Royal Suchit Education

Royal Suchit Education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Royal Suchit Education, Educational consultant, No 32, Ground Floor, Corner of Inya Kan street & Yangon/Insein Road, Myanmar, Burma (Myanmar), Yangon.

16/05/2026

🇮🇪 အိုင်ယာလန်နိုင်ငံပညာရေးနဲ့ပတ်သက်ပြီးအမေးများကြတဲ့မေးခွန်းတွေ✨
အိုင်ယာလန်နိုင်ငံမှာပညာသင်ကြားဖို့ပြင်ဆင်နေတဲ့သူတွေ၊ Visa, Scholarship, Stayback Option တွေအကြောင်း သိချင်နေတဲ့သူတွေအတွက် အမေးများဆုံးမေးခွန်းတွေကိုဖြေပေးပါမယ်။

1 . လက်ရှိ Ireland မှာ ဘယ်တက္ကသိုလ်က Ranking အမြင့်ဆုံးလဲ?
📌QS 2026 အရတော့ Trinity College Dublin က 75th globally နဲ့ အမြင့်ဆုံးဖြစ်နေပါတယ်။ TCD ပြီးရင်တော့ UCD-University College Dublin ဖြစ်ပြီး 118th မှာရှိပါတယ်။

2 . ကျောင်းတက်ရင်းအလုပ်လုပ်လို့ရလား?
📌ရပါတယ်။ Stamp 2 permission ကြောင့်
တပတ်ကို နာရီ၂၀ထိလုပ်ခွင့်ရှိပြီး official holiday period တွေမှာဆိုရင် နာရီ၄၀ထိလုပ်လို့ရပါတယ်။

3 . Student Visa လျှောက်ဖို့ပိုက်ဆံဘယ်လောက်ပြဖို့လိုလဲ?
📌စာသင်နှစ်တစ်နှစ်စာအတွက် နေထိုင်စရိတ် €10,000 နဲ့ ကျောင်းလခအတွက်အနည်းဆုံး €6000 ပေးထားပြီးကြောင်းပြဖို့လိုပါတယ်။ €6000 ထက်နည်းတဲ့ကျောင်းလခဆိုရင်တော့အကုန်ပေးပြီးသားဖြစ်ရပါမယ်။

4 . တစ်လကိုနေစရိတ်ဘယ်လောက်တောင်ကုန်နိုင်တာလဲ?
📌ကိုယ်ဘယ်လို‌နေနိုင်လဲ နဲ့ budget အပေါ်မူတည်ပြီး တလကိုအနည်းဆုံး €1200-€2100 တော့မှန်းထားသင့်ပါတယ်။ Dublin ကတော့ တခြား Limerick, Cork, Galway တို့လိုမြို့တွေထက်ဈေးပိုကြီးပါတယ်။

5 . Intake ဘယ်နှစ်ခုရှိတာလဲ?
📌February (Spring) နဲ့ September (Fall) နှစ်ခုရှိပြီးတော့ September Intake က Government of Ireland International Education Scholarship တို့လိုနာမည်ကြီးပညာသင်ဆုတွေနဲ့ တက္ကသိုလ်ပေါင်းများစွာကနေပေးတဲ့ ပညာသင်ဆုတွေကိုလျှောက်ထားဖို့ ပိုပြီးအခွင့်အလမ်းများပါတယ်။ အ‌ဆောင်ကတော့ February Intake မှချောင်တယ်ပြောရပါမယ်။ ချောင်တယ်ဆိုတာက နည်းနည်းရှာရလွယ်တာကိုပြောတာပါ။ September Intake က အများဆုံးတက်ကြတဲ့ peak season ဆိုတော့ accomodation ရှာရတာခက်ခဲနိုင်လို့ပါ။ မခက်ခဲအောင်လို့တော့ တတ်နိုင်သမျှအမြန်ဆုံးကြိုရှာတာကောင်းပါတယ်။ Study in Ireland for Myanmar Students group ထဲမှာလည်း အခန်းငှားဖို့ရှိတဲ့မြန်မာတွေကပိုစ့်တွေပြန်တင်ပေးကြပါတယ်။

6 . Intake တွေကိုရွှေ့လို့ရလား?
📌ဒါကတော့ ကိုယ်တက်မယ့်တက္ကသိုလ်နဲ့ ဘာသာ အပေါ်မှာမူတည်ပါတယ်။ တက္ကသိုလ်အများစုက deferral လုပ်တာကိုလက်ခံကြ ပေမယ့် competitive ဖြစ်တဲ့ medicine, data science တို့လိုဘာသာရပ်တွေအတွက်တော့သတိထားသင့်ပါတယ်။ တကယ်လို့ရွှေ့ချင်တယ်ဆိုရင်လည်း courseမစခင် 2လလောက်ကြိုပြီး ကျောင်းဖက်ကိုပြောသင့်ပါတယ်။

7 . Student Visa ရဖို့ဘယ်လောက်ကြာလဲ?
📌 8 ပတ်လောက်ကြာပါတယ်။ June to August ကာလဆိုရင်ပိုကြာတတ်ပါတယ်။ တတ်နိုင်သမျှအစောဆုံးလျှောက်ရင်တော့အကောင်းဆုံးပါ။

8 . C Study Visa နဲ့ D Study Visa ဘာကွာတာလဲ?
📌 C-Study Visa က ရက်ပေါင်း ၉၀ ဒါမှမဟုတ် ၃ လအောက်ပဲတက်ရမယ့် short course တွေ၊ trainingတွေအတွက်ထုတ်ပေးတဲ့ ကာလတိုဗီဇာပါ။ D-Study Visa ကတော့ တက္ကသိုလ်တက်မယ့်သူတွေအတွက်ဖြစ်ပါတယ်။

