19/05/2026
ကျောင်းတွေ ဖွင့်တော့မယ့် အချိန်လည်း နီးကပ်လာပြီနော်...
🧐 ကျောင်းသားတွေ တကယ်လက်တွေ့တတ်မြောက်စေမယ့် hands-on learning activities တွေနဲ့qualified ဖြစ်တဲ့ ဆရာ ဆရာမတွေက နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းကို သင်ကြားပေးမယ့် ကျောင်းကိုထားဖို့ ရှာနေတယ်ဆိုရင်တော့
🧐 Tara British Myanmar International School ရဲ့ မရမ်းကုန်း campus ကို ဖေဖေ မေမေတို့ လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေရှင်။
🧐 TBMIS ရဲ့ မရမ်းကုန်း campus က လှိုင်၊ ကမာရွတ်၊ အင်းစိန် အစရှိတဲ့ မြို့နယ်တွေအပြင် တောင်ဥက္ကလာ၊ ရန်ကင်း၊ ပါရမီ၊ မြောက်ဒဂုံက ပါ လာလို့ အဆင်ပြေတဲ့ location မှာ ရှိတာမို့ အဝေးကြီးသွားစရာမလိုတော့ဘူးနော်။
🤩အတန်းစာ ပညာရေးအတွက်သာမက ကျောင်းသားကျောင်းသူများ စိတ်လက်ပေါ့ပါးစွာ လှုပ်ရှားဆော့ကစားနိုင်မယ့် ကျောင်းပတ်ဝန်းကျင်၊ သုတ ရသ အစုံအလင် ဖတ်ရှုလေ့လာနိုင်မယ့် ကျောင်းစာကြည့်တိုက်အပြင် Pearson Approved Center လည်း ဖြစ်တာမို့ အချိန်ကုန်ပြီး စာတကယ် မတတ်မှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။
📣📣📣 ၂၀၂၆-၂၀၂၇ စာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်တဲ့ အတွက် 09 251 986 021/ 09 251 986 022 စသည့် ဖုန်းနံပါတ်များကို ရုံးချိန်အတွင်း ဆက်သွယ်၍ Appointment များ ယူကာ ဖြေဆိုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ 📣📣📣
ကျယ်ဝန်းသန့်ရှင်းတဲ့ စာသင်ခန်း၊ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ဖေဖေ မေမေ တို့ရဲ့ အဖိုးတန်သားသား မီးမီးတို့ စိတ်လက်ရွှင်လန်းစွာ စာသင်ကြားနိုင်ဖို့ အမြန်ဆုံး လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ 💁♀️
Tara British Myanmar International School
Mayangone Campus
12C, မေခလမ်းသွယ်၊ ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
09 426 599 253, 09 426 599 263
Shwe Bon Tha Campus
82-83, ရွှေဘုံသာအိမ်ယာ၊ တပင်ရွှေထီးလမ်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
09 251 986 021, 09 251 986 022