5th Skill ဂျပန်စာသင်တန်းကို 2019 October မှာ အင်းစိန်မြို့နယ်၊အောင်ဆန်းရပ်ကွက်၊သစ္စာဝါဒီလမ်း၊အမှတ်၈၁၆ မိမိတို့ရဲ့ နေအိမ်ခြံဝင်းထဲမှာပင် အဆောက်ဦငယ်တစ်ခုသီးခြားဆောက်ပြီး စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့အစွန်ပိုင်းကျတဲ့ ကိုယ့်ရပ်ကွက်ထဲက အလုပ်တစ်ဖက်ကျောင်းတစ်ဖက်နဲ့ ဂျပန်စာ/စကားသင်ယူလိုကြတဲ့ လူငယ်အများစုဟာ ဘာသာစကားသင်ကျောင်းတွေတည်ရှိရာ Down town နဲ့လှည်းတန်းလိုနေရာများထိသွားတက်ဖို့ အခြေနေမပေးကြတာကို ကူညီဖြေရှင်းဖို့ပါ။
တည်ထောင်သူ U Hla Phone [Permanent Resident in Japan]နဲ့ အဓိကသင်ကြားပေးမည့် Class Trainer Ma Phyusin Thinn Pyant [JLPT-N1]တို့ရဲ့ ကိုယ်ရေး အကျဥ်းချုပ်တွေကတေ့ာ...
----------------------------------------------------------------------------------------------------------
လှဘုန်း။ ။၁၉၉၈တွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ [BE Electrical Power]ဘွဲ့ရရှိခဲ့။
၂၀၀၀ ခုနှစ်မှာ ဂျပန်နိုင်ငံသို့ Work Visa (Engineer) နဲ့သွားရောက်အလုပ်လုပ်ကိုင်ခဲ့။ မြန်မာပြည်တွင်ဂျပန်စာ/စကားသင်ယူခဲ့ဖူးခြင်းမရှိပဲ သွားရောက်ခဲ့ရသူဖြစ်သောကြောင့် အလုပ်ဆိုင်ရာ အခက်ခဲမရှိလှသော်လည်း လုပ်ငန်းခွင်လူမှုဆက်ဆံရေး၌ အခက်ခဲများစွာ တွေ့ကြုံခဲ့။
Ohtake Noodle Machine Mfg. Co.Ltd (Tokyo) တွင်အလုပ်လုပ်ယင်း Tokyo Akihabara ရှိ Mingalar ဂျပန်စာသင်ကျောင်း၌ ဂျပန်စာလေ့လာသင်ကြားခဲ့။ ၄င်းကျောင်းမှာမြန်မာလူမျိုးများအတွက် သီးသန့်Sat & Sun သာဖွင့်တဲ့ Volunteer ကျောင်းဖြစ်ပြီး ဦးဆောင်ထူထောင်သူက Nish*ta Sensei ဖြစ်၏။ တိုကျိုရှိ မြန်မာများ အတွက်အလွန်သက်သာစွာ စာရွက်စာတမ်းကြေးလောက်သာယူပြီး သင်ပေးသော Volunteer ကျောင်းမျိုးဖြစ်၍ သင်ကြားမှု စေတနာ ကောင်းမွန်လှတဲ့ ၄င်းကျောင်းမှာ ၂၀၀၄ အထိ အလုပ်တစ်ဖက် နှင့် တက်ခွင့်ရလိုက်ခြင်းက ဂျပန်၌အသက်မွေးနေထိုင်မှုအတွက်များစွာကျေးဇူးများခဲ့။
၂၀၀၄ခုနှစ် Yamagata Ken, Yonezawa Shi ကုမ္ပဏီခွဲသို့ပြောင်းရွေ့ခဲ့ရပြီးနောက် မိသားစုကိုဂျပန်သို့ခေါ်ယူခဲ့။ ဂျပန်စာလေ့လာ သင်ယူမှုလည်းဝေးကွာသွားခဲ့ပြီး Self Learning from Home သာအားပြုခဲ့။
၂၀၁၀ခုနှစ် တွင် ဂျပန်နိုင်ငံ၌ အမြဲတမ်းနေထိုင်ခွင့် PR ရရှိခဲ့။ ၂၀၁၃တွင်မြန်မာပြည်သို့ပြန်လည် အချေချခဲ့။
၂၀၁၃-၁၄ တွင် မြန်မာနိုင်ငံရှိ U-net Interntional Japanese Farm ၌ Site Manager အဖြစ်၄င်း၊
