး သူ့ချည်းသက်သက် အသုံးပြုလေ့မရှိပါဘူး။ ဦးဖိုလတ်ရဲ့ ပေါရာဏအဘိဓာန်မှာ ‘မြောက်မြား’ ကို “အများ၊ မြားမြောင်၊ များပြား၊ ပေါယယ်” လို့ အဓိပ္ပာယ်ဖွင့်ပြထားပေမဲ့ စကားလုံးအမျိုးအစား (ဝါစင်္ဂ) ကိုတော့ သတ်မှတ်မပြပါဘူး။ ‘မြောက်မြား’ တို့ ‘မြားမြောင်’ တို့ကို မြန်မာအဘိဓာန်တွေမှာ နာမဝိသေသနအဖြစ်ဖော်ပြထားပေမဲ့ ကြိယာလဲ ဖြစ်နိုင်တာပါပဲ။ “ကိစ္စမြားမြောင်၊ လူတို့ဘောင်” ဆိုရင် “မြားမြောင်သောကိစ္စရှိသည့် လူ့ဘောင်” ဖြစ်နိုင်သလို “လူ့ဘောင်သည် ကိစ္စမြားမြောင်သည်” လို့လဲ ဖြစ်နိုင်တာပါပဲ။ “မြောက်မြားစည်းစိမ်” ဆိုရင် “ မြောက်မြားသော စည်းစိမ်” ဖြစ်နိုင်သလို “စည်းစိမ်မြောက်မြားသည်” လဲ ဖြစ်နိုင်တာပါပဲ။
အခုပြောခဲ့တာတွေကိုခြုံငုံပြီး ‘အများအပြား’ နဲ့ ‘အမြောက်အမြား’ မှာပါတဲ့ ‘အများ’ နဲ့ ‘အမြား’ ဘာကွာခြားသလဲ ဆိုတဲ့မေးခွန်းကို အဖြေရှာကြည့်မယ်ဆိုရင် ‘အများ’ ဟာ ‘မြောက်မြား’ နဲ့ အဓိပ္ပာယ်တူပါတယ်။ ‘အမြား’ ကတော့ ‘အများ’ နဲ့ အဓိပ္ပာယ်တူတဲ့ ‘မြောက်မြား’ ကို ‘အ’ ရှေ့ဆက်တွေထည့်လိုက်လို့ ‘အမြောက်အမြား’ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ‘အမြား’ ဟာ ‘အများ’ နဲ့ အဓိပ္ပာယ်တူသလိုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ‘အမြား’ ကို သီးသန့်သုံးတာမရှိလို့ ‘အများ’ နဲ့ ‘အမြား’ ဟာအသုံးမတူပါဘူး။ ဒါကြောင့် ‘အများ’ က မယပင့်ဖြစ်ပြီး ‘အမြား’ ကတော့ ‘မြောက်မြား’ ဆိုတဲ့ ရှေးသုံးစကားကလာတာဖြစ်လို့ ရရစ်ပါတယ်။ ဒါဆိုရင် “အများအပြားနဲ့ အမြောက်အမြားမှာ များတာချင်းတူပါရက်နဲ့ ဘာလို့ တစ်ခုက ယပင့် ‘အများ’ ဖြစ်ပြီး တစ်ခုက ရရစ် ‘အမြား’ ဖြစ်နေတာပါလဲ” ဆိုတဲ့ အဖြေကို ရလောက်ပြီ ထင်ပါတယ်။
ကဲ အဲဒါကြောင့်ပြောတာ “တစ်ခါတလေမှာ တပည့်တွေက တော်တော်အလုပ်ပေးပါတယ်” လို့။ ဘာပဲဖြစ်ဖြစ် ကိုယ်ကလဲ တပည့်တွေကို ချစ်တဲ့သူဆိုတော့ သူတို့ပေးတဲ့အလုပ်ပဲကို အပတ်တကုပ်နဲ့ ကြိုးစားလုပ်ကိုင်ရပါတယ်။

[ ဆရာကြီး
ဒေါက်တာအောင်မြင့်ဦး]

👤👤👤👤

Zeya Myat ( မြန်မာစာ မြန်မာစကား)

 #၇၈နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် သားငယ်သမီးငယ်များ၏ အမှတ်တရ ပန်းချီလက်ရာများ #၁၉ဇူလိုင်မမေ့နိုင် ကျဆုံးလေပြီးသော ဗိ...
19/07/2025

#၇၈နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်

သားငယ်သမီးငယ်များ၏ အမှတ်တရ ပန်းချီလက်ရာများ

#၁၉ဇူလိုင်မမေ့နိုင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ

အာဇာနည်သူရဲကောင်းများအား အစဉ်အမြဲအလေးပြုလျက်

17/07/2025

မင်္ဂလာပါရှင့်။ 2021ကစပြီး2025 ထိ Treasure ကို ယုံကြည်ပြီး အခုချိန်ထိ အတူရှိနေပေး‌တဲ့မိဘတွေကိုရော ကြိုးစားပြီး စာလိုက်လုပ်ပေးတဲ့ သားသားမီးမီး တို့ကိုရော ‌ တီချယ်တို့က ကျေးဇူးအများကြီး တင်ပါတယ်နော်။

Treasure မှာဆိုရင် KGကနေစပြီး မြန်မာစာကို စနစ်တကျ ရေးတတ်၊ ဖတ်တတ်အောင် အရည်အချင်းရှိ ဆရာ/ဆရာမ များစွာက ဂရုတစိုက် သင်ကြားပေးလျက်ရှိပါတယ်နော်။ weekday/ weekend အချိန်ညှိပြီး သင်ကြားပေးတဲ့ one on one / group class တွေ ရှိတာဖြစ်လို့ page cbမှာ လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်။



 #၁၉ဇူလိုင်မမေ့နိုင်  #အာဇာနည်နေ့အမှတ်တရ  #အာဇာနည်၉ဦး
14/07/2025

#၁၉ဇူလိုင်မမေ့နိုင်
#အာဇာနည်နေ့အမှတ်တရ
#အာဇာနည်၉ဦး

Address

Yangon

Telephone

+959758280887

Website

Alerts

Be the first to know and let us send you an email when Treasure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Treasure:

Shortcuts

Share