9 .ဘွဲ့ရပြီးနောက် အိုင်ယာလန်နိုင်ငံမှာ ဆက်နေထိုင်လို့ရပါသလား?
📌Third Level Graduate Programme (Stamp 1G) ကနေတစ်ဆင့် ဆက်နေထိုင်လို့ရပါတယ်။ Bachelor’s degree - Level 8 ပြီးထားသူတွေက 12 လအထိဆက်နေခွင့်ရှိပြီးတော့ Master’s and PhD - Level 9 and 10 အောင်မြင်ထားသူတွေကတော့ 24လထိ ဆက်နေခွင့်ရပါတယ်။

10 . IRP Registration Fee ဆိုတာဘာလဲ?
📌အိုင်ယာလန်နိုင်ငံကိုရောက်တဲ့အခါ EEA (European Economic Area) အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံခြားသားကျောင်းသားအားလုံးဟာ Irish Residence Permit (IRP) ရရှိဖို့အတွက် register လုပ်ရပါတယ်။ Fee ကတော့ €300 ပေးရပါတယ်။

နောက်ပိုင်းလည်း တခြားမေးခွန်းတွေကိုဆက်ပြီးဖြေပေးသွားပါမယ်။ မေးချင်တာရှိရင် comment ချန်ခဲ့လို့ရသလို၊ chat box ကနေလည်းလာမေးနိုင်ပါတယ်။
Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836



#အိုင်ယာလန်နိုင်ငံပညာရေး

15/05/2026

🎓 ကျောင်းလခ ၁၀% မှ ၅၀% အထိ လျှော့ပေးမယ့် Scholarship အခွင့်အလမ်းများ 🇩🇪 ဂျာမနီနိုင်ငံရဲ့ နာမည်ကြီး Business School တစ်ခုဖြစ်တဲ့ Munich Business School တွင် ဖွင့်လှစ်ထားပါတယ်။

Business, Management, Marketing, Entrepreneurship နဲ့ International Business ပညာရပ်တွေကို ဂျာမနီမှာ နိုင်ငံတကာအဆင့်မီ သင်ယူချင်သူတွေအတွက်

🏫 Munich Business School (MBS) ဆိုတာ?
MBS ဟာ ဂျာမနီ Bavaria ပြည်နယ်မှာ တည်ရှိတဲ့ State-accredited Private University တစ်ခုဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု Quality Standards တွေ ရရှိထားတဲ့ ကျောင်းဖြစ်ပါတယ်။

📍 Campus Location
Munich
ဂျာမနီရဲ့ အလုပ်အကိုင်အခွင့်အလမ်းအများဆုံး မြို့တွေထဲက တစ်မြို့ဖြစ်လို့
Internship နဲ့ Part-time Job ရှာဖို့ အရမ်းအဆင်ပြေပါတယ် 🇩🇪

📚 Available Programs
🎓 Bachelor Programs
🎓 Master Programs
🎓 MBA Programs
🎓 DBA Programs

💰 Scholarship Opportunities

📌 Bachelor Scholarships
• MBS Bavarian Scholarship
• MBS Explorer Scholarship
• MBS BEST Scholarship

📌 Master Scholarships
• MBS Explorer Scholarship
• MBS BEST Scholarship

📌 MBA Scholarships
• MBA Global Thinker Stipendium
• MBA Responsible Leader Stipendium
• MBA Smart Entrepreneur Stipendium

💸 Scholarship Benefits
✅ Tuition Fee ၁၀% မှ ၅၀% အထိ လျှော့ပေးခြင်း
✅ ပထမနှစ် / ပထမနှင့် ဒုတိယ Semester များအတွက် အသုံးပြုနိုင်ခြင်း

📝 Scholarship လျှောက်ရန် လိုအပ်ချက်များ
✔ Academic grades ကောင်းရမည်
✔ Motivation Letter / Personal Statement (1 page)
✔ English Proficiency (IELTS / TOEFL)

တခုခုထပ်သိချင်တာရှိရင် chat box မှာလာမေးလို့ရပါတယ်။
🇩🇪ဂျာမနီမှာ ပညာသွားရောက်သင်ကြားလိုသူတွေအတွက်
🇩🇪Consultation Free Service
🇩🇪Visa Application service
🇩🇪Admission Service
🇩🇪Accomodation Service
🇩🇪 Blocked Account Service တွေရှိပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

Photos from Royal Suchit Education's post 15/05/2026

📍Duolingo 100 နဲ့လျှောက်နိုင်တဲ့အပြင် up to 30% ထိ scholarship ရရှိနိုင်တဲ့ German Private University တစ်ခု 🇩🇪

University of Europe for Applied Sciences

📍UE ဟာဆိုလို့ရှိရင် ဂျာမနီနိုင်ငံမှာရှိတဲ့ Business ,Technology, IT, Design စတဲ့ဘာသာရပ်တွေကိုအထူးပြုသင်ကြားပေးတဲ့ ဂျာမနီအစိုးရအသိအမှတ်ပြုပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ UE ရဲ့ industry links ဟာအလွန်အား ကောင်းတဲ့အတွက် ကျောင်းသား 90%ကျော်ဟာဆိုလို့ရှိရင် ဘွဲ့ရပြီးပြီးချင်းအလုပ်ရကြပါတယ်။

📍Germany အစိုးရရဲ့အသိအမှတ်ပြုခြင်းကိုခံရရုံတင်မကဘဲ UE ရရှိထားတဲ့ ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှုတွေလည်းရှိပါတယ်။

🏆Best Provider for Further Education among Private Universities by STERN Ranking 2024/25

🏆Top 20 in Creative Studies , ADC creative ranking, 2017-2019

🏆ပြီးလို့ရှိရင် UE က တစ်ကမ္ဘာလုံးရဲ့အကြီးဆုံး
business school and organization network တစ်ခုဖြစ်တဲ့ AACSB Business Education Alliance ရဲ့ member လည်းဖြစ်ပါတယ်။