၂၀၁၄-၁၉ တွင် ရန်ကုန်မြို့ရှိ E-commerce Outsource Company “SimpleZ”[Subsidiary of Hiraki Shoji Co.,Ltd Fukuoka, Japan ]တွင် Regional Manager အဖြစ်၄င်း ဆက်လက်အလုပ်လုပ်ခဲ့။
၂၀၁၉ တွင် 5th Skill Japanese Class ကိုစတင်ခဲ့ပြီး ၂၀၂၀ Covid 19ကာလမှစ၍ Learn From Home အစီစဥ်ဖြင့် Japanese Online Learning ကိုဆောင်ရွက်လျှက်ရှိ။
နှစ်စဥ်ဂျပန်နိုင်ငံသို၌သွားရောက်၍ ကျောင်းများ၊လုပ်ငန်းများ၊ မြန်မာ-ဂျပန်ပုဂ္ဂလိကအဖွဲ့စည်းများနှင့် သတင်းအချက်လက်ဆွေးနွေးဖလှယ်ခြင်းများ ဆောင်ရွက်လျှက်ရှိ။
----------------------------------------------------------------------------------------------------------
ဖြူစင်သင်းပျံ့ ။ ။ ၂၀၀၄ ခုနှစ်တွင် ဖခင်ရှိရာ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ မိခင်နှင့်အတူရောက်ရှိခဲ့၊
၂၀၀၅-၂၀၁၁ Yamagata နယ် Yonezawa မြို့ရှိ Bansei Elementary School တွင် ဆဌမတန်းအောင် (မူလတန်းပြီးဆုံး) ထိပညာ သင်ကြားခဲ့။ မြို့နယ်မှစီစဉ်ပေးမှုဖြင့် Specialist Volunteer ဆရာများက ဂျပန်စာ၊ဂျပန်စကားကို ကျောင်းတွင် မိခင်ကိုပါခေါ်ယူ၍ အချိန်ပို သီးသန့်သင်ကြားပေးသဖြင့် ၁နှစ်အတွင်း ဂျပန်ခလေးများနှင့်တန်းတူဖြစ်ကာ ဘာသာရပ်တိုင်းတွင် ရင်ဘောင်တန်းနိုင်ခဲ့။ Kokugo,Kanji,Arts,Swiming တို့တွင်ထူးချွန်ခဲ့။
တစ်ချိန်ထဲမှာပင် မြန်မာနိုင်ငံမှပညာရေးကို Learn from Home ဖြင့်လေ့လာကျက်မှတ်၍ ဒုတိယတန်းမှ သတ္တမတန်းအထိ တိုကျိုမြန်မာသံရုံးတွင် ဖြေဆိုအောင်မြင်ခဲ့။
၂၀၁၂-၁၄ အဌမတန်းမှဒဿမတန်းထိ အင်းစိန်အ.ထ.က(၂)တွင်ပညာသင်ကြား၍ အထက်တန်းအောင်မြင်ခဲ့။
၂၀၁၅မှစ၍ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် WYTU တွင် ဗိဿုကာပညာရပ်ကိုတက်ရာက်သင်ကြားခဲ့။
၂၀၁၆ ဒီဇင်ဘာတွင် JLPT N2ကို 176/180 ဖြင့်၄င်း၊ ၂၀၁၇ဒီဇင်ဘာတွင် JLPT N1ကို 154/180ဖြင့်၄င်း ဖြေဆိုအောင်မြင်ခဲ့။
WYTUတွင် ဗိဿုကာပညာရပ်ကိုတက်ရာက်သင်ကြားနေယင်း ၂၀၁၉မှစ၍ 5th Skill Japanese Class တွင် ဂျပန်ဘာသာသင်ကြား ကူညီပို့ချပေးလျှက်ရှိသည်။
-----------------------------------------------------------------------------------------------------------
*After 2020 April, Covid 19 ကပ်ရောဂါကြောင့် စာသင်ခန်းရပ်နားရချိန်မှစ၍ မိမိတို့ သင်တန်းသားများသာမက မြန်မာနိုင်ငံ မြို့နယ်အသီးသီးမှ ဂျပန်ဘာသာ သင်ကြားလိုကြသော လူငယ်များအတွက် ရည်ရွယ်ကာ Online Class အသွင်ဖြင့် ဆက်လက် သင်ကြားပို့ချသွားမည် ဖြစ်သည်။