27/07/2025
사자성어 (四字成語) ဆိုတာက Hanja လို့ခေါ်တဲ့ တရုတ်အက္ခရာ လေးလုံးနဲ့ ဖွဲ့စည်းထားတဲ့စကားစုတစ်ခုပဲဖြစ်ပါတယ်။
"사자성어" ကိုလေ့လာကြည့်မယ်ဆိုရင်
사(四) = လေး
자(字) = စာလုံး
성(成) = ဖြစ်လာသည်
어(語) = စကား
စသဖြင့်ခွဲခြားသိရှိနိုင်ပါတယ်
ဘာလို့ 사자성어 တွေကို သိထားသင့်တာလဲ?
1. စကားပြောရာတွင်တိကျပြီးလေးနက်စေပါတယ်
사자성어 တစ်ခုသုံးတာနဲ့ အဓိပ္ပါယ်မျိုးစုံကို တစ်ခုထဲနဲ့ဖော်ပြနိုင်ပါတယ်။
ဥပမာ - 일석이조 (ခဲတစ်လုံးထဲနဲ့ငှက်နှစ်ကောင်ပစ်ခြင်း) ဆိုတာက အလုပ်တစ်ခုလုပ်လိုက်တာနဲ့အကျိုးရလဒ်နှစ်ခုထွက်ပေါ် ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။
예 , 한국어를 공부하면서 한국 문화를 배울 수
있으니 일석이조야.
(ကိုရီးယားစာလေ့လာရင်းကိုရီးယားယဉ်ကျေးမှုကိုပါသိလာနိုင်တော့တစ်ချက်ခုတ်နှစ်ချက်ပျက်ပဲ)
2. စာဖတ်နားလည်မှု တိုးတက်စေပါတယ်
TOPIK စာမေးပွဲရဲ့ 읽기(reading)မှာ 사자성어 တွေပါဝင်တတ်ပါတယ်။
사자성어 ကိုသိထားမယ်ဆိုရင် စာပိုဒ်ထဲကအကြောင်းအရာကဘာကိုဆိုလိုချင်မှန်းအချိန်တိုအတွင်းနားလည်သဘောပေါက်နိုင်မှာဖြစ်ပါတယ်။
3. စာအရေးသားကိုထူးခြားစေပါတယ်
쓰기(writing) မှာ 사자성어 တစ်ခုနှစ်ခု ထည့်ရေးနိုင်မယ်ဆိုရင် ကိုယ့်ရဲ့စာအရေးသားပညာကို ပြသနိုင်ပြီး ရလဒ်ကောင်းတွေရရှိနိုင်မှာဖြစ်ပါတယ်။
4. ကိုရီးယားယဉ်ကျေးမှုနဲ့နီးစပ်လာတယ်
사자성어 တွေက တရုတ်စာပေကလာတာဖြစ်ပေမယ့် ကိုရီးယားလူမျိုးတွေရဲ့ စကားပြော၊ စာပေအနုပညာတွေရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာလဲပါဝင်ပါတယ်။ Korean drama, 책, 뉴스, 광고တွေမှာလည်း မကြာခဏဆိုသလိုတွေ့နိုင်ပါတယ်။
နိဂုံးချုပ်ပြောရရင်
사자성어 တွေကို နားလည်လာတာနဲ့အမျှ မိမိရဲ့
စာဖတ်ခြင်း၊ စကားပြောခြင်း၊ စာရေးခြင်း၊ အတွေးအခေါ်တွေကိုလုံးဝတိုးတက်လာစေမှာဖြစ်ပါတယ်။
#사자성어 (四字成語)