📍Campus အနေနဲ့ Germany နိုင်ငံမှာ
Berlin, Hamburg, Potsdam, Iserlohn ‌campuses 4 ခုရှိပြီး

UAE Dubai မှာလည်း campus တစ်ခုရှိပါတယ်။

📍တက်ရောက်နိုင်တဲ့ field တွေက
Art & Design✅
Business & Sport✅
Tech & Software✅
Health & Psychology✅
MBA Programmes✅ ဆိုပြီးရှိပါတယ်။ တက်ရောက်နိုင်တဲ့ program တစ်ခုချင်းစီအသေးစိတ်ကိုတော့ ထည့်ပေးထားတဲ့ brochure တွေထဲဝင်ကြည့်နိုင်ပါတယ်။

❗12 တန်းပညာရေးမရှိသေးတဲ့သူတွေအတွက်လည်း တကယ့်ကိုအရည်အသွေးပြည့်မီတဲ့ Studiokellog (Foundation Course) ရှိပါတယ်။

တခြားအသေးစိတ်သိလိုသမျှကို chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ တခြားနိုင်ငံ တွေအတွက်လည်း အခမဲ့ပညာရေးဆွေးနွေးမှု တွေလုပ်ပေးနေပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/

https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

13/05/2026

🎓High School, GED, Bachelor ပြီးလို့ ဉရောပတွင် Bachelor, Master ဆက်လက်တက်ရောက်ရန် ပြင်ဆင်နေသောကျောင်းသား၊ကျောင်းသူများအတွက် (Part - III)

🇨🇭Business, Hospitality, Culinary ပိုင်းများကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများအတွက် 🇨🇭Switzerland ရှိ ကျောင်းရွေးချယ်မှုများ၊ Visa အကြောင်းလေးတွေကို

👑Royal Suchit ရဲ့ Founder ဖြစ်သော ဒေါ်ဆုမွန်ချစ် နှင့် 👑Royal Suchit နှင့်အတူ ကျောင်းလျှောက်ထားခြင်း၊ Scholarship လျှောက်ထားခြင်း၊ Switzerland နှင့်ပတ်သတ်သော Documents များ၊ Visa processing များ ပြင်ဆင်ပြီး လက်ရှိတွင် 🇨🇭Switzerland တွင်ကျောင်းတက်ရောက်နေသောညီမလေး Ms Su Phyu Sin ၏အတွေ့အကြုံများအပေါ် အခြေခံ၍ အသေးစိတ် မျှဝေပေးထားခြင်းဖြစ်ပါတယ်။

🎓ကျောင်းတက်ဖို ပြင်ဆင်နေသူများအတွက် အလွန်အသုံးဝင်ပြီး သိထားသင့်သော အချက်အလက်များ ဖြစ်တဲ့အတွက် လက်လွတ်မခံသင့်ပါဘူး။ ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အကူဖြစ်စေမယ်လို မျှော်လင့်ပါတယ်🥰

⭕(Part - I) Video အား အောက်ပါလင့်တွင်ဝင်ရောက်ကြည့်ရှုပေးပါ🥰
https://www.facebook.com/reel/1606765520443795

⭕(Part - II) Video အား အောက်ပါလင့်တွင်ဝင်ရောက်ကြည့်ရှုပေးပါ🥰
https://www.facebook.com/share/v/1RzebtGv1j/

🇨🇭Switzerland နိုင်ငံမှာသွားရောက်ပညာသင်ကြားလိုသော ကျောင်းသားကျောင်းသူများအတွက်
❗ကျောင်းလျောက်ဝန်ဆောင်မှု နဲ့
❗ ဗီဇာလျှောက်ဝန်ဆောင်မှု စတဲ့ process အစအဆုံးကို အခမဲ့(Free of Charge) လုပ်ဆောင်ပေး‌နေပါတယ်📢

👑Royal Suchit Education👑 နဲ့ ကျောင်းလျှောက်ပြီး 🇨🇭Switzerland မှာ Scholarship နဲ့ ကျောင်းတက်နေကြတဲ့ ကျောင်းသား၊ကျောင်းသူလေးတွေရဲ့ record တွေကိုလည်းဝင်ကြည့်လို့ရပါတယ်✨
https://www.facebook.com/share/p/17nVfMrqhV/
https://www.facebook.com/share/p/14RrGsrXinD/
https://www.facebook.com/share/p/1FtwRoeyJX/
🔗Telegram Channel Join ရန်
https://t.me/royalsuchit
🔗Viber Channel Join ရန်
https://invite.viber.com/...

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

13/05/2026

🇰🇷 ကိုရီးယားမှာအခမဲ့ပညာသင်ကြားနိုင်မယ့် နာမည်ကြီး GKS Scholarship အကြောင်း ✨
GKS ဆိုတာက နိုင်ငံတကာကျောင်းသားတွေ
ကိုရီးယားကတက္ကသိုလ်တွေမှာပညာသင်စရိတ်အခမဲ့နဲ့သင်ယူနိုင်ဖို့ထောက်ပံ့ပေးတဲ့ နာမည်ကြီးပညာသင်ဆုတစ်ခုဖြစ်ပါတယ်။

1️⃣ ဘာတွေထောက်ပံ့ပေးတာလဲ❗
ပညာသင်စရိတ်အခမဲ့အပြင်ကိုမှ
📍အသွားအပြန်လေယာဉ်လက်မှတ် free
📍နေစရိတ်တလကိုဝမ်12သိန်း (13သိန်း for postgraduate)
📍ကျန်းမာရေးအာမခံ
📍ကိုရီးယားရောက်ရောက်ချင်းနိုင်ငံတွင်းသွားလာစရိတ်(transportation fee,etc.)
📍Settlement fee ဝမ်2သိန်း
📍 Korea Topik 1-year program free စတာတွေအကုန်လုံးကို ကိုရီးယားအစိုးရဖက်ကနေထောက်ပံ့ပေးပါတယ်။

