15/05/2023
ကာကွယ်ဆေးထိုးဖို့ အိမ်မှာပဲ နေပါ ... ဆရာမ တို့ လာခဲ့ပါမယ် .....
မိုးရွာလိုက် နေပူလိုက်နဲ့ တုပ်ကွေး တွေ ပြန်ဖြစ်နေကြပါပြီ ။ ကိုဗစ် နဲ့ ရာသီ တုပ်ကွေး ရောထွေးနေတဲ့ အခုလိုကာလ မျိုးမှာ ရာသီ တုပ်ကွေး ကာကွယ်ဆေး ကို ထိုးနှံထားသင့်ပါတယ် ရှင် ... ဆေးရုံဆေးခန်းသွားရမှာ မကြိုက်တဲ့ သူတွေ နဲ့ ဆေးရုံဆေးခန်းသွားဖို့ အချိန် မပေးနိုင်တဲ့ သူတွေ အတွက် အိမ်တိုင်ရာရောက် ရာသီ တုပ်ကွေးကာကွယ်ဆေး လာရောက်ထိုးနှံပေးနေပါပြီ ရှင့် .....
2023 Flu Vaccine တုပ်ကွေးကာကွယ်ဆေး ကို ..
-ကြက်ဥ၊ Gentamycin (ပိုးသတ်ဆေး)နှင့်
မတည့်သောသူများမထိုးသင့်ပါ။
-ဖျားနေသောသူများ အဖျားပျောက်ပြီး ၁ ပတ်ကြာမှထိုးသင့်ပါသည်။
-ဆေးအာနိသင်က တစ်နှစ်သာခံပါသောကြောင့်
တစ်နှစ် တစ်လုံး ထိုးသင့်ပါတယ်။
-၆ လမှ ၉ နှစ်ထိ ကလေးများတွင် ပထမဆုံးအကြိမ်ထိုးသောနှစ်တွင် ၄ ပတ်ခြား၍
နောက်ထပ် ၁ လုံး ထိုးရပါမယ်။
နောက်နှစ်များတွင် တစ်နှစ် တစ်ကြိမ်သာထိုးရန်လိုအပ်ပါတယ်။
-ဆေးထိုးပြီး ဆေးအာနိသင်ရရန် အနဲဆုံး
၂ ပတ်ကြာပါမယ်။
-လက်မောင်း(သို့) ပေါင်မှ ကြွက်သားထဲ ထိုးရပါမယ်။
-ဘေးထွက်သက်ရောက်မှုမှာ ထိုးသည့်နေရာတွင် ယာယီနီခြင်း၊ ယာယီအဖျားငွေ့ရှိခြင်းတို့ဖြစ်တတ်ပါတယ်။
2023 flu vaccine ရာသီ တုပ်ကွေးကာကွယ်ဆေးကို ကျွမ်းကျင်သော ဆရာ ဆရာမ များမှ မြန်မာနိုင်ငံ FDA အသိအမှတ် ပြု ဆေးများကို Cold change storage စိတ်ချယုံကြည်စွာနဲ့ အိမ်တိုင်ရာရောက် ထိုးနှံပေးနေပါပြီရှင့်
အသေးစိတ်သိရှိလိုပါက Page Messenger (or) 09 787638000 သို့ဆက်သွယ် နိုင်ပါတယ် ရှင့်
စက်ရုံများ၊ Company များ၊ကျောင်းများ အဖွဲ့အစည်းများ မှ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးချင်သူများအတွက်လည်း ဈေးနှုန်းချိုသာစွာနဲ့ ဝန်ဆောင်မှုပေးနေပါပြီရှင့် ....
#တုပ်ကွေးကာကွယ်ဆေး
#ရာသီတုပ်ကွေး