2️⃣ဘယ်သူတွေလျှောက်ထားနိုင်လဲဆိုရင်
📍အသက် 28 နှစ်အောက် undergraduate တက်ဖို့ပြင်ဆင်နေသူတွေ(G10,G12 ပြီးထားတဲ့သူတွေ)လျှောက်လို့ရပါတယ်။
📍အသက် 40 အောက် postgraduate တက်ဖို့ပြင် နေသူတွေ (တက္ကသိုလ်တစ်ခုခုရဲ့ဘွဲ့ရ) တွေ လျှောက်ထားလို့ရပါတယ်။

3️⃣ လျှောက်ထားချင်တဲ့သူတွေမှာဘယ်လိုအရည်အချင်းတွေရှိရမလဲ❗
📍10/12 တန်းအမှတ်ပေါင်း 480 နဲ့အထက်ရှိရင်ရနိုင်ခြေပိုများပါတယ်။ အမှတ်ပေါင်းကို CGPA နဲ့ထုတ် ပေးရပါမယ်။
CGPA ထုတ်တဲ့အခါ
G10 ဆိုရင် G8,G9,G10 အမှတ်စာရင်း
G12 ဆိုရင် G10,11,12 အမှတ်စာရင်းကိုပေါင်းပြီးထုတ်ရပါမယ်။ 80%အထက်ရဖို့လိုပါတယ်။
📍Postgraduate လျှောက်ချင်တဲ့သူတွေအနေနဲ့လည်း
တက္ကသိုလ်4နှစ်စာ transcripts ကိုတွက်လိုက်တဲ့အခါ GPA80% ကျော်နေရပါမယ်။

4️⃣ IELTS, Topik ပြဖို့လိုလား?
📍GKS Guidelines မှာတရားဝင်ဖော်ပြမထားလို့ မထည့်လည်းရပါတယ်။ ရှိရင်တော့ထည့်လိုက်ပါ။ extra points ရပါတယ်။ (Undergraduate နဲ့ လျှောက်တဲ့သူတွေကတော့ ဒီဆုနဲ့ကိုရီးယားရောက်လာတဲ့အခါ language 1-year program အရင်တက်ပြီးမှနောက်ထပ် 4နှစ်ဆက်တက်ရမှာဖြစ်ပါတယ်)

5️⃣ ဘယ်အချိန်မှာလျှောက်ရမလဲ?
📍Undergraduate အတွက် Septemberလဆိုဖွင့်ပြီမို့စလျှောက်လို့ရပါပြီ။
📍Postgraduate အတွက်တော့ February ဆိုဖွင့်ပါတယ်။
လျှောက်တဲ့အခါမှာ University Track, Embassy Track ဆိုပြီးလမ်းကြောင်း2ခုရှိပါတယ်။
Embassy Track နဲ့လျှောက်မယ်ဆိုရင် ကျောင်း3ကျောင်းထိလျှောက်နိုင်ပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေများတာ၊ အင်တာဗျုးတွေဖြေရတာတို့ရှိပြီး process ပိုရှုပ်ပါတယ်။
University Track နဲ့ လျှောက်တဲ့အခါသတ်မှတ်ထားတဲ့ကျောင်းတွေထဲကတစ်ကျောင်းကိုပဲ လျှောက်လို့ရပါတယ်။

6️⃣ ဘယ်လိုမျိုးစာရွက်စာတမ်း (documents) တွေလိုလဲ?
📍 Application Form (ကိုယ်ရေးအချက်အလက် နဲ့ CGPA တွေဖြည့်ရပါတယ်)
📍 Personal Statement
📍Study Plan
📍 Recommendation Letter
📍GKS Applicant Agreement ( သူက GKS လျှောက်မယ့်ကျောင်းသားတစ်ယောက်လိုက်နာရမယ့်စည်းကမ်းတွေကိုဖော်ပြထားပါတယ်)
📍Personal Medical Assessment (တကူးတကဆေးရုံသွားစရာမလိုဘဲ ကိုယ့် ကျန်းမာရေးအခြေအနေကို yes or no ဖြေပေးရတဲ့ပုံစံဖြစ်ပါတယ်)
📍 Proof of Citizenship ( ကိုယ်ရော၊ မိဘနှစ်ပါးလုံးရောမြန်မာနိုင်ငံသားဖြစ်ကြောင်းသက် သေပါ)
📍 Graduation Certificate and Transcripts (10တန်း၊12တန်းအောင်လက်မှတ်နဲ့ သုံးနှစ်စာအမှတ်စာရင်းရယ်၊ CGPA ရယ်လိုပါတယ်)
📍ရှေ့မှာပြောခဲ့သလိုပဲ IELTS/Topik တို့ရှိရင်ထည့်လိုရပါတယ်။မထည့်လည်းရပါတယ်။ ထည့်တဲ့သူတွေကတော့ extra points ရပါတယ်။
ဒီ‌လောက်ဆိုတော်တော်လေးပြည့်စုံသွားပြီမို့ GKS အကြောင်းနားလည်ပြီထင်ပါတယ်။ ထပ်ပြီးအသေးစိတ်သိချင်ရင် chat box မှာ လာမေးလို့ရပါတယ်။ Comments ချန်ထားခဲ့လို့လည်းရပါတယ်။ မှားနေတာ၊ လိုနေတာရှိရင်လည်း ထောက်ပြနိုင်ပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836


ြောင်း

12/05/2026

$ 10,000 ထိ scholarship ရရှိနိုင်မယ့်
New Zealand နိုင်ငံရဲ့ထိပ်တန်း University of Auckland 🇳🇿

📍University of Auckland က နယူးဇီလန်နိုင်ငံရဲ့ထိပ်တန်း public university တစ်ခုဖြစ်ပြီးတော့ #1 in New Zealand နဲ့ #70 in the world ဖြစ်ပါတယ်။ စာသင်ကြားရေးပိုင်းမှာနာမည်ကြီးပြီး research and innovation အသားပေးတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။ ကျောင်းပြီးတဲ့အခါ နယူးဇီလန်နိုင်ငံမှာတင်မကဘဲ နိုင်ငံတကာမှာပါ အလုပ်အကိုင်အခွင့်အလမ်း များများရအောင် ဖန်တီးပေးနိုင်တဲ့တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။

📍ခုပေးနေတာက International Student Excellence Scholarship 2026 ဖြစ်ပါတယ်။
➡️ဒီဆုကတနှစ်ကို 2 ကြိမ် ပေးပါတယ်။ ပထမအသုတ်က 18 February မှာဖွင့်ခဲ့ပြီး 1 April ပိတ်ပါတယ်။ Second Round ကိုတော့ September 9 မှာဖွင့်ပြီး October 21 မှာပိတ်ပါမယ်။
🏆Benefits ကတော့ စာသင်နှစ်တစ်နှစ်အတွက်
NZ$ 10,000 ရရှိပါမယ်။

📌ဒီဆုကိုလျှောက်ချင်ရင်တော့ University of Auckland ရဲ့ program တစ်ခုခုမှာ undergraduate (or) PGDip (or) Master အနေနဲ့ဝင်ခွင့်ရထားဖို့လိုပါတယ်။

📌အသေးစိတ်ကို ဒီ link မှာဝင်ကြည့်လို့ရပါတယ် https://www.auckland.ac.nz/en.html
Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836



11/05/2026

မြန်မာG-9ကလေးတွေ 🇸🇬Singapore မှာ အထက်တန်းပညာရေးကိုအခမဲ့သင်ယူနိုင်မယ့်အခွင့်အရေး ✨

𝗔𝗦𝗘𝗔𝗡 𝗙𝘂𝗹𝗹 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗳𝗼𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿

📍ဒီပညာသင်ဆုက Singapore Ministry of Education ကနေပေးတာဖြစ်ပြီး မြန်မာကအလယ်တန်းပညာရေးရှိတဲ့ကလေးတွေကို
စင်ကာပူနိုင်ငံမှာ Secondary 3 ကနေ Cambridge GCE A Level ပြီးဆုံးတဲ့အထိတက်နိုင်ဖို့ 4နှစ်တာထောက်ပံ့ပေးမှာဖြစ်ပါတယ်။

📍Grade 9 ပြီးထားတဲ့သူတွေ၊ 2 Jan 2010 နဲ့ 1 Jan 2013 ကြားမွေးတဲ့ အသက်14-16အရွယ်ကလေးတွေလျှောက်လို့ရပါတယ်။

📍ဒီအချက်အပြင် တခြားဘာတွေ eligible ဖြစ်ဖို့လိုလဲဆိုတော့

➡️ ကျောင်းစာထူးချွန်တဲ့သူ
➡️ ကျောင်းစာအပြင်ကိုမှ extracurricular activitiesတွေလည်းများများလုပ်တဲ့သူ
➡️ ကျောင်းပြင်ပပြိုင်ပွဲတွေမှာလည်းထူးချွန်ပြီး
Communication လည်းကောင်းတဲ့ကလေး
➡️ Leadership စိတ်ဓာတ်အပြည့်ရှိပြီး behavior လည်းကောင်းတဲ့ကလေး
စတဲ့သတ်မှတ်ချက်တွေနဲ့လည်းပြည့်စုံဖို့လိုပါတယ်💯

📍ပြီးတော့ဒီဆုကဘယ်လောက်အထိတောင် ထောက်ပံ့ပေးမှာလဲဆိုရင်
📌ကျောင်းလခအပြင်ကိုမှ
📌‌နှစ်စဉ်ထောက်ပံ့ကြေး
📌နေထိုင်မှုအတွက်ထောက်ပံ့ကြေး
📌အသွားအပြန်လေယာဉ်လက်မှတ်ဖိုး
📌ကျန်းမာရေးအာမခံတွေအထိပါပေးမှာဖြစ်ပါတယ်။ စာမေးပွဲကြေးလည်းပါပါတယ်။ ဒါကြောင့် ဒီဆုရရင်တော့ဘာမှကိုအကုန်အကျခံစရာမလိုပါဘူး။ ကလေးကထူးချွန်ထက်မြက် နေဖို့ပဲလိုပါတယ်။

❗တခုရှိတာက scholarship ကို renewal လုပ်နေမှာဖြစ်လို့ ရသွားတဲ့ကလေးတွေအနေနဲ့ ကိုယ့်ရဲ့ Gradeတွေကောင်းနေအောင် အမြဲထိန်းထားဖို့ တော့လိုပါမယ်။

📝Step-by-step လျှောက်နည်းကိုပြောပြပေးပါမယ်။ Application Fee ပေးစရာမလိုပါဘူး။

1️⃣ ဒီ https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarship/myanmar link ရဲ့ apply now ဆိုတဲ့နေရာမှာ လျှောက်လွှာစတင်ဖို့ ကိုယ့်ရဲ့ email နဲ့ register လုပ်ရပါမယ်။

2️⃣ အကောင့်ဖွင့်ပြီးတာနဲ့ ပေးထားတဲ့ personal information အကုန်ဖြည့်ရပါမယ်။ ( Education Background, Extracurricular Activities စတာ တွေထည့်ရပါမယ်)

3️⃣ ကိုယ့်ရဲ့ birth certificate, NRC or Passport, Transcripts, Certificates စတဲ့ လိုအပ်တဲ့ documents အကုန်လုံးကို upload တင်ရပါမယ်။

4️⃣ အကုန်လုံးအချက်အလက်တွေမှန်ပြီဆိုရင်
Submit နှိပ်လို့ရပါပြီ။ မနှိပ်ခင်သေ‌ချာအောင်အခါခါပြန်စစ်ဖို့လိုပါတယ်။

❗May 15 ထိနောက်ဆုံးလျှောက်ထားနိုင်ပြီး

❗June 27 မှာ Math and English Entrance ဖြေဆိုရပါမယ်။ ဖြေဆိုခွင့်ရမယ့်သူများကို မဖြေခင် mail နဲ့ အကြောင်းကြားပါမယ်။ အောက်က link တွေကတော့ English, Math လေ့ကျင့်ဖို့ဖြစ်ပါတယ်။ မြန်မာအစိုးရကျောင်းက ကလေးတွေ လျှောက်မယ်ဆိုရင် ဒီ syllabus နဲ့ ရင်းနှီးဖို့လိုပါတယ်။ ဒီဆုက competitive ဖြစ်တာကြောင့် ဝင်ခွင့်ကလည်းခက်ခဲမယ့်အနေအထားမှာရှိပါတယ်။

https://www.moe.gov.sg/returning-singaporeans/returning-to-singapore/secondary/spers/test-details #:~:text=Preparing%20for%20SPERS%2DSec%20tests,2%20for%20Secondary%203%20admission.

https://www.moe.gov.sg/secondary/courses/express/electives

❗July မှာ Interview ထပ် ဖြေရမှာ ဖြစ်ပြီး တော့

🎉Final Selection တွေကို September မှာ ကြေညာပေးမှာဖြစ်ပါတယ်။

🎓November ရောက်ရင်တော့ Singapore မှာ ကျောင်းစတက်ရတော့မှာဖြစ်ပါတယ်။

All rounder ကလေးတွေကိုခေါ်မှာဖြစ်တာ ကြောင့် စာတခုတည်းထူးချွန်နေရုံနဲ့မရဘူးဆိုတာကိုသိရပါမယ်။

တခုခုထပ်ပြီးသိချင်တာရှိရင် chat box မှာ မေးမြန်းနိုင်ပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/

https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836



11/05/2026

💉ဆေးကျောင်းတက်ဖို့ Asia နဲ့ Europe ဘာကိုရွေးသင့်လဲ?

ဆေးကျောင်းတက်လို့ရှိရင် အနည်းဆုံး၆နှစ်လောက်အထိ ကိုယ်ရွေးထားတဲ့နိုင်ငံမှာပဲနေရမှာဆိုတော့ မြန်မာနဲ့နီးတဲ့တစ်နိုင်ငံကိုပဲရွေးမလား? Europe ဖက်ကိုပဲရွေးလိုက်ရမလားဆိုတာက Asia နဲ့ Europe ကြားမှာ ကိုယ့်ရဲ့ဘတ်ဂျက်အခြေအနေနဲ့ဘယ်လမ်းကြောင်းကပိုပြီးကိုက်ညီမလဲ? နောက်ပိုင်းအလုပ်အကိုင်အခွင့်အလမ်းတွေမှာရောဘယ်ဖက်ကပိုပြီးအားသာနိုင်လဲဆိုတာကိုသေချာသိနေဖို့လိုပါတယ်။

📍Asia ကဆေးကျောင်းတွေအကြောင်းကိုစပြီးပြောရလို့ရှိရင် လက်ရှိအထိတော့ Asia ထဲက
Japan 🇯🇵
Thailand 🇹🇭
Malaysia 🇲🇾
China 🇨🇳
Philippines 🇵🇭
Singapore 🇸🇬 စတဲ့နိုင်ငံတွေကို မြန်မာကကလေးတွေဆေးကျောင်းတက်ဖို့အများဆုံး ရွေးချယ်ကြပါတယ်။ Malaysia IMU နဲ့ China Zhejiang မှာတက်နေတာကအများဆုံးဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် Asia မှာ ဆေးကျောင်းတက်လို့ရှိရင်ပြသနာက degree recognition ကိစ္စပါ။ Japan, Singapore, China က degree တွေကတော့ global recognition,accreditation အားကောင်းကြပါတယ်။ ကုန်ကျစရိတ်က Asia သက်သာတယ်လို့တော့မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် Living costs အရသက်သာ ကောင်းသက်သာနိုင်ပေမယ့် ကျောင်းလခက Europe ထက်မသက်သာနိုင်ပါဘူး။ Italy နဲ့ယှဉ်ကြည့်ရင်သိနိုင်ပါတယ်။ ဘာသာစကားအခက်အခဲကတော့ China, Japan ကလွဲလို့ရှိရင် hospital years တွေထိပြသနာမရှိပါဘူး။ ဆိုတော့ ကိုယ်က Asia မှာပဲအလုပ်ဆက်လုပ်ဖို့ရှိတယ်၊ အိမ်နဲ့နီးတဲ့နိုင်ငံမှာလည်းနေချင်တယ်ဆိုရင်တော့သိပ်များများစားစားမစဉ်းစားပဲ Asia ကိုပဲရွေးလိုက်ဖို့ပြောချင်ပါတယ်။ အမှန်အတိုင်းပြောရရင် Asia ရဲ့ entrance stress ကတောင်ပိုပြီးပြင်းမယ်လို့ထင်မိပါတယ်။ Europe medical school အချို့ကတော့ဝင်ရသိပ်ပြီးခက်ခဲတာမတွေ့ပါဘူး။ Asia အကြောင်းကိုတော့ဒီလောက်ပဲပြောပါမယ်။

📍Europe ဖက်ကိုစရရင်အားသာချက်တွေအများကြီးရှိပါတယ်။ ခုဆိုရွေးချယ်စရာနိုင်ငံတွေလည်းပိုပြီးများလာတာသတိထားမိပါတယ်။ ဒါပေမယ့် Europe ဖက်ကိုရွေးကြတဲ့သူတွေဆီမှာ နိုင်ငံအရွေးမှားတဲ့ပြသနာတွေတွေ့နေရပါတယ်။ ဘာကိုရွေးသင့်လဲ၊ မရွေးသင့်ဘူးလဲဆိုတာကပြောပြလို့အဆင်မပြေတာမို့ တက်မယ့်ကျောင်းသားကိုယ်တိုင်ကပဲ research လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။

📌လောလောဆယ်မြန်မာကျောင်းသားတွေရှိနေတဲ့နိုင်ငံတွေက
Italy 🇮🇹
Georgia 🇬🇪
Romania 🇷🇴
Poland 🇵🇱
Czech Republic 🇨🇿
Hungary 🇭🇺 ဆိုပြီးတွေ့ရပါတယ်။ အပေါ်မှာပြောခဲ့သလို ဥရောပကိုဘာလို့ Asia ထက်ဈေးသက်သာတယ်ပြောရလဲဆိုရင် တနှစ်ကို သိန်း400ဝန်းကျင်လောက်နဲ့တက်လို့ရတဲ့ ကျောင်းတွေရှိပါတယ်။ အီတလီမှာဆိုရင် နေထိုင်စရိတ်အတွက်လည်း Regional Scholarship လျှောက်လို့ရပါတယ်။ Requirements တွေကိုလည်းတစ်နည်းနဲ့မဟုတ်တစ်နည်းနဲ့ဝင်လို့ရအောင်ချဲ့ပေးထားကြတော့
ဥရောပမှာဆေးကျောင်းတက်ဖို့ကပိုပြီးလွယ်ပါတယ်။ European medical degree တွေကကောင်းကောင်းအသိအမှတ်ပြုခံရတယ်ဆိုပေမယ့် နိုင်ငံတိုင်းအတွက်တော့မဟုတ်ပါဘူး။ ဒီတချက်လေးတော့သတိထားစေချင်ပါတယ်။ USMLE, PLAB တို့လိုစာမေးပွဲတွေဖြေလို့ရပေမယ့် ကိုယ့်ဘွဲ့ကိုဖြေမယ့်နိုင်ငံကအရင်ဆုံးအသိအမှတ်ပြုဖို့လိုပါတယ်။ ဒါမှဆက်ဖြေလို့ရမှာပါ။

❗Europe ရဲ့ ပြသနာက language barrier ပါ။ English လိုသင်တာတွေရှာလို့ရပေမယ့် Europe နိုင်ငံတွေက Asia လို English ကိုအဓိကထားပြောတာမဟုတ်ပဲ သူတို့နိုင်ငံရဲ့စကားကိုပဲပိုပြီးပြောကြပါတယ်။ စာသင်နေတုန်း 3-4 years လောက်ထိပြသနာမရှိပေမယ့် ဘွဲ့ရခါနီးလာလေလေ၊ clinical training တွေပိုလုပ်ရလေလေ၊ သူတို့စကားကိုပိုပြီးပြောနိုင်ဖို့လိုအပ်လာလေလေဖြစ်ပါတယ်။ သူတို့နိုင်ငံမှာဆက်ပြီးအလုပ်လုပ်ဖို့၊ ရေရှည်နေထိုင်ဖို့၊ နိုင်ငံသားအဖြစ်ခံယူဖို့က သူတို့ရဲ့စကားကို C1 လောက်ထိကျွမ်းကျင်နေဖို့လိုပါတယ်။ ကျောင်းဖက်ကတော့ course အနေနဲ့ language program ကိုထည့်ပြီးသင်ကြားပေးကြပါတယ်။ ဘာသာစကားပိုရတဲ့သူကအခွင့် အရေးပိုများပါတယ်။ ဘာသာစကားအခက်အခဲနဲ့ နေထိုင်စရိတ်ဈေးနည်းနည်းကြီးတာကလွဲရင် အားသာချက်ကတော့ Europe မှာအများဆုံးရှိတယ်လို့ထင်ပါတယ်။

ဒီလောက်ဆိုဆေးကျောင်းတက်ဖို့အသင့်တော်ဆုံးနေရာကိုပိုပြီးရွေးချယ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်✨

တခုခုသိချင်တာရှိရင် comment မှာ ချန်ခဲ့လို့ရသလို၊ chatbox ကိုလည်းလာပြီးမေးနိုင်ပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/

https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

Photos from Royal Suchit Education's post 09/05/2026

Up to 100% ထိပညာသင်ဆုရှိတဲ့ KMITL ရဲ့ Final Round လျှောက်လွှာတွေခေါ်နေပါပြီ✨

📍KMITL- King Mongkut's Institute of Technology Ladkrabang က ထိုင်းမှာရှိတဲ့ထိပ်တန်းနည်းပညာတက္ကသိုလ်တစ်ခုဖြစ်ပြီးတော့ အင်ဂျင်နီယာ၊နည်းပညာစတဲ့ဘာသာရပ်တွေနဲ့နာမည်ကြီးပါတယ်။

❗2026 စာသင်နှစ်အတွက် နောက်ဆုံး round လျှောက်လွှာတွေလက်ခံနေပြီဖြစ်ပါတယ်။ ‌ 17,May ထိလျှောက်ထားနိုင်ပါတယ်။

📍လျှောက်ထားနိုင်တဲ့ program 11ခုရှိပြီး 3ခုထိအများဆုံးလျှောက်ထားနိုင်ပါတယ်။

➡️AI Engineering and Entrepreneurship
➡️Biomedical Engineering
➡️Civil Engineering
➡️Electrical Engineering
➡️Energy Engineering
➡️Financial Engineering
➡️Industrial Engineering and Logistics Management
➡️Mechanical Engineering
➡️Mechatronics Engineering
➡️Robotics and AI Engineering
➡️Software Engineering

📍Admission requirements တွေအနေနဲ့
➡️Myanmar Matriculation (or) GED
➡️IELTS 6.0/ Cambridge FCE 170 / Duolingo 110
➡️Personal Statement
➡️Two Recommendation Letters တို့လိုပါတယ်။

❗Financial Engineering/ Software Engineering တက်ချင်တဲ့သူတွေက Mathematics 75% above (or) SAT Math 600 and above လိုပါတယ်။
🏆ပညာသင်ဆုတွေအနေနဲ့လည်း 50% 75% 100% ထိရှိပါတယ်။
📍ပညာသင်ဆုလျှောက်ထားလိုသူတွေကတော့
➡️3.5 High School GPA
➡️SAT/ACT score
➡️English Proficiency Score တွေအကုန်လုံးကောင်းနေရပါမယ်။ အမှတ်ပိုမြင့်လေ၊ရနိုင်ဖို့အခွင့်အရေးများလေဖြစ်ပါတယ်။
ပုံတွေထဲမှာလည်းအသေးစိတ်ပါသလို၊ တခုခုထပ်ပြီးသိချင်တာရှိရင်လည်း chat boxမှာ လာမေးလို့ရပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836



08/05/2026

🎓 SRH တက္ကသိုလ်မှာ ကျောင်းလခ ၅၀% အထိ လျှော့ချပေးမယ့် ပညာသင်ဆုတွေ လျှောက်ထားနိုင်ပြီ! 🌟

📚နိုင်ငံတကာမှာ Bachelor ဒါမှမဟုတ် Master တက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား/သူတွေအတွက် သတင်းကောင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။

🎓SRH University ကနေ နိုင်ငံတကာ ကျောင်းသားများအတွက် ပထမနှစ် ကျောင်းလခ ၅၀ ရာခိုင်နှုန်း (50%) အထိ ထောက်ပံ့ပေးမယ့် SRH International Incentive Programme ပညာသင်ဆုတွေကို ခေါ်ယူနေပါပြီ။

🔷ဒီပညာသင်ဆုတွေက မိမိတက်ရောက်မယ့် ဘာသာရပ်နယ်ပယ်အလိုက် သီးသန့်ခွဲခြားထားတာဖြစ်ပြီး အောက်ပါအတိုင်း ရွေးချယ်လျှောက်ထားနိုင်ပါတယ် -

💼 Management programmes:
✴️Performance Scholarship
✴️Entrepreneurship Scholarship:
✴️Women for Leadership Scholarship:

🎨 Creative programmes:
✴️Talent Scholarship
✴️Women in Sound Scholarship

💻 Technology programmes:
✴️Future of Tech Scholarship
✴️Women in Tech Scholarship

📌 Requirements
✅ SRH University မှ Confirmed Study Offer ရရှိထားရမည်
✅ Academic Results ကောင်းမွန်ရမည်
✅ IELTS Academic 6.5 – 7.0 (Programme အလိုက်)
✅ Motivation Letter / Portfolio / Project Slides စသည်တို့ ပြင်ဆင်ထားရမည်

⚠️ Important Notes
🔹 ပညာသင်ဆုများသည် အပြည့်အဝပေးသော (Fully-funded) ပညာသင်ဆုများ မဟုတ်ဘဲ ပထမနှစ် ကျောင်းလခ၏ ၅၀% အထိသာ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်
🔹 Applications များကို Ongoing Basis ဖြင့် စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်

⏳ October Intake Scholarship Deadline – July 15

တခုခုထပ်သိချင်တာရှိရင် chat box မှာလာမေးလို့ရပါတယ်။
🇩🇪ဂျာမနီမှာ ပညာသွားရောက်သင်ကြားလိုသူတွေအတွက်
🇩🇪Consultation Free Service
🇩🇪Visa Application service
🇩🇪Admission Service
🇩🇪Accomodation Service
🇩🇪 Blocked Account Service တွေရှိပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

08/05/2026

လူငယ်တွေသွားသင့်တဲ့ Cultural Connections 2026 မကြာခင်လာပါတော့မယ်✨
နှစ်တိုင်းကျင်းပနေကြ cultural connections ပွဲတော်ကြီးကဒီနှစ်မှာလည်းထပ်ပြီးကျင်းပဖို့ရှိပါတယ်။

𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬 ဆိုတာက ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေ၊ အမေရိကန်စတဲ့သံရုံးတွေ၊ ယဉ်ကျေးမှုစင်တာတွေအနေနဲ့ လာရောက်လည်ပတ်တဲ့သူတွေကို သူတို့နိုင်ငံရဲ့ပညာရေး၊ အနုပညာ၊ ဂီတ၊ အစားအစာ၊ ယဉ်ကျေးမှုတွေအကြောင်းကိုမိတ်ဆက်ပေးတဲ့ပွဲတော်တခုဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ရက်နဲ့အချိန်တွေအတွင်း သံရုံးတစ်ခုချင်းစီမှာပွဲတော်တခုစီရှိနေမှာဖြစ်ပါတယ်။ Open House လုပ်ပေးထားမှာမို့ မည်သူမဆိုသွားရောက်လည်ပတ်လို့ရပါတယ်။
Official date တွေတော့မထွက်သေးပါဘူး။

နိုင်ငံတခုချင်းစီရဲ့ပညာရေးတွေကိုလည်း လေ့လာနိုင်မှာမလို့ နိုင်ငံတကာပညာရေးစိတ်ဝင်စားတဲ့သူတွေနဲ့ Networking ရှာနေတဲ့လူငယ်တွေသွားရောက်သင့်ပါတယ်။
🇲🇫🇯🇵🇰🇷🇮🇹🇩🇪🇨🇦🇬🇧🇺🇲

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No 32, Ground Floor, Corner Of Inya Kan Street & Yangon/Insein Road, Myanmar, Burma (Myanmar)
Yangon